အပိုင်း
၅
ယဲ့
စံအိမ် သို့ရောက်သည်နှင့် အိမ်ထဲသို့မဝင်မီ ယဲ့အန်းသည် ယဲ့မန် ကိုမမျှော်လင့်ပဲတွေ့လိုက်ရသည်။
သူမသည်
နောက်အိမ်ထောင်ပြုပြီးနောက် ယဲ့ယွမ်နျန် ၏ သမီးဖြစ်ပြီး သူမ၏ ဖအေတူ မအေကွဲညီမ ဖြစ်သည်။
အိမ်ရှေ့တံခါးဝတွင်
ရပ်နေသောကလေးမလေးသည် ပလိတ်စကတ်ကို ဝတ်ဆင်သည်။ သူမသည် ယဲ့အန်းကို မောက်မာစွာ စိုက်ကြည့်ရင်း၊
သူမ၏ နက်မှောင်သော မျက်ဝန်းများသည် ရန်လိုမှုများနှင့် ပြည့်နှက်နေသည်။
ယဲ့ယွမ်နျန်က
ရှေ့ကို လှမ်းပြီး ချော့ကာ "မန်မန်၊ မမ လို့ခေါ်ကြည့်ပါဦး။"
ယဲ့မန်
က စကားမပြောဘဲ နှုတ်ခမ်းကို ဖိပိတ်လိုက်သည်။
ယဲ့အန်းလည်း
သိပ်စိတ်မ၀င်စားပေ။ သူမကို မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး အိမ်ထဲသို့ တန်းတန်းမတ်မတ်
ဝင်သွားသည်။
"အန်အန်း
ရောက်လာပြီလား?"
ညင်သာသော
အသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ယွမ်နျန်၏ လက်ရှိဇနီး ကျန်းလောမှ လှေကားမှဆင်းလာခြင်းဖြစ်သည်။
ကျန်းလော
သည် စိမ်းပြာရောင် ချောင်ဆန်ကို ၀တ်ဆင်ထားသည်။ သူမသည် အသက် ၅၀ နီးပါးရှိနေပြီဖြစ်သော်လည်း
သူမရဲ့ အေးချမ်းသော နေထိုင်မှုပုံစံက သူမ၏ အသွင်အပြင်ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးထားသည်။
သူမ မျက်နှာတွင် အရေးအကြောင်း အနည်းငယ်သာရှိသည်။
သူမသည်
နူးညံ့ ကြင်နာစွာ ပြုံးပြသည်။ ယဲ့အန်းက အပြန်အလှန် လောကဝတ်ပြုသည်။ " အားယီ
"
အားယီ
– အန်တီကို ဆိုလိုသည်။ တရုတ်ယဉ်ကျေးမှုတွင် မိထွေးကို အန်တီဟု ခေါ်ဆိုကြသည်။
ကျန်းလော
ခေါင်းညိတ်လိုက်သည်။ “မင်းအခန်းကို အိမ်အကူတွေကို သန့်ရှင်းရေး လုပ်ခိုင်းထားတယ်၊ မင်းအခန်းက
မင်းနေခဲ့တုန်းက ပုံစံအတိုင်းပဲ ရှိပါသေးတယ်။”
ထိုအချိန်က
ရှကျင်နှင့် ယဲ့ယွမ်နျန် ကွာရှင်းရခြင်းအကြောင်းရင်းမှာ သူက သစ္စာမဲ့သောကြောင့်ဖြစ်သည်။
သူ၏ လက်ရှိအိမ်ထောင်ရေးကို လက်မလွှတ်နိုင်သော်လည်း တခြားမိန်းမများနှင့် ပျော်ပါးလိုက်စားနေခဲ့သည်။
ရှကျင်သည်
ဆက်သည်းမခံနိုင်တော့ချေ။ ယဲ့ယွမ်နျန် သည် ယာယီ စိတ်ဆန္ဒကို မလွန်ဆန်ခဲ့ရုံသာဖြစ်ပြီး
နောက်တစ်ကြိမ် ထပ်မဖြစ်တော့ကြောင်း ကတိပေးခဲ့သော်လည်း ရှကျင်သည် သူနှင့်ကွာရှင်းပြတ်စဲကာ
