အပိုင်း
၄
အလင်းရောင်အောက်တွင်
ထိုအမျိုးသားသည် အဖက်ဖက်မှ ပြီးပြည့်စုံနေသည်။ သူ့အသားအရည်သည် သာလွန်ကောင်းမွန်နေပြီး
အရက်သောက်ထားသောကြောင့်လားမသိ သူ၏ မျက်ခွံများမှာ မို့မောက်နေသည်။ သူ၏ ကျဉ်းမြောင်းသော
မျက်လုံးများက သိမ်ငယ်သော ခံစားချက်ကို ဖော်ပြနေသည်။
သူ၏
ပုံပန်းသဏ္ဌာန်သည် နုပျိုသော အသွင်ကို ဆောင်သည်။ မြင်မြင်ချင်းတွင်၊ သူသည် ဘွဲ့ရလူငယ်တစ်ယောက်နှင့်
ပိုတူသော်လည်း သူ၏ရင့်ကျက်သောဝတ်စားပုံကြောင့် ထိုအရောင်အဝါသည် အလွန်မှေးမှိန်သွားသည်။
သူ့အကြည့်တွေက
ယဲ့အန်းကို မေးခွန်းထုတ်နေသည်။
ယဲ့အန်းသည်
အနည်းငယ် ရင်းနှီးနေပုံပေါက်သည်ဟု ခံစားမိသည်။ အနည်းငယ် မှင်သက်သွားကာ၊ ကမန်းကတန်းပြောသည်။ "Sorry နော်"
ထိုလူ၏
နောက်တွင် သူ၏လက်ထောက်ဖြစ်ပုံရသော အခြားလူတစ်ယောက်ရှိသည်။ လက်ထောက်က ခပ်တိုးတိုးပဲ
မေးလိုက်သည်။“အဆင်ပြေရဲ့လား”
ရှန်းချွမ်နှင့်
လုဟုန်တို့လည်း လှည့်ကြည့်ကြသည်။
လုဟုန်
သည် မူလက သူ့မျက်လုံးများမှာ ကျဥ်းမြောင်းနေသော်လည်း သူ့ရှေ့တွင် ထိုလူ၏အသွင်အပြင်ကို
မြင်ပြီးနောက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ "သခင်လေး ရှဲ့မလား"
သူ၏
ရီဝေနေသော အမူအရာသည် ချက်ချင်းပင် အပြုံးချိုချိုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့အိတ်ကပ်ထဲမှ
Business Card တစ်ကဒ်ကို ထုတ်ပြီး သူ့ရှေ့ကလူကို ပေးလိုက်သည်။ "ကျွန်တော်တို့
ဒီနေရာမှာတွေ့မယ်လို့ ထင်တောင်မထင်ထားဘူး..."
လုဟုန်
မူးနေပြီ၊ သူ့စကားပင် ရှုပ်ယှက်ခတ်နေသည်။ လူငယ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ကို
မမှတ်မိကြောင်း သိသာသည်။
လက်ထောက်သည်
လုဟုန်၏ လက်မှ ကတ်ပြားကို အမြန်လက်ခံလိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ ယဉ်ကျေးသောအပြုံးဖြင့်
"အားနာပါတယ်၊ ကျွန်တော်တို့မှာ လုပ်စရာတွေရှိသေးလို့။ ခွင့်ပြုပါဦး။”
လူငယ်သည်
ယဲ့အန်းကို စိတ်မဝင်စားဟန်ဖြင့် မျက်စတစ်ချက်ပစ်လိုက်သည်။ ထို့နောက် သူ့လက်ထောက်နှင့်အတူ
ထွက်သွားသည်။
လုဟုန်
သည် ကပ်ဖားယပ်ဖား လုပ်ချင်နေသေးသော်လည်း ထိုလူက ဂရုမစိုက်ဘဲ အဝေးသို့ ထွက်ခွာသွားခဲ့သည်။
ယဲ့အန်းသည်
နံရံကိုမှီလျက် ထိုလူ ထွက်သွားသည်ကို နောက်မှကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားသလို
ခံစားလိုက်ရသည်။
“သခင်လေး ရှဲ့” လို့ ကြားပြီးနောက်
ချက်ချင်း သဘောပေါက်လိုက်သည်။ သူမ ရင်းနှီးသလို ခံစားရတဲ့ အကြောင်းရင်းကတော့ ရှဲ့ရှောနဲ့
ခပ်ဆင်ဆင်တူနေသောကြောင့်ဖြစ်သည်။
သူမ
စိုးရွံ့နေသလို လုဟုန်က နောက်ထပ် ထင်မှတ်မထားသောစကားတစ်ခွန်းကိုပြောလိုက်သည်။"အဲဒီလူက
ငါ စောစောက ပြောပြခဲ့တဲ့ သူပဲ၊ ရှဲ့ groupရဲ့ ဒုတိယ သခင်လေး ရှဲ့ယွိရန်..."
