အပိုင်း ၁
Viewers 3k

အပိုင်း

 

 

 

 

 

ဆောင်းရာသီတွင် လယ်ထဲ၌ အလုပ်သိပ်မရှိပေ။ ရွာသားများသည် အိမ်ထဲ၌ နေကာ ကွာစေ့များကို တတိတိစားနေရင်း  အတင်းပြောနေကြသည်။

 

 

ကော်တန်၏ အမေသည် ကွာစေ့များကို ထွေးထုတ်ရင်း ပြောလိုက်သည်။ "အဲဒီ ဖန်းရှောင်ကျွင်းက ရက်စက်လွန်းတယ်။ နှစ်ကလေးကို ဒီဂရီကနေ ဒီဂရီအပူချိန်ပဲရှိတဲ့ ဒီဆောင်းရာသီမှာ အိမ်ကနေ မောင်းထုတ်ရဲတယ်"

 

 

ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်၏ မိန်းမ လျိုချွေ့ဟွားက သက်ပြင်းချလိုက်သည်။ "သူမက ဘက်လိုက်တတ်တာကို နင်ဒီနေ့မှ သိတာလည်း မဟုတ်ဘူး။ အမွှာ သမီးနှစ်ယောက်။ တစ်ယောက်က မျက်နှာပေါ်မှာ အသားမကျန်တော့တဲ့အထိ အငတ်နေရတယ်။ တစ်ယောက်က လှပြီးတော့ နူးညံ့နေတယ်။ ဒီလိုအမေမျိုး ရှိလို့လား?"

 

 

စုန့်ကျင်းလိုင်၏ မိန်းမက ရုတ်တရက် အသံတိုးလိုက်သည်။ "သာ့ချောင်က မနှစ်မြို့စရာလို့ နင်တို့ မထင်ဘူးလား? တစ်မိသားစုလုံး ပျက်စီးသွားပြီ။ ကြောင်မဲတောင် သူ့လောက် မဆိုးဘူး"

 

 

ဖန်းရှောင်ကျွမ်းသည် ဒုတိယချောင် သို့မဟုတ် ချောင်ကျန်းကျွင်း၏ မိန်းမ ဖြစ်သည်။ လက်ထပ်ပြီး နှစ်ဝက်အတွင်း ဖန်းရှောင်ကျွမ်းက အမွှာကို ကိုယ်ဝန်ဆောင်ခဲ့သည်။

 

 

ထိုကိုယ်ဝန်က မလွယ်ခဲ့ပေ။ မီးဖွားသည်က ပိုပြီး ခက်ခဲခဲ့သည်။ သာ့ချောင် မွေးဖွားလာသောအခါ ခြေထောက်က အရင်ထွက်လာခဲ့သည်။ ရှောင်ချောင်သည် ဗိုက်ထဲတွင် မျက်နှာ ခရမ်းရောင်သမ်းသည်အထိ ပိတ်မိနေခဲ့သည်။ ဖန်းရှောင်ကျွမ်းကလည်း သွေးလွန်ခဲ့သည်။ သုံးယောက်ထဲတွင် နှစ်ယောက်က သေလုနီးပါး ဖြစ်ခဲ့သည်။

 

 

ထိုအတွက်ကြောင့် ဖန်းရှောင်ကျွမ်းက သာ့ချောင်ကို အပြစ်တင်ခဲ့သည်။

 

 

သူမသည် ရှောင်ချောင်ကို အရသာရှိသည့် စားစရာနှင့် သောက်စရာများပေးပြီး နူးညံ့သော သခင်မလေးကဲ့သို့ မွေးထားသည်။ သို့သော်လည်း သာ့ချောင်ကို အချိန်တိုင်း ညှင်းပန်းသည်။ အသက်သုံးနှစ်အရွယ်မှစပြီး သူမသည် တံမြက်စည်းလှည်းခြင်း၊ ကြက်စာကျွေးခြင်း၊ ထင်းခြောက်ကောက်ခြင်း စသည့်အလုပ်အားလုံး လုပ်ရသည်။

