အပိုင်း ၅
Viewers 416

 အပိုင်း

 

 

 လက်ရှိတွင် ကျန်းရန် အလွန်အလုပ်များနေသည်။  တရုတ် ချစ်သူများနေ့ နီးကပ်လာသည်နှင့်အမျှ ဝယ်ယူမှု အရေအတွက်က သိသိသာသာ တိုးလာခဲ့သည်။ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ တစ်ညလုံးနေပြီး ဒီနေ့ရထားတဲ့ အမှာစာတွေကို စုစည်းပြီး နောက်နေ့မှာ အရာအားလုံးကို ထုပ်ပိုးပြီး mail ပို့ပေးရမည်။

 

 

သူမအခန်း၏ တိတ်ဆိတ်မှုတွင် WeChat က မက်ဆေ့ချ်အသစ်တစ်ခုကို ညွှန်ပြနေသည့် သူမ၏ဖုန်းက တောက်လျှောက်လာနေသည်။

 

 

 ကန်စွန်းဥလေး - ချစ်လေး၊ ခုထိ မအိပ်သေးဘူးမလား။

 

 

တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု - မဟုတ်ဘူး၊ ဝယ်ယူထားတဲ့ အမှာစာအားလုံးအတွက် စာရင်းရှင်းဖို့ တစ်ညလုံးနေရဦးမယ်။

 

 

 ကန်စွန်းဥလေး - အိုး အို၊ မင်းအတွက် ခက်ခဲနေတာလား။   အွန်း... ပြီးခဲ့တဲ့အခေါက်တုန်းက မင်းမှာထားတဲ့ 0.01 mm ကွန်ဒုံးကို မင်းသုံးဖူးလားလို့ မေးချင်လို့။  (>///<)  

 

 

တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု- ငါ့မှာ အဲ့တာတွေ သုံးဖို့ အခွင့်အရေး မရှိသေးဘူး..

 

 

 ကန်စွန်းဥလေး - Hahahahahaha!  စိတ်ဓာတ်မကျပါနဲ့။  Valentine's Day နီးလာပြီဆိုတော့ သွား သွား သွား!

 

 

ကျန်းရန် - "……"

 

 

တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု - ဒီကွန်ဒုံးတွေကို စွမ်းဆောင်ရည်မြင့်မြင့်နဲ့ စမ်းသပ်ထားပြီးသားဖြစ်တာကြောင့် အရည်အသွေးကိုတော့ အာမခံတယ်။နင် ဝယ်ချင်တယ်ဆိုရင်တော့ မြန်မြန်လုပ်ထားနော်။အခုရက်တွေမှာ အများကြီးရောင်းနေရတာ in stockက သုံးဖာပဲကျန်တော့တယ်

 

 

 ကန်စွန်းဥလေး -… လူတိုင်းက အရမ်းကြိုးစားနေကြတဲ့ပုံပဲ။အဲ့တာတွေ  အားလုံး ငါ့ကို ပေးလိုက်။

 

 

 တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု- ကောင်းပြီ။

 

 

 ကျန်းရန် enter ခလုတ်ကို နှိပ်လိုက်ချိန် သူမရဲ့အနောက်ဘက်က ဆူညံသံအချို့ကို ကြားလိုက်ရသည်။  သူမ လှည့်ကြည့်လိုက်တော့ သူမရဲ့ခွေးလေး အခန်းထဲကို ခိုးဝင်လာမှန်း သိလိုက်ရသည်။

 

 

 "အာ့ဟွမ်၊ ဒီအခန်းထဲမှာ ပစ္စည်းတွေအကုန်ရှိနေလို့ မင်းကိုဒီထဲမဝင်ရဘူးလို့ ငါပြောထားပြီးသား မဟုတ်လားကျန်းရန် မတ်တပ်ထရပ်ပြီး သူ့ကို ကောက်ချီလိုက်သည်။

 

 

 ဖန့်ကျင်း - "...."