ယဲ့အန်း၏
ခြေထောက်များ ရုတ်တရက် အားနည်းလာပြီး ထိုနေရာတွင်ပင် ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။
……
ရှဲ့ရှော
ဆီမသွားခင်က ယဲ့အန်းသည် ရန်သူကို ပိုမိုနားလည်ပြီး ရှဲ့ မိသားစုဝင်များနှင့် ရင်းနှီးစေရန်အတွက်
အိမ်စာအချို့ကို ပြုလုပ်ခဲ့သည်။
ရှဲ့ရှောသည်
ရှဲ့ယွိရန် ဟုခေါ်သော ၎င်း၏ ဝမ်းကွဲညီငယ်နှင့် အတော်လေး ရင်းနှီးသောဆက်ဆံရေးရှိသည်။
ဆယ်ကျော်သက် အရွယ်တွင် သူ့မိဘများ ဆုံးပါးသွားသည့်အတွက် သူ့ကို ရှဲ့ပိုင်ယန်က အရွယ်ရောက်သည်အထိ
စောင့်ရှောက်လာခဲ့သည်။
ရှဲ့ရှော
ကားမတော်တဆမှုဖြစ်ပြီးနောက် ရှဲ့ပိုင်ယန် နာမကျန်းဖြစ်ပြီး အမွေဆက်ခံရန် လေးလံသောဝန်ထုပ်ဝန်ပိုးသည်
ရှဲ့ယွိရန်၏ ပခုံးပေါ်သို့ ကျသွားသည်ဟု ဆိုရမည်။ သူမ မြင်လိုက်သည့် နုပျိုသောမျက်နှာကို
ပြန်သတိရပြီးနောက် ငယ်ရွယ်သောအသွင်အပြင်ဖြင့် သူသည် ရှဲ့ရှော နှင့် လုံးဝဆန့်ကျင်ဘက်နေပြီး
ယဲ့အန်း သံသယဝင်လာသည် ။ ကုမ္ပဏီကို ဒေဝါလီမခံရအောင် သူတကယ်လုပ်နိုင်မှာလား။
သို့သော်
လောလောဆယ်တွင် ဒီကိစ္စကို သူမ မစိုးရိမ်ပေ။ ယင်းအစား၊ သူမသည် စောစောက အခြေအနေကြောင့်
သူမအပေါ် နားလည်မှုလွဲသွားမလားဟု တွေးနေမိသည်။
တကယ်တော့
ရှဲ့ စံအိမ်တွင် သူမ ပုံဖော်ထားသော ပုံရိပ်သည်
ယခင်က ချိန်းတွေ့ခဲ့ဖူးခြင်း မရှိပဲ နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးဖြစ်သည်။
ဒီလိုမှမဟုတ်လျှင် ရှဲ့ပိုင်ယန် သည် သူမအား ၎င်း၏ ချွေးမအဖြစ် ရွေးချယ်ခြင်းအတွက် စိတ်သက်သာရာရမည်မဟုတ်ပေ။
ဒီကိစ္စကို
သူတို့သိလျှင် ဒီလက်ထပ်ပွဲကို ချက်ခြင်း ဖျက်သိမ်းပစ်လိမ့်မည် ထင်သည်။ နေ့ခင်းဘက်တွင်
ရှဲ့ရှောနှင့် လက်ထပ်ရန် သဘောတူခဲ့ပြီး၊ ညဘက်တွင် လူမှုရေးအရ ရိသဲ့သဲ့အဘိုးကြီးတစ်ဦးနှင့်
သောက်စားရန်လာခဲ့ရသည်။
ဒီလိုနဲ့
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူမရဲ့ ကြိုးစားမှုအားလုံး အလဟသဖြစ်သွားလိမ့်မည်။
ယဲ့အန်းသည်
သူမ၏ နားထင်များကို ပြင်းထန်စွာ ပွတ်သပ်လိုက်သည်။ အကယ်၍ သူမ စောစောက သိခဲ့လျှင် ရှန်းချွမ်၏
တောင်းဆိုမှုကို သူမသဘောတူမည်မဟုတ်ပေ။
"မိန်းကလေး
ယဲ့၊ ငါ မင်းကို အိမ်ပြန်လိုက်ပို့လို့ရမလား" လုဟုန် က ခေါင်းမာမာနဲ့ ပြောလိုက်သည်။
သူသည် နောက်တစ်ကြိမ် နီးကပ်လာကာ သူ၏ တဏှာလက်သည် သူမ၏ ခါးဆီသို့ ရောက်ရှိလာသည်။
စိတ်အိုက်စရာအခြေအနေကို
ယဲ့အန်း ဆက်ပြီး သူမ ဆက်ပြီးသည်းမခံနိုင်တော့။ ရှန်းချွမ်ကို သတိပေးသောအကြည့်ဖြင့်
တစ်ချက်ကြည့်ပြီး သူမ နောက်ပြန်ဆုတ်လိုက်သည်။
ရှန်းချွမ်သည်
ယဲ့အန်း၏ အခြေအနေကို သိသည်။ ဒီအဒေါ်ကြီး စိတ်ဆိုးသွားလျှင် ကောင်းကျိုး မရှိ။ သူက သူတို့နှစ်ယောက်ကို
