အပိုင်း
၂
ရှဲ့ရှောသည်
"ဂုဏ်ယူရသောကောင်းကင်၏သားတော်"ဘဝကိုရရှိခဲ့သည်ဟု ပြောရမည်။
သူသည်
ရှဲ့မိသားစုတွင် မွေးဖွားခဲ့ပြီး သဘာဝတရား၏ ကောင်းချီးပေးခြင်း ခံခဲ့ရသည်။ ရွှေထီးဆောင်း၍
ကြီးပြင်းလာကာ အခက်အခဲ မရှိသောဘဝဖြင့် နေထိုင်ခဲ့သည်။
အသက်
၂၀အစောပိုင်း အရွယ်တွင် သူသည် Ivy League တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖခင်ထံမှ မိသားစုစီးပွားရေးကို
တာဝန်ယူရန် အိမ်သို့ပြန်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်း ရှဲ့ရှောသည် ရှဲ့Group ၏ ဆက်ခံသူရာထူးကို
သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ရယူနိုင်ခဲ့သည်။
သူသည်
ဘဝကို လွယ်ကူသောပုံစံဖြင့် ဖြတ်သန်းနေသကဲ့သို့ပင်။
ယဲ့အန်းသည်
သူ၏ အင်တာဗျူးများနှင့် သတင်းများကို ဘဏ္ဍာရေးမဂ္ဂဇင်း အမျိုးမျိုးနှင့် အွန်လိုင်းတွင်
အားလုံးနီးပါးက သူ့ကို အဆုံးမရှိ ချီးကျူးနေသည်ကို တစ်ကြိမ်ထက်မက မြင်ဖူးခဲ့ပြီး ဖြစ်သည်။
သူ့ကိုလက်ထပ်ရန်
မျက်လုံးအရောင်လက်နေသောမိန်းကလေးများနှင့် လက်ထပ်ရန် တစာစာ အော်နေသောမိန်းကလေး များစွာရှိခဲ့သည်။
ချွင်းချက်မရှိ ယဲ့အန်းလည်း အပါအဝင်ဖြစ်သည်။
သို့သော်၊
သူ၏ ပြီးပြည့်စုံသော ဘဝသည် ၂၆ နှစ်တွင် ရုတ်တရက် အဆုံးသတ်သွားသည်။
ဤနှစ်တွင်၊
ရှဲ့ရှော၏ ရွှေထီးဆောင်းသောနေ့ရက်များ ကွယ်ပျောက်သွားပြီး သူ့ဘဝ၏ အဆိုးရွားဆုံးနှစ်ကို
ကျော်ဖြတ်ခဲ့ရသည်။
ပထမတော့
သူ့အမေဟာ အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ရင်း သင်္ဘောပျက်ပြီး ဆုံးသွားသည်။ မကြာခင်မှာပဲ
ရှဲ့ရှောဟာ ကားမတော်တဆမှုကြောင့် မျက်စိကွယ်သွားပြီး သူ့တစ်ဦးတည်းသော အဖော်အဖြစ် အမှောင်ထုသာကျန်ရစ်ခဲ့သည်။
ထိုအချိန်မှစ၍
ကြယ်တစ်ပွင့်သည် ၎င်း၏ တောက်ပမှုကို ဆုံးရှုံးခဲ့ပြီး ဘုရားသခင်နှစ်သက်တော်မူသောသူသည်
ကောင်းကင်မှ ကြွေကျခဲ့သည်။
ရှဲ့မိသားစုသည်
သတင်းမပြန့်ပွားစေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရှဲ့ရှောနှင့် ပတ်သက်သည့် ကောလာဟလမျိုးစုံသည်
"ကားမတော်တဆမှုတွင် သေဆုံးသွားခြင်း" မှ "ဟင်းသီးဟင်းရွက်ဖြစ်သွားခြင်း"
အထိ ပျံ့နှံ့သွားသည်... မိသားစုစီးပွားရေးအတွင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး
အဓိက ရှယ်ယာရှင်များ မငြိမ်မသက်ဖြစ်သွားသည်။
ယဲ့အန်းသည်
ကောလာဟလများကို ပထမဆုံးကြားလိုက်သောအခါ ၎င်းတို့ကို မယုံဘဲ မီဒီယာများချဲ့ကားလိုက်သည့်
ထွင်လုံးတစ်ခုသာထင်ခဲ့သည်။ ဇာတ်ဆောင်တစ်ဦးကဲ့သို့ မွေးဖွားလာသူ ရှဲ့ရှောက ဒီလိုအဆုံးသတ်ရသလား။
ယဲ့ယွင်နျန်ဆီမှ သတင်းအတိအကျကို သူမ ကြားသိခဲ့ရသည်။
ထိုမှသာ
ရှဲ့ရှောတစ်ခုခုဖြစ်သွားပြီဟု သူမယုံကြည်ခဲ့သည်။
ကားမတော်တဆမှုကြောင့်
ရှဲ့ရှောသည် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး သတိမေ့မြောသွားခဲ့သည်။ သူသည် ဆေးရုံတွင် နှစ်လကြာ
သတိလစ်နေခဲ့ပြီး နောက်ဆုံး နိုးလာသောအခါတွင် မျက်စိကွယ်သွားခဲ့သည်။ ရှဲ့ပိုင်ယန် သည်
ပြည်ပမှ ကျော်ကြားသော အထူးကု ဆရာဝန်ကြီးများအား ဖိတ်ခေါ်ရန် ငွေကြေးများစွာ သုံးစွဲခဲ့သော်လည်း
မည်သို့ပင် ကြိုးစားစေကာမူ မအောင်မြင်ခဲ့ပေ။
ရှဲ့ရှောသည်
သူ၏ကျန်ရှိသောဘဝကို အမှောင်ထုထဲတွင် ကုန်ဆုံးသွားဖွယ်ရှိသည်။
သေချာပါသည်၊
အဲ့သည်လိုမှ မဟုတ်လျှင်၊ ယဲ့အန်းသည်သူ့ကို အခွင့်ကောင်းယူပြီး နှစ်အိမ်ထောင်မဟာမိတ်ဖွဲ့နိုင်မည်မဟုတ်ချေ။
မတော်တဆမဖြစ်မီတွင်
ရှဲ့ရှောကို လက်ထပ်လိုပြီး ရှဲ့မိသားစုနှင့် လိုက်လျောညီထွေဖြစ်စေလိုသော အမွေဆက်ခံသူအမျိုးသမီးများသည်
သူ့ကိုရရန် ငမ်းငမ်းတက်ကြိုးစားခဲ့ကြသည်။ ယဲ့အန်း အတွက်၊ “ယဲ့ မိသားစု၏ သမီးကြီး” သည်ပြောပလောက်စရာ
တည်ရှိမှုမျိုးမဟုတ် သဖြင့် သူမကို ထည့်သွင်းစဉ်းစားခြင်းပင် ခံရမည် မဟုတ်ပါ။
အခန်းတွင်းရှိ
အနှိုင်းမဲ့ ဆွဲဆောင်မှုရှိသော အမျိုးသားကို ကြည့်လိုက်ရာ ယဲ့အန်း၏ နှလုံးသားထဲတွင်
ထိုနောင်တလေးများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဒီလိုအရည်အသွေးမြင့်တဲ့ယောက်ျားက
မျက်မမြင်ဖြစ်နေရင်တောင် သူ့ကိုလက်ထပ်ဖို့က ထိုက်တန်နေတုန်းပဲ!
