Chapter 88
Viewers 8k

🧝Chapter 88




နှစ်သစ်ကူးရောက်တော့မည်။


မြောင်ဟယ် ယခုနှစ်သစ်တွင် ပျော်ရွှင်ကျေနပ်နေသည်။သာ့လန်က သူ့ဘေးတွင် အမြဲရှိနေကာ ရွှင်လန်းတက်ကြွသော ကလေးနှစ်ယောက်လည်းရှိသည်၊ မိသားစုမှာ ပိုက်ဆံနှင့် စားရေးသောက်ရေး အတွက် စိတ်မပူရပေ။


သာ့ပိုင်နှင့် မောင်မောင်စကွက်တို့လည်း သူတို့ကို ကန့်သတ်ချက်မရှိဘဲ ကြိုက်သလောက်ထိနိုင်ဖက်နိုင်သည်။ ဆောင်းရာသီတွင် ဆက်လက်နွေးထွေးနိုင်ရန် အမွေးလုံးများနှင့် မိသားစုဝင်များ ရှိခြင်းက လက်ဆွဲမီးဖို သို့မဟုတ် အခြားအရာများထက် ပိုကောင်းလေသည်။


ဆောင်းတွင်းမှာ စောင်ကထူပေသော်လည်း သူတို့နှစ်ယောက်က ခဏလောက် ခွဲခွာ​နေခဲ့ကြသဖြင့် မြောင်ဟယ်သည် ရန်သာ့လန်၏ဆော့စ်တွေနှင့် ပြည့်နေသော ညပေါင်းများစွာကိုဖြတ်သန်းခဲ့ရသည်။ယင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဆန်ကိတ်ချောင်း နှင့် ဖက်ထုပ်ရွက်များကို လုပ်နေချိန်မှာပင် မကျေမနပ်နှင့်ပွစိပွစိဖြစ်နေခဲ့သည်။သို့သော် ညဘက်တွင် တစ်စုံတစ်ယောက်က သူ့ကို ပွေ့ဖက်လိုက်သောအခါတွင် မူး​ဝေလာပြန်သည်။ကျစ် ရန်သာ့လန်က ပိုပိုပြီး ညစ်(မရိုးဖြောင့်)လာတယ်...


မည်သို့ပင်ဖြစ်စေ နှစ်သစ်ကူးအကြိုနေ့နံနက်တွင် နွေဦးပွဲတော်နှစ်ကြောင်းရေးကဗျာများကို ကပ်သည်။


မြောင်ဟယ် မန်ထိုနှင့်ဝေါ်ထိုကိုခေါ်ကာ ရန်သာ့လန်၏ရေးသားခြင်းလုပ်ငန်းစဥ်နှင့် နွေဦးပွဲတော်နှစ်ကြောင်းရေးကဗျာများကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။စုတ်တံကိုင်ကာ နွေဦးပွဲတော် နှစ်ကြောင်းရေးကဗျာများကို လေးလေးနက်နက် ဂရုတစိုက်ရေးနေသည့် ရန်သာ့လန်၏ပုံစံက မရည်ရွယ်သော်လည်း ပို၍ချောမောသည်ဟုခံစားရစေခဲ့သည်။


ထို့နောက် နှစ်သစ်ကူးအကြိုညစာ၊ ကြော်၊ နှပ်၊ အိုးကင်းကြော် အမျိုးမျိုးကို ပြင်ဆင်ထားသော်လည်း အမြဲတစ်ကိုက်သာကိုက်ကြသည်။နှစ်သစ်ကူးအကြိုညစာတွင် လူများ၏ ဗိုက်သည် တစ်ဝက်ပြည့်နေပြီဖြစ်သည်။


 ဒါပေမဲ့ စားချင်သေးတာလား...ဒီနှစ်က တစ်မိသားစုလုံး ပထမဆုံးအကြိမ်"ပြန်ဆုံ"တာလေ...


