အပိုင်း ၁
Viewers 792

အပိုင်း

 

 

 

 

  ကျင်းချန်မြို့သည် ဇွန်လတွင် နွေရာသီသို့ ဝင်ရောက်ပြီးနောက် ပြင်ပနေရောင်ခြည်မှာ တောက်လောင်နေပြီး ရာသီဥတု ပူပြင်းကာ စိုစွတ်နေသောကြောင့် လူအများကို အသက်ရှူရခက်စေသည်။

 

 

ကျန်းရှောင် အတွက်တော့ ဒီနေ့ဟာ သူမ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့လေးတစ်နေ့ပင်။

 

 

 ဆူညံသံတွေနဲ့လူအများ ဝိုင်းရံထားကာ စတုတ္ထထပ်ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် သူမတစ်ယောက်တည်း ထိုင်နေသည်။ 

 

 

ဆေးစစ်ရန် လာရောက်ကြသော ငယ်ရွယ်သည့် မိခင်များစွာမှာ မိခင်မေတ္တာ အပြည့်ရှိကြသည်။ ယခု သူမသည်လည်း မိခင်လောင်းအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

 

 

သူမသည် ဆေးစစ်ချက်စာရွက်ကိုကိုင်ထားပြီး ရှစ်ကြိမ်မြောက်ဖတ်ခဲ့သည်။  သူမ၏ "သူငယ်ချင်းကောင်း"* က တစ်ပတ်နောက်ကျခဲ့သည်။

* သူငယ်ချင်းကောင်း - အန်တီလာခြင်း

 

 

ဒါပေမယ့် ၎င်းအတွက် သူမက စိုးရိမ်ခဲ့ပေ။ တစ်လခွဲလောက် နောက်ကျပြီးမှ တစ်ခုခုကို ရုတ်တရက် သိလိုက်ရသည်။

 

 

 

 အခုတော့ သူမ စိတ်ထဲ ကြောင်စီစီ ဖြစ်နေပြီ။

 

 

 သူမ မေလ၏ ထိုနေ့ညကို စဥ်းစားလိုက်မိသည်။ ကျိုးရှို့လင်း မူးနေခဲ့ပြီး သူမက သူ့ကို ဟိုတယ် ပြန်ပို့ပေးခဲ့သည်။

 

 

 နောက်ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာကို သူမ မတွေးရဲဘူး။  အိပ်မက်တစ်ခုလိုပဲ၊ ဒါပေမယ့် ဒါက အိပ်မက်မဟုတ်မှန်း သူမ ရှင်းရှင်းလင်းလင်းကို သိနေသည်။

 

 

 သူမ တကယ် ကိုယ်ဝန်ရှိနေပြီ။ အဲ့တာက အစာအိမ်ရောဂါဖြစ်နေတာ မဟုတ်ဘူး။

 

 

 ဒါပေမယ့် ဒီကလေးဟာ မထင်မှတ်ပဲ ရောက်လာပြီး ဒီတစ်ကြိမ်မှာတော့ သူမဟာတကယ်ကို အမှားကြီးတစ်ခု လုပ်ခဲ့မိသည်။

 

 

 ဖျော့တော့သော မျက်နှာဖြင့် ကျန်းရှောင် ထိုစာရွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ ဘာလုပ်သင့်လဲ။ သူမရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားက ပြီးခဲ့တဲ့ အပတ်ကပဲ ပြီးဆုံးခဲ့ပြီး သူမခုထိ ကျောင်းကနေ မရွှေ့ရသေးပေ။

 

 

 သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဖြည်းညှင်းစွာ ပြည့်လာကာ တစ်စက်ပြီးတစ်စက် ပြုတ်ကျလာခဲ့သည်။

 

 

 သူ့ဘေးနားက အန်တီတစ်ယောက်က သူမကို တစ်ရှူးပေးပြီး ပြောခဲ့သည်။ " ကလေးမလေး၊ ဘာလို့ ငိုနေတာလဲ။ ပြဿနာဆိုတာ ဘယ်လောက်ကြီးကြီး ဖြေရှင်းလို့ရပါတယ် "

 

 

 ဆေးရုံဆိုတာ ဘဝမှာ လူမျိုးပေါင်းစုံ ဆုံစည်းရာ နေရာဖြစ်ပြီး ဥပေက္ခာပြုတာလည်းရှိတဲ့အချိန် ကြင်နာမှုလည်း ရှိသည်။

 

 

