အပိုင်း ၁၉၈ (ဇာတ်သိမ်းပိုင်း)
Viewers 16k

Chapter 198 (ဇာတ်သိမ်းပိုင်း)

ကိုယ်ပိုင်အချိန်လိုတယ်လို့


သို့မဟုတ် ယောင်စစ်တစ်ယောက် လွန်ခဲ့သည့်ရက်များအတွင်း အိပ်မက်တစ်ခုကိုထပ်ကာထပ်ကာ မက်နေခဲ့သည်။


အဆုံးမဲ့သောညနက်၌ အထီးကျန်ကာ အေးစက်နေသော ကြယ်များက ကောင်းကင်တစ်ခွင်ပြည့်နှက်နေသည်။

"ကျွန်မခေါင်းထဲက အသံတစ်သံကပြောတယ် ကိုယ်မင်းကိုစောင့်နေတယ်တဲ့...."


ယောင်စစ် ခပ်ငေးငေးလေးဖြစ်သွားသည်။ ထိုအိပ်မက်က အစစ်အမှန်နှင့် လုံးဝဆင်နေကာ သူမကိုယ်တိုင် ထိုအိပ်မက်ထဲတွင် နေထိုင်ခဲ့ပြီး အရာအားလုံးကို ကြုံနေခဲ့ရဟန်ဖြစ်နေသည်။ သူမတစ်ယောက်တည်း ကြယ်စုပေါင်းများစွာတွင် လှည့်လည်သွားလာရင်း အထီးကျန်လွန်းခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကြယ်များကြွေကျကာ ဂြိုလ်များစွာ ပျက်ဆီးသွားခဲ့သည်။ တစ်ချိန်လုံး သူမခေါင်းထဲမှ ထိုအသံက သူမကို အဆက်မပြတ်ပြောနေခဲ့သည်။

"အဲ့တာ ရှင့်အသံပဲ...."


မူရွှမ်၏ အကြည့်တို့နက်ရှိုင်းသွားကာ သူမကို စူးစိုက်ကြည့်ပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူခေါင်းငုံ့ကာ သူမကိုနောက်တစ်ခေါက်နမ်းရှိုက်လိုက်ပြီး သူမနှဖူးလေးကို ထိထားလိုက်သည်။


"မူရွှမ်... ရှင်က ကမ္ဘာဂြိုလ်သားမဟုတ်ဘူးလို့ အရင်တစ်ခေါက်က ပြောဖူးတယ်မလား...."

ထို့အပြင် အရင်တစ်ခေါက်က လင်းလုံက သူမကသာ မူရွှမ်ကို အသွင်ပြောင်းပေးခဲ့သူဟု ပြောခဲ့သော်လည်း မူရွှမ်က လက်မခံသလို ငြင်းလည်းမငြင်းဆိုပေ။

"ကျွန်မကတော့ ရှင့်ကို အသွင်ပြောင်းပေးခဲ့တယ်လို့ မထင်ဘူး... အသန်မာဆုံးတည်ရှိမှု နဲ့ ကျွန်မနှာဖူးပေါ်က သွေးစာချုပ်အမှတ်အသားက...."


သူမ နှဖူးကို ညွှန်ပြလိုက်သည်။

အကယ်၍မူရွှမ်က သူမထံမှအသွင်ပြောင်းပေးခံခဲ့ရတယ်ဆိုရင် သူက စာချုပ်ချုပ်ဆိုသူဖြစ်ရမယ်မဟုတ်လား... ဒါပေမဲ့ စာချုပ်အမှတ်အသားက သူမမှာရှိနေတယ်လေ....

"ဒီတော့ သွေးမျိုးသန့်တွေက..." အမှားလုပ်မိတာပဲနေမှာ...


"မဟုတ်ဘူး.... မင်းက သွေးမျိုးသန့်တွေရဲ့ တကယ့်ဘုရင်မ တစ်ပါးပဲ...."

မူရွှမ်ခေါင်းခါလိုက်ပြီး သူမပြောသည်ကို ငြင်းဆိုလိုက်သည်။


"ရှင်ဘာလို့ အဲ့လိုပြောတာလဲ...."


"ကိုယ်ဒါကို အကြာကြီးတွေးခဲ့ရတာ... အခုလေးမှ အတည်ပြုနိုင်ခဲ့တာ..."

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး အသံတိုးတိုးဖြင့် ရှင်းပြလာသည်။

"ယောင်ယောင်... မင်းကို ကိုယ့်ရဲ့ အစဉ်မကျတဲ့ မှတ်ဉာဏ်တွေအကြောင်းပြောပြဖူးတယ်မလား..."


"အင်း... မှတ်မိတယ်....."

၎င်းက သူမတို့ဆေးရုံတုန်းက အကြောင်းပြောစဉ်က ပြောခဲ့ဖူးသည့်အရာဖြစ်သည်။


"တကယ်တော့ မှတ်ဉာဏ်တွေက အစဉ်မကျဖြစ်နေတာမဟုတ်ဘူး... အဲ့ဒီ့အစား....."

