အပိုင်း ၁၉၃
Viewers 16k

Chapter 193

သွေးစုပ်ဖုတ်ကောင်တစ်ယောက်၏ ဂုဏ်သိက္ခာအတွက်

 

ဂုဏ်သိက္ခာအတွက် တိုက်ပွဲဆိုတာ ဘာကြီးလဲဟ...


-_-|||


ဖုန်းဂိမ်းတစ်ခုရဲ့ ဆောင်ပုဒ်ကြီးလား...


"ငါတို့က ငါတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေကိုရှာကြတယ်ဆိုတာ ငါတို့ရဲ့မသေနိုင်စွမ်းကြောင့်ပဲ ငါတို့က စာချုပ်ချုပ်ဆိုသူရှာဖို့ကို အရမ်းအရမ်းကို ဆန္ဒရှိကြတာ...."

ယွီကျဲ တည်ငြိမ်စွာပြောလိုက်သည်။

"ငါတို့က အမြဲတမ်းမာနကြီးကြပေမဲ့ ငါတို့က ကိုယ့်စကားကို အလေးအနက်ထားကြတယ် ... ငါတို့စကားတစ်ခွန်းပြောပြီးတာနဲ့ ဘယ်တော့မှ ပြန်ရုတ်သိမ်းလေ့မရှိဘူး... မင်းတို့သာ မင်းသားကြီးတစ်ယောက်ကို တစ်ယောက်ချင်းတိုက်ပွဲမှာတိုက်ဖို့ သဘောတူအောင်လုပ်နိုင်ရင် မင်းတို့နိုင်တာနဲ့ ငါတို့ဘက်ကမင်းတို့ တောင်းဆိုသမျှ လုပ်ပေးမှာပဲ..."


"နင်ပြောချင်တာက....."

ယောင်စစ် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

"ငါတို့က သူတို့ကို တစ်ဦးချင်းတိုက်ဖို့ စိန်ခေါ်ရမယ်လို့ပြောတာလား...."

အတော်လေးတော့ သံသယဝင်စရာပဲနော်....


"အင်း..."

သူ လူတိုင်းကို လိုက်ကြည့်လိုက်သည်။

"အချိန်ရောက်လာရင်... မင်းက မင်းသားကြီးတစ်ယောက်ကို မျိုးနွယ်စုတစ်ခုလုံးရဲ့ရှေ့မှာ စိန်ခေါ်ရမယ်...ဒါဆိုရင် သူတို့စကား သူတို့ ပြန်ရုတ်သိမ်းလို့ မှာမဟုတ်တော့ဘူး.... မင်းနိုင်တယ်ဆိုတာနဲ့ မင်းတို့ဘက်မှာ အနိုင်ရရှိသူဂုဏ်သရေရှိသွားပြီ ဖြစ်တာကြောင့် သူတို့ကို ပြန်ဖို့ပြောလို့ရပြီ...."


"ဒီစကြဝဠာအပေါ် လောင်းကြေးထပ်ပြီးတော့လား...."

ယောင်စစ် မျက်မှောင်ကြုတ်လိုက်ကာ မူရွှမ်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ 

သူတို့သာ သဘောတူရင် အလွယ်ကြီးလွယ်သွားမှာ ဆိုပေမဲ့... အဓိကအချက်က သူတို့က တိုက်ပွဲအတွက် ဘယ်သူ့ကိုလွှတ်ရမှာလဲ...


"မင်းရဲ့လူပေါ့ကွ..."

ယွီကျဲက သူမ၏အတွေးကို ထိုးဖောက်မြင်သွားဟန်ဖြင့် မူရွှမ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"သူမဟုတ်လို့ ဘယ်သူက အရည်အချင်းပြည့်မှာလား... သူ့ရဲ့နောက်ခံကို ငါသေသေချာချာမသိပေမဲ့ သူ့ရဲ့အစွမ်းအရ မင်းသားကြီးတစ်ပါးကို တစ်ယောက်ချင်းချဖို့ကတော့ အေးဆေးပဲ..."


ဒါက စိုးရိမ်စရာမဟုတ်ပေမဲ့...


"ငါတို့ သူတို့ဘက်က လူတစ်ယောက်တည်းကိုပဲ နိုင်အောင်လုပ်ရမှာလား..."

