အပိုင်း ၄
Viewers 464

 အပိုင်း

 

 

 

 သူ့အမေပို့လိုက်တဲ့ QQ နံပါတ်ကိုသုံးပြီး ဖန့်ကျင်းက ကောင်းကင်ဆရာတော်ရဲ့ အတွင်းရေးမှူးကို သူ့ရဲ့ QQ ထဲကို ထည့်လိုက်သည်။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - မင်္ဂလာပါ၊ ကျွန်မက  ချန်ရှင်း စတူဒီယိုရဲ့ အတွင်းရေးမှုး ပျားလိမ္မော်သီးလေး ပါ၊ လူကြီးမင်းကို ဘာများကူညီပေးရမလဲ  ^_^

 

 

 ဖန့်ကျင်း - "……"

 

 

 တကယ်တော့ သူတို့က စတူဒီယိုကို ပြောင်ပြောင်တင်းတင်း ဖွင့်ထားတာဟ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - hello  ^_^

 

 

 F.J - hello

 

 

 F.J -  ဒီလိုပါ။  ကျွန်တော့်မှာ မကြာသေးခင်က ညတိုင်း ခွေးတစ်ကောင်လို ပြောင်းသွားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ခွေးတစ်ကောင်လို ပြောင်းသွားတာလား။ သီးခြားအသေးစိတ်အချက်တွေများ ရှိပါသလား။

 

 

 F.J - နေ့တိုင်း ညဆယ့်နှစ်နာရီလောက်မှာ ခွေးတစ်ကောင်အဖြစ်ပြောင်းသွားပြီး မနက်ခြောက်နာရီဆိုရင် လူပြန်ဖြစ်သွားတယ်။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - အိုး…… သူတကယ်ပြောင်းသွားတာရော သေချာရဲ့လားအိပ်မက်မဟုတ်ဘူးလား?

 

 

 F.J - သေချာပါတယ်……ဒါ့အပြင်၊ သူ့ကို ဗီဒီယိုရိုက်ထားဖို့ ကျွန်တော် ကူညီပေးခဲ့တယ်။ ခွေးကောင်ရဲ့ခန္ဓာကိုယ်အနေအထားတဲ့ ခွေးက သူ့ကိုယ်ထဲကို ဝင်သွားတာ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - (o) လူကြီးမင်းရဲ့ ဖော်ပြချက်ကို ကြည့်ရတာ လူကြီးမင်းရဲ့သူငယ်ချင်းက ခွေးတစ်ကောင်နဲ့ ဝိညာဉ်လဲနေတယ်လို့လူကြီးမင်းက ပြောချင်တာလား။

 

 

 F.J - ဟုတ်ပါတယ်။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - စိတ်မကောင်းပါဘူး၊ ဝိညာဉ်ဖလှယ်တာက ကျွန်မတို့လုပ်ငန်းနယ်ပယ်ရဲ့ အစိတ်အပိုင်းမဟုတ်ပါဘူး။  [☞☜]

 

 

 ဖန့်ကျင်း - "……"

 

 

 ထို့ကြောင့် ကောင်းကင်ဘုံဆရာတော်ရဲ့ ဝန်ဆောင်မှုအပိုင်းအခြားကို ကွဲကွဲပြားပြား ပိုင်းခြားနိုင်စေဖို့ ဒါက ဖြစ်နိုင်ပါ့မလား။

 

 

 F.J - ခင်များရဲ့လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စဉ်းစားဖူးလား။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - လောလောဆယ်တော့ မရှိပါဘူး။  [☞☜]

 

 

ဖန့်ကျင်း - "……"

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဒါပေမယ့် လူကြီးမင်းကို အရင် စာရင်းသွင်းထားပေးပါ့မယ်။  သူဌေးပြန်လာတဲ့အခါ သူအဲ့တာကို ဆုံးဖြတ်ချက်ချလို့ရတာပေါ့။

 

 