သူ သူမခေါင်းလေးကို ပွတ်လိုက်သည်။

"ကိုယ့်မှာ မှတ်ဉာဏ်နှစ်မျိုးရှိနေခဲ့တာ...."


"နှစ်မျိုး... ဘယ်လိုလုပ်ပြီး မှတ်ဉာဏ်နှစ်မျိုးရှိရမှာလဲ... အခြားတစ်ခုက...."

သူမ တောင့်ခဲသွားပြီး တစ်ခုခုတွေးမိသွားသည်။

"အဲ့တာ ကျွန်မ မှတ်ဉာဏ်တွေလား..."


သူ ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ့်မှတ်ဉာဏ်ထဲကလူက ပထမဆုံးမွေးဖွားလာခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ပဲ... သူမရဲ့ ဆက်ခံသူကိုရှာဖို့ စကြဝဠာပေါင်းများစွာကို သွားခဲ့ပြီး အချိန်အကြာကြီးမှ အကြာကြီး ရှာခဲ့တာ...."


"သူမက ဂြိုလ်ပေါင်းများစွာကို ခရီးထွက်ခဲ့ပြီး... နောက်ဆုံး သူမရဲ့မှတ်ဉာဏ်ကို စည်းခတ်ပြီး ကမ္ဘာဂြိုလ်သားတစ်ယောက်ဖြစ်လာခဲ့တာပဲ.... အတိတ်တုန်းကတော့ ဒီမှတ်ဉာဏ်တွေက ကိုယ့်ဟာဟုတ်ပါ့မလားလို့ မသေချာပေမဲ့ အခုတော့ မင်းရဲ့မှတ်ဉာဏ်တွေမှန်း သေချာသွားခဲ့ပြီ....."


၎င်းက သူမ မမှတ်မိသော မှတ်ဉာဏ်များဖြစ်သည်။

အမ်.... အခုကြတော့ သူက လီကျန်းလို မှတ်ဉာဏ်တွေ အမွေခံထားတယ်လို့ ပြောချင်တာလား... သူမက တကယ်ပဲ သူ့ကိုအသွင်ပြောင်းပေးလိုက်တာလား...."


သူ့မျက်လုံးများ မှိန်ဖျော့သွားကာ သူမကို တင်းတင်းဖက်လိုက်သည်။

"ကိုယ်က ဒီကမ္ဘာမှာပထမဆုံးမွေးဖွားလာတဲ့ လူဆိုတော့... ကိုယ် ပထမဆုံးရုပ်နာမ်ဖြစ်ပေါ်လာကတည်းက လူတစ်ယောက်ကို စောင့်နေခဲ့တာမှန်းသိနေတယ်... ကိုယ်က ဘယ်သူလဲ သူမကဘယ်သူလဲ မသိပေမဲ့... ကိုယ်ဆက်စောင့်နေခဲ့တယ်..."


"အဲ့ဒီ့မှတ်ဉာဏ်တွေက အရောင်မဲ့နေပြီး မှုန်ဝါးပြီး မပြတ်မသားဖြစ်နေခဲ့သလို အသက်ဝင်မှုလည်းမရှိဘူး... သူတို့က အဆုံးမသတ်တဲ့ မှတ်ဉာဏ်စီးကြောင်းကြီးတစ်ခုပဲ...."


"ကိုယ် အချိန်အကြာကြီး အကြာကြီးစောင့်ခဲ့တယ်... ကိုယ်ခဏခဏ ဆောင်းခိုအိပ်စက်သွားဖြစ်တယ်... မျိးနွယ်တွေ မွေးဖွားလာတာ ပျက်သုဉ်းတာ ဂြိုလ်တွေအဆုံးသတ်တာက အစအကုန်လုံးကို ကြုံခဲ့ဖူးတယ်... ဒါပေမဲ့ ကိုယ် အပြာရောင်ဂြိုလ်ပေါ်က ဆေးရုံမှာ နိုးလာတဲ့ အကြိမ်မှာပဲ...."

သူတစ်သက်လုံးစောင့်နေခဲ့ရသည့် လူကိုရှာတွေ့ခဲ့သည်။ သူအသက်ရှင်နေရသည့် အကြောင်းအရင်းလေးကို ရှာတွေ့ခဲ့သည်။

"ယောင်ယောင်... မင်းရဲ့အိပ်မက်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့မှတ်ဉာဏ်တွေပဲ...."


“…”


"ကိုယ်က ဒီစကြဝဠာထဲမှာ ပထမဆုံးဖြစ်တည်လာတဲ့ သက်ရှိတစ်ယောက်ဖြစ်ပြီး ကိုယ်မင်းကိုစောင့်နေခဲ့တာ...."


"မူရွှမ်....."

