အပိုင်း ၁၉၄
Viewers 16k

Chapter 194

စစ်ပွဲကြီးစတင်လေပြီ


ယွီကျဲပြောလိုက်သည်နှင့် သွေးမျိုးသန့်များက တိုက်ပွဲအကြောင် စိတ်ဓာတ်ပြင်းပြလာကာ နှစ်ဦးချင်းတိုက်ပွဲကို ချက်ချင်းလက်ငင်းသဘောတူလိုက်သည်။  ကလေးနှင့်တူသော မင်းသားကြီးက သူမကို စိတ်အားထက်သန်နေသော အကြည့်ဖြင့်ကြည့်လိုက်လာသည်။ သူ၏ရည်ရွယ်ချက်ကရှင်းလင်းလှပေသည်။ သူတိုက်ခိုက်ချင်သည်။


ထိုကလေးက သူမနားရောက်လာသောအခါ သူမ ယွီကျဲ၏ မောက်မာမှုကို အတုခိုးကာ ကမ္ဘာကြီးတစ်ခုလုံးသူမခြေဖဝါးအောက် ရှိနေဟန် အမူအယာလုပ်လိုက်သည်။ ထို့နောက် မျက်စိဆွေကြည့်၍ သရော်လိုက်သည်။

"ငါကလေးတွေကို မရိုက်တတ်ဘူး...."


သူတို့၏ အစီအစဉ်အရ သူမတို့ဘက်မှ လူများကိုကြည့်လိုက်သည်။

"ငါ့ရဲ့မူရွှမ်က နင့်ကိုဂရုစိုက်ပေးလိမ့်မယ်...."


ဘယ်လိုတွေတောင်လား.... သူ့မှာကလေးနဲ့တူတဲ့ အသွင်အပြင်ရှိတယ် ဆိုပေမဲ့... တကယ်တမ်းတော့သူက အသန်မာဆုံးမင်းသားကြီးတစ်ယောက်လေ... သူမဘက်က အသက်ကိုဖက်နဲ့ထုပ်ပြီးမတိုက်ရင် နိုင်မှာမပါဘူးလေ...


ယွမ်ကျန်း၏ မျက်နှာက ချက်ချင်းလက်ငင်းမဲမှောင်သွားကာ သူ့ခန္ဓာကိုယ်လေးက ဒေါသကြောင့်တုန်ယင်လာရသည်။ သူ၏အမူအယာက အတော်လေး မကျေနပ်ဟန်ဖြစ်သွားကာ သူ့နားထဲက သူ့နားထဲမှ မီးခိုးများပင် ထွက်လုမတတ်ဖြစ်သွားသည်။ သို့သော် ချက်ချင်းလက်ငင်း သူ၏ဒေါသများကို ဖိနှိပ်လိုက်ကာ သူမကို အေးစက်စက်ပြောလိုက်သည်။

"ဟမ့်... ဘာပဲဖြစ်ဖြစ်ပေါ့... ငါကလည်း ငါ့လူတွေကိုစိန်ခေါ်ရဲတဲ့ မင်းတို့တွေမှာ ဘာအစွမ်းအစရှိနေလဲသိချင်နေတာ...."


နောက်ထပ်စကားတစ်ခွန်းပင်မဆိုတော့ပဲ သူပျောက်ကွယ်သွားခဲ့သည်။ ယောင်စစ် ဘေးတွင်လည်း ပြင်းထန်လှသည့် လေပြင်းများတိုက်လာကာ မူရွှမ်ပျောက်ကွယ်သွားတော့သည်။ မုန်တိုင်း၏ အလယ်လေဝဲထဲတွင် ပဲ့တင်ထပ်နေသော မိုးကြိုးပစ်သံများ ကြားလိုက်ရပြီး အရာရာတိုင်း တိတ်ဆိတ်သွားတော့သည်။


"စနေပြီ..."