 F.J - ဒါဆိုလည်း ကောင်းပါပြီ

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဒါဆို လူကြီးမင်းကို နံပါတ်တစ်ခု အရင်ပေးထားမယ်။ လူကြီးမင်းရဲ့နံပါတ်က ၁၂ ဖြစ်ပြီး သူဌေး ပြန်လာတဲ့အခါ နံပါတ်စဉ်အတိုင်း အလုပ်တွေကို ဖြတ်သွားပါလိမ့်မယ်။  ^_^

 

 

 F.J - ……VIP အမြန်ဖြတ်သန်းခွင့်ရှိလားဗျ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - (o) လူကြီးမင်းက တန်းစီတာကို ခုန်ဖို့ ပြောနေတာလား။

 

 

ဖန့်ကျင်း - "……"

 

 

 တန်းစီခြင်းကို ခုန်တာနဲ့ VIP အမြန်ဖြတ်သန်းမှုကို မရောထွေးသင့်ပေ။  VIP သည် တန်းစီခြင်းကို ခုန်ရန် ငွေပေးချေနေတာ။

 

 

 F.J - ဝန်ဆောင်ခ ပိုပေးလို့ရပါတယ်၊ ကျွန်တော့် သူငယ်ချင်းက တော်တော်စိုးရိမ်နေလို့ပါ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဒါက ဒီလိုဆိုရင်ကော လူကြီးမင်းရဲ့အခြေအနေက တော်တော်ထူးခြားတယ်။ သူဌေးက လူကြီးမင်းကို ခေါ်သွားပါ့မလားဆိုတာ ကျွန်မလည်း မသိဘူး။  သူပြန်လာတဲ့အခါကျရင် လူကြီးမင်းရဲ့အချက်အလက်တွေကို အရင်ဆုံး ပေးထားပြီး သူပြောတာကို ကြည့်လိုက်မယ်။ အဲ့လိုဆိုရင် အဆင်ပြေလား

 

 

 F.J - ရပါတယ်၊  ခင်များရဲ့သူဌေးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာလား။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့သူဌေးက သူ့ရဲ့အားလပ်ရက်အတွက် ဥရောပကိုသွားတာ။  ရှစ်နိုင်ငံ ခရီးစဉ်ပေါ့ ^_^

 

 

ဖန့်ကျင်း - "……"

 

 

 ကျေးဇူးပြုပြီး ပြန်လာပြီးတော့ လေးလေးနက်နက် အလုပ်လုပ်လို့ရနိုင်မလား။

 

 

 F.J - မှန်တာပေါ့ ခင်များတို့ ဖောက်သည်ရဲ့အသေးစိတ်အချက်အလက်တွေကို ပေါက်ကြားအောင်တော့မလုပ်ဖူးမလား။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဒီကိစ္စအတွက် ကျေးဇူးပြုပြီး စိတ်ချပါ၊ ကျွန်မတို့က ပရော်ဖက်ရှင်နယ် စတူဒီယိုတစ်ခုဖြစ်ပြီး ဖောက်သည်တစ်ဦးရဲ့ အချက်အလက်တွေကို သေချာပေါက် ထုတ်ဖော်မှာ မဟုတ်ပါဘူး။  လိုအပ်ရင် ကျွန်မတို့က လျှို့ဝှက်ရေးသဘောတူညီချက်ကိုတောင် လက်မှတ်ရေးထိုးနိုင်ပါတယ်။

 

 

 F.J - အင်း ဒါဆို ကောင်းပြီလေ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဒါပေမယ့် အခြားတစ်ဖက်မှာ လူကြီးမင်းရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးဖို့အတွက် ကျွန်မတို့ဖောက်သည်တွေက အမှန်တရားကို ဖုံးကွယ်ဖို့ မကြိုးစားကြဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။  ^_^ ဥပမာပြောရရင် အားလုံးပြီးသွားတဲ့အခါ လူကြီးမင်းရဲ့သူငယ်ချင်းအကြောင်း ပြောနေတာလား၊ ဒါမှမဟုတ် လူကြီးမင်း ကိုယ်တိုင်အတွက်ပြောတာလားဆိုတာပေါ့။ ကျေးဇူးပြုပြီး ကျွန်မတို့က လူကြီးမင်းရဲ့ ရန်သူမဟုတ်ဘဲ လူကြီးမင်းရဲ့ မိတ်ဆွေဖြစ်ကြောင်း ယုံကြည်ထားပေးပါ  ^_^

