အပိုင်း ၃
Viewers 1k

အပိုင်း ၃

 

 

မင်္ဂလာပွဲကို ဆွေးနွေးပြီးနောက် ရှဲ့ပိုင်ယန်သည် ယဲ့အန်း နှင့်  ယဲ့ယွမ်နျန်ကို ပြန်လွှတ်လိုက်သည်။ သူတို့ထွက်သွားပြီးနောက် မျက်နှာပေါ်တွင် ပျော်ရွှင်မှု အလျှင်းမရှိသော သားဖြစ်သူကို ကြည့်လိုက်သည်။ သူ့ရင်ဘတ်တွင်းမှ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

 

 

"အားရှော၊ ဒီအိမ်ထောင်ရေးကို မင်းဆန္ဒမရှိဘူးလား။"

 

 

ထိုစကားကိုကြားသည်နှင့် ရှဲ့ရှောက အပေါ်ထပ်ကိုပြန်တက်ခါနီးမှာ သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။

 

 

ရှဲ့ပိုင်ယန် သက်ပြင်းချလိုက်သည်။ "အားရှော မင်းရဲ့လက်ရှိ အခြေအနေအရ မင်းကိုဂရုစိုက်ဖို့ မင်းဘေးမှာ တစ်ယောက်ယောက်ရှိသင့်တယ်။ မင်းကို ပြုစုစောင့်ရှောက်ပေးမဲ့ သူကိုလည်း မငှားချင်ဘူးမလား။ ယဲ့ မိသားစု သမီးရဲ့ နောက်ခံက အနည်းငယ် အားနည်းပေမဲ့ သူမသည်လည်း မလိမ္မာတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ပါဘူး။ စိတ်ထားနူးညံ့တဲ့ ပညာတတ်တစ်ယောက်ပါပဲ။ တခြားသူတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သူသိကောင်းပါတယ်။

 

 

စောစောက သူ့အခန်းထဲတွင် သူ့ကိုယ်သူ ကြွားလုံးထုတ်ခဲ့တာကို သတိရရင်း ရှဲ့ရှောက တိတ်ဆိတ်နေခဲ့သည်။

 

 

"ဒါပေမယ့် သား သူ့ကို မကျေနပ်ရင် အဖေ့ ကို ချက်ချင်း ပြော။ အဖေ မင်းကို တခြားတစ်ယောက်ရှာပေးမယ်၊ အားလုံးပြင်ဆင်ပြီးတဲ့အထိတော့ စောင့်မနေနဲ့  သည်လိုဆိုရင် ငါတို့မျက်နှာပျက်ရလိမ့်မယ်။

 

 

ဘာမှ ကျေနပ်စရာ မရှိဘူး…”

 

 

ရှဲ့ရှောက ရှဲ့ပိုင်ယန် ပြောလက်စကို ဖြတ်လိုက်ပြီး "ယဲ့ မိသားစုနှင့် လက်တွဲဖို့ ဆွေးနွေးတာက ပြေလည်သွားပြီလား?"

 

 

ရှဲ့ပိုင်ယန်က ဖြည်းဖြည်းချင်းပြန်ပြောသည်။"အဖေ ရှောင်ရန်ကို တာဝန်ပေးထားတယ်။ တိုးတက်မှုနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ရက်အနည်းငယ်အတွင်း မင်းကို ပြန်ပြောလိမ့်မယ်။"

 

 

ရှဲ့ရှော ရောက်နေရာတွင် ခဏမျှရပ်နေပြီး သူအနည်းငယ်တွေဝေ သွားသည်။ ဖြည်းညှင်းစွာ လှည့်ကာ သူ့အိပ်ခန်းရှိရာ အပေါ်ထပ်သို့ ဦးတည်လိုက်သည်။

 

 

"သူကိုယ်တိုင်လုပ်နိုင်ရင် ကျွန်တော့ကို မေးနေစရာတောင်မလိုဘူး"

 

 

——

 

"အန်းအန်း၊ သမီး ဒီည ဘာစားချင်လဲ"

 

 

ရှဲ့ မိသားစုမှ ထွက်ခွာပြီးနောက် ယဲ့ယွမ်နျန်၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးများ ‌လျော့ကျသွားသည်။ အပြုံးတစ်ခုသည် သူ၏ သက်လတ်ပိုင်းမျက်နှာကို ကျက်သရေရှိနေစေပြီး အလွန်အကျိုးရှိသော စီးပွားရေးကိစ္စတစ်ခုကို အောင်မြင်စွာ ညှိနှိုင်းလိုက်နိုင်ပုံရသည်။

 

 

ယဲ့အန်းသည် မချင့်ပြုံးပြုံးလျက် သူမ၏ ပိုက်ဆံအိတ် အတွင်းမှ ဖုန်းကို သေချာပင်မကြည့်နိုင်တော့ဘဲ မွှေနှောက်ရှာနေသည်။ "ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

 

 

ယဲ့ယွမ်နျန် - "...."

