အပိုင်း
၁
ယဲ့အန်း
မူလတန်းကျောင်းတက်တုန်းက သူ့အမေ ရှကျင်က ယဲ့ယွမ်နျန်နဲ့ ကွာရှင်းခဲ့သည်။ ထိုအချိန်တွင်၊
ယဲ့ မိသားစုသည် ယခုကဲ့သို့ လူမှုရေး သို့မဟုတ် ငွေကြေးဆိုင်ရာ သြဇာလွှမ်းမိုးမှုမျိုး
မရှိသလို အမွေဆက်ခံရန် လိုအပ်သော ရာဇပလ္လင်လည်း မရှိပေ။ ရှကျင်သည် သူ့သမီးကို အုပ်ထိန်းခွင့်ရရန်
အရာအားလုံးကို စွန့်စားခဲ့သည်။
အသက်အနည်းငယ်သာရှိသေးသော
ယဲ့အန်းသည် ယဲ့ မိသားစုကို ရှကျင်နှင့်အတူ ထားခဲ့သည်။
မကြာခင်မှာပဲ
ယဲ့ယွမ်နျန်သည် နောက်အိမ်ထောင်ပြုပြီး မိသားစုသစ်တစ်ခု ထူထောင်ခဲ့သည်။
ဤနှစ်များတွင်
ယဲ့ယွမ်နျန်သည် ဖခင်တစ်ဦး၏ တာဝန်များကို မကျေပွန်ခဲ့ပဲ ၎င်းတို့၏ သားအဖဆက်ဆံရေးမှာ
မပြေလည်ခဲ့ပေ။ သူတို့သည် အမှန်တော့ သူစိမ်းများသာဖြစ်ကြသည်။
ထို့ကြောင့်
ယဲ့ယွမ်နျန်သည် အိမ်ထောင်ရေးမဟာမိတ်ကိစ္စကြောင့် သူမဆီ ချဉ်းကပ်လာသောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ
ရယ်မောမိခြင်းပင်ဖြစ်သည်။ သူမ၏ သောက်လက်စ ကော်ဖီခွက်ကို သူ့မျက်နှာပေါ် ပက်ပစ်လိုက်ပြီး
အဆုံးစွန်ထိနာကျင်စွာ အော်ဟစ်စေချင်ခဲ့သည်။
သို့သော်
သူမ မတတ်နိုင်ခဲ့ပေ။
လွန်ခဲ့သော
ခုနစ်နှစ်က ရှကျင်သည် အကြောင်းတချို့ကြောင့် ယဲ့အန်းကို ဂရုမစိုက်နိုင်ဘဲ ယဲ့ မိသားစုဆီ
ပြန်ပို့ခဲ့သည်။ နောက်တော့ ရှကျင် သည် အလွန်အမင်း အဆင်မပြေသဖြင့် ယဲ့ယွမ်နျန်ဆီမှ ပိုက်ဆံအမြောက်အများတောင်းခဲ့သည်။
ယဲ့ယွမ်နျန်က
သူတို့အအပေါ် ဒီအကြွေးကို အသုံးမချပေမယ့် ယဲ့အန်းက တခြားသူတွေရဲ့ ကျေးဇူးကြွေးတွေကြောင့်
ယဲ့ မိသားစုကို ပိုမုန်းလာခဲ့သည်။ ဒါကြောင့် ကော်ဖီနဲ့ပက်မယ့်အစား သူ့တောင်းဆိုမှုကို
မတက်သာပဲ လက်ခံလိုက်ပြီး သူ့ကိုယ်သူ ရောင်းပစ်လိုက်ရသည်။
ယဲ့အန်းသည်
အပြင်ဘက်ရှိ လန်းဆန်းသစ်လွင်သောနွေဦးရှုခင်းကို ငေးကြည့်ရင်း ဘုရားကျောင်းဆောင်ကို
ပွတ်သပ်လိုက်သည်။
သူမ၏ဖြစ်အင်မှာ
မာသာမေရီကဲ့သို့ဖြစ်သည်၊ တေးသရုပ်ဖော် မပြခံရခြင်းအတွက်တော့ ရင်နာစရာပင်။
“အန်းအန်း….”
