အပိုင်း ၁၉၆
Viewers 16k

Chapter 196

ဘုရင်မရဲ့ကြီးပြင်းလာမှု


ယောင်စစ် တစ်စုံတစ်ခုမှားနေသည်ဟု သေချာသိပေသည်။

သူမက ဘယ်လိုလုပ်ပြီး သူတို့ရဲ့ ဘုရင်မဖြစ်ရမှာလဲ.. သူမရဲ့ ကိုးရိုးကားယားအစွမ်းနဲ့ဆိုရင် သူတို့အထင်လွဲတာပဲဖြစ်ရမယ်... အကယ်၍ သူမကသာ သူတို့ရဲ့ဘုရင်မဆိုရင် မျိုးနွယ်စုတစ်ခုလုံး အန္တရာယ်ကင်းသွားမယ်မလား...


မဟုတ်သေးဘူး... မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဒါကြီးက လုံးဝမဖြစ်နိုင်ဘူး... မူရွှမ့်ကိုဘုရင်လို့ ပြောရင်ကို ယုံဦးမယ်...


ထိုသည်နှင့် သွေးမျိုးသန့်တစ်အုပ်ကြီးက သူမကို အလွန်အမင်းစိတ်ခံစားချက်ပြင်းပြစွာဖြင့် ကြည့်လာကြသည်။ အကြည့်များက စူးရှနေသည်မှာ မီးများပင်တောက်လုမတတ်ဖြစ်နေသည်။ ဤသို့ဖြင့် သူတို့၏တိုက်ပွဲကြီးက ထူးဆန်းသည့်မှတ်ချက်တစ်ခုကြောင့် အဆုံးသတ်သွားခဲ့ရတော့သည်။


သူမ၏ တည်ရှိမှုတစ်ခုလုံးက အသုံးမဝင်ဖြစ်နေသည်။ သွေးမျိုးသန့်များက သူမကို သူတို့၏ဘုရင်မဟု တထစ်ချယုံကြည်နေကြပြီး ချက်ချင်းကြီးသူမ၏ သစ္စာရှိပရိတ်သတ်များအဖြစ် ပြောင်းသွားကြသည်။ သူတို့အဆူခံရသည်ဖြစ်စေ သူတို့၏အစွမ်းများ ဖိနှိပ်ခံရသည်ဖြစ်စေ သူတို့ အရာအားလုံးကို လက်ခံရန် ဆန္ဒရှိနေကြသည်။


သူတို့က သူမအပေါ် ကိုးကွယ်လုမတတ်ဖြစ်နေပြီး သူမ၏ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးရန် ပြင်နေကြသည်။ သူတို့၏စကြဝဠာကို ပြန်ရန်ဟူသော ကိစ္စမှလွဲ၍ သူမကို "အရှင်မ"ဟူသော ဂုဏ်သရေရှိသော ဘွဲ့ထူးပေးရန် မဆုတ်မနစ်ကြိုးစားနေကြသည်။ သူတို့ဘုရင်မ ဘယ်သွားသွားလိုက်မည်သာဖြစ်သည်။


သွေးစုပ်ဖုတ်ကောင် တစ်အုပ်ကြီးက သူမဘယ်သွားသွားလိုက်နေကြပြီး အနီရောင်ဂြိုလ်သို့ပြန်သည်ကိုပင် လိုက်လာကြသည်။ အကြီးအကဲကောင်စီက သူမနောက်တွင်လိုက်နေသော ထောင်ပေါင်းများစွာသော လူများကို ကြည့်ပြီး တင်းမာသွားသည့်မျက်နှာများကို ယောင်စစ်တစ်ယောက် သူမတစ်သက်မမေ့နိုင်တော့ဟု ထင်ခဲ့မိသည်။


သူတို့က ဘယ်သူတွေလဲ.... ရှုံးသွားတဲ့အဖွဲ့လား... အကျဉ်းသားတွေလား...


(⊙ o ⊙)


"ဒါပူးပေါင်းကြံစည်မှုပဲ.... သေချာပေါက်ကိုပူးပေါင်းကြံစည်မှုပဲ..."