လင်းလုံ ရှေ့တည့်တည့်ရှိ အမှောင်ထုထဲကိုကြည့်ရင်း လက်သီးတင်းတင်းဆုပ်၍ ကြေငြာလိုက်သည်။

"အစွမ်းတွေဆက်တိုက်သုံးနေကြတာပဲ... ဒီနှစ်ယောက်က တကယ့်အရူးတွေနေမှာ... ကံကောင်းစွာနဲ့ ငါတို့တွေက အသူတရာချောက်နက်ကိုရောက်နေလို့ပဲ မဟုတ်ရင်တော့ ပတ်ဝန်းကျင်က ဂြိုလ်တွေအကုန်ပျက်ဆီးကုန်တော့မှာ...."


သူ ချက်ချင်းလက်ငင်း အလင်းတန်းအကာအကွယ်တစ်ခုကို ပြုလုပ်လိုက်ပြီး သူတို့ကို ခပ်တိုးတိုးသတိပေးလာသည်။

"လူတိုင်းပဲ... ဂရုစိုက်ပြီး ဒီထဲမှာပဲနေကြပါ... မဟုတ်ရင် အားလှိုင်းသက်ရောက်မှုတွေကြောင့် ထိခိုက်ကုန်ကြလိမ့်မယ်...."


အာ... ဘာကို အားလှိုင်းသက်ရောက်မှုလဲ... မြန်ချက်ကတော့... သူတို့က စတောင်နေပြီလား... ဟေး...ငါကဘာကိစ္စကြောင့် ဘာမှမမြင်ရတာလဲ...


(⊙_⊙)


အဆင့်မြင့်တိုက်ပွဲတွေအကုန် အဲ့လောက် နက်ရှိုင်းသိမ်မွေ့တာလား...


မူရွှမ်နှင့် ယွမ်ကျန်းတို့က ရွှေရောင်အလင်းတန်းများအဖြစ် လွှားကနဲ လွားကနဲရွေ့လျားနေကြသည်။ လီကျန်းအပါအဝင် လူတိုင်းက တိုက်ပွဲကို လေးစားအားကျခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း နှင့် ယှဉ်ပြိုင်ချင်စိတ်ကြီးခြင်း စသော ခံစားချက်မျိုးစုံဖြင့် ကြည့်နေကြသည်။ ၎င်းက သူတို့ကို စိတ်လှုပ်ရှားစရာ ပြိုင်ပွဲကြီးကို အားပေးနေသည့် ပရိတ်သတ်လေးများဖြင့် တူညီနေစေသည်။


ယောင်စစ်တစ်ယောက်တည်းသာ ဘာဆိုဘာမှမမြင်ရ၍ လျှောက်ခန့်မှန်းနေရသည်။


ဖက်ခ်... သူမရဲ့စွမ်းရည်အဆင့်လေးနဲ့ ဘာမှမမြင်ရဘူးဟ...


(╯‵□′)╯︵┻━┻


စိတ်အေးအေးထား စိတ်အေးအေးထား... 

သူမအသက်ပြင်းပြင်းရှူလိုက်ကာ ထိုင်ခုံကိုကိုင်လိုက်ပြီး တိုက်ပွဲကို နားလည်နေဟန် ဟန်ဆောင်လိုက်သည်။ သူမ မူရွှမ်ကို ယုံကြည်ပြီး ဆက်လက်သရုပ်ဆောင်နေရန်သာ လိုသည်။


သူမ စိတ်မပူဘူးဟုဆိုလျှင် လိမ်ညာရာ ကြသွားလိမ့်မည်။ မူရွှမ်က သန်မာသည်ဆိုသော်လည်း သူက အသန်မာဆုံး မင်းသားကြီးတစ်ယောက်ကို တိုက်ခိုက်နေရခြင်းဖြစ်သည်။ သူမစိတ်ထဲတွင် ရှုပ်ထွေးကာ သောကရောက်နေရပြီး အတော်လေးစိုးရိမ်နေမိသည်။ သို့သော် လူတိုင်းက သူမကို အသန်မာဆုံးဟု ယုံကြည်နေကြသည့်အတွက် မသင့်လျော်သည့် ခံစားချက် အနည်းငယ်မျှပင် ပြ၍မရပေ။