 

 

 ထိုစက္ကန့်ပိုင်းလေးတွင် ဆဲလ်ဖုန်း၏ တစ်ဖက်တွင် ထိုင်နေသူက အတွင်းရေးမှုးမဟုတ်ဘဲ စိတ်ပညာရှင်တစ်ယောက်လို့ သူထင်ခဲ့သည်။

 

 

 F.J - နားလည်ပါပြီ  ^_^

 

 

ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - နောက်ပြဿနာတစ်ခုကတော့ သူဌေးက ဒီအလုပ်ကို လုပ်မယ်လို့ပြောလာရင် အဲဒီခွေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကျွန်မတို့ လိုအပ်ပါလိမ့်မယ်။ ဘယ်ခွေးက လူကြီးမင်းနဲ့ ဝိညာဉ်တွေ ဖလှယ်သွားတာလဲဆိုတာ လူကြီးမင်း သိလား။

 

 

ဖန့်ကျင်း - "……"

 

 

 လင်းဟယ်ရှိ ရပ်ကွက်တစ်ခုဟုသာ သူ သိထားပြီး အနီးနားတွင် အသားကင်ရောင်းတဲ့သူ ရှိကောင်းရှိနိုင်သည်.....ထိုကဲ့သို့သော ရပ်ကွက်က အေမြို့တော် မှာရှိရင်တောင် ရှာရခက်လိမ့်မည်။ အဲ့အကြောင်းကို မပြောနဲ့ အဲ့တာက ဘယ်မြို့မှာ ရှိတယ်ဆိုတာကို သူ  လုံးလုံးလျားလျား ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ 

 

 

 ထိုအမျိုးသမီးက ခိုင်မာပြတ်သားသော ဒေသိယစကားမပါဘဲ မန်ဒရင်းဘာသာစကားဖြင့် ပြောဆိုနေခဲ့တာ။

 

 

 သူရရှိထားတဲ့အချက်အလက်တွေက အလွန်နည်းပါးသည်။ ရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်ချေ။

 

 

 F.J - ခင်များရဲ့သူဌေး သူ့အားလပ်ရက်က မပြန်ခင်မှာ အဲ့တာကိုသိရဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ကောင်းပါပြီ။  ဆွေးနွေးစရာတွေရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။  ^_^

 

 

 ကားကို မောင်းနှင်နေတဲ့ မီရှန့်အာသည် ဖန့်ကျင်း၏ ဆဲလ်ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်ရန် အချိန်ကို ကြည့်ခဲ့သည်။  "မစ္စတာ ဖန့်၊  ဒီအချိန်ကြီး ဘယ်သူနဲ့ စကားစမြည်ပြောနေတာလဲ"

 

 

 ဖန့်ကျင်းက သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ ဆဲလ်ဖုန်းကို ပြန်မထည့်မီ သူ့ဖုန်းစခရင်ကို ပိတ်လိုက်သည်။ "ဘယ်သူမှမဟုတ်ပါဘူး"

 

 

 မီရှန့်အာက သူ့ကို သံသယစိတ်နဲ့ အကဲခတ်ခဲ့သည်။ "မစ္စတာ ဖန့်၊ မင်း ချိန်းတွေ့နေတာဆိုရင် ကုမ္ပဏီကိုပြောပြရမယ်ဆိုတာကို မင်းသိပါတယ်နော်"

 

 

ဖန့်ကျင်း ခေါင်းကို ရှေ့သို့ တိတ်တဆိတ် ပြန်လှည့်လိုက်သည်။  "မီရှန့်အာ၊ မင်းကားမောင်းနေတဲ့အချိန်မှာ လှည့်မကြည့်လာနဲ့"

 

 

