အပိုင်း ၂
Viewers 2k

အပိုင်း

 

 

 

သူမ အသွင်အပြင်နဲ့ဆိုရင် သူမက အမျိုးသမီးကြယ်ပွင့်ဖြစ်ဖို့ အရည်အချင်းပြည့်မီသည်။ ဒါပေမယ့် အဲ့အစား သူမက အရေးမပါတဲ့လက်ထောက်လုပ်နေတယ်။

 

 

ကျန်းရှောင် ပြုံးလိုက်သည်။ "ငါ့ရဲ့ စရိုက်နဲ့ မသင့်တော်ဘူး"

 

 

 "သင့်လျော်တာ မသင့်တော်တာဆိုတဲ့ အဲ့လိုဟာတွေရှိသေးလို့လား။ ဒီစက်ဝိုင်းထဲက လူတိုင်းကမွေးကတည်းက သင့်တော်မယ်လို့ထင်လား။ နင် စမ်းကြည့်ချင်ရင်တော့ ငါနင့် အကြံပေးနိုင်တယ်"

 

 

ကျန်းရှောင်က ခေါင်းကို တင်းတင်း ယမ်းပြီး ပြောလိုက်သည်။  "ကျေးဇူးတင်ပါတယ် ရှင်းရန်၊ ဒါပေမယ့် ငါ့ရဲ့ ရည်မှန်းချက်က ဒီနယ်ပယ်မှာ မဟုတ်ဘူး။ ငါ့ရဲ့ဘဝမှာ ဘယ်တော့မှ နာမည်ကြီးတစ်ယောက် မဖြစ်ချင်ခဲ့ဘူး"

 

 

ကျောက်ရှင်းရန် မျက်မှောင်ကြုတ်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။  "နင် ဥက္ကဌ ကျိုးကို သိလား။ ငါတို့ ဥက္ကဌ ကျိုးလေ "

 

 

ကျန်းရှောင် အံ့သြသွားပြီး ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ ငါ သူ့ကိုမသိဘူး"

 

 

ကျောက်ရှင်းရန် ဇာတ်ညွှန်းကိုပိတ်ပြီး စကားပြောလိုက်သည်။  "ကောင်းပါပြီ၊ နင် နေလို့မကောင်းရင် စောစောပြန်သင့်တယ်နော်။  နင် ဒီရက်တွေမှာ နေရာရွှေ့ဖို့လုပ်နေရတာပဲ။ ပြီးတော့ ငါ့ဆီမှာလည်း ဘာမှလုပ်စရာမရှိဘူး။ ဒါကြောင့်မို့ နင့်ကို နှစ်ရက်အနားပေးလိုက်မယ်"

 

 

 ကျန်းရှောင် နေရာရွှေ့ဖို့အကြောင်း တွေးရင်း ခေါင်းကိုက်သွားသည်။  ကောလိပ်မှ ဘွဲ့ရပြီးသားသူများအတွက် ကျင်းချန်ရှိ အိမ်ယာစျေးနှုန်းတွေက မသက်သာလှပေ။ 

 

 

သူမရဲ့ကိုယ်ပိုင်ဝင်ငွေပေါ် အခြေခံပြီး ဒီမှာနေဖို့က မလွယ်ဘူး။  ကံကောင်းထောက်မစွာ သူမသည် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး သုံးလစာငှားရမ်းခကို ကာမိနိုင်သည့် ငွေအချို့ကို စုဆောင်းခဲ့သည်။

 

 

 ဒါပေမယ့် သူဌေးကြီးက သူမကို တွေ့ချင်နေတဲ့အခါ သူမ ဘယ်ကို သွားနိုင်မှာလဲ။

 

 