သူမ
အတွေးနယ်ချဲ့နေစဉ် ယဲ့ယွမ်နျန်က သူမအား မပွင့်တပွင့် ခေါ်လိုက်သည်။
ယဲ့အန်း
လှည့်ကြည့်လိုက်ရာ ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေသည့် သူ၏မျက်နှာကို
တွေ့လိုက်ရတယ်။
"ဘာလဲ?"
အတန်ကြာအောင်
တွေးတောပြီးသောအခါ၊ ယဲ့ယွမ်နျန် က နောက်ဆုံးတွင် "မင်း အဖေပြောသမျှကို မှတ်မိသေးရဲ့လား"
ယဲ့အန်းသည်
မထီမဲ့မြင်ပြုလိုက်ပြီး မိသားစုနှစ်စုကြား ဆက်ဆံရေးကို ပျက်ပြားစေလိမ့်မည်ကို စိုးရိမ်သဖြင့်
မထွက်ခွာမီ သတိပြုရမည့် အချက်များကို ပြောပြသည်။ သူသည် မတရားသဖြင့် စာချုပ်တွင် သူမ၏
လက်မှတ်ကိုရရန် နီးစပ်နေပြီဖြစ်သည်။
“အထင်မမှားပါနဲ့ သမီးရယ်… ဖေဖေက သမီးရဲ့ကောင်းကျိုးအတွက်
လုပ်နေတာပါ။ အနာဂတ်မှာ သမီးကို သိပ်စိတ်ဖိစီးမနေစေချင်ဘူး... ရှဲ့ရှောက ယာယီမျက်စိကွယ်တာဖြစ်ပြီး
ကုသဖို့ မျှော်လင့်ချက်ရှိပါတယ်။ ရှဲ့ မိသားစုကလည်း သူ့ကို ပုံမှန်ဆေးစစ်ဖို့ နိုင်ငံတကာက
ကျော်ကြားတဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ကြားထားပြီးပါပြီ။ တစ်နေ့ သူ့အမြင်အာရုံ ပြန်ရလာနိုင်ချေများပါတယ်
…”
ယဲ့အန်းသည်
ယဲ့ယွမ်နျန်ကို လုံး၀နားမလည်ခဲ့ပေ။ သူမကို မယုံကြည်သည့်တိုင်အောင် ဘာကြောင့် လာရှာခဲ့သလဲ။ အသက်ကြီးလာလို့ သူငယ်များပြန်သွားလေသလား။
သူမသည်
အိပ်ပျော်တစ်ဝက်နိုးတစ်ဝက် နားထောင်ရင်း စိတ်မရှည်စွာနဲ့ကြားဖြတ်ပြောလိုက်သည်။
"အင်း၊ ကောင်းပြီ- သမီး မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရလို့ တစ်မှေးလောက် အိပ်လိုက်ဦးမယ်၊ ဟိုရောက်ရင် သမီးကိုနှိုးပါ။"
သူမပြောပြီးသည်နှင့်
ယဲ့အန်းသည် ထိုင်ခုံကို မှီ၍ မျက်လုံးကိုမှိတ်လိုက်သည်။
ယဲ့ယွမ်နျန်လည်း
နှုတ်ဆိတ်သွားသည်။
နာရီဝက်ခန့်အကြာတွင်
ကားသည် မြက်ခင်းနုနုစိမ်းစိမ်းများနှင့် လူကုန်ထံရပ်ကွက်ကို ဖြတ်မောင်းကာ ရှဲ့ မိသားစု၏
အိမ်ရှေ့တွင် ရပ်လိုက်သည်။
ယဲ့အန်းသည်
ယဲ့ယွမ်နျန်ကြောင့် နိုးလာပြီး ရီဝေဝေမျက်လုံးများကို ကြိုးစားဖွင့်လိုက်သည်။ သူမသည်
စိတ် ဆုံးဖြတ်လိုက်ပြီးနောက် ကားထဲမှ ထွက်လိုက်လာခဲ့သည်။
သူမ၏
ခြေထောက်များ မြေပြင်ပေါ်သို့ ကျရောက်သည့်အချိန်တွင် နေရောင်ခြည် အနွေးဓာတ်က သူမကို