 

 

ယဲ့အန်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး လော့ခ်ဖွင့်ခါနီးတွင် ဖုန်းတစ်ကော ဝင်လာသည်။

 

 

၎င်းသည် အသံသွင်းစတူဒီယိုမှ သူမ၏ အလုပ်ရှင် ရှန်းချွမ်ဖြစ်သည်။

 

 

"ဟေး အန်းအန်း ဒီည အချိန်ရလား"

 

 

ယဲ့အန်းက "သူဌေး တစ်ခုခုလိုအပ်တာရှိသလား" လို့ပြန်မေးသည်။

 

 

ရှန်းချွမ်က "မကြာခင်ကတင်၊ ငါတို့ရဲ့ စတူဒီယိုက Brilliant Dreams Culture နဲ့ " Pharmacist" အန်နီမေးရှင်း အကြောင်း ပြောနေတာ မဟုတ်ဘူးလား။ အဲဒီက တာဝန်ခံ လုက သူ မင်းကို  မျက်နှာချင်းဆိုင် အရင်တွေ့ချင်တယ်လို့ ပြောတယ်။

 

 

ယဲ့အန်း ရှုပ်ထွေးစွာနဲ့ “ကျွန်မတို့ အချိန်တစ်ခုစီစဉ်ပြီး sampleကို record လုပ်သင့်တာ မဟုတ်ဘူးလား။ အခု သူနဲ့ လူကိုယ်တိုင် အရင်ဆုံရမယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ"

 

 

ရှန်းချွမ် ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ဤကဲ့သို့ လုပ်ငန်းအရ မိတ်ဆုံစားပွဲ များသည် အမှန်ပင် ယဲ့အန်း နှင့်မသက်ဆိုင်ပေ။ သူမသည် အသံသွင်းခြင်းအတွက်သာ တာဝန်ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် client ဖက်မှ သူမနှင့်တွေ့ဆုံလိုသောကြောင့် ရှန်းချွမ်လည်းမတတ်နိုင်ခဲ့ပေ။

 

 

"တာဝန်ခံ လုက ဒီ anime မှာ ရင်းနှီးမြုပ်နှံထားတဲ့ ပမာဏဟာ မနည်းလှဘူး၊ ဒါက သူတို့ရဲ့ ကုမ္ပဏီအတွက် အဓိက ပရောဂျက်တစ်ခု ဖြစ်တာကြောင့် သူတို့ရဲ့ စံနှုန်းတွေက အတော်လေး မြင့်မားတယ်လို့ ဆိုရမယ်။ ဒါကြောင့် အသံသရုပ်ဆောင်အမျိုးသမီးဇာတ်ဆောင် အတွက် သူတို့ရဲ့လိုအပ်ချက်တွေက အရမ်းတင်းကျပ်လွန်းတယ်…” ရှန်းချွမ်က ခေတ္တရပ်လိုက်သည်။ "ထမင်းတစ်နပ်ပါပဲ၊ ငါ မင်းကို လိုက်ပို့မယ်။ ပရောဂျက်အတွက် ဆွေးနွေးတာ အဆင်ပြေသွားရင် မင်းရဲ့career အတွက်ပါ အကျိုးရှိလိမ့်မယ်။

 

 

Pharmacist” သည် အလွန်ရေပန်းစားသော IP (ဉာဏပစ္စည်းမူပိုင်ခွင့်) ဖြစ်ပြီး၊ မူရင်းလက်ရာသည် ကြီးမားသော fanbase ရှိနှင့်ပြီးဖြစ်သည်။ animation production team သည် သူတို့လုပ်ငန်းနယ်ပယ်တွင် အကောင်းဆုံးဖြစ်ပြီး ဤအခွင့်အရေးသည် အမှန်တကယ်ပင် မက်မောစရာကောင်းသည်...