ထို့ကြောင့် သူမ စိတ်ထိန်းထားရသည်။ သူမ မူရွှမ်ကို အကြိမ်ရာပေါင်းများစွာ တိတ်တိတ်ကလေး ချီးမွမ်းကာ အားပေးခဲ့သည်။ သူ ပြိုင်ပွဲတွင် နိုင်သွားသည်နှင့် သူမ၏ စိတ်ခွန်အားများကို ထုတ်လွှတ်လိုက်မည်ဖြစ်သည်။


မူရွှမ်နှင့် မင်းသားကြီးတို့၏ တိုက်ပွဲက နာရီဝက်ကြာသွားခဲ့သည်။ ခဏအကြာတွင် ယောင်စစ်တစ်ယောက် မူလက ပြစ်မျိုးမှည့်မထင်သော အဝတ်များက သွေးများစွန်းပေနေကာ ဒဏ်ရာများဖြင်ပြည့်နှက်နေသည့် မူရွှမ်၏ပုံရိပ်ကိုမြင်လိုက်ရသည်။ သူပြန်လာပြီးနောက်တွင် သူက ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရသည်။ ထိုမြင်ကွင်းက ယောင်စစ်၏ အမြင်အာရုံကို ထိုးဖောက်သွားရသည်။


သူမ ပြေးထွက်မသွားမိစေရန် ထိုင်ခုံကို တင်းတင်းကိုင်ထားရသည်။ 


ငါသွားလို့မရဘူး.. ငါသွားလို့မရဘူး... ငါသွားလိုက်မိရင် ငါတို့ကြိုးစားထားတာတွေအကုန် အလကားဖြစ်သွားလိမ့်မယ်...


သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး အခြားတစ်ဖက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ထိုသောက်ကလေးက အခြေအနေပိုဆိုးနေပြီး လူအုပ်ထဲတွင် သတိလစ်သွားခဲ့ရသည်။ သူ့လက်တစ်ဖက်က ပျောက်ဆုံးနေပြီး သူ့ရင်ဘတ်တွင် အဆက်မပြတ်သွေးထွက်နေသော အပေါက်ကြီးရှိနေသည်။ သူ့တစ်ကိုယ်လုံး သွေးတို့ရွှဲရွှဲစိုနေပြီး မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိတော့ပေ။


တိုက်ပွဲ၏ ရလဒ်က သိသာလှသည်။ 


ယောင်စစ် ရှေ့သို့ပြေးထွက်သွားချင်စိတ်ကို ထိန်းချုပ်ထားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဧရာမအပြာရောင်ဂြိုလ်ကြီးက ပျောက်ဆုံးသွားပြီဖြစ်သည်။ လွန်ခဲ့သည့် နာရီဝက်အတွင်း ပြန်လည်တည်ဆောက်ထားသော အပြာရောင်ဂြိုလ်ကြီးက ဖရဲသီးတစ်လုံးလို အစိတ်အပိုင်းမျိုးစုံအဖြစ် ကွဲထွက်သွားသည်။


အကုန်လုံးပြီးဆုံးသွားသည့်နောက်တွင် ၎င်းက ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် လင်းလုံပြောသည့် တိုက်ပွဲက အသူတရာချောက်နက်တွင် ဖြစ်ပွားခဲ့သည်မှာ ကံကောင်းသည်ဟူသော စကားကိုနားလည်သွားရသည်။

အကယ်၍သူတို့သာ စကြဝဠာကြီးရဲ့အလယ်မှာသွားချကြရင် ဖရဲသီးတွေဘယ်နှလုံးလောက်.... အဟမ်း... ဂြိုလ်တွေ ဘယ်နှလုံးလောက် ပျက်ဆီးကုန်မှာပါလိမ့်....


"ဒီတစ်ခေါက် ငါတို့နိုင်သွားသလိုပဲ..."

