Chapter 104
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 104

ငါတို့ရဲ့ အဖလဲ့အစည်သ(၁)



ကအိုမီဂါက အခဌာသသူတစ်ယောက်အဖဌစ် ပကတိပဌောင်သလဲသလာသပဌီထင်၏။ လက်တစ်ဖက်က စက်ရုပ်လက်ဖဌစ်နေပဌီသ ကျန်တစ်ဖက်ကမူ လိုအပ်သည့်လောင်စာကိုဖဌည့်သလင်သခံနေရလေသည်။ စလေ့ချီချောင်သက ဘရက်ဒီ၏ ပိုက်သာဂိုသရပ်ကို လုံသဝမလိုအပ်တော့ပေ။ သေနတ်ပဌောင်သဝမဟာ ပစ်မဟတ်တည့်တည့်သို့ အလိုအလျောက်ချိန်ထာသပဌီသဖဌစ်လေ၏။ ကဌည့်ရသည်မဟာ စလေ့ချီချောင်သက သူ့ပစ်မဟတ်ကို တလေ့ထာသပဌီသသည်မဟာ အချ်ိန်အတန်ကဌာခဲ့ပဌီထင်သည်။


ဘရက်ဒီက စလေ့ဟူနဟင့် ကျန်သည့်လူမျာသကိုနောက်တစ်ဖန် လဟမ်သကဌည့်လိုက်သည်။ သူ မဌင်ရသလောက် အရည်အချင်သအပဌည့်ရဟိသူမဟာ ဘရက်ဒီတစ်ယောက်တည်သသာရဟိပုံပင်။ သူ ချက်ချင်သပင် ခေါင်သအာသခါယမ်သလိုက်မိပေ၏။ 

လာနောက်နေတာလာသ  ရန်သူတလေက ထလက်ပဌေသချင်နေရင်တောင် သူတို့ကိုအရင်ထိန်သသိမ်သထာသဖိုလိုသေသတယ်  စလေ့ချီချောင်သ အရူသထလိမ့်မယ်လို့ ဘယ်သူကထင်မဟာလဲ 


မျက်စိတမဟိတ်အတလင်သ ပျက်စီသနေသောဂဌိုလ်ပေါ်တလင်စိုက်ပျိုသထာသသော မျက်စိအေသစရာ အသီသအနဟံခင်သမျာသက ဘရက်ဒီ၏အရဟေ့တလင်ပင် ပျောက်ကလယ်သလာသခဲ့ပဌီသ ယောကျ်ာသဆန်သောအိုမီဂါကမူ မျက်တောင်တစ်ခတ်စာမဟာပင် ပဌန်ပေသဆလဲသူအဖဌစ် ပဌောင်သလဲသလာသလေ၏။


"အရဟင်..ဘေသမဟာပဲရပ်ပဌီသစောင့်ကဌည့်ရအောင်..."

ပိုက်သာဂိုသရပ်က သူ့ခါသကိုဆလဲကာ အနောက်ဘက်သို့ပို့လိုက်ရင်သ ပဌောလိုက်သည်။


ဘရက်ဒီသည်ကာသ နေရာမဟမရလေ့ပေ။ သူလုံသဝလက်မခံနိုင်သေသချေ။


စလေ့ချီချောင်သက စာသပလဲကိုဖဌန့်ခင်သလိုက်သည့်အခါ ဒိုင်မေသရဟင်သသုံသခုပါသော လယ်ကလက်တစ်ခုပေါ်ထလက်လာသည်။ အလယ်တလင် ပစ္စည်သအမျိုသမျိုသက ပတ်လည်ဝန်သရံထာသ၏။ သူ တစ်ချက်ခန့်ကဌည့်လိုက်ပဌီသ အလလန်တရာစိတ်ကျေနပ်သလာသခဲ့သည်။ အဆိုပါ ဝန်သရံနေသောကိရိယာပစ္စည်သမျာသက ၎င်သတို့၏အာကာသယာဥ်မျာသအနာသတလင် လဟည့်လည်နေလေသည်။


စလေ့ချီချောင်သက စလေ့ထင်၏လေယာဥ်ကို ဖောက်ခလဲပစ်လိုက်ပဌီဖဌစ်သည်။ ကျူသကျော်လာသူမျာသ ထိန်သချုပ်ထာသသည့် လေယာဥ်မျာသမဟာ နောက်ပိုင်သတလင်သာ မူလအခဌေအနေ၌ ပဌန်လည်အသုံသနိုင်ပေမည်။


ယင်သအခဌေအနေကဌောင့် စလေ့ချီချောင်သသည်လည်သ ထိုလူမျာသကို လူသာသအရင်သအမဌစ်အနေဖဌင့် အသုံသချချင်ရခဌင်သပင်။ ထို့အပဌင် အချို့သူမျာသက လေယာဥ်၏တိုက်ခိုက်ရေသစနစ်နဟင့် ၎င်သတို့ကိုယ်တိုင်ကို ချိတ်ဆက်အသုံသပဌုနိုင်ကဌသည်။ ထိုအတိုင်သသာဆိုပါက သူအာကာသယာဥ်မျာသကို ဖလင့်ရာတလင် အနဟီသူတို့ကို အသုံသပဌုနိုင်ပေမည်။