 

 

ယဲ့အန်းက သူ့ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမဘေးက ယဲ့ယွမ်နျန်ကို ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် တွေးတောပြီးသောအခါ “ကောင်းပြီ၊ ကျွန်မဆီကို လိပ်စာ ပို့ပေးပါ။ ကျွန်မ အခုချက်ချင်း အဲဒီကို သွားလိုက်မယ်။"

 

 

ဖုန်းပြောပြီးနောက် ရှန်းချွမ်သည် တည်နေရာကို သူမဆီ ပေးပို့လိုက်သည်။

 

 

ယဲ့အန်းက ယဲ့ယွမ်နျန်ဖက်သို့ လှည့်လိုက်ပြီး။ “သမီးလုပ်စရာရှိတယ်၊ ဒါကြောင့် ဒီည အဖေနဲ့ ညစာမစားတော့ဘူး၊ ယာဉ်မောင်းကို ကားကိုရှေ့နားမှာ ရပ်ခိုင်းလိုက်ပါ။

 

 

 ယဲ့ယွမ်နျန်သည် မူလက သူတို့၏ အဖေနှင့်သမီး ဆက်ဆံရေး ပြေလည်စေရန် ညစာအတူစားရန် အခွင့်အရေးကို လက်မလွှတ်နိုင်ဖြစ်နေသည်။ သူမစကားကိုကြားတော့ မျက်မှောင်ကြုတ်သွားသည်။ "ဘာက အရမ်းအရေးတကြီးလဲ? တခြားရက်ကို ပြောင်းလို့ မရဘူးလား?"

 

 

ယဲ့အန်းက တိုတိုတုတ်တုတ် ပြန်ဖြေသည် “အလုပ်ကိစ္စ။ သမီး မပြောင်းပေးနိုင်ဘူး။"

 

 

 ယဲ့ယွမ်နျန်၏ မျက်မှောင်ကြုတ်မှုက ပို၍ပင် အုံ့ဆိုင်းလာသည်။ “သမီးက နောက်လဆန်းမှာ လက်ထပ်ရတော့မှာ။ အလုပ်ကို လျော့လုပ်လို့ရရင် လျော့လုပ်ပါ။ သမီး ပိုက်ဆံလိုရင် ဖေဖေ ပေးမှာပေါ့။"

 

 

ထိုစကားကိုကြားသောအခါ ယဲ့အန်းသည် သူ့မျက်လုံးများထဲသို့ တည့်တည့်ကြည့်လိုက်သည်။

 

 

 ယဲ့ယွမ်နျန်သည် သူမ၏ အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ “ဖေဖေက သမီးကို အလုပ်မလုပ်တော့ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ သမီး ပင်ပန်းမှာကို ဖေဖေ စိုးရိမ်လို့ပါ။ ရှဲ့ မိသားစုနဲ့ လက်ထပ်တဲ့အခါ ရှဲ့ရှောကို ဂရုစိုက်ဖို့ အချိန်ပိုပေးသင့်တယ်။ ဒါက အရေးကြီးဆုံးပဲ…”

 

 

ယဲ့အန်းက သူ့ကို အကဲခတ်ပြီး အဝေးကို မျက်နှာလွှဲသည်။ “သမီး သိပါတယ် 

 

 

ကားပြတင်းပေါက်ကို ငေးကြည့်ရင်း “ဒီမှာပဲ ရပ်လိုက်ပါ

 

 

 ယဲ့ယွမ်နျန်က သူမ စိတ်ဆိုးမှာကို ကြောက်သောကြောင့် နောက်ထပ် ဘာမှထပ်မပြောတော့ပေ။ သူ့လေသံကို လျှော့လိုက်ပြီး ယဲ့ယွမ်နျန် “တည်နေရာက ဘယ်မှာလဲ? ဖေဖေ လိုက်ပို့ပေးမယ်လေ"

 

 

ယဲ့အန်းသည် ဖခင်မေတ္တာများဖြင့် ပြည့်နေသော သူ့အဖေကို မျက်နှာမူကာ လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူမ ရယ်ချင်လာသည်။

 

 

သူမ ဖုန်းမှ အချိန်ကို တစ်ချက်ကြည့်ပြီး သူ၏ စေတနာကို မငြင်းဆန်တော့ပေ။ ထို့နောက် ရှန်းချွမ်ပေးပို့သော စားသောက်ဆိုင်၏ လိပ်စာကို သူမ ပြောပြခဲ့သည်။

 

 

 ယဲ့ယွမ်နျန်သည် လမ်းကြောင်းပြောင်းဖို့အတွက် ယာဉ်မောင်းအား လှမ်းပြောရန် ရှေ့သို့ မျက်နှာမူလိုက်သည်။

 

 