ယောင်စစ် သူမနှလုံးသားလေး နာကျင်လာသည်ကို ခံစားမိလိုက်သည်။ သူမ သူ၏ဖက်တွယ်မှုထဲ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လိုက်သည်။ သူမ ကမ္ဘာဂြိုလ်သားဖြစ်ခဲ့သည့် အချိန်က မှတ်ဉာဏ်ကလွဲ၍ အခြားအရာများကို မမှတ်မိသဖြင့် သွေးမျိုးသန့်များ စကြဝဠာပေါင်းများစွာသွားလာရင်း သူတို့၏ စာချုပ်ချုပ်ဆိုသူများကို မည်သို့ ရှာဖွေရသည်ကို လုံးဝမသိပေ။


သို့သော် မူရွှမ်က သူ သူမကို ဤစကြဝဠာတွင် တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့ရသည့် မှတ်ဉာဏ်များကို မှတ်မိနေသည်။ သူမ၏ အိပ်မက်ထဲတွင် အေးစက်လှသည့် ကောင်းကင်ယံထဲတွင်  တစ်ယောက်တည်း အထီးကျန်စွာ ရပ်နေရသည့် သူ၏ပုံရိပ်ကို မြင်ရသဖြင့် သူမနှလုံးသားလေး စတင်အောင့်မျက်လာသည်။


"နေပါဦး... ရှင်က ဒီစကြဝဠာကြီးထဲမှာ ပထမဆုံးဖြစ်တည်လာတဲ့ သက်ရှိဆိုရင် ရှင့် မျိုးနွယ်စုကဘာလဲ...."

ဤကဲ့သို့ အသက်အရှည်ကြီး နေခွင့်ရှိသည့် မျိုးနွယ်စုကို သူမသိချင်မိသည်။ သွေးစုပ်ဖုတ်ကောင်များက မသေမျိုးဖြစ်ကြသော်လည်း သူတို့က အပြာရောင်ဂြိုလ်ဖြစ်တည်ပြီးမှ အသွင်ကူးပြောင်းခံရသူများဖြစ်ကြသည်။


"ကိုယ်လည်း သေချာမသိဘူး...."

မူရွှမ် ခေါင်းခါလိုက်သည်။

"ကိုယ်မျိုးနွယ်ထဲမှာ ကိုယ်တစ်ယောက်တည်းရှိတယ် ထင်တာပဲ...."


"အိုး...."

သူမ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်မတို့ရဲ့ စကြဝဠာတွေက အမြွှာစကြဝဠာတွေပေါ့... အကယ်၍ ကျွန်မက သွေးမျိုးသန့်တွေရဲ့ ဘုရင်မဆိုရင် ရှင်က...."

သူမ မျက်လုံးပြူးသွားရသည်။

"ဒီစကြဝဠာရဲ့ ဘုရင်ပေါ့...."


မူရွှမ်တွင် မင်းသားကြီးများကိုပါ ဖိနှပ်နိုင်သော အစွမ်းရှိသဖြင့် ၎င်းက ဖြစ်နိုင်ပေသည်။ ဤစကြဝဠာက ဘုရင်မှလွဲ၍ ထိုကဲ့သို့ ထူးခြားလှသော အရာများကို မလုပ်နိုင်ပေ။ သူမက သွေးမျိုးသန့်များ၏အစွမ်းကို ဖိနှိပ်နိုင်သော်လည်း ၎င်းက ပထမဆုံးသွေးစုပ်ဖုတ်ကောင်မှ သွေးမျိုးသန့်များ နာခံစေရန် ဖိနှိပ်မှုဖြစ်သည်။ ၎င်းက သူ၏ကိုယ်ပိုင်အစွမ်းကို မှီခိုသော မူရွှမ်နှင့်မတူပေ။


 မူရွှမ်းက ထိုအစွမ်းများကို သူမက သူ့ကိုအသွင်ပြောင်းပေးပြီးမှ ရခဲ့ခြင်းဖြစ်သည်။ သို့သော် သွေးမျိုးသန့်များက အနီရောင်ဂြိုလ်ရှိ သွေးစုပ်ဖုတ်ကောင်များနှင့် မတူပေ။အထူးသဖြင့် သွေးမျိုးဆက်ဖိနှိပ်မှုတွင် ဖြစ်သည်။ သူမ၏ထူးခြားသည့် ဖိနှိပ်မှုအစွမ်းနှင့် သူမ၏ရာထူးရာခံကြောင့်သာမဟုတ်ပါက သွေးမျိုးသန့်များက အချင်းချင်းဆို မကြင်နာကြပေ။


သိသာလွန်းသည့် ဥပမာတစ်ခုက မျိုးဆက် ခုနစ်ရာမြောက် သွေးစုပ်ဖုတ်ကောင်များက သွေးမျိုးသန့်များ၏ အစွမ်းများမှလွဲ၍ အခြားအရာများဖြင့် ဖိနှိပ်မခံရခြင်းဖြစ်သည်။ သွေးမျိုးဆက်ဖိနှိပ်ခြင်းက အကြောင်းပြချက် လုံးဝမဟုတ်ပေ။


