အပိုင်း ၃
Viewers 2k

အပိုင်း ၃






ကျန်းရှောင် သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။  "ကျွန်မက ဘယ်သူလဲဆိုတာကိုတောင် ရှင် သိတာလား"



ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "မင်းက ကျန်းရှောင်၊ ကျန်း မျိုးနွယ်ထဲက၊ အရုဏ်ဦးရဲ့ အသက် ၂၂ နှစ်၊ ဂျေ တက္ကသိုလ်မှာ မီဒီယာ ကွန်မြူနီကေးရှင်းကို အဓိကမေဂျာယူထားတယ်။ မင်းက ကျင်းချန် အမှတ် ၁ အလယ်တန်းကျောင်းကနေ ဘွဲ့ရခဲ့တယ် " 



သူမက သူ့ညီမလေးရဲ့ မူလတန်းကျောင်းက အတန်းဖော်ဖြစ်သည်။



 "ရှင် ကျွန်မကို စုံစမ်းထားတာလား"



ကျိုးရှို့လင်း မရှင်းပြဘူး။  "အဲဒီညက အဖြစ်အပျက်တွေကို ဒီလိုမျိုး မေ့ထားလို့ရမယ်လို့ ထင်နေတာလား"



ကျန်းရှောင်ရဲ့ ဦးနှောက်က လျင်မြန်စွာ လည်သွားသည်။  "ဥက္ကဌ ကျိုး ရှင် ဘာလုပ်ချင်တာလဲ"



" ချစ်သူကောင်မလေး တစ်ယောက်လိုချင်တယ်။  ငါ့အမေနဲ့ တခြားသူတွေ နောက်လမှာ နိုင်ငံခြားကနေ ပြန်လာမှာ ”



ကျန်းရှောင် သဘောပေါက်သွားသည်။ "ကျွန်မကို ရှင့်ရဲ့ရည်းစားလိုမျိုး ဟန်ဆောင်ခိုင်းစေချင်တာလား"



ကျိုးရှို့လင်း ပြန်မဖြေပေမယ့် သူ့နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်နေသည်။



ကျန်းရှောင်၏ မျက်နှာက အရောင်ဖျော့သွားကာ သူမ သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။  ရုံးခန်းရှိ ကန့်လန့်ကာများကို အပြည့်မဖွင့်ထားဘဲနဲ့ အလင်းတန်းကအနည်းငယ် လင်းလက်နေသည်။



 အလင်းရောင်ကို ဆန့်ကျင်၍ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ခဲယဉ်းသည်။ သူမ မြင်နိုင်သမျှကတော့ ကျင်းချန်မှာ ညဘက်၌လင်းနေတဲ့ မီးပြတိုက်တစ်ခုလို ငြိမ်သက်နေပေမယ့် တောက်ပနေတဲ့ သူ့မျက်လုံးတွေပဲ။



 "ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး။ အဲဒီညက မတော်တဆဖြစ်ခဲ့တာ။ အဲဒါကို မေ့လိုက်ကြရအောင်......"  သူမ အကြည့်ကိုလွှဲလိုက်ကာ သူပေးလာတဲ့ သွေးဆောင်မှုကို မျိုသိပ်လိုက်သည်။



သူမ တကယ် တကယ်ကို သူ့ရဲ့ချစ်သူကောင်မလေးဖြစ်စေချင်လို့တောင် ထင်မိလိုက်တာ။  ပြတင်းပေါက် အပြင်ဘက်မှာ အလင်းအစက်အပြောက်လေးတွေ လွင့်စင်နေကာ အခန်း တစ်ဝက်တွင် ပြန့်ကျဲနေသော အလင်းရောင်က ဖယောင်းတိုင်ကဲ့သို့ တောက်ပနေသည်။



 ထိုအချိန်တွင် တံခါးခေါက်သံ နှစ်ချက်ထွက်ပေါ်လာသည်။



 "ဝင်ခဲ့ပါ-"



 သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက တံခါးကို တွန်းဖွင့်ခဲ့သည်။  "မန်နေဂျာ ကျိုး၊ အစ်မ ရင် ရောက်နေပါပြီ"



ကျိုးရှို့လင်း အချိန်ကို စစ်ဆေးရန် သူ့လက်ကို မြှောက်လိုက်သည်။  "သူ့ကို ကော်ဖီတစ်ခွက်ဖျော်ပေးလိုက်။ ပြီးတော့ ငါ အဲဒီကို ခဏနေလာမယ်လို့ ပြောထားလိုက်"



 "ကောင်းပါပြီ"