မန်ထိုနှင့် ဝေါ်ထိုက စား​ပြီးအိပ်ပျော်သွားသော်ငြား မြောင်ဟယ်က ကလေး​တွေကို အခန်းထဲကို သယ်သွားရန် ဝန်လေးနေသည်။ရန်သာ့လန်က သူတို့ အိပ်ရန်အတွက် ပင်မအခန်းသို့ အိယာခင်းငယ်တစ်ခုနှင့်စောင်ကို ရွှေ့လိုက်သည်။ပင်မအခန်းက ကြမ်းပြင်တွင် အပူရှိန်ရှိနေပြီဖြစ်သောကြောင့် အအေးဒဏ်ကို မကြောက်ပေ။ ဤနည်းအားဖြင့်၊ ၎င်းသည် မိသားစုပြန်လည်ဆုံဆည်းမှုတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး၊ တစ်ဖက်လူနှင့် ဇီးသီးဝိုင်အတူတူသောက်၊ အသေးအဖွဲကိစ္စများအကြောင်း တီးတိုးပြောပြီး ညတာကိုဖြတ်သန်းခဲ့ကြကာ ညတာဆက်သွားလေလေ သာယာပြီး နွေးထွေးသောအရသာက ပိုမိုအားကောင်းလာ​လေ​လေပါပင်။


ယင်းက သန်းခေါင်အထိတိုင်။ 


မီးရှူးမီးပန်းသံက မန်ထိုနှင့်ဝေါ်ထိုကို နိုးလာ​စေသည် ကောင်လေးနှစ်ယောက်က မီးရှူးမီးပန်း​ဖောက်နေသည်ကို ငေးကြည့်နေပြီး သိပ်မကြောက်ကြပါ​ချေ။မီးရှုးမီးပန်းများကို ပစ်ပြီးနောက် ဖက်ထုပ်စားရန် အချိန်တန်ပြီဖြစ်သည်။ဤနှစ်က တကယ့်ကို ပြီးပြည့်စုံသော အောင်မြင်မှုပင်။


ထိုသို့ဖြင့် ညနေခင်း၏ နောက်ဆုံးတစ်ငုံကို ဝိုင်သောက်ပြီးချိန်မှာတော့ မြောင်ဟယ် မျက်လုံးလေးလှန်ကာ ပြောလိုက်မိတော့၏။

"ခင်ဗျားရဲ့ နေ့ရက်တွေနှစ်တွေတိုင်းက

ဒီနေ့လိုမျိုးဖြစ်ပါစေ"


ရန်သာ့လန်ကလည်း ဖန်ခွက်ကို မြှောက်ကာတိုက်လိုက်သည်။

"အင်း....နှစ်တိုင်း နှစ်တိုင်း"


မြောင်ဟယ်က အနည်းငယ်မူးနေပြီဖြစ်ပြီး တခစ်ခစ်ရယ်ရင်းဆိုသည်။

"အာ သာ့လန်ကမိုက်လိုက်တာ"


ထို​ညမှာပဲ ရန်သာ့လန်လည်း နှစ်သစ်ကူး လက်ဆောင်တစ်ခု ရခဲ့သည်။ မူးလွန်း၍ တစ်ကိုယ်လုံး ပန်းရောင်ပြောင်းနေသည့် အမျိုးသားငယ်လေးပါပင်။


သူက နွေးထွေးပြီး ရိုးသားကာ သူတို့ နှစ်ယောက် အပူဆုံးအချိန်မှာ အလှပဆုံးအုံးစက်ရာထက်ကနှစ်ကိုယ်ကြားစကားသံများကို တီးတိုး သီဆိုခဲ့ကြသည်။


***


မိသားစုက နှစ်သစ်ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့​ကြသည်။ ၎င်းနောက် မီးပုံးပွဲတော် ရောက်လာလေသည်။