သမီးဖြစ်သူနှင့် ထွက်သွားခဲ့သည်။
သို့သော် ကျန်းလောနဲ့ ဘာမျှ မသက်ဆိုင်ပေ။
ကျန်းလောသည်
ကွာရှင်းပြီးနောက် တစ်နှစ်ကျော်ကြာပြီးမှ ယဲ့ယွမ်နျန်နှင့် လက်ထပ်ခဲ့သည်။ သူတို့၏ အိမ်ထောင်ရေးပြိုကွဲမှုတွင်
သူမအား တတိယပုဂ္ဂိုလ်အဖြစ် ထည့်တွက်၍မရချေ။ သူတို့နှစ်ဦးကြားက ဇာတ်လမ်းမှာ ရှုပ်ထွေးသော
အခြေအနေလို့ပဲ ဆိုရမည်။
ကျန်းလောနှင့်
ယဲ့ယွမ်နျန်တို့သည် ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြသည်။ အတူကြီးပြင်းလာခဲ့ကြသည်။
သူတို့ ကျောင်းသားဘဝတုန်းက ယဲ့ယွမ်နျန်က ကျန်းလောကို တစ်ဖက်သက် မေတ္တာရှိခဲ့ပြီး သူမအချစ်ကိုရရန်
ကြိုးစားခဲ့ဖူးသည်။
ထိုအချိန်က
ကျန်းလောက တခြားကောင်လေးကို သဘောကျပြီး သူ့ကို ငြင်းပယ်ခဲ့သည်။ အဲဒီနောက် သူတို့နှစ်ဦးသည်
ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပြီး နောက်ထပ် အဆက်အဆံ မရှိခဲ့ကြတော့ပေ။
သို့သော်လည်း နောင်နှစ်ပေါင်းများစွာကြာသောအခါ ကျန်းလောသည်
လူယုတ်မာတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်ဟု မည်သူထင်မည်နည်း။ သူမ၏ အခက်ခဲဆုံးအချိန်တွင်
ယဲ့ယွမ်နျန်ဆီသို့ ပြန်သွားခဲ့သည်။
တိုက်ဆိုင်စွာပင်၊
ယဲ့ယွမ်နျန်သည် ထိုအချိန်တွင် ရှကျင် နှင့် ကွာရှင်းပြီးဖြစ်သည်။ ထိုအလှည့်အပြောင်းအပြီးတွင်၊
၎င်းတို့သည် သက်ဆိုင်ရာမိသားစုများ၏ အကူအညီဖြင့် နောက်ဆုံးတွင် ပေါင်းစည်းခဲ့ကြသည်။
ဤနှစ်ပိုင်းများတွင်
ယဲ့အန်းသည် ယဲ့ စံအိမ်သို့ သိပ်ပြန်မလာတော့ပဲ ကျန်းလောနှင့် ဆက်ဆံရေးကျဲပါးခဲ့သည်။
ကျန်းလောသည် သူမအပေါ် သဘောထားပျော့ပျောင်းပြီး သူမအတွက် မည်သည့်အရာများကိုမျှ ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် ဘယ်သောအခါမှ မပြုလုပ်ခဲ့ပေ။
ပြောရလျှင် ကျန်းလောက သူမအပေါ်ပြေပြေလည်လည် ဆက်ဆံသည်။
ယနေ့သူမ၏
ရုတ်တရက် ဖော်ရွေနေမှုသည် ရှဲ့ မိသားစုကြောင့်သာဖြစ်နိုင်သည်။ သူ၏ အိမ်ထောင်ရေးမှာအလျော်အစားကြီးပုံရသည်။
ယဲ့အန်းက
လှောင်ရယ်လိုက်ပြီး ခရီးဆောင်အိတ်သယ်ရင်း အလုပ်ရှုပ်နေသော ကားသမားနောက်မှ အပေါ်ထပ်သို့လိုက်သွားတယ်။
ဘယ်သူက
ဘယ်သူ့ကို အသုံးချနေတာလဲ၊ မသေချာသေးပါ။
—
သူမ၏