ယောင်စစ် တော်ဝင်နန်းတော်ကို လှည့်ကြည့်လိုက်သည်။ အနက်ရောင်ချပ်ဝတ်များဖြင့် ထောင်ပေါင်းများစွာသော အုပ်စုက နေရာတိုင်းတွင် လိမ်လိမ်မာမာလေးနေနေကြသည်။ 'စက်ကယ်ခွေးတွေဝင်ခွင့်မပြု'ဟူသော စာတမ်းသာမကပ်ထားပါက သူတို့အားလုံးက သူမတစ်အိမ်လုံးကို သိမ်းသွားလောက်သည်။


ဒီလူလိမ်ကောင်တွေက သူတို့ကို ဒီမှာနေခွင့်ပြုဖို့ လိမ္မာချင်ယောင် သရုပ်ဆောင်နေကြတာပဲ.....


"ငါ့ကို သူတို့ရဲ့ဘုရင်မအဖြစ်ထားပြီး အတွင်းထဲမှာတစ်ခုခုကြိတ်ကြံနေကြတာများလား...."

ခုဏက မင်းသားကြီးက သူ၏ကတိကိုချိုးဖောက်ခဲ့ပြီး သူ၏ဉာဏ်ရည်ဖြင့်ဆိုလျှင် လျှို့ဝှက်ကြံစည်မှုတစ်ခု ရှိရပေမည်။


ဒါက လုံးဝကို ယုတ်မာတာပဲ...


"အဲ့လိုမဟုတ်ရပါဘူး ဘုရင်မ... အဟမ်း... အရှင်မရယ်...."

လင်းလုံ စိတ်လှုပ်တရှားမတ်တတ်ရပ်လိုက်ပြီး သူမကို တောက်ပစွာကြည့်လိုက်သည်။

"ကျွန်တော်တော့ သူတို့မှားမယ်မထင်ဘူး..."


"အာ့ကုံ နင်ရောပဲလား...."

ယောင်စစ်တစ်ယောက် အပြင်ကထောင်ပေါင်းများစွာသော လူများကဲ့သို့ တက်ကြွနေသည့်ပုံကြီးဖြင့် သူမကိုကြည့်နေသော လင်းလုံကို တစ်ချက်ကြည့်လိုက်သည်။

"နင်က ဘယ်သူ့ဘက်ကလဲ... နင်ဘာလို့ ဘက်ပြောင်းသွားရတာလဲ... ငလူး.. နင်ဘာလို့တုန်နေရတာလဲဟ...."


"ကျွန်..ကျွန်တော်...ကျွန်တော်မထိန်းချုပ်နိုင်ဘူးဗျ....."

သူလည်း တုန်ရီမနေချင်ပေ။ သို့သော် သူယောင်စစ်ကိုကြည့်တိုင်း ခြေထောက်များပျော့ခွေလာကာ ဒူးထောက်ချင်စိတ်များဖြစ်ပေါ်လာသည်။ သူ့ကိုယ်တွင်းရှိ ရိုသေလေးစားမှုကို လုံးဝမဆန့်ကျင်နိုင်ပေ။ အရာအားလုံးက မြေကြီးလက်ခတ်မလွဲ မှန်နေဟန်ဖြစ်နေသည်။ 


ယောင်စစ်မှ သွေးမျိုးသန့်များကို ဖိနှိပ်နိုင်သည့် အစွမ်းကိုထုတ်လွှတ်ပြီးသည့်အချိန်မှစ၍ သူ့ထံတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်တည်လာသည်။ ၎င်းက သူမနှင်ရင်းနှီးသည့် သူကဲ့သို့သော လူမျိုးပင် မတောင့်ခံနိုင်ပေ။

"အရှင်မ... အရှင်မ ထုတ်လွှတ်နေတဲ့ အင်အားက သန်မာလွန်းလှတယ်...ကျွန်တော်တို့ရဲ့ဘုရင်မဆိုတာ သေချာပေါက်ပါတယ်... သံသယတောင်ဝင်စရာမလိုဘူး...."


"ဟုတ်ပါတယ် အရှင်မ...."