အထက်ဖော်ပြပါအတိုင်း၊ ရွာရှိ မီးပုံးပွဲတော်အတွင်း မိသားစုအားလုံးသည် ကောင်းကင်ဘုံနတ်မင်းကို ပူ​ဇော်ပသရန် အပြင်ထွက်ကြရသည်။အရင်တုန်းကဤအချိန်မှာ နှင်းတွေထူထပ်ပြီး  ကောင်းကင်နှင့် မြေကြီးကလည်း ငွေဖြူရောင်ဖြစ်နေသည်။ဤနှစ်က အရင်နှစ်တွေလို နှင်းတွေသိပ်မကျတော့သည့်အတွက် မျိုးဆက်ဟောင်းတွေကိုအနည်းငယ် စိတ်မကောင်းဖြစ်မိ​စေသည်။သို့ပေမဲ့ မြောင်ဟယ် အတွက်ကတော့ နှင်းတွေမြင်ရသည့်အခါ အင်မတန်မှစိတ်လှုပ်ရှားနေသည့် သူ့ကောင်လေးနှစ်ယောက်ကို နှင်းထဲမှာဖမ်းရန် ခွန်အားတွေ အများကြီးလိုအပ်လေသည်။


"ဟေ့ ပြေးနေတာ ရပ်လိုက်"


တကယ်တမ်းတွင် သူ လဲမှာကို မကြောက်ပေ။သူ့တစ်ကိုယ်လုံး ဂွမ်းဖက်ထုပ်လို အထုပ်ခံထားရသည်။ လက်​​သေး​သေး​လေး​တွေကိုပင် လက်​အိတ်​​တွေ အုပ်​ထားခဲ့သည်။လဲလျှင်ပင် မျက်နှာနှင့် မြေကြီး မထိ​ပေ။အကြောင်းမှာ အဝတ်အစားတွေခံထား၍ဖြစ်သည်။သို့ပေမဲ့ မိဘတစ်ယောက်အနေနှင့် မန်ထို​ကို ဖမ်းရန် အလုပ်ရှုပ်နေတဲ့အချိန်မှာပဲ ဝေါ်ထိုက ပေါ်လာပြန်သည်။မြောင်ဟယ် ပင်ပန်းသွား​လေပြီ။


ယခုအချိန်တွင် ရန်သာ့လန်က မီးပုံးပွဲတော်အသေးစိတ်ကို ဆွေးနွေးရန် ဘိုးဘွားခန်းမသို့ ဖိတ်ကြားခြင်းခံထားရသည်။ဤသည်က ဘာကိုဆိုလိုသနည်း။ရန်သာ့လန်၏အမြင်က တ​ခြားလူကြီးသူမများနှင့်ရင်ဘောင်တန်းနိုင်သည်ဟုဆိုလိုလေသည်။စင်စစ်အားဖြင့် သူက ရွာမှာ အကြီးဆုံးမြေပိုင်ရှင်ဖြစ်သည်။ 

ဤနှစ်မှာ ရွာလူကြီးက ထပ်ခါထပ်ခါ စဉ်းစားပြီး သူ့စေတနာကို ပြသရန် ရန်သာ့လန်ကို အထူးတလည်ခေါ်လာခဲ့သည်။


ထိုသို့ဖြစ်ရာ မြောင်ဟယ် အပြင်မှာ အလုပ်ရှုပ်ကျန်ခဲ့သည်။ ဒုတိယအဒေါ်လည်း ရှိပေမဲ့ မိသားစုထဲမှာ ပြေးနေသည့်ကောင်လေးနှစ်ယောက်လည်း ရှိသည်။ သူတို့ ပိုမြန်မြန် ပိုဝေးဝေးပြေးပြီး ပြဿနာပင်ရှာနိုင်သည့်အတွက် အချိန်ခဏတာလောက်တောင် ဂရုမစိုက်၍မရပေ။


အခြားတစ်ဖက်တွင် ဝေါ်ထိုက မြောင်ဟယ်နှင့်အတူ ပျော်ရွှင်စွာ ကြက်မကြီးနှင်ကြက်ကလေးတမ်းကစား​နေ​ရင်း တခစ်ခစ်ရယ်ကာ ရှေ့သွားမည့်လမ်းကို မမြင်ဘဲ ခေါင်းကိုလှည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏ခြေထောက်ကို တိုက်မိသွားသည်။


