🧝Chapter 89
သည်တစ်ကြိမ်၌ ကောက်ကျစ်စွာ တွေးနေသူက ရွာလူကြီးဘေးမှ မြောင်ကွေ့ဖြစ်လေသည်။
မြောင်ကွေ့သည် ရွာလူကြီး မြောင်ဟောက်ရှန်း၏ အကြီးဆုံးတူဖြစ်ပြီး လယ်ယာလုပ်ငန်းကို စိတ်မဝင်စားသဖြင့် ရွာလူကြီး၏ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
မြောင်ကွေ့၏ မျက်လုံးလေးများ လှုပ်သွားပြီးသူကဆိုသည်။
"ဒုတိယဦးလေး ဒီတစ်ခါတော့ ကျုပ်အတွက်တင်မဟုတ်ဘူး... ကျုပ်တို့မိသားစုတစ်စုလုံးက ကျုပ်တို့ နောက်ထပ်မြေတစ်ကွက်...မဟုတ်ဘူး မြေနှစ်ကွက်ထပ်ငှားလို့ရတယ်ဆိုတာပြနေတယ်...ဒါဆို ကျုပ်တို့ အိမ်သစ်ဆောက်ဖို့ ငွေအလုံအလောက်ရှာနိုင်ပြီ... ဒုတိယဦးလေး ဦးလေးက ရွာလူကြီးဖြစ်နေပြီးသားလေ...ရန်သာ့လန်ရဲ့နားထဲမှာ နောက်ထပ်စကားတစ်ခွန်းထပ်ပြောရင် ဦးလေးကို လေးစားပြီး နားထောင်လိမ့်မယ်"
သူ့အရင်က မကောင်းမှုတွေအကြောင်း မပြောချင်သည့် ရွာလူကြီးကခေါင်းပဲခါလိုက်သည်။
"ရန်သာ့လန်က မြို့ကလူတွေအများကြီးနဲ့သိတယ်...ရန်သာ့လန်ကို စော်ကားချင်ရင် သူထွက်သွားမလားဘယ်သူကသိမှာလဲ... မင်းရဲ့ ဒုတိယဦးလေးတောင် သူနဲ့ ဆက်ဆံတဲ့အခါ သတိထားရတယ်...ခဏလေး မင်းမှာ ကမ်းလှမ်းဖို့အခြေအနေတွေရှိနေရင်တော့ ငါ့ကိုပြော..မင်းကို ကူညီဖို့ ငါအစွမ်းကုန်ကြိုးစားပါ့မယ်"
သို့ပေမဲ့ မြောင်ကွေ့ကအလွန်မကျေမနပ်ဖြစ်နေသည်။
"ကျုပ်ပြောမယ် ဦးလေး...သူ့ကိုဘာလို့ဒီလောက်ကြောက်နေတာလဲ... သူများမှာအဆက်အသွယ်ရှိတယ်...ဦးလေးမှာရောမရှိဘူးလား ...ဘာလဲ...သူ့မိသားစုက လယ်ကွက်တွေအများကြီးဘယ်လိုဖွင့်ခဲ့လဲစဥ်းစားကြည့်... အခွန်ကောက်တာနဲ့ပတ်သတ်လာရင် အခွန်အရာရှိတွေနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်... ဒီဆက်ဆံရေးကို ကောင်းကောင်း မသိဘူးလား...ဦးလေးကိုပြန်မေးရမယ်"
မြောင်ကွေ့ ယခုလိုပြောခြင်းမှာ မြေခွန်ကယခုလိုမျိုးတိုက်ရိုက်ပေး၍ရသောကြောင့်ဖြစ်သည်။ ဤနည်းအားဖြင့်၊ သင်သည် ပြင်ပကုန်သည်နှင့် တစ်ကြိမ်မျှ ငွေလဲလှယ်ရန် မလိုအပ်ဘဲ အခွန်ပေးဆောင်ရန် ပိုမိုထိရောက်ပြီး ရိုးရှင်းသော နည်းလမ်းဖြစ်လေသည်။ သို့သော် တရားမျှတမှုရှိရန် လိုအပ်သည်။ဖြတ်စားလာဘ်စားလုပ်ချင်သည့် အခွန်အရာရှိနှင့်တိုးပါက အလွန်ဒုက္ခများပေလိမ့်မည်။
ရွာလူကြီးက ဤစကားကိုကြားသောအခါ သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်လိုက်သည်။
ဟုတ်တယ်၊ရန်သာ့လန်က အဲဒီအချိန်က မြေမရှိလို့ ဖမ်းဖို့ နည်းလမ်းမရှိတဲ့အတွက် သူရန်သာ့လန်ကိုကြောက်ခဲ့တာ...အခု ရန်သာ့လန်ကမြေတွေတစ်ကွက်ပြီးတစ်ကွက်ဖွင့်နေတာဆိုတော့...
