အပိုင်း ၁
Viewers 1k

အပိုင်း

 

 

ချင်လိုင်တိ နိုးလာသောအခါ သူမ၏ အိပ်ရာပေါ် လှဲလျောင်းလျက်ရှိနေတာကို တွေ့လိုက်ရပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ပြတင်းပေါက်ဘေးနားရှိ ဆေးအစက်ပြောက်ထင်နေသော ဗီရိုနှင့် အိုဟောင်းနေသော ကျားရုပ်ပုံသော့ချိတ်လေးတစ်ခုက ဗီရိုတံခါးတွင် တွဲလောင်းကျနေတာကို မြင်လိုက်ရသည်။

 

 

 "ဒါ ငါ့မွေးရပ်မြေက အိမ် မဟုတ်ဘူးလား

 

 

 အတိအကျပြောရရင် တောင်တန်းတွေကြားမှာ ရှိသည့် သူမ၏ ဇာတိမြို့မှ မိသားစုအိမ်ဖြစ်သည်။ သူမအိမ်ထောင်ကျပြီးနောက် မိဘအိမ်ကို မပြန်ဖြစ်ခဲ့ပေ။

 

 

နောက်ဆုံး အိမ်ပြန်ခဲ့သည့်အချိန်က လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက ဖြစ်သည်။ အိမ်ကို ပြန်ရောက်သောအခါ သူမ၏အဖွား ချင်ကွေ့ဟွားကိုသာ တွေ့ခဲ့ရသည်။ သူမ၏ အဖွားသည် တစ်ချိန်လုံးအိပ်ယာပေါ်တွင်သာ လဲလျောင်းလျက်ဘ၀ကို ကုန်ဆုံးနေသူဖြစ်သည်။

 

 

အဖွားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်တည်ထောင်သည့် အချိန်တွင် ကျောင်းတုံပြည်နယ်မှ စီလန်ပြည်နယ်သို့ ပြောင်းရွှေ့ခိုလှုံခဲ့သော ဒုက္ခသည်တစ်ယောက်ဖြစ်သည်။ သူမ စပြောင်းလာသည့်အချိန်တွင် မိသားစုဝင်၂၀ ကျော် ရှိနေရာမှ ဝူလီတုံကျေးရွာသို့ ရောက်သောအခါ ချင်ကွေ့ဟွား တစ်ယောက်သာ ကျန်ရှိခဲ့တော့သည်။

 

 

  ထိုအချိန်မှာ ချင်ကွေ့ဟွားသည် အလွန်အစာရေစာငတ်ပြတ်နေခဲ့ပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။ကံကောင်းစွာဖြင့် ကြင်နာသနားတတ်သော မိသားစုတစ်စုက သူမကို မွေးစားခဲ့သည်။

 

 

ထိုခေတ်အခါက ထမင်းနပ်မှန်အောင် စားနိုင်သော အိမ်ဆိုတာ အလွန်မများလှချေ။ သို့ပေမဲ့ ချင်ကွေ့ဟွားသည် ငတ်ပြတ်ခြင်းမရှိဘဲ သမီးအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ခံခဲ့ရသည်။

 

 

 နှစ်အနည်းငယ်ကြာသောအခါ ချင်ကွေ့ဟွားသည် သူမကို မွေးစားခဲ့သော မိသားစု၏ သားဖြစ်သူနှင့် ကြိုက်နှစ်သက်ကာ လက်ထပ်ထိမ်းမြှားခဲ့သည်။ ထိုမိသားစုမှလည်း  အပြင်လူနှင့် ယူမည့်အစား ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲသာ ဖိတ်တာအကောင်းဆုံးဟုဆိုကာ ကြည်ကြည်ဖြူဖြူ ပေးစားခဲ့သည်။

 

 

သို့သော် အချိန်ကောင်းတွေသည် ကြာရှည်မခံခဲ့ချေ။လက်ထပ်ပြီး ဒုတိယမြောက်နှစ်တွင် ကျန်းမာတုတ်ခိုင်သော သားလေးတစ်ယောက်ဖွားမြင်ပြီးနောက် သူမ၏ အမျိုးသားနှင့် ယောက္ခမတို့ ကပ်ဘေးရောဂါကြောင့် တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ကြသည်။

