အပိုင်း ၁၉၇
Viewers 16k

Chapter 197

သွေးစုပ်ဖုတ်ကောင်များ ပြောင်းရွှေ့နေထိုင်ခြင်း


ယောင်စစ် လုံးလုံးလျားလျား ကြောင်အသွားသည်။ သို့သော် သူတို့၏ အကြောင်းပြချက်က ဆီလျော်နေပေသည်။

ဒီတော့ သူတို့ဘက်က တကယ်မှန်နေတာလား....

နှစ်ပေါင်းများစွာ အားနည်းချိနဲ့သူလေးဖြစ်ခဲ့သည့် သူမအတွက် ဤကဲ့သို့သော ရုတ်တရက်ကြီး အခြေအနေပြောင်းလဲမှုကို လက်မခံနိုင်ပေ။ ထို့အပြင် သူမကမ္ဘာဂြိုလ်သားဖြစ်ခဲ့သည်ဟူသော မှတ်ဉာဏ်မှလွဲ၍အခြားမှတ်ဉာဏ်များကို လုံးဝမသိပေ။


သူမ လုံးဝမယုံနိုင်ဖြစ်နေသေး၍ ထိုကိစ္စကို ဘေးသို့သာ ပစ်ထားလိုက်တော့သည်။


"တော်လောက်ပြီ... တော်လောက်ပြီ... တော်လောက်ပြီ..."

သူမ လက်မြှောက်ပြလိုက်ကာ လင်းလုံနှင့်ယွီကျဲတို့ကို ဆက်မပြောရန် တားလိုက်သည်။ သူမ အပြင်ဘက်ရှိ မဲမဲအုပ်စုက်ု လက်ညှိုးထိုးပြလိုက်သည်။

"ဒီဘုရင်မရဲ့ ဆွေးနွေးမှုကို ခဏလောက် မေ့ထားလိုက်ဦး... အပြင်ဘက်က တစ်အုပ်ကို ဘယ်လိုကိုင်တွယ်ကြမလဲ... သူတို့ကို ဒီစကြဝဠာထဲမှာ မထားနိုင်ဘူးလေ..."


သူတို့က အသေးငယ်ဆုံး စကားအခြေအတင်ဖြစ်မှုနှင့်ပင် ကြမ်းတမ်းခက်ထန်လာတတ်သော အရူးတစ်အုပ်ဖြစ်ပေသည်။ သူတို့ထဲက အများစုက သူမထံမှ အစွမ်းများဖိနှိပ်ခံထားရသော်လည်း ကျန်သူများက ဘာဆက်လုပ်နိုင်မည်ကို မည်သူက သိမည်နည်း။ အဆုံးတွင် သူတို့က သူတို့၏စာချုပ်ချုပ်ဆိုသူများကို လာရှာကြသည့် အခြားစကြဝဠာမှ အဆင့်မြင့်မျိုးနွယ်သာဖြစ်သည်။ သူတို့ကို ဖြစ်ချင်ရာဖြစ်ဟူ၍ ထားလိုက်လျှင် စကြဝဠာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်သွားနိုင်သည်။


"သူတို့ပြန်မှာမဟုတ်ဘူး...."

ယွီကျဲက အပြင်းအထန်ခေါင်းခါလိုက်သည်။

"အရှင်မ... ကျွန်တော်တို့ အရှင်မကို ရှာနေခဲ့တာ အတော့်ကိုကြာခဲ့ပြီ... အခုတော့ ကျွန်တော်တို့ အရှင်မကို ရှာတွေ့ခဲ့ပြီလေ... အရှင်မက ဘုရင်မတစ်ပါးဖြစ်ရုံတင်မကဘူး စာချုပ်ချုပ်ဆိုသူရှာမတွေ့တဲ့လူတွေ သေချင်တဲ့အချိန်မှာ ရွေးချယ်စရာ တစ်ခုတည်းသောအရာလည်းဖြစ်နေတယ်...."


"ယီးလား...."

ယီးပဲနော်... သောက်ရူးကောင်တွေ... နင်တို့တွေ အဲ့လောက်တောင်သေချင်နေကြတာလား... သေချင်တယ်ဆိုရင်တောင် တခြားနည်းလမ်းရှာလို့မရဘူးလားဟ...


"အရင်က ကျွန်တော်လည်း ဒါကို ဒဏ္ဍာရီလို့ထင်ခဲ့တာ...."