 

 

 ခဏလေး အားသူ လိပ်စာကိုမြင်ရဖို့ နီးကပ်နေပြီ။

 

 

 "အပြင်ထွက်ကစားနေအိုး၊ အဲဒါ မမှန်ဘူး။ စောစောအိပ်တော့နော်ကျန်းရန်က ခွေးလေးကို အပြင်မှာ ထားခဲ့ပြီး တံခါး ပိတ်လိုက်သည်။

 

 

ဖန့်ကျင်း - "……"

 

 

 သူ တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့ တံခါးကို စိုက်ကြည့်ရင်း သူ့ဘဝရဲ့ ပထမဆုံး အကြိမ်မှာ အဆုံးမရှိတဲ့ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်သည်။

 

 

ဒါပေမယ့် သူဆိုတဲ့လူက ရှုံးနိမ့်မှုကို အလွယ်တကူ ဝန်ခံမည့်သူ မဟုတ်ပေ။ ဤအခန်းကို ဝင်ခွင့်မပြုရင်  သူဝင်နိုင်တဲ့ တခြားအခန်းတွေ ရှိသေးသည်။ သူက အမြီးကိုလှုပ်ယမ်းပြီး ကျန်းရန်ရဲ့အခန်းထဲကို ပြေးသွားလိုက်သည်။

 

 

 မာစတာအိပ်ခန်းတွင် ထူးထူးခြားခြား တောက်ပခြင်းမရှိတဲ့ ကုတင်ဘေးက မီးအိမ်တစ်ခုသာရှိသည်။ အဝတ်ဗီရိုကြီးတစ်လုံးကို နံရံဘေးမှာ ထားထားပြီး ကုတင်ဘေးမှာ မှန်တင်ခုံ တစ်ခုထားထားသည်။ မူလက လသာဆောင်ဟု ယူဆရသည့်အရာကို စားပွဲခုံနှင့် စာအုပ်စင်တစ်ခုသာရှိသည့်အစား စာကြည့်ခန်းအဖြစ် ပြောင်းလဲခဲ့သည်။ 

 

 

ထန့်ကျင်း အနီးကပ်ကြည့်ရန် စာအုပ်စင်ပေါ်သို့ တက်လိုက်သည်။ သူမမှာ ပရော်ဖက်ရှင်နယ် ဘာသာပြန်စာအုပ်များစွာနှင့် အလွန်ထူထဲသော ဂျပန်အဘိဓာန်နှစ်အုပ်ရှိသည်။

 

 

 မိုကျန့်ရဲ့ ပိုစတာကို စာအုပ်စင်၏ ဘေးတွင် ကပ်ထားသည်။

 

 

 ဖန့်ကျင်း - "……"

 

 

 "Ghost School" ကိုကြည့်သည့်နေ့ထဲက သူမဟာ မိုကျန့်၏ အမာခံပရိသတ်ဖြစ်ကြောင်း သူခန့်မှန်းမိခဲ့သင့်သည်။

 

 

 ဖန့်ကျင်း ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ ရုတ်တရက် ပြင်းထန်သော ဒေါသအရှိန်ကို ခံစားလိုက်ရသည်။ မိုကျန့်ရဲ့ ပရိသတ်တွေက သူ့ကို ပစ်မှတ်ထားစပြုလာသောအခါတွင် မိုကျန့် အပေါ် သူ၏ မကျေနပ်ချက်က စတင်ခဲ့ခြင်းမဟုတ်သော်လည်း ရုပ်ရှင်အကယ်ဒမီတွင် တာဝန်ထမ်းဆောင်စဉ်ကာလများအတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

 

 

 ထို့နောက် သူသည် ဘွဲ့မရသေးသော်လည်း သူ့အစ်မက  ခိုင်လ်ဟွမ်ဆီ ကိုယ်ရေးရာဇ၀င်ကို တင်ပြထားပြီးပြီ။  သူမက မိုကျန့် နှင့် အဆက်အသွယ်ရရန် အခွင့်အရေးတစ်ခုရရှိဖို့ ၎င်းကိုပြုလုပ်ခဲ့သည်။

 

 

 ဟက် ချစ်လှစွာသော အစ်မတော်!