သူ(ရွာလူကြီး)နှင့် အခွန်အရာရှိနဲ့လည်းဆက်ဆံရေးကောင်းတည်ဆောက်ထားသည်။...ဒါဆို ရွာလူကြီးရဲ့ အနေအထားက အရင်တုန်းကနဲ့ တူပါတော့မလား...
သို့သော် ...ယခင်က နာကျင်စရာအတွေ့အကြုံများကိုကြည့်ပြီး ရွာလူကြီးသည် စွန့်စားလိုစိတ်မရှိပေ။ထိုမျှတင်မကသေးပေ၊ ဤသည်က အစ်ကိုအကြီးဆုံးဆောက်နေသည့် အိမ်အသစ်ဖြစ်ပြီး သူနှင့်ဘာမှမဆိုင်ပေ။သူကဘာလို့သူ့သိက္ခာကိုရောင်းစားရမှာလဲ...
မြောင်ဟောက်ရှန်းက အနည်းငယ်ယိမ်းယိုင်သွားသော်လည်း အပြုသဘောမဆောင်သည်ကို့မြင်လျှင် မြောင်ကွေ့က သူဘာတွေတွေးနေလဲဆိုသည်ကို သိပြီး မျက်လုံးတွေကိုမှေးကျဥ်းကာ မြန်မြန်ပြန်ပြီး ဆွဲဆောင်လိုက်သည်။
"ဒုတိယဦးလေး၊ စဉ်းစားကြည့်ပါ...ဦးလေးရဲ့ရန်သာ့လန်အပေါ်သြဇာလွှမ်းမိုးမှုကို ထုတ်ဖော်ဖို့ အမြဲတမ်းအခွင့်အရေးတစ်ခုရှာထားရမယ်...ဦးလေးရဲ့ခေါင်းပေါ်မှာ သူတို့ဆန္ဒရှိသလို ရပ်နိုင်တယ်လို တခြားသူတွေကို တွေးမိစေလို့မရဘူး...အထူးသဖြင့် မြေဖွင့်တာက တစ်နှစ် နှစ်နှစ်မဟုတ်ဘူးအကြာကြီး... ဒုတိယဦးလေးနဲ့ အခွန်အရာရှိကြားက နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုနဲ့ဆို ဦးလေးကို တစ်ယောက်ယောက်က လှည့်ဖြားဖို့ ကြိုးစားနေရင်တောင်မှ သူ့ကို ပိုက်ဆံတွေ နှစ်တိုင်း ဆုံးရှုံးအောင်လုပ်နိုင်တုန်းဆိုတာ သေချာတယ်...ဒီ အခွင့်အရေးကို အခွင့်ကောင်းယူရင် ဦးလေးကို ပိုကြောက်သွားလိမ့်မယ်... လူတွေက ဒီအခြေအနေကို သိပြီးတာနဲ့ ဦးလေးကို လာထိဝံ့ကြတော့မှာမဟုတ်ဘူး ...ဒါကဒုတိယဦးလေးအတွက် သေချာပေါက် အကျိုးရှိတယ်"
မြောင်ကွေ့က ရွာလူကြီး၏ချက်ကောင်းကိုထိအောင်ရိုက်တတ်သည်ဟုပြောရပေမည်။
ရွာလူကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အလေးအနက်ဆိုသည်။
"ဒုတိယဦးလေး အဲဒါကို သေချာစဉ်းစားကြည့်လိုက်မယ်"
***
ဤသည်ကိူ ဖေဖေါ်ဝါရီလလယ်မှာ ထည့်သွင်းစဉ်းစားခဲ့သည်။
အကြောင်းမှာ သည်အချိန်အတောအတွင်း မြေအငှားချသည့်အခါ အကူအညီပေးရန် မျှော်လင့်ပြီး ရွာလူကြီးဆီကို လူတွေ အများကြီး ရောက်လာသည်။ အကျိုးအမြတ် ကြီးကြီး ငယ်ငယ်တွေက ဆက်တိုက်လာနေသည့်အခါ နောက်ဆုံးမှာ ရွာသူကြီး သိမ်းသွင်းခံလိုက်ရသည်။ လုံလောက်သည့် အကျိုးကျေးဇူးတွေရမှာစိုးသည်။ ထို့အပြင်၊ ၎င်းသည် "လူတစ်စု" ၏အကျိုးဖြစ်သည်ဟုဆိုနိုင်သည်။ ဤအချိန်မှာ တကယ်ကူညီနိုင်လျှင် ရွာလူကြီးအနေဖြင့် နောင်အနာဂတ်မှာ သူ့အခြေအနေက ပိုလုံခြုံမည်ဟု ယုံကြည်လေသည်။