မသိမသာဘဲ ခခပ်ခွာခွာနေလိုက်ပြီး လုဟုန် ကို ပြုံးပြီး ထောက်ခံရင်း “ဥက္ကဌ လု ရဲ့ ကမ်းလှမ်းမှုအတွက်
ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် အရမ်းနောက်ကျသွားမို့လို့၊ ကျွန်တော်တို့ နောက်ထပ်
အဆင်မပြေ မဖြစ်စေချင်ပါဘူး။ သူမကို ပြန်လာခေါ်ဖို့ တစ်ယောက်ယောက်ကို ကျွန်တော်စီစဉ်ထားပြီးသားပါ။
သူတို့ဒီကို မကြာခင်ရောက်တော့မှာပါ။"
အလျင်စလိုလုပ်လျှင်
အရာရာကို ဖျက်ဆီးမိမည်ဖြစ်သောကြောင့် လုဟုန်က နောက်ထပ်ဖဖိအားမပေးတော့။ ယဲ့အန်း ကို
စောင်းကြည့်ကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ "ဒါဆို နောက်နေ့ ညစာစားရအောင်"
ယဲ့အန်း
သည် အချေအတင် ပြောမနေတော့ဘဲ မချင့်ပြုံး ပြုံးလိုက်သည်။
—-
စားသောက်ဆိုင်မှ
ထွက်ကာ လုဟုန်ကို ပြန်လွှတ်လိုက်ပြီးနောက် ယဲ့အန်းသည် သူမ၏ နားထင်များကို နှိပ်နယ်ပေးသည်။
သူမ၏ ပျို့အန်ခြင်စိတ် အနည်းငယ် လျော့ပါးသွားသည်။
ရှန်းချွမ်က
အားနာသည့် အဓိပ္ပါယ်ပါအောင် ပြုံးလိုက်သည်။ "ဒီနေ့ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက်
ကျေးဇူးတင်ပါတယ်။ စာချုပ်ချုပ်ပြီးတာနဲ့ ငါမင်းကို ခရက်ဒစ်ပေးမယ်။”
ယဲ့အန်းက
သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ "ရှင် ကျွန်မကို ပိုက်ဆံ နည်းနည်းလောက်
ပိုပေးလိုက်လို့ ရတာပဲ"
ထုတ်လုပ်ရေး
စတူဒီယို၏ သူဌေးအဖြစ် ရှန်းချွမ်သည် ကြီးကီးမားမား ချို့ယွင်းချက်မရှိပေ။ သူသည် ဆက်ဆံရလွယ်ကူပြီး
စနောက်တတ်သော်လည်း – အနည်းငယ်တော့ တွန့်တိုတတ်သည်။
သူမ
ပိုက်ဆံကိစ္စ ပြောသည်နှင့် သူ ချက်ချင်းရူးချင်ယောင်ဆောင်လိုက်သည်။ သူက ရယ်မောရင်း
ခေါင်းစဉ်ပြောင်းပြီး “ဒါဆို မင်းဘယ်လိုနေသေးလဲ။မင်းအတွက် ဆေးသွားဝယ်ပေးရမလား"
ယဲ့အန်း
သည် သူ့ကမ်းလှမ်းချက်ကို လက်ခါပြလိုက်သည်။ "ရပါတယ်။"
အမှန်တော့
သူမသည် များများစားစား မသောက်ခဲ့ပေ။ စောစောက ညစာ စားပွဲမှ သူမ၏ပုံစံသည် လုဟုန် ရှေ့တွင်
တမင်တကာ ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် သူမ ဘယ်အချိန်မှ ထွက်လာနိုင်မယ်ဆိုတာ
ဘယ်သူသိနိုင်မလဲ။
“ဒီမှာနေခဲ့ဦး။ လျှောက်မသွားနဲ့နော်။
ငါ မင်းကို ပြန်ပို့ဖို့ ကားတစ်စီး သွားငှားလိုက်မယ်။" ရှန်းချွမ်သည် အိတ်ကပ်ထဲမှ
ဖုန်းကို ထုတ်ကာ လမ်းဘက်သို့ လျှောက်သွားသည်။
လမ်းရှုခင်းသည်
ညဘက်တွင် စည်ကားနေပြီး အရောင်အသွေးစုံသော မီးရောင်များ ထွန်းလင်းနေသည်။
ယဲ့အန်းသည်
မှိတ်တုတ်မှိတ်တုတ် မီးရောင်များနှင့် အရိပ်များကြောင့် အနည်းငယ် ရီဝေသွားသည်။
သူမ၏
ပိုက်ဆံအိတ်အတွင်းမှ ဖုန်းသည် နှစ်ကြိမ် မြည်သွားသည်။ ယဲ့ယွမ်နျန်မှ စာတိုတစ်စောင်
ပေးပို့ခဲ့သည်။
ယဲ့အန်းသည်
ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး သူမ မက်ဆေ့ချ်ကို ပြန်ဖြေမည်အလုပ်တွင် သူမ၏လက်မှ ရုတ်တရက်
ချော်ထွက်သွားသည်။
တစ်လပင်
မပြည့်သေးသော ဖုန်းသည် ကွဲအက်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
မြေပြင်
ပေါ်တွင် ဖုန်းစခရင်က မှောက်လျက်ရှိနေသည်။သူမ ကမန်းကတန်း ကောက်လိုက်သည်။ မျှော်လင့်ချက်
အနည်းငယ်ကို ဆုပ်ကိုင်ထားရင်း ဖုန်းကို လှန်လိုက်သည်။
ကွဲအက်နေသော မျက်နှာပြင်ကိုတွေ့လိုက်ရသည်။
ဆိုရလျှင်
အနုပညာဆန်ဆန် ကွဲသွားသည်။ အက်ကွဲရာမှာ ပင်စည်နှင့် အရွက်များပါသော ပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့်
တူသည်။
ယဲ့အန်း
- "……"
သူမအတွက်
အတော် ကံခေသောညဖြစ်သည်။
—
မှောင်မိုက်သောညတွင်
Bentley ကားတစ်စီးသည် ရှဲ့ နေအိမ်သို့ ရောက်ရှိလာသည်။
ရှဲ့ယွိရန်
ကားထဲကထွက်ပြီး အိမ်ထဲသို့ဝင်ရန် ဥယျာဉ်ကိုဖြတ်လျောက်သွားသည်။ ရှဲ့ပိုင်ယန်က ဧည့်ခန်းမှာထိုင်နေတာကိုမြင်၍
သူက “ဦးလေး” လို့ နှုတ်ဆက်လိုက်တယ်။
ရှဲ့ပိုင်ယန်
ခေါင်းညိတ်ပြသည်။
ရှဲ့ယွိရန်က
ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် "ဒါနဲ့ အစ်ကိုကြီး ဘယ်မှာလဲ" ဟု မေးသည်။
ရှဲ့ပိုင်ယန်
- "သူ့အခန်းထဲမှာ။"
ရှဲ့ယွိရန်က
ထိုင်ချလိုက်ပြီး "ဒီရက်ပိုင်း အစ်ကိုကြီး ဘယ်လိုနေလဲ" လို့ ပူပန်စွာမေးသည်။
ရှဲ့ပိုင်ယန်
သက်ပြင်းချလိုက်ပြီး "ဒီလိုပါပဲ" ခေတ္တနားပြီးနောက် သူက ဆက်ပြောခဲ့သည် –
“ဟုတ်သားပဲ၊ ဒီနေ့
ယဲ့
မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အကြောင်း မေးတယ်။ အပေါ်ထပ်တက်ပြီး သူ့ကို အဲ့ကိစ္စပြောပြလိုက်ဦး။"
ရှဲ့ယွိရန်
အပေါ်ထပ်တက်ပြီး တံခါးခေါက်တယ်။
"အစ်ကိုကြီး၊
ညီလေးပါ။"
အတွင်းမှ
တိုးညှင်းသော လေသံတစ်ခုကဲ့သို့ ရှဲ့ရှော ၏
စကားသံထွက်ပေါ်လာသည်။ "ဝင်လာခဲ့"
ရှဲ့ယွိရန်
အခန်းထဲဝင်လာပြီး ရှဲ့ရှောက ရေချိုးဝတ်စုံဝတ်ထားသည်ကို တွေ့လိုက်ရသည်။ “မင်း အိပ်တော့မှာလား” လို့ မေးလိုက်သည်။
“မအိပ်သေးဘူး” ရှဲ့ရှောသည် ဆိုဖာပေါ်တွင်
လက်ကိုတင်ကာ ထိုင်လိုက်သည်။ "ဒီအချိန်ကြီးမှ မင်းဘယ်လိုရောက်လာတာလဲ"
ရှဲ့ယွိရန်လည်း
ထိုင်လိုက်ပြီး "မင်းနဲ့ ငါ ဆွေးနွေးချင်တာတွေ ရှိတယ်"
“ယဲ့ မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်တာ
တော်တော်ပြေလည်သွားပြီ။ သဘောတူညီချက်အရဆိုရင်အမြတ်ငွေ 6% ကို ဖြတ်တောက်ပြီး စာချုပ်ကို
နောက်ထပ်တစ်နှစ် သက်တမ်းတိုးခဲ့တယ်။"
ရှဲ့ရှော
သည်အေးဆေးစွာ “အင်း”
သာပြန်ပြောခဲ့သည်။
အလုပ်ကိစ္စများ
ဆွေးနွေးပြီးနောက် ရှဲ့ယွိရန်က သူ့ကိုကြည့်ကာ ရုတ်တရက် ထမေးသည်။ "ယဲ့ မိသားစုက
အကြီးဆုံးသမီး ဒီနေ့ ရောက်လာတာ ငါကြားတယ်။ သူမ ဘယ်လိုလဲ?"
