အပိုင်း ၁
Viewers 398

အပိုင်း

 

 

 

ပူပြင်းသော နွေရာသီ မွန်းတည့်ချိန်တွင် နေရောင်ခြည်သည် အလွန်ပြင်းထန်သဖြင့် လူတို့၏အရေပြားကို နာကျင်ပြီး ယားယံစေသည်။

 

 

ကျင်းရှီသည် သူမ၏ နက်မှောင်ပြီး သေးငယ်သော သမင်မျက်လုံးနှင့် တူသော မျက်လုံးများကို မှေးကာ ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူမအဆောင်အရှေ့ရှိ ယောကျ်ားလေးအဆောင်ကို ကြည့်လိုက်သည်။

 

 

လေပြည်က တိုက်ခတ်လာသဖြင့် အဆောင်၏ လသာဆောင်တွင် လှမ်းထားသော ဘောင်းဘီတိုကို လှုပ်ခါသွားစေသည်။

 

 

သူမသည် ခေါင်းငုံ့ပြီး နှာခေါင်းပေါ်ရှိ ချွေးသီးများကို သုတ်လိုက်ကာ စာများရေးထားသော စာရွက်လေးတစ်ရွက်ကို ဆွဲထုတ်ရန် အိတ်ကို လှမ်းယူလိုက်သည်-

 

 

ယောကျ်ားလေးအဆောင် ၈၊ အခန်း ၅၁၀။

 

 

ယနေ့သည် သူမ၏ ကျောင်းပထမဆုံးတက်သည့်နေ့ဖြစ်သည်။ သူမသည် စစ်ဖြစ်နေသည့်အတိုင်း တစ်မနက်လုံး ပြေးလွှားရင်း ဝင်ခွင့်စာတစ်စောင်ကို ဆုပ်ကိုင်ကာ ကောလိပ်ထဲရှိ ထီးများထားရာနေရာကို ရှာဖွေကာ မှတ်ပုံတင်ဖို့ ဖောင်ဖြည့်ရန် လူအုပ်ကို တိုးဝှေ့ ဖြတ်လျှောက်ကာ နောက်ဆုံးတွင် သူမ၏ အဆောင်အခန်းသော့ကို ရယူနိုင်ခဲ့သည်။

 

 

သို့ပေမယ့် သူမ ထွက်လာချိန်တွင် သူမ၏ အနီရောင် ခရီးဆောင်အိတ် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

 

 

ထိုအိတ်ထဲ၌ ယောကျာ်းလေးအဆောင် ၈၊ အခန်း ၅၁၀ဟု အကြမ်းဖျင်းရေးသားထားသော မှတ်စုတစ်ခုရှိနေသည်။

 

 

ကျင်းရှီ ပထမဆုံးတွေးလိုက်သည်မှာ လုံခြုံရေးဌာနသို့သွားပြီး အကူအညီတောင်းရန်ဖြစ်သည်။ သို့ပေမယ့် ထိုနေရာကို ရောက်သောအခါမှာ ပျောက်ဆုံးသွားသော ပစ္စည်းများကို ရှာဖွေပေးဖို့ တိုင်ကြားရန် လာရောက်ကြသော ကျောင်းသားများနှင့် မိဘများ ပြည့်ကျပ်နေတဲ့ လျှောက်လမ်းကို တွေ့ရှိခဲ့သည်။

 

 

ဘီမြို့တော်တက္ကသိုလ်သည် အလွန်ကြီးမားပြီး ရှုပ်ထွေးသော မြေပြင်အနေအထားဖြင့် မြေဧကထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ ကျောင်းသားသစ်များ၊ အပြင်လူများနှင့် မိဘများစသဖြင့် ထိုလူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကြီးကို သတိမထားပဲ ရှောင်ရှားဖို့ရန်မှာ ခက်ခဲလှသည်။

 

 

လုံခြုံရေးဌာနက ထိုလူများကို စီတန်းစေကာ တစ်ယောက်ချင်းစီကို ကိုင်တွယ်ရင်း စိတ်ရှည်ကြဖို့ တောင်းဆိုနေသည်။

 

 

အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ကျင်းရှီသည် အရှုံပေးရန် ဆုံးဖြတ်လိုက်သည်။

 

 

မှတ်စုပါ အချက်အလက်များအတိုင်း သူမသည် ယောကျ်ားလေးအဆောင် သို့ ရောက်ရှိလာပြီး ဘာလုပ်ရမှန်းမသိပဲ အောက်ထပ်နားတစ်ဝိုက် ယောင်လည်လည်လုပ်နေသည်။

 

 