 

 

 ဖန့်ကျင်းက ဒါကိုတွေ့တော့ ဒေါသဖြစ်သွားသည်။ အစ်မဖြစ်သူ၏လုပ်ရပ်ကို ဆန့်ကျင်ပုန်ကန်ကာ ခိုင်လ်ဟွမ်၏ပြိုင်ဘက်ကုမ္ပဏီ ထန်ချင် Entertainment နှင့် တုံ့ဆိုင်းမနေဘဲ စာချုပ်ချုပ်ပစ်ခဲ့သည်။

 

 

 သူ ရုပ်ရှင်ဧကရာဇ် ဖြစ်လာသောအခါတွင် မိုကျန်းရဲ့ ပရိသတ်တွေဆီက နှုတ်ဖြင့်စော်ကားခြင်းကိုခံခဲ့ရသည်။  အခုလည်း ဒီအမျိုးသမီးရဲ့အခန်းထဲမှာ မိုကျန့်ရဲ့ ပိုစတာကို သူတွေ့လိုက်ရသည်။

 

 

 မိုကျန့်ရဲ့ လွှမ်းမိုးမှုက ဘာလို့ ဒီလောက်ထိ တည်ရှိနေသေးတာလဲ။

 

 

ဖန့်ကျင်းက သူ့ရဲ့ အပူချိန် တက်လာသည်ကို ခံစားလိုက်ရသည်။  'ဝုတ်!' ဆိုတဲ့အသံဖြင့် သူသည် ချွန်ထက်သော သွားများဖြင့် မိုကျန်း၏ ပိုစတာကို ခုန်အုပ်ပြီး ဆုတ်ဖြဲပစ်လိုက်သည်။

 

 

 ကျန်းရန် အခန်းထဲ ဝင်လာချိန်မှာတော့ မိုကျန့်ရဲ့ ပိုစတာက စက္ကူအပိုင်းအစတွေကို စုတ်ဖြဲထားသလိုပင်။

 

 

ကျန်းရန် - "……"

 

 

"ခွေးဥကောင်! နင်က ပုန်ကန်ချင်တာလား ဟုတ်လား  သူမလက်ထဲက လက်ပ်တော့ကို စားပွဲပေါ်တင်ထားကာ ဒေါသထွက်ပြီး နှလုံးဖောက်လုနီးပါး ဖြစ်သွားသည်။

 

 

 “အလုပ်ချိန်မှာ ဘယ်လောက် ခြောက်သွေ့ပြီး ငြီးငွေ့စရာကောင်းလဲဆိုတာ နင်သိလား။ ငါဘာသာမပြန်နိုင်တော့တဲ့အခါတိုင်း၊ ငါ့ကိုယ်ငါ motivate လုပ်ဖို့ ဒီပိုစတာကို ငါကြည့်တာ!”

 

 

ဖန့်ကျင်း - "……"

 

 

 ပြတင်းပေါက်မှ မြင်ကွင်းကို ကြည့်ရင် ပိုကောင်းမည်ဟု သူယုံကြည်သည်။

 

 

 "နင့်ကို သိုလှောင်ခန်းထဲက မောင်းထုတ်လိုက်လို့ စိတ်ဆိုးနေတာပေါ့။ ဟုတ်လား။ အခုကစပြီး မနက်ဖြန် နင့်ရဲ့ ဘီစကွတ်တွေကို မရတော့ဘူး!"

 

 

 နောက်တစ်နေ့တွင် ခွေးစားတဲ့ ဘီစကွတ်ဝေမျှမှု  မရှိတော့ကြောင်း ကြားသိရသဖြင့် သူ အနည်းငယ် မလှုပ်မယှက်ဖြစ်ကာ အမြီးကိုပင် လှုပ်ယမ်းခဲ့သည်။

 

 

ကျန်းရန် - "……"

 

 

 သူမရဲ့ခွေး ဘာဖြစ်သွားတာလဲ။ အရင်က သူဒီလိုမျိုး မဟုတ်ပါဘူး!

 

 

 "အဲဒါတွေက နင်အကြိုက်ဆုံး ဘီစကွတ်တွေလေ  အိုး!"

 

 

 အိုး

 

 

 ဖန့်ကျင်းက သူ့အမြီးက လေထဲမှာ ဆက်တိုက်ယမ်းနေတာကြောင့် အဲ့တာက 'အရေးမကြီးဘူး' ဆိုတဲ့ သဘောထား သက်ရောက်နေဆဲပင်။

 

 

ကျန်းရန် - "……"

 

 

 ဟက် ခွေးကလေး!