ရှဲ့ရှောက
အကြောင်းမပြန်ဘဲ ဒီကိစ္စကို မပြောချင်ပုံရသည်။
ရှဲ့ယွိရန်
က "မင်း သူ့ကို မကြိုက်ဘူးလား"
ရှဲ့ရှော
မျက်မှောင်ကြုတ်လိုက်သည်။ "စီစဥ်ထားပြီးသားကိစ္စတွေပဲ၊ ဒီမေးခွန်းတွေကို ဘာလို့မေးနေသေးလဲ"
ရှဲ့ယွိရန်က
တစ်ခုခုပြောချင်ပေမယ့် စိတ်မ၀င်စားတဲ့ အမူအရာကို မြင်ပြီး သူ ဆက်မမေးဖို့ ဆုံးဖြတ်လိုက်သည်။
—-
10:30
PM —
ယဲ့အန်း
သည် သူမ၏ ငှားထားသော တိုက်ခန်းသို့ ပြန်လာခဲ့သည်။
ဧည့်ခန်းထဲသို့
လှမ်းဝင်လိုက်သည်နှင့် ဒုတိယအိပ်ခန်းမှ ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။
"B*tch!
ငါ့မျက်စိရှေ့ကထွက်သွားစမ်း ”
ယဲ့အန်း
- “……”
အခြားအိပ်ခန်းမှ
တံခါးသည် တစ်ဝက်ပွင့်နေပြီး အနက်ရောင် နားကြပ်တစ်စုံကို ဝတ်ဆင်ထားသော ကွန်ပျူတာရှေ့တွင်
ထိုင်နေသည့် လူတစ်ယောက်အား မြင်တွေ့ရသည်။
“သတ္တိရှိလှချည်လား။ ဒီအရှင်မကို
တွေ့ပြီးတာတောင် ဒူးမထောက်ဘဲ နေရဲသလား”
"အစောင့်တွေ၊
သူ့ကို ရိုက်ကြစမ်း!"
……
ယဲ့အန်းလည်း
စိတ်ပျက်လက်ပျက်ဖြင့်စောင်းကြည့်လိုက်သည်။ ထိုအခြေအနေကို ကျင့်သားရစွာနဲ့ သူမ ပိုက်ဆံအိတ်ကို
ဆိုဖာပေါ် ပစ်ချလိုက်ပြီး ရေချိုးခန်းထဲဝင်သွားခဲ့သည်။
ဆူညံတာကို
တိုင်ကြားမခံရသေးတာ အံ့သြစရာပင်။
ယဲ့အန်းသည်
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ရှီရွှမ်းရွှမ်းသည် သူမ၏ စိတ်ရှုပ်စရာ ဆိုးဆိုးရွားရွားအော်သံများကို
ရပ်တန့်လိုက်ပြီး သူမ၏ ဖိနပ်ကိုစီးကာ အခန်းတွင်းမှ ပြေးထွက်လာခဲ့သည်။
"ပြန်လာပြီလား?"
သူမသည် လက်တစ်ဖက်တွင် ရေခွက် နောက်တစ်ဖက်တွင်
ဖုန်းကိုကိုင်လျက် ဆိုဖာဆီသို့ လျှောက်လာသည်။
ယဲ့အန်းက
“အင်း” သာ တုံ့ပြန်ခဲ့သည်။
သူမ၏ ခေါင်းမှာ အနည်းငယ် ရီဝေနေသေးသည်။
ရှီရွှမ်းရွှမ်းသည်
သူမအား ခြေဆုံးခေါင်းဆုံးကြည့်ကာ "ဒီနေ့ ဘာလုပ်လာတာလဲ? နင် ဒီနေ့ မနက်ကတည်းက
လှလှပပ ဝတ်စားပြီး ထွက်သွားတာလေ။"
ရှဲ့
နေအိမ်သို့ သွားရမည်ဖြစ်သောကြောင့် ယဲ့အန်း သည် ကျက်သရေရှိသော အမွေဆက်ခံသူ၏ အသွင်အပြင်
ပေါ်စေရန် ယဲ့ယွမ်နျန် သူမအတွက် ပြင်ဆင်ပေးထားသည့် high-end custom-made dress ကို
ဝတ်ဆင်ခဲ့သည်။ သူမရဲ့ ၀တ်စုံနှင့် တွဲထားသည် နားကပ် လည်ဆွဲ အစုံကလည်း တန်ဖိုးကြီးသည်။
ထို့အပြင် သူမသည် သွယ်လျသောခါးနှင့် ပိန်သွယ်သောခြေထောက်များကြောင့်
၀တ်စုံမော်ဒယ်ကဲ့သို့ လှပပြီး ပြီးပြည့်စုံ သွားသည်။ ဤသို့ဆင်မြန်းထားသဖြင့် သူမသည်
ညစာစားပွဲကဲ့သို့ အခမ်းအနားမှ ပြန်လာသလိုဖြစ်နေသည်။
ယဲ့အန်းသည်
စကားလုံးနှစ်လုံးကို ခပ်ပေါ့ပေါ့ပြောလိုက်သည်။ “Blind date”
“ထွီးးး––”
ရှီရွှမ်းရွှမ်း
သောက်လက်စ ရေကိုထွေးထုတ်မိသွားသည်။ "Darling နင် ငါ့ကိုနောက်နေတာလား"
သူမ၏
အသွင်အပြင်ဖြင့် သူမဆီမှ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ဖြင့်ပင် ယောက်ျားများသည် သူမ၏