ကျောင်းသားသစ်၊ ကျောင်းသူသစ် အများအပြားနှင့် သူတို့၏ မိဘများသည် ခရီးဆောင်အိတ်များ ကိုင်ဆောင်ထားလျက် အဆောင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာကြသည်။

 

 

ကျင်းရှီက ထိုအကြောင်းကိုစဉ်းစားပြီး တစ်ယောက်ယောက်နှင့် ရောပြီး ယောက်ျားလေးအဆောင်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ထိုအချိန်တွင် အနက်ရောင် တီရှပ်အင်္ကျီ ဝတ်ထားသော အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က သူမအနားသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

 

 

ထိုကောင်လေးမျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း နောက်ကျောမှ ကြည့်ပြီး အရပ်ရှည်မှန်း သိရသောကြောင့် အနည်းဆုံး ၅ပေ ၈လက်မရှိမည်ဖြစ်ပြီး ဘယ်ဘက်ပခုံးတွင် အရောင်ဖျော့ဖျော့ ပန်းချီဆွဲသည့်ဘုတ်ပြားတစ်ခု ချိတ်ဆွဲထားသည်။

 

 

သူသည် အနက်ရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး အင်္ကျီလက်များကို လိပ်ထားကာ သန့်ရှင်းသော ရှူးဖိနပ်များနှင့် လှပသော ခြေကျင်းဝတ်ဖြူဖြူလေးကို ဖော်ထားသည်။

 

 

ကျင်းရှီသည် အမြီးသေးသေးလေး ကပ်နေသကဲ့သို့ ပန်းချီဆွဲသည့် ဘုတ်ပြားချိတ်ထားသော သူ့ပခုံးနားကပ်ကာ ချက်ချင်းပင် သူ့နောက်လိုက်သွားပြီး အမျိုးသားအဆောင်၏ သံတံခါးဂိတ်ဆီသို့ လျှောက်သွားခဲ့သည်။

 

 

သူ့ကိုယ်ပေါ်တွင် သင်းပျံ့သောရနံ့တစ်ခုရနေသည်။

 

 

ကျင်းရှီသည် ထိုရနံ့က မွှေးသည်ဟူ၍ ရှူပစ်လိုက်သည်။

 

 

ထိုကောင်လေးက တစ်ခုခုကို ခံစားရပုံပေါ်ပြီး သူမကိုကြည့်ဖို့ ခေါင်းကိုလှည့်ကာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံမိသွားသည်။

 

 

သူ့တွင် လန်းလန်းဆန်းဆန်း ဆံပင်တိုပုံစံ၊ ရှည်လျားသော ဆံမြိတ်များသည် အနည်းငယ် ပင့်တက်နေသော သူ၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများဆီပေါ် ကျဆင်းသွားကာ ပျင်းရိခြင်းနှင့် ဘာကိုမှဂရုမစိုက်ခြင်းဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

 

 

ကျင်းရှီသည် သူ့အား တိတ်တိတ်နေရန် အလျင်အမြန် လက်ဟန်ခြေဟန်ပြခဲ့သည်။

 

 

ပေါ်ရန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်ကာ ဤအမြီးသေးသေးလေးသည် ဘယ်ကလာသည်ကို သိချင်သွား၍ ဟိုကြည့်သည်ကြည့်ဖြင့် ပတ်ဝန်းကျင်ကို တစ်စေ့တစ်စောင်းကြည့်လိုက်သည်။

 

 

သို့သော် နောက်စက္ကန့်ပိုင်းတွင် သိမ်းငှက်မျက်လုံးနှင့် အဆောင်က အဒေါ်ကြီးသည် ကျင်းရှီကို တားလိုက်ပြီးမိန်းကလေးတွေက ယောက်ျားလေးအဆောင်ကို ဝင်လို့မရဘူးလေ။ မင်းက ဘာဖြစ်ချင်တာလဲ

 

 

အန်~

 

 

ကျင်းရှီသည် သူ့ဘေးနားရှိ ကျောင်းသားများ၏ ထူးဆန်းသောအကြည့်ကို ရင်ဆိုင်လျက်ကျွန်မ...သူနဲ့လိုက်လာတာ...”