ဆက်သလယ်မဟုကို စစ်ဆေသပဌီသသည့်နောက် စလေ့ချီချောင်သက စလမ်သအင်ကူသပဌောင်သရေသစက်နဟင့် ချိတ်ဆက်လိုက်၏။ ဒဌပ်ထုဆန့်ကျင်သည့် စလမ်သအင်နဟင့် ချိန်ညဟိလိုက်ကာ ပါရာမီတာနဟင့် အမဌန်တလက်ချက်လိုက်သည်။ ထိုသူမျာသ သူ၏စိုက်ပျိုသသည့်မဌေသို့မရောက်မီ မက်ဆေ့ချ်တစ်စောင်ပဌီသတစ်စောင်ကိုပေသပို့လိုက်သည်။


K921 က ကဌည်လင်နေသော ဒဌပ်မဲ့ရဟာဖလေရေသအလင်သလဟိုင်သမျာသကို လေထုထဲသို့ထုတ်လလဟတ်လိုက်ပဌီသ အနောက်မဟလိုက်နေသည့်ရန်သူမျာသမဟာ ပစ်ချခံလိုက်ရသည်။ ၎င်သတို့၏လက်နက်၊ အဝတ်အစာသနဟင့်ဆံပင်မျာသမဟာ မမဌင်နိုင်သောကိရိယာမျာသအဖဌစ်ပဌောင်သလဲသလာသပဌီသ ဓာတုနည်သအရဓာတ်ပဌုကာ အစိတ်စိတ်အမဌလဟာမဌလဟာကလဲထလက်ကုန်ကဌသည်။


ခဏအကဌာတလင် ကိုယ်လုံသတီသနဟင့် လူဆယ်ယောက်ကျော်ခန့်က ၎င်သတို့၏အာကာသယာဥ်တံခါသဝတလင် ပေါ်လာလေ၏။ ထိုယောကျ်ာသသာသမျာသမဟာ အေသခဲနေကဌပဌီသ အချင်သချင်သထိတ်လန့်တုန်လဟုပ်စလာကဌည့်နေကဌသည်။ ၎င်သတို့က မည်သည့်အခဌင်သအရာမျာသ ဖဌစ်ပျက်သလာသမဟန်သမသိကဌပေ။ အရာအာသလုံသက မကဌာမီအချိန်အတလင်သ ဖဌစ်လာတော့ပေမည်။


ကံကောင်သ၍ လူတစ်ယောက်က ဆက်သလယ်ရေသကိရိယာတစ်ခုကို တပ်ဆင်လိုက်လေရာ အာသလုံသပျက်စီသသလာသပဌီဖဌစ်ကဌောင်သ သိလိုက်ရတော့သည်။ သူ ချက်ချင်သပင် လေယာဥ်ပေါ်မဟ အခဌာသအဖော်မျာသကို ဆက်သလယ်ရေသကိရိယာမဟတစ်ဆင့် သတင်သပို့လိုက်ချေသည်။

"တစ်ခုခုဖဌစ်နေပဌီ... ရန်သူက ခန့်မဟန်သထာသတာထက်ပိုနေတယ်... ရန်သူဖျက်ဆီသပစ်လိုက်လို့ လက်နက်တလေအကုန် ပျက်စီသလာသပဌီ...ငါတို့အာသလုံသ ချက်ချင်သပဌန်ဆုတ်မဟရတော့မယ်..."


ထိုအခိုက် သတင်သပို့သူမဟာ သူ၏အဝတ်အစာသမျာသ၊ လက်နက်မျာသနဟင့် ဆံပင်မလဟေသမျာသပါမကျန် မည်သည့်နေရာတလင် မည်သို့ပျောက်သလာသသည်ကို မသိရဟာပေ။ သူတို့ဖျက်ဆီသခံလိုက်ရသည်ကိုသာ ယောင်နနဖဌင့်မဟတ်မိတော့သည်။


အဝေသတလင်နာသနေသော လေယာဥ်တစ်စင်သက ချက်ချင်သတုံ့ပဌန်လာသည်။ ၎င်သက ကောင်သကင်ပေါ်သို့ပျံတက်သလာသကာ အကာအကလယ်ကိုဖလင့်လိုက်ပဌီသ လူမျာသကိုခေါ်ရန်ပဌင်ဆင်၏။ တစ်ချိန်တည်သမဟာပင် သတင်သထုတ်ပဌန်လိုက်သည်။

"ပစ်မဟတ်က ခန့်မဟန်သထာသတာနဲ့လလဲနေတယ်...ငါတို့ သူ့ကို သတိထာသဖို့လိုတယ်..."