ခြေရင်းတွင် ညွှတ်တွားခယနေ လိမ့်မည်။ ဒါကို Blind Date တွေ့ဖို့ လိုအပ်သေးသလား။
ယဲ့အန်းသည်
ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားသည်။ သူမ၏ ခန္ဓာကိုယ်သည် နည်းနည်းမျှ မလှုပ်ရှားချင်ဘဲ
ခွေခေါက်နေသည်။
ရှီရွှမ်းရွှမ်းသည်
သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ နွမ်းလျနေသော သူမ၏ အလှကို ကြည့်ရင်း ယဲ့အန်း၏ မေးဖျားကို
ဆွဲညှစ်လိုက်သည်။ "မင်းဘဝတစ်ခုလုံးကို ပန်ကုန်းနဲ့ ဘာလို့မဖြုန်းတာလဲ"
ယဲ့အန်းသည်
ပြုံးလျက်မျက်တောင်များကိုတဖျတ်ဖျတ်ခပ်လိုက်သည်။ “ဟုတ်တယ်။ ငါက အရမ်းလှတာဆိုတော့ ချမ်းသာတဲ့သူနဲ့ပဲ
လက်ထပ်မှာ သေချာတယ်။ မင်းက ဘာလို့ သန်းရာဂဏန်းကို အရင်မရှာတာလဲ၊ အဲ့လိုဆို ငါစဥ်းစားမယ်လေ။”
မင်းကို
နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်...
ရှီရွှမ်းရွှမ်းသည်
သူမ၏ အစွယ်ကို ပြန်သိမ်းလိုက်ပြီး သူ့ဖုန်းရှိ အတင်းအဖျင်းသတင်းများကို ဆက်ကြည့်နေသည်။
ယဲ့အန်းက
မရယ်ပဲမနေနိုင်တော့ချေ။ သူမအကြည့်များက သူ့ဘက်ဆီသို့ ရွေ့လျားလာသောအခါ၊ သူမသည် ဖန်သားပြင်ပေါ်ရှိ
ရင်းနှီးသော မျက်နှာတစ်ခုကို အမှတ်မထင်တွေ့လိုက်ရပြီး ခေတ္တရပ်လိုက်သည်။
ဒီအကြောင်းကို
သူမ မမေးခင် ရှီရွှမ်းရွှမ်း က သူ့ကိုယ်သူ ပွေ့ဖက်ထားပြီး အတင်းအဖျင်း စပြောတော့သည်။
“OMG! သတင်းထူး ဟေ့ သတင်းထူး။ ကျွင်းမင် Group ရဲ့ သခင်လေး သူ့ကားမတော်တဆ ဖြစ်ပြီးတော့
ဦးနှောက်သေသွားတယ်တဲ့။ အဲ့ဒါ ရှဲ့ မိသားစုရဲ့ သခင်လေး ရှဲ့ရှော လေ။”
ယဲ့အန်းသည်
နေ့လယ်ကပင် ထိုလူနှင့် အနီးကပ် ရှိနေဃြ့ကြသည်။ “…..”
“ဒီလိုသာဆို သနားစရာပဲ။ ချောမောတဲ့
မျက်နှာလေးရှိတယ်။ ကျိကျိတက်လည်း ချမ်းသာတယ်…”
“ဒါပေမယ့် သူက ဦးနှောက်သေသွားတာမဟုတ်ဘဲ
မျက်စိပဲကွယ်သွားတယ်လို့လည်း ပြောနေကြတယ်။ ခြေထောက်ကျိုးသွားတယ်လို့ တချို့ကပြောကြတယ်… ဟုတ်လား မဟုတ်လားမသေချာဘူး။
ဘာပဲဖြစ်ဖြစ် သူ လူရှေ့သူရှေ့ ပေါ်မလာတာ တော်တော်ကြာခဲ့ပြီ။”
ရှီရွှမ်းရွှမ်းသည်
သူမ၏မျက်နှာကို အုပ်လိုက်ပြီး လွန်လွန်ကျူးကျူး ဝမ်းနည်းပြနေသည်။ “ကောင်းကင်ဘုံက ကောင်းချီးတွေနဲ့ပြည့်စုံနေတဲ့သူကို
ဘယ်နာလိုပါ့မလဲ။ အရင်တုန်းကတော့ သူ့ကိုလက်ထပ်ဖို့တောင် စိတ်ကူးယဉ်ခဲ့ဖူးတယ် ”
ယဲ့အန်း
- တောင်းပန်ပါတယ်၊ ဆက်နားမထောင်နိုင်တော့ဘူး။
တစ်နေကုန်
အလုပ်ရှုပ်နေပြီးနောက် ယဲ့အန်းသည် အိပ်ငိုက်နေပြီဖြစ်ပြီး သူမနှင့် စကားပြောရန် ခွန်အားမရှိတော့ပေ။
သူမ ကတုန်ကယင်ထကာ ရေချိုးပြီး အိပ်ရာဝင်ရန် စီစဉ်လိုက်သည်။
ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက်
သူမသည် ရုတ်တရက် တစ်ခုခုကို တွေးကာ လှည့်ကြည့်လိုက်သည်။ “ဟုတ်သားပဲ၊ ငါက နှစ်ရက်အတွင်း
ထွက်သွားတော့မှာ။ တခြားအခန်းဖော် ရှာကြည့်လိုက်ပါဦး။"
"အယ်?"