ဖုတ်ခနဲမြည်သံနှင့်အတူ ဖင်တုံးသေးသေးလေးက မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျသွားသည်။ 

"အိုး"


မြောင်ဟယ်က ခပ်မြန်မြန် ဒူးထောက်လိုက်ပြီး ငှက်သိုက်ခေါင်း​လေးကို ​ဖက်ထား​လိုက်သည်။ သူက ခေါင်းကို မော့ပြီး ပြုံးကာဆိုလိုက်၏။


"တောင်းပန်ပါတယ်... ကလေးက ဝင်တိုက်မိသွားတယ်"


ခေါင်းကို မော့ကြည့်လိုက်ရာတွင် သူ ချောမောလှပသော အမျိုးသမီးငယ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။သူမမှာ ဆံနွယ်အရှည်ကြီးများရှိပြီး အလွန်မျက်စိဖမ်းစားစရာကောင်းသည်၏။တစ်ဖက်က သူ့ကို ထူးဆန်းသည့်အကြည့်နှင့်ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရချိန်မှာ မြောင်ဟယ်ဘယ်သူမှန်းမစဥ်းစားတတ်ဖြစ်နေသည်။


"ဟယ်ကောအာလား"


အကြောင်းပြချက်တစ်ခုခုကြောင့် မြောင်ဟယ် ထိုသူက အနည်းငယ်မဖော်ရွေပုံပေါက်သည်ဟု ခံစားရသည်။ ချက်ချင်းပင် ဝေါ်ထို ကောက်ချီလိုက်ပြီး မတ်တပ်ရပ်ကာ ထိုသူနှင့် ဝေးရာသို့ ​​ရွှေ့လိုက်သည်။


"ဟုတ်ပါတယ်...မင်းက–"


အမျိုးသမီးငယ်က မဖြေဘဲ ယခုလိုသာဆိုလာသည်။

"ကလေးမွေးထားရင် ဘယ်လို သွန်သင်ရမလဲသိရမယ်​လေ...မဟုတ်ရင် တခြားသူတွေ ထိခိုက်သွားရင် ဘယ်လို

လုပ်မလဲ" 


မြောင်ဟယ် မျက်တောင်ခတ်လိုက်သည်၏။သို့ပေမဲ့ သားသမီးတွေ နားမလည်သေးလျှင် မိဘတွေ အမှားဖြစ်၏။ထို့ကြောင့် တောင်းပန်ပြီး နောက်တစ်ကြိမ်မှာ ပိုသတိထားပါ့မယ်ဟု သူပြောခဲ့သည်။


"ဘာဖြစ်နေတာလဲ"

၎င်းကိုကြားလိုက်ချိန်မှာ မြောင်ဟယ်၏ပုခုံးက အသာအယာထွေးပိုက်ခြင်းခံလိုက်ရသည်။


သူလှည့်ကြည့်လိုက်သည့်အခါ ရန်သာ့လန်က တစ်ခုခုပြောပြီးပြန်လာခြင်းဖြစ်​နေ၏။


မြောင်ဟယ်က ခေါင်းယမ်းလိုက်သည်။

"ဝေါ်ထိုက သူများကို မတော်တဆ တိုက်မိသွားလို့ပါ... အဆင်ပြေပါတယ်" 


ရန်သာ့လန်က လက်ဆန့်ပြီး မြောင်ဟယ်ကမ်းပေးနေသည့်ဝေါ်ထိုကို ယူလိုက်သည်။​ဝေါ်ထိုက သူ့အဖေဖြစ်သည်ကို မြင်သောအခါ သူ့လက်လေးများကို ခေါင်းပေါ်သို့တင်လိုက်သည်။ ကလေးများသည် ခံစားချက်များကို အလွန်ခံစားသိရှိလွယ်ကြသည်။ရန်သာ့လန် သူ့သားကို ပွတ်သပ်ခွင့်ပြုထားကာ အမျိုးသမီးငယ်ကို ကြည့်လိုက်သည်။ 