ခရီးဆောင်အိတ်အားလုံးကို အခန်းထဲသို့ သယ်ဆောင်ပြီးနောက် ယဲ့အန်းသည် အခြားသူများ၏ အကူအညီကို
ယဉ်ကျေးစွာငြင်းဆန်ကာ အခန်းကို သူ့ဘာသာသူ နေရာချသည်။
မကြာမီ
ဤအရာများအားလုံးကို ရှဲ့ စံအိမ်သို့ ပို့ဆောင်ရမည်ဖြစ်သဖြင့် အထုပ်အပိုးများကို မဖွင့်တော့ဘဲထားလိုက်သည်။
နေရာချပြီးနောက်
သူမသည် ဗီရိုကိုပိတ်လိုက်ပြီး အနားယူရန် ရေတစ်ခွက်သွားထည့်သည်။ သူမ လှည့်ကြည့်လိုက်ရာ
တံခါးဝကို မှီကာရပ်နေသည့် ယဲ့မန်၏ ရန်လိုသည့်အမူအရာကို ရုတ်တရက် တွေ့လိုက်ရသည်။
ယဲ့အန်း
ခေတ္တရပ်လိုက်သည်။ ကျန်းလောနှင့် သူမ၏ ဆက်ဆံရေးသည် အခင်အမင် မပျက်ရုံလောက်သာယူဆပါက၊
ဤဖအေတူမအေကွဲညီမနှင့် သူမ၏ ဆက်ဆံရေးသည် ဖော်ပြရန် အနည်းငယ်ခက်ခဲပါသည်။
ယဲ့မန်သည်
ယဲ့အန်းကို ငယ်စဥ်ကတည်းက မုန်းတီးခဲ့ပြီး သူ့အဖေကို ခိုးယူသွားလိမ့်မည်ဟု အမြဲခံစားခဲ့ရသည်။
သူမ ဤနေရာကို ချေချလိုက်တိုင်း သူမဟာ ဖြူကောင်တစ်ကောင်ကဲ့သို့ ရန်လိုနေခဲ့သည်။
ဒီလိုသက်လတ်ပိုင်းလူကြီးတစ်ယောက်ကို
မည်သူကခိုးယူသွားမည်နည်း။ ယဲ့အန်းသည် မထီမဲ့မြင်ပြုကာ လျစ်လျူရှုထားခဲ့သည်။ သူမဘေးက
စားပွဲဆီသို့ လျှောက်သွားပြီး ခွက်ကို လှမ်းယူလိုက်သည်။
ရုတ်တရက်
အနောက်မမှ အသံတစ်သံထွက်လာသည်။ " ကိုကို ရှဲ့ရှောကို လက်ထပ်တော့မှာလား"
?
ကိုကို
ရှဲ့ရှော တဲ့လား?
ယဲ့အန်းသည်
ဆောင့်ကြောင့် လှည့်ကြည့်လိုက်ပြီး သည်လောက် မရိုးရှင်းသလို ခံစားလိုက်ရသည်။
ယဲ့မန်သည်
ထူးဆန်းသောအမူအရာဖြင့် သူမကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများတွင် ရန်လိုမှုများ
ပိုပြင်းထန်လာပုံရသည်။
……
အလယ်တန်းကျောင်းတောင်
မပြီးသေးတဲ့ ကလေးကလားလေးက သူမကို ယောက်ျားတစ်ယောက်အတွက် ရန်လိုနေရသလား။
ယဲ့အန်းက
ထူးထူးဆန်းဆန်း ရယ်ချင်လာသည်။ သူမသည် လက်ပိုက်လျက်စားပွဲကို မှီပြီး မျက်ခုံးတစ်ဖက်ပင့်ကာ
“အဲ့တော့ ဘာဖြစ်လဲ”
ယဲ့မန်းသည်
သူမကို မုန်းတီးစွာ စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ " ကိုကိုရှဲ့ရှောသာ မျက်စိကွယ်နေတာမဟုတ်ရင်
သူ နင့်ကိုလက်ထပ်စရာအကြောင်းမရှိဘူး!"
ဤစကားသည်
အနည်းငယ် ကျယ်လောင်သွားသဖြင့် ယဲ့ယွမ်နျန် လမ်းလျှောက်လာစဉ် တိုက်ဆိုင်စွာကြားလိုက်ရသည်။
"မန်မန်!"