ကျန်းရှောင် ဓာတ်လှေကားတံခါးဝတွင် ရပ်နေပြီး သူမ ဝင်သင့်သလားကို မသေချာပေ။ သူတို့တွေ့ကြရင် သူမ ဘာပြန်ပြောရမှာလဲ။ တီဗီဒရမ်မာတွေထဲကလို ကျိုးရှို့လင်က သူမကို ပိုက်ဆံနည်းနည်းပေးပြီး အဲ့နေ့ညက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်မှာလား။

 

 

 သူသာ သူမကို ပိုက်ဆံ တကယ်ပေးရင် သူမအဲ့တာကို လေးလေးနက်နက် စဉ်းစားမိလိမ့်မယ်။

 

 

 သူမသည် ၂၈ လွှာသို့ သွားရန် သတ္တိကို မဆင့်ခေါ်မီ နာရီဝက်ကြာ စဉ်းစားခဲ့သည်။

 

 

 သူမ ပထမဆုံးအကြိမ် တက်လာတာဖြစ်ပြီး ဒီအလွှာက အနည်းငယ် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် ကျိုးရှို့လင်း၏ လက်ထောက်ဖြစ်သည့် သူမ သိတဲ့ လက်ထောက် ကျန်းကို တွေ့လိုက်သည်။ 

 

 

 ကျန်းက သူမကိုကြည့်ပြီး သူ့ မျက်ခုံးကိုတွန့်လိုက်သည်။  "မင်း ဘယ်အထပ်က လာတာလဲ။ ဒီကို ဘာလို့ရောက်နေတာလဲ"

 

 

 ကျန်းရှောင် အမြန်ပဲ ရှင်းပြလိုက်သည်။  "ကျွန်​​ ဥက္ကဌ ကျိုးနဲ့ တွေ့ဖို့လာတာပါ"

 

 

 "ဥက္ကဌ ကျိုး ကိုတွေ့ဖို့။ ချိန်းထားတာရှိလား။ မင်းက ဘယ်ကုမ္ပဏီကလဲ"

 

 

 "ဥက္ကဌ ကျိုးက ကျွန်မကို လာခိုင်းတာပါ"

 

 

 ကျန်း တစ်ခုခုကို စဥ်းစားပြီး သတိရသွားပုံရသည်။ "ကျန်းရှောင် လား "

 

 

 "ဟုတ်ပါတယ်ကျွန်မပါပဲ။ ရှင် ကျွန်မကို  ဘယ်လိုသိတာလဲ"

 

 

ကျန်းက ပြုံးပြီးပြောလိုက်သည်။ "ဥက္ကဌ ကျိုး  အစည်းအဝေး လုပ်နေတယ်။ မင်း သူ့ရုံးခန်းထဲမှာ ခဏ ထိုင်လို့ရတယ်"

 

 

 "မဟုတ်တာ ကျွန်မအပြင်မှာပဲ စောင့်လိုက်ပါ့မယ် "

 

 

 ကျန်း တံခါးကိုဖွင့်ပေးလိုက်သည်။ "လာပါ အထဲမှာ ဘယ်သူမှ မရှိပါဘူး"

 

 

ကျန်းရှောင် အထဲဝင်ဖို့ တွန်းအားပေးခံလိုက်ရသည်။

 

 

 လက်ထောက် ကျန်း အချိန်ကို ကြည့်လိုက်သည် "ကျွန်တော် တစ်ယောက်ယောက်ကို သွားကြိုရမှာမို့။ ကျေးဇူးပြုပြီး ခဏလောက်ထိုင်နေလိုက်ပါဦး"

 

 

 ကျန်းရှောင် ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိဘဲ ရုံးခန်းထဲရောက်သွားခဲ့သည်။

 

 

 ရုံးခန်းက ကျယ်ဝန်းပြီး တောက်ပကာ ရိုးရှင်းတဲ့ အနက်ရောင်စတိုင်ဖြင့် အလှဆင်ထားသည်။ သူမသည် စီးပွားရေး၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားနှင့် အခြားဘာသာရပ်ဆိုင်ရာ စာအုပ်များကို သေသေသပ်သပ်စီထားသော စာအုပ်စင်ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

