အပိုင်း ၁၉၅
Viewers 16k

Chapter 195

အနိုင်ရရှိသူ၏အပြန်

 

"မင်းဘာပြောတာ...."

လင်းလုံ မယုံကြည်နိုင်ဟန်မေးလိုက်သည်။

"မင်း ကတိဖျက်မလို့လား...."


သူသာမကပေ။ ပေါ်တယ်ထဲမှ ထွက်လာကြသော အခြား သွေးစုပ်ဖုတ်ကောင်များပါ သူ့ကို စိတ်ရှုပ်ထွေးနေသည့်ပုံဖြင့် ကြည့်လာကြသည်။သွေးစုပ်ဖုတ်ကောင်များက မရိုးဖြောင့်သည့် မျိုးနွယ်များမဟုတ်ကြပေ။


"အစကတော့ ဒါကို မသင်္ကာဖြစ်ရုံလေးပဲ...."

ယွမ်ကျန်းဟုခေါ်သော ကောင်လေးက လေးနက်စွာပြောလိုက်သည်။ သူ့မျက်လုံးများက တောက်ပနေကာ ကြီးမားလှသည့် စိတ်လှုပ်ရှားမှုကြီးကို ဖိနှိပ်နေရဟန်ဖြစ်နေသည်။

"ဒါပေမဲ့... ငါမင်းတို့လူတွေကို ကြည့်မိလိုက်တဲ့အခါမှာ ပိုသေချာသွားတော့တယ်...."


"ဒီကပတ်ဝန်းကျင်က ငါတို့ဆီကနဲ့ ဘယ်လောက်မှမကွာဘူး... ပြီးတော့ ဒီမှာစာချုပ်ချုပ်ဆိုသူ နှစ်ယောက်တောင် ရှိလိုက်သေးတယ်... ပြီးတော့ ဒီကမျိုးနွယ်စုက ငါတို့ထက်သန်မာတယ်... ဒီလို တိုက်ဆိုင်မှုတွေကြောင့် ဖြစ်နိုင်တာက... ဒါငါတို့ရဲ့အမြွှာ စကြဝဠာပဲ...."


သူ့မျက်လုံးများက တောက်ပနေကာ လူအုပ်ကို လှည့်ကြည့်လိုက်သည်။

"ငါပြောတဲ့ အမြွှာစကြဝဠာကို မင်းတို့သိမယ်ထင်ပါတယ်... ငါတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေက သေချာပေါက်ကို ဒီမှာရှိလိမ့်မယ်... ဒါဆို ငါတို့က ဘာကြောင့်များ ဒီစကြဝဠာကိုလက်လျှော့ရမှာလဲ....."


လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ခဏအကြာတွင် ပျော်ရွှင်မှုတို့ လွှမ်းခြုံနေသော  အားပေးဟစ်အော်သံများ ထွက်လာပြီး လူတိုင်း၏မျက်လုံးများတောက်ပသွားကြသည်။ သူတို့အားလုံး မင်းသားကြီးကဲ့သို့ 'စင်ကယ်ဘဝ'ဟူသော အလင်းလှိုင်းများ လွှမ်းခြုံနေသည်။


ဘာကို ဂုဏ်သိက္ခာလဲ... ဘာကိုကတိလဲ.. ဘာကိုတိုက်ပွဲလဲ... ဘာကို မျိုးနွယ်စုရဲ့ ဂုဏ်သရေလဲ... အရာအားလုံးက စာချုပ်ချုပ်ချုပ်ဆိုသူနဲ့ယှဉ်နဲ့ဘာမှမဟုတ်ဘူး....


ယောင်စစ်၏ နှလုံးသားလေး လေးလံသွားရသည်။

အကုန်သွားပြီပဲ...


သွေးမျိုးသန့်များက ဤစကြဝဠာနှင့်မရင်းနှီး၍ သူတို့၏ လုပ်ဆောင်ချက်များက ခန့်မှန်းချက်များပေါ်တွင်သာ မူတည်နေသည်။ လင်းလုံပို့ပေးထားသည့် တင်ပြချက်က  မတိကျပေ။ သူတို့တွင် မသင်္ကာမှုများရှိနေ၍ ဤစကြဝဠာက သူတို့၏အမြွှာစကြာဝဠာဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။


အရေးအကြီးဆုံးက လင်းလုံက ဤစကြဝဠာရှိ သွေးစုပ်ဖုတ်ကောင်များက ဝမ်အာ့မာဆီမှ ဆင်းသက်လာကြသည်ဟူသော အချက်ဖြစ်သည်။ သို့သော် ယောင်စစ်တို့၏ လုပ်ဆောင်ချက်များနှင့် သူတို့၏ သန်မာလှသည့်ခွန်အားများ ထွက်ပေါ်လာမှုက သွေးမျိုးသန့်များကို ကျူးကျော်မှုမှ ဟန့်တားလိုက်ကြသည်။