အဆုံးမရှိသော ယဥ်တန်းရှည်ကြီးနှင့်အတူ၊ နေရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ပြိုးပြိုးပြက်ပြက် ပြလာသော နှင်းဆီရောင်တိမ်တိုက်များနှင့် မီးရောင်တောက်နေသော မိုးကုတ်စက်ဝိုင်းကို ချန်ထားရစ်ခဲ့သည်။

 

 

ခဏအကြာတွင်၊  ယဲ့ယွမ်နျန်က အစမ်းသဘောဖြင့် "အန်းအန်း၊ သမီး ဒီအတောအတွင်းမှာ အိမ်ပြန်လာနေပါလား။ သမီးရဲ့လက်ထပ်ပွဲ အတွက် ဖေဖေက သမီးရဲ့ကိုယ်စား အရာအားလုံးကို ကူညီပြင်ဆင်ပေးဖို့ပိုလွယ်သွားတာပေါ့ကွယ်။"

 

 

အလုပ်သွားရာတွင် အဆင်ပြေစေရန် ယဲ့အန်းသည် ယဲ့ အိမ်တော်တွင်နေထိုင်မည့်အစား တိုက်ခန်းငှားပြီး နေထိုင်ခဲ့သည်။ သူမသည်အိမ်ကို သိပ်မပြန်ဖြစ်ချေ။

 

 

 ယဲ့ယွမ်နျန်သည် သူမ အိမ်မပြန်ချင်ကြောင်း သေချာ သိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမသည် အိမ်မှ ထွက်ပြေးခဲ့သည်။

 

 

မထင်မှတ်ပဲ ယဲ့အန်းသည် သူ့ကို မကြည့်ဘဲ “ကောင်းပြီ ဟု တိုတိုတုတ်တုတ်ဖြေလိုက်သည်။

 

 

ယဲ့ယွမ်နျန် - "...."

 

 

 ယဲ့ယွမ်နျန်က သူမ၏ ခပ်ပြတ်ပြတ်အဖြေကြောင့် မယုံနိုင်ဖြစ်နေသည်။ "ဒါဆို သမီး ပြန်သွားပြီး ပစ္စည်းတွေ သိမ်းထားလိုက်လေ။ သမီးကို လာခေါ်ဖို့ ဖေဖေ တစ်ယောက်ယောက်ကို နှစ်ရက်အတွင်း လွှတ်လိုက်မယ်။"

 

 

ယဲ့အန်းက သူ့ဖုန်းကို ကိုင်လိုက်ပြီး စာပို့ဖို့သာအာရုံစိုက်လိုက်သည်။ “အင်း။

 

 

အဖြေသည် တုံးတိဖြစ်နေ၍ သူမသိသည့် တစ်ခုတည်းသော စကားလုံး ကဲ့သို့ပင်ထင်ရသည်။

 

 

“……”

 

 

 ယဲ့ယွမ်နျန်သည် စကားများ လုံးလုံးလျားလျား ပျောက်ဆုံးသွားသည်။

 

——

 

ကျန်တဲ့ လမ်းတစ်လျောက်တွင် အဖေနဲ့သမီး နှစ်ယောက်ကြား စကားဖလှယ်မှု မရှိတော့ပေ။

 

 

 ယဲ့ယွမ်နျန်၏ စိတ်နှလုံးတွင် ရှုပ်ထွေးနေသည်။ လွန်ခဲ့သည့် နှစ်များတွင်၊ သူ့သမီးလေးသည် ယခုထက် ပို၍ သိမ်မွေ့လာသည်။ ကျိုးကျိုးနွံနွံရှိသည်။ သူမသည် စကားအချေအတင် ပြန်ပြောလေ့မရှိဘဲ ဒေါသလည်း ထွက်ခဲသည်။ ထို့ကြောင့် သူ တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။

 

 

သူ့အပေါ်ထားရှိတဲ့ သူမရဲ့သဘောထားမှာ သူစိမ်းတစ်ယောက်ကို ဆက်ဆံသကဲ့သို့၊ စည်းခြားနေပြီး ပျူငှာလွန်းနေသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။

 

 

သူမ ငယ်ငယ်တုန်းကတော့ သူ့ရင်ခွင်ထဲသို့တိုးဝင်ပြီး “ဖေဖေ ဖေဖေ လို့ ခေါ်ကာ သူ့ကို ဖက်တွယ်ထားရတာ ကိုသဘောကျသူဖြစ်သည်။

 

 