ထို့ကြောင့် လူတစ်စုအကြား အကျိုးစီးပွားကို ခွဲဝေပေးရန် မြေအငှားအစီအစဉ်ဖြင့် ရွာလူကြီးက သက်ဆိုင်ရာလူများကို ခေါ်ပြီး တစ်ရက်တွင် ရန်သာ့လန်၏အိမ်သို့ သွားခဲ့သည်။
လာသူလူနည်းစုမှာ သက်ကြီးရွယ်အိုများချည်းဖြစ်ပြီး ၎င်းတို့သည် မြောင်ကျွယ် မှလွဲ၍ရွာရှိအဆင့်အတန်းမြင့်လူများထဲတွင် ပါဝင်ကြသည်။မြောင်ကျွယ်က ရန်သာ့လန်တိုအမိသားစုနှင့် မည်သည့်အခါမျှ ပတ်သက်မည်မဟုတ်ပေ။ ဤလူများကို ပင်မခန်းထဲသို့ ကြိုဆိုပြီး ထိုင်လိုက်သောအခါတွင် အခန်းတွင်း ပရိဘောဂများကြောင့် တုန်လှုပ်ခြောက်ခြားသွားသော်လည်း အရေအတွက်များသည့်အရှိန်ဖြင့် တန်းစီထိုင်နေသည့် ရွာသူကြီးမှာ အလွန်ယုံကြည်မှု ရှိနေသေးသည်။
"ဟေး သာ့လန်...မင်းရဲ့မြေကို ငှားဖို့အချိန်နီးနေပြီလို့ ငါထင်တယ်... ငါရွာလူကြီးနဲ့ ရပ်မိရပ်ဖတချို့က မင်းကို လူကြီးတွေဆီက အကြံဉာဏ်တွေ ပေးမယ်...မင်း ဒီအတိုင်း နားထောင်လိုက်ပြီး မှီငြမ်းအနေနဲ့သုံးရင်ရော"
မြောင်ဟယ်က မီးဖိုချောင်ထဲက လက်ဖက်ရည်ကို ယူလာပြီစ တစ်ခွက်ပဲချပေးရသေးသည်။ထိုစကားကြားသောအခါ ကလေးတွေ တစ်ရေးတစ်မော အိပ်နေမှတော့ သည်နားမှာနေရန်ဆုံးဖြတ်လိုက်သည်။
ရန်သာ့လန်က လူတိုင်းကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။
"ပြောပါ ရွာလူကြီး"
တစ်ဖက်လူက အမှန်တကယ် မြေပုံကို ယူလာပြီး လက်ရှိ ရန်သာ့လန်တို့ မိသားစုပိုင်မြေကို မြေပုံထုတ်ထားသည်ကိုတွေ့လိုက်ရသည်။ ဝယ်ပြီးနောက် မြေကိုဖွင့်ချင်လျှင် ရွာလူကြီးကို အရင်တင်ပြရသည်။ပြီးလျှင် ရွာလူကြီးက ဘယ်မြေကွက်ကို ဘယ်မိသားစုကပိုင်တယ်၊ ဘယ်မြေကွက်က ဘယ်မိသားစုပိုင်တယ် လက်ညှိုးထိုးပြနေသည်ကိုတွေ့လိုက်ရပြီး မြေကိုအားလုံးခွဲလုနီးပါးဖြစ်၏။ ဝေးလံခေါင်သီသောဒေသများထဲမှ တစ်ကွက် သို့မဟုတ် နှစ်ကွက်သာ ရန်သာ့လန်အတွက် "မိမိဘာသာဆုံးဖြတ်ချက်ချရန်" ကျန်ခဲ့သည်။
ရွာလူကြီးက စကားဆုံးသည့်အခါ
ကြင်နာစွာဆိုလေသည်။