တကယ်
ထိုက်တန်တယ်။
သူမ၏အတွေးနနယ်ချဲ့နေစဥ်
ခက်ထန် နက်နဲသောအသံတစ်ခုသည် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ညတွင်ရွာသောမိုးကဲ့သို့ နားထဲသို့ပဲ့တင်ထပ်သွားသည်။
"ဘာကိစ္စလဲ?"
ထိုလူသည်
စကားပြောသောအခါ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့လေသံတွင် စိတ်မရှည်သည့်အရိပ်အမြွက် များပေါ်လွင်နေသည်။
ယဲ့အန်းသည်
သူမ၏ အာရုံ ကိုပြန်စုစည်းလိုက်ပြီး တစ်ခုခုပြောခါနီးတွင် ရုတ်တရက် စိတ်ပြောင်းသွားသည်။
သူမ
လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး လေသံကို ချိန်ညှိကာ "မင်္ဂလာပါ သခင်လေး ကျွန်မက
Mr. ရှဲ့ခန့်ထားသော အိမ်စောင့်အသစ်ဖြစ်ပြီး နောင်တွင် သခင်လေး ရဲ့ အစားအသောက်နဲ့ နေ့စဉ်လိုအပ်တာတွေကို
တာဝန်ယူပေးပါ့မယ်"
အပေါ်ယံမှာတော့၊
ရှဲ့ပိုင်ယန်သည် သားဖြစ်သူအတွက် လက်ထပ်ထိမ်းမြားရန် အလွန်သောက ရောက်နေရခြင်း အကြောင်းရင်းမှာ
ထို မင်္ဂလာဆောင်သည် ရှဲ့အုပ်စုအတွင်း ဖြစ်ပွားနေသည့်
ပဋိပက္ခ များကို အနည်းနှင့်အများ ဖြေရှင်းပြီးသား ဖြစ်စေလိမ့်မည်။ယ
တကယ့် အဓိက အကြောင်းအရင်းကတော့ ရှဲ့ရှောကို ဂရုစိုက်နိုင်တဲ့သူတစ်ယောက်တော့ရှိမှာပင်။
ထို့ကြောင့် ယဲ့အန်း ပြောသောစကားသည် အခြေအမြစ်မရှိသည်တော့မဟုတ်ချေ။
မျှော်လင့်ထားသည့်အတိုင်း
ရှဲ့ရှောသည် သူမ၏စကားများကို သံသယမရှိသော်လည်း သူပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
"
သခင်လေး၊ သခင်လေးအတွက် လက်ဖက်ရည်တစ်ခွက် ဖျော်ပေးရမလား" ယဲ့အန်းသည် အထဲသို့ ဝင်လာခဲ့သည်။
ရှဲ့ရှောက
အေးစက်စွာ ငြင်းဆိုလိုက်သည်။ "မလိုဘူး"
ယဲ့အန်းသည်
ခြေနှစ်လှမ်းသာသာ ဝေးသည့်တိုင်အောင် သူ့ထံသို့ ချဉ်းကပ်လာပြီး သူ၏မျက်လုံးများကို စိုက်ကြည့်နေသည်။
ထိုမျက်လုံးများသည် နက်နှိုင်းမှုနှင့် ငြိမ်သက်မှုကို တူညီစွာ ထိန်းသိမ်းထားသော်လည်း
၄င်းတို့သည် ယခင်ကဲ့သို့ တောက်ပ မှုမျိုး ရှိမနေတော့ပေ။
သူတကယ်မမြင်ရကြောင်း
အတည်ပြုပြီးနောက် ယဲ့အန်းသည် ပို၍ စိတ်မထိန်းနိုင် ဖြစ်လာပြီး ပြတင်းပေါက် အပြင်ဘက်သို့
လှမ်းကြည့်ကာ "သခင်လေး ဒီနေ့ ရာသီဥတုက သိပ်သာယာတာပဲ။ ကန့်လန့်ကာတွေကို ဆွဲဖွင့်လိုက်လို့ဖြစ်မလားရှင့်"
ဤတစ်ကြိမ်တွင်
သူမက ရှဲ့ရှောအဖြေကို မစောင့်တော့ဘဲ ပြင်သစ်ပြတင်းပေါက်ဆီသို့ တည့်တည့်ပြေးကာ လေးလံသော
ကန့်လန့်ကာများကို ဖွင့်လိုက်သည်။
တောက်ပသော
နေရောင်သည် ချက်ချင်းပင် အမှောင်ထုကို တွန်းဖယ်ကာ တောက်ပစွာ ဖြာကျလာသည်။
ရှဲ့ရှောသည်
သူ့အခန်းထဲတွင် လှောင်ပိတ်ခံထားရပြီး နေရောင်ခြည်၏ နွေးထွေးမှုကို အမှတ်တမဲ့ သတိပြုမိလိုက်သည်။