သူမ၏ ဦးတည်ရာသို့ ရောက်ပြီးနောက် ယဲ့အန်းသည် တံခါးကိုဖွင့်ကာ ကားထဲမှ ထွက်လာခဲ့သည်။

 

 

သူမ၏ ထွက်သွားသော ရုပ်ပုံလွှာကို ကြည့်လိုက်ရာ  ယဲ့ယွမ်နျန်၏ နှလုံးသားသည် ပို၍ပင် တင်းကျပ်လာသည်။ သူလှမ်းခေါ်လိုက်မိသည်။အန်းအန်းရေ…” 

 

 

ယဲ့အန်း ပြန်အလှည့်၊ မှောင်ရီပျိုးစ အလင်းရောင်အောက်မှာ သူမ၏ သိမ့်မွေ့နူးညံ့သောကောက်ကြောင်း အလှအပမှာ ပေါ်လွင်နေသည်။ သူမ၏မျက်လုံးများသည် ကြည်လင်ပြတ်သားနေသည်။

 

 

"အင်း?"

 

 

 ယဲ့ယွမ်နျန်က သူမကိုကြည့်ကာ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ဘာမှပြန်မပြောပေ။

 

 

ယဲ့အန်း အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့ရဲ့ မျက်နှာထားကို တွက်ဆလိုက်ပြီး လက်ထပ်ပွဲအတွက် စိုးရိမ်နေသေးတာကြောင့် ဖြစ်မယ်ထင်သည်။ သူမ၏ ဦးခေါင်းကို ကိုက်ခဲလာသည် - ဒီလူကြီး‌တွေ သည်လောက်ပဲ ရတက်မ‌အေးနိုင်သေးဘူးလား။ ယနေ့ သူမ၏ အော်စကာအဆင့် သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပြီးတာတောင်မှပေါ့။

 

 

သူမက စိတ်ရှည်ရှည်နဲ့ “စိတ်မပူပါနဲ့၊ သမီး ဒီလပ်ထပ်ပွဲကို သဘောတူပြီးပြီမို့ သမီးကတိတည်ပါတယ်။ အဖေ မျက်နှာပျက်ရအောင် လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်တာတို့ ထွက်ပြေးတာတို့မလုပ်ပါဘူး။ ဒီနေ့ ရှဲ့ စံအိမ်ကို သွားတုန်းက အဖေ့ရဲ့ ရည်မှန်းချက်ကို သမီးဖျက်ဆီးခဲ့လို့လား။"

 

 

"သမီး ခုပြောသလိုပဲ အဖေလည်းထင်ပါတယ်"

 

 

နှစ်ဦးစလုံး သဘောထားများကွဲလွဲလာသည်။ ယဲ့ယွမ်နျန်က ရှင်းပြနေချိန် မရလိုက်ခင်မှာပဲ ယဲ့အန်းက နောက်တစ်ကြိမ် လှည့်ထွက်သွားသည်။

 

 

"သမီးသွားတော့မယ်၊ တာ့တာ~"

 

 

သူမသည် လက်ပြကာ သူမစီးလာသောဒေါက်မြင့်ဖိနပ်များကို ခပ်သွက်သွက်ကြွလှမ်းခဲ့လိုက်သည်။ သူမ၏ စကတ်သည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ညနေနေဝင်ချိန်၌ ပတ်ဝန်းကျင်အလှနှင့်သူမသည် စည်းချက်ညီစွာ လိုက်ဖက်နေသည်။

 

 

 ယဲ့ယွမ်နျန်သည် ကားပေါ်တွင် ထိုင်နေရင်း သက်လက်ပိုင်း သောကများကို ခံစားမိနေသည်။

 

 

ရှန်းချွမ် ရွေးချယ်ခဲ့သည့်နေရာသည် အဆင့်မြင့် တရုတ်စားသောက်ဆိုင်တစ်ခုဖြစ်ပုံရပြီး ကြမ်းပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော မီးဆိုင်းတွဲများဖြင့် ဧည့်ခန်းတစ်ခုလုံး လင်းထိန်နေသည်။

 

 

ယဲ့အန်းသည် ဧည့်ခံသူ ခေါ်သွားသည့် သီးသန့်အခန်းသို့ လိုက်သွားခဲ့ရာ ရှန်းချွမ်နှင့် လုဟုန်( တဖက်ကုမ္ပဏီမှကိုယ်စားလှယ်) တို့သည် အထဲတွင် ထိုင်နေပြီးဖြစ်သည်။

 

 