ယွီကျဲ လီကျန်းကို စူးစိုက်ကြည်ပြီး စကားပြောရန် ရပ်လိုက်သည်။


တုံ့ပြန်သည့်အနေဖြင့် လီကျန်းက ကြောက်လွန်း၍တုန်ရီလာပြီး သူ့ပါးစပ်သူတင်းတင်းပိတ်ကာ သူ့ဒေါသသူအတင်းမျိုချနေရပြီး ယောင်စစ်နောက် ပြေးပုန်းတော့သည်။ သူ သူမနောက်တွင် ကုန်းကုန်းလေး နေနေပြီး သူမ၏ ၁၅၆စင်တီမီတာ(၅ပေ ၁လက်မ)အရပ်နောက်တွင် မလုံ လုံအောင် ပုန်းနေတော့သည်။ သူ၏အပြုအမူက ယွီကျဲကို နာကျင်သွားစေသည်။

"ဒါပေမဲ့ အခုတော့... ကျွန်တော်သေချာသွားတာတစ်ခုက အရှင်မက ကျွန်တော်တို့ကို သေဆုံးဖို့ ခွင့်ပြုပေးနိုင်တယ်ဆိုတာကိုပဲ...."


"ကျွန်တော်လည်း ထောက်ခံတယ်...."

လင်းလုံ စိတ်လှုပ်တရှားပြောလိုက်သည်။


"ဟီးဟီး...."

ဟေး... နင်တို့တွေကပါ အဲ့ဒီ့အရူးတွေဆီက အသက်ရောက်ခံလိုက်ရပြီလား....


"အမှန်ပါပဲ အရှင်မ...."

လင်းလုံ လေးလေးနက်နက်ရှင်းပြလိုက်သည်။

"အရှင်မ သတိမပြုမိဘူးလား... အရှင်မဘေးက သွေးမျိုးသန့်တွေအကုန်လုံး စာချုပ်ချုပ်ဆိုသူ ရှာတွေ့သွားကြတယ်လေ...."


အာ


သူမဘေးနားက သွေးမျိုးသန့်တွေဆိုတော့...လင်းလုံနဲ့ ယွီကျဲမဟုတ်....


ဖက်ခ်... ဖြစ်နိုင်တယ်ဟ... ဒါဆို သူတို့ပြောတဲ့ သေဆုံးဖို့ ခွင့်ပြုပေးနိုင်တယ်ဆိုတာ ဒါလား..


သူမ နောက်ဆုံးတွင် လီကျန်းနှင့် ယွီကျဲတို့ အကြည့်ချင်းဖလှယ်နေကြသည်ကို နားလည်သွားတော့သည်။


"ဒါနဲ့ အရှင်မက ယွဲ့လောင်လားနော်...."

(T/N - ယွဲ့လောင်ဆိုတာ တရုတ်အယူအဆအရ အိမ်ထောင်ရေးနဲ့ အချစ်ရေးနတ်ဘုရားပါ) 


(╯‵□′)╯︵┻━┻


ပလ္လင်လိုချင်တယ်ဆိုတဲ့ ဘယ်သူမဆို ငါအလကားပေးမယ်....



စစ်ပွဲကြီးက ပြီးဆုံးသွားကာ ယင်းအစား စင်ကယ်တစ်အုပ်တစ်မကြီးက အနီရောင်ဂြိုလ်ပေါ် ပြောင်းလာကြသည်။ ယောင်စစ်ကို ယွဲ့လောင် တာဝန်အတင်းအကြပ် ပေးလိုက်ကြသည်။

ယီးပဲဟေ့... သူမက ဘာကိစ္စကြောင့် ရူးနေတဲ့ စင်ကယ်ခွေးတစ်အုပ်ကြီးနဲ့ တိုင်ပတ်နေရမှာလဲလို့....


သူမအိမ်ပတ်ပတ်လည်တွင် နေနေကြသော စင်ကယ်ခွေးတစ်အုပ်ကြီးကို ကိုင်တွယ်ရန် အနီရောင်ဂြိုလ်တွင် အရေးပေါ်အစည်းအဝေးလုပ်လိုက်ရသည်။ ကံကောင်းစွာဖြင့် စကြဝဠာထဲတွင် မျိုးနွယ်စုပေါင်းများစွာရှိပြီး မျိုးနွယ်စုများအကြား အငြင်းပွားစရာကိစ္စပေါင်းစုံကို အတွေ့အကြုံပေါင်းများစွာ ရှိနေသော အကြီးအကဲများ ရှိနေ၍ တော်သေးပေသည်။ သို့သော် ထိုဘိုးဘေးတစ်အုပ်၏ ထူးခြားသော သဘာဝကြောင့် အကြီးအကဲများက တစ်ပတ်လုံးလုံး ဆွေးနွေးပြီးမှ အကြိုအကြံပြုချက်များဖြင့် ပြန်လာကြသည်။


ယောင်စစ်နှင့် မူရွမ်တို့ ဖတ်ကြည့်ပြီးမှ 'စင်ကယ်ဘဝမှထွက်ခွာနည်း'ဟူသော စာတမ်းကြီးကို အပြီးသတ်လိုက်တော့သည်။


ဟုတ်တယ် အဲ့လိုခေါ်တယ်တဲ့လေ... 