 

 

နှစ်အနည်းငယ်ကြာပြီးနောက် သာ့ချောင်သည် နူးညံ့ပြီး ဖက်ထုပ်နှင့်တူသည့် ပုံစံမှ အသားဝါသည့် ထစ်အသူအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက အသက် နှစ်ရှိပြီ ဖြစ်သော်လည်း အသက် နှစ် သို့မဟုတ်   နှစ်အရွယ် ကလေးလောက်တောင် အရပ်မရှည်ပေ။

 

 

ထိုသို့သာ ဆိုသော်လည်း အားလုံးက အဆင်ပြေနေသေးသည်။ ပြဿနာမှာ ချောင်ကျန်းကျွင်းသည် လွန်ခဲ့သော ၁၀ ရက်က အကြောသေသွားပြီး အကြောင်းအရင်းမှာ သာ့ချောင်ကြောင့် ဖြစ်သည်!

 

 

လွန်ခဲ့သော လဝက်က သာ့ချောင်သည် ရုတ်တရက် အနောက်ဘက်သစ်တောသို့သွားပြီး ငှက်ဥသွားနှိုက်သည်။ အနောက်ဘက်သစ်တောသည် တစ်နှစ်ပတ်လုံး မီးခိုးမြူများ ဖုံးလွှမ်းနေပြီး လူကြီးများပင် မဝင်ရဲပေ။ သူမကဲ့သို့ ကလေးငယ်လေးက ဝင်သွားခဲ့သည်။ ဒါက သေလမ်းရှာနေတာ မဟုတ်ဘူးလား?

 

 

ထို့ကြောင့် သူမ ဝင်ရောက်သွားပြီး မကြာမီ ထောင်ချောက်ထဲသို့ ပြုတ်ကျသွားသည်။ လူတိုင်းက သူမကို တွေ့ရှိသောအခါ ရေခဲတောင့်ကဲ့သို့ ခဲတောင့်နေပြီး အသက်မျှင်းမျှင်းလေးသာ ကျန်ရှိတော့သည်။ သူမအသက်အား ကယ်တင်နိုင်ရန် ဆေးရုံပေါ်တွင် ရက် နေခဲ့ရသည်။

 

 

ဆေးရုံပေါ်မှ ဆင်းသည့် နေ့ရက်တွင် ချောင်ကျန်းကျွင်းက သူ့ သမီးကို ကိုယ်တိုင်သွားကြိုခဲ့သည်။ လမ်းတစ်ဝက်တွင် မိုးကြိုးမုန်တိုင်း ကျရောက်လာသဖြင့် သာ့ချောင်သည် ခြေချော်ပြီး မြောင်းထဲသို့ ပြုတ်ကျသွားသည်။

 

 

ချောင်ကျန်းကျွင်းသည် သူ၏ ကလေးအားကယ်တင်ရန် လိမ့်ဆင်းလာသောအခါ မြှီးညှောင့်ရိုးသည် ငေါထွက်နေသည့် ကျောက်တုံးကြီးအား ဆောင့်မိပြီး နာကျင်မှုကြောင့် နေရာတွင်ပင် မေ့မျောသွားခဲ့သည်။

 

 

သူ့ကို ဆေးရုံတင်ပြီးသောအခါ ဆရာဝန်က မြှီးညှောင့်ရိုးရှိ အာရုံကြောများသည် ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် ယခုလက်ရှိ ဆေးပညာဖြင့် မကုသနိုင်ကြောင်း ပြောသည်။

 

 

ထိုသို့ဖြင့် ချောင်ကျန်းကျွင်းက အကြောသေသွားသည်။

 

 

ဒုတိယချောင် အကြောသေသွားပြီးနောက် ဖန်းရှောင်ကျွမ်းသည် တစ်နေ့လုံးငိုနေပြီး သူမ သေချင်ကြောင်းနှင့် ကယ်ဘေးကြယ်ဖြစ်သည့် သာ့ချောင်အား အိမ်မှ မောင်းထုတ်မည့်အကြောင်း ဆူညံပွက်လောရိုက်နေသည်။

 

 

ထိုအချိန်တွင် အော်ဟစ်သံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ "ကျွန်မ အသက်မရှင်ချင်တော့ဘူး!"