 မီရှန့်အာ ခဏလောက်စဉ်းစားလိုက်သည်။ သူသည် ဖန့်ကျင်းနှင့် တနေကုန် အနီးကပ်နေခဲ့ပြီး ဘယ်အမျိုးသမီးနဲ့မှ နီးနီးကပ်ကပ် သွားလာနေတာကို မမြင်တွေ့ရသောကြောင့် အနားယူရန် သူ စိုးရိမ်မှုများ ချန်ထားခဲ့ကာ ကားကိုဆက်မောင်းနှင်ခဲ့သည်။

 

 

 ယနေ့တွင် ထုတ်လုပ်ရေးအဖွဲ့က သွေးစုပ်ဖုတ်ကောင်မှ သားကောင်ဆီမှ သွေးစုပ်သည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးနေသောကြောင့် ညဘက်တွင် ဇာတ်ကွက်များစွာရှိသည်။ စတိတ်စင်အဖွဲ့က ဖန့်ကျင်းအတွက် ဥရောပပုံစံ သစ်သားခေါင်းတလား အထူးသီးသန့် ပစ္စည်းတစ်ခုကိုပင် ဝယ်ယူပေးခဲ့ပြီး အတွင်းဘက်တွင် နှင်းဆီပွင့်တွေ အများအပြား ဖြန့်ကျဲထားသည်။ 

 

 

ဖန့်ကျင်းက ဒီကိစ္စကို သိထားတာ ကြာပြီဖြစ်သော်လည်း နောက်ပိုင်းတွင် သူအဲ့တာကိုဘယ်လို လိမ်ရမလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါမှာ သူ့ပါးစပ်က အနည်းငယ် လှုပ်ရှားဖို့ မကူညီနိုင်ခဲ့ပေ။

 

 

 ဒီလို ပရောဂျက်မျိုးမှာ သူသရုပ်ဆောင်ခဲ့မိလို့ ဒီလို ဆိုးသွမ်းမှုတွေ ကြုံလာရတာလား။

 

 

 "ရုပ်ရှင်ဧကရာဇ် ဖန့်၊ ရှောင်ကျူး၊ ဒီကိုလာဦး" ဒါရိုက်တာက ခေါ်လိုက်သည်။ သူ အသေးစိတ်အချက်အလက်တွေကိုမပြောပြခင် ယောက်ျားလေးရော မိန်းကလေးပါ နှစ်ယောက်စလုံး သူ့ဆီ လျှောက်သွားခဲ့ကြသည်။

 

 

 “ခဏနေကျရင် ရှောင်ကျူးက ဒီနေရာကနေ အခေါင်းတလားဆီကို လျှောက်သွားရမယ်။ အရှိန်က အရမ်းမြန်နေစရာ မလိုဘူး။  အဲဒီအခါကျရင် မင်းက ထိတ်လန့်တကြားနဲ့ စူးစမ်းချင်တဲ့စိတ်နဲ့ ကြည့်ရမယ်။ အဲ့အချိန်မှာ ငါတို့က မင်းကို အရိပ်အမြွတ်ပြပေးမယ်။ ရုပ်ရှင်ဧကရာဇ် ဖန့်က အဲ့ဒီအရိပ်အမြွတ် ပေးလိုက်တဲ့အသံကိုကြားရင်  မင်းမျက်လုံးတွေကိုဖွင့်ပြီး မင်းရဲ့ချွန်ထက်တဲ့အစွယ်တွေကို ထုတ်ပြပြီးတော့ သူမကို ပြုံးပြရမယ်။ နားလည်လား"

 

 

 အမျိုးသားရော အမျိုးသမီးပါ နှစ်ဖက်စလုံးက နားလည်ကြောင်းပြောပြီး ဒါရိုက်တာက ပြင်ဆင်မှုတွေလုပ်ဖို့ ပြောခဲ့သည်။ ဖန့်ကျင်းက ဒါရိုက်တာကို  "ဒီနေ့ ဆယ့်နှစ်နာရီမတိုင်ခင် ပြီးနိုင်မလား"လို့ မမေးခင် သူက ကျူးရှု့ရမ် ထွက်သွားတဲ့အချိန်အထိ စောင့်ခဲ့သည်။

 

 

