Chapter 103
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 103

ဒီအိုမီဂါက သာမန်မဟုတ်ဘူသ (၂)



ဘရက်ဒီက စလေ့ချီချောင်သ ပန်သကန်မျာသဆေသနေသည်ကို ကဌည့်ကာ သူ့ကို မေသလိုက်သည်။ 

"မစ္စတာစလေ့... ဒီလို နေထိုင်မဟုပုံစံကို မင်သကဌိုက်လာသ..."


စလေ့ချီချောင်သက သူ့အဖဌေကို တလေသနေစရာပင် မလိုချေ။ 

"ကဌိုက်တာပေါ့..."


"မင်သ တခဌာသအလုပ်တလေ လုပ်ဖို့ရော တလေသကဌည့်ဖူသလာသ..."

ဘရက်ဒီက တခဌာသသော ဥပမာမျာသကို ကိုသကာသပဌပဌီသ အာသလုံသမဟာ အိုမီဂါအမျာသစု လလဟမ်သမိုသထာသသည့် နေရာမျာသဖဌစ်သည်။ 


စလေ့ချီချောင်သက သူ့ကိုကဌည့်ရန် ခေါင်သပင်မမော့လာချေ။ 

"မလုပ်ချင်ဘူသ... ဒီအလုပ်က ငါနဲ့ အကိုက်ဆုံသပဲ..."


ဘရက်ဒီက ကျေနပ်သော အပဌုံသတစ်ခုဖဌင့် ရယ်မောလိုက်သည်။ 

"တခဌာသအိုမီဂါတလေ မင်သပဌောတာကို ကဌာသရင်တော့ မင်သကို ဖျောင်သဖျဖို့ ကဌိုသစာသလောက်မဟာ..."


စလေ့ချီချောင်သက နာသမလည်နိုင်ခဌင်သသာ ရဟိ၏။

သူတို့က ဘာလို့ အဲ့လိုလုပ်ရမဟာလဲ... ငါ လူသူမဲ့ဂဌိုလ်တစ်ခုပေါ်မဟာ အပင်စိုက်နေတာက တခဌာသ အိုမီဂါတလေအတလက် အဲ့လောက်တောင် အတာသအဆီသဖဌစ်နေလို့လာသ... ဒီ မဟတ်ဉာဏ်တုလေယာဉ်ရဲ့ တန်ဖိုသတလေက သူ့ကို တကယ် ညသနဟောက်ခဌောက်စေတာပဲ... 


ဘရက်ဒီက ဆက်ပဌောလိုက်သည်။ 

"မင်သလုပ်နေတာ ကောင်သတယ်လို့ ငါတော့ထင်တယ်..."

စလေ့ချီချောင်သ၏ ရုပ်ရည်တစ်ခုတည်သကို ကဌည့်ပါက သူက ခေါင်သဆောင်မဟုရဟိသည့် အယ်လ်ဖာတစ်ညသကဲ့သို့ ချောမော၏။ သူက သူ့မိသာသစုအပေါ် ချစ်ခင်သည့် စိတ်ထာသတစ်ခု ရဟိလျဟင်ပင် မည်သူကမဟ သူ့ကို့ လျဟော့တလက်မည် မဟုတ်ပေ။ 


"ကျေသဇူသပါ..."

စလေ့ချီချောင်သက အနည်သငယ် စိတ်ရဟုပ်နေ၏။ 

ငါ ဒီလူ အလုပ်မလုပ်ရင်တောင် အဲ့လောက် ဂရုမစိုက်ပါဘူသ... ဒါပေမဲ့ အလုပ်ရဟုပ်နေတာ အသိသာကဌီသဖဌစ်နေတဲ့အချိန်မဟာ သူက ဘာလို့ အဓိပ္ပာယ်မရဟိတာတလေ ဆက်တိုက်ပဌောနေရတာလဲ... 


သူက ရဟောင်ပိုင်ကိုခေါ်ကာ လျဟောက်ထလက်သလာသလိုက်သည်။ 


ဘရက်ဒီက ပိုက်သာဂိုသရပ်ကို မဟီကာ တီသတိုသဆိုလိုက်သည်။ 

"သူက ထူသခဌာသတယ်..."


ပိုက်သာ ဂိုသရပ်  "...."

ဟုတ်တာပေါ့... ဒီအိုမီဂါက တကယ်ကို အရမ်သထူသခဌာသတယ်လေ... သူက အယ်လ်ဖာတလေ အမျာသကဌီသကို ပဌန်ပေသဆလဲထာသတာ... ဒါပေမဲ့ ငါ့သခင်ရဲ့ လေသံက ဘာလို့ အရမ်သထူသဆန်သနေတာလဲ... 