သို့သော် မင်းသားကြီးက သူတို့၏ သံသယများကို အတည်ပြုပေးလိုက်မည်ဟု မထင်ထားခဲ့ပေ။

ဆက်ခံသူတွေနဲ့ ဒီစကြဝဠာမှာ အခြေချနေထိုင်တဲ့ သူတို့နဲ့ဆင်တူတဲ့မျိုးနွယ်ရယ်နဲ့ဆိုရင် ဒါတွေက အမြွှာစကြာဝဠာရဲ့ ဝိသေသလက္ခဏာတွေပဲမဟုတ်ဘူးလား.....

၎င်းက သူတို့၏ ကြိုးစားအားထုတ်မှုများနှင့် ရလဒ်ပြောင်းပြန်ထွက်စေပြီး အကောင်းထက် ပိုမိုထိခိုက်သွားစေသည်။


ဖက်ခ်... ပိုပိုပြီးဆိုးလာပြီ...


သောက်ကလေးတွေက ကမ္ဘာပေါ်မှာအဆိုးဆုံးဆိုတာ တကယ်ယုံသွားပြီ...


"ဒီစကြဝဠာထဲမှာ ငါတို့အပိုင်တွေရှိတယ်... ဘယ်သူမှ ငါတို့ကို တားမရဘူးကွ...."

မင်းသားကြီးက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူမတို့ဘက်လှည့်လိုက်သည်။ သူ၏အကြည့်များက သတိထားနေဟန်မှ နိုင်ပွဲကိုသာ လိုလားသည်ဟူသော အကြည့်များအဖြစ် ပြောင်းလဲသွားတော့သည်။

"ငါတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေအတွက်.... သူတို့ကို ဖမ်းကြစမ်း....."


ခဏအကြာတွင် သွေးမျိုးသန့် သန်းပေါင်းများစွာက သူတို့အစွမ်းများကို သူမတို့ထံ ပစ်လွှတ်လိုက်သည်။ အာကာယံတွင် မတူညီသည့်အစွမ်းပေါင်းများစွာကြောင့် လင်းလက်သွားပြီး နက်မှောင်နေရာမှ မျက်စိကန်းလုမတတ်အလင်းပင်လယ်ကြီးဖြစ်ပေါ်လာသည်။


"မြန်မြန်... ပြေးတော့...."

မူရွှမ်က ဒဏ်ရာများမှ လုံးဝသက်သာသွားပြီဖြစ်ကာ သူ့ကိုယ်တွင်းရှိ စွမ်းအား အကုန်လုံးကိုသုံး၍ ဧရာမအလင်းအကာအရံကြီးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လက်ဝှေ့ရမ်း၍ ပေါ်တယ်တစ်ခု ထွက်ပေါ်လာစေကာ ယောင်စစ်ကို တွန်းလွှတ်လိုက်သည်။


"မူရွှမ်...."


"အနီရောင်ဂြိုလ်ကိုပြန်တော့....."


သူ စကားတစ်ခွန်းသာပြောချိန်ရလိုက်ပြီး ကောင်းကင်အပြည့် အစွမ်းမျိုးစုံက သူ့ထံပျံသန်းလာကြသည်။ သောင်းပြောင်းရောထွေးနေသည့် အစွမ်းများက သူ့ကိုယ့်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသည်။


"သွားကြမယ်... မဟုတ်ရင်အရမ်းနောက်ကျသွားလိမ့်မယ်...."

လင်းလုံက ပေါ်တယ်ထဲဝင်လိုက်ပြီး သူမကို ဆွဲသွားသည်။


သွေးမျိုးသန့်များ၏ စာချုပ်ချုပ်ဆိုသူများအပေါ်တွင်  ထားရှိသည့် စိတ်အစွဲက ထွက်ပေါ်လာသည်။ ဆက်ခံသူများက သူတို့တည်ရှိနေရသည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်၍ မည်သူမှသူတို့ကိုး မတားနိုင်ပေ။ ပြဿနာက လူတိုင်းအတွက်ဖြစ်လာပြီး စစ်ပွဲက ဧကန်မုချဖြစ်ပေတော့မည်။


"မင်းအသက်ရှင်နေသမျှ သူမသေနိုင်ဘူး...."