ယဲ့ယွမ်နျန်၏
မျက်နှာသည် ပြောင်းလဲသွားသည်။ သူမကို အမြန်ဆွဲခေါ်သွားပြီး ယယဲ့အန်းကို ကြည့်လိုက်သည်။
ယဲ့အန်းသည်
စားပွဲကိုမှီလျက် ခပ်ထေ့ထေ့ပြုံးလိုက်ပြီး အေးစက်စက် အကြည့်ဖြင့်ကြည့်လိုက်သည်။
"ဒါပေမယ့် တစ်ယောက်ယောက်ကတော့ သူ့ကိုလက်ထပ်ပေးဖို့ ခခယယ တောင်းဆိုနေသေးတာပဲ"
"ဘယ်သူတောင်းဆိုလို့လဲ---"
“မန်မန်! တိတ်တိတ်နေစမ်း…"
ယဲ့မန်က
တစ်ခုခုပြောချင်ပေမယ့် ယဲ့ယွမ်နျန်က ဆွဲခေါ်သွားပြီး ကျန်းလောကို အပ်လိုက်သသည်။
ယဲ့ယွမ်နျန်
ပြန်လာပြီး ယဲ့အန်းအား “သူက ငယ်ပါသေးတယ်။ သူပြောတာတွေကို အပြစ်ယူမနေပါနဲ့။”
သူ၏
လေသံတွင် ခယမှု အနည်းငယ်ပါ၀င်သည်။
ယဲ့အန်း၏
အမူအရာမှာ ဂရုမစိုက်သလိုရှိပြီး သူမ နှုတ်ဆိတ်နေခဲ့သည်။ ရေသောက်ပြီးနောက် ပိုက်ဆံအိတ်ထဲမှ
ဖုန်းကိုထုတ်ကာ ဂိမ်းဆော့ရန် ဆိုဖာပေါ်တွင် လှဲချလိုက်သည်။
ယဲ့ယွမ်နျန်သည်
သူမ၏ စိတ်အခြေအနေကို မဖတ်နိုင်ပေ။ သူမကို ခဏလောက်ကြည့်နေရင်း ရုတ်တရက် "အန်အန်း၊
မင်းရဲ့လက်ထပ်ပွဲအကြောင်း မင်းအမေကို ပြောပြချင်သေးလား"
ယဲ့အန်း၏
လက်ချောင်းများ ရပ်တန့်သွားသည်။ ခဏအကြာတွင်၊ သူမသည် မော့ကြည့်ကာ အေးစက်စွာ လှောင်ရယ်လိုက်သည်
—ယခင်က သူမ၏ လျစ်လျူရှုထားသော အမူအရာမှ သိသိသာသာ ပြောင်းလဲသွားသည်။ "အဖေ ဒီလက်ထပ်ပွဲကို
ဖျက်ချင်ရင်တော့ သူ့ကိုသွားပြောလိုက်လေ"
ယဲ့ယွမ်နျန်၏
အမူအရာမှာ ငြိုးငယ်သွားပြီး လက်ရှိအခြေအနေသည် မဆုတ်သာမရွံ့သာ ဖြစ်နေကာ ခဏတာ ငိုင်ကျသွားသည်။
အပြစ်ရှိစိတ်က ကြီးစိုးလျက် “ဒါဆို သမီး ကောင်းကောင်းသွားနားလိုက်တော့။ ညစာပြင်ပြီးရင်
အဖေ သမီးကိုလှမ်းခေါ်လိုက်မယ်"
ယဲ့ယွမ်နျန်
ထွက်သွားပြီးနောက် ယဲ့အန်းသည် ထိုနေရာတွင် ခဏရပ်နေခဲ့သည်။
သူမ
ဖုန်း contacts ကို ဖွင့်ကာ နံပါတ်တစ်ခုကို ခဏကြာအောင် စိုက်ကြည့်ခဲ့သော်လည်း နောက်ဆုံးတွင်
ဖုန်းမခေါ်ခဲ့ပေ။
—-
ယဲ့ယွမ်နျန်နဲ့
ကျန်းလောက ယဲ့မန်ကို သီးသီးသန့်သန့် ဘာတွေပြောခဲ့သလဲ သူမမသိလိုက်ဘဲ ယဲ့မန်က ထူးဆန်းစွာပဲ
ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပြီး သူမကို အနှောက်အယှက် မပေးတော့ချေ။
ယဲ့အန်းသည်
မင်္ဂလာဆောင်ပြီးသည့်တိုင်အောင် ယဲ့စံအိမ်တွင် အေးအေးချမ်းချမ်းနေထိုင်ခဲ့သည်။
ဧပြီလအစတွင်
မင်္ဂလာဆောင်နေ့ ရောက်လာသည်။
ရှဲ့ရှော၏
လက်ရှိအခြေအနေများကြောင့် သူမသည် ကြီးကျယ်ခမ်းနားသော မင်္ဂလာဆောင်ပွဲတစ်ခု ဖြစ်လာမည်ဟု
မမျှော်လင့်ထားမိပေ။ မြို့ပြရေးရာဗျူရို(တရားရုံး)သို့ သွားကာ လက်ထပ်ခွင့်လိုင်စင်တင်ပြီး
ရိုးရှင်းသော မိသားစုညစာစားပွဲကျင်းလိုက်လျင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြီးမြောက်သွားပြီဖြစ်သည်။
ယဲ့ယွမ်နျန်သည်
သူမအတွက် အလွန်ရက်ရောသော လက်ဖွဲ့တစ်ခုကို ပြင်ဆင်ထားသောကြောင့် မိသားစုနှစ်ဖက်စလုံး