သွေးမျိုးသန့်များ၏ တစ်ခုတည်းသော ဦးတည်ချက်မှာ စာချုပ်ချုပ်ဆိုသူ ရှာရန်သာဖြစ်သည်။ 


သူတို့သာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရူးသွပ်နေတဲ့ပုံတွေနဲ့ စစ်ပွဲဖြစ်ကြောင်း ကြေငြာချက်မထုတ်ရင် သူတို့ကို ခုခံဖို့ အပိုအင်အားတွေ ဖြုန်းတီးနေပါ့မလား..


သူတို့တွေ လင်းလုံလို တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်မသွားနိုင်ကြဘူးလား... ဒီလောက် ပြဿနာအကြီးကြီးရှာဖို့က လိုကောလို လို့လားဟ.... သူတို့တွေ လွန်လွန်ကြူးကြူးလုပ်မိမှတော့ အပြစ်ခံပေးသင့်တယ်...


စာတမ်းတွင် အခြေအနေသုံးရပ်သာပါသည်။


ပထမအချက် အနေဖြင့် အခြားစကြဝဠာမှ သွေးမျိုးသန့်များအားလုံးကို အနီရောင်ဂြိုလ်၏ တရားဝင်ချန်နယ်များကို အသုံးပြုခွင့်ပေးလိုက်သည်။ ထို အက်ပလီကေးရှင်းမှ ခွင့်ပြုလျှင် ပြည်တွင်းနေထိုင်ခွင့် ရရှိမည်ဖြစ်သည်။


ယာယီသွေးစုပ်ဖုတ်ကောင်အိုင်ဒီကတ်ဖြင့် တစ်ချိန်တည်းတွင် သူတို့ကို အနီရောင်ဂြိုလ်မှ သွေးစုပ်ဖုတ်ကောင်များအဖြစ် သတ်မှတ်လိုက်မည်ဖြစ်သည်။ အနီရောင်ဂြိုလ်အတွင်း ပရမ်းပတာမဖြစ်စေရန် သူတို့၏ မျိုးဆက်များက ယခုလက်ရှိမျိုးဆက်နှင့် ၇၆၅ဆက်မြောက်နောက်ပိုင်းသာ ဖြစ်ရပေမည်။


ဒုတိယအချက် အနေဖြင့်သွေးမျိုးသန့်များက သူတို့၏အစွမ်းများကို  သူတို့ပြည်တွင်းနေထိုင်ခွင့် မရသေးခင်အထိ ဂုဏ်သရေရှိသွေးစုပ်ဖုတ်ကောင် ဘုရင်မ (သွေးမျိုးသန့်များ၏ ဘုရင်မ တစ်ဖြစ်လည်း) 'ယောင်စစ်'ထံမှ ချိတ်ပိတ်ခြင်းခံရမည်ဖြစ်သည်။ ဤသို့ဖြစ်ပြီးနောက်တွင် သွေမျိုးသန့်များကို အခြားမျိုးနွယ်များကို ရန်စမိစေသည့် ပါဝင်မှုများမှ ကန့်သတ်လိုက်သည်။


သူတို့၏ သွေးမျိုးသန့်ဟူသော အခြေအနေကို သေရေးရှင်ရေး အခြေအနေများတွင်သာ  ထုတ်ပြခွင့်ရမည်ဖြစ်သည်။ သွေးမျိုးသန့်များက အနီရောင်ဂြိုလ်၏ ဥပဒေများကို လိုက်နာ ရမည်ဖြစ်ပြီး စကြဝဠာ၏ငြိမ်းချမ်းရေးကို နှောင့်ယှက်နိုင်သည့် အရာများအပေါ် ပါဝင်ခွင့်ပိတ်ထားသည်။  စည်းကမ်းချိုးဖောက်သည့် မည်သူ့ကိုမဆို ပြန်ပို့မည်ဖြစ်သည်။