 

 

လျိုချွေ့ဟွားတို့ သုံးယောက်သည် ချက်ချင်း ပြေးထွက်လာသည်။ ချောင်မိသားစုခြံဝင်းသို့ သူတို့ရောက်ရှိသောအခါ လူများက အဝင်ဝတွင် အုံခဲနေပြီ ဖြစ်သည်။

 

 

"ဘယ်လို မကောင်းတဲ့ကိစ္စ ငါလုပ်ခဲ့လို့ ဒီလို ကပ်ဘေးကို မွေးလာခဲ့တာလဲ? သူမရဲ့အမေနဲ့ ညီမကို မကောင်းတဲ့ကံတွေ ယူခဲ့ပြီးတော့ အခု သူမရဲ့အဖေကိုလည်း ပစ်မှတ်ထားချင်နေသေးတယ်။ တစ်မိသားစုလုံးကို သတ်ချင်နေတာပဲ!"

 

 

ဖန်းရှောင်ကျွမ်းသည် တုန်းဖုန်းအစုတွင် လူသိများသည့် အလှအပလေး ဖြစ်သည်။ ယခုတွင် သူမသည် မြေပြင်ပေါ်၌ ဖရိုဖရဲဖြစ်နေသည့် ဆံပင်နှင့် ထိုင်နေပြီး သူမ၏ ဘောင်းဘီရှည်တွင်လည်း ရွှံ့များ၊ ကြက်ချေးများ ကပ်နေသည်။ သူမရဲ့ ဘယ်အစိတ်အပိုင်းက အလှလေးနဲ့ တူနေလို့လဲ?

 

 

"မိန်းမ၊ မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ? ဒီကိစ္စက သာ့ချောင်နဲ့ ဘာဆိုင်လို့လဲ?" ချောင်ကျန်းကျွင်း၏ အသံက အိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

 

 

ဖန်းရှောင်ကျွမ်းက ကြက်သွေးထိုးခံရသကဲ့သို့ မြေပြင်ပေါ်မှ ခုန်ထလိုက်သည်။ "ကျွန်မက ဘာမဟုတ်တာ ပြောနေလို့လဲ? အရင်တုန်းက ကျွန်မက သွေးလွန်ခဲ့ပြီးတော့ ရှောင်ချောင်က သေလုနီးပါးပဲ။ အခု ရှင်က အကြောသေနေတယ်။ ဘယ်ဟာက သူမနဲ့ မဆိုင်တာရှိလို့လဲ? ဒီနေ့ ကျွန်မ ဒီကပ်ဆိုးကို မောင်းထုတ်မယ်"

 

 

ချောင်ကျန်းကျွင်းက အံကြိတ်လိုက်သည်။ "မင်း ဘာပြောပြော ငါသဘောမတူဘူး"

 

 

ဖန်းရှောင်ကျွမ်းက သရုပ်ဆောင်နေစဥ် ဖက်ထုပ်လေးသည် မီးဖိုငယ်ရှေ့တွင် ထိုင်နေကာ ဆေးကြိုနေပြီး သူမ၏ လက်ဖဝါးအရွယ်သာရှိသည့် မျက်နှာပေါ်တွင် မျက်ရည်များက ပြည့်နေသည်။ အလွန်သနားစရာကောင်းလှသည်!