 ဒါရိုက်တာက ပြန်ဖြေခဲ့သည်။အရာအားလုံး အဆင်ပြေ ချောချောမွေ့မွေ့ဖြစ်ရင်တော့ ငါတို့ အဲ့မတိုင်ခင် ပြီးလောက်မယ်။ ဒါပေမယ့် မင်းတို့ နှစ်ယောက်ပုံဖော်တာ ညံ့ရင်တော့ ပြောဖို့ ခက်လိမ့်မယ်

 

 

 ဖန့်ကျင်းက သူ့ကိုယ်သူ ယုံကြည်စိတ်ချရတဲ့သူလို့ ယူဆထားပြီး ကျူးရှု့ရမ်က သူတို့ကို ဆွဲချသွားမှာကို သူ ကြောက်နေခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဤသည်မှာ ကြော်ငြာတစ်ခုသာဖြစ်ပြီး ဒါရိုက်တာရဲ့ ကျူးရှု့ရမ် အပေါ်ထားတဲ့ မျှော်လင့်ချက်မှာ အလွန်မြင့်မားခြင်းမရှိပေ။ ဒါကြောင့် ရိုက်ကူးရေးက ချောမွေ့သွားတယ်လို့ ယူဆရသည်။ ရိုက်ကူးရေးက ပြီးသွားပေမယ့် အချိန်က ဆယ့်တစ်နာရီခွဲနေပြီပင်။

 

 

 နာရီဝက်ပဲကျန်တော့တဲ့ ဖန့်ကျင်းက မီရှန့်အာကို သူ့ဟိုတယ်ဆီ အမြန်ပြန်မောင်းခိုင်းခဲ့ပြီး သူ့မိတ်ကပ်ကိုတောင် မဖျက်ခဲ့ပေ။

 

 

 ထိုညတွင် ကျူးရှု့ရမ်က အဖွဲ့သားများနှင့်အတူ အရက်သောက်ရန် ထွက်သွားခဲ့သည်။ သူမ ဟိုတယ်ကိုပြန်လာပြီး ဖန့်ကျင်း ရဲ့ဟိုတယ်အခန်းကိုဖြတ်သွားတဲ့အခါမှာတော့ အခန်းတွင်းက 'ဒုန်း ဒုန်း ခွမ်း ခွမ်း ' ဆိုတဲ့အသံတချို့ကို သူမ ကြားလိုက်ရသည်။

 

 

 တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ကို ပြင်းပြင်းထန်ထန် လိုက်ဖမ်းနေပုံရပြီး ၎င်းနောက်တွင် ယောက်ျားတစ်ယောက်၏ စူးစူးရှရှ အော်သံကြောင့် သူမ၏ အသွေးအသားထဲကနေ ကြောက်လန့်သွားခဲ့သည်။

 

 

 အဲဒီထဲမှာ ဘာတွေဖြစ်နေတာလဲ။ ခုနက ထအော်ခဲ့တဲ့သူက ဖန့်ကျင်းရဲ့ လက်ထောက်ရဲ့ အသံလိုပဲ၊ သူတို့ နှစ်ယောက် အထဲမှာ ဘာတွေလုပ်နေကြတာလဲ။

 

 

ကျူးရှု့ရမ်က ထိုတံခါးရှေ့တွင် အနည်းငယ် တုံ့ဆိုင်းသွားသည်။  ယခင်က ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် သူမသည် ဖန့်ကျင်း၏ တံခါးကို ထပ်မံခေါက်ခြင်းနှင့်ပတ်သက်၍ လွဲမှားမှုအချို့ရှိခဲ့သည်။

 

 

 ဒါပေမယ့် သူမကြားလိုက်ရတဲ့စကားကြောင့် သူမရဲ့ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။  'ဒုန်း ဒုန်း ခွမ်း ခွမ်း ' ဆိုတဲ့ အသံက ယခု ပို၍ပင် ပြင်းထန်လာပုံရသည်။ အဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ ဖန့်ကျင်း၏ တံခါးကို ရဲဝံ့စွာ ခေါက်လိုက်သည်။

 

 