 

 

ပေါ်ရန်က သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာသွင်ပြင်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး နက်မှောင်သော ဆံပင်ရှည်များက သူမ၏ပခုံးပေါ်တွင် ရှောကျနေသည်။ သူမသည် ထူထဲသောမျက်မှန်ကို ဝတ်ဆင်ထားကာ မျက်လုံးများသည် မှုန်ရီရီဖြစ်နေပုံရပြီး အပြစ်ကင်းစင်သည့်ပုံစံ အနည်းငယ်ကို ဖော်ပြနေသည်။ သူမတွင် သေးငယ်၍ လေတိုက်လျှင် လှုပ်သွားသယောင်ဖြစ်နေသော နားကင်းနီနီများ ပိုင်ဆိုင်ထားသည့် ယုန်ငယ်များကဲ့သို့  နားရွက်များရှိသည်။

 

 

အန်တီ၊ သူက ကျွန်တော်နဲ့ အတူလာတာပါ ပေါ်ရန်က နောက်ဆုံးတော့ ပြောလိုက်ပြီး သူ့ဘေးသို့ သူမကို ဆွဲခေါ်လိုက်သည်။ကျွန်တော့်အခန်းက ရှုပ်နေတယ်၊ အဲ့ဒါကြောင့် သန့်ရှင်းရေးလုပ်ခိုင်းဖို့ သူ့ကို ခေါ်လာတာ

 

 

ကျင်းရှီက စိတ်အေးသွားသည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

 

 

အဒေါ်ကြီးလည်း အံ့ဩစွာကြည့်ကာမင်းကဘာလို့ သူ့ကို သန့်ရှင်းရေး လုပ်ခိုင်းရတာလဲ၊ မင်းအတွက် သူက ဘယ်သူလဲ ဟု မေးလိုက်သည်။

 

 

ပေါ်ရန် နှုတ်ခမ်းများသည် အပြုံးသဲ့သဲ့လေးတစ်ခုအဖြစ် ကွေးညွှတ်သွားကာ စနောက်သလိုပုံစံဖြင့် အရိပ်အမြွက်ပြလိုက်သည်။သူက ဘယ်သူဖြစ်ရမှာလဲ၊ ဒါပေါ့ ကျွန်တော့်ရဲ့ရည်းစားပေါ့

 

 

သူတို့ဘေးနားရှိ ကောင်လေးတချို့က သူ့ကို စနောက်ကြသည်။ပေါ်ရန်၊ မင်းက အံ့သြစရာပဲ၊ နေ့တိုင်း ရည်းစားတွေ ထည်လဲတွဲနေပါလား

 

 

သွားစမ်းပါ ပေါ်ရန်၏ အသံသည် ရိုင်းစိုင်းပြီး ပုန်ကန်သော လေသံဖြင့် ပြောဆိုလိုက်သည်။ငါ့မှာ တစ်ယောက်ပဲရှိတယ်

 

 

ရုပ်ရည်ချောမောသော လူငယ်လေးကို လူတိုင်း သဘောကျကြသည်။ အဆောင်တာဝန်ခံအဒေါ်ကြီးတောင် သူ့အတွက် အခက်အခဲ ဖြစ်မည်ကို မလိုလားပေ။ ယနေ့တွင် ကျောင်းသားမိဘများနှင့် ဆွေမျိုးတော်စပ်သူ အများအပြားသည် ထိုကျောင်းသူကျောင်းသားများကို လာတွေ့ကြပြီး ၎င်းတို့၏ ချစ်သူရည်းစားများကို အခန်းသန့်ရှင်းရေးလုပ်ရန် လာရောက်ကူညီပေးသည့် မိန်းကလေးငယ်များလည်း ပါနေသည်။ အဒေါ်က မမြင်ချင်ယောင်ဆောင်ပြီး သူတို့ကို လွှတ်ပေးလိုက်လေသည်။

 

 

ပေါ်ရန်က ကျင်းရှီကို ကော်လန်နောက်ကနေဆွဲကိုင်ပြီး အဆောင်ထဲသို့ ခေါ်သွားခဲ့သည်။ လှေကားထောင့်သို့ရောက်သောအခါ တုန်ရီနေသော ယုန်ဖြူလေးကို လွှတ်လိုက်သည်။

 

 

ဘာလို့ ငါ့နောက် လိုက်နေတာလဲ သူ့အသံသြသြကြီးနှင့်ပျင်းရိကာ အိပ်ယာမှ အခုမှ နိုးလာသော လေသံဖြင့် ပြောလိုက်သည်။

 

 

ကျင်းရှီသည် စိတ်ထဲတွင် တုံ့ဆိုင်းနေကာ သူမ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ကြေမွနေသော စက္ကူလုံးကို ထုတ်ကာ ပေါ်ရန်ကို ပေးလိုက်သည်။စီနီယာ၊ ကျွန်မ ခရီးဆောင်အိတ် ပျောက်သွားလို့ပါ

 

 