သူ့လက်ချောင်းသည် မသိလိုက်ခင်မှာ ရွေ့လျားသွားပြီး သူ၏နှုတ်ခမ်းအစုံကို တင်းတင်းကြပ်ကြပ်
ဖိထားမိသည်။
ယဲ့အန်းသည်
ဆိုဖာပေါ်တွင် တင်ထားသော သူ၏လက်များကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ၄င်းတို့သည် ဖြူဖျော့ သွယ်လျပြီး လက်သည်းများကို လက်ရာမြောက်သည့်
အနုပညာလက်ရာတစ်ခုကဲ့သို့ သပ်ရပ် သေသပ်စွာ လှီးဖြတ်ထားသည်။
သူမခေါင်းထဲသို့
ရောက်တတ်ရာရာ အတွေးတစ်စ ဝင်လာသည်- သူက မမြင်နိုင်ပေမယ့် သူ့လက်သည်းတွေကို ထိန်းထားနိုင်သေးတာလား။
ရှဲ့ရှောသည်
သူမ၏ လုပ်ရပ်အတွက် ဒေါသထွက်နေပုံရပြီး တင်းမာသောမျက်နှာဖြင့် သူ၏နှုတ်မှ စကားလုံးနှစ်လုံးထွက်လာသည်။
"ထွက်သွား!"
ကျွတ်
ကျွတ် ဒီသခင်လေး ဒေါသကြီးပုံရတယ်။
ယဲ့အန်းသည်
မကြားချင်ယောင်ဆောင်ကာ လက်နှစ်ဖက်ကိုပိုက်ထားပြီး မှန်ပြတင်းပေါက်ကို မှီကာ “အပြင်မှာ
ရာသီဥတုက အရမ်းသာယာတာပဲ။ ဒါကြောင့် သခင်လေး အပြင်ထွက်ပြီး လမ်းလျှောက်သင့်တယ်။ တစ်နေ့လုံး
လှောင်ပိတ်နေတဲ့အခန်းထဲမှာ နေရတာထက်စာရင် သခင်လေးရဲ့ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်။
အခု မဖျားသေးဘူးဆိုရင်တောင် တစ်နေ့လုံး အိမ်ထဲမှာပဲ နေရင် နေမကောင်းဖြစ်နိုင်တယ်လေ။”
ယဲ့အန်းသည်
ခေတ္တရပ်လိုက်ပြီး “သခင်မလေး ယဲ့ ကြောင့် သခင်လေးက အောက်ထပ်ကို ဆင်းဖို့ ငြင်းဆန်နေတာလား”လို့မရဲတရဲ မေးလိုက်သည်။
ရှဲ့ရှော၏
မျက်နှာပျက်သွားပြီး ဘာမှပြန်မဖြေခဲ့ပေ။
“သခင်လေး၊ ကျွန်မ သူ့ကို
သခင်လေးအတွက် အကဲခတ်ခဲ့တယ်။ သူမက တော်တော်လှတာ ၊ရုပ်ရှင်ထဲက မင်းသမီးတွေလိုကို လှတာ…သခင်လေးရဲ့”
“သူမက လှရုံတင်ဘယ်ကမလဲ အသံလည်း
ချိုတယ်။ သခင်လေး ကျွန်မကိုမယုံရင် အောက်ထပ်ဆင်းပြီး ကိုယ်တိုင် စစ်ဆေးကြည့်လို့ရပါတယ်..."
ယဲ့အန်းသည်
နေရောင်ခြည်ကိုခံစားရင်း ဆန့်ကျင်ဘက်လူ၏ မသိမသာ အပြောင်းအလဲများကို လုံးဝ သတိမထားမိပဲ
သူမကိုယ်သူမ ချီးမွမ်းခန်းဖွင့်နေသည်။
“ဒီကိုလာစမ်း” ရှဲ့ရှောက ရုတ်တရက်ပြောလိုက်တယ်။
ယဲ့အန်းသည်
စကားရပ်လိုက်ပြီး သူသည် သူမကို အထင်လွဲနေမည်ဟု တွေးလိုက်သည်။ "သခင်လေး အောက်ထပ်
ဆင်းချင်လို့လား"
ခြေလှမ်း
ခပ်သွက်သွက် လှမ်းလိုက်ပြီး ယဲ့အန်းသည် သူ့ကိုထူပေးရန် ခါးကိုကွေးညွှတ်လိုက်သည်။ သူ့လက်ကိုထိလိုက်သည်နှင့်
ယဲ့အန်းသည် သူမ၏လက်ကို ခပ်တင်းတင်းဆွဲထား ခံလိုက်ရသည်ကို သတိထားမိသည်။
ထိုလူက
မော့ကြည့်လိုက်သည်နှင့် မမြင်နိုင်သော မျက်လုံးများသည် သူမနင့် တည့်တည့်ကြီး မျက်နှာချင်းဆိုင်သွားသည်။
သူ့နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာပြီး သူပြောသော စကားများသည် နွေးထွေးမှု အရိပ်အရောင်ပင်
မပါဝင်ပေ။
"ယဲ့အန်းလား?"