ယွီကျဲက ခိုင်ခိုင်မာမာပြောလိုက်သည်။

"ကျွန်တော်တို့မျိုးနွယ်က အဲ့ဒီ့ဖိနှိပ်အားကို ခံနိုင်တဲ့ တစ်ခုတည်းသောမျိုးနွယ်ဖြစ်ပြီး ကျွန်တော်တို့ကို ဖိနှိပ်နိုင်တဲ့ လူကလည်း ဘုရင်မတစ်ဦးတည်းရှိတာပါ....."


"ဘာကိုဖိနှိပ်အားလဲ...."

ယောင်စစ် ကြောင်အနေမိသည်။ သူမ ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်သောအခါ တိုက်ပွဲတုန်းက သူမထုတ်လွှတ်ထားသော အင်အားတစ်ခုကို ပြန်မသိမ်းရသေးကြောင်း သတိရမိသွားသည်။ ၎င်းက ယခုအချိန်အထိ ထုတ်လွှတ်နေဆဲဖြစ်သည်။


သူမ ၎င်းကိုရပ်တန့်လိုက်သည်နှင့် လင်းလုံနှင့်ယွီကျဲတို့နှစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။ လင်းလုံလည်း တုန်ရီနေရာမှရပ်သွားသည်။


ယောင်စစ် ထွက်ပေါက်ကိုကြည့်လိုက်သောအခါ အခြားလူများကလည်း ပိုမိုအဆင်ပြေသွားဟန်ဖြစ်နေသည်။ အချို့က သူတို့ခြေထောက်များ တောင့်ခဲနေ၍ လမ်းတစ်ပတ်လျှောက်လိုက်ကြသော်လည်း တစ်ယောက်မှ ထွက်သွားခြင်းမရှိပေ။


ဖက်ခ်... သူတို့က နာခံမှုကိုပြဖို့ဒူးထောက်နေကြတာမဟုတ်ဘဲ သူမရဲ့ဖိနှိပ်မှုကြောင့်သာ ဒူးထောက်နေကြရတာပေါ့....


ဒီမြင်ကွင်းက...


"သွေးမျိုးဆက်ဖိနှပ်ခြင်း...."

သူမ ထုတ်ပြောလိုက်သည်။ သိုသော် ၎င်းက ခုဏက သူမထုတ်လွှတ်နေသည့် ဖိနှိပ်မှုနှင့်မတူပေ။ သွေးမျိုးဆက်ဖိနှိပ်မှုက အနီရောင်ဂြိုလ်ပေါ်ရှိ သွေးစုပ်ဖုတ်ကောင်များကိုသာ ဖိနှိပ်နိုင်ပြီး သွေးမျိုးသန့်များကို မဖိနှိပ်နိုင်ပေ။


"အမှန်ပဲ....."

လင်းလုံ အားပါးတရခေါင်းငြိမ့်လိုက်သည်။

"ဒါက မင်းသားကြီးယွမ်ကျန်းပြောတာ မမှားဘူးလို့ ပြနေတာပဲ...."


ဖက်ခ်


"ဒါပေမဲ့ ငါကမူရွှမ်ဆီက အသွင်ပြောင်းခံလိုက်ရတာ အသိအသာကြီးကို...."

ဤအချက်အလက်များက သူမ တောင့်မခံနိုင်သည်အထိ များလွန်းနေ၍ မူရွှမ်ကို အထောင်အပံ့အနေဖြင့် ကိုင်ထားရသည်။

"ဟုတ်တယ်မလား.... မူရွှမ်က သူငါ့ကို ဘယ်လိုအသွင်ပြောင်းပေးလိုက်လဲဆိုတာ အကုန်မှတ်မိပြီတဲ့လေ...."


သူ သူမလက်ကိုတင်းတင်းကိုင်လိုက်သည်။ သို့သော် သူစကားမပြောခင် လင်းလုံက ဖြတ်ပြောလိုက်သည်။

"အရှင်မ... အရှင်မက ကျွန်တော်တို့ရဲ့ ဘုရင်မဆိုမှတော့... ဘယ်သူက ဘယ်သူ့ကိုအသွင်ပြောင်းပေးလိုက်တယ်လို့ ထင်ပါသလဲ..."