အန်းအန်း ”

 

 

သူမ ဝင်လာတာကိုမြင်သည်နှင့် ရှန်းချွမ် ထရပ်လိုက်သည်။

 

 

"ဥက္ကဌ လု၊ ဒါက ကျွန်တော်တို့ ထုတ်လုပ်ရေးစတူဒီယိုရဲ့ ယဲ့အန်းဖြစ်ပါတယ်"

 

 

လှပသော အမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ လုဟုန်၏ မျက်လုံးများသည် အံ့အားသင့်မှု အရိပ်အမြွက်များ ပေါ်လွင်နေသည်။ "မိန်းကလေး ယဲ့ "

 

 

"မင်္ဂလာပါ။" ယဲ့အန်း က ခပ်ရေး‌ရေး ပြုံးလိုက်သည်။ "နောက်ကျသွားတာ တောင်းပန်ပါတယ်ရှင် စောစောက ကိစ္စလေးရှိ‌နေလို့ပါ"

 

 

လုဟုန်က ပြုံးပြီး "ရပါတယ်၊ ကျွန်တော်တို့လည်း အခုမှ ရောက်တာပါပဲ"

 

 

ပန်းအိုးတစ်အိုး၏ တန်ဖိုးကို တိုင်းတာနေသကဲ့သို့သောလုဟုန်၏ အကြည့်ကို ရင်ဆိုင်ရန် ယဲ့အန်းသည် ရှန်းချွမ်အနားတွင်ဝင်ထိုင်လိုက်သည်။

 

 

 

ထိုအမျိုးသားသည် အသက်လေးဆယ် ဝန်းကျင်ခန့်ရှိပြီး အဆင့်အတန်းမြင့်သူ တစ်ဦးကဲ့သို့ ဝတ်စားထားသည်။ သူ၏ အထက်စီးဆန်သောအကြည့်များကို ဖုံးကွယ်ဖို့ရန်ပင် စိတ်မ၀င်စားပေ။

 

 

"တကယ်တော့ ဒါက မိန်းကလေး ယဲ့နဲ့ ပထမဆုံးတွေ့တာမဟုတ်ပါဘူး"

 

 

ယဲ့အန်း၏ အမူအရာက မပြောင်းလဲပေ။ "ဟုတ်လား?"

 

 

ပြီးခဲ့တဲ့လက ကျွန်တော် အသံသွင်းစတူဒီယိုတစ်ခုကိုသွားတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မိန်းကလေး ယဲ့က ဒရာမာတစ်ခုအတွက် အသံသွင်းနေတာကို တွေ့လိုက်ရပါတယ်။ လုဟုန်သည် ဟန်ဆောင်ပြုံးလျက် တစ်စုံတရာကို ပြောချင်နေပုံပေါ်သည်။ "မိန်းကလေး ယဲ့ ကတော့မမှတ်​မိ​လောက်ဘူးမလား"

 

 

သူမကို ဘာကြောင့် ဒီမိတ်ဆုံစားပွဲကို ခေါ်လိုက်ရသလဲဆိုတာ အံ့သြစရာမရှိတော့။ ယဲ့အန်းက ယဉ်ယဉ်ကျေးကျေး ဆက်ပြုံးထားပြီး “အဲဒီတုန်းက ကျွန်မအလုပ်ရှုပ်နေလို့ သတိမထားမိလိုက်ဘူး

 

 

မိန်းကလေး ယဲ့က အအသံသရုပ်ဆောင်တာကောင်းရုံတင်မကဘဲ မင်းက လှလည်းလှတယ်နော်။

 

 

မိန်းကလေး ယဲ့ နဲ့ စကားစမြည်ပြောဖို့ အခွင့်အရေးကို အမြဲရချင်ခဲ့တာ…” လုဟုန်သည် ဝိုင်အိုးကို ကိုင်ကာ လှမ်းကြည့်လိုက်သည်။ "မင်းသောက်နိုင်လား"

 

 

ဒီလိုညစာမျိုးတွင် အသောက်အစားက မလွဲမသွေပါဝင်သည်။ ယဲ့အန်းသည် စင်ကြယ်ပြီး နူးညံ့သိမ်မွေ့သယောင် ဟန်မဆောင်နိုင်တော့ သောကြောင့် သူမသည် ဝိုင်ကိုထည့်ရန် အစပျိုးပေးလိုက်သည်။

 

 

သူမက ပြုံးလိုက်ပြီး "ကျွန်မက ကောင်းကောင်းမသောက်နိုင်ပေမယ့် ဥက္ကဌ လု ကို ‌‌လေးစားသမှုပြုရမှာပေါ့ "