ရှီရွှမ်းရွှမ်း အံ့အားသင့်သွားပြီး အတင်းပြောသံကို ရပ်လိုက်သည်။ "မင်း ပြောင်းတော့မှာလား။
ဘာလို့လဲ?"
ယဲ့အန်းသည်
အနည်းငယ် စဉ်းစားပြီးနောက် “နံပါတ်တစ်- တကယ်တော့ ကျွန်မက ချမ်းသာတဲ့မိသားစုရဲ့ အကြီးဆုံးသမီး။
ငယ်ငယ်က အဖေက စွန့်ပစ်တာခံခဲ့ရတယ်။ မကြာသေးမီက
သူနောင်တရသလို ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်တွေအတွက် ငါ့ကို ဖြည့်ဆည်းပေးချင်တာကြောင့်
အိမ်ကိုပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နံပါတ်နှစ် - ငါ ဒီနေ့ Blind Date တွေ့ခဲ့တယ်။
သူ့မိသားစု ချမ်းသာတယ်လေ။ သူက ရုပ်လည်းချောတယ် ပိုက်ဆံလည်းရှိတယ်။ ပြီးတော့၊ သူက ငါ
နှစ်ပေါင်းများစွာ တိတ်တဆိတ် ချစ်မိခဲ့တဲ့ ယောက်ျားတစ်ယောက်ပဲ။ မကြာခင်မှာ လက်ထပ်ကြဖို့တောင်
စီစဥ်ပြီးသွားပြီ။ မကြာခင် စံအိမ်ကြီးထဲမှာ နေရတော့မယ်…”
သူမက
မျက်ခုံးလေးပင့်ကာ ပြုံးလျက် "ဒီရှင်းပြချက်နှစ်ခု၊ နင်တစ်ခုရွေး"
ရှီရွှမ်းရွှမ်း
- WDYM???
—-
နှစ်ရက်မစေ့မီတွင်
ယဲ့ယွမ်နျန်က ယဲ့အန်းကို ခေါ်ဆောင်ရန် လူအချို့ကို စေလွှတ်လိုက်သည်။
ယဲ့အန်းသည်
အရေးကြီးသော ပစ္စည်းအနည်းငယ်ကိုသာ ထုပ်ပိုးပြီး ကျန်အရာအားလုံးကို ရှီရွှမ်းရွှမ်းဆီ
ထားခဲ့သည်။
ယဲ့အန်းပေးခဲ့သော ရှင်းပြချက်နှစ်ခုကို ကြားလိုက်ရပြီး
တိုက်ခန်းအဆောက်အအုံ အောက်ထပ်တွင် ဇိမ်ခံကားတစ်စီး ပါကင်ထိုးထားသည်ကို တွေ့လိုက်ပြီးနောက်
ရှီရွှမ်းရွှမ်းသည် ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။ ထိုဇိမ်ခံကားကို“သခင်မလေး” ဟု ယဥ်ကျေးစွာ ခေါ်ဝေါ်သော
ယာဉ်မောင်းတစ်ဦးက မောင်းနှင်လာသည်။
ဒါက
ဘယ်လိုမှော်ဆန်တဲ့ ဇာတ်လမ်းမျိုးပါလိမ့်။
ခဏအကြာတွင်
သူမ၏ ထိတ်လန့်မှုမှ ပြန်လည်သက်သာလာပြီး ယဲ့အန်း၏ လက်ကို ပွေ့ဖက်လိုက်သည်။ “သခင်မလေး
ယဲ့အန်း၊ ငါတို့ သူငယ်ချင်း ဆက်လုပ်လို့သေးလားဟင်။ ”
ယဲ့အန်း၏
အမူအရာသည် အထက်တန်းဆန်ပြီးမောက်မာလှသည်။ "ဟင့်အင်း၊ ငါတို့လိုနတ်သမီးတွေက သူငယ်ချင်းမလိုဘူး"
ရှီရွှမ်းရွှမ်းက
ငိုသည်။
ယဲ့အန်းက
သူမကို လှည့်စားတာကို ရပ်လိုက်ပြီး ရယ်မောရင်း “ငါ အိမ်ငှားခကို နောက်ထပ် တစ်နှစ်ခွဲစာပေးပြီးပြီမို့
ချက်ချင်းကြီး အခန်းဖော်ရှာဖို့ စိတ်ပူစရာ မလိုပါဘူး။ ငါ တစ်နေ့ ပြန်နှင်ထုတ်ခံရရင်
ဘာလိုလုပ်မလဲ..."