“……”
သူမ
အငိုက်ဖမ်းခံလိုက်ရသည်။
ယဲ့အန်းသည်
ခေတ္တငြိမ်သက်သွားပြီး သူ၏ အေးစက်သော အမူအရာသည် သူမ၏ မျက်ဝန်းထဲတွင် ပေါ်လာသည်။
"သခင်လေးက
ကျွန်မဆိုတာ ဘယ်လိုသိတာလဲ"
အမှောင်ထဲတွင်
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ မွှေးရနံ့သည် ထူးခြားနေသည်။ သူမ၏အဖြေကိုကြားရပြီးနောက်
ရှဲ့ရှောသည် သူမ၏လက်ကိုလွှတ်လိုက်ပြီး သူမနှင့် အနည်းငယ်ဝေးရာသို့ ရွှေ့လိုက်သည်။
စကားမပြောသော်ငြား
သူ၏ သရော်သောအမူအရာမှာ ထင်ရှားသည်။
ဒီလူရဲ့မျက်လုံးတွေက
အလုပ်မလုပ်ပေမယ့် သူ့ ဦးနှောက်ကတော့ လုပ်သည်။
ယဲ့အန်းသည်
သူမ၏ နီမြန်းသွားသော လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း မကျေနပ်သလိုရေရွတ်လိုက်သည်။
ကံမကောင်းစွာပဲ၊
ရှဲ့ရှောက ထိုအခြေအနေကို မမြင်နိုင်ဘဲ "မင်းကို ဒီအအပေါ်ကို ဘယ်သူက လွှတ်လိုက်သလဲ"
ဟု အေးစက်စွာ မေးလိုက်သည်။
ယဲ့အန်းက
ဒေါသတကြီးနဲ့ “အန်ကယ် ရှဲ့ပေါ့။ ရှင် အောက်ထပ်ကို ဆင်းမလာချင်လို့ အပေါ်ထပ်ကို ရှင့်ကိုကျွန်မကိုယ်တိုင် လာတွေ့ဖို့
သူခွင့်ပြုလိုက်တာ။"
ရှဲ့ရှောက
နှစ်စက္ကန့်လောက် ခေတ္တရပ်လိုက်ပြီး “ကောင်းပြီ မင်းငါ့ကို မြင်ဖူးသွားပြီ။ မင်း အခုထွက်သွားလို့ရပြီ။"
???
ဘာကြီးလဲ?
သူ့စကားကိုကြားပြီးနောက်
ယဲ့အန်းသည် သူမ၏ နှလုံးသားထဲတွင် လောင်မြိုက်စွာ ခံစားလိုက်ရသည်-- သူက သူ့ကို အိမ်စောင့်အဖြစ်
တကယ်မှတ်ယူလိုက်တာလား။ သူ ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ။
ယဲ့အန်းဒေါသထွက်လွန်းသဖြင့်
သူ့ဘေးက ဆိုဖာပေါ် သို့လဲကျသွားတယ်။
"ရှင့်ကို
သေချာမမြင်ရသေးပါဘူး၊ ခဏလောက် ကြည့်ပါရစေဦး"
ရှဲ့ရှော
- "...."
ရှဲ့ရှောသည်
သူမ၏ အရှက်ကင်းမဲ့မှုကြောင့် အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင် ဝေဝါးနေသောခံစားချက်များက
လွှမ်းမိုးထားခဲ့သည်။
ယဲ့အန်းသည်
သူ့မျက်နှာပေါ်မှ အရိပ်အယောင်ကို မြင်လိုက်ကာ တိတ်တဆိတ် ဝမ်းသာသွားသည်။ သူမ မေးစေ့ကို
လက်နှစ်ဖက်နဲ့ ထောက်ထားပြီး သူ့ကို အငမ်းမရ စိုက်ကြည့်နေသည်။
ရှဲ့ရှောသည်
နက်မှောင်သော မျက်ခုံးမွှေး၊ မြင့်မားသော နှာခေါင်းရိုးနှင့် လှပပြီး ပြောင်စင်အောင်
ရိတ်ထားသော မေးရိုးရှိသည်။ သူ့ကိုယ်ခန္ဓာသည် ချည်ထိုး ဆွယ်တာအင်္ကျီအောက်တွင် မှန်းဆပုံဖော်လို့မရနိုင်အောင်
ဖုံးလွှမ်းထားသည်။ ဤလူသည် သူ၏ လက်ရှိ မှောင်မှိုက်ငြိုးငယ်နေမှုနှင့် လူမှုရေး ခေါင်းပါးသည့်
ပြုမူမှုများဖြင့်ပင် သူ့ကိုယ်သူ ကျက်သရေရှိနေစေပြီး မြင့်မြတ်မှုကို ဆောင်ထားဆဲဖြစ်သည်။
ထိုကဲ့သို့
ဆွဲဆောင်မှုရှိသော အသွင်အပြင်ဖြင့် ယဲ့အန်းသည် သူ့ကို ပိုကြည့်လေ ပိုကျေနပ်လေဖြစ်သည်။
သူမ၏ နှလုံးသား တဖြည်းဖြည်း လှုပ်ခတ်လာသည်။
အင်း၊
ဒီ လလက်ထပ်ပွဲကို သဘောတူလိုက်တာက သူမအတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်ဘူး။
နောင်တွင်
သူမသည် ယဲ့ယွင်နျန်ကို လျော့ပေါ့၍ကျိန်ဆဲနိုင်တော့မည်ဖြစ်သည်။
ရှဲ့ရှော
မမြင်နိုင်သော်လည်း သူ့ကို ဟန်မဆောင်တမ်း ငေးကြည့်နေသော သူမ၏ စူးစူးရှရှ အကြည့်များကို
ခံစားရဆဲဖြစ်သည်။ သူ့ကို အစိမ်းလိုက် ဝါးစားတော့မလိုပင် ခံစားရသည်။
ခဏအကြာ
သူ မခံစားနိုင်တော့ဘဲ "မင်းကြည့်လို့ ပြီးပြီလား?"