သို့သော် ထိုအမျိုးသမီးငယ်က ဖော်ရွေမှုနည်းပြီး ချုပ်တည်းမှုတချို့နှင့် ခေါင်းညိတ်ပြလာသည်ကို သူမြင်လိုက်ရသည်။


"ရန်သာ့လန်ဟုတ်တယ်မလား...ငါ ငါက မြောင်ချမ်းရဲ့ ဇနီး ရှီမေ့​ပါ...တခြားသူတွေက နင်နဲ့ ချမ်းဇီက ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြပြီး ဆက်ဆံရေးကောင်းတယ်လိုပြောကြတယ်...ငါ နင်နဲ့ မဆုံဖူးသေးဘူး"


ရန်သာ့လန်က မြောင်ချမ်းဆိုသည့် စကားကိုကြားသောအခါ သူ့မျက်လုံးတွေက အနည်းငယ် အေးစက်သွားပေမဲ့ သူ ခေါင်းညိတ်လိုက်တုန်းပါပင်။ထို့နောက် ငုံ့ကာ မြောင်ဟယ်ချီထားသောမန်ထိုကို ပွေ့လိုက်ပြီး  လက်တစ်ဖက်စီတွင် ကလေးတစ်​ယောက်ကို ချီလိုက်၏။ထို့နောက် ​မြောင်ဟယ်ဘက် လှည့်ကာ အထဲကကိစ္စတွေပြီးသွား၍ အမွေးတိုင် ပူဇော်ရန် ဘိုးဘွားခန်းမသို့ သွားနိုင်​ပြီ​ဖြစ်ကြောင်းပြောသည်။


၎င်းကိုကြားသောအခါ မြောင်ဟယ်က ခေါင်းညိတ်လိုက်ပြီး နောက်ကလိုက်ရန်ကြံစည်လိုက်သည်။


၎င်းကိုမြင်တော့ အမျိုးသမီးငယ်က ခြေလှမ်းသွက်သွက်နှင့်ရှေ့တိုးကာဆိုလေသည်။


"ရန်သာ့လန် ချမ်းဇီနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာ ရှိသေးလား...နင်တို့က တစ်ယောက်နဲ့တစ်ယောက် သိလာတာ နှစ်အတော်ကြာနေပြီ... တခြားသူတွေရဲ့ စကားကြောင့် လွယ်လွယ်နဲ့ အသက်​ရောက်မခံနဲ့...ငါက ချမ်းဇီရဲ့ ဇနီးပါ... နင်တို့နှစ်ယောက် အေးအေးဆေးဆေးထိုင်ပြီး ပြောနိုင်အောင် ငါ့ကို--"


သူမစကားမဆုံးခင် မြောင်ချမ်းက သူမကို အမြန်ပြေးလာပြီး ဆွဲခေါ်သည်။ 

"ဒီမှာ ဘာ​တွေပြောနေတာလဲ...ငါနဲ့လိုက်ခဲ့"


ရှီမေ့က မကျေမနပ်ဖြစ်ပြီး အနည်းငယ်ရုန်းကန်လိုက်သည်။

"ဘာလို့လဲ...မကျေနပ်တာရှိရင် ဒီအတိုင်းပြောလိုက်လေ... ဒါကသူငယ်ချင်းတွေမလား...ငါ တခြားသူတွေကို မေးတော့လည်း...မသိဘူးလို့ပြော​ကြတယ်...နားလည်မှုလွဲနေတယ်လို့မထင်ဘူးလား"


သူမလက်ထပ်ပြီးလအနည်းငယ်အကြာမှ အပြင်မှ သူမ၏ခင်ပွန်း၏ကောလေဟာလများကို ကြားခဲ့ရသည်။သူ ထိတ်လန့်ပြီး သံသယဝင်နေမိသလို တချိန်တည်းမှာ မြောင်ဟယ်အပေါ်မှာ မကောင်းသည့်ခံစားချက်ထားမိသည်။ 