 ရုံးခန်းက ငြိမ်သက်သွားပြန်သည်။



အစ်မ ရင် ဆိုတာက ကုမ္ပဏီက ထိုအစ်မအတွက် နာမည်ပြောင်ပေးထားတာဖြစ်သည်။ သူမနာမည်က  ချန်းရင်၊ သူမသည် ကျိုးရှို့လင်းနှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ချန်းရင်၏ချစ်သူမှာ ကျိုးရှို့လင်း ဖြစ်ကြောင်း အွန်လိုင်းတွင် ထင်ကြေးပေးမှုများရှိခဲ့သည်။



ချန်းရင်သည် ကျိုး မိသားစု၏ ကျေးဇူးကြောင့် သူမ၏ အသက်မွေးဝမ်းကြောင်းတွင် ဤမျှအထိ ရောက်ရှိလာခဲ့သည်။



ကျိုးရှို့လင်း၏ နက်နဲသိမ်မွေ့သောအသံက ထပ်၍ထွက်ပေါ်လာပြီး ကျန်းရှောင် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။  သူမ မျက်လွှာချပြီးပြောလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ မလုပ်ချင်ဘူး"



ကျိုးရှို့လင်း က သူမရဲ့မျက်နှာကို ကြည့်ပြီး စိတ်ရှည်ရှည်နဲ့ မေးလိုက်သည်။ "ဘာလို့လဲ"



ကျန်းရှောင် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ အမျိုးသမီးများသည် များသောအားဖြင့် ထိုသို့သော အခြေအနေများကို ခံစားခဲ့ရသော်လည်း သူမသည် အလွန်အမင်း တွန်းပစ်လိုခြင်းမရှိပေ။  



"ရှင်က ကျွန်မထက် အသက်အရမ်းကြီးတယ်"



 ခြောက်နှစ်တဲ့....အရမ်းကို များတယ်လေ...



 သူ့ရဲ့စကားပြောကောင်းခြင်းကြောင့် လူသိများတဲ့ ကျိုးရှို့လင်းတောင်မှ ကျန်းရှောင်ကို ဘာပြောရမှန်း မသိတော့ပေ။  သူ သက်ပြင်းဖွဖွလေး ချလိုက်သည်။



"ဒါဆို မင်းဘာလိုချင်လဲ"



ကျန်းရှောင် သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး စိတ်ရင်းမှန်ဖြင့်ကြည့်ကာ ခေါင်းခါလိုက်သည်။  "လောလောဆယ်တော့ ကျွန်မ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ချင်တယ်"



 "အဲဒါ အကြောင်းပြချက်ကောင်းပဲ"



 သူမရဲ့ သူဌေးတစ်ယောက်အနေနဲ့ သူမအလုပ်ရဲ့ စိတ်အားထက်သန်မှုကို သူ မလျှော့ပစ်နိုင်ဘူး။



 "တစ်ခုခုဖြစ်လာရင် ငါ့ကိုဖုန်းဆက်လို့ရတယ်"  သူ့ကိုယ်ရေးကိုယ်တာနံပါတ်နဲ့ ကတ်တစ်ကတ်ကို ပေးလိုက်ရင်း သူ့အသံက တည်ငြိမ်နေခဲ့သည်။



ကျန်းရှောင် အဲ့တာကိုယူလိုက်ပြီး သူမရဲ့လက်ထဲထည့်ထားသည်။  သူမ ကတ်ပြားကို တစ်ချက်ကြည့်ပြီး ဖတ်လိုက်သည်...



ကျိုးရှို့လင်



1**



 လက်ရေးက သပ်သပ်ရပ်ရပ်ဖြစ်ပြီး business card နဲ့မတူဘူး။  ကျန်းရှောင် ကတ်ကို သူမရဲ့အိတ်ထဲ ထည့်လိုက်သည်။



ကျိုးရှို့လင်က အနက်ရောင်မျက်လုံးများဖြင့် သူမကို ကြည့်ကာ သူမ၏ ပြတ်သားသော မျက်နှာကို မြင်လိုက်ရတဲ့အခါ ရုတ်တရက် ရယ်လိုက်သည်။ သူမရဲ့မျက်လုံးတွေထဲမှာ သူက ကျက်သရေမရှိမှန်း သူ သိလိုက်ရသည်။



" ကျန်းရှောင်၊ ငါတို့ သူငယ်ချင်း အဖြစ်ကနေ စလို့ရပြီ"



ကျန်းရှောင် ညည်းလိုက်သည်။ "အော"



ကျန်းရှောင် ရုံးခန်းမှ ထွက်သွားပြီး သူမ ထွက်သွားလိုက်သည်နှင့် သူမ၏ ခြေထောက်တွေ အားနည်းသွားခဲ့သည်။  သူမ လဲကျမသွားစေရန် နံရံကို မှီလိုက်သည်။