ယဲ့အန်း
- "Nope"
ရှဲ့ရှော
- "…….."
ယဲ့အန်းက
ခေါင်းကိုခါထုတ်လိုက်ပြီး "နေပါဦး ရှင့်ကို
ကျွန်မကြည့်နေတာပါလို့ ရှင်ဘယ်လိုသိနိုင်မှာလဲ။ ကျွန်မအပြင်က ရှုခင်းတွေကို ကြည့်နေတာပါ
ရှင်။"
ရှဲ့ရှော
- "……"
ယဲ့အန်းက
သူ့ကိုထပ်ဆွပေးလိုက်သည်။ “ရှုခင်းက လူထက် အများကြီး ပိုကြည့်ကောင်းတယ်”
ရှဲ့ရှော၏
နဖူးရှိ သွေးပြန်ကြောများ ဖောင်းလာပြီး ပေါက်ထွက်လုနီးဖြစ်နေပုံရသည်။
ယဲ့အန်းသည်
ယခုအချိန်တွင် ဒေါသသည်အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားနိုင်ပြီး သူမကို ဆွဲ၍လွင့်ပစ်တော့မည်ဟု
ခံစားလိုက်ရသည်။
သူမ၏
လုံခြုံမှုအတွက် သူ့ကို ထပ်ပြီး မစရဲတော့ပေ။ သူမ၏လေသံကိုပြောင်းရင်း ယဲ့အန်းက “ကောင်းပြီ၊
ငါ ရှင့်ကို ဆက်မကြည့်တော့ဘူး။ အိမ်ထောင်ရေး အခြေအနေ အကြောင်း ပြောကြည့်ရအောင်။”
"ကျွန်မ
ရှင့်ကိုမေးပါရစေ၊ ဒီအိမ်ထောင်ကို သဘောတူလား"
ရှဲ့ရှောက
မျက်မှောင်ကြုတ်သွားသော်လည်း ပြန်မဖြေခဲ့ပေ။ သူမသည် သူ၏နှုတ်ဆိတ်နေမှုကိုသာ ထောက်ခံသည်ဟု တစ်ဖက်သက်
ကောက်ချက်ချလိုက်သည်။
ယဲ့အန်းက
ဆက်ပြောခဲ့သည်။ “ရှင်က သဘောတူပြီးသားဆိုတော့ အဓိပ္ပာယ်ကတော့ ရှင့် ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို
ချိန်ဆပြီးသားဖြစ်လိမ့်မယ်။ ဒါကို ရှင်ကဘာလို့ အခုလိုတုံ့ဆိုင်းနေပုံပေါ်ရတာလဲ။”
ရှဲ့ရှော၏
မေးရိုးကို တင်းထားပြီး နှုတ်ဆိတ်နေသည်။ သူ့လက်ချောင်းများကို ခပ်ဖွဖွဆုပ်ထားပြီး
သူဘာတွေတွေးနေလဲဆိုတာ မည်သူမျှမှ မပြောနိုင်ပါ။
အခန်းတွင်း
အပူချိန်သည် ဒီဂရီများစွာ ကျဆင်းသွားသည်။ ယဲ့အန်းသည် သူ့ကိုကြည့်၍ အနည်းငယ် သနားစရာကောင်းသည်ဟု
အမှတ်မထင် ခံစားလိုက်ရကာ သူမ၏ ထေ့ငေါ့လိုသော စကားလုံးများသည် သူမ၏ လည်ချောင်းထဲတွင်
ပိတ်ဆို့သွားခဲ့သည်။
ပြောရလျှင်
သူသည် တစ်ချိန်က ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ် သားတစ်ဦးဖြစ်ခဲ့သော်လည်း ဆန္ဒမပါပဲ လက်ထပ်ထိမ်းမြားရန်
စီစဉ်ခံရသည်အထိ ပြိုလဲသွားခဲ့သည်။ ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ အခြေအနေတစ်ခုပါပဲ။
ယဲ့အန်းက
သက်ပြင်းတစ်ချက်ချကာ ယဲ့ယွင်နျန်ကို အရင်က သူမ ကတိပေးခဲ့သည့် အရာကို သတိရပြီး သူမ ကတဖန်
ဖျောင်းဖျပြန်သည်။
“ရိုးရိုးသားသားပြောရရင် ကျွန်မ ခုနက ပြောခဲ့တာတွေက
အမှန်ပါပဲ။ ကျွန်မက ကြည့်ပျော်ရှုပျော်တော့ရှိပါတယ်၊ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း
မဆိုးဘူး။ ဒီတော့ ကျွန်မတို့ ကြိုးစားပြီး မိတ်ဖွဲ့ကြည့်ကြရင် မကောင်းဘူးလား။"
ရှဲ့ရှောက
သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ "မင်းကိုယ့်ကိုကိုယ် တော်တော်ယုံကြည်မှုရှိတာပဲ။"
ယဲ့အန်းက
ဝမ်းသာအားရ ချီးကျူးစကားဆိုသည်။ "ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က အမြဲတမ်း
ကံကောင်းခြင်းတွေ ရှိနေတယ်။"
ရှဲ့ရှော
- "...."