"ဘာ....."

ယောင်စစ် ကြောင်အသွားရသည်။


ဟုတ်တာပဲ... တကယ်လို့ သူမသာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ တကယ့်ဘုရင်မဆိုရင် လီကျန်းကိုဒုတိယအကြိမ်အသွင်ပြောင်းလိုက်တာကို ရှင်းပြနိုင်သွားပြီ... အဲ့ဒီ့အပြင် သူမသွေးလှူတဲ့ ပထမဆုံးအကြိမ်မှာ....


ဖက်ခ်


(⊙_⊙)


"အရှင်မက.... ဒီစကြဝဠာမှာဆောင်းမခို(မအိပ်စက်)ခင် မှတ်ဉာဏ်တွေနဲ့ အစွမ်းတွေကို ချိတ်ပိတ် ခဲ့လောက်မယ်... ဒါကြောင့် ဒီလိုမှတ်ဉာဏ်ပျောက်နေရတာပဲ... ချိတ်ပိတ်ထားတာက အချိန်နဲ့အလိုက်လျော့ရဲသွားပါလိမ့်မယ်... ဒါက သွေးစုပ်ဖုတ်ကောင်တွေအတွက် ပုံမှန်ပါပဲ...."

လင်းလုံ ထပ်ပြောလိုက်သည်။ ၎င်းက သွေးမျိုးသန့်များသုံးလေ့ရှိသော နည်းလမ်းဖြစ်သည်။


ဒီတော့... ယောင်စစ်ဆိုတဲ့ သူမက သွေးလှူမိရင်းနဲ့ မူရွှမ်ကို အသွင်ပြောင်းပေးမိသွားတာလား.... ဒါပေမဲ့ သူမက မှတ်ဉာဏ်ရောအစွမ်းတွေရောကို ချိတ်ပိတ်ထားတော့ သူ့ကိုမနှိုးနိုင်ခဲ့လို့ သူက ဆောင်းခိုသွားရတာပေါ့...


ထို့နောက်တွင် သူမ၏ သွေးမျိုးဆက်က တဖြေးဖြေးနိုးထလာသော်လည်း ၎င်း၏စည်းတံဆိပ်က တန်ပြန်မိပြီး မူရွှမ်၏အစွမ်းကို မတော်တဆ နှိုးထမိသွားပုံရသည်။ သူက အချိန်အကြာကြီး ဆောင်းခိုအိပ်စက်ခဲ့၍ သူ့ကို သူမထက်မြင့်သောသွေးမျိုးဆက်ပိုင်ရှင်ဟု သတ်မှတ်နိုင်ခဲ့သည်။ သူ၏အစွမ်းများက အပြာရောင်ဂြိုလ်၏ ကပ်ဆိုးကျနေ့ရက်များတွင်သာ အပြည့်အစုံနိုးထလာခြင်းဖြစ်ရပေမည်။


၎င်းက မူရွှမ်က အဘယ့်ကြောင့် ဘိုးဘေးများနှင့် မင်းသားကြီးထက်ပင် သန်မာနေရကြောင်း ရှင်းပြပေးသွားနိုင်သည်။

ဒါဆိုရင် အကုန်လုံးက သူမကြောင့်ပေါ့လေ....


"မဟုတ်သေးဘူးနော်....."

ယောင်စစ် အဓိကကျသည့် ပြဿနာကိုရှာတွေ့သွားသည်။

"ငါ့ရဲ့ ကလေးဘဝကမှတ်ဉာဏ်တွေကို မှတ်မိနေသေးတယ်လေ... ငါက ကမ္ဘာဂြိုလ်သားတွေလို ငယ်ရာက ကြီးလာတာ...."

သူမကို မိဘမဲ့ဂေလိုက်ပို့ပေးခဲ့သော ရဲသားကြီးကို ပင်မှတ်မိသေးပေသည်။


သူမသာ မှတ်ဉာဏ်တွေချိတ်ပိတ်ပြီးမှ ဆောင်းခိုခဲ့တယ်ဆိုရင် အရွယ်ရောက်လူကြီးတစ်ယောက်အနေနဲ့ ပြန်နိုးလာရမှာမလား... သူမရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အဲ့လိုပဲဖြစ်ရမှာလေ... ဒီမှတ်ဉာဏ်တွေကတော့ အတုတွေမဖြစ်နိုင်ဘူး....