ယောင်စစ် လက်သီးတင်းတင်းဆုပ်ကာ ပေါ်တယ်ထဲဝင်လိုက်သည်။ သူပြောတာမှန်သည်။ သူမတွင် စိတ်ခွန်အားမှလွဲ၍ အခြားအရာများအားလုံးချို့တဲ့နေသည်။ ဤနေရာတွင် ဆက်နေနေပါက မူရွှမ်၏ စိတ်က သူမဆီသာရောက်နေမည်ဖြစ်သည်။


သွေးမျိုးသန့်များက သူတို့မျိုးနွယ်အချင်းချင်းမသတ်နိုင်ကြသော်လည်း သူမကိုသတ်နိုင်ပေသည်။ သူမသာ အသက်ရှင်နေသ၍ မူရွှမ်လည်း သေမည်မဟုတ်ပေ။


သူဖန်တီးထားသည့် အဖိုးတန်လှသည့် လွတ်မြောက်ရေအခွင့်အရေးကခု မဖြုန်းတီးနိုင်ပေ။ သူမ ထွက်သွားပြီး ကိုယ့်ကိုကိုယ်ကာကွယ်နေရမည်ဖြစ်သည်။

စိတ်လျှော့ထား.... စိတ်လျှော့ထား....


ဘန်း


မူရွှမ် အစွမ်းကုန်သုံး၍ဖန်တီးထားသော အလင်းအကာအရံကြီးက စတင်အက်ကွဲလာပြီး သန်းချီသောအလင်းတန်းများက သူ့ဆီပြေးဝင်လာကြသည်။ ၎င်းက အနှေးပြကွက်တစ်ခုအသွင်ဖြစ်နေပြီး ယောင်စစ်က အစွမ်းတစ်ခုဆီက သူ့ကိုထိမှန်သွားပြီး သွေးထွက်လွန်း၍ သူ၏အင်္ကျီက အနက်ရောင်ပြောင်းနေသည်ကို ရှင်းလင်းစွာတွေ့နေရသည်။ အလင်းတန်းများက မြောက်များစွာပြေးထွက်လာပြီး လှိုင်းလုံးကြီးတစ်ခုနှယ်ဖြစ်ကာ အရာအားလုံးကို ဝါးမျိုသွားသည်။ အချို့ကသူ့ရင်ဘတ်ကိုထိမှန်ပြီး အချို့က ခြေလက်များကို ထိမှန်ကာ အချို့က သူ့ကိုခြစ်မိသွားကြသည်။


စိတ်လျှော့ရမယ်... ငါ့ဖင်ကြီးကိုပဲ စိတ်လျှော့ပါလား...


(╯‵□′)╯︵┻━┻


ငါ နင်တို့အားလုံးကို သတ်ပစ်မယ်....


သူမကိုယ်တွင်းတွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရှိသမျှခွန်အားသုံး၍ အရာအားလုံးကို ထုတ်လွှတ် ပစ်လိုက်သည်။ ထိုခဏတွင် သူမ၏အာရုံတစ်ခုလုံးကို ဒေါသတရားတို့လွှမ်းခြုံသွားပြီး သူမခေါင်းထဲရှိ တွင် ကွဲကြေသံများစွာထွက်လာပြီး ပျက်စီးပြိုကွဲသွားသော ပုံရိပ်များက သူမစိတ်ထဲတွင် ထွက်ပေါ်လာသည်။ မသိလိုက်မသိဘာသာဖြင့် သူကိုယ်တွင်းရှိ အစွမ်းမျိုးစုံနှင့် စိတ်ခွန်အား အကုန်လုံးကို ထုတ်လွှတ်လိုက်သည်။


အရာရာတိုင်းနှေးကွေးသွားရကာ သူမရှေ့ရှိအရာများကို ကန့်လန့်ကာဖွင့်လိုက်သလို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ အသေသတ်ချင်သောစိတ်ဆန္ဒများပါဝင်နေသည့် အစွမ်းအလင်းတန်းများက မူရွှမ်၏ ရင်ဘတ်ကို တည့်တည့်ဦးတည်လာကြသည်။


ယောင်စစ် သူ့အလိုလိုတုံ့ပြန်မိကာ သူတို့အားလုံးကို ကြိုးရှည်ရှည်တစ်ချောင်းလို ဖမ်းဆုပ်လိုက်သည်။


ထို့နောက်


သူမဖမ်းလိုက်မိသွားသည်။ သူမ အမှန်တကယ်ဖမ်းနိုင်သွားသည်။


(⊙_⊙)


အစွမ်းများမှ ဖြစ်ပေါ်လာသည့် အလင်းတန်းက သူမလက်ထဲတွင် စုဝေးလာသည်။ သူမထပ်မတွေးတော့ဘူး အားကုန်သုံး၍ ဘေးကိုပစ်ချလိုက်သည်။