 

 

 သူမရဲ့ အာရုံကိုဖမ်းစားခဲ့တာက ဓာတ်ပုံအနည်းငယ်ပင်။ ကျန်းရှောင် မကူညီနိုင်ဘဲ ကြည့်နေမိသည်။

 

 

မကြာသေးမီက ရိုက်ထားတာဖြစ်မည့် အလယ်ဘက်တွင် မိသားစုပုံတစ်ခုရှိသည်။ ကျိုး၏ မိဘတွေက အလယ်တွင် ရပ်နေပြီး ကျိုးရှို့လင်းနှင့် သူ့ညီမက တစ်ဖက်စီမှာ ရပ်နေသည်။

 

 

မေမေကျိုးမှာ လှပတဲ့အမျိုးသမီးဖြစ်ပြီး ကျိုးရှို့လင်းက သူမနှင့်ပိုတူပြီး သူ့ညီမ ကျိုးယန်ယန်က သူတို့အဖေနဲ့ ပိုတူသည်။

 

 

 ဤအရာကိုကြည့်လိုက်လျှင် ကျိုးရှို့လင်းသည် ကျိုးယန်ယန်ထက် ပိုကြည့်ကောင်းနေသည်။

 

 

ဒီလိုအစ်ကိုတစ်ယောက်နဲ့ဆို ကျန်းရှောင် တွေးလိုက်မိတာက ကျိုးယန်ယန် မနာလိုဖြစ်မှာလား။

 

 

ကျန်းရှောင် အနီးကပ်ကြည့်ဖို့ ခြေဖျားထောက်ကာ ရပ်နေသော်လည်း သူမရဲ့နောက်မှ လှုပ်ရှားမှုကို ကြားလိုက်ရသည်။

 

 

တစ်စုံတစ်ယောက်ဝင်လာ၍ သူမ အလွန်စိတ်လှုပ်ရှားသွားပြီး စာအုပ်စင်နဲ့ ဒူးနဲ့တိုက်မိကာ အသံအကျယ်ကြီးထွက်သွားခဲ့သည်။

 

 

 တိတ်ဆိတ်သော ရုံးခန်းထဲ အသံက ရုတ်ခြည်းထွက်ပေါ်လာတော့ ကျိုးရှို့လင်းက ဆူညံသံထွက်လာတဲ့လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

 

 

ကျန်းရှောင် လျင်မြန်စွာ လှည့်ပြီး ထိုနေရာတွင် တောင့်တင်းစွာရပ်နေကာ စိုးရိမ်တကြီးဖြင့်ကြည့်လိုက်သည်။ "ဥက္ကဌ ကျိုး -"

 

 

ကျိုးရှို့လင်း လှည့်ပြီး သူ့နောက်ကလူတွေကို ပြောလိုက်သည်။ "အခု အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကို သွားလုပ်ကြတော့"

 

 

သူ တံခါးကိုပိတ်ပြီး သူ့စားပွဲဆီသို့ တစ်လှမ်းချင်းလှမ်းသွားလိုက်သည်။

 

 

ကျန်းရှောင် လက်သီးတွေကို တင်းတင်းဆုပ်ပြီး ရှင်းပြခဲ့သည်။ "တံခါးအပြင်မှာ ကျွန်မ လက်ထောက် ကျန်း နဲ့ တွေ့ခဲ့တယ်......"