တတိယအချက်အနေဖြင့် ပြည်တွင်းနေထိုင်ခွင့်က ဆယ်နှစ်သာခံမည်ဖြစ်သည်။ ဒိတ်ကုန်သွားသည်နှင့် အနီရောင်ဂြိုလ်တွင် သက်တမ်းတိုးခွင့်ရှိသည်။


ဤအခြေအနေသုံးရပ်က ယခုလက်ရှိအခြေနေအတွက် အကောင်းဆုံးဖြေရှင်းနည်းများဖြစ်ကြသည်။ သွေးမျိုးသန့်များက စာချုပ်ချုပ်ဆိုသူရှာရန် အခွင့်အရေးပေးပြီး သူတို့၏ရူးသွပ်နေသော လုပ်ရပ်များကိုပါ တားနိုင်သည်။ အကျဉ်းချုပ်ပြော ရလျှင်: ပြဿနာမရှာနဲ့၊ ပြဿနာမရှာနဲ့၊ ပြဿနာမရှာနဲ့ ဟူ၍သာဖြစ်သည်။


သို့သော် သူတို့၏အစွမ်းကို ချိတ်ပိတ်ခြင်းက အနည်းငယ် ခက်ခဲပေသည်။သူတို့က ပြဿနာရှာရတာ သဘောကျသည့် လူတစ်အုပ်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အစွမ်းကိုချိတ်ပိတ်ပြီး သာမန်လူများအဖြစ် အဆင့်လျှော့ပစ်ရန်မှာ မဖြစ်နိုင်သည့် တာဝန်ကြီးဖြစ်နေသည်။


○| ̄|_


မထင်မှတ်ထားစွာဖြင့် အခြေအနေသုံးရပ် ထွက်ပေါ်လာသည်နှင့် စကြဝဠာကြီးကို သိမ်းမည်တကဲကဲဖြစ်နေသော လူအုပ်က ချက်ချင်းသဘောတူလိုက်သည်။ လူတိုင်းက နာနာခံခံလေး ခေါင်းငြိမ့်ကြပြီး မည်သူမှ အထွန့်မတွက်ကြပေ။ သူတို့က အစွမ်းကိုချိတ်ပိတ်ဖို့ပင် အသည်းအသန်တောင်းဆိုကြသေးသည်။


"အရှင်မ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ... ကျွန်တော်တို့ အရှင်မပြောသမျှကို နာခံမှာပါ...."


"အရှင်မ... အရှင်မ စတိုက်ခိုက်တော့လေ... ကျွန်တော့်ဗိုက်ကိုတိုက်ခိုက်မလား... လက်ကိုလား... နောက်ကျောကိုလား.... ကျွန်တော်ပြင်ဆင်ပြီးပါပြီ...."


"အရှင်မ... အရင်ဆုံး အစွမ်းချိတ်ပိတ်ခံတဲ့လူက စာချုပ်ချုပ်ဆိုသူရဖို့ အခွင့်အရေးပိုများတယ်ဆိုတာ ဟုတ်လားဟင်.... ဒါဆို ကျွန်တော့်ကို အရင်ချိတ်ပိတ်ပေးပါလား...."


"အရှင်မ.... ကျွန်မက ငြိမ်းချမ်းမှုကို တကယ်နှစ်သက်တာပါ.. ကြည့်လိုက်လေ ကျွန်မမှာ အခြားသူတွေလို ကြွက်သားတွေမရှိဘူး... ဒီတော့ ကျွန်မကို စာချုပ်ချုပ်ဆိုသူနဲ့အရင်မိတ်ဆက်ပေးပါလားဟင်...."


"အရှင်မ...."


သွားကြစမ်း... ငါက ယွဲ့လောင်မဟုတ်ဘူးလို့...


(#‵′)凸


ယောင်စစ် တစ်ပတ်လုံးလုံး သွေးမျိုးသန့်များ၏ အစွမ်းကို သာမန် သွေးစုပ်ဖုတ်ကောင်တစ်ယောက်၏ အဆင့်အထိ ချိတ်ပိတ်ပေးနေလိုက်သည်။ တိုက်ပွဲပြီးကတည်းက သူမက ထိုအစွမ်းနှင့် စိတ်ခွန်အားကို လွယ်ကူစွာ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။


သူမ၏ အစွမ်းက ထူးခြားနေဆဲဖြစ်သည်။ ယခုလေးတင် တစ်မျိုးဆိုလျှင် ခဏနေလျှင် တစ်မျိုးပြောင်းပြီး အမျိုးမျိုးဖြစ်နေနိုင်သည်။


"စွမ်းအင်အရောပဲ..."

