Chapter 192
ကျူးကျော်သူများကို တားဆီးခြင်း
ဇာတ်ကွက်ကြီးတစ်ခုလုံးက လုံးဝကိုးယိုးကားယားဖြစ်သွားသည်။
မင်းသားယွီကျဲ၏ စိတ်လှုပ်ရှားနေသော အသံက ထောင်ထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ မထီမဲ့မြင်အမူအယာက ပြုံးဖြီးနေသော အမူအယာကြီးဖြစ်သွားသည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး သူကိုင်ထားဆဲဖြစ်သော လီကျန်း၏ လက်ကို စပရိုက်အနမ်းလေးပေးလိုက်သည်။
လီကျန်းက ချက်ချင်းကြီး ရှုံ့မဲ့သွားကာ သူ့တစ်ကိုယ်လုံးက ထိတ်လန့်မှုကြောင့် တုန်ယင်သွားသည်။ သူ အနောက်ကို လွှားကနဲခုန်ပျံဆုတ်လာပြီး ယောင်စစ် အနောက်တည့်တည့်သို့ ရောက်သွားသည်။ အံတင်းတင်းကြိတ်၍ သူမ၏ အင်္ကျီထောင့်စွန်းလေးကို သေလုနီးပါး တင်းတင်းကိုင်လိုက်သည်။
"အဖေရေ... သူကနှာဘူးကြီးဗျ.."
သူ့ လက်တစ်ချောင်းလုံး ကြက်သီးမွှေးညင်းများထလာသည်။
"အဖေလား..."
မင်းသားယွီကျဲ တောင့်တင်းသွားပြီး ယောင်စစ်ကို လှည့်ကြည့်လိုက်သည်။ လီကျန်းကို နောက်တစ်ခေါက်ကြည့်လိုက်ပြီး အားပါးတရ အရိုအသေပေးကာ အော်ဟစ်၍ နှုတ်ဆက်လိုက်သည်။
"ယောက္ခထီး..."
"သွားစမ်း..."
"..." လူအုပ်ကြီး
–
လီကျန်းက အဖြောင့်ဖြစ်သည်။ သူက လုံးလုံးလျားလျားဖြောင့်နေပြီး ပိုင်ရိကဲ့သို့ မိန်းမလိုချင်နေသည်မှာ တစ်ပိုင်းသေနေသည့် လူဖြစ်သည်။ သူ၏ ရန်သူဖြစ်ခဲ့သော ယောက်ျားကြီးတစ်ယောက်ထံမှ ဖွင့်ပြောခံရသောအခါ သူ၏စိတ်နှလုံးကို လုံးဝဖွတ်ဖွတ်ညက်ညက်ကြေသွားစေသည်။ ပိုင်ရိ၏ ပြောပြချက်အရ လီကျန်းက သုံးနာရီမျှအော့အန်ခဲ့ပြီး ထိုသုံးနာရီလုံး သူ့လက်သူ အားနှင့် ပွတ်တိုက်ဆေးကြောခဲ့သည်ဟု ဆိုလေသည်။ ယောင်စစ်နှင့် အခြားလူများက သူ့ကို စာနာပေးနိုင်ကြသော်လည်း သူတို့လိုချင်သော တောင်းဆိုချက်အတွက် သူ့ကိုစွန့်ပစ်လိုက်ကြသည်။
╮(╯▽╰)╭
ဟာသကြီးပါကွာ... သူတို့တွေ မလှုပ်သာမလွန့်သာ အခြေအနေကြီးကနေ အခုတော့ အံ့ဩစရာအခွင့်အရေးကြီး ရလာခဲ့ပြီလေ...