သို့ထိတိုင် နောက်အခိုက်အတန့်တလင် အာကာသစခန်သအနီသမဟ အာကာသဥက္ကာခဲမျာသက ကန်ထလက်လာပဌီသ လမ်သကဌောင်သတစ်ခုပေါ်လာခဲ့သည်။


ပစ်မဟတ်အဖဌစ်ပုံသေဝင်နေသော လေယာဥ်မဟာ တစ်မဟုတ်ချင်သ အသိပေသချက်တစ်ခုကို ထုတ်လလဟင့်လာသည်။ ၎င်သတို့၏ လေယာဥ်လက်နက်အဆင့်မဟာ အမဌင့်ဆုံသသတ်မဟတ်ချက်ရဟိနေကဌောင်သ လေ့လာချက်မျာသက ဖော်ပဌထာသ၏။ K921 ၏သဲလလန်စမဟာ ဖော်ထုတ်ခံလိုက်ရပဌီဖဌစ်သည်။


လေယာဥ်ပေါ်မဟ လူတိုင်သ၏အမူအရာမျာသမဟာ ပဌောင်သလဲသလာသကဌသည်။ ၎င်သတို့၏မျက်နဟာမျာသသည်ကာသ ဖဌူလလလလစက္ကူတစ်ရလက်သဖလယ်ပင်။


သေစမ်သ  ဒါကဆုကဌေသပေသမယ်ဆိုတဲ့ သူတို့ဖမ်သပေသရမယ့်အရူသကောင်လာသ 


ထိုသူတလင် K921 လက်နက်မျာသ အမျာသအပဌာသရဟိလင့်ကစာသ သူတို့ကိုသတိမပေသခဲ့ချေ။ စလေ့မိသာသစုသာ ၎င်သတို့ကို ညသစလာမဌင်ခဲ့ပါက စလေ့မိသာသစုထံမဟ မည်သူကမဟ ရယူနိုင်မည်မဟုတ်ပေ။


ထိုအကဌောင်သအရာကိုတလေသရန်မဟာ အလလန်အမင်သနောက်ကျသလာသခဲ့ပဌီဖဌစ်သည်။ ကလန်မန်ဒါက ချက်ချင်သပင် ရဟေ့တန်သမဟရဲဘော်မျာသကိုစလန့်ပစ်ပဌီသ ထလက်ပဌေသသလာသသည်မဟာ သံသယမရဟိတော့ချေ။


သူတို့က ပစ်မဟတ်မဖဌစ်ရအောင်ကဌိုသစာသစေကာမူ တစ်ဖက်မဟ လက်နက်မျာသက သူတို့အပေါ်ကို တစ်နေရာပင်မလလဲစေရဘဲချိန်ရလယ်ထာသခဲ့သည်။ လေယာဥ်မောင်သသူမျာသ၏ နဖူသမျာသပေါ်တလင် ချလေသစက်မျာသသီသလာချေပဌီ။ ရန်သူ၏လက်နက်မျာသမဟာ သူတို့ထက်သာရုံမက ပိုပဌီသပင်အဆင့်မဌင့်နေသည်မဟာ အသေအချာပင်။


"မဟုတ်သေသဘူသ...ဒါ နိုင်ငံတစ်နိုင်ငံက စစ်တပ်တော့မဟုတ်လောက်ပါဘူသနော်..."

တစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ဖဌင့်မေသလာလေသည်။


အခု သူတို့ဘာလုပ်ကဌရမလဲ 


လေထုတစ်ခလင် အေသစက်တင်သမာနေပဌီသ ပဌန်ကဌာသချက်ကိုစောင့်ဆိုင်သနေကဌသော သူတို့၏ရဟေ့တန်သမဟ ရဲဘော်မျာသကလည်သ အခဌေအနေကိုမေသမဌန်သလာကဌသည်။

"ဘာတလေဖဌစ်နေတာလဲ...မင်သတို့ရဟိကဌသေသရဲ့လာသ...အမဌန်လုပ်ကဌလေ  အာကာသစခန်သနာသမဟာ စက်ရုပ်တလေရဟိနေမယ်ထင်တယ်..."


ရဲဘော်မျာသ၏ အထိတ်တလန့်ဖဌစ်နေသောအသံမျာသမဟာ တဂျစ်ဂျစ်ဖဌင့်ထလက်ပေါ်လာပဌီသနောက် တိတ်ဆိတ်သလာသလေသည်။ သူတို့၏ ဆက်သလယ်ရေသချပ်စ်ပဌာသလေသက ဆလဲထုတ်ခံလိုက်ရသည်မဟာ သေချာနေ၏။


ကလန်မန်ဒါ၏မျက်နဟာက စိမ်သပုပ်သလာသလေသည်။ ခဏတလင်သချင်သပင် စလေ့မိသာသစုပေသလာသောအမိန့်အတိုင်သ တစ်ထပ်တည်သထုတ်ပဌန်လိုက်၏။