 

 

ထို့ကြောင့် ၁၇ နှစ်အရွယ် ချင်ကွေ့ဟွားနှင့် သားဖြစ်သူတို့ နှစ်ဦးသည် ဝူလီတုံကျေးရွာတွင် လှပသည့် မုဆိုးမဟု နာမည်ကျော်ကြားခဲ့သည်။

 

 

 နှစ်အတော်ကြာပြီးနောက် သားဖြစ်သူနှင့် ချွေးမတို့ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားသောအခါ ချင်ကွေ့ဟွားနှင့် မြေးမ၄ယောက်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် မြေးမ၄ယောက်ကို အိမ်ထောက်ရက်သားချရန် ချမ်းသာသော မိသားစုများကို အောင်သွယ်စပ်ဟပ်ခြင်းများ ပြုလုပ်ခဲ့သည်။

 

 

ချင်လဲ့တိ မှတ်မိသည်မှာ သူမအစ်မအကြီးဆုံးဖြစ်သူသည် နိုင်ငံတွင်းက စတီးထုတ်သည့်စက်ရုံမှ အလုပ်သမားတစ်ဦးနှင့် လက်ထပ်သွားခဲ့သည်။

 

 

 ဒုတိယအစ်မ၏ ယောက္ခမဖြစ်သူသည် ကြည်းတပ်ဌာနချုပ်ခေါင်းဆောင်ဖြစ်ရာ ကောင်းမွန်သော လက်ထပ်ပွဲဖြစ်သည်ဟု ဆိုနိုင်သည်။

 

 

ချင်လဲ့တိ လက်ထပ်ခဲ့သော ခင်ပွန်း ကျောက်ချင်းစုန့်သည် စစ်တပ် အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူမနှင့် မယူခင်တွင် တစ်ကြိမ်ကွာရှင်းထားပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိသည်ဟူသော ပြစ်ချက်တစ်ခုသာရှိသည်။

 

 

  အစပိုင်းမှာ သူမ မယူချင်ခဲ့သော်လည်း အဘွားဖြစ်သူချင်ကွေ့ဟွားက အခုလို အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းပြီး ရုံးဝန်ထမ်းတစ်ယောက်သည် သမီးရှင်တိုင်းလိုချင်နေသည့် လူစားဖြစ်သည်ဟု ​​ပြောဆိုခဲ့တာကြောင့် လက်ထပ်ယူရန် သဘောတူမိခဲ့သည်။ သူမသည် အဖေမရှိ အမေမရှိ မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် ခင်ပွန်းလောင်းဖြစ်သူကို ဂျီးများနေရန် ရွေးချယ်စရာမရှိချေ။

 

 

တကယ်တမ်း မိထွေးတစ်ယောက်အဖြစ် နေထိုင်ရန် မလွယ်ကူလှချေ။ လင်ပါသားက အသက်၅နှစ်ရှိပြီဖြစ်ရာ အရာရာကို နားလည်သဘောပေါက်နိုင်သော အရွယ်ဖြစ်သည်။ ကလေးသည် သူ့မိခင်အရင်းကိုသာ အကောင်းမြင်ပြီး ဆွေမျိုးများ၏ စကားများကိုသာ နားထောင်သည်က သူမအတွက် ပိုခက်ခဲစေသည်။

 

 

မိထွေးဖြစ်သူက သူ့ကိုဂရုစိုက်ပေးလျှင် ထိုအရာက လုပ်သင့်လို့ လုပ်တာဖြစ်သည်။ အကယ်၍ မိထွေးဖြစ်သူက လင်ပါသားကို မပြုစုဂရုမစိုက်လျှင် မိထွေးဆိုးဖြစ်သောကြောင့်ဟူသော အတွေးက နှစ်နှစ်အရွယ် လင်ပါသမီးဖြစ်သူဆီတွင်တောင် ရှိနေခဲ့သည်။

      

 