၎င်းက မူရွှမ်၏အစွမ်းက သူ့ကိုယ်ပိုင်သာဖြစ်ပြီး သူ၏အသွင်ပြောင်းမှုနှင့် ဘာမှမဆိုင်ဟု ဆိုလိုနေသည်။ ထို့အပြင် သူက သူမကိုတိုက်ခိုက်ခဲ့လျှင် သူမဘက်က ပြန်တိုက်ရန် အခွင့်ပင်ရှိမည်မဟုတ်ပေ။


သူက ဤစကြဝဠာ၏ ဘုရင်ဆိုသည်ကလွဲ၍ အခြားအရာများနှင့် ရှင်းပြနိုင်မည်မဟုတ်ပေ။ ထို့အပြင် သွေးစုပ်ဖုတ်ကောင်များတွင် နာမည်ကောင်းမရှိသော်လည်း သူ၏ပရိတ်သတ်များက စကြဝဠာတစ်ခွင်ပျံ့ကြဲနေခဲ့သည်။

သွေးစုပ်ဖုတ်ကောင်တွေရဲ့ မြင်ကွင်းထဲ ဆန့်တဲ့ မျိုးနွယ်တောင် ရှိလို့လား....


သို့သော် သူတို့၏ အစွမ်းများကြောင့် ဖုံးကွယ်ပြီး သဘောထားကွဲလွဲမှုကို ဆန့်ကျင်ရန်သာလုပ်နိုင်ကြသည်။ ထို့နှင့်တောင် လူတိုင်းက မူရွှမ်ကို မထိနိုင်သည့် ဖြစ်တည်မှု -စကြဝဠာ၏ နံပါတ်တစ် နတ်ဘုရားတစ်ပါး- အဖြစ် ဆက်ဆံကြသည်။


ဤအခြေအနေက သွေးမျိုးသန့်များက ၎င်းတို့၏ ဘုရင်မကို ပန်းရောင်ပူဖောင်းတို့ တောက်နေသော မျက်လုံးများဖြင့် ကြည့်ကြသည့် အကြောင်းကိုရှင်းပြနိုင်ပေသည်။


ထို့အပြင် သွေးမျိုးသန့်များကဲ့သို့သော စကြဝဠာထဲရှိ မျိုးနွယ်စုများကို မူရွှမ်က အေးအေးဆေးဆေးဖိနှိပ်နိုင်သည်။


သူက မျက်မှောက်ခေတ်၏ သွေးမျိုးသန့် ဘုရင်မဖြစ်သည်။


(⊙_⊙)


"ဒါပေမဲ့....."

ဤအထိ အသိအမှတ်ပြုပြီးနောက်တွင် သူမ အခြားပြဿနာတစ်ခုကို တွေးမိသွဦသည်။

"ရှင်ကလည်း ဘုရင်ဆိုရင်... ဘယ်သူက ဘယ်သူ့ကို အသွင်ပြောင်းလိုက်တာလဲ...."

သူမ ဤအခြေအနေကြီးကို လိုက်မမှီတော့ပေ။

"မေ့လိုက်တော့ ဘယ်သူဂရုစိုက်လို့လဲ... ကျွန်မတို့အတူရှိနေရင် ရပြီပဲလေ...."


သူမ ခေါင်းလေးမော့၍ သူ့ပါးကို ပွတ်သပ်လိုက်သည်။ ရက်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် အင်အားဖြည့်ရန် အချိန်ကျရောက်လို့ လာလေပြီ။


╭(╯^╰)╮


အချိန်အတောအကြာတော့မှ မူရွှမ်ဉာဏ်မှီသွားရသည်။ ရူးနေကြသော သွေးမျိုးသန့်များကြောင့်သာ မဟုတ်လျှင် သူမ ဤမျှကြာကြာစောင့်ရမည်မဟုတ်ပေ။


မူရွှမ်၏ ပုံမှန် အေးစက်နေသော ပုံစံက နူးညံ့သွားကာ ရှင်းမပြနိုင်သော သိမ်မွေ့မှုနှင့်အတူ သူ့မျက်လုံးထောင့်များပင် အပေါ်သို့ ကွေးညွတ်သွားသည်။ သူမ၏ ခါးလေးကို တင်းကြပ်စွာဖက်တွယ်လိုက်ပြီး ကြမ်းတမ်းလှသော အနမ်းများကပါ လိုက်ပါလာသည်။ သူယောင်စစ်ကို တင်းတင်းဖက်တွယ်လိုက်သောအခါ ယောင်စစ်၏ ကမ္ဘာကြီး တစ်ပတ်လည်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် တောင့်တင်းသော ခန္ဓာကိုယ်တစ်ခုက သူမကို ဖိချလိုက်သည်။


လေးလံကြမ်းရှသောအသက်ရှူသံများက သူမမျက်နှာကို ရိုက်ခတ်လာပြီး သူမကိုယ်တွင်းမှ မီးတောက်ကို ပိုမိုတောက်လောင်လာစေသည်။  အနမ်းများကြောင့်လား နောက်ထပ်လာတော့မည့် အရာကြောင့်လားမသိပေ။ သူမ၏ နှလုံးခုန်နှုန်းက မြန်ဆန်လာကာ အသက်ရှသံများက သက်ပြင်းချသံအဖြစ်ပြောင်းသွားသည်။


မူရွှမ်၏ မီးတောက်နေသော အကြည့်များက ပိုမို တောက်လောက်လာပြီး သူမနှင့် တဖြေးဖြေးချင်းနီးကပ်လာသည်။


"အရှင်မ....."