မျက်နှာပျက်ကာ အခြားသူများ၏ ပြောဆိုခြင်းကို ခံရမှာကို စိုးရိမ်နေသည်။ ထိုလက်ဖွဲ့တွင်
ယဲ့မိသားစုလက်အောက်ရှိ ဟိုတယ်များ၏ ရှယ်ယာအချို့ပင် ပါဝင်သည်။
ယဲ့အန်းက
အားမနာတမ်း လက်ခံလိုက်သည်။ လက်ဆောင်ပေးထားသောငွေကို အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းမပြုသင့်ပါ။
မိသားစု
ညစာစားပွဲကို ကျောက်ဖုန်းယွမ် အနီးရှိ ရှဲ့စံအိမ်တွင် ကျင်းပမည်ဖြစ်သည်။
ကျောက်ဖုန်းယွမ်
- ဤဝတ္ထု၏ universe ရှိ ရှုခင်းသာနေရာ သို့မဟုတ် ပန်းခြံတစ်ခု ဖြစ်နိုင်သည်။
ထိုနေ့မနက်
၅ နာရီခန့်တွင် ယဲ့အန်း အိပ်ရေးမ၀သေးဘဲ အဝတ်အစားလဲရန်နှင့် မိတ်ကပ်ပြင်ရန် အိပ်ယာမှ
ကုန်းထခဲ့ရသည်။
မိတ်ကပ်ပညာရှင်သည်
အိပ်ငိုက်နေသဖြင့် မျက်ခွံများ ငိုက်ကျနေသော သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်ကို ကျွမ်းကျင်စွာ
လိမ်းပေးသည်။
ပြင်ဆင်မှုမှာ
လွယ်လွယ်ကူကူပဲ အပြီးသတ်သွားသည်။ အိမ်မှထွက်လာသည့်လမ်းတွင် ယဲ့ယွမ်နျန် သည် စိတ်ပူလျက်
ရုတ်တရက် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ “အန်အန်း၊ ရှေ့လျှောက် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ…” သူက ရင်ထဲမှလှိုက်လှိုက်လှဲလှဲပြောသည်။
ယဲ့အန်း
တုန်လှုပ်သွားပြီး ကြက်သီးမွှေးညှင်းထကာ အိပ်ချင်ပြေသွားလောက်အောင် ထိတ်လန့်သွားစေသည်။
လူကြီးတွေအားလုံး
ဒီလိုပဲ စိတ်ကူးယဉ်ဆန်ကြသလား။
အပြင်ဖက်တွင်
နွေဦးရှုခင်းသည် လှပလျက်ရှိသည်။ ပန်းခင်းများကို ပူနွေးသောနေရောင်ခြည်က ဖုံးလွှမ်းနေပြီး
အပြိုင်အဆိုင် ပွင့်လန်းလျက်ရှိသည်။
ရှဲ့
မိသားစု၏ ကားသည် အပြင်၌စောင့်နေသည်။ ယဥ်မောင်းက အလိုက်တသိဖြင့် တံခါးဖွင့်ပေးသည်။
ယဲ့အန်းသည်
ရှဲ့ရှော “သခင်လေး” ၏ ပင်ကိုယ်စရိုက်အရ၊
သူသည် လူကိုယ်တိုင်လာမည်မဟုတ်ဟု မူလက ထင်ခဲ့သည်။ ကားထဲကိုဝင်ပြီးလျှင် ခန့်ညားစွာထိုင်နေသော
သူ့ကို တွေ့ရမယ်လို့ သူမ မမျော်လင့်ထားပေ။ ထုံးစံအတိုင်း၊ သူ့အသွင်အပြင်က အေးစက်ပြီး
လေးနက်တည်ကြည်နေခဲ့သည်။
နေရောင်ခြည်ဒဏ်ကြောင့်
မျက်လုံးကို မနာကျင်စေဖို့အတွက် နေကာမျက်မှန်တစ်လက် ၀တ်ထားသည်။ သူ၏ လေးနက်တည်ကြည်သော
အမူအရာနှင့် တွဲလျက်၊ သူသည် မာဖီးယားဘော့စ်တစ်ဦးနှင့် ခပ်ဆင်ဆင်တူသည်။
ဤအတွေးဝင်လာသည်နှင့်
တပြိုင်နက် ယဲ့အန်း သည် ရုပ်ရှင်ထဲမှ လူဆိုးဂိုဏ်းခေါင်းဆောင်ပုံစံကို နောက်ခံတေးဂီတနှင့်
တွဲလျက် မြင်ယောင်လိုက်သည်။ သူမ မနေနိုင်တော့ဘဲ
တခစ်ခစ်ရယ်မောလိုက်သည်။
ရှဲ့ရှော
က အမှတ်မထင်ရယ်သံကို မျက်မှောင်ကြုတ်လိုက်သည်။ "မင်းဘာရယ်တာလဲ"
ယဲ့အန်း
က သူမ၏ ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ ရှင် ဒီနေ့ အရမ်းချောတာပဲ"
ရှဲ့ရှော
- "...."