လူတွေက ကိုယ်ကိုတိုင်က မွေးသော သားသမီးတွေကသာ ကိုယ့်ကို နားလည်ဂရုစိုက်၍ ချစ်ခင်ပေးနိုင်မည်ဟု ပြောကြတာ မမှားချေ။ ချင်လိုင်တိသည် သူမကိုယ်တိုင် ကလေးယူချင်ခဲ့သော်လည်း  ကျောက်ချင်းစုန့်က သူ့ကလေးတွေ အရမ်းငယ်ရွယ်သေးတာကြောင့် နည်းနည်းလောက်ကြီးပျင်းလာပြီး အဖေတူ အမေကွဲမောင်နှမတွေကို လက်ခံနိုင်ရန် အချိန်ယူသင့်သည်ဟု ဆိုသောကြောင့် ကလေးမယူနိုင်ခဲ့ချေ။

 

 

  နှစ်ကြာပြီး ကျောက်မောင်နှမနှစ်ယောက် မူလတန်းပညာရေးပြီးသွားခဲ့သော်လည်း ကျောက်ချင်းစုန့်က သူအလုပ်များကာ အိမ်ကိုပုံမှန်ပြန်လာနိုင်ဖို့တောင် ခဲယဥ်းနေတာကြောင့် ခလေးယူရန် ရွှေ့ဆိုင်းရန် ပြောဆိုခဲ့သည်။

 

 

ထိုသို့ကိစ္စအမျိုးမျိုးကြောင့် ကလေးယူရန်ရွှေ့ဆိုင်းနေခဲ့ရာ ခင်ပွန်းသည်တောင် ပင်စင်ယူပြီး ကျောက်မောင်နှမ၂ယောက်တောင် ကောလိပ်မှ ဘွဲ့ရပြီးပြီဖြစ်သည်။ ထိုအချိန်တွင် ချင်လိုင်တိသည် အသက်ကြီးကြီးအန်တီကြီးတစ်ယောက်ဖြစ်နေပြီဖြစ်ရာ သူမကလေးယူရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

 

 

 လင်ပါသားနှင့် သမီးဖြစ်သူကို လက်ထပ်နိုင်ရန် ကူညီပြီး မွေးဖွားလာမည့် မြေးတွေကိုသာ ထိန်းကျောင်းပေးခြင်းကသာ သူမအတွက် ပိုကောင်းတဲ့အရာဖြစ်နေသည်။ ဒီလိုကသာ မိန်းမအများစု၏ သူတို့ဘဝသက်တမ်းကို အသက်ရှင်နေကြရတာဖြစ်သည်။

 

 

သူမ လင်ပါသားသမီးတွေ၏ သားသမီးတွေကို ထိန်းကျောင်းပေးရရုံသာမက နာတာရှည်ရောဂါဖြစ်နေသော ခင်ပွန်းဖြစ်သူကို ၅နှစ်တာမျှ ပြုစုသုတ်သင်စောင့်ရှောက်ပေးခဲ့ရသည်။ သို့ပေမဲ့ အထင်နှင့်အမြင်တခြားစီဖြစ်သွားတာက ကျောက်ချင်းစုန့် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် လင်ပါသားသမီး၂ယောက်သည် သူတို့၏ အမေရင်းကို အိမ်သို့ခေါ်ဆောင်လာပြီး မိထွေးဖြစ်သူကို အိမ်မှ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

   

 ပိုပြီး အံ့အားသင့်စရာဖြစ်ရပ်က ကောင်းမွန်သည့် မင်္ဂလာပွဲဆိုတာက ချင်အဘွား၏ ငွေညှစ်မှုတစ်ခုလိုသာ ဖြစ်နေခဲ့သည်။ ချင်အဘွား၏ ခက်ထန်ရန်လိုမှုနှင့် သူမရဲ့ ဆတ်ဆတ်ထိမခံ စိတ်ဓာတ်ကြောင့် ရွာ၏ ဆယ်မိုင်ပတ်လည်မှာရှိသော ရွာတွေမှ လူပျိုလူလွတ်တွေက သူမကို မည်သူမျှ မတင်တောင်းရဲခဲ့ကြချေ။

 

 