"ဒီနည်းလမ်းက အသင့်တော်ဆုံးလို့ ရပ်မိရပ်ဖ တော်တော်များများက ယူဆကြတယ်...အဲဒါက ရွာမှာ ရုန်းရင်းဆန်ခတ်နဲ့ အငြင်းပွားမှုတွေ မဖြစ်အောင်နဲ့ မမျှတတဲ့မြေအငှားချမှုတွေမဖြစ်အောင် တားဆီးနိုင်တယ်...သာ့လန်၊ မင်းမှာ မြေရှိတယ်ဆိုပေမဲ့...မင်းဒါကိုထည့်စဥ်းစားမှရမယ်...ဒီနည်းလမ်းက ရွာတစ်ရွာမှာ အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး အလုပ်လုပ်နိုင်မဲ့နည်းလမ်းပဲ..."
လူကြားကောင်းပေမဲ့ တစ်ဖက်က မြောင်ဟယ်က ရယ်ချင်နေခဲ့သည်။သူ ဒေါသတကြီး ရယ်ချလိုက်သည်။
ခွဲဝေပုံက အရမ်းကောင်းပြီး ပြည့်စုံတယ်...ဒေသခံတွေက သူတို့ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတာမို့လို့လား...
ယခုမူ ရန်သာ့လန်က ဒေါသ သို့မဟုတ် စိတ်ခံစားချက် လုံးဝမရှိဘဲ တည်ငြိမ်နေနိုင်ပြီဖြစ်သည်။ဆုမြို့ကို အတွေ့အကြုံအတွက် သွားခဲ့ပြီး ပြန်လာပြီးနောက်ပိုင်း ဤအကြောင်းအရာတွေ ပြောသည့်အခါ ပိုတည်ငြိမ်ပြီး ငြိမ်သက်သွားသလို ခံစားရသည်။ရန်သာ့လန် အေးဆေးတည်ငြိမ်စွာ ပြောသည်ကို သူတို့ကြားလိုက်ရသည်။
"အစီအစဥ်က အရမ်းကောင်းပါတယ်...ဒါပေမဲ့ ကျွန်တော့်မှာလည်း စဉ်းစားစရာရှိတယ်"
၎င်းကိုပြောပြီးနောက် သူ့အနောက်က လူအိုတချို့၏ အမူအရာက ရုတ်တရက် အနည်းငယ် ဆိုးရွားသွားခဲ့သည်။
ရွာလူကြီးက အမြန်ပြုံးပြီးဆိုသည်။ "ဘာတွေစဉ်းစားစရာရှိလဲ...သာ့လန် ငါ့ကိုပြော...ဘယ်လို ဆွေးနွေးကြမလဲ"
"မြေငှားတွေက စုပြုံနေတယ်... ကြက်ဥတွေကို ခြင်းတောင်းတစ်လုံးထဲမှာစုထည့်လို့မရဘူး"
တစ်ခွန်းတည်းနှင့် ဒဲ့ထိသည်။
သူ့ရှေ့က လောဘကြီးသူတွေက မြေကွက် နှစ်ခု သုံးခုကို တစ်ပြိုင်တည်း ငှားချင်နေကြသည်။ ဤခွဲဝေမှုက အဖွဲ့သုံးလေးခု၏ လက်ထဲတွင် သဘာဝအတိုင်း စုစည်းထားသည်။
ရွာလူကြီးက တုံ့ပြန်ရန် အချိန်မရခင်မှာ အဘိုးကြီးတစ်ယောက်က သူ့ဘေးက စားပွဲကိုရိုက်လိုက်သည်။
"ဘာလို့ ကြက်ဥတွေကို ခြင်းတောင်းတစ်လုံးထဲမှာစုထည့်လို့မရဘူးလဲ...ငါတို့ ရွာသားတွေက မင်းရဲ့ မြေငှားခကို မပေးဘူးလို့ သံသယဝင်နေတာလား...သာ့လန် မင်း ဒီလိုပြောရင် ငါ မြောင်ဟုန်က အရင်ဆုံး သဘောမတူမဲ့သူပဲ"
သဘောမတူရင် မငှားနဲ့...မြောင်ဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
ရွာလူကြီးက စကားအနည်းငယ် အေးဆေးစွာ ပြောလိုက်သည်။ဒါပေမဲ့ မြောင်ကွေ့ပြောတာ မှန်တယ်၊ရန်သာ့လန် သူ့ဘက်က ပါဝါကို မြင်မှရမယ်...