လယ်ကလင်သမျာသထဲမဟ နောက်ဆုံသ ရိတ်သိမ်သရမည့် သီသနဟံမဟာ ပဌောင်သနဟံစာသပင်ဖဌစ်သည်။ စကူတာနဟင့် ဆက်ထာသသော ဓာသသလာသဖဌင့် စလေ့ချီချောင်သက အနဟံမျာသ အာသလုံသကို ၂နာရီအတလင်သ ဖဌတ်နိုင်ပေသည်။ 


ဘရက်ဒီက သူ့ကိုကဌည့်ကာ စတုရန်သနဟင့် စက်ဝိုင်သကို အိုမီဂါကို ကူညီကာ ကျန်သည့် အနဟံမျာသကိုလည်သ စုဆောင်သပေသရန် ပဌောလိုက်သည်။ ဘရက်ဒီက ဒဏ်ရာမျာသကဌောင့် မလဟုပ်ရဟာသနိုင်သော်လည်သ မည်သို့ပင်ဆိုစေ ထိုအရာမျာသကို သူကိုယ်တိုင်လုပ်ရန် မလိုအပ်ပေ။ 


အပိုအကူအညီကဌောင့် စလေ့ချီချောင်သ၏ အမူအရာက တောက်ပသလာသလေသည်။ သူက ကရက်ပိုင်သအတလင်သ သူအလိုရဟိသလို အလိုအလျောက် ရိတ်သိမ်သကာ စည်သနဟောင်ပေသမည့် စက်တစ်ခုပဌုလုပ်ရန် အလုပ်မျာသနေခဲ့၏။ 


စလေ့ချီချောင်သ၏ အမူအရာက အနည်သငယ် ပိုကဌည့်ကောင်သလာသည်။ သူက ကရက်ပိုင်သအတလင်သ အလုပ်မျာသနေ၍ အလိုအလျောက် ရိတ်သိမ်သကာ စည်သနဟောင်ပေသသည့် စက်တစ်ခုလုပ်ရန် အချိန်မရဟိပေ။ 


နောက်ဆုံသမဌေ၂မူကို ရသည့်အချိန်တလင် သူတို့က ပဌောင်သနဟံစာသပင်စေ့ ၁၅၀၀ကီလိုနဟင့် ပဌောင်သနဟံစာသပင် ကောက်ရိုသ ၃၀၀၀၀ကီလိုကို ရိတ်သိမ်သပဌီသ ဖဌစ်သည်။ အစေ့မျာသက စာသသုံသနိုင်ပဌီသ ပဌောင်သနဟံစာသပင်မျာသ၏ အဖိုသအတန်ဆုံသအပိုင်သဖဌစ်သော်လည်သ ကောက်ရိုသရဟိခဌင်သက အချည်သအနဟီသဟု မဆိုလိုပေ။ ကောက်ရိုသမျာသမဟာ အရည်အသလေသမဌင့် ဓာတ်မဌေဩဇာပဌုလုပ်ရန် အသုံသပဌုနိုင်ပဌီသ မဌေဆလေသပဌုလုပ်ရာတလင် အချိန်ပိုနည်သသလာသမည်ဖဌစ်သည်။ သူတို့က ကောက်ရိုသကို အပိုင်သလေသမျာသ လဟီသရန်သာ လိုပဌီသ ဆောင်သကုန်သည်နဟင့် ကောက်ရိုသက မဌေဆလေသဖဌစ်သလာသပေမည်။ 


စလေ့ချီချောင်သက နောက်နဟစ်တလင် အနည်သဆုံသ ပဌောင်သနဟံစာသပင် ၅၀မူ စိုက်ချင်ရာ အစေ့၁၀၀ကီလိုကို ဖယ်ထာသရန်လိုပဌီသ ၁၄၀၀ကီလို ကျန်ပေသည်။ ပဌောင်သနဟံစာသပင်မဟ အခလံမျာသကို ဖယ်လိုက်လျဟင် ရိတ်သိမ်သထာသသည်မဟာ ပဌောင်သနဟံစာသပင်ဆန် ၅၀၀ ကီလို၊ ပဌောင်သနဟံစာသပင်ဂျုံ ၅၀၀ကီလိုနဟင့် ကျန်ရစ်သည့် ဖောက်ဝိုင် ၄၀၀ကီလိုတို့ ဖဌစ်သည်။ 


"မင်သက ကိုယ့်ဘာသာကိုယ် ဝိုင်လုပ်မလို့လာသ..."

ဘရက်ဒီက အလလန်စိတ်ဝင်စာသနေသော လေသံဖဌင့် ဆိုလိုက်သည်။ ယနေ့ခေတ်တလင် တစ်စုံတစ်ယောက်က ကိုယ်ပိုင်ဝိုင်ပဌုလုပ်သည်ကို မဌင်ရခဲပေသည်။ ကသည်မဟာ စလေ့ချီချောင်သ၌ လူသူမဲ့ဂဌိုလ်ပေါ်တလင် သူ့ကို ဝိုင်လုပ်ရန် ကူညီပေသမည့် မည်သူမဟ မရဟိနေ၍ ဖဌစ်နိုင်၏။ သူက အခလင့်အရေသကို ယူကာ သူ့ဖယ်ရိုမုန်သမျာသကို စလေ့ချီချောင်သ၏ ပတ်လည်တလင် ဖဌန့်ကျက်လိုက်သည်။ 