 

 

 ခေါင်းပတ်ပတ်ပြီး ဆေးကြောခြင်းမပြုမီ သူမသည် ပိုစတာကျန်နေသေးတာ ကို ရှင်းလင်းခဲ့သည်။  ဖန့်ကျင်းက ပြတင်းပေါက် ထိုင်ခုံပေါ်သို့ ခုန်တက်ကာ ကျန်းရန် ဗီတာမင်မျိုးစုံ ပါတဲ့ အထုပ်တစ်ထုပ် စားနေတာကို ကြည့်လိုက်သည်။ 

 

 

ထို့နောက် စတင်ပြီး မိတ်ကပ်ရည်ကို သူမရဲ့မျက်နှာအနှံ့လိမ်းပြီး၊ essence water night lotion night protection skin cream နဲ့ နောက်ဆုံးမှာ သူမရဲ့ နှုတ်ခမ်းပေါ် နှုတ်ခမ်းအဆီကို လိမ်းခဲ့သည်။

 

 

 သူမက အမှန်တကယ်ပင် proxy ပရောက်စီဝန်ဆောင်မှုမိန်းကလေးတစ်ဦးဖြစ်ပြီး ကျွမ်းကျင်လိမ္မာစွာနေထိုင်ခဲ့သည်။

 

 

ဒါပေမယ့် သူမ၏ ယခင်က စကားလုံးများနှင့် သူမ၏ စာအုပ်စင်ရှိ စာအုပ်တွေကိုကြည့်လျှင် ကိုယ်စားလှယ် ဝန်ဆောင်မှုက သူမ၏ အချိန်ပိုင်းအလုပ်သာဖြစ်ရမည်။  သူမရဲ့ တကယ့်အလုပ်က ဘာသာပြန်တစ်ယောက်ရဲ့ လမ်းကြောင်းပင်။

 

 

 ကျန်းရန် သူမ၏ ညစဉ် အသားအရေ ထိန်းသိမ်းမှု လုပ်ငန်းစဉ်ကို အပြီးသတ်ခဲ့သည်။ သူမရဲ့ခွေးက အခန်းထဲက မထွက်သွားသေးဘဲ အဲ့ဒီမှာ လဲလျောင်းနေသေးတာကို သတိပြုမိတော့ သူမ မျက်မှောင်ကြုတ်ပြီး အော်လိုက်သည်။ခွေးဥ

 

 

 ရိုးရိုးသားသားပြောရရင် ဖန့်ကျင်းက ဒီခွေးကို 'အာ့ဟွမ်' ဒါမှမဟုတ် 'ခွေးဥ ' လို့ အမည်ပေးထားတာလားဆိုတာ သူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

 

 "ဘာလို့ ဒီမှာရှိနေ သေးတာလဲ။  နင့်ရဲ့လှောင်အိမ်ထဲ ပြန်တော့"

 

 

 “ဝုတ်  ဖန့်ကျင်းက ပြတင်းပေါက် ထိုင်ခုံပေါ်တွင် မလှုပ်မယှက် လှဲလျောင်းရင်း ပျင်းရိစွာ ဟောင်လိုက်သည်။ ကျန်းရန်၏ မာစတာအိပ်ခန်းရှိ bay window ထိုင်ခုံအား တာတာမီဖျာဖြင့် ဖုံးအုပ်ထားပြီး အလွန်သက်တောင့်သက်သာရှိလှသည်။ ဖန့်ကျင်း ဧည့်ခန်းထဲက လှောင်အိမ်ထဲကို မပြန်သွားချင်ဘူး။

 

 

ကျန်းရန် - "……"

 

 

 ဒါ သူမရဲ့ခွေးမဟုတ်ဘူး၊ သူမရဲ့ခွေးက အရမ်းစကားနားထောင်တယ်!

 

 

ဒါပေမယ့် သူကမျက်လုံးမှိတ်ထားပြီး မှိန်းနေတာကို မြင်လိုက်ရသဖြင့် ကျန်းရန်က သူ့ကို ဆက်နှောင့်ယှက်ဖို့ ကောင်းသည်ဟု မထင်ခဲ့ပေ။ သူမ  မီးတွေပိတ်ပြီး ညဘက်သုံးမျက်နှာဖုံးကို တပ်ပြီး သမ်းဝေကာ နောက်ဆုံးမှာ အိပ်သွားခဲ့သည်။

 

 

 အမှောင်ထဲမှာ ပြတင်းပေါက် ထိုင်ခုံပေါ်ရှိ ဖန့်ကျင်းက သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ မျက်လုံးတွေကို ပြန်မှိတ်လိုက်သည်။

 

 