သူမ မည်မျှ လှပနေပါစေ တင်တောင်းရမည်ကို သေရမည်ကဲ့သို့ ကြောက်လန့်နေခဲ့ကြသည်။ သူမဇာတိမြေမှာရှိသော ရွာသူမလေးတွေသည် အသက်၁၆ နှစ် ၁၇နှစ်အရွယ်တွင် စတင်လက်ထပ်ထိမ်းမြားကြလေ့ရှိသည်။

 

 

သူမ ၁၈နှစ်ရှိလာသည့်တိုင်အောင် မည်သူမျှ သူမကို လက်ထပ်ရန် မအောင်သွယ်ခဲ့ကြသောကြောင့် အပျိုဟိုင်းကြီးတစ်ယောက်လို ဖြစ်နေခဲ့သည်။ ရွာသားတွေသည် သူမကိုအသက်၁၈နှစ်တိုင်အောင် လက်ထပ်ထိမ်းမြားခြင်းမပြုနိုင်တာကြောင့် လှောင်ရီအတင်းစကားဆိုခဲ့ကြသည်။

 

 

သူမ အသက် ၁၈နှစ် ရောက်ပြီး နွေရာသီအတွင်းမှာ ကံကြမ္မာ အလှည့်အပြောင်းတစ်ခုဘရောက်လာခဲ့သည်။ သူမရေကန်တွင် အဝတ်လျှော်နေစဥ်မှာ ခြေချော်ပြီး ပြုတ်ကျသွားခဲ့သည်။ တိုက်ဆိုင်စွာနှင့် ရေကန်နားဖြတ်သွားသော ပြည်သူ့လွတ်မြောက်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက သူမကို ကယ်တင်ပေးခဲ့သည်။

 

 

ထိုကယ်တင်ပေးမှုက အရေးမကြီးလှချ။ ချင်အဘွားသည် သူမမြေးဖြစ်သူကို ကယ်တင်ပေးခဲ့သူသည် ရွာလူကြီးမိသားစုဖြစ်သော ကျောက်မျိုးနွယ်၏ နာမည်အကြီးဆုံး တတိယသားဖြစ်သူဟု ကြားသိခဲ့သည်။

 

 

 ထိုသူသည် တပ်ထဲတွင် ရာထူးမြင့်ဖြစ်သည်ဟုလည်း သိရသောအခါ ချင်အဘွားဖြစ်သူသည် ချက်ချင်းပင် ကျောက်မိသားစုထံသို့သွားကာ သူမမြေးဖြစ်သူ၏  ဂုဏ်သတင်းကို ကျောက်တတိယသားက ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

 

 

ထိုစွပ်ဆွဲချက်က ပြင်းထန်လှရာ သူသည် မိန်းကလေးဖြစ်သူကို လက်မထပ်လျှင် သူ၏ အလုပ်တွင် အနှောင့်အယှက်ဖြစ်ကာ တိုးတက်ရေးအတွက် စွန့်စားရာကျမည်ဖြစ်သည်။

 

 

သူတို့သား၏ အနာဂါတ်အတွက် လက်ထပ်ခြင်းကိုသဘောတူရန်သာ တတ်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်ဖြစ်ချိန်တွင် ကျောက်ချင်းစုန့်သည် ကွာရှင်းပြီး၂နှစ်ကြာပြီဖြစ်ကာ သူ၏ဆွေမျိုးများဆီသို့ အလည်အပတ်လာချိန်ဖြစ်သည်။

 

 

အဘွားချင်သည် အလျှင်အမြန်ဖြင့် ချင်လိုင်တိနှင့်ကျောက်ချင်းစုန့်တို့ ၂ဦးအား လက်ထပ်မှတ်ပုံတင်ရန် စစ်တပ်သို့ သွားရောက်ခဲ့သည်။ ထိုကဲ့သို့သော အလွန်အမင်း လျှင်မြန်မှုကြီးက တစ်ရွာလုံးကို အံ့သြသွားစေခဲ့သည်။

 

 