သူမ
စကားမဆုံးခင်မှာ ရှီရွှမ်းရွှမ်းက "နင့်မှာ ရည်မှန်းချက် တစ်ခုခုရှိလို့ မလား။
ဒီ အသုံးမဝင်တဲ့အရာတွေကို အမြဲတွေးသိလား။ ပြန်သွားဖို့ ဆုံးဖြတ်ပြီးကတည်းက၊ အမွေဆက်ခံခွင့်နဲ့
အဖေဆီက ပိုင်ဆိုင်မှုအချို့ကို ဘယ်လိုရနိုင်မလဲဆိုတာ စဉ်းစားသင့်တယ်။ ပြီးရင် Mr.
Perfect နဲ့ ချိတ်လိုက်။ ချမ်းသာတဲ့သူနဲ့လက်ထပ်ပြီး ဘဝမှာအောင်မြင်အောင်လုပ်။ နင်က
အခု ဇာတ်ညွှန်းကို ကိုင်နေတာ၊ နားလည်လား။"
ယဲ့အန်းက
ရယ်ချင်လာသည်။ ယဲ့ယွမ်နျန်သည် နောက်အိမ်ထောင်ပြုခဲ့သည်မှာ ကြာပြီဖြစ်ပြီး အခြားသားသမီးများလည်း
ရှိသည်။ ဇနီးဟောင်းက ခေါ်သွားသော သမီးဖြစ်သူက အမွေနှင့် ပိုင်ဆိုင်မှုများအတွက် ရင်ဆိုင်ရမည်လား။
အဘယ်သို့ လွယ်ကူနိုင်လိမ့်မည်နည်း။ သူ့အိမ်ထောင်အတွက် သင့်တော်တဲ့ ခန်းဝင်ပစ္စည်းတွေကို
သေသေချာချာ ပြင်ဆင်ပေးထားတာ ရှဲ့ မိသားစုကိုတော့ ချီးကျူးရမည်။
ထို့အပြင်
သူမသည် ၎င်းတို့နှင့်လည်း အချေအတင်မဖြစ်ချင်ပေ။ ထိုအားလပ်ရက်ကို သူမသည် ရှဲ့ရှော နှင့်လက်ထပ်ပြီး
အိမ်၏ အမျိုးသမီးအဖြစ် သက်တောင့်သက်သာဖြတ်သန်းချင်သည်။
"ဘာပဲဖြစ်ဖြစ်
ငါပြောတာကို နားထောင်ပါ။ နင် ပြန်သွားတဲ့အခါ နင်တတ်နိုင်သလောက် သနားစရာကောင်းအောင်နေပြီး
လိုအပ်တဲ့အချိန်မှာ သန်မာပါ။ အရေးကြီးတာက ပိုင်ဆိုင်မှုတချို့ကို ကိုင်ထားဖို့၊ တခြားသူတွေကို
မကူညီပါနဲ့”
ရှီရွှမ်းရွှမ်းသည်
လူချမ်းသာများ၏ အတင်းအဖျင်းသတင်းများများ အလွန်အကျွံဖတ်ခဲ့သည်မှာ ထင်ရှားပါသည်။ အမွေဆက်ခံရေးနှင့်
ပိုင်ဆိုင်မှုများအတွက် ရင်ဆိုင်ရန် သူမ၏ ဟောပြောချက် ကို တစ်သွေမသိမ်း မှတ်သားခိုင်းသည်။
ယဲ့အန်းသည်
သူမပြောပြသော ဒရာမာဇာတ်ကွက်များနှင့် ရန်ပွဲများကြားတွင် နစ်မျောနေသည်။ သူမသည် ရယ်မောရင်း
လိုက်လျောညီထွေ စကားအနည်းငယ်ပြောပြီးနောက် နောက်လှည့်ကာ ကားထဲသို့ဝင်ခဲ့သည်။
ပတ်ဝန်းကျင်တွင်
နွေဦးရာသီ၏ အငွေ့အသက်များ ရှိနေသည်။ ဝေဆာစွာပွင့်ဖူးနေသော ပန်းပင်၏ အရိပ်သည် ကားပြတင်းပေါက်ကို
ဖြတ်ကျော်သွားကာ မကြာမီပင် နောက်တွင်ကျန်ရစ်နေခဲ့သည်။