 

 

ကျိုးရှို့လင်း တုံ့ပြန်လိုက်သည်။ "ဓာတ်ပုံတွေ ကြည့်နေတာလား"

 

 

 ကျန်းရှောင် ကိုးရိုးကားရားနိုင်စွာ ခေါင်းညိတ်လိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်မ ကြည့်ဖို့ မရည်ရွယ်ခဲ့ပါဘူး"

 

 

 "အဲ့မှာ ဓာတ်ပုံတွေ ထားထားတာပဲ ဝင်လာတဲ့သူတိုင် မြင်မှာပဲ။ မင်းမှာ တစ်ခုခုပြောစရာရှိလား"

 

 

ကျန်းရှောင် အံကြိတ်ပြီး ပြောလိုက်သည်။ "ရှင်တို့မိသားစုတစ်စုလုံး အရမ်းကိုလှတယ်"

 

 

 သူ ပြုံးလိုက်သည်။ "ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

 

 

ကျန်းရှောင် ဘာပြန်ပြောရမှန်းမသိဘဲ ငြိမ်ကျသွားသည်။ သူမ၏ ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုနှင့် အပြစ်ရှိမှုတို့က သူမကို လွယ်လွယ်လေး စကားပြောရန် ကြောက်ရွံ့စေသည်။

 

 

 တကယ်တော့ မင်း သူမအကြောင်း သိလာရရင် သူမက အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိလာလိမ့်မယ်။

 

 

ကျိုးရှို့လင်း သူ့နှုတ်ခမ်းကို ဖိလိုက်သည်။ "ကျန်းရှောင်၊ စကားပြောကြရအောင်

 

 

သူ ခဏလောက် ရပ်တန့်လိုက်သည်။ "အဲ့ဒီညကအကြောင်း"

 

 

ကျန်းရှောင် အေးခဲသွားပြီး သူမ၏လျှာက ချည်နှောင်ခံထားပုံရပြီး စကားမပြောနိုင်တော့ပေ။

 

 

ကျိုးရှို့လင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် လေပြည် တိုက်ခတ်လာပုံရသည်။ သူ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ အေးအေးဆေးဆေးနဲ့ အဆောတလျင် မရှိနေဘဲဒီကိုလာ လို့ ပြောလိုက်သည်။  သူမကို ပြုံးပြလိုက်တော့ သူ့အမူအရာက နူးညံ့နေသည်။

 

 

 ကျန်းရှောင်ရဲ့စိတ်တွေ ကယောင်ချောက်ချားဖြစ်နေသလို လွတ်ထွက်သွားပြီး သူဆီ တည့်တည့်လျှောက်သွားလိုက်သည်။  သူနဲ့ နှစ်လှမ်းအကွာမှာ ရပ်လိုက်ပြီး သူမရဲ့ခြေထောက်တွေကို ကြည့်လိုက်သည်။

 

 

 မနက်ခင်းက ဆေးရုံသွားဖို့တွက် အသစ်ဝယ်လာတဲ့ ဖိနပ်အဖြူကို ဝတ်ခဲ့ပေမယ့် အခုတော့ အမည်းရောင်အစက်အပြောက်တွေ ရှိနေသည်။ အလုပ်သင်တစ်ယောက်ရဲ့ လစာက နည်းပြီး ဒီဖိနပ်တစ်ရံက ယွမ် ခြောက်ရာ ဒါမှမဟုတ် ခုနစ်ရာလောက် ကုန်ကျခဲ့ပြီး သူမ လစာရဲ့ လေးပုံတစ်ပုံဖြစ်သည်။

 

 

ကံကောင်းထောက်မစွာနဲ့ နောက်လမှာ ပုံမှန်ဝန်ထမ်းဖြစ်လာတော့မှာမို့ သူမ အဲ့အကြောင်းကို အရမ်းအသဲကွဲနေစရာ မရှိပေ။ သူမ သူ့ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့အနက်ရောင် သားရေဖိနပ်က သန့်သန့်ပြန့်ပြန့်နဲ့ သူ့ရဲ့အမူအယာကို ထင်ဟပ်နေသည်။

 

 

ကျိုးရှို့လင်း နှုတ်ခမ်းကို အနည်းငယ်တွန့်ပြီး  "စိတ်လှုပ်ရှားနေတာလား" လို့ မေးလိုက်သည်။

 