တစ်ယောက်တည်းကိုပဲတိုက်ရင် တစ်ဘက်က သဘောတူပါ့မလား... မင်းသားကြီးက သုံးယောက်တောင်ရှိတာလေ... ဒါပေမဲ့ သုံးယောက် တစ်ယောက်ဆိုရင်ပြန်လည်း ခန့်မှန်းခြေအရ ရှုံးသွားတယ်ဆို ဘယ်လိုလုပ်မလဲ... မူရွှမ်က အတော်လေးသန်မာတယ်ဆိုရင်တောင်မှပဲ မင်းသားကြီးသုံးယောက်ကို တစ်ယောက်တည်းယှဉ်တိုက်ရင်တော့ လွန်လွန်းပါတယ်...


"သူတစ်ယောက်တည်းလို့ ဘယ်သူပြောလဲ..."

ယွီကျဲ သူမကို လှည့်ကြည့်လာသည်။

"မင်းရောပါတယ်..."


"ဘာရယ်..."

နင်ပဲငါ့ကို တည်ကြက်လေးပဲလုပ်ဆို...


"ဂုဏ်သိက္ခာအတွက်တိုက်ပွဲမှာ အစွမ်းတွေကို ကန့်သတ်မထားရုံတင်မကဘူး...."

ယွီကျဲ သူမကို မနှစ်မြို့စွာကြည့်လာသည်။

"မင်းက အခြားတစ်ဘက်ကို မင်းရဲ့စိတ်စွမ်းအင်နဲ့ တိုက်ခိုက်ဖို့ရှာကြံရတယ်... မင်းရဲ့ မူမမှန်တဲ့ အဆင့်နဲ့ဆိုရင် သူတို့တွေ အခွင့်အရေးလေးတစ်ခုတောင် ရလောက်မှာမပါဘူး..."


နောက်ဆုံးတွင် ယောင်စစ် နားလည်သွားပြီဖြစ်သည်။


"အကျဉ်းချုပ်ပြောရမယ်ဆိုရင် နင်က ငါ့ကို ရှေ့တန်းမှာထားချင်တာမလား...."


"..."

ယွီကျဲ၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ မျက်စိလှန်လိုက်မိပြီးမှ ဆက်ပြောလာသည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့က မင်းသားကြီးနှစ်ယောက်တည်းကိုပဲ တိုက်ခိုက်ရမှာပါ... ဒါမှ သူတို့က ဒီစကြဝဠာကို သိမ်းပိုက်ဖို့က မလွယ်ဘူးဆိုတာ နားလည်သွားမှာလေ...."


"..."


သူပြောသည့်အတိုင်းသာဖြစ်လာမည်ဆိုလျှင် အတော်ကောင်းသည့် အကြံဉာဏ်ဟုပြောရပေမည်။


ဟမ်... နေစမ်းပါဦး...


"သူတို့မှာ မင်းသားကြီးသုံးယောက်ရှိတာမဟုတ်ဘူးလား... ဘာကိစ္စ ငါတို့က နှစ်ယောက်တည်းကိုပဲ နိုင်အောင်တိုက်ရမှာလဲ...."

တတိယတစ်ယောက်က ဘာဖြစ်သွားတာလဲ... ဒါမှမဟုတ် နှစ်ယောက်ကိုနိုင်ရင် ကျန်တဲ့တစ်ယောက်ကို ဆက်တိုက်ခိုက်စရာ မလိုတော့တာလား....


ယွီကျဲ တောင့်တင်းသွားကာ သူ့မျက်နှာကြီးမဲမှောင်လာပြီး ဒေါသပေါက်ကွဲသွားတော့သည်။

"တော်လောက်ပြီ... ငါကဒီအခြေအနေအထိတောင် အရိုက်ခံရပြီးပြီလေ... ငါ့ကိုဆက်ရိုက်ချင်နေသေးလို့လား...."


ဘာဖြစ်သွားတာလဲ... ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာရတာလဲ...


နေစမ်းပါဦး... 


လူအုပ်ကြီး၏ စိတ်ထဲတွင် သူပြောသည်ကို နားလည်သွားဟန် မီးသီးလေးလင်းလာသည်။


"နင်က မင်းသားကြီးတစ်ယောက်ပေါ့လေ..."


"အဲ့တော့ဘာဖြစ်လဲ..."