သူမ မာနခေါင်ခိုက်နေသည့်အပြုံးကြီး ပြုံးပြလိုက်သည်။


ကလေးနှင့်တူသော မင်းသားကြီးက အမောတကောအသက်ရှူနေရကာ တိတ်ဆိတ်နေခဲ့သည်။ သူကြည့်ရသည်မှာ ပြောစရာစကား ပျောက်ဆုံးနေပုံပင်။


ယောင်စစ် သူ့ကိုလျစ်လျူရှုကာ အစီအစဉ်အတိုင်း နောက်ဆုံးကျန်ခဲ့သည့် မင်းသားကြီးကို ကြည့်လိုက်သည်။ နောက်ဆုံးကျန်ခဲ့သည့် မင်းသားကြီးက လျန်ယုနှင့်ယှဉ်နိုင်သည့် အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။


ပိုမိုမာနကြီးလာသောပုံစံဖြင့် ယောင်စစ် ပြောလိုက်သည်။

"နောက်ထပ် တိုက်ခိုက်တာတွေကြည့်ရဖို့ ငါပျင်းလာပြီ... နောက်တစ်ခေါက် ငါတိုက်မယ်... ဘယ်သူစိတ်ဝင်စားလဲပြော...."


မူရွှမ်၏ တိုက်ခိုက်ထားမှုကြောင့်လား သူမသရုပ်ဆောင်တာအောင်မြင်သွား၍လားမသိ လူတိုင်း၏မျက်နှာက မဲမှောင်သွားကြသည်။ သူတို့၏ အကြည့်များတွင် သိချင်စိတ်တို့ ပြည့်နေကာ သူမကို ကြည့်လာကြသည်။


သူတို့ရောက်ရောက်ချင်းကတည်းက ပထမဆုံးမြင်ခဲ့ရသည်မှာ ယောင်စစ်တစ်ယောက်တည်း ထိုင်ခုံတွင်ထိုင်နေသည်ကိုသာဖြစ်ပြီး သူမ၏ စကားများက မောက်မာရိုင်းစိုင်းကာ ခွင့်မလွှတ်နိုင်စရာကောင်း၍ သူမကို စွမ်းရည်အမြင့်ဆုံးလူဟု ထင်ယောင်ထင်မှားဖြစ်သွားစေသည်။ မူရွှမ်၏ သူတို့မင်းသားကြီးအပေါ် အနိုင်ရရှိမှုက နားလည်မှုလွဲခြင်းကို ပိုမိုပြင်းထန်စေကာ အခြားလူများက သူမ၏အစေအပါးများဟု မြင်သွားစေသည်။ ယခုတွင် သူမက လူကိုယ်တိုင် တိုက်ခိုက်မည်ဟု ပြောလာသောအခါ လူတိုင်းကထိတ်လန့်သွားကြသည်။ ၎င်းက ယောင်စစ်လိုချင်သည်နှင့် တစ်ထပ်တည်းဖြစ်သည်။


"ဒီလိုဆိုရင်ရော..."

သူမ ချောချောမွေ့မွေ့ဆက်သရုပ်ဆောင်လိုက်သည်။

"နင်တို့တွေက ငါ့ရဲ့မူရွှမ်ကိုတောင် မနိုင်မှတော့ အစွမ်းတွေသုံးရင် ငါ့ဘက်ကအနိုင်ကျင့်သလိုဖြစ်သွားလိမ့်မယ်... ဘာလို့စိတ်ခွန်အားပဲ မပြိုင်ကြတာလဲ...."


သူမ အလွန်စိုးရိမ်ဘာပြီး သူတို့ဘက်မှ သဘောတူလာပါစေဟု တိတ်တိတ်လေးဆုတောင်းနေရသည်။ ၎င်းက နောက်ဆုံးအဆင့်ဖြစ်သော်လည်း သူမလုပ်နိုင်သည်မှာ သူတို့လက်ခံရန် ဆုတောင်းရုံသာဖြစ်သည်။ သူတို့သာ လက်ခံလိုက်လျှင် သူမဘက်က အရင်တစ်ခေါက်က ဝတ်စုံနှင့် အရင်ဆုံးသွားလိုက်ကာ ပန်းနှစ်ဆက်မျှပြင်ပြီး သို့မဟုတ် တစ်ခုခုထပ်ပေါင်းလိုက်ပါက သူမလုံးဝနိုင်သွားမည်ဖြစ်သည်။


ခဏအကြာတွင်


"ကောင်းပြီလေ...."