တံခါးက ကန်ဖွင့်ခံလိုက်ရပြီး ပုံရိပ်လေးတစ်ခုက ပြေးဝင်လာသည်။ သူဝင်လာပြီးသည်နှင့် သူရင်ဘတ်ထဲတွင် ပိုက်လာခဲ့သော အရာတိုင်းကို ကော်ဖီစားပွဲပေါ် စိတ်လှုပ်ရှားစွာ တင်လိုက်သည်။

"ကျွန်တော့်ကိုမှတ်မိသေးလားဟင်... ကျွန်တော်က မင်းသားကြီးယွမ်ကျန်းလေ... ကျွန်တော်က သွေးမျိုးသန့်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာနေလာခဲ့တာမလို့ အတော်ဗဟုသုတပြည့်စုံတယ်လို့ ပြောလို့ရပါတယ်...."


"စွမ်းရည်အပြည့်အစုံရှိပြီး... စိတ်ခွန်အားကလည်း ထိပ်ဆုံးပိုင်းမှာရှိပါတယ်... ပြီးတော့ ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအသောက်တွေပဲစားတာပါ...ကျွန်တော် ဘာမဆိုအကုန်လုပ်နိုင်ပါတယ်... ဒါကျွန်တော့်ရဲ့ ကျန်းမာရေး လက်မှတ်၊ ဒါက အကြိုစစ်မှုထမ်းလက်မှတ်၊ ဒါက အစွမ်းစာအုပ်၊ ဒါက တစ်ဘဝလုံးလေ့လာခဲ့တဲ့ နည်းပညာပေါင်းစုံမှတ်စု၊ ဒါက သိပ္ပံနဲ့ရူပဗေဒဆိုင်ရာ သုတေသနဆု.... ဒါကဘလာ ဘလာ ဘလာ ဘလာ..... အရှင်မ ကျွန်တော့်ရဲ့ ဒီလိုပါရမီတွေနဲ့ဆိုရင် စာချုပ်ချုပ်ဆိုသူ အရင်ရဖို့ ဦးစားပေးခံရမယ်မလားဟင်...."


သူ စကားဆုံးသည်နှင့် ခေါင်းမော့၍ ဆိုဖာပေါ်တွင်ရှိသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။

အမ်း.... အရှင်မကြည့်ရတာ ဘာလို့ထူးဆန်းနေပါလိမ့်...


"ထွက်သွားစမ်း....." ယောင်စစ်နှင့် မူရွမ်



သွေးမျိုးသန့်များက စကြဝဠာအသစ်ဆီသို့ မျိုးနွယ်စုလိုက် ပြောင်းရွှေ့ဘာကြပြီး ဘာပြဿနာမှမတက်ခဲ့ပေ။ အဆုံးတွင် သွေးမျိုးသန့်များက အများကြီးမရှိပေ။ လူဦးရေ သောင်းကျော်မျှသာရှိပြီး အချို့မျိုးနွယ်များ၏ မွေးဖွားနှုန်းထက်ပင် နည်းနေသေးသည်။


ယောင်စစ် မူလက ပါဝင်ပတ်သတ်ကာ ထိန်းကျောင်းနေရသည်မှာ အတွင်းပိုင်း ပဋိပက္ခကြောင့်သာဖြစ်သည်။ သို့သော်  သူတို့က သဟဇာတဖြစ်စွာ ပေါင်းစပ်သွားသောကြောင့် ထိုပဋိပက္ခ ဆိုသည်က အစအနရှာမရအောင်ပျောက်သွားသည်။ ၎င်းက အံ့ဩဖွယ် လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နေဟန်နှင့်တူသည်။


အဓိကအကြောင်းအရင်းမှာ ရွေ့ပြောင်းနေထိုင်သူ ပထမအသုတ်ထဲတွင် ငါးယောက်က စာချုပ်ချုပ်ဆိုသူရှာတွေ့သွား၍ဖြစ်သည်။ ထိုသူများကလည်း သွေးစုပ်ဖုတ်ကောင်များသာဖြစ်သည်။


၎င်းက စာချုပ်ချုပ်ဆိုသူများက အနီရောင်ဂြိုလ်ရှိ သွေးစုပ်ဖုတ်ကောင်များထဲတွင် ရှိနေသည်ဟု ဆိုလိုနေသည်။ သွေးမျိုးသန့်များက ထိုဖြစ်ရပ်ကို သတိပြုမိသွားသောအခါ သူတို့ပိုင်ဆိုင်သော မာန၊ ဂုဏ်သိက္ခာနှင့် မောက်မာမှုအားလုံးကို လွှင့်ပစ်ကာ သူတို့ အထင်သေးခဲ့သော မျိုးမစစ်များကို ချစ်ခင်နွေးထွေးစွာဆက်ဆံလာကြသည်။


ဟာသကြီးဟ... ဘယ်သူက သူတို့ကို မျိုးမစစ်တွေလို့ခေါ်တာလဲပြော... 