 သူမ ကျိုးရှို့လင်းကို ငြင်းခဲ့သည်။



 သူမ ကျိုးရှို့လင်းကို တကယ်ကြီး ငြင်းခဲ့တာ။



 ဖြစ်နိုင်ခြေရှိသော တောအုပ်ကြီးကို သူမ စွန့်လွှတ်ခဲ့သည်။  ဒါပေမယ့် သူတို့ စကားစမြည်ပြောပြီးနောက်တွင် သူမသည် အဓိကအချက်ကို မပြောခဲ့သေးပေ။  ဒီလိုပါပဲ၊ ဒါဆို သူမဗိုက်ထဲက အစေ့လေးတွေကို  သူမ ဘယ်လိုလုပ်ရမလဲ။



 ညနေစောင်းမှာတော့ ကျန်းရှောင် ကျောင်းကိုပြန်သွားခဲ့ပြီး ကန်တင်းဆိုင်မှာ ရိုးရှင်းတဲ့ညစာစားခဲ့တယ်။ ပြီးတော့ အိပ်ဆောင်ကို ပြန်သွားခဲ့သည်။



 အိပ်ဆောင်မှူးနှင့် စတုတ္ထ အခန်းဖော်က အိမ် ပြန်သွားပြီဖြစ်ပြီး ဒုတိယအခန်းဖော်က တက္ကသိုလ်မှာ စာလေ့လာနေတုန်းပဲ။



 "ဟေး ကျန်းရှောင် ပြန်လာပြီလား။ ကျောင်းက ငါတို့ဒီတစ်ပတ်နောက်ဆုံးထားပြီး  ပြောင်းရမယ်ဆိုတဲ့ အကြောင်းကြားစာ ပို့လာတယ်။ နင် နေဖို့တွက် နေရာရှာပြီးပြီလား"



 "အင်း ငါတစ်နေရာတော့ တွေ့ထားတယ်။ ငါ ဒီအပတ်ထဲရွှေ့မို့ "



 "ဘယ်မှာနေမှာလဲ"



 "လမ်းကြောင်း ၂က မြေအောက်ရထား နား"



 "နင် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ နင့်ကိုကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ"



ကျန်းရှောင် ကိုယ့်ပါးကိုယ် ရိုက်လိုက်သည်။ "အပြင်မှာ နေပူလို့ပါ "  



သူမ အိတ်ထဲမှ လက်မှတ်ထိုးထားပြီးသား ဓာတ်ပုံကို ထုတ်လိုက်သည်။  "ဒီမှာ နင့်ရဲ့ အိုင်ဒေါ "



 "ဝိုး ကျေးဇူးအများကြီးတင်ပါတယ်နော်" ဟွမ်ယာက သူမကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်ပြီး နမ်းလိုက်သည်။ "ငါ့ရဲ့ ကျုံးရီရှောက ချောလိုက်တာ။ နင့်မှာ သူနဲ့ ဆက်သွယ်ဖို့တစ်ခုခုများရှိလား"



 "သူက ငါတို့ကို ရေခဲမုန့်ဝယ်ပေးတာလေ သူက တော်တော်လေးကိုကောင်းတယ် "  ကျန်းရှောင်သည် တစ်လအကြာက သူနှင့် အမျိုးသမီး ဇာတ်ဆောင်မှာ အလွန်ရင်းနှီးကြောင်းကို ပြောခဲ့ခြင်း မရှိပေ။



 "စတားတစ်ယောက်ရဲ့ လက်ထောက်ဖြစ်ရတာ အရမ်းကောင်းတာပဲ၊ နင်အကြိုက်ဆုံး စတားတွေကို တွေ့လို့ရတယ်"



ကျန်းရှောင် ပြုံးလိုက်သည်။



 "စကားမစပ် ရှောင်ရှောင်၊ လီလီက  ဇူလိုင်လ အစောပိုင်းမှာ လက်ထပ်တော့မယ်တဲ့ ငါတို့ဆီ  ဖိတ်စာပို့ထားတယ်"



 "လက်ထပ်တော့မယ်တဲ့လား။ သူတို့ အခုမှဘွဲ့ရတာလေ"



 "လီလီမှာ ကိုယ်ဝန်သုံးလရှိနေပြီ"



ကျန်းရှောင် ပါးစပ်ကို အကျယ်ကြီးဟလိုက်သည်။  "မြန်လိုက်တာ"