အသေးစားပေါက်ကွဲမှုများစွာ အတန်းလိုက်ထွက်ပေါ်လာသည်။ ၎င်းက အလွန်အမင်းညင်သာပြီး တစ်စုံတစ်ခုကိုဆွဲထုတ်နေဟန်ဖြစ်နေသည်။


သူမလက်ထဲရှိ အလင်းတန်းများက ချက်ချင်းလက်ငင်းပျောက်ကွယ်သွားရသည်။


“…”


လူတိုင်း ထိုမြင်ကွင်းကြောင့် ကြောင်အသွားရပြီး နေရာတစ်ခုလုံးကို ငြိမ်သက်မှုတို့ လွှမ်းခြံသွားသည်။ လင်းလုံနှင့် အခြားသူများပင်လျှင် ပေါ်တယ်မှတဆင့်ထွက်သွားရန် မေ့သွားကြသည်။


ဖွီး


ပထမဆုံးလူတစ်ယောက် သွေးအန်ပြီးနောက်တွင် သွေးရေပန်းတစ်ခုဖွင့်လိုက်သလို သွေးစုပ်ဖုတ်ကောင်တစ်ဝက်လောက်က သွေးများအန်လာကြသည်။ သူတို့အကုန်လုံး ဖြူဖျော့သွားကြပြီး သေခါနီးမျက်နှာ လဲကျသွားကြသည်။


အချိန်ခဏလေးအတွင်း ထောင်ပေါင်းများစွာထဲက တစ်ဝက်က မြေပေါ်လဲနေပြီဖြစ်သည်။


ယောင်စစ်၏ ဒေါသများပင် ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားလုမတတ် ဖြစ်သွားရသည်။


ဘာ... ဘာဖြစ်သွားတာလဲ...


"ငါ့အစွမ်း... ဘာဖြစ်သွားတာလဲ...."


"ငါ့အစွမ်းတွေကို အာရုံမခံနိုင်တော့ဘူး... ဘာဖြစ်သွားတာလဲ..."


"သူ... တကယ်ကြီး ငါတို့အစွမ်းတွေကို ယူသွားနိုင်တယ်ဟ....."


"ခုဏကအစွမ်းကြီးကဘာလဲ... ကြောက်ဖို့ကောင်းလိုက်တာ.. ငါ့ခြေထောက်တွေတောင် မငြိမ်တော့ဘူး...."


အမ်


ယောင်စစ် ကိုယ့်လက်ဖဝါးကိုယ် ကြည့်လိုက်မိသည်။ သူမကိုင်လိုက်မိသည့် အလင်းတန်းများက သူတို့၏အစွမ်းများဖြစ်ပုံပေါ်သည်။


(⊙_⊙)


ဘာဖြစ်သွားတာလဲ.... ဒါကလွန်လွန်းမနေဘူးလား...


"ခုဏကအစွမ်းက....."

ကလေးနှင့်တူသော မင်းသားကြီးက ရေရွတ်လိုက်သည်။ သူက အခြားလူများလို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ရာကို သတိရသွားပုံပေါ်နေသည်။ သူ့မျက်လုံးများက တောက်ပနေကာ သူ့အသံတွင်ပျော်ရွှင်တက်ကြွမှုတို့ ရောစပ်ပါဝင်နေသည်။

"အမှန်ပဲ... ဒီစွမ်းအင်က မမှားနိုင်ဘူး.... ငါတို့မျိုးနွယ်ရဲ့ အစွမ်းကိုထိန်းချုပ်နိုင်တယ်ဆိုတာက တစ်ခုတည်းကိုပဲဆိုလိုတာပဲ...."


လျှပ်တပြက်အတွင်း သူယောင်စစ် ရှေ့ကိုရောက်လာသည်။


သူမ ကြောက်လန့်တကြားခုန်လိုက်မိပြီး မူရွှမ်လက်ကို ကိုင်လိုက်သည်။


ကြောက်စရာ သောက်ကလေးကတော့... နင်ဘာလုပ်ဖို့ ကြံနေပြန်လဲ...


မထင်မှတ်ထားစွာဖြင့် သူဒူးတစ်ဖက်ထောက်လိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ သူမကို တောက်ပစွာကြည့်လာသည်။

"ကျွန်တော်တို့ နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီပဲ... ကျွန်တော်တို့ရဲ့ ဘုရင်မခင်ဗျာ.."


"..." ယောင်စစ်


"..." မူရွှမ်


ဘာလဲဟ... ဒါက ဘာလဲ ညှာတာပေးဖို့တောင်းဆိုတဲ့ နောက်တစ်နည်းလား....