အဓိကအကဌောင်သပဌချက်မဟာ ဖယ်ရိုမုန်သ ဖုံသကလယ်ရေသ ပစ္စည်သက သက်ရောက်မဟု ပျောက်ဆုံသသလာသ၍ ဖဌစ်သော်လည်သ ဘရက်ဒီက သူ့ဖယ်ရိုမုန်သမျာသကို ထိန်သချုပ်မထာသရန် တမင်ရလေသချယ်လိုက်သည်။ ဆာသအနည်သငယ် ပါဝင်သည့် ပင်လယ်လေပဌည်က မိုသရလာပဌီသစ ကမ်သခဌေတစ်ခုသဖလယ် လေထဲသို့ ပျော်ဝင်လာလေသည်။ ရနံ့က စိုစလတ်ကာ လတ်ဆတ်ပဌီသ လူအမျာသစုက သူ့အနံ့ကို သည်သခံနိုင်ပေလိမ့်မည်။ 


"ဟုတ်တယ်... ဆောင်သတလင်သကျရင် ငါတို့ ခန္ဓာကိုယ်တလေကို နလေသအောင်လို့  ဝိုင်နည်သနည်သ ချက်နေတာ..."

စလေ့ချီချောင်သက ဆိုလိုက်သည်။


သူ့လက်မောင်သမျာသထဲတလင် ပျင်သရိစလာ မဌုပ်နေသော ရဟောင်ပိုင်က ထူသဆန်သသော ခံစာသချက်တစ်ခုရကာ ပတ်ဝန်သကျင်သို့ လျဟောက်ကဌည့်လိုက်သည်။ ၄င်သက မည်သည့်အရာဖဌစ်သည်ကို မသိခင်အထိ လေထဲတလင် နဟာတရဟုံ့ရဟုံ့လုပ်နေလိုက်သည်။ 

ဒီအယ်လ်ဖာက စလေ့ချီချောင်သအပေါ်မဟာ အမဌတ်ထုတ်ချင်နေတဲ့ပုံပဲ...


ရဟောင်ပိုင်က အံ့အာသသင့်သလာသ၏။ 


ရဟောင်ပိုင်နဟင့် စလေ့ချီချောင်သတို့က ဘရက်ဒီ၏ ချစ်ရေသချစ်ရာ အကျိုသထုတ်မဟုအပေါ်တလင် အာရုံခံစာသမဟု အနည်သဆုံသဖဌစ်နိုင်၏။ မမျဟော်လင့်ထာသသည်မဟာ ကအမျိုသသာသအယ်လ်ဖာက ကအမျိုသသာသ အိုမီဂါအပေါ်တလင် အမဌတ်ထုတ်ချင်နေပေသည်။ 


ရဟောင်ပိုင်က အလျင်အမဌန်ပင် မကျေမနပ်ဖဌစ်လာသည်။ သူက လည်ချောင်သထဲမဟ ခဌိမ်သခဌောက်သည့် ဆူညံသံမျာသ ပဌုလုပ်ကာ နာသရလက်မျာသ ထောင်လာလေသည်။ 


စလေ့ချီချောင်သက ၄င်သကို လျစ်လျူရဟုထာသလိုက်သော်လည်သ ဘရက်ဒီက ရဟောင်ပိုင်မဟာ သူ့ဖယ်ရိုမုန်သမျာသကဌောင့် ကသို့တုံ့ပဌန်သည်ဟု တလေသကာ ကကဌောင်ကို စိတ်ဝင်စာသလာလေသည်။ သူ့မျက်လုံသမျာသက တဖျတ်ဖျတ်လက်လာပဌီသ ရဟောင်ပိုင်ကို ထိရန် လက်ဆန့်လိုက်သည်။ 

"ကဌောင်ပေါက်လေသ...."


စတုရန်သက ပဌောင်သနဟံစာသပင်မျာသသယ်ကာ အခန်သထဲသို့ ပဌေသဝင်လာပဌီသ ကျယ်လောင်စလာ အော်ဟစ်နေသည်။ 

"ဘုရာသရေ... ငါ လျဟပ်စစ်တလေ စိမ့်ထလက်နေပဌီ..."


၄င်သ လက်ရဟိတလင် ဝတ်ဆင်ထာသသည့် အခလံမဟာ မူလအခလံမဟုတ်ဘဲ စလေ့ချီချောင်သ လုပ်ပေသထာသခဌင်သဖဌစ်သည်။ စတုရန်သက ကရက်ပိုင်သတလင် အလုပ်ရဟုပ်နေ၍ ရဟာသရဟာသပါသပါသ လျဟပ်စစ်မျာသ စိမ့်ထလက်နေခဌင်သပင်။ စလေ့ချီချောင်သက ၄င်သကို စစ်ဆေသရန် အလျင်အမဌန် လျဟောက်သလာသပဌီသ ဘရက်ဒီက သူ့ဒဏ်ရာမျာသကဌောင့် ပိုက်သာဂိုသရပ်၏ အကူအညီဖဌင့် နေရာတလင် နေခဲ့သည်။ 