သို့ပေမဲ့ သူမ ခင်ပွန်းသည်က သူများ​တွေပြောကြသည့် သူ၏ငယ်သူငယ်ချင်းကို မနာလို​ဖြစ်နေသည့် ယော်ကျားဟူသည်ကို သူမ

ပို၍ပင်မယုံချင်ဖြစ်​နေ၏။မြောင်ချမ်းက သူမနှင့် လက်ထပ်ပြီးကတည်းက သူမအပေါ် အလွန်ကြင်နာမှန်းသိသာပြီး ၎င်းကိုသူမကျေနပ်ရသည်။


သို့ပေမဲ့ တခြားသူတွေပြောသည့်အရာက မရှင်းမလင်းဖြစ်နေသည်ဟု သူမခံစားခဲ့ရပြီး သူမယောက္ခမရှီချင်းကအကြောင်းကို ပြောရန် ပို၍ပင် ဝန်လေးနေခဲ့သည်... ဤအကြောင်းကို သူမပိုတွေးလေလေ ပိုဂရုစိုက်မိလေလေဖြစ်သည်။ထို့ကြောင့် ရှီ​မေ့ သူမကိုယ်တိုင် ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။


ထို့အပြင် ချမ်းဇီက ပထမနေရာမှာ အမှားလုပ်ထားလျှင် ပင်ခွင့်လွှတ်၍မရသည်မျိုးမဟုတ်​ပေ။ချမ်းဇီနှင့် ရန်သာ့လန်တို့ ပြန်လည်ပေါင်းစည်းနိုင်သရွေ့ ချမ်းဇီ၏အပြုအမူနှင့် ပတ်သက်၍ ကောလဟာလများ ရှိတော့မည်မဟုတ်ပေ။ ကောလဟာလတွေထဲရှိ အခြားအဓိကဇာတ်လိုက် ဟယ်ကောအာက အောင်သွယ်တော်ဖြင့် လက်ထပ်ခဲ့သည့် ဇနီးဖြစ်နေသဖြင့် ကြောက်စရာဘာမှမရှိပါချေ။ခင်ပွန်းဖြစ်သူကို ကူညီရန် စိတ်အားထက်သန်စွာဖြင့် ရှီမေ့က ဤသည်ကို လုပ်သင့်သည်ဟု ခံစားရသည်။


သို့ပေမဲ့ မြောင်ချမ်းက သူမ၏ဝင်ရောက်စွက်ဖက်မှုကို လုံးဝမနှစ်သက်ပါချေ။


"ပြောစရာဘာမှမရှိဘူး...မင်းငါ့ကိစ္စတွေကို ဝင်စွက်ဖက်စရာမလိုဘူး... သွားရအောင်"


"ချမ်းဇီ...အရမ်းကြီးစိတ်မတိုပါနဲ့...နင် ရန်သာ့လန်ကို မနာလိုမဖြစ်ဘူးဆိုတာ ငါသိတယ်... အဲဒီလူက နင့်ကိုပေးခဲ့တဲ့ အမဲလိုက်ဓားကို ကောင်းကောင်း ဂရုစိုက်​နေတုန်းပဲမလား ...နေ့တိုင်း အဝတ်နဲ့ သုတ်နေတာ... အ​မေက ပြောတယ်--"


"ပါးစပ်ပိတ်ထား..." 


၎င်းကိုကြားသည်နှင့် မြောင်ချမ်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။တိုက်တိုက်ဆိုင်ဆိုင် အဒေါ် ချင်းကလည်း သည်ဘက်ကိုလှမ်းကြည့်နေသည်။ယင်းက မြောင်ချမ်းကို သူ့ခြေထောက်ကို တက်နင်းခံရသလို ဒေါသတကြီး ဖြစ်သွား​စေသည်။


 "ပါးစပ်ပိတ်ထား ပါးစပ်ပိတ်ထားစမ်း...ဒီကိုလာ" 

စကားတစ်ခွန်းမှ မပြောဘဲ လူကို ခပ်ကြမ်းကြမ်း ဖမ်းဆွဲပြီး ထွက်သွားသည်။ရန်သာ့လန်ကိုပင် မကြည့်ဝံ့ပေ။