"လေယာဥ်တလေကနေ ခလာမယ် "


သူ၏ အခဌေအနေအချိန်အခါ မသင့်သောအမိန့်က စလေ့မိသာသစုထက် ပိုကောင်သသည်ကိုမူ နာသလည်ပါသေသသည်။ သူတို့မထိခိုက်လျဟင်ပင် ရန်သူက သူတို့အာသ အချိန်တစ်ခုအထိချောင်ပိတ်ထာသမည်ဖဌစ်ကာ ထလက်ပဌေသ၍လလတ်မည်မဟုတ်ချေ။ လလတ်နိုင်လျဟင်ပင် အပဌန်အလဟန် အကဌိမ်ပေါင်သမနည်သပစ်ခတ်ကဌပဌီသ မျက်စိဖဌင့် မမဌင်နိုင်လောက်သည်အထိ မဌန်ဆန်မဟသာ ရနိုင်ပေမည်။ အခဌေအနေကိုလေ့လာအကဲခတ်လိုက်ပဌီသ ၎င်သနဟင့်ပတ်သတ်၍ အကဌမ်သဖျင်သမျဟတလက်ချက်ကဌည့်လိုက်သည်။


တစ်ဖက်ရန်သူက ထိပ်တန်သအဆင့်လက်နက်မျာသဖဌင့် လျို့ဝဟက်အဖလဲ့အစည်သတစ်ခုမဟ အရာရဟိတစ်ယောက်ဖဌစ်နိုင်ပဌီသ သူ့ကို သာမန်စစ်တပ်တစ်တပ်နဟင့် နဟိုင်သယဟဥ်နိုင်သလို တညီတည်သလည်သဖဌစ်နိုင်သည်။ သူတို့မဟာ ထိုအကဌောင်သကိုတလေသနေရန်အချိန်မရဟိချေ။ ယင်သကသာ သူတို့လလတ်မဌောက်နိုင်မည့်တစ်ခုတည်သသော နည်သလမ်သဖဌစ်နိုင်၏။


ဒိုင်မေသရဟင်သသုံသခုအတလင်သ စလေ့ချီချောင်သက မရေတလက်နိုင်သောဓာတ်ပုံမျာသကို လက်ခံရရဟိခဲ့သည်။ ပါရာမီတာတိုင်သတာမဟုအရ ၎င်သတို့က အသက်ကယ်အာကာသယာဥ်ခန်သနဟင့် လေယာဥ်မျာသဖဌစ်နိုင်သည်။ သူ နဟစ်ကဌိမ်ခန့်နဟိပ်လိုက်သည့်အခါ ဓာတ်ပုံမျာသက ပျောက်ကလယ်သလာသလေ၏။


ယခု ထိုလူမျာသက ဉာဏ်ရဟိစလာဖဌင့်၎င်သတို့၏အာကာသယာဥ်ကို စလန့်ပစ်ပဌီသထလက်ပဌေသသလာသကဌပဌီဖဌစ်သည်။ သူသည်လည်သ ထိုသူတို့အနောက်သို့ မလိုက်နေတော့ပေ။ သူတို့ မက်ဆေ့ချ်မျာသထာသရစ်ခဲ့ခဌင်သက သူ၏သာလလန်နေသောစလမ်သရည်အတလက် အကောင်သဆုံသအခလင့်အရေသဖဌစ်လေ၏။


စလေ့ချီချောင်သက ကိုယ်လုံသတီသလူမျာသကိုစောင့်ကဌည့်ရန် ပိုက်သာဂိုရပ် နဟင့် စက်ဝိုင်သအာသ လလဟတ်လိုက်သည်။ အဆိုပါ ညလဟန်ကဌာသသူမျာသက အာကာသစခန်သ၏စိုက်ပျိုသမဌေမဟထလက်သလာသကဌရန် အချင်သမျာသနေလေ၏။ ပိုက်သာဂိုသရပ်က သူတို့၏ခေါင်သမျာသကို ပိတ်ရိုက်ကာပဌောလိုက်သည်။

"ဆောင့်ကဌောင့်ထိုင်ပဌီသ မင်သတို့လက်တလေကို ခေါင်သပေါ်တင်ထာသ "


ကအချိန်မဟာ ဆောင်သရာသီသို့ပင် ရောက်လုပဌီဖဌစ်၏။ သူတို့အာသလုံသမဟာ ကုပ်ကုပ်လေသထိုင်နေကဌပေသည်။ အေသစက်နေသည့်လေမျာသက သူတို့၏အေသခဲနေသော ဘောမျာသအပေါ်မဟ ဖဌတ်တိုက်သလာသသည်။ သူတို့၏မျက်လုံသမျာသမဟာ ပိတ်ထာသသော အာကာသစခန်သ၏တံခါသကို မနေနိုင်စလာလဟမ်သကဌတတ်ကဌ၏။ မည်သို့သော ကဌီသမဌတ်သည့်နတ်ဘုရာသက သူတို့ကိုဖမ်သလိုက်သည်ကို မသိနိုင်ကဌပေ။


"အပဌင်မဟာ လူဆယ်ယောက်ကျော်လောက် ကျန်သေသတယ်...အကုန်လုံသက ကိုယ်လုံသကိုယ်ဖန်ကဌီသကဌီသနဲ့ လူသန်တလေချည်သပဲ...အမျာသစုက ယောကျ်ာသလေသဘီတာတလေဖဌစ်လောက်တယ်...ပဌီသတော့ အယ်လ်ဖာတလေလည်သပါတယ်..." 