ရှဲ့ရှောသည်
ယခင်ကနှင့်မတူဘဲ ယနေ့အတွက် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသည်။ သူသည် ရှပ်အင်္ကျီအဖြူအပေါ်တွင် အနက်ရောင်Suit ကို ထပ်၍၀တ်ထားသည်။ သူ၏ ကော်လာတွင်
Windsor-knotted လည်စည်းကို ၀တ်ဆင်ထားပြီး သူ၏ အင်္ကျီလက်ချုပ်ရိုးများသည် လက်ရာမြောက်သည်။
သူ၏ ဖြောင့်စင်းသော ဘောင်းဘီသည် ခေါက်ရိုးကျိုးရာမရှိ၊ တောင့်တင်းပြီး မြင့်မြတ်သောပုံပေါက်ကာ
မျက်စိ ပသာဒဖြစ်စရာကောင်းလှသည်။
သူ့အမူအရာမှာ
အနည်းငယ် စိတ်မသက်မသာနိုင်လှသည်။ သူက လက်ထပ်ရမည်ကို ကြိုးစင်တက်ရမလိုဖြစ်နေသည်။
ယဲ့အန်းသည်
သူမမျက်စိရှေ့ရှိ အလှအပကို ခေတ္တမျှ ခံစားနေသည်။ သူမက ရုတ်တရက် ငုံ့ဝင်လိုက်ပြီး “ဟေ့
ရှင် ကျွန်မရဲ့ ချီးကျူးမှုကို ပြန်တုံ့ပြန်သင့်တယ်။ ကျွန်မက ရှင့်ကို ချောတယ်လို့ပြောတယ်လေ။
ကျွန်မကိုကျ လှတယ်လို့ပြန်မပြောသင့်ဘူးလား"
ရှဲ့ရှောသည်
မမျက်မှောင်ကြုတ်လိုက်ပြီး သူမကို လျစ်လျူရှုလိုက်သည်။
သူက
မျက်မမြင်ပင်။ သူမ လှသည်ဖြစ်စေ မလှသည်ဖြစ်စေ သူဘယ်လိုသိပါ့နိုင်မလဲ။
သူပြောမယ့်အရာကို
ခန့်မှန်းရင်း ယဲ့အန်းက သူမ၏ အသံကိုလျှော့ပြီး "ရှင့်မျက်လုံးတွေက မမြင်နိုင်တော့
ကျွန်မက လှလား မလှဘူးလား ဘယ်လိုလုပ်သိနိုင်မှာလဲ လို့ပြောဖို့ကြိုးစားနေတာလား"
ရှဲ့ရှောသည်
သူမဘက်သို့လှည့်ကာ အံကြိတ်ထားသည်။
“ရှင့်မှာ လူမှုရေးအသိ လုံလုံလောက်လောက်
မရှိတာ ထင်ရှားတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ချီးမွမ်းတယ်ဆိုတာ ယောက်ျားတစ်ယောက်မှာရှိတဲ့
ပင်ကိုယ် EQ ရဲ့ တစိတ်တပိုင်းပဲ။ ဒီလိုပြုလုပ်ဖို့ အကြောင်းပြချက် မလိုသလို သူမကို
အမှန်တကယ် မြင်ရဖို့လည်း မလိုအပ်ဘူး။ သူမက လှသည်ဖြစ်စေ မလှသည်ဖြစ်စေ၊ ချီးမွမ်းရုံသက်သက်ပဲလေ။
ကျွန်မက ဒီနေ့ သတို့သမီးလေးမို့လို့ တောင်တွေပြိုကျပြီး မြေကြီးတွေကွဲအက်သွားတဲ့အထိ
ရုပ်ဆိုးနေရင်တောင် ကျွန်မက ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သမီးနဲ့တူတယ်လို့ ရှင် ပြောဖို့
လိုနေသေးတယ်။
ရှဲ့ရှော
- “…”
ယဲ့အန်းက
ပြောချင်တာပြောလိုက်ရပြီး မိမိကိုယ်ကို ဂုဏ်ဖော်ရန်လည်း မမေ့ပေ။ “ဟုတ်ပါတယ်၊ ကျွန်မက
လုံးဝတော့ ရုပ်မဆိုးဘူး”