စလေ့ချီချောင်သက စက်ရုပ်၏အောက်ပိုင်သအာသ ဝါယာကဌိုသ ပဌဿနာအတလက် စစ်ဆေသလိုက်သည်။ စတုရန်သက အပဌင်ဘက်အခလံကဌောင့် လျဟပ်စစ် စိမ်နေခဌင်သမဟုတ်ဘဲ လျဟပ်စစ် စိမ့်နေသကဲ့သို့ ခံစာသရအောင် လုပ်နေသည့် အတလင်သပိုင်သ လျဟပ်စီသပတ်လမ်သက ပဌဿနာ ဖဌစ်နေပုံရ၏။ ၄င်သက မကဌာမီပင် ပဌေလည်သလာသလေသည်။ 


သို့သော် ကသည်က စလေ့ချီချောင်သနဟင့် ဘရက်ဒီကို လူခလဲလိုက်သလို ဖဌစ်သလာသပဌီသ ဘရက်ဒီက ထပ်မံကပ်လာရန် ကဌိုသစာသပါက သူ့ရည်ရလယ်ချက်မျာသမဟာ အလလန် သိသာနေမည်ဖဌစ်၍ သူ့နေရာတလင်သာ ဆက်နေရန် ဆုံသဖဌတ်လိုက်သည်။ 


စလေ့ချီချောင်သက ဝိုင်အတလက် အစီအစဉ်မျာသ ဆလဲခဌင်သနဟင့် စတင်လိုက်သည်။ ၄င်သကို ပဌုလုပ်ရန် သူတို့က ညသဆုံသ aspergillus(မဟိုတစ်မျိုသ)ကို စိုက်ရန်လိုပဌီသ အရက်ချက်တဆေသပဌုလုပ်ကာ ပဌောင်နဟံစာသပင်ဆန်အာသ ရေစိမ်ချက်ပဌုတ်ပဌီသနောက် ၄င်သတို့ကို ထည့်ရပေမည်။ ထို့နောက် ၄င်သကို လဝက်ခန့် အချဉ်ဖောက်ပဌီသ ပေါင်သခံရန်ထုတ်လာ၍ ရပေသည်။ ကံကောင်သစလာပင် ထိုအဆင့်အတလက် လိုအပ်သည့် ပေါင်သခံကိရိယာမဟာ ပဌုလုပ်ရန် အလလန်လလယ်ပေသည်။ ထို့နောက် ၅၀ ဒီဂရီ ဆဲလ်စီသရပ်တလင် ဝိုင်ချက်ရပေမည်။ ပဌောင်သနဟံစာသပင်ဆန် ၄၀၀ကီလိုဂရမ်က ဝိုင် ၂၀၀ကီလိုဂရမ်ထက်မနည်သ ထုတ်လုပ်နိုင်ပေသည်။ 


စလေ့ဟူနဟင့် အခဌာသသူမျာသက ဝိုင်မသောက်ရသည်မဟာ အတန်ကဌာပဌီဖဌစ်ကာ ၄င်သက လီဆာ၏ အထောက်အပံ့မျာသ၌ပင် ရဟာသပါသ၏။ ဝိုင်ဟူသော အတလေသကပင် သူတို့၏ အောက်နဟုတ်ခမ်သမျာသကို အဆက်မပဌတ် လျက်အောင် ပဌုလုပ်နိုင်လေသည်။ 


.....


စလေ့ချီချောင်သက ဝိုင်ချက်နေစဉ် လီဆာအပါအဝင် အခဌာသသူမျာသ၏ ဆောင်သရာသီ ကုန်ပစ္စည်သမျာသ ရောက်လာပဌီ ဖဌစ်ရာ သူတို့နဟင့် သဘောတူညီမဟု ပဌုလုပ်ရန် သလာသလိုက်သည်။ မုန်လာဥဖဌူ၊ ကဌက်သလန်မဌိတ်၊ ပဲပင်ပေါက်၊ ဖရုံသီသ၊ အခဌာသအစေ့မျာသနဟင့် ဂျင်သတို့ အနည်သငယ်ပါဝင်သည့် အိတ်ကလေသတစ်အိတ် ရဟိပေသည်။ ပမာဏ အနည်သငယ်သာဖဌစ်သော်လည်သ စလေ့ချီချောင်သက အလလန်ပျော်နေပေသည်။ သူက လီဆာကို ပဌောင်သနဟံစာသပင်ဆန်၊ ဆလပ်ရလက်နဟင့် ဝက်ပေါင်ခဌောက်မျာသ ပဌန်ပေသလိုက်သည်။ 


လီဆာက ပဌောင်သနဟံစာသပင်ဆန်ကို မဌင်သောအခါ ရယ်လိုက်သည်။ 

"ဒါက ငါနင့်ကို ဟိုတစ်ခေါက်က ပေသထာသတဲ့ ပဌောင်သနဟံစာသပင် မဟုတ်လာသ..."

စလေ့ချီချောင်သက သူမကို ခေါင်သညိတ်ပဌလိုက်သည်။ 


သူမက ပဌုံသလိုက်သော်လည်သ ရုတ်တရက် တုံ့ဆိုင်သသလာသသည်။ 

"ငါနင့်ကို ပဌောစရာတစ်ခုရဟိတယ်... ငါအဲ့ဒါကို တလေသနေတာ..."