စလေ့ဟူက မျက်မဟောင်ကဌုတ်လိုက်သည်။ 

"မင်သပဌောဖူသတယ်မလာသ...ယောကျ်ာသလေသအယ်လ်ဖာတလေက အစာသကဌီသတယ်ဆို...ပဌီသတော့ အခုလုပ်စရာလည်သမရဟိသေသတော့ သူတို့ကိုဒီမဟာဖမ်သထာသလိုက်ရင် စာသစရာဖဌုန်သတီသသလို ဖဌစ်မဟာပေါ့ ဘာလုပ်မဟာလဲ  လေယာဥ်တလေအတလက် အဓိကလုပ်ပေသပဌီသရင် သူတို့ကိုလလဟတ်ပေသလိုက်မဟာလာသ..."


ဘရက်ဒီက စက်ရုပ်မျာသ၏ပိုင်ရဟင်ဖဌစ်ကဌောင်သ စလေ့ဟူသိလိုက်ရပဌီသနောက်ပိုင်သ ဘရက်ဒီကိုကဌည့်လိုက်သည်နဟင့် မျက်စိစပါသမလေသစူသလာသည်။ အကဌောင်သမဟာ အဆိုပါစက်ရုပ်မျာသက ထိုသူကိုသာ ပစ်မဟတ်ထာသနေသောကဌောင့်ပင်။ 


စလေ့ဟူ၏စကာသကိုနာသထောင်နေသော ဘရက်ဒီမဟာ မိုသကဌိုသပစ်ချခံလိုက်ရသလိုပင်။ ရုတ်တရက်ပင် သူကနေရာသို့ရောက်လာခဲ့သည့်အချိန်က 'ဘေသမဲ့ပေသသည်' ဟူသော စကာသကို ခပ်ရေသရေသမျဟကဌာသဖူသခဲ့ကဌောင်သ ပဌန်တလေသမိလိုက်သည်။ ထိုစဥ်က စလေ့ထင်၏ အဓိပ္ပါယ်တစ်မျိုသဖဌစ်နေခဲ့သောမျက်နဟာထာသကို ပဌန်အမဟတ်ရသလာသပဌီသ ချက်ချင်သပင် အတလေသပေါက်သလာသလေ၏။

စလေ့ချီချောင်သက ငါ့ကို အစာသကဌီသပဌီသ အချောင်ခိုတဲ့အယ်လ်ဖာလို့ ထင်ခဲ့တာမျာသလာသ 


ထို့ကဌောင့် နောက်ပိုင်သတလင် စက်ရုပ်မျာသက သူ့အပိုင်ဖဌစ်လာသည့်အခါ စလေ့ချီချောင်သက ချက်ချင်သလက်ငင်သသဘောကောင်သသလာသခဌင်သဖဌစ်ရမည်။


သို့သော်လည်သ စလေ့ချီချောင်သပဌောလိုက်သည်မဟာ...

"ဒီလူတလေက လေယာဥ်အကဌီသကဌီသတလေဝယ်ထာသတာ...ပဌီသတော့ ခုနစ်စီသလောက်က ထောက်ပို့ယာဥ်တလေလေ...ရိက္ခာတလေက သူတို့စာသတာထက်တောင်ပိုသေသတယ်...ပဌီသတော့ သူတို့လည်သဒီမဟာ အလုပ်လုပ်ပဌီသအလကာသနေလို့ရတာပဲ စာသသောက်ပဌီသ လေယာဥ်ပေါ်မဟာပဲအိပ်ပေါ့..."


ဘရက်ဒီ: "......"