စီနီယာ ဟူသောအသံလေးသည် အခက်အခဲမှန်သမျှကို ဖြတ်ကျော်သွားနိုင်သော လက်မှတ်လေးသဖွယ်ဖြစ်နေသည်။

 

 

စာသင်နှစ်သစ်အစတွင် ပေါ်ရန် ကျောင်းတက်ခဲ့သည်မှာ ရက်ပိုင်းအနည်းငယ်မျှသာ ရှိနေသေးသော်လည်း နူးညံ့သိမ်မွေ့ကာ ချစ်ဖို့ကောင်းသည့် မိန်းကလေးတစ်ယောက်နှင့် တွေ့ပြီးပြီဖြစ်သည်။ ထိုမိန်းကလေးက သူ့အားစီနီယာ ဟုချိုသာသောလေသံဖြင့် ခေါ်လိုက်ခြင်းသည် သူ့နှလုံးသားကို အရည်ပျော်သွားစေသည်။

 

 

ပေါ်ရန်သည် ထိုစာရွက်ကို တစ်ချက်ကြည့်လိုက်ပြီး မဆိုင်းမတွပင် ကျင်းရှီကို ပွေ့ချီကာ ငါးထပ်သို့ တက်သွားသည်။

 

 

၅၁၀၊ ဟိုးအစွန်းဆုံးအခန်းက မင်းရှာနေတဲ့အခန်းပဲ

 

 

ကျင်းရှီသည် နောက်ဆုံးတွင် သူ၏လက်သည်းများ မှလွတ်မြောက်ပြီး သူ့ဘေးတွင်ရပ်ကာ သူမ၏ အဝတ်အစားများကို ဖုတ်ဖက်ခါနေပြီး ဆံပင်ကို သပ်နေသည်။

 

 

 

ပေါ်ရန်သည် သူမက သူအစာကျွေးလေ့ရှိသော အဝါရောင် ကြောင်ကလေးနှင့် တူသည်ဟု ထင်နေကာ သူမသည် အလွန်သန့်ရှင်းပြီး သပ်ရပ်စွာနေတတ်သည်ဟု ခံစားမိသည်။ သူသည် ထိုကြောင်မလေးကို ခေါင်းလေးပွတ်ပေးတိုင်း ခြေဖဝါးလက်ဖဝါးများကို လျှာဖြင့် ရက်နေတတ်ပြီး အမွှေးများကို သပ်နေတတ်သည်။

 

 

ချစ်ဖို့ကောင်းသောကြောင့် သူသည် သူမကို အိမ်မွေးတိရိစ္ဆာန်ကဲ့သို့ မွေးထားချင်ခဲ့သည်။

 

 

ကျင်းရှီသည် ပေါ်ရန်ကို ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ပြီး အခန်း ၅၁၀ဆီသို့ လျှောက်သွားကာ တံခါးပေါက်ကြားမှ သူမ၏ အနီရောင် ခရီးဆောင်အိတ်ကို မြင်နေရသည်။

 

 

ပေါ်ရန်သည် မျက်ခုံးပင့်ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်လျက် သူမနောက်ကို အေးအေးဆေးဆေး လိုက်ခဲ့လေသည်။

 

 

ဟယ်လို၊ ကျွန်မ ခရီးဆောင်အိတ် လာယူဖို့ ရောက်လာတာပါ ကျင်းရှီသည် ယောက်ျားလေးအဆောင်အခန်းထဲကို ခေါင်းငုတ်ပြီး ချောင်းကြည့်လိုက်သည်။

 

 

အခန်းထဲတွင် ကောင်လေး လေးယောက် ရှိပြီး သူတို့အားလုံးက ပုံမှန် ယောကျ်ားအဆောင်၀တ်စုံအင်္ကျီများ၊ ဘောင်းဘီတိုနှင့် ခြေညှပ်ဖိနပ်များ ၀တ်ထားကြသည်။

 

 

ကျင်းရှီ ရောက်ရှိလာသည်ကို သူတို့ အံ့သြပုံမပေါ်ဘဲ ခိုများလို တစုတစည်းတည်းနှင့် အတင်းအဖျင်းပြောနေကြသည်။

 

 

သူက ရှန်ဖျင်ချွမ်ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးလား

 

 

ဒီလိုလှပတဲ့ ကောင်မလေးက ရှန်ဖျင်ချွမ်နဲ့ အမျိုးတော်တာကို ငါဖြင့်မယုံနိုင်ဘူး

 

 

ငါ့လည်း ညီမလေးတစ်ယောက် လိုချင်လိုက်တာ၊ ဟူး

 

 

ကျင်းရှီသည် သူတို့၏ နောက်ပြောင်နေသံကို ကြားဖြတ်ပြီးတစ်ဆိတ်လောက်ပါရှင့်၊ ရှင်တို့ ဘာလိုချင်လို့လဲ ဟုမေးလိုက်သည်။

 

 

ထိုကောင်လေးများက သူမဖက်လှည့်ပြီး ခြိမ်းခြောက်သည့် လေသံဖြင့် တညီတညာတည်း ပြောလိုက်သည်။ငါတို့ မင်းကို ပြန်ပေးဆွဲနေတာ!”