 တံခါးရှေ့မှာ ခဏစောင့်ပြီးမှ တံခါးက နည်းနည်းပွင့်လာသည်။  မီရှန့်အာက သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ သူမရဲ့မြင်ကွင်းကိုပိတ်ဆို့ရန် တံခါးဝတွင် အမောတကော ဖြစ်နေခဲ့သည်။  "မစ္စ ကျူး၊ အချိန်လည်း နောက်ကျနေပြီ။  တစ်ခုခုများရှိလို့လား"

 

 

 ကျူးရှု့ရမ်က သူ့ရဲ ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို အနည်းငယ် အံ့အားသင့်စွာ စိုက်ကြည့်ရင်း စိုးရိမ်နေတဲ့ မှတ်ချက် အနည်းငယ် ပါရှိသော အသံဖြင့် သူ့ကိုမေးလိုက်သည်။ရှင့်ရဲ့ အော်သံကို ကြားလိုက်ရလို့။  ရှင် အဆင်ပြေရဲ့လား"

 

 

 "အဆင်ပြေပါတယ်။ ကျွန်တော် ပိုးဟပ်တစ်ကောင် တွေ့လိုက်လို့

 

 

ကျူးရှု့ရမ် - "……"

 

 

 ဒီလိုအဆင့်မြင့်ဟိုတယ်မှာ ပိုးဟပ်တွေရှိလို့လား။ ပြီးတော့ သူက ယောကျ်ားကြီးလေ။ ပိုးဟပ်တစ်ကောင်ကို မြင်ရုံနဲ့ သူဒီလိုအော်လိုက်တာလား။

 

 

 သူ အဓမ္မပြုကျင့်ခံနေရတယ်လို့ သူမ ထင်သွားတာ။

 

 

 "တခြား ကိစ္စများ ရှိသေးလို့လား။ တခြားဘာမှ မရှိတော့ဘူးဆိုရင် ကျွန်တော် အဲ့ပိုးဟပ်ကို ပြန်သွားသတ်လိုက်ဦးမယ်မီရှန့်အာက ဒီမေးခွန်းကို မေးခဲ့ပေမယ့် ကျူးရှု့ရမ်ရဲ့ အဖြေကို မစောင့်ဘဲ 'ဒုန်း' ဆိုတဲ့အသံနဲ့ တံခါးကို ချက်ချင်းပိတ်လိုက်သည်။

 

 

ကျူးရှု့ရမ်၏ နူးညံ့စွာ ခြယ်မှုန်းထားသော မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ပိတ်ထားတဲ့ တံခါးကို စိုက်ကြည့်ကာ သူမရဲ့ ဒေါက်မြင့်ဖိနပ်နဲ့လျှောက်မသွားခင် နောက်ထပ် အနည်းငယ်ကြည့်လိုက်သည်။

 

 

 ထိုအချိန်တွင် ဖန့်ကျင်းက ထိုဧည့်ခန်းထဲတွင် တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ ဒီတစ်ခါတော့ သူ့စိတ်တွေ တည်ငြိမ်နေသည်။ သူဘယ်မှာရှိတယ်ဆိုတာ သိရဖို့အတွက် သူ့ပတ်ဝန်းကျင်က သဲလွန်စတွေရအောင်ကြိုးစားဖို့ လသာဆောင်ပေါ်ကို လျှောက်သွားလိုက်ပြန်သည်။

 

 

 သူ့မျက်လုံးထဲမှာ မြင်နိုင်သလောက်တော့ သူ့ပတ်ဝန်းကျင်မှာ အထင်ကရ အဆောက်တွေအဦးတွေ မရှိဘူး။ အိမ်နီးနားချင်းတွင်လည်း အိမ်ခြံမြေအမှတ်တံဆိပ်တွေ မရှိပေ။ တစ်ခုတည်းသော သဲလွန်စမှာ အဆောက်အအုံနှင့် ကပ်လျက်စီးဆင်းသော မြစ်ဖြစ်သည်။ ဖန့်ကျင်းက ဘယ်မြစ်လဲဆိုတာကို မသိပေ။

 

 