 

 

သာ့ချောင်သည် ထန်းရွက်ယပ်တောင်ကို ကိုင်ကာ မီးယပ်နေရင်း တိတ်တဆိတ် ငိုရှိုက်နေသည်။

 

 

ဆေးကြိုပြီးသောအခါ သူမ၏ လက်ကလေးနှင့် မျက်ရည်များကို သုတ်လိုက်ကာ ထရပ်ပြီး ဆေးကို ကြွေဇလုံးဟောင်းထဲသို့ သေချာစွာ လောင်းထည့်လိုက်သည်။ ထို့နောက် သူမသည် ၎င်းကို အဝတ်စုတ်နှင့် ဖုံးလိုက်ပြီး ဂရုတစိုက်ကိုင်ကာ ထွက်လာသည်။

 

 

ဖန်းရှောင်ကျွမ်း လှည့်ကြည့်သောအခါ သူမထွက်လာသည်ကို တွေ့လိုက်သည်။ ချက်ချင်းပင် သူမ၏ ဒေါသက မြှင့်တက်လာပြီး ပြေးသွားကာ ပါးနှစ်ချက်ရိုက်လိုက်သည်။

 

 

ကြွေဇလုံဟောင်းက မြေပြင်ပေါ် ကလန်ဆိုသည့်အသံနှင့်အတူ ပြုတ်ကျသွားသည်။ တရုတ်ဆေးများသည် နူးညံ့သော ခြေချင်းဝတ်ပေါ်သို့ စင်သွားသဖြင့် ကြီးမားသည့် အနီရောင်ကြီးက ချက်ချင်း ပေါ်လာခဲ့သည်။

 

 

နီရဲပြီး ရောင်ကိုင်းနေသော လက်ဖဝါးရာက သူမ၏ ပါးနှစ်ဖက်ပေါ်တွင် ပေါ်လာသည်။ မျက်ရည်များသည် သူမ၏ ရှည်လျားပြီး ကော့ညွှတ်နေသည့် မျက်တောင်ဖျားမှ ကျဆင်းလာသည်။ သူမ၏ မျက်လုံးများသည် မှော်မှန်ကဲ့သို့ သန့်ရှင်းတောက်ပနေပြီး ကြည့်ရှုသူ၏ အမှောင်ဘက်ခြမ်းကို ဖော်ပြနေသည်။

 

 

ဖန်းရှောင်ကျွမ်းသည် သူမဖုံးကွယ်ထားသည့် ပုံရိပ်ကို သာ့ချောင်၏ မျက်လုံးထဲတွင် မြင်တွေ့ရသဖြင့် ခေတ္တမျှ မှင်သက်သွားပြီး ပို၍ အရှက်ရကာ ဒေါသထွက်သွားသည်။ "နင်က တစ်မိသားစုလုံးအတွက် ကပ်ဆိုးပဲ။ အခုချက်ချင်းထွက်သွား!"

 

 

သာ့ချောင်သည် သူမ၏ ကြီးမားသော သမင်ကဲ့သို့မျက်လုံးအား မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်များက ကျဆင်းလာသည်။ သူမသည် နူးညံ့စွာ အသနားခံနေသည်။

 

 

"သမီးက  အလုပ်  ပိုလုပ်ပ့ါမယ်။ သမီး မစားဘူး။ အမေ  သမီးကို မမောင်းထုတ်ပါနဲ့"

 

 

ဖန်းရှောင်ကျွမ်းက နားမထောင်ပေ။ သူမသည် သာ့ချောင်၏ ဆံပင်ကို ဆွဲပြီး အပြင်သို့ ပစ်ထုတ်လိုက်သည်။

 

 

သာ့ချောင်၏ ဦးရေပြားက ဆုတ်ပြဲတော့မလိုပင်။ နာကျင်လွန်းသဖြင့် မျက်ရည်များက အဆက်မပြတ်ကျဆင်းနေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်နေသည်။

 

 

ပြတင်းပေါက်ကို မှီထားသော ချောင်ကျန်းကျွင်း၏ မျက်လုံးများကလည်း နီရဲနေသည်။ "ဖန်းရှောင်ကျွမ်း၊ အခုချက်ချင်းရပ်လိုက်!"