လွှမ်းခြုံထားကာ ပန်းများ၏ မွှေးရနံ့သည် သူမ၏အနံ့ခံအာရုံတွင် ပျံ့လွင့်သွားသည်။
အနီးနားရှိ
ရေကန်အတွင်းတွင် လှိုင်းဂယက်များ လေယူရာ ယိမ်းနွဲ့လာပြီး ကောင်းကင်ရှိ တိမ်တိုက်များမှ
အလင်းနှင့် အရိပ်များကို ရောင်ပြန်ဟပ်နေသည်။ ယဲ့အန်းသည် ကောင်းကင်ကို မော့ကြည့်ကာ ရှုခင်းထဲတွင်
အတန်ကြာနစ်မြောနေမိသည်။
တော်ဝင်မိသားစု၏
ထုံးစံအတိုင်း မြင်ရသမျှ နေရာတိုင်းတွင် သာမန်လူများမယှဥ်နိုင်လောက်အောင် မင်းမျိုးမင်းနွယ်များ၏
အရောင်အဝါ ကို လွှမ်းခြုံထားသည်။ ယဲ့ မိသားစုသည် ချမ်းသာသော်လည်း ရှဲ့ မိသားစုနှင့်
မနှိုင်းယှဉ်နိုင်ပေ။ အလွန်ဆုံးအနေဖြင့် ယဲ့ မိသားစုကို သမိုင်းအစဥ်အလာ မရှိသော လူချမ်းသာမိသားစုအဖြစ်သာ
သတ်မှတ်နိုင်သည်။
ဆီဆေးပန်းချီတစ်ချပ်နှင့်တူသော
ဥယျာဉ်နှင့် နှစ်ထပ်အိမ်ကြီးရှေ့တွင် ရပ်ကာ သူမ၏ ဆုံးဖြတ်ချက်ကို သူမကိုယ်တိုင် လက်ခံနိုင်ရန်
ခက်ခဲမည် မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
အိမ်ထောင်ရေး
မဟာမိတ် သက်သက်ပဲ မဟုတ်လား။ မျက်မမြင်တစ်ယောက်နဲ့ လက်ထပ်လိုက်တာပဲ မဟုတ်လားလို့ သူမ လက်ခံနိုင်တယ်!
ရှဲ့
မိသားစု၏ အိမ်စောင့်က သူတို့ကို ကြိုဆိုပြီး သူတို့ နှစ်ယောက်ကို အိမ်ထဲသို့ ခေါ်သွားသည်။
ရှဲ့ရှော၏ဖခင်
ရှဲ့ပိုင်ယန်သည် ပန်းချီဆွဲခန်းထဲတွင် စောင့်နေသည်။ သူ့ဆံပင်အများစုဟာ ဖြူနေပြီး အသက်
၅၀ အစောပိုင်းအရွယ်လောက် ဖြစ်ပုံရသည်။ သူ့ဘဝ၏ အနိမ့်အမြင့်အတက်အကျဘေးဒုက္ခများကို သူ့မျက်နှာတွင်
အတိုင်းသား မြင်တွေ့နိုင်ပါသည်။
သို့သော်၊
သူသည် ယဲ့ယွမ်နျန် ကဲ့သို့ နှစ်များတစ်လျှောက် ကြံ့ကြံ့ခံရုန်းကန်လာခဲ့ဟန်မတူပေ။ ယင်းအစား
ရှဲ့ပိုင်ယန်သည် သူ၏ ငယ်ရွယ်စဉ်က ကျက်သရေနှင့် ချောမောမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။
ယဲ့ယွမ်နျန်သည်
အရိပ်အမြွက်ပြလိုက်ပြီး ယဲ့အန်းက “ဦးလေး ရှဲ့” ဟု ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ရှဲ့ပိုင်ယန်က
ခေါင်းညိတ်ပြီး သူမကို ခေါင်းမှ ခြေဖျားအထိ ကြည့်ပြီး သူ၏မျက်နှာမှ ကျေနပ်သော အပြုံးတစ်ပွင့်
ထွက်ပေါ်လာသည်။
ယဲ့အန်းသည်