မြောင်ဟယ် ဤမြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ယင်းက သူနှင့် ဘာမှမဆိုင်ဆဲဖြစ်လေသည်။ရန်သာ့လန်ကို ပြန်ကြည့်လိုက်သည့်အခါ သူက ကလေးနှစ်ယောက်ကို လက်တစ်ဖက်တည်းနှင့် ချီထားသည်။ကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ပုံစံတူလေးတွေ​ဖြစ်နေသည်။လက်မကိုကိုက်ကာ ဖြူစင်သော မျက်လုံးတွေကို ဖွင့်ရင်း အဖေဖြစ်သူ၏ပခုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားကြသည်။


နောက်ခံအဖြစ် ရန်သာ့လန်၏ အေးစက်သောအမူအရာကိုမြင်လိုက်ရသောအခါ မြောင်ဟယ် မရယ်ဘဲမ​နေနိုင်ပေ။


"ခင်ဗျားတစ်ယောက်တည်းပဲ ဒီကောင်လေးနှစ်ယောက်ကိုထိန်းနိုင်တယ်...တစ်ယောက် ဒီကိုပေးလေ"


ရန်သာ့လန်က ခေါင်းခါပြီး အငြင်းစကား မဆိုဘဲ သူ့ကို သတိပေးလာသည်။

 "လျစ်လျူရှုထားလိုက်"


"အင်းပါ... သိပါတယ်"  


တစ်ဖက်တွင် မြောင်ချမ်းက ရှီမေ့ကိုအနားမှာ ဘယ်သူမှမရှိသည့်နေရာကို ဆွဲခေါ်သွားပြီး ၎င်းနောက် သူမလက်ကိုကြမ်းကြမ်းရမ်းရမ်းဆွဲခါလိုက်သည်၏


"အခုချိန်ကစပြီး ရန်သာ့လန်ကို ထပ်သွားမရှာနဲ့တော့...ထပ်လုပ်ရင် ငါတို့အိမ်ထဲဝင်မလာ​တော့နဲ့ကြားလား"


စကားလုံးများက ပြင်းထန်လွန်းသဖြင့် ရှီမေ့စိတ်ထဲမှာတစ်ခုခုမှားနေသလိုခံစားရသည်။


"ချမ်းဇီ နင်ဘာတွေဖုံးကွယ်နေတာလဲ"


"ဘာ..."


"ငါ မင်းကို သည်အတိုင်း လွှတ်ထားဖို့ ပြောခဲ့တယ် ...လူစကားနားမလည်ဘူးလား"    


တစ်ဖက်လူက ဤမျှကြမ်းတမ်းရက်စက်စွာပြောမေသည်ကိုမြင်လျှင် ရှီမေ့ဆက်မပြောရဲတော့ပေ။


သို့ပေမဲ့ မြောင်ချမ်း မျက်လွှာပင့်လိုက်ချိန်မှာ အမေဖြစ်သူက စိုးရိမ်တကြီးနှင့် အဝေးက လိုက်လာနေသည်ကို တွေ့လိုက်ရသည်။သူမက သူ့ကို သံသယစိတ်နှင့် စောင့်ကြည့်နေသည်။


ထိုအကြည့်က သူ့ကို အသက်ရှူကျပ်စေခဲ့သည်။သို့ပေမဲ့ မြောင်ချမ်းကို တခြားဖြစ်နိုင်ချေတွေကိုလည်း တွေးဝံ့စေခဲ့လေသည်။