 

 

ကျင်းရှီ -...

 

 

နောက်နေတာပါ ဟု Nike တီရှပ်ဝတ်ထားသော ကောင်လေးက ပြောလိုက်သည်။မင်းအစ်ကို ရှန်ဖျင်ချွမ်ကို ဖုန်းခေါ်လိုက်၊ ငါတို့ပစ္စည်းတွေကို အခန်း ၅၁၀ဆီ ယူလာခဲ့ဖို့ ပြောလိုက်၊ အဲ့လိုမှ မလုပ်ပေးရင်မင်းရဲ့ လက်မှတ်ကို ငါတို့ ဖြဲပစ်မယ်!”

 

 

ကျင်းရှီကဘာလို့ ကျွန်မ့အစ်ကိုကို ရှင်တို့ပစ္စည်းတွေ ယူလာခိုင်းရတာလဲ ဟုမေးလိုက်သည်။

 

 

ဘာလို့လဲဆိုရင် ငါတို့ အိပ်ခန်းကို သူလာစစ်ဆေးနေချိန်မှာ ငါတို့ရဲ့ရေနွေးအိုး၊ မီးဖို၊ ထမင်းပေါင်းအိုး၊ အဝတ်လျှော်စက်နဲ့ စီးကရက်နဲ့ ဟော့ပေါ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုပါ သိမ်းသွားလို့ ဟု ဒေါသထွက်နေသည့် ကောင်လေးက ပြောလိုက်သည်။

 

 

ကျင်းရှီသည် သူတို့အဆောင်အခန်းထဲတွင် တားမြစ်ထားသောပစ္စည်းများ အများအပြားရှိနေသည်ကို အံ့အားသင့်သွားသည်။

 

 

ထိုကောင်လေးကမင်းအစ်ကိုကို ငါတို့ပစ္စည်းတွေ ယူလာဖို့ ပြောလိုက် ဒါမှမဟုတ်ရင် မင်းရဲ့ဖြူစင်မှုကို ညစ်ညမ်းအောင် လုပ်ပစ်ပြီး မင်းကို ကယ်ဖို့ သူလာမလားဆိုတာ စောင့်ကြည့်ကြတာပေါ့

 

 

ကျင်းရှီလည်း လန့်ပြီး နောက်ပြန်ဆုတ်သွားသည်။

 

 

အခန်းထဲက အခြားကောင်များက ထိုကောင်လေးကို တားလိုက်သည်။မင်းက ဘယ်လိုလူယုတ်မာလဲ၊ သူက စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အခုမှကျောင်းလာတက်တဲ့ ချစ်ဖို့ကောင်းတဲ့ လူသစ်လေးလေ၊ သူ့ကို ညစ်ညမ်းအောင်လုပ်ဖို့ ဘယ်လိုတောင် တွေးနိုင်ရတာလဲ

 

 

ဟုတ်တယ်၊ ဒီလို ရွံစရာကောင်းတဲ့ လုပ်ရပ်ကို ပြောပြဖို့ ဘာလို့ ဒီလိုစာစကားကို သုံးရတာလဲ

 

 

Nike တီရှပ်အင်္ကျီဝတ်ထားသော ကောင်လေးသည် သူ့ဖုန်းကို ကျင်းရှီကို ပေးခဲ့ပြီးစိတ်မပူပါနဲ့ ငါတို့က မင်းကို ဘာမှမလုပ်ပါဘူး၊ ငါတို့က မင်းကို အနိုင်ကျင့်နေတယ်လို့ မင်းအစ်ကိုကို ငိုယိုပြီးပြောလိုက် အဲ့ဒီအတွက် ငါတို့ပစ္စည်းကို ပြန်ယူလာပေးဖို့ လိုတယ်လို့လည်း ထည့်ပြောလိုက်

 

 