ဘာလို့လဲဆိုတော့ သူဒီနေ့ လှလှပပလုပ်ရမယ်...
ထိုကြောင့် သူပြန်ဖြေလိုက်သည်။
"သာ့လန် မင်းရဲ့မြေကို ငါတို့လူအိုကြီးတွေက ဆုံးဖြတ်ပေးလို့ စိတ်မဆိုးပါနဲ့... ငါက ရွာလူကြီးဆိုတော့ ရွာမှာအရှုပ်အထွေးရှိရင် အရေးယူရမှာပဲ... မင်းမြေကို ငှားချင်တဲ့သူတွေက အများကြီးပဲ... ဒါကကောင်းတဲ့ကိစ္စပါ...ဒါပေမဲ့ ငါက ရွာသူကြီးဆိုတော့ ရွာသားတွေကြား သဘောထားလွဲမှုလေးတွေ ဖြစ်အောင် ခွင့်မပြုနိုင်ဘူး... ရွာလူကြီးအနေနဲ့ ငါ့တာဝန်ကို မင်းနားလည်ရမယ်"
ဘယ်သူမှ သူ့ကိုမတားသည်ကိုမြင်ရာတွင် ရွာသူကြီးက အနည်းငယ်စိတ်အေးသွားသည်။
"ဒီမှာ ရောက်နေတဲ့ငါတို့အားလုံးက ရပ်မိရပ်ဖတွေချည်းပဲ... ဒါတွေအားလုံးက မင်းကို ဒီအကြောင်းတွေ ကြိုပြောတယ်ဆိုတာ မင်းအတွက်ကောင်းချီးပဲ သာ့လန်...ဒီလယ်တွေကို ဖွင့်ပြီးလို့ပြီးသွားပြီလို့ ငါ့ကို မပြောနဲ့...နောက်ထပ်အများကြီးရှိသေးတယ် ဥပမာ- လယ်ယာလုပ်ငန်းခွင်အတွင်း လူအင်အားဘယ်လိုခွဲဝေရမယ်၊ ဆောင်းဦးရိတ်သိမ်းချိန်အတွင်း ပမာဏကို ဘယ်လို တိုင်းတာရမယ်... ဟေ့၊ ငါရွာလူကြီးက အခွန်အရာရှိနဲ့ နှစ်အတော်ကြာအောင်ရင်းနှီးခဲ့တာ...သူက နှစ်တိုင်း ငါ့အိမ်ကို လာလည်ပြီးအနားယူတယ်... ကောင်းပြီ မင်း သတိထားချင်ထားမထားချင်နေ သာ့လန် မင်းသေချာစဉ်းစားဖို့တော့ လိုမယ်"
နောက်ဆုံးဝါကျက ခြိမ်းခြောက်မှုအပြည့်ရှိလုနီးပါးပင်။
၎င်းကိုကြားသောအခါ မြောင်ဟယ်က ဒေါသထွက်ပြီး မသိနားမလည်သလို ပြန်ပြောလိုက်သည်။
"ဆိုတော့ ဒီလိုအရာမျိုးရှိသေးတာပဲလား...ဒါက တကယ်ဆိုးတာပဲ ဒါပေမဲ့ ရွာလူကြီး ငွေနဲ့ ပေးရရင် ပြဿနာ မရှိဘူးမလား"
ဖာ့ခ်ယူ... ခင်ဗျားတစ်ပေါင်ခိုးလို့ တစ်ပေါင်ဆုံးရှုံးရင် အဲဒါကို ပိုက်ဆံနဲ့ လဲလှယ်လိုက်ကြရအောင်...