 

 

လုဟုန်က ပြုံးလိုက်ပြီး သူ့မျက်လုံးထောင့်များ ရှုံ့သွားကာ "ကျွန်တော် က မိန်းကလေး ယဲ့ လိုမျိုး လှပပြီး ဟန်မဆောင်တဲ့ မိန်းကလေးတွေကို သဘောကျတယ်"

 

 

ယဲ့အန်းသည် သူမ၏ ဝိုင်ခွက်ကို မြှောက်ကာ ခေါင်းကိုမော့၍ ဝိုင်ကို မော့လိုက်သည်။

 

 

မျက်နှာကျက်မှမီးရောင်သည် သူမ၏မျက်လုံးထဲတွင် လင်းလက်သွားသည်။

 

 

လုဟုန်သည် သူမ၏ လှပသွယ်လျသော လည်ပင်းကို စိုက်ကြည့်ကာ မျက်လုံးများကို မှေးထားသည်။

 

 

ခွက်အ‌ရေအတွက်များလာသည်နှင့် ယဲ့အန်းသည် တဖြည်းဖြည်း မူးဝေလာသည်။ သူမသည် ခေါင်းကိုထောင်နိုင်ရန် တံတောင်ဆစ်ကို ထောက်ထားရသည်။ သူမ၏ မျက်ခွံများ ငိုက်စဥ်းလာသည်။

 

 

လုဟုန်သည် သူမ၏ လိမ္မာပါးနပ်သော လုပ်ရပ်များကို မြင်လိုက်ရသဖြင့် ကျေနပ်သွားသည်။ အတန်ကြာအောင် စကားစမြည်ပြောကြပြီးနောက် နောက်ဆုံးတွင် သူသည် စာချုပ်ကိစ္စကို စတင်ဆွေးနွေးသည်။

 

 

အရက်သောက်ပြီးနောက် ထိုယောက်ျား၏ မျက်နှာပေါ်ရှိ အအထက်စီးဆန်မှုက ပို၍ထင်ရှားလာသည်။ “မိန်းကလေး ယဲ့ ရဲ့ အတိတ်ကလက်ရာတွေက အရမ်းကောင်းတယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့အတူတကွပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

 

ယဲ့အန်းသည် ခေါင်းကိုမော့၍ ပြုံးလျက် "ဒါဆို ကျေးဇူးပြုပြီး ကျွန်မကို ဂရုစိုက်ပေးပါဦး ဥက္ကဌ လု"

 

 

သူမ၏မျက်နှာသည် ‌သွေးရောင်လွှမ်းနေပြီး အဝါရောင်အလင်းတန်းများ လျော့ပါးလာသည်နှင့် သူမ၏အသားအရောင်သည် လရောင်ဆမ်းသော နှင်းဆီတစ်ပွင့်ကဲ့သို့ တောက်ပလာသည်။

 

 

သူပိုကြည့်လေ၊ လုဟုန်၏ စိတ်နှလုံးမှာ ပိုပို၍ မရိုးမယွဖြစ်လာကာ ကိုယ်နေဟန်ထားကို ရှေ့သို့ကိုင်းညွှတ်လိုက်သည်။

 

 

ရိုးရိုးသားသားပြောရရင် မိန်းကလေး ယဲ့ လိုမျိုး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အခြေခံတွေသာ ခိုင်မာမယ်ဆိုရင် ဖျော်ဖြေရေးလောကထဲကို သေချာပေါက် ၀င်လာနိုင်ပါတယ်။ ပိတ်ကားနောက်ကွယ်မှာပဲ ရှိနေဖို့ မလိုပါဘူး။ အဲ့လိုမျိုးဖြစ်ဖို့ မသင့်တော်ဘူးလေ"

 

 

သူက အသံကို လျှော့ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ "ကျွန်တော့်မှာ အဆက်အသွယ် နည်းနည်း ရှိတယ်။ မိန်းကလေး ယဲ့ သာ စိတ်ဝင်စားရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်းကို ညွှန်းပေးလို့ရတယ်။

 

 

ယဲ့အန်းသည် ပြုံးသော်လည်း အကြောင်းမပြန်နိုင်ဘဲ မူးနေပုံပေါ်သည်။

 

 