ကျင်းရှီက တည်ငြိမ်စွာ ပြောလိုက်သည်။ရှန်ဖျင်ချွမ်က ကျွန်မရဲ့ အစ်ကိုအရင်းမဟုတ်ဘူး၊ နောက်အိမ်ထောင်က ပါလာတဲ့အစ်ကိုတစ်ယောက်ပါ၊ သူက ကျွန်မ့ကို အိမ်မှာ အနိုင်ကျင့်ပြီး ရိုက်နှက်လေ့ရှိတယ်။ ကလက်စားချေဖို့ လုပ်နေတယ်ဆိုရင်တော့ ကျွန်မကို ထည့်တွက်လို့ မရဘူး၊ ဒါပေမယ့် ရှင်တို့အလိုရှိတယ်ဆိုရင်တော့ ကျွန်မ ရှင်တို့ကို ဟော့ပေါ့လိုက်ကျွေးပါ့မယ်

 

 

ထိုကောင်လေးများ နောက်ဆုတ်သွားသည်။

 

 

ထို့နောက်ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို ဖုန်းခေါ်ပြီး ထိုကောင်လေးများ၏ တောင်းဆိုချက်များကို ပြောပြကာ ငိုချင်ဟန်ဆောင်နေသည်။ ရှန်ဖျင်ချွမ်က တည်ငြိမ်စွာပြောလိုက်သည်။

 

 

 “သူတို့ ပစ္စည်းတွေ ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူးလို့ ပြောလိုက်၊ ပြီးရင်ကျောင်းကို ငါ သတင်းပို့ပြီး သူတို့ရဲ့ အကျင့်စာရိတ္တဆိုင်ရာ အမှတ်တွေကို လျှော့ပစ်မယ်၊ မင်းတစ်ခုခု ဖြစ်သွားရင်တော့ မင်းအတွက် ကလက်စားချေပေးမယ် ညီမလေး

 

 

ဘီးပ် ဖုန်းချသွားသည်။

 

 

ကျင်းရှီက မျက်တောင်ခတ်ပြီး ဖုန်းကိုပြန်ပေးလိုက်သည်။ကိုယ့်ဘာသာကြည့်လုပ်ကြတော့

 

 

ထိုကောင်လေးများက တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီး အစ်ကိုNike က ကျင်းရှီကို စာနာစိတ်နှင့် ကြည့်လိုက်သည်။အဲ့လို လူယုတ်မာအစ်ကိုမျိုးနဲ့ ကြုံရတာ မင်းကံမကောင်းဘူး

 

 

ကျင်းရှီက သူပြောသည်ကို သဘောတူလိုက်သည်။ဟုတ်ကဲ့၊ အန်...ကျွန်မ ခရီးဆောင်အိတ် ပြန်ရနိုင်မလား

 

 

အစ်ကိုNike ကအခုတော့ မင်းရဲ့ ခရီးဆောင်အိတ်ကို ငါတို့ သိမ်းထားလိုက်မယ်။ မင်းရဲ့အစ်ကိုကို မင်းရဲ့ ခရီးဆောင်အိတ်ကို ပြန်ရွေးဖို့ ယောကျ်ားလေးအဆောင်၈မှာ သူသိမ်းထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ ယူလာပေးဖို့ ပြောလိုက်

 

 

ကျင်းရှီသည် ကူရာကယ်ရာမဲ့စွာ ခံစားနေရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

 

 

ထိုခဏတွင် လှောင်ပြောင်ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။တစ်စုံတစ်ယောက်ရဲ့ ချစ်သူကောင်မလေးကို သက်ကြားအိုတစ်ဖွဲ့က ဓါးပြတိုက်နေပြီး ကိုယ့်ကိုကိုယ် မှန်တယ်ထင်ပြီး ဇွတ်တွေပြောနေတယ်၊ မင်းတို့မှာလည်း မင်းတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိသားပဲ

 

 

ပေါ်...ပေါ်ရန်

 

 

ထိုကောင်လေးများက တံခါးကို မှီထားသောပေါ်ရန်ကို မြင်ပြီး ကြောင်ကိုမြင်လိုက်ရသော ကြွက်များလို ချက်ချင်းပင် နောက်ပြန်ဆုတ်သွားပြီး Nikeကောင်လေးကို ရှေ့သို့တွန်းပို့လိုက်သည်။

 

 

မင်းတို့ ဘာလို့ကြောက်နေတာလဲ Nikeကောင်လေးသည် သူ့အင်္ကျီလက်များကို လှန်လိုက်ကာ ရှေ့သို့ တိုးလာသည်။ငါတို့ လေးယောက် သူက တစ်ယောက် ချကြစို့!”