 ဒါပေမယ့်လည်း သူ့နိုင်ငံ၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဘက်တွင် မြင့်မားပြီး အရှေ့ဘက်တွင် နိမ့်သည်။ ထို့ကြောင့် မြစ်အများစုက အနောက်မှ အရှေ့သို့ စီးဆင်းသည်။ စီးဆင်းနေသောမြစ်၏ ဦးတည်ရာကို ထည့်စဉ်းစားလျှင် ဤနေရာက မြို့၏ မြောက်ဘက်ဖြစ်သင့်သည်။ ထို့အပြင် လေထဲတွင် အသားကင်ရနံ့ သင်းပျံ့နေသေးသောကြောင့် အနီးအနားတွင် အသားကင်ဆိုင် တစ်ဆိုင်ရှိနေသည်ဟု ထင်ရသည်။

 

 

သူ အပြင်ထွက်ပြီး လမ်းလျှောက်နိုင်ရင်ကောင်းမယ်။

 

 

 ဤအကြံက အနည်းငယ်တော့ လက်တွေ့မကျပေ။  သူသည် ညသန်းခေါင်တွင် ခွေးနှင့် အမြဲ ဝိညာဉ်ပြောင်းသည်။ ညလယ်မှာ လမ်းလျှောက်ဖို့ ခွေးကို ဘယ်သူကခေါ်သွားမှာလဲ။

 

 

 လသာဆောင်တွင် ခဏမျှ ငြိမ်သက်နေပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ သူ သဲလွန်စအချို့ကိုပင် ရှာတွေ့နိုင်လိမ့်မည်။

 

 

 ဒီနေ့ ဧည့်ခန်းက မီးမှိတ်ထားပြန်သည်။ ခန်းမဝင်ပေါက်နားက အခန်းထဲမှာ မနေ့ညက ကီးဘုတ်နှိပ်နေတဲ့အသံကို သူ ထပ်ကြားရပြန်သည်။ ဖန့်ကျင်းက တံခါးမပိတ်ထားတဲ့ ထိုမီးရောင်ရှိသော အခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ တံခါးပေါက်မှ အဟကြားကို ချောင်းကြည့်ပြီးနောက် ပျော့ပြောင်းစွာ တိုးဝင်လိုက်သည်။

 

 

 အခန်းထဲကို လျှောက်လာရင်း အနည်းငယ် အံ့သြသွားမိသည်။

 

 

 ဒါက သူထင်ထားတဲ့ အိပ်ခန်းမဟုတ်ဘဲ သိုလှောင်ခန်းတစ်ခန်းပဲဖြစ်သည်

 

 

 အခန်းက ဆယ်စတုရန်းမီတာလောက်ပဲရှိတာ။ နံရံဘေးမှာ စင်အသေးသုံးလုံးရှိသည်။ ပစ္စည်းအများအပြားကို ထိုစင်များပေါ်တွင် သေသေသပ်သပ်ထားထားပြီး အားလုံးက နိုင်ငံခြားကုန်ပစ္စည်းတွေဖြစ်သည်။

 

 

 ဖန့်ကျင်း လှမ်းကြည့်လိုက်ရာ ဤအရာတွေက အမျိုးအစားအလိုက် စီထားသည်ကို တွေ့လိုက်ရသည်။  အလှကုန်၊ အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်း၊ သရေစာတွေ၊ နေ့စဥ်သုံးပစ္စည်းတွေ၊ပြီးတော့.... ကွန်ဒုံးတွေ...

 

 

 သူသည် အလွန်သဘာဝကျကျနှင့် အတုအယောင်အကြည့်ကို မလွှဲဘဲ စစ်မှန်သော၊ အနှောင့်အယှက်ကင်းသော လူကြီးလူကောင်း၏ အပြုအမူကို အတုယူခဲ့သည်။

 

 