၀တ်စုံ အဖြူဖွေးဖွေးကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ပုံပေါ်သည်။ သူမ၏
မျက်လုံးများသည် တောက်ပနေပြီး သူမသည် တက်ကြွစွာ ပြုံးလိုက်သည်။
ယဲ့ယွမ်နျန်၏
ဇနီးဟောင်းမှ ခေါ်ယူ ပျိုးထောင်ခဲ့သောသမီးဖြစ်သူ ယဲ့အန်းသည် ယဲ့မိသားစုတွင် ကြီးပြင်းလာခြင်းမရှိကြောင်း
သူကြားသိရသောအခါတွင် ၎င်းတို့သားအဖသည် မှန်ကန်မှုကင်းမဲ့ပြီး စိတ်မကျေမနပ်သလို ခံစားခဲ့ရသည်။
သို့သော်
ဤတောက်ပသော မျက်ဝန်းများနှင့် ကြော့ရှင်းသော မိန်းမပျိုလေးကို မြင်လိုက်ရသောအခါတွင်တော့
သူမသည် သူ့သားအတွက် မဆိုးလှဟု ခံစားမိသည်။
အားလုံးထိုင်ပြီးသောအခါ
ရှဲ့ပိုင်ယန်သည် ယဲ့ယွမ်နျန် နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ထို့နောက် သူက ယဲ့အန်း ဖက်လှည့်၍
“အန်း ကျောင်းတက်နေသေးလား”
လို့ တရင်းတနှီး မေးလိုက်သည်။
မိသားစုနှစ်စုသည်
လက်ထပ်ရန် မဟာမိတ်ဖွဲ့ထားသောကြောင့် ရှဲ့ မိသားစုသည် သူမသည် ချိန်းတွေ့ဖူးခြင်း ရှိ၊
မရှိ အပါအဝင် သူမ၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းပြီးဖြစ်သည်။ ထိုမေးခွန်းသည် စကားဦးသမ်းခြင်းသာဖြစ်သည်..
ယဲ့အန်းသည်
ကိုယ်နေဟန်ထားကို ထိန်းထားရင်း သူမ ထံမှ အဓိပ္ပါယ်မဲ့ စကားများထွက်လာမှာကို ကြောက်နေသည့်
ယဲ့ယွမ်နျန်ကို တစ်ချက်ကြည့်ပြီး ယဉ်ကျေးသိမ်မွေ့သောပုံစံနှင့် ပြန်ပြောလိုက်သည်။
"ကျွန်မက ဘွဲ့ရပြီးပါပြီ၊ လောလောဆယ် အသံသရုပ်ဆောင်အဖြစ်
စတူဒီယိုတစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ”
"မင်းအလုပ်က
စိတ်ဖိစီးစရာကောင်းသလားကွဲ့"
"ကျွန်မနဲ့
အဆင်ပြေပါတယ်ရှင်။"
မေးခွန်းတိုင်းကို
ပြတ်ပြတ်သားသား တုံ့ပြန်ပြီး စကားဝိုင်းမှာ အင်တာဗျူးတစ်ခုနှင့် ပိုတူနေသည်။
ရှဲ့ပိုင်ယန်က
ခေါင်းညိတ်လိုက်ပြီး "မင်း အားရှောကို မတွေ့သေးဘူး မဟုတ်လား"
ယဲ့အန်းက
ခေတ္တရပ်လိုက်ပြီး “အရင်က သူ့အင်တာဗျူးတွေကို အွန်လိုင်းမှာ တွေ့ဖူးပါတယ်၊ အဲဒါရောထည့်တွက်လို့ရသလား” လို့ ပြောရင်း ရယ်မောလိုက်သည်။
သူမ၏အရွှန်းဖောက်မှုကို
ရှဲ့ပိုင်ယန်သည် မရယ်ဘဲ မနေနိုင်တော့ပဲ မူလလေးလံသော အခြေအနေသည် ချက်ချင်းလျော့ပါးသွားသည်။
သူတို့သည်စကားစမြည်ပြောရင်း