 

 

ထိုအချိန်တွင် ကြီးမားသော လက်တစ်ဖက်သည် သတိမပေးဘဲ ဖန်းရှောင်ကျွမ်း ဆံပင်ကို ဆွဲလိုက်သည်။

 

 

ဖန်းရှောင်ကျွမ်း၏ ခေါင်းသည် အနောက်သို့ လှန်သွားသည်။ သူမ၏ ဦးရေပြားက ဆုတ်ပြဲတော့မည်ကဲ့သို့ ခံစားရသဖြင့် နာကျင်လွန်းပြီး အော်ဟစ်သည်။ "အား....လွှတ်ပေး! လွှတ်ပေး!'

 

 

သူမ၏ အနောက်ရှိလူက အေးစက်စက် ပြောလိုက်သည်။ "နင်လွှတ်ပေးပြီးရင် ငါလည်း လွှတ်ပေးမယ်"

ဒီအသံ...

 

 

သူမရဲ့ ယောက္ခမ ချောင်ရှို့ကျီရဲ့အသံပဲ...!

 

 

ဖန်းရှောင်ကျွမ်းသည် ဖိမ့်ဖိမ့်တုန် ကြောက်သွားပြီး သာ့ချောင်၏ ဆံပင်ကို ချက်ချင်းပင် လွှတ်ပေးလိုက်သည်။

 

 

ထိုအခါမှ ချောင်ရှို့ကျီက လွှတ်ပေးသည်။ ယပ်တောင်အရွယ်ရှိ သူမ၏ လက်ဖဝါးကို ခါယမ်းလိုက်သောအခါ အမဲရောင် အရာများအစုလိုက်က သူမ၏ လက်မှ ကျလာသည်။

 

 

လူတိုင်းက အနီးကပ် ကြည့်လိုက်သည်။ အမလေး ဘုရားသခင်၊ ဒါက ဆံပင်အစုလိုက်ပင်!

 

 

ဖန်းရှောင်ကျွမ်းသည် ပြောင်နေသာ သူမ၏ ခေါင်ူကို ထိလိုက်ပြီး သူမ၏ မျက်ရည်များက ကျဆင်းလာတော့မလိုပင်။

 

 

 "အမေ၊ ဒီနေ့ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ပိုက်ဆံဖြုန်းတဲ့ ဒီဟာလေးကို ကူညီရတာလဲ?"

 

 

ချောင်ရှို့ကျီက သရော်လိုက်သည်။ "တကယ်လို့ သာ့ချောင်က ပိုက်ဆံဖြုန်းတဲ့ဟာလေးဆိုရင် နင်လည်း တူတူပဲ။ နင်က ပိုက်ဆံအဖြုန်းဆုံးပဲ"

 

 

ရယ်သံများက ထွက်ပေါ်လာသဖြင့် ဖန်းရှောင်ကျွမ်း၏ မျက်နှာသည် ပူလောင်သွားတော့သည်။

 

 

ချင်ရှို့ကျီသည် ကြီးမားသော အင်အားဖြင့် မွေးဖွားလာသဖြင့် မိသားစုထဲတွင် အရေးပါသည်။ တစ်ချိန်တည်းတွင် သူမသည် ရွာထဲတွင် အာဏာရှင် ဖြစ်သဖြင့် မည်သူမှ သူမခေါင်းပေါ်သို့တက်ပြီး မပြေးလွှားရဲပေ။

 

 

သူမက ဤချွေးမ ဖန်းရှောင်ကျွမ်းကို သဘောမကျရုံသာ ဖြစ်သည်။ ချောင်ကျန်းကျွင်းက ဖန်းရှောင်းကျွမ်းကို လက်ထပ်ရန်တောင်းဆိုသောအခါ သူမက ချက်ချင်း ကန့်ကွက်ခဲ့သည်။