 “သူနဲ့ သူ့ရည်းစားက တူတူနေနေတာပဲ လေးနှစ်ရှိပြီ။လက်ထပ်တယ်ဆိုတာက အချိန်တစ်ခုပဲ"



 "ငါဆိုလိုတာက လီလီ ဘာလို့ ကိုယ်ဝန်ရှိသွားတာလဲလို့"



ဟွမ်ယာ ရယ်လိုက်သည်။  "နင်က ငတုံးပဲ။ သူနဲ့ သူ့ရည်းစား ပြောင်းပြီး တူတူနေနေကြတာပဲကြာလှပြီ မဟုတ်လား။ လီလီက ကိစ္စတွေကို ကောင်းကောင်းဖုံးထားတတ်တဲ့သူ။ သူက ငါ့တို့ကို သုံးလကြီးတောင် အဲ့ကိစ္စကိုဖုံးထားတာ။ ငါတို့က သူ့ရဲ့လက်ထပ်ပွဲကိုတက်ပေးရဦးမယ်"



ကျန်းရှောင် အပြစ်ရှိတဲ့ အသံနဲ့ ပြန်တုံ့ပြန်လိုက်ပြီး သူမရဲ့အိတ်တွေကို ပြန်ထုပ်ပိုးဖို့ လုပ်လိုက်သည်။  



 သောကြာနေ့ညတွင် ကျိုးရှို့လင်းက ပွဲတက်ခဲ့သည်။  ကျောက်ရှင်းရန်ကိုလည်း စောစောစီးစီး ဖိတ်ကြားခဲ့သည်။



ကျောက်ရှင်းရန်၏ လူကြိုက်များမှုသည် မကြာသေးမီက မြင့်တက်လာခဲ့ပြီး ဒါရိုက်တာများနှင့် ထုတ်လုပ်သူ အများအပြားက ၎င်းတို့နောက်ရိုက်ကူးမည့် တီဗီစီးရီးကို ဆွေးနွေးနေပြီဖြစ်သည်။



  သူမ၏ နှိမ့်ချမှုနှင့် လေးနက်သော သဘောထားသည် သူတို့အပေါ် ကောင်းမွန်တဲ့ အထင်ကြီးမှုကို ချန်ထားခဲ့သည်။



 မနီးမဝေးတွင် ကျိုးရှို့လင်းနှင့် ရှင်းမီ၏ သခင်လေး မိုရီဟန်တို့ အတူတူ ရပ်ခဲ့ကြသည်။



မိုရီဟန်က အရပ်ရှည်ပြီး ချောမောကာ ကျိုးရှို့လင်း နှင့် လုံးဝကွဲပြားသော ကိုယ်ရည်ကိုယ်သွေးရှိသည်။  ထိုညက အမျိုးသမီး ကြယ်ပွင့်တွေဆီ သူ ဘယ်လောက်တောင်မှ ပရောပရည်ဆန်တဲ့အကြည့်တွေ ပစ်လွှတ်ခဲ့လိုက်မိလဲဆိုတာ သူ မသိခဲ့ပေ။  ကျိုးရှို့လင်းလည်း သတိပြုမိပေမယ့် အဝေးကနေပဲကြည့်ခဲ့သည်။



 "ရှို့လင်း၊ မင်း သူ့ကို အရမ်းကြိုက်တဲ့ပုံပဲနော်။ မင်း  ဘယ်ကိုပဲသွားသွား သူ့ကိုခေါ်တယ် " မိုရီဟန်က အဝေးက ကျောက်ရှင်းရန်ကို လက်ညှိုးထိုးပြခဲ့သည်။



 "မင်း အရမ်းတွေးနေတာပဲ" လို့ ကျိုးရှို့လင်းက ဖန်ခွက်ကိုကိုင်ပြီး ပြောလိုက်သည်။



မိုရီဟန်က သူ့ကို စနောက်လိုက်သည်။  "မင်း အဲ့နေ့ညက အိမ်မပြန်ဘူးလို့ကြားတယ် "



 "မင်း အများကြီးသိထားတာပဲ " ကျိုးရှို့လင်း အေးစက်စွာဖြေလိုက်သည်။



 မိုရီဟန် ရုတ်တရက် ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။  "မင်းလက်မှာ ဘာရှိနေတာလဲ။ မင်း အကိုက်ခံရတာလား။မင်း ဒဏ်ရာကို ကြည့်နေတာ ကြာပြီ။ ဘာဖြစ်တာလဲ။ ခွေးကိုက်တာလား"



ကျိုးရှို့လင်းက သူ့ကို အေးစက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။