 နောက်နေ့မနက် နှိုးစက်နာရီ မြည်လာတော့ ဖနင့်ကျ်းက  ပျင်းရိစွာဖြင့် စက်ကိုပိတ်ရန် လက်လှမ်းလိုက်သည်။  ဖုန်းမြည်သံရပ်သွားသောအခါတွင် သူ သူ့ဖုန်းကိုပင် မထိခဲ့ရပေ။ သူ အံ့အားသင့်နေတဲ့ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ အလွန်မည်းမှောင်နေတဲ့ မျက်နှာဖြင့် သူ့ဘေးတွင် ရပ်နေသော မီရှန့်အာကို တွေ့လိုက်ရသည်။

 

 

 “…….မီရှန့်အာ၊ မနက်အစောကြီး ငါ့ကို ဒီလိုအကြည့်မျိုးပေးတာက အရမ်းကြောက်စရာကောင်းတယ်နော်

 

 

 "မနေ့ညကဟာမှ ကြောက်စရာလို့ ခေါ်တာ ဟုတ်ပြီလား !"  မီရှန်းက သူ့အင်္ကျီလက်ကို ဒေါသတကြီး လိပ်တင်လိုက်ပြီး ဖန့်ကျင်း ရှေ့မှာ သူ့လက်မောင်းကို ထိုးပြလိုက်သည်။  "ကြည့်လိုက်၊ မနေ့ညက မင်း ငါ့ကို ကိုက်ထားတာ"

 

 

 “……” ဖန့်ကျင်း တိတ်တဆိတ်ထထိုင်လိုက်ပြီး မီရှန့်အာ လက်မောင်းပေါ်တွင် သွားရာနှစ်တန်းကို တွေ့လိုက်ရသည်။  “ဒီသွားရာတွေက လူတွေရဲ့သွားနဲ့ မတူဘူးနော်

 

 

 "မှန်တယ်မနေ့ညက မင်းရဲ့မိတ်ကပ်ကို မဖျက်ရသေးတဲ့အတွက် မင်းရဲ့ vampire အစွယ်တွေနဲ့ ကိုက်ထားတာလေ!"  မီရှန့်အာသည် ဖန့်ကျင်း 'ခွေးဖြစ်လာသည်' ကိုပထမဆုံးမြင်ဖူးသည့်အချိန်၌ ဖန့်ကျင်း အိပ်နေရင်းလမ်းလျှောက်နေတာလို့ပဲ သူထင်ခဲ့သည်။ 

 

 

ဒါပေမယ့် မနေ့က ဖန့်ကျင်း သိသိသာသာ နိုးလာခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူ့မိတ်ကပ်ကို ဖယ်ရှားလိုက်ပြီး နောက်တွင် သူ ရုတ်တရက် ရူးသွပ်သွားခဲ့သည်။  မီရှန့်အာသည် အွန်လိုင်းတွင် သုတေသနအချို့ပြုလုပ်ခဲ့ပြီး နေ့ခင်းဘက်တွင် စိတ်ဖိစီးမှုများလွန်းသူများနှင့် ညဘက်တွင် လေဝင်လေထွက်ကောင်းစေရန် ဤနည်းလမ်းကို အသုံးပြုကြောင်း အချက်အလက်အချို့ကို တွေ့ရှိခဲ့သည်။

 

 

မစ္စတာ ဖန့်က ​​တကယ်ပဲ စိတ်ဖိစီးနေတာလား။ သူ (မီရှန့်အာ) က ဖန့်ကျင်းကို လုံလောက်အောင် ဂရုမစိုက်ခဲ့မိပုံပဲ။

 

 

 ဖန့်ကျင်းက အဓိပ္ပါယ်မပျက်စေဘဲ ဝါကျတွင်း စကားလုံးမြှုပ်ချန်ခြင်း အတန်းနဲ့ တက်လာခဲ့တာ။ သူ့ရဲ့ ရိုက်ကွင်းဝတ်စုံက ခွေးကို ကြောက်သွားစေလို့ ဖြစ်နိုင်တယ်လို့ သူထင်ခဲ့သည်။  “ဆောရီး၊ ငါက ငါ့တာဝန်ကို အရမ်းကျေနေပြီလို့ ထင်နေခဲ့တာ လို့ ပြန်မဖြေခင် သူ့ကိုယ်သူ ခဏလောက် ရေရွတ်လိုက်သည်။

 

 