သူမသည် တစ်နေကုန် သရုပ်ဆောင်နေခဲ့ရသည်။ ရှဲ့ အိမ်တွင် ပြီးပြည့်စုံစွာ သရုပ်ဆောင်ပြီးနောက် သူမသည် ထပ်မံ ဟန်လုပ်ရန် ဤနေရာကို လာခဲ့ရသည်။ သူမရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုနဲ့အတူ ဖျော်ဖြေရေးနယ်ပယ်တွင် သရုပ်ဆောင်လောကကို ကူးပြောင်းရန်အမှန်ပင်ဖြစ်နိုင်သည်။

 

 

လုဟုန်က သူ့ကို မယုံဘူးလို့ တွေးပြီး ကြွားလုံးထုတ်ရန် ရဲဆေးတင်လိုက်သည်။"ကျွင်းမင် Group၊ ရှဲ့ မိသားစု ကို မိန်းကလေး ယဲ့ ကြားဖူးတယ်မဟုတ်လား"

 

 

ယဲ့အန်း၏ မျက်လုံးများပြူးကျယ်သွားသည်။ “ဟုတ်…”

 

 

" Brilliant Dreams ကို ရှဲ့ မိသားစုက ပံ့ပိုးထားတာလေ။ ကျွန်တော် ဒါရိုက်တာ ရှဲ့ နဲ့ ခင်တယ်။ သူနဲ့လည်း အတူ သောက်ဖူးတယ်…”

 

 

"တကယ်လား?" ဒါကိုကြားပြီး  နောက်ဆုံးတော့ ယဲ့အန်း စိတ်ဝင်စားပုံ ပေါ်လာသည်။ မျက်နှာကို လက်ဖြင့်ထောက်ကာ သူမ မော့ကြည့်လိုက်ပြီး " ရှဲ့ မိသားစု ရဲ့ သခင်လေးက မနှစ်တုန်းက မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ် လို့ ကြားတယ်။ အခု သူ ဘယ်လိုနေလဲ"

 

 

လုဟုန်က ဒီကိစ္စကို မေးလာဖို့ မမျှော်လင့်ထားဘဲ အနည်းငယ် တုံ့ဆိုင်းသွားသည်။ တကယ်တော့ သူသည် သခင်လေး၏ အခြေအနေကို သိနိုင်ရန် နေနေသာသာ ရှဲ့ မိသားစု၏ တစ်လက်မနှင့်ပင် မဆက်သွယ်နိုင်ခဲ့ပေ။ သူသည် လုပ်ကြံပြောရုံသာတတ်နိုင်သည်။ "ကျွန်တော် ဒီလိုမျိုး သတင်းမျိုးကို ပေါ့ပေါ့တန်တန် လျှောက်မဖြန့်နိုင်ပါဘူး"

 

 

ယဲ့အန်းက အနည်းငယ် ပြုံးပြီး ဆက်မမေးတော့ပေ။

 

 

စားပြီးသောအခါ ယဲ့အန်း နှင့် ရှန်းချွမ်တို့သည် လုသုန်နှင့် သီးသန့်ခန်းအပြင်တွင် ထွက်တွေ့ကြသည်။ 

 

 

လုဟုန်က ခေါင်းကို ငုံ့ထားပြီး သူမကို ရီဝေစွာပြောသည်။ "မိန်းကလေး ယဲ့ မင်းက ဘယ်မှာနေတာလဲ။ ငါ မင်းကို ပြန်ပို့ပေးရမလား"

 

 

ပြင်းထန်သော အရက်နံ့သည် ယဲ့အန်းကို ပျို့တက်လာစေသည်။ ထိန်းမနိုင် သိမ်းမနိုင် မူးနေဟန်ဆောင်ကာ ယဲ့အန်းသည် တစ်ဘက်သို့ ရှောင်ထွက်သွားသည်။

 

 

တိုက်ဆိုင်စွာပင် ကပ်လျက်ရှိသီးသန့်ခန်း တံခါးပွင့်နေပြီး ထွက်လာသော လူတစ်ယောက်ကို သူမ ဝင်တိုက်မိသည်။

 

 

လက်တစ်ဖက်က သူမ လက်မောင်းကို ကိုင်ထားပြီး တိုနေသော ရှပ်အင်္ကျီလက်ကြောင့် သေးသွယ် သွယ်လျသော လက်ကောက်ဝတ် ပေါ်သွားသည်။ 

 

 

ယဲ့အန်းသည် သူ့ကိုယ်သူ ထိန်းပြီး မော့ကြည့်လိုက်ရာ ချောမော နုပျိုသော မျက်နှာကို မြင်လိုက်ရသည်။