 

 

ခေတ်ဆန်သောကောင်လေးက တိုးတိုးလေး ပြောလိုက်သည်။ပြီးခဲ့တဲ့နှစ်မှာ သူက အမျိုးသားကာကွယ်ရေးအကယ်ဒမီရဲ့ နောက်ဆုံးအဆင့် တိုက်ခိုက်ရေးစမ်းသပ်မှုပြိင်ပွဲမှာ ပြိုင်ဖက်ဆယ်ယောက်ကို အနိုင်ယူခဲ့သူတစ်ယောက်ပါ။ သူက အနိုင်ယူလို့မရဘူး

 

 

Nike ကောင်လေးက ထိုစကားကိုကြားပြီး သူ့အင်္ကျီလက်များကို ချက်ချင်းပြန်ချလိုက်သည် သူသည် သူမှန်သလိုလိုနှင့် ပြောလိုက်သည်။ငါတို့အားလုံးက ယဉ်ကျေးတဲ့အသိုင်းအဝိုင်းထဲက လူတွေပဲ၊ အမျိုးကောင်းသားတစ်ယောက်က စကားနဲ့ပြောတာ လက်သီးနဲ့ထိုးတာမဟုတ်ဘူး။ ပေါ်ရန်၊ အဲ့ကောင်မလေးက ဘယ်သူလဲ၊ မင်း သူ့ကို ဘာလို့ အကာအကွယ်ပေးနေတာလဲ

 

 

ပေါ်ရန်က ကျင်းရှီကို ပျင်းရိခြင်းနှင့် လှောင်ပြောင်ခြင်းတို့ အရိပ်အယောင်သန်းနေသော ကြည့်ကာငါ့ကောင်မလေးလေ၊ ဟုတ်ပြီလား

 

 

ကျင်းရှီသည် သူ၏စူးစူးရှရှအကြည့်ကို တွေ့လိုက်ပြီး အဝေးသို့ အကြည့်လွှဲလိုက်ကာ ရင်ခုန်သွားသည်။

 

 

မင်း ငါ့ကို နောက်နေတာလား Nike ကောင်လေးက ပြောလိုက်သည်။ဒီကောင်မလေးက ဒီနေ့မှ ပထမဆုံးရောက်လာတာကို၊ သူက မင်းရဲ့ရည်းစားဖြစ်နေပြီလား။ မင်းက အာကာသယာဉ်ထက် ပိုမြန်တာပဲ!”

 

 

ကျင်းရှီသည် သူမတွင် ကြီးမားသော ကျောထောက်နောက်ခံကို ရှာတွေ့ခဲ့ပြီး ပေါ်ရန်၏ နောက်တွင် နာခံမှုရှိရှိ ရွေ့သွားကာကျွန်မချစ်တုံးကြီးက အရမ်းအံ့သြစရာကောင်းတာပဲ ဟု အော်ပြောခဲ့သည်။

 

 

သူမ၏ အသံသည် ပျော့ပျောင်းပြီး ညင်ညင်သာသာဖြင့် ယောက်ျားများ နှစ်သက်တတ်သောပုံစံ အရိပ်အယောင်ပါသည့် သဘောဖြင့် ပြောလိုက်သည်။

 

 

ပေါ်ရန် အပါအဝင် အားလုံးက အံ့ဩသွားကြသည်။

 

 

သူမ၏အသံက အရမ်းနားထောင်ကောင်းပြီး တချို့လူများက ထိုနေရာတွင် ဘောင်းဘီများချွတ်ပစ်ချင်သည်။

 

 

ပေါ်ရန်သည် သူမကို ငုံ့ကြည့်ကာ သူမသည် နှင်းဆီရောင် နှုတ်ခမ်းဖူးလေးများကို တင်းတင်းကြပ်ကြပ် စေ့ထားသည်။ သူမ၏ မျက်မှန်အောက်တွင် ရှည်လျားပြီး ထူထဲသော မျက်တောင်များနှင့် သူမ၏ သေးငယ်ပြီး သိမ်မွေ့သော နှာတံပေါ်တွင် ချွေးသီးလေးများ အနည်းငယ်ရှိနေသည်။

 

 

ထိုချစ်တုံးကြီး ဟူသောစကားလုံးလေးကြောင့် သူ့စိတ်ကို ဆုံးဖြတ်လိုက်သည်။

 

 

မင်း ခရီးဆောင်အိတ် သွားယူ ဟုသူက ခေါင်းနောက်ကို အသာအယာပုတ်ပြီးမကြောက်နဲ့ ဟု တိုးတိုးလေးပြောလိုက်သည်။

 

 

ကျင်းရှီသည် အမြန်ပြေးပြီး Nike ကောင်လေး၏ လက်ထဲမှ ခရီးဆောင်အိတ်ကို ယူလိုက်သည်။

 

 