 “မင်းရဲ့ဇာတ်ကောင်ထဲ အရမ်းနစ်ဝင်နေ ရင်တောင် မင်း ငါ့လည်ပင်းကို ကိုက်လိုက်သင့်တယ် …” မီရှန့်အာ မမေ့မီ သူ့အင်္ကျီလက်ကို ပြန်ဖြေချလိုက်သည်။  "မနေ့က ငါတို့ ရန်ပွဲ တွေ အများကြီးလုပ်ခဲ့ပြီး ကျူးရှု့ရမ် ကြားသွားတယ်"

 

 

 ဖန့်ကျင်း မျက်ခုံးကြုတ်ပြီးမေးလိုက်သည်။ "သူမ ဘာမှ မတွေ့သွားဘူး မလား"

 

 

 "စိတ်မပူပါနဲ့၊ ငါသူမကို အထဲဝင် ခွင့်မပြုလိုက်ဘူး။ ဒါပေမယ့် ငါတို့ဒီလိုတော့ ဆက်သွားနေလို့မရဘူး"

 

 

 ဖန့်ကျင်း သူ့ခေါင်းကို မော့ပြီး သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ သူ သက်ပြင်းချလိုက်သည်။ "ဒီကြော်ငြာကို ရိုက်ရတာ သိပ်မကြာခင်မှာ ပြီးသွားမှာ ပြီးရင် အေမြို့တော်ကို ပြန်သွားရင် အဆင်ပြေသွားမှာပါ"

 

 

 မီရှန့်အာကလည်း သူနှင့်အတူ သက်ပြင်းလိုက်ချခဲ့သည်။ "ငါလည်း အဲ့လိုပဲ အရမ်းမျှော်လင့်ပါတယ်၊ ဒါပေမယ့် မင်းဆရာဝန်နဲ့ ပြသင့်တယ်လို့ ငါထင်နေတုန်းပဲ"

 

 

 “……အင်း ငါလုပ်လိုက်မယ်

 

 

 မနေ့ညက ကြက်ပျံ နဲ့ ခွေးခုန်တာလောက် ဗရုတ်ကျနေပေမယ့် ရိုက်ကူးဖို့ စီစဉ်ထားတဲ့ နေ့ကို ပြီးအောင် လုပ်ခဲ့ရသည်။  ဖန့်ကျင်းသည် သူ၏ အမြင်မှားခြင်း ဟုတ်မဟုတ် မသိသော်လည်း ကျူးရှု့ရမ်က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေပြီး ဒီနေ့ မီရှန့်အာလည်း ထူးဆန်းနေသည်ဟု သူ ခံစားမိသည်။ သူ အနားယူချိန်ကို အခွင့်ကောင်းယူ၍ အဲ့အကြောင်းကို မေးမြန်းခဲ့သည်။  "မီရှန့်အာ၊ ဒီနေ့ ကျူးရှု့ရမ် ငါတို့ကို ကြည့်နေပုံက အရမ်းထူးဆန်းတယ်လို့ မင်းထင်မိလား"

 

 

 "ဟုတ်လားမီရှန့်အာက ကျူးရှု့ရမ် မိတ်ကပ်ပြင်ဆင်ပြီးသည့်နောက် ကုလားထိုင်ပေါ်တွင် သဘောကျစွာ ထိုင်နေတဲ့ သူမ၏ ဦးတည်ရာကို မသိစိတ်က တစ်ချက်ကြည့်လိုက်သည်။  “အဲလို မထင်ရပါဘူး။ မင်း စိတ်ကူးယဉ်နေတာပဲဖြစ်မှာပါ"

 

 

 “……” ဟုတ်လား?  " မနေ့က မင်းဘာပြောလိုက်လဲ"

 

 

 မီရှန့်အာက "အင်း ငါအများကြီး မပြောခဲ့ပါဘူး၊ ငါတို့က ပိုးဟပ်သတ်နေတာလို့ ပြောခဲ့တာ"လို့မပြောခင် ခဏလောက်ပြန်စဉ်းစားခဲ့သည်။

 

 

ဖန့်ကျင်း - "……"

 

 

 ငါတို့ ကြွက်သတ်နေကြတာလို့ မင်းဘာလို့ မပြောလိုက်တာလဲ။

 

 

 "စကြရအောင်!"လို့  ဒါရိုက်တာက ကြေညာခဲ့ပြီး ဖန့်ကျင်းက သူ့အလုပ်ပုံစံကို တစ်ဖန်ပြန်ဝင်လာသည်။

 

 