မျက်မမြင်တစ်ယောက်နဲ့
လက်ထပ်တာ ကံကောင်းတယ်လို့ ယူဆတာလား။ ရှဲ့ရှောက သူ့ကိုယ်သူ ထိန်းထားပြီး ဒီမေးခွန်းကို
မမေးနိုင်ဖြစ်နေသည်။
ယဲ့အန်းသည်
ရုတ်တရက် ရှေ့ကို ငုံ့ကာ စူးစမ်းလိုသော လေသံဖြင့် မေးခဲ့သည်။ “အရင်က တစ်နေရာရာမှာ ကျွန်မကို
မြင်ဖူးပြီး ကျွန်မအပေါ် ဆိုးဆိုးရွားရွား အထင်အမြင်တွေ ရှိဖူးလား။ ရှင် ကျွန်မကိုမုန်းနေတာလား၊
ရှင် ဒါ့ကြောင့် စိတ်မပါလက်မပါဖြစ်နေတာလား။"
အမျိုးသမီးတစ်ယောက်၏
ခပ်ပျော့ပျော့ မွှေးရနံ့က ရှဲ့ရှောအနား ရောက်လာပြန်သည်။ သူ မျက်စိကွယ်သွားပြီးကတည်းက
ရှဲ့ရှောရဲ့ အာရုံတွေက ပိုပြီး သိမ်မွေ့လာသည်။ ယဲ့အန်းသည် သူနှင့် ဤမျှ နီးကပ်စွာ ရှိနေ၍
သူ၏လည်တိုင်နားမှဖြတ်သွားသော ပိုးသားပိုးချည်ကလေးတစ်မျှင် တိုးဝှေ့သကဲ့သို့ နူးညံ့ညှင်သာလွန်းလှသည့်
ထွက်သက်တစ်ချက်ကြောင့် သူ၏စိတ်များ မရိုးမရွဖြစ်လာသည်။
ရှဲ့ရှော
အနည်းငယ် တွန့်ဆုတ်သွားပြီး သူ၏ နှဖူးမှနက်ရှိုင်းသော မျဉ်းကြောင်းများ ပေါ်လာလောက်အောင်
မျက်ခုံးနှစ်ဖက်မှာ မြင့်တက်သွားသည်။
ယဲ့အန်းသည်
သူ့အဖြေကို စိုးရိမ်တကြီး မျှော်လင့်နေပြီး စူးစူးစိုက်စိုက်ကြည့်နေမိသည်။ သို့သော်
အချိန်အတော်ကြာသည်အထိ သူမ တုံ့ပြန်မှုတစုံတရာ မရခဲ့ပေ။
သူမ
ဆက်ငေးကြည့်မနေတော့ဘဲ အနည်းငယ် စိတ်ပျက်သွားသည်။ "ရှင် ဘာမှပြန်မပြောဘူးဆိုတော့
ရှင် ကျွန်မကို အရင်က မတွေ့ဖူးလို့ပဲ ယူဆလိုက်တော့မယ်။ ဒီလိုဆိုရင်တော့ ရှင် ကျွန်မကို
အကြောင်းမဲ့ မုန်းမနေသင့်ဘူး။ အခု ရှင် ကျွန်မကို မမုန်းဘူးလို့ သတ်မှတ်လိုက်မယ်။ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်း
လက်တွဲသွားကြရအောင်လေ။ ဒီလိုဆို မကောင်းဘူးလား?"
“ဖြည်းဖြည်းပေါ့၊ ဒါက စီးပွားရေးအရ
လက်ထပ်ကြတာဖြစ်ပြီး အချစ်မပါဘူးဆိုတာ ကျွန်မနားလည်ပါတယ်။ ရှင့်အပေါ် လက်တွေ့မကျတဲ့
ထင်ယောင်ထင်မှားခံစားချက်တွေ ရှိမှာမဟုတ်ဘူး။ ကျွန်မတို့ လက်ထပ်ပြီးရင် ကိုယ့်ဘဝနဲ့ကိုယ်နေပြီး
တစ်ဖက်သားကို ဝင်ရောက်ပက်သက် အနှောင့်အယှက် မပေးဘဲနေကြမယ်လေ။”
နောက်ဆုံးစကားနှစ်ခွန်းကိုကြားတော့
သခင်လေး ရှဲ့က နောက်ဆုံးမှာ “မင်းရဲ့စကားအတိုင်း မင်းနေမှာလား။”
ယဲ့အန်းက
ချက်ချင်းပြန်ပြောသည်။ “ဒီလိုနေဖို့ ခက်လို့လား။ ကျွန်မလည်း ကိုယ့်ဘဝနဲ့ကိုယ် နေချင်တာပေါ့”
သူမက
သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ဒါဆို ကျွန်မတို့ သဘောတူပြီလား” လို့ မဝံ့မရဲနဲ့
မေးသည်။
ရှဲ့ရှောက
မချေပ။
ယဲ့အန်းသည်
သက်ပြင်းတစ်ချက်ချ၍ ဝမ်းသာအားရ ပြန်ထိုင်ကာ မိမိကိုယ်မိမိ ချီူကျူးလိုက်သည်။ မစ်ရှင်ပြီးပါပြီ။
သို့သော်ငြား
သူမ ပျော်လို့မဆုံးခင်မှာပဲ ထိုအမျိုးသားက အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်ပြန်သည်။
“မင်း အခုထွက်သွားလို့ရပြီ”
ယဲ့အန်း
- “…..”