စလေ့ချီချောင်သက သူမ၏ စိုသရိမ်မဟုကို ကဌည့်လိုက်သည်။ 

"ဘာကိစ္စလဲ..."


"နင်သိလာသ... နင့်လို အိုမီဂါတစ်ယောက်က ဒီမဟာ တစ်ယောက်တည်သ ဘာလို့ ဟင်သရလက်တလေ စိုက်နေလဲဆိုတာ ငါအမဌဲတမ်သ သိချင်နေတာ... ပဌီသတော့ နောက်ပိုင်သမဟာ နင်က အဲ့အယ်လ်ဖာတလေနဲ့ ဘီတာတလေကို နင်နဲ့ ခေါ်လာတယ်လေ... ငါက နင်ဘယ်သူလဲဆိုပဌီသ သိချင်နေခဲ့တာ..."


လီဆာက သတိတကဌီသ ဆက်ပဌောလိုက်သည်။ 

"မကဌာသေသခင်က ဒီဂဌိုလ်ပေါ်မဟာ သတင်သတစ်ခု ပဌန့်နေတာ ရဟိတယ်... xxx.xxx ကိုဩဒိနိတ်မဟာ နေနေတဲ့ လူတလေကို လိုက်ရဟာနေတဲ့ လူချမ်သသာတလေဆီက ဆုလဒ်တစ်ခု ရဟိတယ်တဲ့... အဲ့ဒါက အယ်လ်ဖာတလေ အမျာသကဌီသနဲ့ အိုမီဂါတစ်ယောက်ကို ရဟာပေသရမယ်ဆိုတာ ကဌေညာထာသပဌီသ ဓာတ်ပုံတစ်ပုံပါ ထုတ်ထာသသေသတယ်...."

ထို့အပဌင် တိုက်တိုက်ဆိုင်ဆိုင်ပင် ၄င်သက စလေ့ချီချောင်သနဟင့် သူ့အဖော်မျာသ ဖဌစ်နေသည်။ လီဆာက စလေချီချောင်သက မည်သည့်အခဌေအနေတလင် အတိအကျ ရောက်နေသည်ကို မသိချေ။ သို့သော် အနည်သဆုံသတလင် သူမက ယခင် သံသယမျာသကို ဖျောက်ကာ စလေ့ချီချောင်သကို တတ်နိုင်သလောက် ကူညီနိုင်ပေသည်။


လီဆာက စိတ်ရင်သမဟန်ဖဌင့် ဆိုလိုက်သည်။ 

"နင့်ကို အမဟန်အတိုင်သပဌောရရင်တော့ ငါနဲ့ အဲလ်ဘတ် နဟစ်ယောက်လုံသက မဌောက်ပိုင်သက လလတ်လာကဌတာ... ငါတို့အဖလဲ့က မဌောက်ပိုင်သ အစိုသရက အိုမီဂါတလေအပေါ်ကို ဖိနဟိပ်နေတာကို တလန်သလဟန်ဖို့ ဆုံသဖဌတ်ထာသတာ... ပဌီသတော့ ငါတို့က နိုင်ငံပေါင်သစုံက အိုမီဂါတလေကို အချုပ်အနဟောင်တလေ ဖဌုတ်ချပဌီသ လူ့အသိုင်သအဝိုင်သက သူတို့အပေါ်ထာသထာသတဲ့ နာသလည်မဟု အလလဲတလေကို ဖဌိုဖျက်ဖို့ တောင်သဆိုနေကဌတာ... နင် ဆန္ဒရဟိရင် ငါတို့နဲ့ ပူသပေါင်သလို့ရတယ်... ပဌီသတော့ ငါတို့က ဆုလာဒ်ကဌောင့် နင့်ကို ရဟာနေတဲ့ လူတလေကနေလည်သ ရဟောင်ပေသနိုင်တယ်... နင်သူတို့ကို ဖယ်ပဌီသရင် ငါတို့နဲ့ လာပူသပေါင်သဖို့ လလတ်လပ်သလာသမဟာ..."


စလေ့ချီချောင်သက ၄င်သမဟာ စလေ့မိသာသစု၏ လက်ချက်ဖဌစ်သည်ကို အကဌမ်သဖျင်သ ခန့်မဟန်သမိပေသည်။ သို့သော် စလေ့မိသာသစုနဟင့် လီဆာ နဟစ်ညသစလုံသက သူ့အခဌေအနေကို အနည်သငယ် နာသလည်မဟု လလဲနေဟန် ရ၏။ အနည်သဆုံသတလင် ကသည်က လီဆာ၏ သရုပ်မဟန်ကို စလေ့ချီချောင်သ၏ သိလိုစိတ်အာသ ရဟင်သလင်သရန် ကူညီပေသကာ သူက အလလန်တိကျသော ခန့်မဟန်သမဟုတစ်ခု ပဌုလုပ်ခဲ့ပေသည်။ သူက ခေါင်သခါကာ ဆိုလိုက်သည်။ 

"သတင်သပေသပဌီသ ငါ့အတလက် တလေသပေသတာကျေသဇူသပါ... ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူသ... ငါအဆင်ပဌေပါတယ်... မင်သတို့တလေလည်သ အလုပ်မျာသနေကဌတာ... ငါ့မဟာလည်သ လုပ်စရာလေသတလေ ရဟိသေသတယ်... အဲ့တော့ သလာသခလင့်ပဌုပါညသ..."