ယခုအချိန်အထိ
ရှဲ့ရှောသည် ထိုကဲ့သို့ စကားများပြီး သွေးနားထင်ရောက်နေသော မိန်းမနှင့် မတွေ့ဖူးပေ။
ထို့အပြင် သူသည် သူမကို လက်ထပ်ထိမ်းများရဦးမည်။ဤခံစားချက်ကို ဖော်ပြနိုင်ရန်ပင်ခက်ခဲလှသည်။
သူသည် အံကြိတ်လျက် တစ်ဖန်ပြန်၍ ရှေ့သို့မျက်နှာမူလိုက်သည်။
ယဲ့အန်းက
ဟန်လုပ်ပြုံးပြီး တိတ်တဆိတ်ရေရွတ်လိုက်သည်- ပျင်းစရာကြီး။
သူမ၏အကြည့်သည်
အောက်ဘက်သို့ ရွေ့လျားသွားပြီး သူ၏လက်သူကြွယ်တွင် လက်ထပ်လက်စွပ် တစ်ခုကို တွေ့လိုက်ရသည်။
သူ၏
သွယ်လျသောလက်ချောင်းများက အနုစိပ်သောလက်ထပ်လက်စွပ်ကို ပြီးပြည့်စုံစေသည်။
ယဲ့အန်းသည်
သူမ၏ ဘယ်ဘက်လက်ချောင်းပေါ်ရှိ နေရာလွတ်ကို ငုံ့မကြည့်မီ အချိန်အတော်ကြာ မှင်သက်သွားသည်။
လွန်ခဲ့သည့်နှစ်ရက်က
ရှဲ့ မိသားစုသည် မင်္ဂလာလက်စွပ်တစ်ကွင်းကို ပေးပို့ခဲ့သည်။ သို့သော် စောစောက သူမမိတ်ကပ်ပြင်ဆင်ချိန်၌
သူမသည် အလုပ်များနေပြီး ၎င်းကို လုံးဝမေ့သွားခဲ့သည်။
ယနေ့ည
မိသားစု ညစာစားပွဲတွင် သူတို့နှစ်ဦးသည် အဆင်ပြေပြေ ရှိကြောင်းဖော်ပြရန် အားထုတ်သင့်သေးသည်။
ယဲ့အန်းသည်
သူမ၏ ပိုက်ဆံအိတ်ကို ဆွဲယူလိုက်ပြီး သေးငယ်ပြီး လက်ရာမြောက်သော လက်စွပ်ဘူးကို မထုတ်ယူမီ
အချိန်အတန်ကြာ ရှာဖွေလိုက်ရသည်။
သူမ
လက်စွပ်ကို ထုတ်ယူလိုက်ပြီး ဝတ်ခါနီးတွင် သူမဘေးနားရှိ အေးစက်သော မျက်နှာထားနှင့် လူကိုလှမ်းကြည့်လိုက်ပြီး
ရုတ်တရက် ရပ်တန့်သွားသည်။
နီရဲတောက်နေသော
နှုတ်ခမ်းများက တတိတ်တခိုး ပြုံးပြီး မျက်လုံးများ မှေးထားလိုက်သည်။
ရှဲ့ရှောက
သူ့ထိုင်ခုံတွင် မတ်မတ်ထိုင်လျက် တုံ့ပြန်ဖို့ အခွင့်အရေးပင် မရလိုက်ခင်မှာပဲ အေးစက်စက်အရာဝတ္ထုတစ်ခု
သူ့လက်ပေါ်သို့ ရောက်လာသည်။ သူမျက်မှောင်ကြုတ်မိလိုက်သည်။
ယဲ့အန်းသည်
ပြုံးလျက် သူ့ရှေ့တွင် လက်ကိုဆန့်တန်းလိုက်သည်။ “ကျွန်မကိုဝတ်ပေးပါ။”
ရှဲ့ရှော
က ၎င်းကို လက်ချောင်းများဖြင့် စမ်းသပ်ကြည့်ပြီး ၎င်းကို လက်ထပ်လက်စွပ်မှန်း သဘောပေါက်သွားသည်။
သူက သူမကို ရက်စက်သောအကြည့်နှင့်အတူ လက်စွပ်ကို ပြန်ပေးလိုက်သည်။ “ကိုယ်တိုင်ပဲဝတ်လိုက်ပါ။”
ယဲ့အန်းသည်
မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။“လူယုတ်မာ!”