၎င်းက စာချုပ်ချုပ်ဆိုသူ ရှာဖွေပွဲကြီးပင် ဖြစ်နေသည်။ စာချုပ်ချုပ်ဆိုသူတိုင်းက သွေးစုပ်ဖုတ်ကောင်များ မဟုတ်သော်လည်း ဖြစ်နိုင်ခြေအများဆုံးဖြစ်နေ၍ မည်သူကသူတို့ကို ထိခိုက်အောင်လုပ်ရဲမည်နည်း။


ထို့ကြောင့် ဘယ်မျိုးနွယ်စုကမှ အငြင်းပွားစရာမရှိတော့ဘဲ ယောင်စစ်ခန့်မှန်းထားသော ပဋိပက္ခတစ်ခုမှ ရှိမလာပေ။ ၎င်းက သမိုင်းတစ်လျှောက်တွင် အမြန်ဆုံးနှင့် အငြိမ်းချမ်းဆုံးသော ပေါင်းစည်းမှုဖြစ်သည်။


၎င်းက မထင်မှတ်ထားစရာဖြစ်သော်လည်း စိုးရိမ်စရာ ကောင်းနေဆဲဖြစ်သည်။ သွေးစုပ်ဖုတ်ကောင်များ၏ ကလေးဆိုသည်မှာ သွေးမျိုးသန့်များ၏ စာချုပ်ချုပ်ဆိုသည်နှင့်တူသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ ကလေးက စာချုပ်ချုပ်ဆိုသူ တစ်ယောက်ဖြစ်နေလျှင် ကြောက်မက်ဖွယ်ပင်။


တဖြေးဖြေးနှင့် လူတိုင်းက သွေးမျိုးသန့်များ၏ စာချုပ်ချုပ်ဆိုသူများက ကိုယ်ပိုင်ကလေးမရှိသော အမွေဆက်ခံသူများသာ ဖြစ်နေကြောင်း သတိထားမိသွားကြသည်။ ထိုလူများက အတွဲမရှိသည့် စင်ကယ်ခွေးများသာဖြစ်၍ အဆိုပါကြောက်မက်ဖွယ်ရာကိစ္စက ဖြစ်မလာခဲ့ပေ။


အစက သူတို့က တိုက်ဆိုင်သည်ဟုသာ ထင်ခဲ့သော်လည်းဆယ်ယောက်မြောက် စာချုပ်ချုပ်ဆိုသူ ပေါ်လာသောအခါ သူတို့၏ စိုးရိမ်မှုများက လုံးဝခဝါကျသွားတော့သည်။ နောက်ဆုံးအတွဲက ကောင်းကင်ဘုံမှ ပေးအပ်ထားသောခြံဆီမှ နိုးထလာကာစ လူဖြစ်နေသည်။


အတော်ကြာ သုတေသနပြုပြီးနောက်တွင် စာချုပ်ချုပ်ဆိုသူများက အမွေဆက်ခံထားသောလူများအပေါ် မူတည်နေခြင်းမဟုတ်ဘဲ ကမ္ဘာဂြိုလ်သားများအပေါ် မူတည်နေကြောင်းသိလိုက်ရသည်။


လီကျန်းက သူ၏အမွေဆက်ခံသူကို ရှာတွေ့သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက အတော်လေးတူညီကြသည့် လက္ခဏာရပ်များရှိကြသည်။ အခြား အသွင်ပြောင်းခံရသည့် ကလေးများနှင့်ယှဉ်လျှင် နှစ်ယောက်စလုံးက ကမ္ဘာဂြိုလ်သားတစ်ယောက်၏ လက္ခဏာရပ်များကို ပိုင်ဆိုင်နေသည်။ ၎င်းက စာချုပ်ချုပ်ဆိုသူများက သွေးမျိုးသန့်များ၏ မိခင်ဂြိုလ်နှင့် အမြွှာဂြိုလ်ဖြစ်သည့် အပြာရောင်ဂြိုလ်တို့တွင် စုဝေးနေကြကြောင်း သိသွားကြသည်။ ထိုသူများထဲတွင် ရှာတွေ့ရန်မှာ ၉၀%သေချာကြောင်း သိလိုက်ရသည်။


ဤသတင်းက ရည်မှန်ချက်တစ်ခု အိပ်မက်တစ်ခုတည်းဖြင့် စကြဝဠာမျိုးစုံကို သွားလာခဲ့ကြသော သွေးမျိုးသန့်စင်ကယ်ခွေး တစ်အုပ်ကို သွေးများ ပွက်ပွက်ဆူသွားစေသည်။ ယခုတွင် သူတို့က စာချုပ်ချုပ်ဆိုသူ၏ အရင်းအမြစ်ကိုတွေ့ပြီဖြစ်သည်။ သို့သော် နောက်ထပ် မတိုးသာမဆုတ်သာဖြစ်စေသော အခြေအနေမှာ အပြာရောင်ဂြိုလ်က ပျက်ဆီးသွားပြီဖြစ်၍ ဖြစ်သည်။