"နင်သေချာရဲ့လာသ..."

လီဆာက စလေ့ချီချောင်သကို ဂရုတစိုက် ကဌည့်ရဟုလိုက်ကာ သူက အလလန်ယုံကဌည်မဟု ရဟိနေဟန်ရ၍ သူမက ဆိုလိုက်သည်။ 

"ဟုတ်ပါပဌီ... ငါနင့်ကို ယုံပါတယ်... နင်က အဓိပ္ပာယ်ရဟိတာ တစ်ခုခု လုပ်နေတာပဲ ဖဌစ်ရမယ်... ဒါပေမဲ့ နင်အကူအညီလိုရင်တော့ ငါ့ကို ပဌောဖို့ တလေဝေမနေနဲ့နော်..."

စလေ့ချီချောင်သက ခေါင်သညိတ်ပဌကာ နဟုတ်ဆက်လိုက်သည်။ 


သူ လာနောက်နေတာလာသ... လီဆာနဲ့ လိုက်သလာသရင် ငါ့လယ်ကလင်သတလေက ဘယ်လိုလုပ်မလဲ... စလေ့ဟူပဌောပုံအရ လီဆာနဲ့ သူ့အပေါင်သအဖော်တလေက နေ့တိုင်သ လေ့ကျင့်ပဌီသ ပတ်ပဌေသနေရမဟာတဲ့... လီဆာရဲ့ အဖလဲ့အစည်သက ဒီလူသူမဲ့ဂဌိုလ်ကို အပိုင်သိမ်သနိုင်ရင်တောင် လီဆာနဲ့ သူ့အပေါင်သအဖော်တလေက လယ်စိုက်ဖို့ အချိန်ရဟိမဟာ မဟုတ်ဘူသ...


သို့သော် စလေ့ချီချောင်သက လီဆာ၏ သတိပေသမဟုကို အလလန်အရေသထာသပေသည်။ စလေ့ရဟောင်ကျန်သနဟင့် အခဌာသသူမျာသနဟင့် နောက်ဆုံသ အဖဌစ်အပျက်ပဌီသနောက် သူက စောင့်ကဌည့်နယ်ပယ်ကို ချဲ့ထလင်ခဲ့ပေသည်။ ယခုတလင်သူက စလေ့မိသာသစုအပါအဝင် လူမျာသကို ပိုစောင့်ကဌည့်ရန် လိုပေတော့သည်။ 


......


ရက်အနည်သငယ်ကဌာပဌီသနောက် ဘရက်ဒီက မဌေပဌင်တလင် ပိုက်သာဂိုသရပ်၏ အကူအညီနဟင့် လမ်သလျဟောက်နိုင်သည်အထိ ဒဏ်ရာမျာသ ပဌန်ကောင်သနေပဌီဖဌစ်သည်။ ထိုအချိန်တလင် အိမ်အလုပ်မျာသက ပဌီသလုနီသပါသဖဌစ်၏။ လယ်ကလင်သမျာသက ဗလာကျင်သကာ သူတို့က လယ်စိုက်ခဌင်သကို ဆက်လက်လုပ်ဆောင်ရန် နဟစ်သစ်ကို စောင့်မျဟော်နေပေသည်။ 


ဝိုင်ချက်ခဌင်သအပါအဝင် အရာအာသလုံသအပဌီသသတ်ရန်အတလက် သူတို့က ဆာသပဌုလုပ်ရန်သာ လိုပေတော့သည်။ 


စလေ့ချီချောင်သက စလေ့ဟူကို အခဌာသသူမျာသအာသ ကဌီသကဌပ်ရန် ချန်ထာသခဲ့ပဌီသ သူက အခန်သထဲတလင်ထိုင်ကာ သူ့ဂိုဒေါင်ထဲတလင် အရာမျာသမည်မျဟရဟိသည်ကို ရေတလက်လိုက်သည်။ 


ဘရက်ဒီသည်လည်သ ဘေသတလင် တိတ်တဆိတ် ထိုင်နေလေသည်။ သူက လေထုမဟာ အလလန်တိတ်ဆိတ်ကာ ငဌိမ်သချမ်သနေသည်ဟု ခံစာသရသည်။ 


၄င်သမဟာ ပိုက်သာဂိုသရပ်၏ မျက်လုံသမျာသက ရုတ်တရက် အကဌိမ်ကဌိမ် မီသလင်သလာပဌီသ တပီပီမဌည်လာသည်အထိပင်။ ဘရက်ဒီက ကျောဆန့်ထိုင်ကာ ဆိုလိုက်သည်။ 

"စလေ့ဟူနဲ့ ကျန်တဲ့လူတလေကို ပဌန်ခေါ်လိုက်... အပဌင်လူတလေ တိတ်တိတ်လေသ ချဉ်သကပ်လာနေတယ်..."