ကျန်းရှောင် အသက်ရှူရှိုက်လိုက်သည်နှင့် အန်တီ့ရဲ့ စကားများက သူမနှလုံးသား၏ အခက်ခဲဆုံးအစိတ်အပိုင်းကို ထိမိသွားသည်။ သူမ မဖုံးကွယ်နိုင်တော့ဘဲ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။

 

 

 ကျန်းရှောင်က သူမ ငိုရင်တောင် ဘယ်သူမှ ဂရုမစိုက်တာကြောင့် ငိုဖို့လုပ်ခဲ့တာမျိုး မဟုတ်ပေ။  ဒါပေမယ့် ကိုယ်ဝန်ရှိခြင်းမှာ ကြီးမားသောကိစ္စဖြစ်ပြီး သူမဘယ်လောက်ပဲ လွတ်လပ်နေပါစေ သူမက ခဏတာ ပရမ်းပတာ ဖြစ်နေဆဲဖြစ်သည်။

 

 

အန်တီက သက်ပြင်းချပြီး ပြောခဲ့သည်။မင်းတို့ မိသားစုနဲ့ အဆင်မပြေဖြစ်နေတာဆိုရင် အဒေါ့်ကို ပြော

 

 

 မိသားစုလားသူမရဲ့မိသားစုက ဘယ်မှာလဲ။

 

 

ကျန်းရှောင်က တစ်ရှူးကိုယူကာ မျက်ရည်တွေကို သုတ်လိုက်သည်။ " အန်တီ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဆင်ပြေပါတယ်"

 

 

သူမ  ဒီနေ့ နေ့တစ်ဝက်သာ အနားယူပြီး အလုပ်ပြန်လုပ်ရမည်။

 

 

 ဆေးစစ်ချက်စာရွက်ကို သေးသေးလေးဖြစ်အောင် ခေါက်လိုက်ပြီး  သူမအိတ်ရဲ့ လျှို့ဝှက်နေရာမှာထည့်ထားလိုက်သည်။ 

 

 

သူမ ပတ်ဝန်းကျင်မှာ ဆေးစစ်ဖို့လာကြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကိုကြည့်ပြီး  ဗိုက်ကို တိတ်တဆိတ် ကိုင်လိုက်မိသည်။ သူမရဲ့ဗိုက်ပြားပြားချပ်ချပ်မှာ ကလေးလေးရှိနေပြီဆိုတာက မယုံကြည်နိုင်စရာပဲ။

 

 

 သူမသည် ငယ်စဉ်ကတည်းက နာခံမှုရှိခဲ့ပြီး ဆရာ၊ဆရာမများနှင့် အတန်းဖော်များ၏ အမြင်တွင် လိမ္မာတဲ့မိန်းကလေးတစ်ဦးဖြစ်သည်။  လူတွေ အထိတ်တလန့်အဖြစ်ရဆုံးအချိန်မှာ  သူတို့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ကို တွေးတောတတ်ကြတာ။

 

 

သူမရဲ့  လက်ကိုင်ဖုန်းကို ထုတ်ကာ သူမ သူငယ်ချင်းဖြစ်သည့် မြောက်ပိုင်းရှိ ဘီ တက္ကသိုလ်၏ ဆေးပညာဌာနက တတိယနှစ် ကျောင်းသူ  လင်းဝူ ကို ခေါ်ခဲ့သည်။

 

 

ဖုန်း အမြန်ဖြေလာခဲ့သည်။ "ကျန်းရှောင် "

 

 

 "လင်းဝူ၊ ငါ ကိုယ်ဝန်ရှိနေပြီ" ကျန်းရှောင်က သူမအသံကို ချုပ်တည်းထားပြီး စိုးရိမ်နေတဲ့လေသံအပြည့်နဲ့ပြောလိုက်သည်

 

 

 ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းဝူ မေးလိုက်သည်။ "... ကျိုးရှို့လင်း သိလား "

 

 

 "ငါ ဘာလုပ်ရမှန်း မသိဘူး"

 

 

 "ကျန်းရှောင်၊ ကျိုးရှို့လင်းနဲ့ စကားပြောလိုက်။ နောက်ဆုံး သူက ကလေးအဖေဆိုတော့ သူ့တာဝန်တစ်ဝက်ကို ထမ်းဆောင်ရမှာပေါ့ "

 

 

 "ဒါပေမယ့် အဲဒါက မတော်တဆဖြစ်သွားတာလေ။ တကယ်လို့  ..."