 "မင်းရဲ့ မက်မွန်ပွင့်မျက်လုံးတွေကို ငါ့ဆီမှာလာ မသုံးနဲ့။ ဘာဖြစ်တာလဲ။ မင်းကို ကိုက်တာက မင်းရဲ့အသည်းလေးမလား။  မင်းမှာ တကယ်ကို အရသာပြင်းပြင်းရှိရမယ်” မိုရီဟန်က စကားလည်းပြောရင်း သူ့လက်နဲ့ ကျိုးရှို့လင်းရဲ့ပုခုံးကို  ဖက်လိုက်သည်။



 ကျိုးရှို့လင်းက သူ့လက်ကို ဖယ်လိုက်သည်။  "သွားတော့မယ်"



"ဟေး မသွားပါနဲ့ဦး၊ ငါတို့ အတူတူရှိတာက ရှားတယ်လေ။ ဒီည ဂိမ်းနှစ်ပွဲ ကစားကြရအောင်" လို့ မိုရီဟန်က သူ့ပုခုံးကိုကိုင်ရင်း ပြောလိုက်သည်။



 "ငါ စိတ်မဝင်စားဘူး" ကျိုးရှို့လင်က သူ့ဖန်ခွက်ကိုချပြီး ပြောလိုက်သည်။



ကျိုးရှို့လင်း ဟိုတယ်ဧည့်ခန်းထဲသို့ လျှောက်လာစဉ် ကျန်းရှောင်က အိပ်ငိုက်နေတဲ့ပုံပေါ်ပြီး သူမရဲ့ဘေးတွင် အမည်းရောင် အိတ်တစ်လုံးနဲ့ ဆိုဖာ ထောင့်စွန်းတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ 



 မကြာသေးမီက သူမ အလွန်ပင်ပန်းနွမ်းနယ်ခဲ့ပြီး ညဘက်မှာ အိပ်မက်တွေ ဆက်တိုက် မက်ခဲ့သည်။  တခါတရံ သူမ ကျိုးရှို့လင်း ကို အိပ်မက်မက်သည်။



 တခြားအချိန်တွေမှာ ကိုယ်လုံးတီးနဲ့ ကလေးလေးကို အိမ်မက်မက်သည်။  တစ်ညမှာတော့ ကလေးက သူမကို "အမေ"လို့ ခေါ်တယ်လို့တောင် အိပ်မက်မက်ခဲ့သည်။ သူမ လန့်နိုးလာပြီး တစ်ညလုံး အိပ်မပျော်နိုင်တော့ပေ။



 သူမသည် အွန်လိုင်းတွင် လျှို့ဝှက်ရှာဖွေခဲ့ရာ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တာက မကောင်းဘူးဆိုတဲ့အကြောင်း တွေ့ရှိခဲ့သည်။



  သူမ ပိုပြီးတော့တောင် ကြောက်လာသည်။



ကျန်းရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမဟုတ်တော့ သူမကိုကြည့်နေတဲ့ တစ်စုံတစ်ယောက်ကို သတိပြုမိတဲ့အခါ သူမက မျက်လုံးမှေးမှေးနဲ့ တွေဝေစွာပြောလိုက်သည်။   "ရှင်ပဲ"



ကျိုးရှို့လင်းသည် အပြုံးမမည်တဲ့ အပြုံးတစ်ခုဖြင့် သူမရှေ့တွင် ရပ်လိုက်သည်။  "ငါပါ"



.......



 [အိပ်မက် ပြဇာတ်ရုံ]



တစ်နှစ်ရဲ့ နေ့ရက်တစ်ရက်မှာ မိခင်ဖြစ်နေပြီဖြစ်တဲ့ ကျန်းရှောင်က သူ့ကလေးရဲ့အဝတ်အစားတွေကို တောင်းပြီး ပေါ့ပေါ့ပါးပါး အော်လိုက်သည်။  " လောင်ကျိုး၊ ကလေးအတွင်းခံ ယူလာပေးဦး "



ကျိုးရှို့လင်သည် မပြုံးမမည်သော အပြုံးဖြင့် ဗီရိုထဲမှ အဝတ်သေးသေးလေးကို ယူပေးခဲ့သည်။ " လောင်ကျိုး?"



 ကျန်းရှောင်က "ရှင် နားကြားမှာနေတာ။ ကျွန်မ ရှင့်ကို 'ယောကျ်ား' လို့ ရှင်းရှင်းလင်းလင်းကြီး ခေါ်လိုက်တာပါ "လို့ပြောလိုက်သည်။



ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "ကိုယ် အသက်ကြီးလာတဲ့ပုံပဲ အကြားအာရုံ သိပ်မကောင်းတော့ဘူး "



 ကျန်းရှောင် - ".........."