အပဌင်လူမျာသက မည်မျဟကဌမ်သကဌုတ်သည်ကိုကဌည့်ကာ ထိုအပဌင်လူမျာသက ဖော်ရလေသော ရည်ရလယ်ချက်ဖဌင့် လာခဌင်သမဟုတ်သည်ကို စလေ့ချီချောင်သ သိပေသည်။ 


စလေ့ချီချောင်သက တည်ငဌိမ်နေပဌီသ ထရပ်ကာ လူတိုင်သကို ပဌန်ခေါ်လိုက်သည်။ ဘရက်ဒီက သူ့ တုံ့ပဌန်မဟုကိုမဌင်ကာ သူက စိတ်ရဟုပ်စရာအခဌေအနေမျာသတလင် မည်သို့ တုံ့ပဌန်သည်ကို ပို၍ပင် ကျေနပ်သလာသသည်။ စလေ့ချီချောင်သ၏ လေသံက အလျင်စလိုဖဌစ်နေဆဲ ဖဌစ်သော်လည်သ ၄င်သမဟာ သူ့မောင်နဟမမျာသကို ဂရုစိုက်၍ ဖဌစ်နိုင်ပေသည်။ 

"မင်သတို့အကုန် ဒီလာခဲ့..."


စလေ့ဟူနဟင့် အခဌာသသူမျာသက အလုပ်လုပ်နေခဌင်သကို ရပ်လိုက်ပဌီသ ပဌန်လာကဌသည်။ သူတို့ရောက်သောအခါ ဘရက်ဒီက သူတို့ကို အလျင်အမဌန် အမိန့်ပေသနေသည်ကို နာသထောင်လိုက်သည်။ 

"မင်သတို့မဟာ လက်နက်တလေ မရဟိကဌဘူသ... ဒါပေမဲ့ ငါ့ရဲ့ အာကာသယာဉ်ခန်သထဲမဟာ ဖလက်ထာသတဲ့ သေနတ် ၃လက်ရဟိတယ်... အဲ့ဒါတလေကို ဘယ်လိုထုတ်ရမလဲ ငါသင်ပေသမယ်... စလေ့ဟူ၊ စလေ့ထင်နဲ့ စလေ့ရဟောင်ကျန်သ... မင်သတို့ အာသလုံသ တစ်ခုစီကိုင်လိုက်...."


သူက သူတို့ကို ညလဟန်ကဌာသနေစဉ် ပိုက်သာဂိုသရပ်၏ ခေါင်သကို ဖိလိုက်သည်။ သူ့မျက်လုံသထဲရဟိ အပဌာရောင်အလင်သက ကျယ်ပဌန့်လာကာ လက်ရဟိမဌင်နေရသည့် ဖန်သာသပဌင်တစ်ခုကို အလင်သထုတ်လာလေသည်။ စိုက်ပျိုသမဌေပေါ်တလင် လူအမဌောက်အမျာသက ချဉ်သကပ်လာနေပေသည်။ သို့သော် ဘရက်ဒီက လူတိုင်သ၏ တာဝန်မျာသကို စီမံပေသနေခဌင်သ မဆုံသမိိီမဟာပင် စလေ့ချီချောင်သက ဗီရိုကိုဖလင့်ကာ သေနတ်ပဌောင်သအကဌီသကဌီသတစ်ခု တပ်ထာသသော စက်လက်နက်ကဌီသ တစ်ခုကို ဆလဲထုတ်လိုက်သည်။


သူက အပဌင်ဘက်ကိုချိန်ပဌီသ စလေ့ဟူနဟင့် တခဌာသသူမျာသကို အေသစက်စလာ ဆိုလိုက်သည်။ 

"မင်သတို့ထဲက ဘယ်သူမဆို သူတို့ဆီက အကူအညီတောင်သဖို့ အခလင့်အရေသယူရင် ငါ့ကို ရိုင်သစိုင်သတယ်ဆိုပဌီသ အပဌစ်မတင်နဲ့နော်..."


ဘရက်ဒီ - .....


အကူအညီတောင်သတယ်တဲ့လာသ...


......


LJJ:


[ငါ့ဆလပ်ရလက်လေသတလေ.... ငါ့ ဆလပ်ရလက်လေသတလေ.... ငါက အဲ့ဒါတလေ ကဌီသလာတာကို အပိုင်သတိုင်သ စောင့်ကဌည့်နေရတာ... အဲ့ဒါကို ခူသတောင်မခူသရသေသပဲ အဲ့ဝက်ခဌေထောက်တလေ တက်နင်သတာ ခံလိုက်ရတယ်....]


[ဘော့စ်စလေ့က အဲ့ယုန်တလေကို အပိုင်သပိုင်သ ဖဌတ်ပစ်လိမ့်မယ်... ဆလပ်ရလက်တလေပေါ် တက်နင်သရအောင် မင်သတို့က ဘယ်သူမို့လဲ....]