ရယ်မောရင်း ရှဲ့ မိသားစု၏ အိမ်အကူ အန်တီ ကျိုးသည် အောက်ထပ်သို့ ဆင်းလာပြီး ရှဲ့ပိုင်ယန်၏
နံဘေးသို့ လျှောက်သွားသည်။
"သခင်လေးက
သူဆင်းမလာဘူးလို့ပြောတယ်၊ သခင်ကြီး ထိုက်သင့်သလို စီစဥ်လို့ရတယ်"လို့ခပ်တိုးတိုးပြောလိုက်သည်။
ထိုအချိန်တွင်
ရှဲ့ပိုင်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုက်လာသည်။
ဤလက်ထပ်မှုသည်
မိသားစုနှစ်စုကြား သဘောတူညီမှုတစ်ခုဖြစ်သောကြောင့် သတို့သမီးဘက်မှ ရောက်နေပြီဖြစ်သည်။
သူ့သား၏ အမြင်ခံရန် ငြင်းဆန်နေခြင်းမှာ ခွင့်မလွှတ်နိုင်စရာမရှိပေ။
ယဲ့ယွမ်နျန်
က ဒီစကားကြားတော့ စိုးရိမ်စိတ်နဲ့ မေးသည် "ရှောင်ရှောရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ"
ရှဲ့ပိုင်ယန်က
ပြုံးပြီးပြောလိုက်သည်။ "အခုတော့ ပြဿနာ ကြီးကြီးမားမား မရှိသေးပါဘူး၊ ဒါပေမယ့်
သူ့ဆရာဝန်က သူ့ကို မြန်မြန် နလန်ပြန်ထူနိုင်ဖို့ ညွှန်ကြားထားတော့ သူ့တွက် အပြင်ထွက်ရတာ
သိပ်အဆင်မပြေဘူးလေ..."
သူဘယ်လောက်ပဲ
အနားယူဖို့ လိုအပ်နေပါစေ အောက်ထပ်ကိုပင် မဆင်းနိုင်တော့ဘူးဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။
အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်မှာ ထင်ရှားသည်။
ယဲ့ယွမ်နျန်သည် အနည်းဆုံး မကျေနပ်မှုတစ်စုံတစ်ရာပြမည်ဟု
ယဲ့အန်း တွေးထင်ခဲ့သော်လည်း ယင်းမှာ ဖြစ်မလာပေ။ ယဲ့ယွမ်နျန် သည် အဆင်မပြေမှုကို မဖော်ပြဘဲ
“လူတစ်ယောက်ရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်၊ သူ့အတွက် အနားယူတာက ပိုကောင်းပါတယ်…”
???
ဒါဟာ
အိမ်ထောင်ရေး မဟာမိတ်လား၊ ဒါမှမဟုတ် ဒါဟာ တစ်ဖက်သတ် ကပ်ဖားနေခြင်းလား။
ယဲ့အန်းသည်
ခပ်မာမာပြုံးလိုက်သည်။
အဖေနဲ့သမီး
ဆက်ဆံရေးကို ဖြတ်ဖို့ နောက်များကျသွားပြီလား။
ရှဲ့ရှော
ထွက်တွေ့ဖို့ ငြင်းဆိုပြီးနောက် စကားဝိုင်းက တဖန် ခြောက်သွေ့သွားပြန်သည်။ ယဲ့အန်းသည်
ဘာပြောရမှန်းမသိသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။
ရှဲ့ပိုင်ယန်က
ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရုတ်တရက် "အန်းအန်း…. အားရှောရဲ့ အခြေအနေကို
နားလည်ပေးနိုင်မလား?"