 အဲဒီအခန်းထဲမှာ ကွန်ပျူတာနဲ့ စားပွဲတစ်လုံးလည်း ရှိသည်။ အမျိုးသမီးက လက်ရှိတွင် ကွန်ပျူတာရှေ့ထိုင်ကာ ကိန်းဂဏန်းအချို့ကို တွက်ချက်ရန် စားပွဲတစ်လုံးကို အသုံးပြုနေသည်။ သူမရဲ့ဆံပင်က ဒီနေ့တော့ ချထားသည်၊ ဆံပင်ရှည်က နည်းနည်းကောက်နေတာဆိုတော့ ပခုံးအရှည်လောက်ထိပဲရှိသည်။

 

 

ဖန့်ကျင်းက အနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင်တို့ကိုပဲ ခွဲခြားသိမြင်နိုင်သောကြောင့် သူမ ဆံပင်က မည်သည့်အရောင်ဖြစ်သည်ကို မသိခဲ့ပေ။ ဒါပေမယ့်လည်း အဲ့တာက အရမ်းအရေးကြီးတဲ့ဟာ မဟုတ်ပေ၊ ဘာလို့လဲဆိုတော့ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ကြိုးတွေပါတဲ့ လည်ဆွဲဝတ်စုံဖြင့် သူ၏အာရုံစိုက်မှုကို အပြည့်အဝရရှိနေပြီဖြစ်သည်။

 

 

 ……မဟုတ်ဘူး၊ သူက လူကြီးလူကောင်းတစ်ယောက် အဲ့လို အကျင့်ပျက်မှုနဲ့ တပ်မက်ဖွယ်အပြုအမူတွေကို မပြသင့်ဘူး။

 

 

 နောက်တစ်ကြိမ် သူ့အကြည့်ကို လွှဲလိုက်ပြီး တခြားနေရာကို လှည့်ကြည့်လိုက်သည်။

 

 

 ကြမ်းပြင်ပေါ်တွင် ကုန်ပစ္စည်းပို့တဲ့ပုံးများနှင့် ပလပ်စတစ် bubble အထုပ်များအပြင် Scotch တိပ်အမြောက်အမြားရှိသည်။ ဤအချက်ပြ စနစ်တွေအားလုံးက ဤအခန်းပိုင်ရှင်သည် x-bao ရောင်းချသူ သို့မဟုတ် အခြားသူများကိုယ်စား ဝယ်ယူသည့်ဝန်ဆောင်မှုများကို ပေးဆောင်သော Daigou ဖြစ်သည်ကို ညွှန်ပြနေသည်။

 

 

 ဖန့်ကျင်းက သူမသည် Daigou ဖြစ်ရန် ဖြစ်နိုင်ချေ အနည်းငယ် ပိုများသည်ဟု တွေးမိသည်၊ အကြောင်းမှာ သူမသည် x-bao ရောင်းသူဖြစ်လျှင် ဤအခန်းရှိ ကုန်ပစ္စည်းများမှာ အနည်းငယ်နည်းသောကြောင့် ဖြစ်သည်။

 

 

 အခန်းအလယ်တွင် မဖွင့်ရသေးသော ကတ်ဖာကြီးတစ်ဖာရှိသည်။ တစ်စုံတစ်ယောက် ပေးပို့ထားတဲ့ အထုပ်ဖြစ်ရမည်။ ဖန့်ကျင်းက ခွေးတစ်ကောင်လုံး ရုတ်တရက်ကြီး မတောက်ပလာခင်မှာ အဲ့တာကို ခဏလောက် ကြည့်လိုက်သည်....လိပ်စာ! ပစ္စည်းပို့ရင် လိပ်စာတစ်ခုတော့ပါရမည်

 

 

 သူ့ခြေသည်းတွေ နည်းနည်းတုန်သွားတဲ့အထိ စိတ်လှုပ်ရှားနေခဲ့သည်။ တစ်ဆင့်ပြီးတစ်ဆင့် သူ ကတ်ဖာကြီးဆီသို့ လျှောက်သွားခဲ့သည်။

 

 

 ဒါပေမယ့် သူ့မျက်လုံးထဲမှာ ပထမဆုံးမြင်ရတဲ့ အရာက လိပ်စာမဟုတ်ဘူး ဒါပေမယ့် လက်ခံသူရဲ့ နာမည်က..... ကျန်းရန်တဲ့