"ဒါဆို ပြဿနာက ပိုသေးသွားလိမ့်မယ်...ဒါပေမဲ့ အပြင်မှာ ပေါက်နေတဲ့ စပါးကို ပိုက်ဆံနဲ့ ရောင်းရရင် ထပ်ပြီး မင်တို့အခွံခွာခံရမှာမဟုတ်ဘူးလား... အဲဒါ တကယ် ရှုံးတယ် ဟယ်ကောအာ"
ရွာလူကြီးက အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။သို့ပေမဲ့ ရန်သာ့လန်က မပြောင်းလဲဘဲ ဆက်လက်၍မှင်သေသေရှိနေဆဲဖြစ်သည်။ရွာလူကြီး စကားအနည်းငယ်ဖြင့်ထပ်တွန်းအားပေးရန်ဆုံးဖြတ်လိုက်သည်။
"ပြီးတော့ ဆောင်းဦးရာသီ ရိတ်သိမ်းဖို့ လူအင်အားလည်း ရှိသေးတယ်... ဒါက ထိပ်တန်း ဦးစားပေးပဲ... မင်းတို့ အားလုံးက ရွာမှာ မိသားစုကြီး တွေ မရှိလို့ လူအင်အားမလုံလောက်ဘူး...ငါတို့အကုန်လုံးက မင်းကိုကူညီဖို့ ဒီကိုရောက်လာတာ...ငါက မင်းကိုကူညီချင်တာကြောင့် စိတ်ပါလက်ပါနဲ့ ဒီကိုရောက်လာတာ... သာ့လန် မင်းဒီလိုကြီးနှုတ်ဆိတ်နေပြီး ဒီလူကြီးတွေရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးပစ်တော့မှာလား"
ထို့နောက် သူက မျက်လုံးထဲမှာအပြစ်တင်ရှုံ့ချမှုများဖြင့်တစ်ဖက်၏မျက်လုံးကိုစိုက်ကြည့်လေသည်။
ရန်သာ့လန်က ဝမ်းသာအားရနှင့် တိုက်ရိုက်ငြင်းဆိုခဲ့သည်။
"ခင်ဗျားတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...နောင်ကျရင် ရှု့ထောင့်အကုန်လုံးကနေကြည့်ပေးကြပါ"
ရွာလူကြီး၏အမူအရာပြောင်းလဲသွားသည်နှင့် လူအနည်းငယ်က စားပွဲကိုရိုက်လိုက်ကြသည်။
"ဟေ့ သူကသိပ်ကျေးဇူးကန်းတာပဲ... သူက ယောက်ျားကောင်းနဲ့တူပေမဲ့ လူကောင်းတွေရဲ့ နှလုံးသားကို မသိတဲ့ မောက်မာ တဲ့ကလေးပဲ"
"မင်းငါ့အကြံကိုနားမထောင်ရင် ငါမင်းနဲ့ပူးပေါင်းမနေချင်ဘူး...ဘယ်သူငှားမလဲ...ငါတော့မငှားနိုင်ဘူး"
"!"