 

 

 "ဒီကလေးကို ယူဖို့ နင် မစီစဉ်ထားဘူးလား"

 

 

 "မဟုတ်ဘူး"

 

 

 "မကြောက်နဲ့ ကျိုးရှို့လင်းကို သွားရှာပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်။ ကလေးကိစ္စကို နင်တို့ အတူတူ ဆွေးနွေးလို့ရတာပေါ့ "

 

 

ကျန်းရှောင်သည် အခြားတစ်ဖက်တွင် လင်းဝူနှင့် စကားပြောနေသည့် တစ်စုံတစ်ဦးရဲ့အသံကို ကြားလိုက်သည်။

 

 

"ငါနားလည်ပြီ၊ နင့် လုပ်စရာရှိတာ ဆက်လုပ်တော့လေ "

 

 

လင်းဝူ ခဏမျှ တုံ့ဆိုင်းသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကျန်းရှောင်၊ ဘာပဲဖြစ် ဖြစ် အဲဒါက အမြဲတမ်း ဖြေရှင်းလို့ရတယ်။ မကြောက်နဲ့။ သူက နင်ကြိုက်တဲ့လူလေ။ နင် သူ့ကို ယုံကြည်ရမယ် "

 

 

ကျန်းရှောင် ဤအမှန်တရားကို နားလည်သည်။  "ဘဝလေး" အတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်အနေဖြင့် ကျိုးရှို့လင်းက တာဝန်တစ်ဝက်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

 

 

  ဒါပေမယ့် ပြဿနာက ကျိုးရှို့လင်းကို သူမ ဘယ်လိုချဉ်းကပ်သင့်လဲ။ ဒါ့အပြင် ကျိုးရှို့လင်းက သူမလိုချင်တဲ့အချိန်တိုင်းမှာ တွေ့လို့ရနိုင်တဲ့လူ မဟုတ်ပေ။

 

 

ကျန်းရှောင်ရဲ့ စိတ်က အရမ်းကိုမှပရမ်းပတာ ဖြစ်နေသည်။  လင်းဝူ ကတော့ ကျိုးရှို့လင်းနဲ့ စကားပြောသင့်တယ်လို့ ထပ်ခါတလဲလဲ အလေးပေးပြောနေပေမယ့် သူမမှာ သတ္တိမရှိသေးဘူး။

 

 

ကျိုးရှို့လင်းကလွဲ၍ မည်သူနှင့်မဆို သူမ ပျော်ရွှင်စွာ စကားပြောနိုင်သည်။

 

 

ကျိုးရှို့လင်းဆိုတာက အခြားသူမဟုတ်၊ သူမ ဆယ့်ခြောက်နှစ်အရွယ်ကတည်းက နှစ်သက်ခဲ့သောသူဖြစ်သည်။

 

 

 အရက်မူးနေတဲ့ အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ယောက်က သဘာဝအတိုင်း အတူတူ လာခဲ့ကြသည်။

 

 

 အရုဏ်မတက်ခင်မှာ သူမ ထွက်သွားခဲ့တာ။

 

 

နောက်ပိုင်း ကျိုးရှို့လင်းနဲ့ ဘယ်လိုရင်ဆိုင်ရမှန်း သူမ မသိပေ။ ဒါမှမဟုတ် သူမဟာ အဆိုးဘက်ကို ရင်ဆိုင်ရမှာ ကြောက်လွန်းတဲ့သူလည်း ဖြစ်နိုင်သည်။

 

 

 ကံကောင်းထောက်မစွာနဲ့ နောက်တစ်နေ့မှာတော့ သူမဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ အလုပ်တာဝန်တစ်ခု ရခဲ့သည်။

 

 

 အဲဒီနောက်တော့ သူမနဲ့ သူနဲ့ မတွေ့ဖြစ်တော့ဘူး။

 

 

ကျိုးရှို့လင်းမှာ ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၏ သူဌေးဖြစ်ပြီး သူမက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီ၏ သင်တန်းသူ ဝန်ထမ်းတစ်ဦးဖြစ်ကာ လက်ထောက်ငယ် တစ်ဦးသာဖြစ်သည်။

 

 

 အခုပြန်ကြည့်လိုက်မယ်ဆိုရင် ကျိုးရှို့လင်းသည် ထိုညက မတော်တဆမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

 

 