“…”


ရန်သူရဲ့ သန်မာမှုက ရုတ်တရက်ကြီး နည်းသွားသလို ခံစားလိုက်ရတယ်နော်...


(⊙_⊙)



သွေးမျိုးသန့်များက လျှင်မြန်စွာ ရောက်ရှိလာကြသည်။


သူတို့ သုံးရက်အတွင်းရောက်ရှိလာလောက်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ဒုတိယမြောက်နေ့တွင် လင်းလုံက အပြာရောင်ဂြိုလ်နားတွင် မူမမှန်သော စွမ်းအင်လှိုင်းတစ်ချို့ကို အာရုံခံခဲ့မိသည်။


ယောင်စစ်တစ်ယောက် ဘာဆိုဘာမှ မပြင်ဆင်လိုက်ရသေးမီ အသူတရာချောက်နက်သို့ အပို့ခံလိုက်ရသည်။ သူတို့အပြာရောင်ဂြိုလ်သို့ ရောက်သွားသောအခါ ထင်ထားသည့်အတိုင်း မဲမှောင်နေသောအာကာယံက အက်ကြောင်းတစ်ခုပေါ်နေကာ လှိုင်ခေါင်းတစ်ခုအသွင်ဖြစ်ပေါ်လာသည်။ အပြာရောင်ဂြိုလ်ပင် ပုံပျက်တွန့်လိမ်သွားခဲ့သည်။


"သူတို့ရောက်လာပြီ...."

လင်းလုံ ရှေ့တည့်တည့်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။


ယောင်စစ်၏ နှလုံးသားလေး တုန်လှုပ်သွားကာ သူမ၏ ကသိကအောက်ဖြစ်နေသည့် ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သို့သော် သူမကိုကြည့်လိုက်လျှင် တည်ငြိမ်သည့်ဟန်နှင့် လားလားမှမတူသေးပေ။ မူရွှမ် သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူမခေါင်းလေးကို ပွတ်လိုက်သည်။

"စိတ်မပူပါနဲ့... အကယ်၍မင်းအဆင်မပြေရင်.. ကိုယ်ပဲလုပ်လိုက်ပါ့မယ်..." 


ယောင်စစ် တောင့်သွားပြီး သူ၏ ဒဏ်ရာရနေသော ပုံကိုစိတ်ထဲတွင် မြင်ယောင်မိလာသည်။ ထို့နောက် ခေါင်းတွင်တွင်ခါလိုက်သည်။

"မလုပ်နဲ့... ကျွန်မလုပ်နိုင်တယ်..."

အရှေ့ဆုံးမှာ သွားနေရုံလေမလား... သူမ သေချာပေါက်လုပ်နိုင်တာပေါ့...


ဧရာမ အဖြူရောင်ပေါ်တယ်ကြီးတစ်ခုက အပြာရောင်ဂြိုလ်နောက်တွင် တဖြေးဖြေးကြီးမားလာသည်။ ယောင်စစ် သူမဘေးရှိ လီကျန်းကို တံတောင်နှင့်တွတ်၍ မေးလိုက်သည်။

"ဒီမှာ ငါထိုင်လို့ရတဲ့ နေရာတစ်ခုခုများရှိလား..."


လီကျန်း အံ့ဩသွားကာ သူ့မျက်လုံးများ တောက်ပလာသည်။

"ထင်တဲ့အတိုင်းပဲ ကျွန်တော့်ရဲ့ အဖေလို့ကိုမပြောရဘူး အရမ်းကို စဉ်းစားတတ်တာပဲ... အဖေက သေချာပေါက်ကို ခံ့ညားကျော့မော့စေတဲ့ ထိုင်ခုံကိုလိုချင်တာမလား... ကျွန်တော့်မှာက အရေအတွက် အကန့်အသတ်ထုတ်ထားတဲ့ ခရီးဆောင်ထိုင်ခုံရှိတယ် ဗျား...."

သူ၏ ကွန်ပျူတာလက်ပတ်ကို ဖွင့်လိုက်ပြီး ရွှေရောင်တောက်ပနေသည့် ထိုင်ခုံကြီးကို သူမနောက်တွင် ထားပေးလိုက်သည်။

"အဖေ ထိုင်လိုက်ဗျာ... သူတို့ကို ကျွန်တော်တို့ရဲ့ ခံ့ညားလှတဲ့ အပြုအမူတွေနဲ့ ဖိနှိပ်ပစ်ကြရအောင်..."