ယဲ့အန်းက
ဘာမှပြန်မပြောမီ ရှဲ့ရှောက " နေပါဦး၊ ကျွန်မ ရှင့်ကို သေချာမမြင်ရသေးဘူး၊ နည်းနည်းကြာကြာကြည့်ပါရစေဦး
"လို့ သူမထပ်ပြောမည်စိုးသဖြင့် ခပ်သွက်သွက် ထရပ်လိုက်သည်။
“……”
ဒေါသကို
မနည်းထိန်းထားရသည်။
ယဲ့အန်းသည်
သူ့နောက်ကျောကို စိုက်ကြည့်ကာ တွန်းလှဲပစ်လိုက်ချင်လာသည်။
ယဲ့အန်းသည်
ဒေါသ တမြည့်မြည့်ဖြင့် ခဏထိုင်ကာ သူမ ဒီအကြောင်းကို တွေးလေလေ ပို၍ ဝမ်းနည်းလေလေဖြစ်လာသည်။
အကယ်၍ သူမသည် ဤကဲ့သို့ အောက်ထပ်သို့ ဆင်းသွားပါက ရှဲ့ပိုင်ယန်သည် အဘယ်ကြောင့် ရှဲ့ရှောနှင့်
သူမ အတူ မဆင်းလာသနည်းဟု သေချာပေါက် မေးလိမ့်မည်။
ဒီလောက်
တစ်နေကုန် လွန်လွန်ကျူးကျူး တွေဖြစ်ပြီးခါမှ သူ့ကိုအောက်ထပ်ကို မခေါ်လာနိုင်တာ သိပ်ရှက်စရာကောင်းလွန်းသည်။
ဒီလိုဖြစ်လို့ဘယ်ရမလဲ။
သူ့ကို သူမနှင့်အတူ အောက်ထပ်သို့ ဆင်းခိုင်းမှရမည်။
ဒီအတွေးနဲ့ ယဲ့အန်းက ဆိုဖာပေါ်မှ ထပြီး ရှဲ့ရှောဝင်သွားတဲ့
အိပ်ခန်းထဲကို လျှောက်သွားသည်။
“ရှင်-”
သူမ
ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမတစ်ကိုယ်လုံး အေးစက်သွားသည်။
ထိုအခန်းမှာ
အဝတ်လဲခန်းဖြစ်သည်။
ရှဲ့ရှောက....
သူ့အဝတ်အစားတွေ လဲနေလက်စဖြစ်သည်။
ရှပ်အင်္ကျီကို
၀တ်ထားရုံဖြစ်ပြီး ကြယ်သီးများမတပ်ရသေးပေ။
မို့မောက်နေသောရင်အုတ်နှင့်
ညီညာနေသော ဝမ်းဗိုက်ကြွက်သား အစီအရီများ ပေါ်သို့ သူမ မျက်စိများရောက်သွားသည်။
ယဲ့အန်းသည်
အတိုင်းသား စိုက်ကြည့်နေမိကာ ချက်ချင်းပင် ရှက်သွားသည်။
ရှဲ့ရှောသည်
အသံကြားသည်နှင့် သူ့ရှပ်အင်္ကျီကို အမြန်စိလိုက်ပြီး မျက်နှာမှာ မည်းမှောင်သွားသည်။
"ထွက်သွားစမ်း!"
ဤတစ်ကြိမ်တွင်
ယဲ့အန်းသည် စကားပြန်မပြောဝံ့ဘဲ ထိတ်လန့်တကြား လှည့်ထွက်လိုက်မိသော်လည်း “သူဘောင်းဘီ
မချွတ်ထားတာတော်သေးတယ်”
လို့ပင် အကောင်းဖက်မှ လှည့်တွေးနေသေးသည်။
သူမ၏
မျက်နှာသည် ပူလောင်နေပြီး သူမ၏ပါးပြင်များကို အေးမြစေရန် လက်ဖမိုးများဖြင့်ဖိကပ်ထားသည်။
သူမ၏နှလုံးခုန်သံမှာ တော်တော်နှင့်မငြိမ်ခဲ့ပေ။
ခဏအကြာတွင်
ရှဲ့ရှောသည် သူ့အဝတ်အစားများကို ဝတ်ပြီး အဝတ်လဲခန်းထဲမှ ထွက်လာရာ သူ့တစ်ကိုယ်လုံး တွင်အေးစက်မှု
အရိပ်အရောင်များ ဖုံးလွှမ်းနေသည်။
ယဲ့အန်းသည်
အနည်းငယ် ထိတ်လန့်လျက်ကာ သူ့ကို လှမ်းကြည့်လိုက်သည်။ ထိုလူသည် အနက်ရောင် ရှပ်အင်္ကျီအဖြစ်ကို
လဲလိုက်ကာ သူ၏ ပုံပန်းသဏ္ဍာန်သည် ယခင်ကထက်ပင် ပိုမိုအေးစက်နေသည်။
သူမနဲ့
အတူ အောက်ထပ်ကိုဆင်းဖို့ အင်္ကျီသွားလဲတာလားလို့
သူမ မေးမည်အလုပ် တံခါးအပြင်ဘက်မှာ ရုတ်တရက် ခေါက်သံကြားလိုက်ရသည်။
"အားရှော"
ရှဲ့ပိုင်ယန်
ယ၏ အသံသည် အပြင်မှ ထွက်ပေါ်လာသည်။
အသံကြောင့်
ယဲ့အန်း လန့်ဖျပ်သွားပြီး ဆံပင်ကို အမြန်သပ်ကာ တံခါးဖွင့်ပေးရန် တံခါးဆီသို့လျောက်သွားသည်။
“အန်းအန်း ” သူမ တံခါးလာဖွင့်သည်ကိုမြင်ပြီးနောက်
ရှဲ့ပိုင်ယန် ပြုံးသွားသည်။
"ဦးလေး
ရှဲ့" ယဲ့အန်းသည် နူးညံ့သိမ်မွေ့စွာ ပြုံးပြကာ လူရည်သန့် မိန်းမပျိုလေးအဖြစ် သူမ၏
ပုံရိပ်ကို ချက်ချင်းပြန်ပြောင်းလိုက်သည်။
ရှဲ့ပိုင်ယန်
အခန်းထဲဝင်လာပြီး သူတို့နှစ်ယောက်ကြားကို တစ်လှည့်စီကြည့်လိုက်သည်။ သူက ပြုံးပြီးမေးသည်။
"သမီးတို့နှစ်ယောက် ဘာအကြောင်းတွေ စကားစမြည်ပြောနေလို့ ဒီလောက်ကြာတာတောင်မှ ဆင်းမလာကြသလဲ"