 အရင်နေ့တွေနဲ့ ယှဉ်ရင် ဒီနေ့ နည်းနည်းစောပြီး ပြီးသွားတာနဲ့ ဖန့်ကျင်းက သူ့မိတ်ကပ်ကို တတ်နိုင်သမျှ ဖျက်လိုက်သည်။ ခွေးလေးရဲ့နှလုံးသားက နုနယ်နေပြီး သူအဲ့တာကို ထပ်ပြီး စိတ်မဆိုးနိုင်တော့ဘူး - ဒီနေ့တော့ ခွေးလေးက သူ့ရဲ့ဘီစကွတ်တွေကို မရရှိခဲ့တာဖြစ်နိုင်သည်။

 

 

 ဖန့်ကျင်း အမြန်ရေချိုးပြီးတော့ သူ့ညအိပ်၀တ်စုံကို ၀တ်ကာ အိပ်ယာပေါ်တွင် သပ်ရပ်စွာ လှဲလိုက်သည်။

 

 

 ထိုအချိန်တွင် မီရှန့်အာက ရိုက်ကူးရေးပစ္စည်းများမှ ငှားလာသော ကြိုးကိုကိုင်လျက် ဖန့်ကျင်း၏ အခန်းဆီသို့ လျှောက်သွားနေသည်။ ဖန့်ကျင်းကို ညလုံးပေါက် ဗရုတ်သုတ်ခ ဖြစ်ခွင့်မပေးတော့ဘူးလို့ သူဆုံးဖြတ်လိုက်သည်။  မနေ့ညကလို ပြန်သတိထားမိရင် တစ်ခုခုမှားသွားနိုင်သည်။  ဒါနဲ့ ဒီကြိုးကို ငှားလာခဲ့လိုက်သည်။  မစ္စတာဖန့် အိပ်ပျော်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့ကို ကြိုးနဲ့ချည်ထားလိုက်ရင် ပြဿနာမရှိဘူး မဟုတ်လား။

 

 

 ကျူးရှု့ရမ် ဟိုတယ်သို့ ပြန်လာခဲ့သည်။ စင်္ကြံတွင် မီရှန့်အာ ချဉ်းကပ်လာသည်ကို သူမ မြင်လိုက်တော့ သူမရဲ့မျက်လုံးထောင့်များက အနည်းငယ် ရွေ့လျားသွားပြီး မီရှန့်အာရဲ့ လက်ထဲက ကြိုးဆီ အကြည့်ရောက်သွားသည်။  “မစ္စတာ မီ၊ ဒါက…”

 

 

 “……” မီရှန့်အာ၏ ပါးစပ်ထောင့်က လှုပ်ယမ်းသွားသည်။ သူ ဘာလို့ ကျူးရှု့ရမ်နဲ့ပဲ လာတိုးနေရတာလဲ။ ကံကောင်းထောက်မစွာဖြင့် သူ့မှာ လျင်မြန်ဖျက်လက်ပြီး ဉာဏ်ကောင်းနေလို့သာပင်။

 

 

 “အိုး၊ ဒီကြိုးကို ပြောနေတာလား။ ရုပ်ရှင်ဧကရာဇ် ဖန့်က ရုတ်တရက် ကြိုးခုန်ချင်လာလို့တဲ့လေ။  ဒီအချိန်မှာ သူ့အတွက် ကြိုးတစ်ချောင်းတောင် ရှာမရဘူးဆိုတော့ ဒီကြိုးကို ရုပ်ရှင်အဖွဲ့သားတွေဆီကနေပဲ ငှားလာလိုက်တာ"

 

 

 “အိုး……အဲ့လိုလားကျူးရှု့ရမ် အပြင်ဘက်က ပြုံးနေသော်လည်း စိတ်အတွင်းထဲမှာတော့ သူမ သူ့ကို မထီမဲ့မြင်မပြု၍ မရပေ။ နင် ဘယ်သူကိုလိမ်ဖို့ကြိုးစားနေတာလဲ။ ညသန်းခေါင်မှာ ကြိုးခုန်မို့တဲ့လား။

 

 

 "ကျွန်တော် ရုပ်ရှင်ဧကရာဇ် ဖန့် ဆီ အရင်ဆုံး ကြိုးသွားပေးလိုက်ဦးမယ်၊ သူ စောင့်နေတာမလို့ " မီရှန့်အာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ခြေသံက လေတိုက်သလို မြန်ဆန်သည်။  ကျူးရှု့ရမ်က သူ နောက်ပြန်ဆုတ်သွားတာကို စိုက်ကြည့်ရင်း သူမရဲ့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။