***

ထိုအေခြအနေများပြီးသောအခါ မြောင်ဟယ် နှင့် ရန်သာ့လန် တို့သည် ၎င်းတို့၏ ကလေးနှစ်ဦးကို မီးပုံးပွဲတော်မှာ ပျော်ရန်ခေါ်သွားခဲ့သည်။အထူးသဖြင့် ညဘက်တွင် မီးပုံးများထွန်းထားသောအခါ ပို၍ပင် အသက်ဝင်လှသည်။ ညဘက်အလင်းရောင်မလုံလောက်သည့်ခေတ်မှာ တောက်ပ​သောအလင်းရောင်တွေကို မြင်ရသည်ကရှား၏။ ကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လက်သီးလေးများဝှေ့ယမ်းကာ အော်ဟစ်နေကြပြီး သကြားလုံးများကိုမြင်ရသည်ထက်ပင် ပျော်ရွှင်နေကြသည်။


သို့သော် မီးပုံးပွဲတော်၏ အမှောင်ထဲမှ အခြားတစ်စုံတစ်ယောက်ကမူ မြောင်ဟယ်တို့ မိသားစုအတွက် အကြံတစ်ခုရခဲ့​လေသည်။


နံနက်ပိုင်းတွင် ရန်သာ့လန်တစ်ယောက် ရွာ၏အဆင့်မြင့်အစည်းအဝေးကိုတက်ရောက်ရန် ဆွဲ​ခေါ်ခံခဲ့ရသည်။အစည်းအဝေးအတွင်း တစ်စုံတစ်ဦးက ရန်သာ့လန်ကို မြေက အငှားချနိုင်သေးသလားဟု မမေးဘဲ မ​နေနိုင်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ ဤတစ်ခေါက်မှာလူတိုင်းက အထူးတလည်အာရုံစိုက်နေကြသည်။ သူတို့ဝယ်ထားသည့်မြေကို မြေပဲနှင့် ဂျုံတွေအငှားချပြီးသည့်အခါ တစ်ဝက်ကျော်က မထိရသေးပေ။


ဤအကြောင်းမေးသည့်အခါ ရန်သာ့လန်က နှစ်သစ်ကူးပြီးလျှင် နောက်ထပ် အငှားချမှု အသုတ်လိုက် ထပ်လာဦးမှာဖြစ်ပြီး ဤတစ်ခါတော့ စပါးစိုက်မည်ဟု ၀န်ခံခဲ့သည်။


ဤသတင်းက သဘာဝအတိုင်း ရုတ်ရုတ်သဲသဲ​​ဖြစ်​စေခဲ့သည်။ရန်သာ့လန်တို့ မိသားစု အရင်က ငှားခဲ့သည့် ဂျုံခင်း၏ အခြေအနေတွေက အပြင်မှာထက် ပိုတတ်နိုင်၍ ငှားရအဆင်ပြေသည်၏စပါးသည် ဂျုံထက်အမြတ်ပိုည်။ဦးစားပေး လယ်မြေများ ငှားရမ်းနိုင်ခြင်းသည် အကောင်းတကာ့အကောင်းများဖြစ်ကြသည်။


ထို့ကြောင့် လူအများက ၎င်းတို့၏ မိသားစုများအတွက် အပိုမြေကွက်များ ထပ်မံငှားရမ်းရရှိလိုကြပြီး ရပ်မိရပ်ဖများကို အားကိုးအားထားပြုကြသည့် လူအချို့က ရွာတွင်း ပဋိပက္ခများ မငြိမ်မသက်မဖြစ်စေရန် မျှတမှုကို ဂရုပြုရန် ရန်သာ့လန်အား သတိပေးခဲ့ကြသည်။ သို့ပေမဲ့ သူတို့က ထိုမြေကို ပိုင်သည့်အတွက် ကြိုက်သည့်သူကို ငှား၍ရသည်။ဘယ်သူ့ကိုမျှတရမည်နည်း။


ရန်သာ့လန်က ထိုလူကို ဂရုမစိုက်ဘဲ စိုက်ကြည့်ကာ "အချိန်ကျရင် တွေ့ပါ့လိမ့်မယ်"ဟု ပြောခဲ့သဖြင့် သူတို့အားလုံး ပါးစပ်ပြန်ပိတ်သွားကြသည်။


ဤသတင်းကို သိသူတွေက စိုးရိမ်ပြီး အကူအညီမဲ့ဖြစ်နေကြလေသည်။