 

 

ဖန်းမိသားစုရှိ ကြီးစဥ်ငယ်လိုက်သည် ပျင်းရိသူများ ဖြစ်ကြသည်။ သူတို့သည် ပြဿနာရှာရသည်ကို ကြိုက်ကြသဖြင့် သူတို့နှင့် ခမည်းခမက်တော် သူတိုင်းသည်လည်း ကံမကောင်းသူများပင်။

 

 

ဖန်းရှောင်းကျွမ်း၏ ဂုဏ်သတင်းကလည်း ဆိုးရွားသည်။ ချောင်ကျန်းကျွင်းနှင့် လက်မထပ်မီကတွင် သူမသည် အမျိုးသား ပညာတတ်လူငယ်လေးနှင့် မရှင်းမလင်း ဖြစ်နေသည်။ ထို့နောက် ထိုပညာတတ်လူငယ်က မြို့သို့ ပြန်သွားသောအခါ သတင်းမကြားရတော့ပေ။

 

 

 ထိုအခါမှ သူမလည်း လက်ထပ်ဖို့ လူတစ်ယောက်အား အလျင်အမြန်ရှာတော့သည်။ ချောင်ကျန်းကျွင်းက သူမ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။

 

 

ထိုကဲ့သို့ မိန်းမအတွက် ဖန်းမိသားစုက တင်တောင်းငွေ ယွမ် ၁၅၀ တောင်းသည်။ ကျေးလက်ဒေသတွင် ထိုယွမ် ၁၅၀ က မိန်းမ ယောက်ယူနိုင်ပြီ ဖြစ်သည်။

 

 

ချောင်ရှို့ကျီက သဘောမတူပေ။ သို့သော်လည်း လိမ်မာပြီး မိဘကျေးဇူးသိတတ်သည့် ချောင်ကျန်းကျွင်းသည် ဖန်းရှောင်ကျွမ်းကို လက်ထပ်ရန်သာ တောင်းဆိုသည်။

 

 

ချောင်ရှို့ကျီကလည်း အလျော့မပေးဘဲ ချောင်ကျန်းကျွင်းကို အကြွေးစာချုပ် ရေးထားခိုင်းသည်။ တင်တောင်းငွေသည် မိသားစုဆီမှ ချေးယူသည့် ပိုက်ဆံဖြစ်ပြီး လူငယ်စုံတွဲအား လက်ထပ်ပြီး ရက်အကြာ အိမ်ခွဲခိုင်းသည်။

 

 

ဖန်းရှောင်ကျွမ်းသည် အမုန်း၊ ခံပြင်းမှုများဖြင့် ပြည့်နေသည်။ "အမေ၊ ဒီပိုက်ဆံ...ကလေးက ကပ်ဆိုးပဲ။ တကယ်လို့ ကျွန်မက မမောင်းထုတ်ရင် သူက ကျွန်မတို့အားလုံးကို သတ်လိမ့်မယ်!"

 

 

ချောင်ရှို့ကျီက မျက်နှာတင်းတင်းဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ နင်အသက်ရှင်ရတာ လုံလောက်နေပြီနဲ့တူတယ်။ နေရာတိုင်းမှာ ပျက်စီးနေတာကို နင်က အယူသည်းနေသေးတယ်။ နင့်လို မကောင်းတဲ့သူကို ပြုပြင်ဖို့အတွက် လယ်ထဲပို့ပြီး စိတ်နေစိတ်ထားအသစ်တွေ သင်ခိုင်းဖို့ ဉာဏ်ပွင့်အောင် ထားသင့်တယ်!"

 

 

ဖန်းရှောင်ကျွမ်း မျက်နှာက ချက်ချင်း ဖြူဖွေးသွားတော့သည်။