 ကုမ္ပဏီမှာ ထိပ်တန်း အမျိုးသမီး ကြယ်ပွင့် အနည်းငယ် အပါအဝင် လှပသော အမျိုးသမီး များဖြင့် ပြည့်နေတာကြောင့် ကျိုးရှို့လင်းမှာ သူမကို သတိတောင်မထားမိပေ။

 

 

ကျန်းရှောင် အကျပ်ရိုက်ပြီး ကုမ္ပဏီကို ပြန်လာခဲ့သည်။သူမရှေ့က  ဓာတ်လှေကားပိတ်တော့မှာကို မြင်လိုက်တော့ သူမက "ခဏလေးနေပါဦး "လို့ ကမန်းကတန်း အော်လိုက်သည်။

 

 

 ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပြန်ပွင့်လာခဲ့သည်။

 

 

 သူမ မျက်နှာကို စောင်းငဲ့ကာ ပြုံးပြီး ပြေးဝင်လိုက်သည်။  "ကျေးဇူးတင်ပါတယ်" ဒါပေမယ့် နောက်ဆုံးစကားက ကပ်သွားခဲ့သည်။

 

 

 ဓာတ်လှေကားထဲတွင် လူတစ်ယောက်တည်းသာ ရှိသည်။ အရပ်ရှည်ရှည် နဲ့ဖြောင့်ဖြောင့် မတ်တပ်ရပ်နေပြီး ကွက်တိကျတဲ့ ၀တ်စုံ၊ နက်ကတိုင်နဲ့  အဲ့ဒီမှာ သူမကို ဒူးတုန်စေတဲ့ အရှိန်အဝါနဲ့ ရပ်နေသည်။

 

 

ကျန်းရှောင် ကြက်သေသေသွားပြီး သူ့အကြည့်တွေဆီကနေ အဝေးကို ကြည့်ဖို့မလုပ်ခဲ့ပေ။ သူမရဲ့ဆံပင်ကို သပ်ပြီး "မစ္စတာ ကျိုး " ဟု ပြောရုံမှတပါး သူမမှာရွေးချယ်စရာမရှိပေ။

 

 

ကျိုးရှို့လင်း သူမ မျက်လုံးတွေကို ကြည့်လိုက်သည်။  သူမ မျက်လုံးတွေက ကြည်လင်ပြီး နူးညံ့သိမ်မွေ့နေကာ ဂန္တဝင်အလှတွေရှိပြီး သူမကို ထူးထူးခြားခြား ဆွဲဆောင်မှုဖြစ်စေသည်။  "ပြန်လာပြီလား"

 

 

ကျန်းရှောင် အံ့သြသွားသည်။ သူ ဘာကိုဆိုလိုတာလဲ။ သူမ အလုပ်ကိစ္စနဲ့ ခရီးထွက်တာကို သူသိနေတာလား။  သူမ လည်ချောင်းထဲတွင် စကားလုံးပေါင်းတစ်ထောင်ဖြင့် တိုးညှင်းနေတဲ့အသံကို ထုတ်လိုက်သည်။

 

 

သူက မေးလာခဲ့သည်။ဘယ်အလွှာလဲ

 

 

ကျန်းရှောင် စိတ်ရှုပ်သွားပြီး မေးလိုက်သည်။ "ဘာကိုလဲ

 

 

ထို့နောက် သူမလက်ကို အမြန်ထုတ်လိုက်ပြီး ၁၇ လွှာအတွက် ခလုတ်ကို နှိပ်လိုက်သည်။

 

 

 "ကျေးဇူးတင်ပါတယ်သူမ စိတ်တည်ငြိမ်အောင် ကြိုးစားပြီး သူတို့က သူစိမ်းတွေလိုမျိုး သူမ ပြောလိုက်သည်။

 

 

ကျိုးရှို့လင်းရဲ့ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

 

 

 ထိုအချိန်တွင် အခြားဘယ်သူကမှ ဓာတ်လှေကားပေါ် မတက်လာပေ။ လေထုက ကိုးရိုးကားရားနိုင်စွာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

 

 

ကျန်းရှောင်၏ စိတ်လှုပ်ရှားမှုက ချွေးအလွှာဖြင့် ဖုံးလွှမ်းသွားသည်။ သူမ သူ့ကို ကြည့်တောင်မကြည့်ရဲတော့ဘူး ပြီးတော့ သူမ၏ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေပြီ။

 

 

 ဓာတ်လှေကားက ၁၇ လွှာကို အလျင်အမြန်ပဲရောက်လာသည်။

 

 