လင်းလုံက ယွီကျဲနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုး၍ ရှင်းပြလာသည်။

"အရှင်မ.... မင်းသားအဆင့်နဲ့ အထက်အဆင့် သွေးစုပ်ဖုတ်ကောင်တွေမှာ ပုံဖျက်ဖုံးကွယ်ခြင်းဆိုတဲ့ အစွမ်းကို ပိုင်ဆိုင်ကြပါတယ်...."


"..."

သောက်ကျိုးနည်း...


"သွေးစုပ်ဖုတ်ကောင်တစ်ယောက်က ဆောင်းခိုလို့နိုးလာတာနဲ့ ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ပုံဖျက်ဖုံးကွယ်ခြင်းအစွမ်းကို အရင်သုံးပြီးမှ အိပ်လေ့ရှိပါတယ်... အဲ့ဒီ့အစွမ်းက ကျွန်တော်တို့ကို လိုချင်တဲ့ဘယ်ပုံမဆို ပြောင်းလဲပေးနိုင်ပါတယ်...."

သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လင်းလက်လာပြီး အလင်းအလျှင်နှင့် ပြောင်းလဲသွားသည်။ နှစ်မိနစ်အတွင်း သူက အရပ်ပုသော၊ ပိန်သော၊ ဝသော ပုံအမျိုးမျိုးအဖြစ် ပြောင်းလဲသွားသည်။ သူက လှပလှသော ကောင်ငယ်လေးတစ်ယောက်မှသည် လှပလှသောမိန်းမငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲပြလိုက်သည်။


ဖက်ခ်.... သူပုံပြောင်းပြနေတာပဲဟ...


(⊙ o ⊙)


၎င်းက လူတိုင်းကို အံ့ဩသွားစေပြီး လီကျန်းကပိုဆိုးသည်။ သူမျက်စိရှေ့ရှိ အလှလေးကိုကြည့်ပြီ ပါးစပ်အဟောင်းသားဖြစ်နေရသည်။


"ဒါပေမဲ့ ဒါက လှည့်စားထားတာပါ... ကျွန်တော်ရဲ့ လိင်က မပြောင်းဘူးရယ်.... "

ယွီကျဲက မိန်းကလေးဆန်ပြီးနူးညံ့သောအသံလေးဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ ဆောင်းမခိုခင်မှာ ပုံစံအသစ်ပြောင်းပြီးမှ ကျန်တဲ့အစွမ်းတွေအကုန်လုံးကို ချိတ်ပိတ်ပစ်ခဲ့လိုက်တယ်... ပုံဖျက်ဖုံးကွယ်ခြင်းအစွမ်းက ပျောက်ကွယ်ဖို့ အချိန်တော်တော်လေးလိုအပ်တယ်... ဥပမာဆိုရရင် မင်းသားကြီးယွမ်ကျန်းလိုပေါ့ သူလည်းမကြာခင်မှ ပုံပြောင်းတာတဖြေးဖြေးပျောက်ကွယ်လာတာ...."

ထို့နောက် သူ၏မူလပုံစံကို ပြောင်းလိုက်သည်။


ယွမ်ကျန်းလား... နင်ပြောချင်တာ အဲ့သောက်ကလေးလေးလေ... ကလေးပုံက သူ့မူလပုံမဟုတ်ဘူးပေါ့..


"အရှင်မ... အရှင်မက ဆောင်းမခိုခင် ကလေးပုံပြောင်းခဲ့တာနေပါလိမ့်မယ်..."


“…”


ဒါဆို သူမရဲ့ငယ်ဘဝအမှတ်တရတွေကို အကုန်လုံးမှတ်မိနေရာ သူမက ကလေးတစ်ယောက်ဟုတ်မနေခဲ့လို့ပေါ့လေ..


သူမက တကယ်ကြီး သွေးမျိုးသန့်တွေရဲ့ ဘုရင်မများလား...


Σ(°△°|||)︴