ရှဲ့ရှော
- "?"
“Propose မလုပ်၊ မင်္ဂလာဆောင်ဓာတ်ပုံမရှိ၊
အခမ်းအနားလည်း မရှိ။ ရှင် ကျွန်မကို လက်စွပ်တောင် မဝတ်ပေးဘူး။ ကျွန်မလည်း လက်ထပ်စာချုပ်အတွက်လက်ထပ်တာပါပဲ။"
ရှဲ့ရှော
- "...."
ကားမောင်းသူသည်
ရှေ့တွင်ထိုင်နေပြီး ၎င်းတို့ကို ကြားရသည်ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
ရှဲ့ရှောသည်
နှစ်စက္ကန့်ကြာ တိတ်ဆိတ်သွားသည်။ အခြေအနေ ပိုဆိုးလာမှာကို သူစိတ်ပူတာဖြစ်ကောင်းဖြစ်နိုင်သော်ငြား
နောက်ဆုံးမှာတော့ လက်စွပ်ကိုကောက်ကိုင်လိုက်ပြီး သူမဆီကို လက်ကိုမြှောက်လိုက်သည်။
ယဲ့အန်းသည်
ချက်ချင်းပင် သူမ၏ ဒေါသကို အပြုံးအဖြစ် ပြောင်းလဲလိုက်သည်။ သူမ ဘယ်လက်ကို သူ့လက်ဖဝါးမှာ
တင်ထားကာ သူ မမြင်နိုင်သောကြောင့် အောင်ပွဲခံရင်း မျက်ခုံးကို ပင့်လိုက်သည်။
ရှဲ့ရှော
ငုံ့ကြည့်ကာ သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူသည် သူမ၏လက်ကို လက်သန်းမှ စတင်ခြေရာခံကာ ဘေးတိုက်စမ်းသပ်သွားပြီး
လက်သူကြွယ်တွင်အဆုံးသတ်၍ လက်စွပ်ကို ဖြည်းညှင်းစွာ စွတ်ပေးလိုက်သည်။
မမြင်နိုင်သောကြောင့်
သူ၏ လုပ်ဆောင်ချက်များသည် အလွန်နှေးကွေးနေသည်။ သူ၏လက်ချောင်းများက သူမ၏လက်ဆစ်များကို
ပွတ်တိုက်လိုက်ကာ ထိတွေ့မှုတစ်ခုစီ၏ ခံစားမှုကို ပုံဖော်ပြရလျှင် နွေဦး၏နွေးထွေးသောလေက
ရေမျက်နှာပြင်ကို တိုက်ခတ်လိုက်ရာ လှိုင်းထမ်းပိုးလေးများ တအိအိ ထလာသကဲ့သို့ဖြစ်သည်။
ယဲ့အန်းသည်
သူ၏ အေးစက်သော မျက်နှာကို သည်းမခံနိုင်ဘဲ မူလက သူ့ကို ကျီစယ်ချင်ရုံသာ ဖြစ်သော်လည်း
သူမ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
လက်သူကြွယ်သည်
နှလုံးနှင့် ချိတ်ဆက်ထားကြောင်းကြားဖူးသည်။ တကယ်ပဲ အဲ့သည်လောက်ဆန်းကြယ်နိုင်ပါ့မလား။
သူမ
အနည်းငယ် မော့ကြည့်လိုက်ပြီး ညွှတ်ကိုင်းနေသော မျက်တောင်များနှင့် ဖိပိတ်ထားသောနှုတ်ခမ်းများကို
တစ်ချက် လှမ်းကြည့်လိုက်သည်။ ပုံမှန်အားဖြင့် တင်းမာနေတတ်သောမျက်နှာပေါ်တွင် နွေးထွေးမှုအနည်းငယ်ရှိနေသဖြင့်
သူမ အံအားသင့်သွားသည်။
သူမ၏
နှလုံးသားတုန်လှုပ်သွားသည်။
အို့
အို၊ သူမ၏ ရင်ခုန်နှုန်းများမြန်နေသလိုထင်ရသည်။