"နင်အထင်လွဲနေပြီ... ငါ့ခြေထောက်တွေ ပျော့ခွေနေလို့ပါဟ..."


“…”


ပေါ်တယ်ထဲမှ ပထမဆုံးထွက်လာသည့် လူတစ်အုပ် သူတို့ရောက်လာသည်နှင့် ပထမဆုံးမြင်လိုက်ရသည့်အရာမှာ တောက်ပနေသည့် ရွှေရောင်ထိုင်ခုံတွင် မိန့်မိန့်ကြီးထိုင်နေသည့် ယောင်စစ်ကို ဖြစ်သည်။ သူမက ပေါ်တယ်ထဲမှ ထွက်လာသည့်လူတစ်အုပ်ကို အထင်အမြင်သေးသလို ကြည့်လိုက်ပြီး သူတို့က ဘာမှမဟုတ်သည့် လူများကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ သူမဘေးရှိ လူသုံးယောက်ထဲတွင် သူတို့၏လောကမှ လင်းလုံပင်ရှိနေသေးသည်။


"နင်တို့တွေ ငါတို့ရဲ့ စကြဝဠာကို သိမ်းပိုက်ဖို့ အစီအစဉ်ရှိတယ်လို့ ငါကြားထားတယ်..."

ယောင်စစ် လူအုပ်ကြီးကို အထင်တသေးနှင့် ကြည့်လိုက်ပြီး သူတို့ကို ထည့်တွက်သည့်ဟန်ပင် မပေါ်ပေ။


သွေးမျိုးသန့်များ၏ စိတ်အခြေအနေ ချက်ချင်း ကျဆင်းသွားပြီး  စိုးရိမ်သည့်အမူအယာများထွက်ပေါ်လာသည်။


ယွီကျဲပြန်မလာသည့်အချိန်က အရူးပင်တစ်ခုခုမှားနေကြောင်းသိသည်။ သို့သော် သူက မင်းသားကြီးတစ်ယောက်ဖြစ်သည်။  အရင်တစ်ခေါက် လင်းလုံ၏ အစီအရင်ခံစာအရ ဤစကြဝဠာတွင် အဆင့်နိမ့်မျိုးနွယ်များသာဖြစ်ကြောင်း သိလိုက်ရသည်။ နည်းလမ်းကျကျတွေးရလျှင် ဤစကြဝဠာထဲတွင် သူတို့ထက် သန်မာသည့်လူရှိမည်မဟုတ်ပေ။ သို့သော် သူတို့ ရောက်လာသည်နှင့် ထိုကိစ္စကမသေချာတော့ပေ။


အဲ့လူက ဘယ်သူလဲ....


ယောင်စစ် သူမကိုယ်သူမ မတ်မတ်ထိုင်နေနိုင်ရန် အတင်းဖိအားပေးထိုင်နေရပြီး သူမ၏မျက်မှောင်ကြုတ်နေရင်း လူအုပ်ကြီးကို ကြည့်နေလိုက်သည်။ တကယ်တော် သူမ၏ နှလုံးသားလေးက စည်းချက်မညီအောင် ခုန်ပေါက်နေပေသည်။

ဘုရားရေ ဟိုဘက်ကလူတွေက သန်းပေါင်းများစွာရှိလောက်တယ်ဟ... ငါတို့သာတကယ်တိုက်ခိုက်ပစ်ကြရင် စကြဝဠာကြီးသွေးချောင်းစီးကုန်မှာပဲ...


သို့သော် သူမ၏အမူအယာကို ချုပ်ထိန်းက ဆက်လက်သရုပ်ဆောင်လိုက်သည်။


"တဆိတ်လောက်ပြောပါရစေ... နင်တို့တွေ ဒီစကြဝဠာကြီးကို လိုချင်ရင်...."

သူမ လူအုပ်၏ထိပ်ဆုံးရှိ လူနှစ်ယောက်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

"ငါ့ကို အရင်ဖြတ်ကျော်သွားမှရလိမ့်မယ်...."


"နင်ဘယ်သူလဲ..."

အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်ရင်း ရှေ့သို့တိုးလာသည်။ သူမက ယွီကျဲပြောခဲ့သည့် မင်းသမီးကြီးဖြစ်ရပေမည်။ ထို့အပြင် သူမဘေးရှိ ဆယ်နှစ်အရွယ်ရှိသော ကလေးငယ်တစ်ယောက် ပုံသဏ္ဍာန်ရှိသည့်လူက မင်းသားကြီးသုံးယောက်ထဲတွင် အသန်မာဆုံးလူဖြစ်ပေလိမ့်မည်။


"ငါလား... ငါကဒီစကြဝဠာက မျိုးနွယ်စုတွေအများကြီးထဲက တစ်ယောက်ပေါ့...."

ယောင်စစ် ဘာကိုမှအလေးမထားသော အသံဖြစ်အောင် အတင်းအကြပ်လုပ်ယူနေရသည်။

"ပြီးတော့ တိုက်ဆိုင်လိုက်ပုံများတော့... ငါတို့ကိုလည်း သွေးစုပ်ဖုတ်ကောင်တွေလို့ ခေါ်ကြတယ်လေ...."


မင်းသားကြီးနှစ်ယောက်၏ မျက်နှာ မဲမှောင်သွားသည်။ သူတို့ ဤစကြဝဠာထဲရှိ သွေးစုပ်ဖုတ်ကောင်များအကြောင်းကို သိပြီးပြီဖြစ်သော်လည်း သတင်းပေးပို့ချက်ထဲတွင် ထိုလူများက သွေးမသန့်သည့် ချိနဲ့သူလေးများသာဖြစ်သည်ဟု ဆိုထားခဲ့သည်။

သတင်းပေးပို့ချက်မှာ အမှားတစ်ခုခုများရှိနေတာလား....


သတင်းပေးပို့ချက်ကို ပြုလုပ်ခဲ့သော လင်းလုံက ရန်သူဘက်တွင် ငြိမ်သက်စွာရှိနေ၍ သူတို့ကို သစ္စာဖောက်သွားသည်မှန်း သိသာလှသည်။ ထို့ကြောင့် သူပေးပို့သည့် အချက်အလက်များက မယုံကြည်ရလောက်ပေ။


"နင်တို့တွေ လူအုပ်စုလိုက်ကြီးနဲ့ ငါတို့စကြဝဠာကို ကျူးကျော်တာကို ငါတို့အတော်လေး စိတ်ပျက်မိတယ်...."

ယောင်စစ် ဆက်ပြောလိုက်သည်။

"ဒါကြောင့် ငါတို့ဘက်က အရေးမယူဘဲနေလို့မဘူး...."


လီကျန်းခေါင်းငြိမ့်လိုက်ကာ ယွီကျဲကိုဆောင့်ဆွဲလိုက်ပြီး ရှေ့သို့ပစ်ထုတ်လိုက်သည်။  ထို့နောက် ခြေထောက်မ၍ ယွီကျဲပေါ်ကို နင်းချလိုက်သည်။


"သူက မင်းတို့ဘက်က လူမလား..."


"မင်းသားကြီး...."

လူအုပ်ကြီးက မယုံကြည်နိုင်စွာ အော်ဟစ်မိသွားကြသည်။

သူက မင်းသားကြီးတစ်ယောက်လေ... မင်းသားတွေထဲကအသန်မာဆုံးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူအဖမ်းခံလိုက်ရတာလဲ....


"မင်းတို့က အတော်လေးသန်မာကြတယ်လို့ လင်းလုံကပြောပြတယ်... ဒီတော့ ငါတို့မှန်လားမမှန်လား စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်... ဒါပေမဲ့ ငါသူ့ရဲ့ အစွမ်းနည်းနည်းကို မတော်တဆဖျက်ဆီးမိသွားတယ်...."

ယောင်စစ် ဝမ်းနည်းချင်ယောင်ဆောင်၍ လက်ရမ်းပြလိုက်သည်။


လူအုပ်ကြီး၏ မျက်နှာများ မဲမှောင်သွားကြသည်။ ဤစကြဝဠာထဲတွင် မင်းသားကြီးတစ်ယောက်၏ အစွမ်းကို ဖျက်ဆီးနိုင်သည်အထိ အားကောင်းလှသော တည်ရှိမှုမျိုး ရှိနေမည် မထင်၍ အကုန်လုံး အံ့ဩသွားကြသည်။


"ဘယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ယွီကျဲက မင်းသားကြီးတစ်ယောက်လေ..."