 လူတိုင်းထင်ခဲ့သည်က ထိုလုပ်ရပ်က ငွေညစ်နေသလိုပင်။ ချင်လိုင်တိသည် ရိုးရိုးရစ်ငှက်တစ်ကောင်ဘဝမှ ဖီးနစ်ငှက်အဖြစ်သို့ ကူးပြောင်းသွားနိုင်သည်ဟု ဆိုခဲ့ကြသည်။ ဒါပေသိ သူမ မည်သို့သော ဘဝကိုနေထိုင်ရှင်သန်ခဲ့ရသည်ဆိုတာ သူမတစ်ယောက်သာ သိလေသည်။

 

 

လင်ပါသားသမီးတွေကို ထည့်မတွက်လျှင်တောင်မှ ကျောက်မိသားစု၏ သူမအပေါ်ဆက်ဆံမှုသည် သူမအတွက် ခက်ခဲကြမ်းတမ်းလှပေသည်။

 

   

လူကြီးမင်းကျောက်သည် ကံဆိုးစေတတ်သော နိမ့်ကျသည့်သူမကြောင့် ချင်မိသားစုမှ လူများအားလုံး သေဆုံးသွားရသည်ဟု အမြဲနိမ့်ချပြောဆိုနေခဲ့သည်။ ယောင်းမ ဖြစ်သူတွေကလည်း သူမ အရင်ဘဝဟောင်းကို ဘယ်လိုပြုတ်ကျသွားမလဲဆိုတာကို စောင့်ကြည့်ကာ လှောင်ရီရန် အသင့်ဖြစ်နေခဲ့သည်။

 

 

ဒါဆိုကျောက်ချင်းစုန့်ကရော သူမအပေါ်ဘယ်လိုသဘောရှိသလဲဆိုတာ စဥ်းစားမိသောအခါ သူမမျက်ဝန်းထောင့်မှ မျက်ရည်ကို ပွတ်သုတ်မိစေသည်။ခဏလေး တစ်ခုခုမှားနေသလိုပဲ

 

 

 သူမ မျက်စိရှေ့မှ မြင်နေရသည့် သေးသွယ်ပြီး နူးညံ့ငယ်ရွယ်ပုံရသော လက်နှစ်ဖက်သည် မိန်းမငယ်လေးတစ်ယောက်၏ ပုံစံဖြစ်နေသည်။ အိမ်အလုပ်ကို နှစ်ပေါင်းများစွာလုပ်ကိုင်ရာမှ ရရှိလာသော အသားမာတွေနှင့် အနာဟောင်းတွေလည်း ရှိမနေချေ။

 

 

မျက်နှာကို ထိကြည့်လိုက်ရာ အရေပြားတွန့်တွေနှင့် အိုမင်းမှုကို မခံစားရပဲ တင်းရင်းပြီး ငယ်ရွယ်သည့် အသားအရေကိုသာ ထိတွေ့မိနေသည်။ နှစ်ပေါင်းများစွာ သူမကို ဒုက္ခပေးခဲ့သော မျက်စိအနီးမှုန်ခြင်းတောင် ရှိမနေပေ။ ပြတင်းပေါက် အပြင်ဘက်မှ သစ်ရွက်ပေါ်ရှိ ပိုးကောင် သေးသေးလေးတွေကိုတောင် ထင်ရှားစွာ မြင်နိုင်နေသည်။

 

 

  “ခဏလေး ဘာလို့ စိိုစိုစွတ်စွတ်နဲ့ ရေတစက်စက်ကျသလို ခံစားနေရတာလဲ သူမလျှင်မြန်စွာ မတ်တတ်ထကြည့်လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက်ပြောင်းပြန်လည်သွားသလိုပင်။ ရေစိုနေသော ပန်းပွင့်ဂါဝန်က မြင်ကွင်းထဲ ဝင်လာသောအခါ တစ်ခုပဲ တွေးမိသည်။

 

 

သူမပြန်မွေးဖွားလာတာလား

 

 

 ဟုတ်သည် သူမရေထဲပြုတ်ကျသည့် သူမ၁၈နှစ်အရွယ်ကို ပြန်လည်မွေးဖွားလာခဲ့သည်။

 

  

သူမ မှတ်မိတာက ထိုပန်းပွင့်ဂါဝန်လေးကို ရရန် သူမအဘွားနှင့် အချိန်တော်ကြာစကားများခဲ့ရပြီး