ဤသည်က တကယ်ကိုမြေခွေးအိုကြီးတွေသုံးသည့် လှည့်ကွက်ပင်။
အရေးကြီးသည့်လူက သဘောမတူလျှင် တစ်စုံတစ်ယောက်က မျက်နှာကြီးဖြူဆုတ်သွားဟန်ဆောင်မှာဖြစ်ပြီး တစ်စုံတစ်ယောက်က မျက်နှာကြီးနီတွတ်သွားဟန်ဆောင်မှာဖြစ်သည်။ရန်သာ့လန် သူတို့ပြောသည့်အတိုင်းလုပ်အောင် မဖြစ်မနေ သိမ်းသွင်းနိုင်ရမည်။
ထို့ကြောင့် ဤအချိန်မှာ ရွာလူကြီးက ပိတ်တားပြီး စည်းရုံးသည်။ပြဇာတ်ကောင်းတစ်ခုပင်။
သို့သော် မတော်တဆ မထင်မှတ်ဘဲ အခြားဧည့်သည်အဖွဲ့လည်း ရောက်လာသည်။
လူအိုတချို့က ရွာသူကြီးအား ဒေါသတကြီး ထွက်သွားရန် ဆွဲခေါ်လာစဉ် တံခါးဝသို့ ရောက်လုနီးနီးဖြစ်သော်လည်း တံခါးဝမှ တစ်စုံတစ်ဦး ၏ခေါ်သံကြားလိုက်ရသည်။
အမှန်တွင် မောင်မောင်စကွက်ကလည်း တံခါးကို ဟောင်နေသည်မှာ ကြာပြီဖြစ်သည်။
နောက်ကလိုက်ထွက်လာသည့် မြောင်ဟယ်က တံခါးကို အမြန်ဖွင့်လိုက်ပြီးနောက် အပြင်ဘက်တွင် အစိုးရအရာရှိအဖွဲ့တစ်ဖွဲ့လုံးကို တွေ့လိုက်ရသည်။
ရှေ့မှလူသည် အနက်ရောင်အနားသတ်ထားသော အပြာရောင်တောက်တောက် ၀တ်ရုံနှင့်ခေါင်းပေါ်တွင် အနက်ရောင် ပိတ်စဦးထုပ်ကို ၀တ်ထားသည်။
ဦးထုပ်ဆောင်းထားသူတိုင်းသည် ခရိုင်အရာရှိအဆင့် အထက်ကအရာရှိဖြစ်ရမည်။ အရာရှိကြီး၏နောက်တွင် အနက်ရောင်အနားသတ်တပ်ထားသော အနီရောင်တောက်တောက်ဝတ်ရုံနှင့် အရာရှိတစ်ဦးရှိပြီး သူ၏ခေါင်းပေါ်တွင် အရာရှိဦးထုပ်တစ်ခုပါရှိသည်။ သူတို့နောက်မှာ အရာရှိတစ်ဖွဲ့ကလည်း တွန်းလှည်းကို ဆွဲပြီးရောက်လုနီးပါးဖြစ်သည်။လူအုပ်စုက အင်အားကြီးသည်ဟု ဆိုနိုင်သည်။
ထို့အပြင် ရွာသားအများအပြားက ရုတ်ရုတ်သဲသဲဖြစ်သံ ကြားပြီး ပွဲကြည့်ရန် နောက်က လိုက်လာခဲ့ကြသည်။
အရာရှိတစ်ယောက်က တံခါးဖွင့်သည်ကိုမြင်သောအခါ ရှေ့ကိုတက်ပြီးအော်သည်။
"ဒါက ရန်သာ့လန်ရဲ့အိမ်လား"
ဤသည်ကို မြင်သောအခါ ရန်သာ့လန်လည်းဘာဖြစ်နေမှန်း သိသွားသည်။ သူက ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး အရာရှိများထံ လက်သီးဆုပ်ပေါ်လက်ဝါးအုပ်ကာ အရိုအသေပေးလိုက်သည်။
"လူငယ်လေးရန်သာ့လန်က အားလုံးကို နှုတ်ဆက်ပါရစေ"
အပြာရောင် ၀တ်ရုံဝတ်အရာရှိက ဦးစွာ ပြုံးပြပြီး သူ့လက်ကို ယဉ်ကျေးစွာ ဆန့်ပေးသည်။
"တွေ့ရတာဝမ်းသာပါတယ် ရန်ရှုန်းတိ...အရမ်းယဉ်ကျေးမနေပါနဲ့...ငါက မြောင်ရွှေခရိုင်ရဲ့ တရားသူကြီးစုထုံပါ...ရန်ရှုန်းတိက ဒီတစ်ခါ ငါတို့ရဲ့ မြောင်ရွှေခရိုင်ကို ဂုဏ်ကျက်သရေတိုးစေဖို့ ကူညီပေးခဲ့တာပါ...ဟားဟားဟား ငါ့နောက်က "ပဏ္ဍာအိမ်"ရွှေကမ္ပည်းပြားက ဒီခရိုင်မှာ ပထမဆုံးပဲ...ဂုဏ်ပြုပါတယ်ကွာ"
…ပ ပဏ္ဍာအိမ် ?!?