လီကျန်းကို အထိတ်တလန့်ဖြစ်ပြီးနောက်တွင် ယွီကျဲက သူ၏ပုံမှန်ဖြစ်သော မညှိနှိုင်းနိုင်သည့် ပုံစံပြန်ဖြစ်သွားခဲ့သည်။ ယောင်စစ် လာကြည့်သည့်အချိန်တိုင်း သူက သူမကို လီကျန်းအကြောင်း စကားနှိုက်တတ်သည်။ သူ စာချုပ်ချုပ်ဆိုသူလွဲပြီး အတည်ပြုမိသလားဟုပင် ထင်နေမိသည်။
ထူးဆန်းစွာပင် လီကျန်း၏ အကျင့်က ထိုအချိန်မှစ၍ ပြောင်းလဲသွားတော့သည်။ သူ အသွင်ပြောင်းပြီးကတည်းက ပြောစကားနားထောင်ကာ နာခံတတ်သော်လည်း ယခုအချိန်တွင် ယွီကျဲကို သွားတွေ့ရမည့်အစား သေပစ်ဟူ၍သာ ပြောနေသည်။ သူ၏ လိင်ပိုင်းဆိုင်ရာ နှစ်သက်သဘောကျမှုကို အထပ်ထပ်အခါခါအတည်ပြုပြီး သူ၏ အဖြောင့်ယောက်ျားတစ်ယောက်၏ ဂုဏ်ကို အသည်းအသန်ထိန်းသိမ်းနေသည်။
…
လူတိုင်း လီကျန်းကပဲပိုဆိုးသလား ယွီကျဲကပဲ ပိုဆိုးသလား.. မသေချာတော့ပေ။
စကြဝဠာကြီးဆက်လက် တည်တံ့စေရန်နှင့် ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ပိုင်ရိက လီကျန်းကို သူ၏ လိင်ပိုင်းဆိုင်ရာနှစ်သက်မှုကို လမ်းလွှဲပေး... အဟမ်း... လီကျန်းကို သူ့တာဝန်သူယူခိုင်းရန် တိုက်တွန်းလေသည်။
"စိတ်မပူပါနဲ့...သခင်မလေးရယ် ကျွန်တော်နဲ့သာ လွှတ်ထားလိုက်စမ်းပါ... သူမနက်ဖြန် ဒီကိုရောက်လာစေရမယ်လို့ အာမခံတယ်..."
ပိုင်ရိ သူ့ရင်ဘတ်သူ ပုတ်၍ အာမခံပြီး ယုံကြည်မှုရှိရှိပြုံးနေသည်။
ယောင်စစ် သူ့ကို အစုန်အဆန်ကြည့်ပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
"လီကျန်းက ယွီကျဲရဲ့ စာချုပ်ချုပ်ဆိုသူဖြစ်နေတာကို ဘာကိစ္စ နင်ကအပျော်လွန်နေတဲ့ပုံပေါက်နေရတာလဲ..."
"အဟမ်း... ကျွန်တော်တို့က ထာဝရညီအစ်ကိုတွေလေဗျာ... ပြီးတော့ သူစင်ကယ်ဘဝက ကျွတ်သွားတာကို ကျွန်တော်တကယ် ပျော်နေတာပါ..."
အာ... ဒါက ပျော်စရာကောင်းတဲ့ဟာကော ဟုတ်ရဲ့လား...
ပိုင်ရိ၏ အပြုံးက ရိုးသားမှုတို့ဖြင့် တောက်ပနေသည်။
"ကျွန်တော် သူ့ကောင်းကျိုးအတွင် တကယ်စဉ်းစားပေးတာပါ... သူစင်ကယ်ဘဝက ကျွတ်သွားတော့ ကျွန်တော့်ရဲ့ ကလေးလေးရဖို့လျှောက်လွှာက အပေါ်ကို တစ်ခုစာပိုရောက်သွားပြီလေ... ဒါကပိုအရေးကြီးတာမဟုတ်လား... ဟားဟားဟား..."
"..."
ဒီတော့ ဒါက နင့်ရဲ့ တက်ကြွနေရတဲ့အကြောင်းပြချက်ပေါ့လေ.... နင်က ကလေးတစ်ယောက်ရဖို့ နင့်ညီအစ်ကိုကို ရောင်းစားပစ်တယ်ပေါ့...
ယောင်စစ် နားထင်နှစ်ဖက်ကို ဖိလိုက်ရသည်။ သူမ သူတို့၏ ညီအစ်ကိုဆက်ဆံရေးကို နားမလည်တော့ပေ။
သို့သော် ပိုင်ရိက လီကျန်းကို တစ်စုံတစ်ခု ပြောပြလိုက်၍ နောက်တစ်နေ့တွင် ရှုံ့မဲ့နေသော မျက်နှာကြီးဖြင့် ရောက်လာခဲ့သည်။ သူ ထောင်ထဲကို ရောက်လာသည်နှင့် ဘဝကိုင်နေသော ယွီကျဲက မျက်လုံးများ ဘလင်းဘလင်းထ၍ ထိုင်ခုန်ပေါ်မှ ခုန်ထလာသည်။
"အားကျန်း... မင်းရောက်လာပြီပဲ.."