ယဲ့ယွမ်နျန်က
ယဲ့အန်းကို လှစ်ခနဲကြည့်လိုက်သည်။
ယဲ့အန်းလည်း
နားလည်လိုက်ပြီး ချက်ချင်းပင် စိုးရိမ်သည့်လေသံဖြင့် “သူ့ မျက်လုံးကို ထိခိုက်မိစေခဲ့လို့လား” လို့ ဟန်ဆောင်ပန်ဆောင်မေးလိုက်သည်။
ရှဲ့ပိုင်ယန်
ခေါင်းညိတ်ပြသည်။
ယဲ့အန်း
က အနည်းငယ် ပြုံးလိုက်ပြီး “အဖေ ဒီအကြောင်းကို ပြောပြထားပြီးပါပြီ၊ အရမ်းကြီး စိတ်မပူပါနဲ့။
ဆေးပညာတွေက ပိုပိုပြီး အဆင့်မြင့်လာတာဆိုတော့ နောက်တော့ သူ့မျက်လုံးကို ကုသနိုင်မယ့်နည်းလမ်းရှာတွေ့မှာ
သေချာပါတယ်။”
သူမ၏
တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားသော အကြည့်များကို မြင်လိုက်ရပြီးနောက်တွင် ရှဲ့ပိုင်ယန်
စိတ်သက်သာရာရသွားသည်။
မိသားစုနှစ်ခုကြား မဟာမိတ်ဖွဲ့သော အိမ်ထောင်ရေးကိစ္စ ဖြစ်ပေသော်ငြား
တစ်ဖက်သားကို
ဘာကိုမှ အတင်းအကြပ် မလုပ်စေချင်ပေ။ အိမ်ထောင်ကျပြီးသည့်အချိန်အထိ ဖုံးကွယ်ထားမည့်အစား
အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြိုတင်ပြောထားလျှင် ပိုကောင်းသည်။
ယဲ့အန်း
ခဏလောက်စဉ်းစားပြီး “ဦးလေး ရှဲ့၊ ကျွန်မ သူ့ကို အပေါ်တက်ကြည့်လို့ရမလား” လို့ မေးလိုက်သည်။
ရှဲ့ပိုင်ယန်သည်
ရှဲ့ရှောကို သွားတွေ့ရန် စတင်တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အံ့အားသင့်စွာဖြင့်
သူက ပြုံးကာ ပြန်ပြောလိုက်သည်။
"သေချာတောပေါ့၊
မင်းသွားတွေ့နိုင်ပါတယ်။ မင်းတို့နှစ်ယောက် စကားစမြည်ပြောပြီး တစ်ယောက်နဲ့တစ်ယောက်
ရင်းနှီးအောင် လုပ်ကြပေါ့ကွယ်။"
သူက
အန်တီ ကျိုးကို အပေါ်ထပ်သို့ လမ်းပြခိုင်းသည်။
ယဲ့အန်းသည်
ဆိုဖာပေါ်မှ ထကာ ယဲ့ယွမ်နျန်၏ ထိတ်လန့်နေသော အကြည့်ကို လျစ်လျူရှုလိုက်သည်။ ထို့နောက်
အန်တီ ကျိုး နောက်မှ အပေါ်ထပ်သို့ လိုက်သွားသည်။
ဒုတိယထပ်မှာ
လုံးဝတိတ်ဆိတ်နေပြီး ကြွေထည်ပစ္စည်းတစ်ခုတစ်လေတောင် မမြင်ရပေ။ ကြမ်းပြင်မများမှာ အေးစက်ပြောင်လက်နေသည်။
ရှဲ့ရှော၏
အခန်းသို့ရောက်သောအခါ အန်တီ ကျိုးက တံခါးခေါက်လိုက်သည်- "သခင်လေး"
အတော်တော်ကြာအောင်
တုံ့ပြန်မှုတစုံတရာမရှိ။
အန်တီ
ကျိုးက ထပ်ခေါက်မည်အလုပ်တွင် ယဲ့အန်းက တားလိုက်ပြီး "အန်တီအရင် သွားနှင့်ပါ၊ သမီး
အဆင်ပြေမှာပါ"
အန်တီ
ကျိုးသည် သူမအား သေချာပုံပေါ်လား တုံ့ဆိုင်းစွာ အရိပ်အကဲကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
အန်တီ