ကျန်းရှောင် သူ့ကို မကြည့်ရဲဘဲ ယဥ်ကျေးစွာနဲ့ပြောလိုက်သည်။ "မစ္စတာ ကျိုး၊ ကျွန်မ အရင်ထွက်လိုက်မယ်ရှင့်"

 

 

 သူပြန်မဖြေတာကိုမြင်တော့ လက်ထောက်လေးတစ်ယောက်ကို သူ ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာလဲဆိုတာ သိလိုက်ရတော့ သူမ နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် ဖိလိုက်သည်။

 

 

 "အလုပ်ပြီးရင် ငါ့ရုံးခန်းကိုလာခဲ့"

 

 

ကျန်းရှောင် ရုတ်တရက်​ ​ခေါင်းမော့လာပြီး ကျိုးရှို့လင်း၏ ငြိမ်သက်အေးချမ်းသော အကြည့်ကိုတွေ့လိုက်ရသည်  ဓာတ်လှေကားတံခါးတွေ ဖြည်းညှင်းစွာပိတ်လာသည်နှင့်အမျှ သူလည်း အဝေးကို ကြည့်လိုက်သည်။

 

 

 သူမ မလှုပ်မရှားဘဲ နေရာတွင်ပင် အကြာကြီး နေခဲ့သည်။

 

 

ကျန်းရှောင်က ဂျေ တက္ကသိုလ်တွင် မီဒီယာကို လေ့လာခဲ့သည်။ သူမသည် ဂျူနီယာတန်းနှစ်တွင် အလုပ်သင်စတင်လုပ်ခဲ့ပြီး ကုမ္ပဏီ၏ အသေးစားကြယ်ပွင့်များအတွက် အလုပ်သင်လက်ထောက်အဖြစ် သူငယ်ချင်းတစ်ဦး၏ မိတ်ဆက်မှုမှတစ်ဆင့် ဟွားရှ သို့ရောက်လာခဲ့သည်။ 

 

 

အတိုချုပ်ပြောရရင် သူမက ကျပန်းအလုပ်တွေကို လုပ်နေတာ။  လွန်ခဲ့သည့် ခြောက်လက အမှတ်မထင်ဘဲ ကျောက်ရှင်းရန်က ကျန်းရှောင် အတွက် ပရိုမိုးရှင်းလို့ ယူဆရသည့် သူမ၏ လက်ထောက်အဖြစ် ကျန်းရှောင်ကို တောင်းဆိုခဲ့သည်။

 

 

ကျောက်ရှင်းရန်သည် မကြာသေးမီက ကုမ္ပဏီမှ လက်မှတ်ရေးထိုးထားသော အနုပညာရှင်အသစ်ဖြစ်ပြီး သူမသရုပ်ဆောင်ထားသည့် ဝဘ်ဒရာမာတစ်ခုမှ ရေပန်းစားလာခဲ့သည်။

 

 

ကျန်းရှောင်သည် ကျောက်ရှင်းရန်နှင့် သုံးလကြာ လက်တွဲခဲ့ပြီး ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက ကောင်းမွန်နေဆဲပင်။ သူမ ဇူလိုင်လမှာ ပုံမှန်ဝန်ထမ်းဖြစ်လာတော့မည်ပင်။

 

 

ကျောက်ရှင်းရန် အခန်းထဲတွင်ထိုင်ကာ စက်ဝိုင်းတွေ မျဥ်းကြောင်းတွေဆွဲနေစဉ် ဇာတ်ညွှန်းကို လှန်နေသည်။အနုပညာရှင် အသစ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို အထူးအလေးအနက်ထားပြီး လုပ်ဆောင်ခဲ့တာပဲဖြစ်သည်။

 

 

ကျန်းရှောင်က သူမရှေ့မှာ ကော်ဖီခွက် ချပေးလိုက်သည်။ "ရှင်းရန်၊ ဒီမှာ နင့်ရဲ့ ကော်ဖီ"

 

 

ကျောက်ရှင်းရန် မျက်လုံးပင့်လာခဲ့သည်။ "နေကောင်းရဲ့လား"

 

 

ကျန်းရှောင် လန့်ဖြန့်သွားသည်။ "ကောင်းပါတယ်"

 

 

ကျောက်ရှင်းရန်က သူမကို ဘာမှပြန်မပြောဘဲ စက္ကန့်အနည်းငယ်ကြာအောင် တည့်တည့်ကြီး စိုက်ကြည့်နေသည်။ "ကျန်းရှောင် နင်ဘာလို့ အနုပညာရှင် မလုပ်တာလဲ"