 

ကျန်းရှောင် အသက်ပြင်းပြင်းရှူပြီး ခေါင်းယမ်းလိုက်သည်။

 

 

 "ဒါဆို မင်းငါ့ကိုကြောက်နေတာလား"

 

 

ကျန်းရှောင် ခေါင်းခါနေတုန်းပဲ။

 

 

ကျိုးရှို့လင်းက "ထိုင်ပြီး စကားပြောရအောင်" လို့ မပြောခင် ခဏလောက် ငြိမ်နေခဲ့သည်။  သူ့လေသံက ခါတိုင်းလိုပဲ၊ ပေါ့ပါးနေတာလည်းမဟုတ်ဘူး လေးလံနေတာလည်းမဟုတ်ဘူး။

 

 

ကျန်းရှောင် သူမ၏ လက်ဖဝါးကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ကာ နောက်ဆုံးတွင် သူ့မျက်လုံးကိုကြည့်ဖို့ သတ္တိကို စုဆောင်းခဲ့သည်။  " ဘာအကြောင်းပြောချင်လို့လဲ"

 

 

 သူမ စကားပြောပြီးတာနဲ့ သူမရဲ့အသံက အက်ပြီးတုန်နေသည်။ သူမ သူ့ကို ကြောက်နေတာလား။ ကျိုးရှို့လင်းရဲ့ မျက်ခုံးတွေ အနည်းငယ် ကျုံ့သွားပြီး ဆိုဖာကို ပုတ်လိုက်ကာ ကျန်ရှောင်ကို ထိုင်သင့်ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေခဲ့သည်။

 

 

 သူ့လည်ချောင်းကို ရှင်းပြီး နောက်ဆုံးမှာတော့ "အဲဒီညက ငါမူးနေလို့" လို့ ပြောလိုက်သည်။

 

 

ကျန်းရှောင် ရှက်ကိုးရှက်ကန်းဖြင့် ရှက်သွေးဖြာသွားပြီး သူမ မသိစိတ်မှ တံတွေး မျိုချလိုက်သည်။

 

 

 "ငါ မူးနေပေမယ့် ဖြစ်ပျက်ခဲ့တာကို သတိကပ်မိနေတုန်းပဲ။ ငါ မနက်အိပ်ရာက နိုးလာတော့ မင်းက ထွက်သွားလိုက်ပြီဤဇာတ်ညွှန်းက သူ့ထိန်းချုပ်မှုကို လုံးဝကျော်လွန်သွားခဲ့သည်။

 

 

 "အဲ့တာက မတော်တဆဖြစ်ခဲ့တာပါလို့ ကျန်းရှောင် ပြောလိုက်သည်။

 

 

ကျိုးရှို့လင်း၏ မျက်နှာက အနည်းငယ် လေးနက်သွားသည်။  "အဲ့ဒီညက ရုတ်တရက် ဖြစ်သွားတာ ဆိုတော့ ငါ ကြိုတင်ကာကွယ်တာ မလုပ်ခဲ့လိုက်မိဘူး"

 

 

ကျန်းရှောင် အံကြိတ်ပြီး လွှတ်ခနဲပြောလိုက်သည်။ "ကျွန်မ ဆေးသောက်နေတယ်"

 

 

ကျိုးရှို့လင် ခေတ္တမျှ ကြက်သေသေသွားသည်။  "ကျန်းရှောင်၊ မင်း ငါ့ကိုအဲ့အကြောင်း စကားပြောဖို့ အစီအစဉ်မရှိဘူးလား"

 

 

 "ဘာပြောစရာရှိလို့လဲ"

 

 

 ကျိုးရှို့လင်းသည် သူမ မေးခွန်းကြောင့် ကြက်သေသေသွားခဲ့သည်။  သူ သူမရဲ့မျက်လုံးတွေကို ကြည့်လိုက်တော့ ကြောင်မျက်လုံးလိုမျိုး အပြစ်ကင်းစင်သည်။