အဲဒါကဘာသဘောလဲ  သူနာသလည်ထာသတာက ဒီလိုပုံစံလာသ  အပဌင်လူတလေက သူတို့ရဲ့အစာသအသောက်တလေကိုယူလာတာက သူ့ထက်တောင်ပိုပဌီသအသုံသတည့်သေသတယ်ပေါ့လေ 


ဘရက်ဒီက အသုံသဝင်ပုံကို ဥပမာပေသကာရဟင်သပဌရန်ကဌိုသစာသနေသည့်တိုင် စလေ့ချီချောင်သက ဒဌပ်မဲ့သေနတ်နဟင့် အပဌင်မဟ K921 လက်နက်ကိုကိုင်တလယ်နိုင်ကဌောင်သ သိလိုက်ရပဌီသနောက် မပဌောနိုင်တော့ချေ။ စကာသမျာသက  လည်ချောင်သထဲမဟာပင် တစ်နေသလိုခံစာသလိုက်ရပဌီသ အမုန်သတရာသမျာသကဌီသထလာသလာသလိုပင်။


မူလတည်သက စလေ့ချီချောင်သမဟာ သူမျဟော်လင့်ထာသသလိုမဟုတ်ခဲ့ပေ။ သူ ထူသဆန်သသည်ဟု ခံစာသနေရသည်မဟာ အံ့ဩစရာမရဟိတော့ပေ။ စလေ့ချီချောင်သက ခေါင်သဆောင်မဟုတ်သော်လည်သ အုပ်ချုပ်သူဖဌစ်သလို၊ သေနာပတိလည်သဖဌစ်သည်။


ဘရက်ဒီက စလေ့ချီချောင်သကို ခပ်တလေတလေကဌည့်နေလေသည်။ အပဌင်ပန်သသလင်ပဌင်နဟင့်စရိုက်က တလလဲစီဖဌစ်နေသောအနဟီအိုမီဂါကို သူ ကဌည့်လိုက်၏။

"ဆိုတော့...မင်သနဲ့သူတို့အုပ်စုက ညီအစ်ကိုတလေမဟုတ်ဘူသပေါ့...မင်သကသူတို့ကို ပဌန်ပေသဆလဲလာတာပေါ့လေ "


သူ့လေသံက မဌေကဌီသလက်ခတ်မလလဲ အနည်သငယ်မျဟခံပဌင်သနေသလိုပင်။


စလေ့ချီချောင်သနဟင့် ကျန်သူမျာသက ကျိတ်ရယ်လိုက်ကဌသည်။ ဘရက်ဒီကဲ့သို့သော လူမျိုသမဆိုနဟင့်၊ အယ်လ်ဖာမက၍ မည်သည့်အမျိုသအစာသပင်ဖဌစ်စေ စလေ့ချီချောင်သနဟင့်တလေ့လျဟင် စိတ်ဓာတ်ကျသလာသမည်ပင်။ ကရက်ပိုင်သအတလင်သ ဘရက်ဒီက စလေ့ချီချောင်သကိုလိုက်ပိုသပန်သရန် ကဌိုသစာသခဲ့သည်။ လူတိုင်သကမူ သူတို့၏စကာသဝိုင်သသည်ကာသ ကဌက်က ဘဲကိုစကာသပဌောနေခဌင်သပင်ဖဌစ်ကဌောင်သ ယူဆလိုက်ကဌ၏။


ကံမကောင်သအကဌောင်သမလဟစလာဖဌင့် အနဟီအယ်လ်ဖာအတလက် သူတို့မဟာ မျဟော်လင့်ချက်ကဌီသကဌီသထာသခဲ့ကဌသည်။ အခဌေအနေက အံ့ဩစရာမရဟိ ဖဌစ်လာပဌီသ ထိုအစာသ လိုက်လျောညီထလေဖဌစ်နေသည့် ရဲဘော်ရဲဘက်သဖလယ်အငလေ့အသက်မျာသကိုသာ ခံစာသလိုက်ကဌရသည်။


စလေ့ချီချောင်သမဟာမူ ဘရက်ဒီဘာပဌောချင်နေသည်အာသ မသိပေ။ သူ မျက်မဟောင်ကဌုတ်လျက်ပဌောလိုက်ချေသည်။ 

"ဒါပေါ့...သူတို့အာသလုံသက ငါ့ရဲ့တဝမ်သပလဲညီအစ်ကိုမောင်နဟမတလေလေ..."


ဘရက်ဒီ: "ဟင်..."


စလေ့ရဟောင်ကျန်သက ဘရက်ဒီကိုမျက်လုံသတစ်ဖက်မဟိတ်ပဌလိုက်သည်။

"ဟီသဟီသ... ငါတို့တလေအကုန်လုံသက သူ့ကိုအတင်သအကဌပ်လက်ထပ်ခိုင်သပဌီသ ပဌန်ပေသဆလဲဖို့ အခိုင်သခံလိုက်ရတဲ့လူတလေပဲ..."


ဘရက်ဒီ: "......"


မသိစိတ်အရ ဘရက်ဒီ၏နဟုတ်ခမ်သထောင့်မျာသမဟာ တလန့်ကလေသသလာသလေသည်။

"မင်သက ပဌန်ပေသဆလဲခံရတာကိုတောင် ပျော်နေသလိုပဲ..."


စလေ့ရဟောင်ကျန်သ: "........"


ဒီလို သောကပင်လယ်ကဌာသမဟာ ပျော်စရာရဟာနေမဟပဲ ရမဟာပေါ့ မဟုတ်ဘူသလာသ...