ယဲ့အန်းသည်
ရှဲ့ရှောကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာတင်းမာနေသည်။ မှန်သည်။ သူ့ဆီမှစကားလုံးများကို
သူမ မျှော်လင့်နေလို့မရပေ။
ယဲ့အန်းသည်
သူမ၏ သတ္တိပြန်မွေးလိုက်ပြီး ပြုံးကာ "ထွေထွေထူးထူးမဟုတ်ပါဘူး... ပေါ့ပေါ့ပါးပါး
စကားစမြည်ပြောရုံပါပဲ"
နှစ်ယောက်သား
အချိန်အတော်ကြာ စကာပြောနေသဖြင့် ရှဲ့ပိုင်ယန် အလွန်ဝမ်းသာသွားသည်။ “ကောင်းလိုက်တာ၊
စကားများများပြောတာ ကောင်းတယ်။”
ရှဲ့ရှောမျက်နှာကို
လှည့်ကြည့်လိုက်ပြီး "ဦးလေး ယဲ့ က အခုထိအောက်ထပ်မှာ တစ်နေကုန် ထိုင်နေတာ၊ မင်းက
အောက်ထပ်ကို ဆင်းပြီး မနှုတ်ဆက်တော့ ဘူးလား"
ရှဲ့ပိုင်ယန်က
သူတို့နှစ်ယောက်လုံး အောက်ထပ်ကို ဆင်းဖို့ ကိုယ်တိုင်လာခေါ်သည်။ ရှဲ့ရှောသည် နောက်ဆုံးတွင်
သဘောတူလိုက်ပြီး သူ့အာရုံများကို အားကိုးကာ အိပ်ခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
ယဲ့အန်းကို
ဘေးတွင်ရပ်ရန် ရှဲ့ပိုင်ယန်က မျက်စတစ်ချက်ပစ်လိုက်သည်။ သူမသည် ချက်ချင်း သဘောပေါက်လိုက်ပြီး
ရှဲ့ရှော အောက်ထပ် းကိုဆင်းရန် ကူတွဲပေးလိုက်သည်။
ရှဲ့ရှောသည်
မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ လွတ်အောင် ကြိုးစားသည်။
ယဲ့အန်းက
သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး “ဒါကို ကျွန်မတို့ ဆွေးနွေးထားပြီးသားနော်” နှစ်ကိုယ်ကြားသာ
ကြားနိုင်သည့် အသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
ရှဲ့ရှော၏အမူအရာကမှောင်မိုက်နေပြီး
သူ့အကြည့်များက ရန်လိုနေသော်လည်း အဆုံးတွင် သူဘာမှပြန်မပြောရန် ရွေးချယ်ခဲ့သည်။
အောက်ထပ်သို့ဆင်းပြီးနောက်
ရှဲ့ရှောသည် ယဲ့ယွမ်နျန် ကို နှုတ်ဆက်ပြီး ဘေးတွင်ထိုင်လိုက်သည်။ ထို့နောက် အေးစက်သော
အမူအရာဖြင့် ရုပ်တုတစ်ခုကဲ့သို့ ဆက်ပြုမူနေသည်။
ယဲ့အန်းသည်
သူ့ဘေးတွင်ထိုင်ကာ မျက်စိပသာဒဖြစ်ဖွယ် သိမ်မွေ့စွာ ငြိမ်သက်နေလိုက်သည်။
နှစ်ယောက်သား
အတူတူထိုင်နေသည်မှာ ပြီးပြည့်စုံသောချစ်သူမောင်နှံ ကဲ့သို့ ဖြစ်နေသည်။
ရှဲ့ပိုင်ယန်သည်
သူ့ရှေ့ရှိ မြင်ကွင်းကို ပိုမြင်ရလေလေ ပို၍ပို၍ ကျေနပ်နေလေသည်။ သူက ယဲ့ယွမ်နျန်နဲ့
နောက်ပြောင်ရင်း ရှဲ့ရှောကို လှည့်ပြီး
"မင်းရဲ့ ဦးလေး ယဲ့နဲ့ မင်းတို့ရဲ့မင်္ဂလာရက်ကို ငါတို့ ခုပဲတိုင်ပင်နေတာ၊ နောက်လအဆိုရင်
ဘယ်လိုထင်လဲ"
ကြားကြားချင်း
ယဲ့အန်းက ချက်ချင်း မော့ကြည့်လိုက်သည်။ “နောက်လဟုတ်လား… သိပ်အလောတကြီးမနိုင်နေဘူးလား”
ရှဲ့ရှောရဲ့
တုံ့ပြန်မှုသည် စိတ်ဝင်စားမှုမရှိဟန်တူသည်။"အဖေတို့ ဘယ်လိုစီစဥ်စီစဥ် ကျွန်တော့အတွက်
အဆင်ပြေပါတယ်"
သူသည်
မနက်ဖြန် နေ့လည်စာအတွက် ဘာစားရမလဲဆိုတာ ဆွေးနွေးနေသော လေသံဖြင့် ပြောနေသည်။
“……”
ဒီမှာ
တကယ်လက်ထပ်မယ့်သူက ဘယ်သူလဲ။
ယဲ့အန်း၏
နှလုံးသားအတွင်း၌ မှတ်ချက်ပေါင်းထောင်ပေါင်းများစွာ ပျံဝဲနေသော်လည်း သူမသည် အနိုင်နိုင်သည်းခံနေရပြီး
အပြုံးချိုချိုကို မနည်းထိန်းထားရသည်။
မည်သို့ပင်ဆိုစေကာမူ
အခုဖြစ်ဖြစ် နောင်မှပဲဖြစ်ဖြစ် လက်ထပ်သော ကိစ္စမှာ ထူးခြားပြောင်းလဲသွားမည် မဟုတ်ပေ။
ဒီအချိန်တတွင် ဆင်ခြင်တုံတရားကင်းမဲ့နေလို့ မရှိပေ။
သူမသည်
သူနှင့်မတူ၊ လက်ခံနိုင်ရန် ခက်ခဲနေသည်။