ကျိုး ထွက်သွားပြီးနောက် ယဲ့အန်း သည် အချိန်ခဏယူ၍ နူးညံ့သိမ်မွေ့ပြီး မိန်းမကောင်းတစ်ယောက်လို
သတိချပ်ဟန်တင်း သည်။ သူမရှေ့ရှိ ပိတ်ထားသော တံခါးကို လှမ်းကြည့်ရင်း ခဏရပ်နေကာ နောက်ဆုံးတွင်
ခေါက်လိုက်သည်။
သူမ
သည် ဂိမ်းတစ်ခုကို ကစားနေသကဲ့သို့ တံခါးကို စည်းချက်မှန်မှန်ခေါက်သည်။ သုံးချက်ခေါက်လိုက်သည်။
ထို့နောက် နှစ်ချက်။
အချိန်အတော်ကြာပြီးနောက်၊
နောက်ဆုံးတွင် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး "ဝင်ခဲ့ပါ"
တံခါးကိုဖြတ်လာသော
စိတ်မရှည်ပုံပေါ်သည့် ယောင်ဝါးဝါး အသံကို သူမ ကြားလိုက်ရသည်။
ယဲ့အန်း၏
ဟန်တင်းထားသော အမူအရာသည် ခဏတာ သတိလွတ်သွားသည်။
ရွှေချထားသည့်
သတ္တုလက်ကိုင်ကို ကိုင်ထားရင်း ဖွင့်မဝင်မီ စက္ကန့်အနည်းငယ်လောက် ခေါင်းငုံ့ထားလိုက်သည်။
အတွင်းမှ
မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာပြီး သူမ၏ ကျောရိုးအတွင်းထိ ချမ်းစိမ့်သွားသည်။ လေထုသည်
ညစ်ညမ်းနေပြီး အခန်းသည် နေကို မမြင်ရတာ ကြာနေသလို ခံစားမိသည်။
အခန်းမီးများမဖွင့်ပဲ
ကုလားကာများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ အခန်းအတွင်းတွင် လှောင်အိမ်တစ်ခုကို ဖုံးအုပ်ထားသော ကန့်လန့်ကာ၏
အက်ကွဲကြောင်းများမှ ဝင်လာသော မှိန်ပြပြ အလင်းရောင်ကဲ့သို့ဖြစ်နေသည်။
အပြင်ဘက်မှ
ပြန့်ကျဲနေသော အလင်းရောင်ကြောင့် ယဲ့အန်း သည် ဆိုဖာပေါ်တွင် ထိုင်လိုက် နိုင်သည်။
ထိုလူသည်
အနက်ရောင် ဆွယ်တာကို ဝတ်ဆင်ထားပြီး သက်မဲ့ အရုပ်တစ်ရုပ်ကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကာ
သူ့ပတ်ဝန်းကျင်ရှိ အမှောင်ထုနှင့် ရောနှောနေသည်။
သူ့အသွင်အပြင်က
ချောမောသော်လည်း သူ့အမူအရာမှာ အေးစက်နေသည်။ သူ့တွင် ဖြောင့်စင်းသောနှာတံနှင့် ခိုင်ခံ့သော
မျက်ခုံးမွှေးရှိပြီး ကြည်လင်သော အသားအရေရှိသည်။ သူ့အကြည့်တွေမှာ နက်နဲပြီး မှောင်မိုက်နေတယ်။
တံခါးဖွင့်သံကြားတော့
သူဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။
နက်မှောင်သော
မျက်လုံးတစ်စုံက သူမကို အာရုံစိုက်ကာ သူတို့မျက်လုံးချင်း ဆုံလိုက်သောအခါ ယဲ့အန်းသည်
သူမ၏ နှလုံးခုန်သံခပ်ပြင်းပြင်းကို ခံစားလိုက်ရသည်။
အပြင်ဘက်
နွေဦးရှုခင်းသည် တောက်ပပြီး လှပနေသော်လည်း မိုးသည်းစွာ ရွာချသံကို သူမ ကြားလိုက်ရပြီး
ထိုညတစ်ညကို ပြန်မြင်ယောင်မိသည်။
လွန်ခဲ့သော
အချိန်အတော်ကြာက ည ဖြစ်သည်။