သွေးစုပ်ဖုတ်ကောင် အမျိူသမီးက အံတင်းတင်းကြိတ်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး သူမကို သတိထားပြီးကြည့်၍ ပြောလိုက်သည်။

"ငါတို့ စိတ်ခွန်အားအသုံးပြုတာ ပြိုင်ကြတာပေါ့... ငါနင့်ကို ဆန့်ကျင်မယ်...."


နောက်ဆုံးတော့ ယောင်စစ် စိတ်သက်သာရာရသွားရသည်။


"ခဏနပေါဦး...."

အသံတစ်သံက သူတို့ကို ကြားဖြတ်ပြောလာသည်။


ထိုအသံက မူရွှမ်ကြောင့် မတ်တတ်ပြင်ပြန်မရပ်နိုင်အောင် ဖြစ်နေသော မင်းသားကြီးထံမှဖြစ်သည်။ သူက ရှေ့သို့ လမ်းလျှောက်ထွက်လာပြီး အမျိုးသမီးမင်းသားကြီးကို ဆွဲလိုက်သည်။ သွေးမျိုးသန့်တစ်ယောက်၏ မယုံကြည်နိုင်စရာကောင်းသည့် ပြန်လည်ကုသနိုင်စွမ်းက သူ့ရင်ဘတ်ကအပေါက်ကြီးကို ပျောက်ကင်းသွားစေပြီဖြစ်သည်။


"ယွမ်ကျန်း...."

အမျိုးသမီးက အံ့အားသင့်သွားသည်။


"မင်းနိုင်မှာမဟုတ်ဘူး...."


"ဒါပေမဲ့....."

သူမ မျက်မှောင်ကြုတ်လိုက်သည်။ သူမတွင်အခွင့်အရေးမရှိဘူးဆိုလျှင်တောင် တိုက်ခိုက်ရဲသည့်သတ္တိသည် သွေးစုပ်ဖုတ်ကောင်တစ်ယောက်၏ ဂုဏ်သိက္ခာဖြစ်သည်။


"အခြေအနေက ရှင်းနေပြီလေ.... ဒီတော့ မလိုအပ်တော့ဘူး....."

သူမကို ရှင်းမပြတော့ဘဲ ယောင်စစ်ကိုလှည့်ကြည့်ကာ လှောင်ရယ်လာသည်။


ထိုရယ်သံက ပုံမှန်ဖြစ်သော်လည်း ယောင်စစ်နောက်ကျောတွေ ချွေးအေးများစိုရွှဲလာစေသည်။ သူမတွင် ထိုကလေးက ပြဿနာရှာတွေ့မည်ဟူသော အာရုံရနေသည်။


"သွေးစုပ်ဖုတ်ကောင်တွေဟုတ်လား... မင်းတို့က ဒီစကြဝဠာရဲ့သွေးစုပ်ဖုတ်ကောင်တွေလို့ပြောတယ်မလား...."


သူမ ပြန်မဖြေနိုင်မီ လီကျန်းက ဝင်ပြောလိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ...."


"ကောင်းတယ်.... သိပ်ကောင်းတယ်...."

သူရုတ်တရက်ကြီး ရယ်မောလိုက်ပြီး အကောင်းဆုံးသတင်းတစ်ခုကြားလိုက်ရဟန်ဖြစ်သွားသည်။

"ဒါဆိုပြိုင်ပွဲရလဒ်အပေါ် မှီခိုမနေနဲ့တော့...ငါတို့ ဒီစကြဝဠာကို လုံးဝလက်မလျှော့ဘူး...."


“…”


ယီးပဲဟေ့... သူတို့အစီအစဉ်ဆွဲထားတဲ့အထဲဒါမပါဘူးလေ... သူတို့ရှုံးသွားတာနဲ့ ပြန်သွားရမှာလေ... ပြောတော့ သူတို့ဘက်က စကားတည်ပါတယ်ဆို... ပြောပြောတဲ့ အရှုံးမပေးဘူးဆိုတာ ဘာကြီးလဲလို့....