အဆောင်ကိုပြန်သည့်လမ်းတွင် ပေါ်ရန်က ကျင်းရှီကို ရှင်းပြလိုက်သည်။ကျောင်းသားသမဂ္ဂက ရှန်ဖျင်ချွမ်က တစ်ကိုယ်တော် လုပ်နေပြီး လူအများကြီးကို အနိုင်ကျင့်နေခဲ့တာ၊ မင်း သူ့နဲ့အဆက်အသွယ်ရှိနေရင် ကျောင်းမှာ မင်းဘဝက လွယ်မှာမဟုတ်ဘူး

 

 

မင်းအစ်ကိုကို မင်းရော သဘောမကျဘူးလား

 

 

ဒါပေါ့ ဘယ်သဘောကျမလဲ

 

 

ဒါဆို ရှင် ကျွန်မကို ဘာလို့ကူညီပေးနေတာလဲ။ ရှင်က တကယ်လူကောင်းတစ်ယောက်ပဲ

 

 

ပေါ်ရန်က အပြုံးသဲ့သဲ့လေး ပြုံးပြီး ဤကောင်မလေးက စိတ်ဝင်စားစရာပဲဟု တွေးလိုက်သည်။

 

 

မင်းက လှတယ်သိလား

 

 

ကျင်းရှီက ကျေးဇူးတင်စွာ ပြောလိုက်သည်။ကျေးဇူးပါရှင့် ရှင်လည်း ချောပြီး ကြည့်ကောင်းပါတယ်

 

 

ငါက ဘယ်မှာကြည့်ကောင်းနေလို့လဲ သူ မျက်ခုံးပင့်လိုက်သည်နှင့် သူ့မျက်လုံးများသည် သက်ဝင်လှုပ်ရှားလာသည်။

 

 

ကျင်းရှီသည် သူက ဒီလောက်အသေးစိတ်မေးခွန်းများ မေးဖို့ မမျှော်လင့်ထားသော်လည်း  သူမသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောတတ်သူဖြစ်သည်။

 

 

ရှင်…” သူမက သူ၏ ချောမောနေသည့် မျက်နှာကို မော့ကြည့်လိုက်သည်။ရှင့်မျက်လုံးတွေက ကျွန်မ မြင်ဖူးသမျှ မျက်ရစ်တစ်ထပ်တွေထဲမှာ အလှပဆုံးပဲ

 

 

သူမသည် စကားပြောရင်း ရှက်သွားသည်။

 

 

ကျင်းရှီက ပေါ်ရန်ကို ကြည့်လိုက်သည်။ နေရောင်ထဲတွင် သူ၏အသွင်အပြင်သည် အလွန်သက်ဝင်နေပြီး မြှင်တက်နေသော မျက်ခုံးမွှေးများနှင့် နက်နဲသောမျက်လုံးများ၊ သူ၏ ရှည်လျားသော မျက်တောင်များက သူ၏မျက်ရစ်များပေါ်သို့ အရိပ်ကျနေသည်။

 

 

သူ၏ချောမောသောအသွင်အပြင်သည် အခြားသူများနှင့်မတူပဲ ဆွဲဆောင်မှုအားကောင်းသော ယောက်ျားပီသမှုကို ပေါ်လွင်စေသည်။

 

 

ကျွန်မဒီကို ရောက်လာပြီဆိုတော့ စီနီယာလည်း ပြန်လို့ရပါပြီ

 

 

မိန်းကလေးအဆောင်ရှေ့တွင် ကျင်းရှီက ပေါ်ရန်ကို ကျေးဇူးတင်ကြောင်း ပြောနေသည်။

 

 

ပေါ်ရန်သည် ကျင်းရှီ၏ ခရီးဆောင်အိတ်ကို သူမအား ပြန်ပေးခဲ့ပြီးမှ လက်ကိုင်ကို မဆွဲဘဲ တစ်လမ်းလုံး သယ်လာသည်ကို သူမ သတိပြုမိလိုက်သည်။

 

 

ထိုခရီးဆောင်အိတ်ကြီးသည် ပုလင်းများ၊ အဝတ်အစားများနှင့် အခြားပစ္စည်းများဖြင့် ပြည့်နေပြီး အနည်းဆုံး နှစ်ဆယ်ကီလိုဂရမ် အလေးချိန်ရှိသည်။ သူသည် ၎င်းကိုသယ်ပြီး နှစ်ကီလိုမီတာလောက် လျှောက်လာခဲ့သော်လည်း မောပန်းနွမ်းနယ်မှု အရိပ်အယောင်မျှပင်မရှိဘဲ ကောင်းကောင်းမွန်မွန် အသက်ရှုနိုင်သည်။

 

 

သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။