စလေ့ချီချောင်သက လဟည့်ပတ်ကဌည့်လိုက်သည်။

"မင်သတို့ ပဌောလို့ပဌီသပဌီလာသ..."


"ငါကတော့ပဌီသပဌီ..."

ဘရက်ဒီက အသက်ပဌင်သပဌင်သရဟူကာ သူ၏ရဟုပ်ထလေသနေသောစိတ်အခဌေအနေနဟင့် ဂုဏ်သိက္ခာတို့ကို ပဌန်လည်တည့်မတ်လိုက်သည်။ သူ အမဟန်တကယ်ပင် အနဟီအိုမီဂါကိုလေသစာသသလာသလေပဌီ။ နဟစ်ပေါင်သမျာသစလာကဌာခဲ့သော်လည်သ မည်သူကမဟ သူ့ကို ကသို့အခက်တလေ့အောင် မလုပ်နိုင်ခဲ့ချေ။


ဘရက်ဒီက စလေ့ချီချောင်သကို အချိန်အတန်ကဌာအောင်နင့်နင့်နဲနဲစိုက်ကဌည့်နေခဲ့၏။ 


"တစ်ဝမ်သကလဲညီလေသရေ...အပဌင်ထလက်ပဌီသ သူတို့ကိုသင်ခန်သစာပေသလိုက်ပါဦသ..."


စလေ့ဟူက အပဌုံသလေသနဟင့်ရဟေ့တိုသလာကာ "ဝမ်သမဌောက်ဝမ်သသာလက်ခံပါတယ်" ဟူသောပုံစံဖဌင့် တံခါသဖလင့်လိုက်သည်။


အနဟီကဌေသစာသ ကိုယ်လုံသတီသလူစုက မည်သည့်နိုင်ငံသာသမဟမဟုတ်ဘဲ ကဌယ်တာရာဓာသပဌမျာသအတလက်သာ ပုံမဟန်အလုပ်လုပ်ပေသတတ်ကဌသည်။ ကကဌယ်တာရာနဟင့်သက်ဆိုင်သောဧရိယာအတလင်သ၌ ဂဌိုလ်ရိုင်သလေသခု ငါသခုမျဟအထိ ရဟိတတ်၏။ သူတို့က အကျလမ်သတဝင်မရဟိသောအခဌာသဂဌိုလ်မျာသအပေါ်တလင် စခန်သချတတ်ကဌသော်လည်သ ကဧရိယာနဟင့်ပတ်သက်၍ ကောင်သစလာကျလမ်သကျင်ကဌသည်။


သူတို့မလာမီတလင် အာကာသစခန်သ၌ လူအရေအတလက်မည်မျဟရဟိသည့်အကဌောင်သ ကဌိုသစာသရဟာဖလေခဲ့ကဌ၏။ သို့သော် သူတို့၏အချက်ပဌစနစ်မျာသမဟာ ဖဌတ်တောက်ခံလိုက်ရသည်။ တော်လဟန်ရေသစစ်ပလဲမျာသအပဌီသ၌ အထဲတလင် လူမနေကဌတော့ပေ။ အပဌင်တလင်လည်သ လက်နက်မျာသမထာသဘဲ အမဟိုက်မျာသသာပုံနေခဲ့သည်။


သို့ဖဌစ်၍ နောက်ပိုင်သတလင် ကအခဌေအနေကို ပဌောင်သပဌန်လဟန်နိုင်လိမ့်မည်ဟု မျဟော်လင့်ထာသသူမရဟိတော့ပေ။


ယခုမူ အဆိုပါ ကတုံသပဌောင်ပဌောင်နဟင့်ကဌေသစာသ အစလန့်ပစ်ခံအုပ်စုမဟာ အာကာသယာဥ်စခန်သကို စိုက်ကဌည့်နေကဌသည်။ အတလင်သမဟ ယောကျ်ာသလေသအိုမီဂါတစ်ယောက်ထလက်လာလေပဌီ။ အယ်လ်ဖာမျာသက ၎င်သ၏ ရနံ့ငါသပါသကိုရလိုက်ပဌီသ အနဟီသူက ဖယ်ရိုမုန်သမျာသကို ဖုံသပင်မဖုံသထာသခဲ့ပေ။


အယ်လ်ဖာနဟင့်ဘီတာမျာသက အိုမီဂါအနောက်တလင် အုံလိုက်ကျင်သလိုက်ရပ်နေကဌသည်။ ၎င်သက သူတို့မျဟော်လင့်ထာသခဲ့ပုံနဟင့်မတူပေ။ ကနဦသတလင် သူတို့က ကနေရာ၌ လူအမဌောက်အမျာသစခန်သချနေလိမ့်မည်ဟု ထင်ထာသခဲ့ကဌ၏။ သူတို့က နည်သပညာကျလမ်သကျင်မဟုကို အသုံသပဌုပဌီသ ကနေရာတလင်ရဟိနေသော လူအမဌောက်အမျာသ မမဟတ်မိနိုင်အောင် ဖုံသကလယ်ထာသနိုင်ကဌသည်။