ယခုလက်ရှိ ကမ္ဘာဂြိုလ်သားများဆိုသည်မှာ ကောင်းကင်ဘုံမှပေးအပ်ထားသောခြံမှ လာသည့် ကိုယ်ပွားများသာဖြစ်ကြသည်။ အတိအကျပြောရလျှင် သူတို့က အနီရောင်ဂြိုလ်မှ လူများအတွက် အမွေဆက်ခံသူများသာဖြစ်ကြသည်။ ယခင်က သွေးစုပ်ဖုတ်ကောင်များက သူတို့မျိုးနွယ်အချင်းချင်းမှ လူများနှင့်အတူ ဆက်ခံသူရရန် တန်းစီစောင့်နေရသော်လည်း သွေးမျိုးသန့်တစ်အုပ်ကြီးပေါ်လာ၍ သူတို့၏ စောင့်ဆိုင်းချိန်ကို ပိုမိုရှည်ကြာသွားစေခဲ့သည်။


သို့သော် ၎င်းက စာချုပ်ချုပ်ဆိုသူရူး  ရူးနေသော သွေးမျိုးသန့်တစ်အုပ်အတွက် ပြဿနာမဟုတ်ပေ။ သူတို့၏ အစွမ်းများကို ချိတ်ပိတ်ခံထားရသော်လည်း အသက်အရှည်ကြီးနေခဲ့ရ၍ သူတို့တွင် ဗဟုသုတပြုံတခေါင်းကြီးရှိနေသည်။ ကောင်းကင်ဘုံမှ ပေးအပ်ထားသောခြံကပင် ကိုယ်ပွားများ ထုတ်နိုင်နေပေရာ သူတို့က ဤစကြဝဠာထက် နည်ပညာပိုမြင့်သောစကြဝဠာမှ လာခဲ့သည်ဖြစ်သည်။ လင်းလုံကဲ့သို့ သာမန်သွေးမျိုးသန့်တစ်ယောက်ကပင် စကြဝဠာသားရဲများ ဖန်တီးပြီး အိမ်မွေးတိရိစ္ဆာန်လုပ်နိုင်ပေရာ ကိုယ်ပွားများဆိုသည်မှာ ဘာဖြစ်မည်နည်း။ သူတို့ အေးအေးဆေးဆေးလုပ်နိုင်ကြပေသည်။


ထို့ကြောင့် သွေးမျိုးသန့်တစ်အုပ်ကြီးက ကောင်းကင်ဘုံမှ ပေးအပ်ထားသောခြံ၏ သုတေသနအဖွဲ့ထဲ ဝင်သွားကြပြီး မကြာခင် ကမ္ဘာဂြိုလ်သားများ ပြန်လည်မွေးဖွားလာတော့မည်ဖြစ်သည်။


သို့သော် သွေးမျိုးသန့်များနှင့် အနီရောင်ဂြိုလ်ပေါ်မှ သွေးစုပ်ဖုတ်ကောင်များက စည်းလုံးသွားပြီဖြစ်သော်လည်း သူတို့ကို စာချုပ်ချုပ်ဆိုသူရှာရန် လမ်းညွှန်ပေးမည့် ဘုရင်မမှာ ပျောက်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။


မျိုးနွယ်စုတစ်ခုလုံး သွေးရူးသွေးတန်းဖြစ်သွားကြသည်။


စာချုပ်ချုပ်ဆိုသူရှာတွေ့သွားကြသော ဆယ်ယောက်က ကိစ္စဝိစ္စအကုန် အတည်ပြုပြီးသွားပြီဖြစ်သည်။ မင်းသားကြီးယွီကျဲ၏ စာချုပ်ချုပ်ဆိုသူဆိုသည်မှာ ဘုရင်မကြီးကိုယ်တိုင် စီစဉ်ပေးခဲ့သူဟုလည်း ကောလဟာလထွက်နေသေးသည်။ ယခုတွင် သူတို့အလှည့်ရောက်သောအခါ သူမကပျောက်သွားပြီဖြစ်သည်။


သူတို့ဘာလုပ်ရတော့မလဲ...


Σ(°△°|||)︴


အရှင်မရေ... ကျေးဇူးပြုပြီးပြန်လာခဲ့ပါ.....


ထိုအချိန်တွင် အဝေးတစ်နေရာရှိ အမည်မသိကြယ်စုတွင် မြင်နိုင်ရန်မလွယ်သော ယာဉ်ပျံလေးတစ်ခုက စိမ်ပြေနပြေ ခရီးလွှင့်နေသည်။


"မူရွှမ်.... ဘာမှမပြောဘဲ ထွက်လာတာ နည်းနည်းများ ရိုင်းသွားမလားဟင်...."