သူ၏လေသံက နူးညံ့ညင်သာနေပေသည်။
လီကျန်း တောင့်ခဲသွားကာ မူလက မဲမှောင်နေသော အမူအယာက စိမ်းပြာသွားသည်။ လက်သီးတင်းတင်းဆုပ်၍ သူ့ပါးစပ်ကိုထိထားကာ သူ့ပါးစပ်မှ ဖရုသဝါစာများထွက်မလာစေရန် ပိတ်ထားရသည်။
အဓိကပြဿနာကောင် ယွီကျဲက ချက်ချင်းလက်ငင်း မေးခွန်းတသီကြီးမေးလာတော့သည်။
"အဆင်ပြေရဲ့လား... နေထိုင်မကောင်းတဲ့ နေရာများရှိလို့လား... မျက်နှာက ဘာလို့ဒီလောက်တောင် ဖြူဖျော့နေရတာလဲ... တစ်ခုခုမှားနေလို့လား... ကိုယ့်ကိုပြောပြပါလားဟင်... မင်းကိုယ့်ကို စိတ်ပူအောင်လုပ်..."
လီကျန်း၏ စိမ်းပြာနေသော မျက်နှာက ချက်ချင်းလက်ငင်း မဲမှောင်သွားပြီး လက်သီးအဆုပ်လွန်၍ ဂျိုးဂျိုးဂျွတ်းဂျွတ်မည်သံပင် ကြားလိုက်ရသည်။ သူ၏ ကြွက်သားများအားလုံး ဖောင်းကြွနေကာ ယောင်စစ်ကို ကြည့်လိုက်ပြီး သွားကြားထဲမှလေသံဖြင့် စကားအချို့ပြောလာသည်။
"အဖေ... ကျွန်တော်သူ့ကို ရိုက်လို့ရမလား..."
"အာ... အဟွတ် အဟွတ်... စိတ်လျှော့ပါ စိတ်လျှော့ပါ..."
သူမ သူ၏ပခုံးကို ခပ်သာသာလေးပုတ်ပေးလိုက်သည်။ သို့သော် ယွီကျဲ၏မျက်နှာက သူ့အပိုင်ကိုထိလိုက်မိဟန်ဖြင့် မသာမယာဖြစ်လာသည်။
ဖက်ခ်... ငါကနင့်ယောက္ခထီးမဟုတ်လို့လားဟ...
"အာ... ယွီကျဲရေ... နင်တွေ့ချင်တဲ့လူ ဒီကိုရောက်နေပြီလေ... ငါတို့ကို သွေးမျိုးသန့်တွေမလာအောင် တားနည်းလေး ပြောပြပါတော့လား..."
သူမ တိုက်ရိုက်သာ မေးလိုက်သည်။
ယွီကျဲက လီကျန်းကို အချစ်တို့ ပြည့်လျှံနေသော အကြည့်များဖြင့် ကြည့်ပြီးမှ သူမကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း အေးစက်သွားသော်လည်း ပြန်ဖြေပေးလိုက်သည်။
"ဟမ့်.... အခွင့်အရေးက သေးသေးလေးဆိုရင်တောင်မှပဲ ငါ့မျိုးနွယ်က ဒီစကြဝဠာကို လာဖို့လက်လျှော့မှာ မဟုတ်ဘူးလို့ ငါပြောပါတယ်... ကျူးကျော်မှုကို တားနိုင်မှာမဟုတ်ဘူး... မင်းတို့လုပ်နိုင်တာက အကျိုးသက်ရောက်မှုကို လျှော့ချဖို့ပဲ..."
သူ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး အခန်းထဲရှိ လူတိုင်းကိုကြည့်လိုက်ကာ ဆက်ရှင်းပြလိုက်သည်။
"မင်းတို့တွေထဲမှာ သူတစ်ယောက်တည်းကပဲ အခွင့်အရေးရနိုင်တယ်..."
သူ မူရွှမ်ကို လက်ညှိုးထိုးလိုက်သည်။
"ငါခန့်မှန်းတာ မမှားဘူးဆိုရင် သူက ငါတို့ရဲ့စစ်ပွဲတွေတုန်းက အားနည်းတဲ့အခြေအနေမှာရောက်နေလောက်တယ်... ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူကငါ့ရဲ့အစွမ်းကို ထိန်းချုပ်နိုင်တယ်ဆိုတာက ရှားပါးလွန်းတယ်..."
"ဒါပေမဲ့... သူက အတော်ဆုံးဆိုပေမဲ့... သူက မင်းသားနှစ်ယောက်ကိုပဲ တားနိုင်လိမ့်မယ်... ကျန်တဲ့ မင်းသား ငါးဆယ့်သုံးယောက်ကို တားနိုင်မှာမပါဘူး... အဲ့ဒီ့အပြင် အခြားမရေမတွက်နိုင်တဲ့ သွေးစုပ်ဖုတ်ကောင်တွေလည်းရှိသေးတယ်... "
သူ မထီမဲ့မြင်ပုံစံဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး ယောင်စစ်ဘက်ကို လှည့်ကြည့်လိုက်သည်။
"မင်းအပါအဝင် ဘယ်သူ့ကမှ အခွင့်အရေးမရနိုင်ဘူး... မင်းရဲ့စိတ်ခွန်အားက မယုံနိုင်လောက်အောင် ကောင်းတယ်ဆိုရင်တောင် အဲ့တာကို အသက်သွင်းဖို့ အချိန်လောက်မှာမပါဘူး..."