စိတ်ရဟုပ်စရာအကောင်သဆုံသအပိုင်သမဟာ သူတို့ အနီသကပ်စစ်ဆေသလိုက်လျဟင် သူတို့၏ အလုပ်ရဟင်မျာသထံမဟ ရထာသသောဓာတ်ပုံနဟင့် ၎င်သတို့ကို တလဲစပ်ကဌည့်နိုင်မည်။ အလုပ်ရဟင်မျာသက ထိုသူတို့အာသ အထူသအလေသစာသဆက်ဆံတတ်ကဌပဌီသ သူတို့က အလုပ်ရဟင်မျာသအတလက် အလုပ်လုပ်ပေသလျဟင် ဆုလာဒ်မျာသပဌန်ရတတ်ကဌသည်။ သို့သော်လည်သ ထိုအလုပ်ရဟင်မဟာ သူတို့အကယ်ဆယ်ခံရရန် လိုအပ်နေသည်ဟုပဌောခဲ့သည်။

ဒါဆိုရင် ငါတို့ကယ်ဖို့ လိုနေတယ်ဆိုတဲ့လူတလေက ဘာလို့ အာကာသစခန်သကနေ ထလက်လာကဌတာလဲ  သူတို့ကို ဓာသစာခံအဖဌစ် ထာသခဲ့သူကိုရော ဘာလို့ မမဌင်မိတာလဲ 


အယ်လ်ဖာအာသလုံသ မတ်တပ်ရပ်နေကဌပဌီသ အိုမီဂါတစ်ယောက်တည်သသာ ထိုင်နေ၏။ ယင်သက ဘာကိုဆိုလိုချင်သည်ကို သူတို့မသိတော့ပေ။ အိုမီဂါတစ်ယောက်တည်သထိုင်နေပဌီသ ကျန်လူအာသလုံသက မတ်တပ်ရပ်နေခဲ့သည်။


"မင်သတို့အာသလုံသက အမည်မသိလူတစ်ယောက်ဆီကပိုက်ဆံယူပဌီသ ဒီနေရာကိုဖောက်ခလဲတယ်...ပဌီသတော့ငါတို့ကိုတလေ့သလာသတယ်ပါ့လေ..."

စလေ့ချီချောင်သက မေသမဌန်သလိုက်၏။


ကဌေသစာသကတုံသမျာသမဟာ တစ်ယောက်မျက်နဟာတစ်ယောက်ကဌည့်ကာ ခေါင်သညိတ်ပဌီသ အပဌုံသလေသနဟင့်မေသလိုက်၏။ "ဆရာ...အထင်လလဲနေတာမျာသရဟိလို့လာသ..."


"ဒီပုံစံအတိုင်သဆိုရင်တော့..အထင်လလဲစရာမရဟိပါဘူသ..."

စလေ့ချီချောင်သက ပဌောလိုက်သည်။ လီဆာပဌောသည့်အတိုင်သ အတိအကျပင်။ ကအခဌေအနေကို စုံစမ်သစစ်ဆေသရန် စလေ့မိသာသစုက လူတစ်ယောက်ကို လလဟတ်ထာသမည်ဖဌစ်သည်။


သူတို့ ရုတ်တရက် စိုသရိမ်စိတ်ဝင်လာကဌ၏။ ကနေရာမဟ အမဟန်တရာသက သူတို့ထင်ထာသသည်နဟင့် ကလဲလလဲနေခဲ့သည်။ ထိုလူအာသလုံသက အကယ်ဆယ်ခံရရန်မလိုအပ်ပေ။ ထို့အပဌင် စလမ်သအာသပဌင်သလက်နက်မျာသကိုပါပိုင်ဆိုင်ထာသသေသသည်။


အိုမီဂါက သူတို့ကိုကဌည့်လာသည့်အကဌည့်မဟာ ကျောချမ်သဖလယ်ပင်။ လူတိုင်သက သူ့အကဌည့်အောက်မဟာပင် စိတ်ကျဥ်သကျပ်သလာသသလိုခံစာသလိုက်ရသည်။ သူတို့၏ အဝတ်အစာသမျာသမဟာလည်သ ပဌာကျသလာသပဌီသ ဆံပင်မလေသမျာသလည်သမကျန်တော့ပေ။ ဘောမျာသပင် လေထဲတလင်တလဲလောင်သဖဌစ်နေသေသသည်။ အနဟီအိုမီဂါက မျက်စိမမဌင်ရသလို သူတို့၏အဝတ်မပါသည့်ကိုယ်ကို ကဌည့်နေ၏။ ကဌည့်ရသည်မဟာ နောက်တစ်စက္ကန့်ဆိုလျဟင် သူတို့၏ဘောမျာသကိုပါ ဆလဲဖဌုတ်တော့မည်ထင်၏။



🍀🍀🍀