မူရွှမ် ပြောလိုက်သည်။


"ရှင်ဘယ်လိုလုပ်သိတာလဲ...."


"ကိုယ်လည်းမသေချာဘူး...."

သူခေါင်းခါလိုက်သည်။

"ပိုသင့်လျှော်တဲ့ နာမ်စားကို တွေးမိရုံပဲ..."


ယောင်စစ် အရမ်းအာရုံစိုက်မနေတော့ဘဲ သွေးမျိုးသန့်များကိုသာ အစွမ်းချိတ်ပိတ်ပေးနေလိုက်သည်။ ထိုသို့လုပ်နေရင်းဖြင့် သွေးမျိုးသန့်များ၏ အစွမ်းကိုဖိနှိပ်ထားသည်မှာ လုံးဝပေါ်မလာတော့တာမဟုတ်ဘဲ တဖြေးဖြေးချင်း ချိတ်ပိတ်ကပျက်နေကာ နောက်ရာစုနှစ်နည်းနည်းတွင် ပုံမှန်သာပြန်ဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူမက သွေးမျိုးဆက်ဖိနှိပ်ခြင်းကို အပိုစည်းတံဆိတ်အဖြစ် ပြုလုပ်လိုက်သည်။


သူတို့၏အစွမ်းများ အားလုံးကို ချိတ်ပိတ်ပြီးနောက်တွင် သူတို့အားလုံးကို အကြီးအကဲကောင်စီက တာဝန်လက်လွှဲယူသွားသည်။


အချိန်ခဏအကြာတွင် တော်ဝင်နန်းတော်ရှေ့ရှိ လူအုပ်ကြီးက ထွက်ခွာသွားကြပြီဖြစ်သည်။ ယောင်စစ် သူမ၏ အင်အားများ လျော့နည်းသွားသလို ခံစားလိုက်ရပြီး မူရွှမ်နှင့်အတူ ဆိုဖာပေါ်လှဲရင်း အမောဖြေနေသည်။


"ကျွန်မ ပင်ပန်းနေပြီ...."

သူမ နောက်ဆုံးတွင် မျိုးနွယ်စုကြား ပဋိပက္ခများက မည်မျှဆိုးကြောင်း နားလည်သွားပေပြီ။


"ယောင်ယောင်...."

မူရွှမ် သူမကို ဖက်လိုက်ပြီး သူမကို ခပ်ပူပူရှိနေသေးသော ပန်းကန်လုံးတစ်လုံးပေးလိုက်သည်။

"လာပါ.... သွေးခဲလေးနည်းနည်းသောက်ပြီး အားဖြည့်လိုက်နော်...."


ယောင်စစ် တစ်ပန်းကန်လုံး မော့သောက်လိုက်ပြီး မူရွှမ်၏ ဟင်းချက် လက်ရာကောင်းမှုအပေါ် ယစ်မူးနေမိသည်။ သူမ လျှာသပ်၍ ပန်းကန်လုံးပြန်ချလိုက်ကာ သူ့ကိုဖက်လိုက်သည်။ သူမ ခေါင်းလေးကိုမော့၍ သူမထက်အလုပ်များလှသော မူရွှမ်ကိုကြည့်ပြီး ရင်ထဲနွေးထွေးကာ ရီဝေဝေခံစားချက်လေးထွက်ပေါ်လာသည်။ ထိုခံစားချက်က သူမတစ်ခါမှ မခံစားဖူးသည့် ခံစားချက်ပင်။


"မူရွှမ်..."


"အင်း...."

သူလက်ဆန့်ထုတ်လိုက်ပြီး သူမနှုတ်ခမ်းထောင့်ရှိ စွပ်ပြုတ်အကြွင်းအကျန်များကို သုတ်ပေးလိုက်ပြီး သူ၏မျက်နှာတစ်ခုလုံးက သူမအမြင်အာရုံကို စိုးမိုးသွားသည်။


"ကျွန်မက ရှင့်ကိုတကယ် အသွင်ပြောင်းပေးခဲ့တာလား....."


မူရွှမ် ခါးလေးငုံ့ကိုင်းလိုက်ပြီး သူမနှုတ်ခမ်းလေးကို ခပ်ဖွဖွနမ်းလိုက်သည်။

"ဘာလို့ အဲ့လိုပြောရတာလဲ...."


"ဘာလို့လဲဆိုတော့... ကျွန်မ အိပ်မက်တစ်ခုမက်ခဲ့လို့ပဲ..."