 

 

မီရှန့်အာ အခန်းထဲဝင်လာပြီး ဖန့်ကျင်း၏ အိပ်ခန်းဆီ တန်းဝင်သွားလိုက်သည်။ မျက်လုံးစုံမှိတ်ပြီး လဲလျောင်းနေတာကိုမြင်တော့ "မစ္စတာ ဖန့် အိပ်ပျော်နေပြီလား" ဟု တိုးတိုးလေး အော်ကြည့်လိုက်သည်။

 

 

ဖန့်ကျင်းက သူ့ရဲ့ မျက်လုံးများကို ဆက်ခနဲဖြင့် ဖွင့်လာခဲ့သည်။  "ငါ အိပ်ပျော်တော့မှာကို မင်းကြောင့် နှိုးသွားပြီ"

 

 

 "အင်း...အဲဒါဆို အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်"

 

 

ဖန့်ကျင်းက သူ့လက်ထဲက ကြိုးကို သတိပြုမိသွားသည်။  "ကြိုးနဲ့ဘာလုပ်မို့လဲ"

 

 

 မီရှန့်အာက သူ့လက်တွေကိုလိမ်ပြီး တောင်စဥ်ရေမရပြောလိုက်သည်။ဟို ငါ့မှာ မရင့်ကျက်တဲ့ အကြံဥာဏ်တစ်ခုတော့ ရှိတယ်။  မင်း အိပ်ပျော်နေတဲ့အချိန် ငါမင်းကို ကြိုးနဲ့တုပ်ထားလိုက်ရင်ကော။  ဒီနည်းနဲ့ဆို မင်း ရူးရူးမိုက်မိုက် ပတ်ပြေးမှာ မဟုတ်ဘူး

 

 

 "...အဲဒါကို မစဉ်းစားနဲ့!"  ဖန့်ကျင်းက သူ့ကို မဝံ့မရဲ ငြင်းလိုက်သည်။  “မင်းရဲ့ အကြံအစည်က တကယ့်ကို မျက်နှာပြောင် တိုက်လွန်းအားကြီးတယ်။ မင်း ကိုယ့်သူဌေးကို ကြိုးနဲ့တုပ်ထားချင်လို့လား"

 

 

 "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူးမီရှန့်အာက သူ့လက်ဖြင့် အမူအရာပြရန် ကြောက်ရွံ့နေခဲ့သည်။ "မနေ့ညကလို မင်း ကြီးကြီးကျယ်ကျယ်လုပ်မှာကို ငါကြောက်လို့။  ငါ မင်းကို မထိရဲပါဘူး၊ ဒါကြောင့် တခြားရွေးချယ်စရာတွေ မရှိဘဲ ဒီမကောင်းတဲ့ အစီအစဥ်ကိုပဲ အကြံပြုနိုင်တာ"

 

 

 “ဒါက မကောင်းတဲ့ အစီအစဥ်နဲ့ ဝေးတယ်။  ဒါကြီးက အဆိုးဆုံး အစီအစဉ်ပဲ လို့ ဖန့်ကျင်း ကပြောလိုက်ပြီး သူ့ခေါင်းကို ရုတ်တရက် စောင်းကာ တစ်မှေးအိပ်လိုက်သည်။

 

 

 မီရှန့်အာ - “…”

 

 

 ဒါက... တစ်စက္ကန့်အတွင်း အိပ်ပျော်သွားခြင်းရဲ့ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ကျွမ်းကျင်မှုပဲလား။

 

 

 ဖန့်ကျင်းက ခွေးအဖြစ်သို့ ပြောင်းလဲသွားသည့် အခြေအနေကို အေးဆေးစွာ လက်ခံထားပြီးဖြစ်သည်။  လိုက်လျောညီထွေဖြစ်အောင် နှစ်စက္ကန့်ကြာပြီးမှ ဒီနေ့ ဧည့်ခန်းက အရမ်းအသက်ဝင်နေပြီး အခန်းထဲမှာ လူတစ်ယောက်တောင် ရပ်နေမှန်းကို သူသိလိုက်ရသည်။

 

 

 ဘာလို့ ဒီမှာ ယောက်ျားတစ်ယောက် ရှိနေတာလဲ။