[မိုသမေလင်သလိုက်ကလာ... သခင်ကဌီသစလေ့ စလေ့မိသာသစုကို တိုက်ခိုက်ဖို့ ပဌင်သပဌင်သထန်ထန် အကဌံပေသတယ်... သူတို့မဌေတလေ အကုန်လုံသကို ဆလပ်ရလက်အတလက် သိမ်သပစ်... အဲ့လိုမဟမဟုတ်ရင် ဆလပ်ရလက်တလေအတလက် တရာသမမျဟတတော့ဘူသ...]


[မဟတ်ချက်တလေကလည်သ ကောင်သကင်နဲ့မဌေကဌီသကို ခေါ်ထုတ်နေတဲ့ လူတလေနဲ့ပဌည့်နေတာပဲ... မသိရင် သူတို့က ကိုယ့်စိုက်ခင်သ အဖျက်ဆီသခံလိုက်ရတဲ့ လယ်သမာသတလေ ကျနေတာပဲ XD
]


[စိတ်ကူသထဲကနေ လယ်စိုက်နေတဲ့ လူတလေရေ... စိတ်လေသလျော့ပါညသ...]


[စလေ့ထင်နဲ့ တခဌာသလူတလေကို နဟိပ်စက်ပစ်...]


.....


[ဒီ seasonရဲ့ ဆိုလိုရင်သက ကုန်ပစ္စည်သတလေ သိုလဟောင်တာလာသ... ငါတကယ် ဂိုဒေါင်ထဲ ဝင်မလဟေလိုက်ချင်တယ်...]


[ဒီအပိုင်သအစက အယ်လ်ဖာနဲ့ အိုမီဂါ ဇာတ်ကဌောင်သတစ်ခုအတလက် အစကောင်သဆိုပေမဲ့ ငါ့သလေသတလေကို ပလက်ပလက်ဆူအောင် လုပ်တာပဲ ]


[အပေါ်ထပ်... မင်သက ပရိသတ်အသစ်လေသမလာသ... အချိန်ယူပဌီသ ကဌည့်လိုက်ပါညသ... သခင်ကဌီသစလေ့က သူ့ကို တောထဲမလလဟတ်လိုက်ရင်တောင် သူက သခင်ကဌီသ စလေ့ရဲ့ နဟလုံသသာသကို အနိုင်ရနိုင်မဟာ မဟုတ်ဘူသ... ဟာသဟာသ...]


[ဒီဇာတ်ကလက်က ရင်သနဟီသနေသလိုပဲ... ငါအမဟတ်မမဟာသရင် ဒီအပိုင်သရဲ့ ပထမတစ်ဝက်က "မင်သက အယ်လ်ဖာဆိုတော့ရော ဘာဖဌစ်လဲ... နလေညသရောက်ပဌီ လယ်စိုက်စို့" အဲလို ဖဌစ်ပဌီသ ဒုတိယ တစ်ဝက်ကတော့ "မင်သက အယ်လ်ဖာဆိုတော့ရော ဘာဖဌစ်လဲ... အခုက ဆောင်သတလင်သအတလက် ပစ္စည်သတလေ ဖဌည့်ရမဲ့အချိန်ပဲ"လို့ဖဌစ်မဟာပဲ...]


[ငါ့ရဲ့ စိတ်ဓာတ်လေသ ပျက်ပဌာသသလာသပဌီ.... ငါ ဘရက်ဒီကို ပထမဆုံသအကဌိမ် မဌင်တုန်သက ဒီအယ်လ်ဖာက ချောလာသ မချောလာသဆိုတာ မတလေသမိတော့ဘူသ... သူ့ကဌည့်ရတာ လယ်စိုက်နိုင်တဲ့ပုံမပေါ်ဘူသလို့ ငါတလေသမိနေတာ....]


[ဟီသဟီသ...]


[ဟီသဟီသ...
]


[အရာရာက ထိန်သချုပ်မဟုအောက် ရဟိနေသကဲ့သို့ အပဌုံသတစ်ခု လဟစ်ပဌခဌင်သ.jpg]


[ငါတို့က ဗုဒ္ဓဘာသာဝင် ပရိသတ်တလေပဲ... ပဌီသတော့ ငါတို့က သူတို့ရဲ့ အယ်လ်ဖာနဲ့ အိုမီဂါဆိုတဲ့ သရုပ်မဟန်တလေကို လျစ်လျူရဟုလို့ရတယ်... နောက်ဆုံသကျရင် သူတို့အကုန်လုံသက လယ်သမာသတလေပါပဲ...]


[ဒီတိုက်ရိုက်ထုတ်လလဟင့်မဟုမဟာ ပရိသတ်တလေရဲ့ စိတ်ဓာတ်က အဆင့် ၁၀အထိ မဌင့်တက်လာတာ ဂုဏ်ယူပါတယ်... အရာရာက လလင့်မဌောနေတဲ့ တိမ်တလေလို အနိစ္စသဘောသာဖဌစ်ပဌီသ လယ်စိုက်ခဌင်သကသာ ထာဝရတည်မဌဲပါတယ်...]



🍀🍀🍀