 

 

 ဤအခိုက်အတန့်တွင် သူမ လွန်စွာ စိတ်လှုပ်ရှားကာ ပူပန်နေသော်လည်း သူမ တည်ငြိမ်ချင်ယောင်ဆောင်နေသည်။

 

 

 "မစ္စတာ ကျိုး အဲဒီညက အဲ့တာက မတော်တဆပါ ပြီးတော့ ကျွန်မ..."သူမ နည်းနည်း စိုးရိမ်နေခဲ့သည်။

 

 

 " ကျွန်မ ရှင့်ဆီက ဘာမှမလိုချင်ပါဘူး"

 

 

 "ငါက ပေးချင်တာဆိုရင်ကော"

 

 

"........ကျွန်မကို ပိုက်ဆံပေးမို့လား"

 

 

 သူက ပြုံးပြီး ဘာမှမပြောခဲ့ဘူး..

 

 

ကျန်းရှောင် သူမ၏ ဒေါသကို မျိုသိပ်ထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူမသည် လူအများနှင့် ငြင်းခုံရန် အဆင်မပြေသော်လည်း သူမလည်း ဒေါသထွက်တတ်သည်။  သူမကို ဘာအတွက် ယူခဲ့တာလဲ။

 

 

 "ကျန်းရှောင်၊ ငါက ဒီနှစ်မှာ ၂၈နှစ်ပြည့်ပြီ၊ တစ်ကိုယ်တည်းသမားဖြစ်ပြီး ငါ့အလုပ်အခြေအနေကို မင်းသိသင့်ပါတယ်"

 

 

ကျန်ရှောင် သံသယဖြင့် မျက်တောင်ခတ်လိုက်သည်။

 

 

 "ငါ့မိသားစုကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ငါ့မှာ ငါ့ထက် ခြောက်နှစ်ငယ်တဲ့ ညီမလေး တစ်ယောက်ရှိတယ်။ သူက နိုင်ငံခြားမှာ ကျောင်းတက်နေပြီး ငါ့မိဘတွေက သူနဲ့ အတူနေတယ်။ မကြာခင် ဒီနိုင်ငံကို ပြန်လာတော့မှာ"

 

 

ကျန်းရှောင်သည် ကျိုး မိသားစုက ရိုးရှင်းပုံပေါက်သော်လည်း ကမ္ဘာကြီးဟာ ထိုမျှလောက် မရိုးရှင်းဘူးဟု သူ့ကိုယ်သူ တွေးနေမိသည်။

 

 

 "နောက်ထပ် ဘာသိချင်သေးလဲ"

 

 

ကျန်းရှောင် သတိရှိနေသည်။  "ကျွန်မက ဘာကိုသိရဦးမှာလဲ"

 

 

 "ငါတို့ ချစ်သူကောင်လေးနဲ့ ချစ်သူကောင်မလေးလို ချိန်းတွေ့လို့ရတယ်" လို့ပြောပြီး ကျိုးရှို့လင်း  အနည်းငယ် ခေတ္တရပ်တန့်လိုက်သည်။

 

 

 ဒီစကားတစ်ခွန်းက လှိုင်းပေါင်းတစ်ထောင်ကို ဖြစ်စေသည်။

 

 

ကျန်းရှောင် ရုတ်တရက် ထရပ်လိုက်သည်။  "ရှင်ဘာတွေ နောက်ပြောင်နေတာလဲ"

 

 

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။  "မင်းက ဒီနှစ်ထဲမှာ အသက် 22 နှစ်ပဲရှိသေးတယ်၊ တက္ကသိုလ်က ဘွဲ့ရတော့မယ်။ ငါတို့ကြားမှာ အသက်ခြောက်နှစ် ကွာဟမှုရှိတယ်။ အဲဒါက ပြဿနာမရှိဘူးလို့ ထင်မိတယ်"