ထိုဂါဝန်လေးကို အရမ်းတန်ဖိုးထားကာ တော်ရုံတန်ရုံမဝတ်ခဲ့ပေ။ သူမ ဝတ်ခဲ့သောအချိန်က ရေထဲပြုတ်ကျခဲ့သည့် ထို၁၈နှစ်အရွယ်မှာ ဖြစ်သည်။

 

  

'သူမသာ ပြန်မွေးဖွားခဲ့တာဆိုလျှင် သူမလက်မထပ်လို့ရနိုင်မလား ပြီးတော့ မိထွေးတစ်ယောက်လည်း ဖြစ်မလာတာမျိုးလည်း ဖြစ်လာနိုင်တယ်လေ အဲ့တာဆို အိမ်ပေါ်ကနေ ကန်မထုတ်ခံရတော့ဘူးမလား' ဟု သူမ တွေးနေမိသည်။

 

 

  ထိုအချိန်မှာပဲ တံခါးနားမှာ တစ်ယောက်ယောက်စကားပြောနေတာကို ကြားလိုက်ရသည်။

 

 

ဟေး ယောင်းမရေ မုဆိုးမချင် တစ်ယောက်ယောက်ကို ငွေညှစ်ဖို့သွားတာကို နင်တကယ်မြင်လိုက်တာလား

 

 

ငါ့မျက်လုံးနဲ့ တကယ်မြင်လိုက်တာပါဆို မုဆိုးမချင်ကလေ လူငယ်လေးတစ်ယောက်ရဲ့ ခြေထောက်ကို ဖက်ပြီး သူမရဲ့ မြေးမလေးလိုင်တိက အရှက်ရလွန်းလို့ အိမ်ထဲကနေ ဘယ်မှ မထွက်ရဲဖြစ်နေရှာတယ် မင်းသာ သူမကို မယူရင် နေ့မကူးပဲ မင်းရှေ့မှာ ကြိုးဆွဲချသေသွားနိုင်တယ်ဆိုပြီး ပြောဆိုနေတာနော်

 

 

ဒါမဲ့ ငါဦးလေးလျို့ဆီက ကြားတာကကျတော့ သူမက အလုပ်သမားတွေကို ပြဿနာရှာနေတာတဲ့

 

 

ဘယ်လိုပြသနာရှာရှာဟယ် လူတစ်ယောက်က ဒီလောက်ထိ ပြဿနာရှာနိုင်ရတာလဲ။ အဲ့မုဆိုးမချင်က အရမ်းဆင်းရဲလွန်းတော့ အရှက်မရှိတဲ့ လုပ်ရပ်တွေတောင် လုပ်ရဲနေတာနေမှာ ဟွန်း

 

 

ဆင်းရဲလို့ ရူးသွားတာနေမှာ သူမက မြေးမတွေကို လက်ထပ်ပေးနိုင်ဖို့ အရမ်းကို ရူးသွပ်နေတာပဲ။ အဘွားအိုတစ်ယောက်က လှောင်ရီကာ ပြောလိုက်သည်။

 

 

လီမိသားစုမှ ဒုတိယသားဖြစ်သူက ချင်မိသားစု၏ မြေးမလေးတစ်ယောက်နှင့် အတန်းဖော်ဖြစ်ပြီး သူမကို ကြိုက်နှစ်သက်သည်ဟု သူ့မိသားစုကို ဖွင့်ပြောခဲ့သည်။

 

 

မုဆိုးမချင်၏ မြေးမဖြစ်သည်ဟုသိသည်နှင့် အပေါက်ဆိုးသည်ဟု နာမည်ကြီးသောမုဆိုးမဖြစ်တာကြောင့် သူတို့သားကို အဆက်အသွယ်ဖြတ်စေခဲ့သည်။အခုဆိုလျှင် သူတို့သားသည် အခြားမိန်းခလေးတစ်ယောက်နှင့် လက်ထပ်ကာ ပျော်ရွှင်နေရပြီဖြစ်သည်။

 

 