ယောင်စစ် ဘဲသွေးခဲပူပူလေး စားရင်း မေးလိုက်သည်။


မူရွှမ် သူမကိုကြည့်လိုက်သည်။ သူ့လက်ကိုဆန့်တန်းလိုက်ပြီး သူမကို သူ့ပေါင်ပေါ်တင်လိုက်ကာ ပါးစပ်သုတ်ပေးလိုက်သည်။

"ဘာလို့လဲ... မင်းက ပြန်သွားချင်လို့လားဟင်...."


ယောင်စစ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး ဝင်ဖျက်ခံခဲ့ရသော အချိန်လေးများကို သတိရသွားသည်။ သူမတွင် မည်ကဲ့သို့သော ကံတရားပိုင်ဆိုင်နေလဲမသိတော့ပေ။ သို့မဟုတ်ပါက လမ်းလျှောက်ရင်းဝင်နှုတ်ဆက်သည့်လူ၊ လမ်းတွင်တွေ့၍ နှုတ်ဆက်သူ၊ သူမကို လက်မှတ်ထိုးပေးရန် ပြောသူများအားလုံး နောက်တစ်နေ့တွင် စာချုပ်ချုပ်ဆိုသူရှာတွေ့သွားကြခြင်း သို့မဟုတ် အခြားလူ၏စာချုပ်ချုပ်ဆိုသူ ဖြစ်သွားခြင်းနှင့် အဆုံးသတ်မည်နည်း။


အရေးအကြီးဆုံးက ထိုသတင်းက သွေးမျိုးသန့်များဘက်တွင် တောမီးလို အဖြန့်ခံလိုက်ရပြီး သူမကို စာချုပ်ချုပ်ဆိုသူရှာပေးသည့် ရေဒါကြီးလို ဆက်ဆံလာကြသည်။


သူတို့တွေက သူမကို အချစ်နတ်ဘုရားလို ဆက်ဆံနေကြတာဟ..


(╯‵□′)╯︵┻━┻


သူမမှာလည်း ကိုယ်ပိုင်အချိန်လေး ထားလို့မရဘူးလားပြော....


"မဟုတ်ပါဘူး... ကျွန်မပြန်မသွားချင်ဘူး.. သေရင်တောင် ပြန်မသွားချင်ဘူး...."

ယောင်စစ် သူမ၏မကျေနပ်မှုကို ဘေးပို့လိုက်ပြီး ခြေထောက်နှင့်သာ ဆောင့်နင်းပစ်ချင်သည်။ ထို့နောက် သူမ မူရွှမ်လည်ပင်းကို ဖက်တွယ်လိုက်ပြီး မူရွှမ်ပေါ်ကို မှီတွယ်လိုက်သည်။

"ရှင်ကသာ ကျွန်မလိုသမျှအရာရာတိုင်းပဲ...."


မူရွှမ် တောင့်ခဲသွားပြီး သူ့လည်ပင်းတစ်ခုလုံး နီနီရဲလာတော့သည်။ သူ ခေါင်းငုံ့လိုက်ပြီး သူမနှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ထိုအချိန်တွင် ယာဉ်ပျံတစ်ခုလုံး အချစ်အရိပ်အငွေ့တို့ ပြည့်နှက်နေသည်။ သူမနားရွက်နားကို ငုံ့ကိုင်းလိုက်ပြီး အက်ရှနေသော လေသံဖြင့်ပြောလိုက်သည်။

"ကိုယ်ရောပဲ...."


ယောင်စစ်၏ အသိစိတ်တို့ စတင်မူးနောက်လာသည်။ သူမ သူဆိုလိုသည်ကို နားမလည်နိုင်သလိုပင်ဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် ပိုမိုကြမ်းတမ်းသောအနမ်းတို့က သူ့နှုတ်ခမ်းပေါ်ကျရောက်လာပြီး သူမ၏အတွေးများအားလုံးကို ပျောက်ကွယ်သွားစေသည်။ သူမ ကုတင်ပေါ် ဘယ်လိုရောက်သွားလဲပင် မသိတော့ပေ။


အချိန်အတော်ကြာသောအခါ သူတို့ အချင်းချင်းမျက်နှာချင်း ဆိုင်လိုက်ပြီး တစ်ကိုယ်လုံး ထိ...


[ဒင်... အရှေ့ကယာဉ်ပျံ... ငါတို့က သိမ်းငှက်ဓားပြတွေပဲ... မင်းတို့ကို ဝိုင်းထားလိုက်ပြီး... လက်နက်ချလိုက်ရင် မင်းတို့ကို ဘာမှမလုပ်ဘူး..]


"..." ယောင်စစ်


"..." မူရွှမ်


ဖက်ခ်... ငါ့ကိုမတားနဲ့တော့... ငါဒီ လူ့လောကကြီးတစ်ခုလုံးကို လက်စားချေတော့မယ်....


(╯‵□′)╯︵┻━┻


ပြီးပါပြီ


ဘာသာပြန်သူများ _

ဆူးရှင်းနွေ

ယွန်းပန်းချီ

ဒယ်အိုးလေး

Aoi


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