သူမကို တည်ကြက်လေးလို့ ပြောချင်တာလား...
-_-|||
"ဒီတော့ မင်းတို့ လက်လျှော့လိုက်သင့်တယ်... ငါတို့စစ်တပ်သာ ရောက်လာပြီဆိုတာနဲ့ အကုန်ပြီးသွားမှာပဲ..."
လေထုက ချက်ချင်း မှုန်မှိုင်းလာသည်။ သူတို့၏ အဆုံးသတ်က ဤသို့ဖြစ်မညဟု တစ်ခါမှ မတွေးမိဘူးခဲ့ချေ။
စစ်ပွဲကို တကယ်တားမရတော့ဘူးလား...
အတိတ်မှ လင်းလုံ၏ အပြုအမူနှင့် ယွီကျဲ၏ လှောင်ပြောင် သရော်မှုများကို အခြေခံ၍ ကျူးကျော်မှုစသည်နှင့် ပထမဆုံးပစ်မှတ်က သူတို့မျိုးနွယ်သာဖြစ်နိုင်သည်။
"တကယ်ကြီး နည်းလမ်းမရှိတော့ဘူးလား..."
လီကျန်း ဒုက္ခရောက်နေသော အမူအယာဖြင့် မေးလိုက်သည်။
"ရှိတာပေါ့... ရှိတာပေါ့... ရှိတာပေါ့လို့..."
ယွီကျဲ၏ မျက်လုံးများက ချက်ချင်းလက်ငင်း တောက်ပလာသည်။
"..." ယောင်စစ်
"..." မူရွှမ်
"..." လင်းလုံ
လူတိုင်း ပိုးစိုးပက်စက်ဆဲချင်စိတ်များ ဖြစ်ပေါ်လာသည်။
သူတမင်တကာလုပ်တာမလား... လီကျန်းပါ ဒီစကားဝိုင်းထဲပါလာအောင် တမင်လုပ်နေတာမလား...
"အခြားသူတွေမှာ ဖြေရှင်းနည်းမရှိပေမဲ့ ငါ့မှာရှိတယ်..."
ယွီကျဲက လီကျန်းကို အကြည့်များအချစ်စိတ်တို့တောက်လောင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အားကျန်း စိတ်မပူနဲ့နော်... ဘာတွေပဲဖြစ်လာပါစေ... ကိုယ်မင်းကို ကာကွယ်ပေးမှာ... မင်းက ..."
"ပါးစပ်ပိတ်..."
လီကျန်း၏ သွေးကြောများက ပေါက်ကွဲလုမတတ်ထောင်ထနေပြီး မင်းသားကို သွေးရောင်လွှမ်းနေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"မင်းမှာ ရှိတဲ့ အကြံဆိုတာကိုပဲပြောပြ..."
"အဟမ်း... ငါ့လူတွေရဲ့ ပုံစံအရဆိုရင် သူတို့ကို ဒီစကြဝဠာအပေါ် လက်လျှော့သွားစေဖို့က လုံးဝမလွယ်ဘူး... "
သူ လေးလေးနက်နက်ဆက်ပြောလာသည်။
"ငါပြန်လာတာနောက်ကျတာက သူတို့ကို ဘာတွေဖြစ်နေလဲ သိချင်သွားစေပြီး အများဆုံးသုံးရက်အတွင်း ဒီစကြဝဠာထဲကို ရောက်လာကြလိမ့်မယ်..."
"မျိုးနွယ်ရဲ့ လူဦးရေက တစ်ဝက်ပဲကျန်တော့တာဆိုပေမဲ့... မင်းသားကြီးတွေအကုန်လုံးက ရှိနေကြတုန်းပဲ.. ငါတို့မျိုးနွယ်က အရမ်းကြမ်းတမ်းပြီး သန်မာတဲ့လူကိုပဲ နာခံတော့...ရွေးချယ်နိုင်တဲ့ တစ်ခုတည်းသောအရာက...."
သူ ရှိသမျှလူအကုန်လုံးကို ကြည့်ပြီး မူရွှမ့်အပေါ်တွင် အကြည့်ရပ်သွားသည်။ ထို့နောက် စကားလုံးလေးလုံးကို ဂရုတစိုက်နှင့် ပီပီဿပြောလိုက်သည်။
"ဂုဏ်သိက္ခာအတွက် တိုက်ပွဲပဲ...."
“…”