"အစွမ်းတွေက ဖျက်းဆီးခံရနိုင်တယ်လား..."


"ဒါဘယ်လို စကြဝဠာမျိုးကြီးလဲ..."


" ဒီစကြဝဠာထဲမှာ အဆင့်နိမ့်မျိုးနွယ်တွေပဲ နေထိုင်ကြတာမဟုတ်ဘူးလား... သတင်းအချက်အလက်တွေကပဲ မမှန်တာလား..."


"ငါတို့ ဒီလိုမျိုးနွယ်မျိုးကို အနိုင်ယူ နိုင်ပါ့မလား.."


လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ခဏအကြာတွင် ကလေးနှင့်တူသော မင်းသားကြီးက ရှေ့တစ်လှမ်းတိုးလာပြီး မဲမှောင်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အသွင်အပြင်နှင့် မကိုက်ညီလှသော အသံလေးလေးကြီးဖြင့် ပြောလိုက်သည်။

"မင်း ဘာလုပ်ဖို့ ကြံနေတာလဲ..."


သူမဒီကိုရောက်နေရတာ ရှိုးပြဖို့ လာတာတော့ မဟုတ်ဘူးမလား....


"နင်တို့တစ်ယောက်ချင်းဆီကို ကိုင်တွယ်ရတာ အလုပ်ရှုပ်လွန်းတယ် ... ငါတို့ဒီကိုရောက်နေပြီဆိုမှတော့... ဘာလို့များ.."

ယောင်စစ် ငယ်ရွယ်ပုံပေါက်သော သွေးစုပ်ဖုတ်ကောင်လေးကိုကြည့်ပြီးမှ ဆက်ပြောလိုက်သည်။

"သွေးစုပ်ဖုတ်ကောင် ဂုဏ်သိက္ခာအတွက် မတိုက်ခိုက်ကြရမှာလဲ... သုံးပွဲတိုက်ပြီး ရလဒ်ကိုဆုံးဖြတ်ကြတာပေါ့... နင်တို့နိုင်ရင် ငါ့လူတွေကိုမနှောင့်ယှက်ဘဲ ဒီစကြဝဠာကြီးထဲမှာ လုပ်ချင်ရာလုပ်နိုင်တယ်... ဒါပေမဲ့ နင်တို့ရှုံးသွားရင် ဒီစကြဝဠာထဲက ထွက်သွားရမယ်...."


“…”


နောက်ဆုံးစာကြောင်းပြောပြီးချိန်တွင် ယောင်စစ် သူမ၏ မဟားတရားကိုခုန်ပေါက်နေသည့် နှလုံးသားကို ငြိမ်သက်အောင်လုပ်လိုက်ရသည်။ စိုးရိမ်ပူပန်နေသော ခံစားချက်များကို ထုတ်မပြမိစေရန် လက်သီးတင်းတင်းဆုပ်ထားလိုက်ရသည်။ သူမ အတော်လေးပြောဆိုပြီးဖြစ်၍ ဆက်လက်တည်ငြိမ်နေမှဖြစ်မည်။

စိတ်ငြိမ်ငြိမ်ထားစမ်း... လူတိုင်းအတွက် ကြိုးစားလိုက်စမ်းပါ....


ထိုသို့တွေးနေစဉ်ပင် သူမ ပတ်ဝန်းကျင်ကို မနေနိုင်မထိုင်နိုင် ခိုးကြည့်လိုက်သေးသည်။


ဖက်ခ်


ယွီကျဲဆိုတဲ့အကောင် ယီးပဲဟေ့... လီကျန်းဆီက တစ်ချက်ကလေး အကန်ခံလိုက်ရရုံလေးမဟုတ်ဘူးလား... ဒီလောက် ရမ္မက်ကြွနေတဲ့ပုံကြီး လုပ်ပြဖို့ လိုလို့လားဟ.... နင်က ဓားစားခံလို သရုပ်ဆောင်ရမှာလေ...


တစ်သက်လောက်ကြာပြီးမှ ခပ်လှမ်းလှမ်းဆီမှ ပြန်ဖြေသံကို ကြားရတော့သည်။


"ကောင်းပြီလေ...."