 နောက်ပိုင်းတွင် ရှောင်ကျန်းနှင့် အောင်သွယ်ပေးခဲ့သော်လည်း မုဆိုးမချင်၏ မကောင်းသည့်ဂုဏ်သတင်းကြောင့် နောက်ဆုတ်သွားသည်သာဖြစ်သည်။ နောက်တစ်ယောက် ရှောင်လျိုနှင့် အောင်သွယ်ခဲ့ပြီး သူမ၏ မိဘတွေမရှိတော့ပဲ မိသားစုက အဆင်မပြေသော်လည်း သူက ဂရုမစိုက်သောကြောင့် နောက်လဝက်နေလျှင် လက်ထပ်ပွဲ ဖြစ်မြောက်တော့မည်ဖြစ်သည်။ သို့သော် သူမတို့၂ယောက် ရုပ်ရှင်သွားကြည့်ရာလမ်းတွင် ကောင်လေးကို ရိုက်နှက်ခဲ့သောကြောင့် ဆေးရုံတွင် လဝက်မျှ နေခဲ့ရသည်။ လက်ထပ်ပွဲလည်း သဘာဝကျစွာပင် ပျက်စီးသွားခဲ့သည်။

 

 

သူမသည် လက်မထပ်နိုင်တာကြောင့် ရွာတွင်ဟာသတစ်ခုလို ဖြစ်နေခဲ့သည်။

 

 

အံ့သြစရာမရှိပါဘူး မုဆိုးမချင်တစ်ယောက် ဘာလို့ တစ်ယောက်ယောက်ကို ငွေညှစ်သလို လုပ်နေရတာဆိုတာ။ လိုင်တိရဲ့ ဒေါသနဲ့ဆို လှည့်ကွက်လေးသုံးမှ လက်ထပ်ပေးလို့ရတော့မှာလေ

 

 

 ချင်လိုင်တိသည် အပြင်ကိုထွက်ချင်သော်လည်း

သူမ ရေနစ်ထားတာမကြာသေးတာရော အချိန်ကြာမြင့်စွာ မေ့မြောနေတာကြောင့်ပါ စောင်လေးတစ်ထည်ကိုပင် ပင့်ဖယ်နိုင်သောအားမရှိနေပေ။

 

 

 သို့ပေမဲ့ ဒီတစ်ခါတော့ ကျောက်ချင်းစုန့်ကို နောက််တစ်ခါ ထပ်မပတ်သက်စေချင်ခဲ့ပေ။

 

 

 လိုင်တိ သူမ၏ လျှာဖျားကို ကိုက်ပြီးခဲခဲယဥ်းယဥ်းနှင့် တံခါးနားသို့ တရွေ့ရွေ့သွားလိုက်သည်။ တံခါးကိုဖွင့်မည်ပြင်ဆဲမှာ သူမ မေ့လဲသွားသည်။

 

 

သူမ ပြန်နိုးလာသောအခါ ခြံဝန်းထဲရှိ စကားဝိုင်းတစ်ခုရှိနေတာကို ကြားလိုက်ရသည်။ "အန်တီ မှားနေပြီနော် လိုင်တိကို ယူမယ်လို့ ကတိပေးတာ ချင်းစုန့်မဟူတ်ဘူး ချင်းစုန့်ရဲ့ ရဲဘော်တစ်ယောက်တဲ့

 

 

ချင်းစုန့်က အနာဂါတ်မှာ တပ်ရင်းခေါင်းဆောင်ဖြစ်နိုင်ပေမဲ့ ငါကြားတာတော့ နင့်မြေးသားမက်ဖြစ်လာမဲ့သူက နှစ်တစ်ဝက်လောက် စစ်တပ်ကနေ အနားယူမလို့တဲ့

 

 

  “အဲ့တစ်ယောက်က အသားဖြူဖျော့ဖျော့နဲ့ အလုပ်လုပ်နိုင်တဲ့သူနဲ့မတူဘူး အနာဂါတ်မှာ မိသားစုကို ဘယ်လိုထောက်ပံ့နိူင်လိမ့်မလဲ သနားစရာပဲ

 

 

အဒေါ် အဒေါ့်အနာဂါတ်မြေးသမက်က အသုံးမကျတဲ့သူဆိုတာ သိလား