အပိုင်း ၁
Viewers 953

အပိုင်း

 

 

             

"ဝူး-"ကုချန်းရွှမ်  မြည်းလှည်းကို လမ်းဘေး ရပ်လိုက်ပြီး ခုန်ဆင်းလိုက်သည်။ ပြီးတော့ အပင်ကြီးမှာ ဇက်ကြိုးကို ချည်လိုက်သည်။ အဲ့ဒီနောက် နောက်ကလူတွေကို ပြောလိုက်သည်။"လူတိုင်း ပစ္စည်းတွေဝယ်ဖို့ မြန်မြန် လုပ်ကြ, အချိန်ရောက်လာတာ မစောင့်ကြနဲ့!"

 

                   

 ကျန်းထျန် သတိမေ့နေသည်။ သူမ သတိရလာပြီး ဒီစကားကို ကြားလိုက်သည့်အခါ သူမ လန့်သွားသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမ နဲ့မသက်ဆိုင်သော မှတ်ဥာဏ်တစ်ခု အတွေးထဲ ပေါ်လာခဲ့သည်။

 

    

[မူလဝိညာဥ်က စနစ်နဲ့ လဲလှယ်ခဲ့သည်။ ကမ္ဘာငယ်လေးမှာ လစ်လပ်နေသောနေရာ ဖြည့်စွက်ရန်အတွက် [ကျန်းထျန်]အား အထူးတလည် ဖိတ်ခေါ်ခဲ့သည်။ တောင်းပန်ခြင်းအနေနှင့် [ကျန်းထျန်]အား စွမ်းအားပြန်ရရန် ခွင့်ပြုခဲ့သည်။ [ကျန်းထျန် မူလဝိညာဥ်ခန္ဓာကိုယ်နေရာ ဝင်ယူနိုင်ပြီး ဒီကမ္ဘာမှာ နေနိုင်ရန်...]ကျွန်တော်မျှော်လင့်မိပါသည်။

 

       

ကျန်းထျန် ခေါင်းမူးသွားပြီး စိတ်ရှုပ်ထွေးသွားသည်။

 

         

"ရွှမ်ရဲ့ဇနီး၊ သမီး ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? " ကုချန်းရွှမ် ဇက်ကြိုးတွေကို ချည်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျန်းထျန်တစ်ယောက်တည်းသာ ကျန်နေကြောင်း တွေ့လိုက်ရသည်။

 

             

 ကျန်းထျန် အသိပြန်ဝင်လာပြီး မူလပိုင်ရှင်၏ မှတ်ဉာဏ်မှ ထိုလူ၏နာမည်ကို သိလိုက်သည်။  "ဦးလေးချန်းရွှမ်၊ သမီးအခုဆင်းပါပြီ!" သူမ လှည်းပေါ်က ခုန်ဆင်းလိုက်သည်။ အရိုက်ခံထားရသကဲ့သို့ သူမတစ်ကိုယ်လုံး မသက်မသာ ခံစားနေရသည်။

 

                 

မူလမှတ်ဉာဏ်နောက်လိုက်ပြီး ကျန်းထျန် အမှတ်ရုံသို့ သွားဖို့ ရွေးချယ်လိုက်သည်။

 

                

ကုချန်းရွှမ် ကျန်းထျန်နောက်ကျောကိုကြည့်ပြီး ခေါင်းသာခါနိုင်တော့သည်။ သူမ မိသားစုက မြို့ကဖြစ်သော်လည်း ဒီချွေးမလေးက အလွန်ပျော့ညံ့သည်ဖြစ်သည်။

 

               

ကုမိသားစုက အခုအရမ်းသနားစရာ ကောင်းနေပြီ၊ ဒီလိုချွေးမနဲ့ လက်မထပ်တာကမှ ပိုကောင်းမည်ဖြစ်သည်။

 

                 

နေ့တိုင်း ထိုထျန်းအာ အလုပ်လုပ်တာ မမြင်ပေ၊ အိမ်ထဲမှာနေပြီး အပြင်ထွက်ကိုမလာ၊ ကူညီရကောင်းမှန်း မသိပေ။

 

                 

 "တောင်းပန်ပါတယ်!" ကျန်းထျန် ပုံမှန်အတိုင်း တည်ငြိမ်ဟန်ဆောင်ပြီး လမ်းပေါ် သွားနေခြင်း ဖြစ်သည်။ တကယ်တော့ သူမရင်ထဲ ဗြောင်းဆန်နေပြီပဲဖြစ်သည်။

 

                 

၁၉၇၀ခုနှစ်များအချိန် မနက်အလယ်ပိုင်းတွင် လမ်းမပေါ် လူများအနည်းငယ်သာ ရှိတော့သည်။

 

                   

လူမရှိသော လမ်းကြားထဲ ကျန်းထျန် ဝင်လိုက်သည်။ နံရံပေါ် မောပန်းစွာ မှီရင်း သူမ၏ရင်ကို အမှတ်မထင် ထိလိုက်မိသည်။

 

                  

ရင်ဘက်ထဲက နှလုံးသားမှာ ခုန်နေဆဲ ဖြစ်သည်။ ကျန်းထျန် ခေါင်းမော့လိုက်ပြီး ပြုံးလိုက်မိသည်။

 

                 

 သူမ အသက်ရှင်နေတုန်း မဟုတ်ဘူး သူမ တစ်ဖန် ရှင်သန်လာခြင်း ဖြစ်သည်။

 

             

 ယခုကိုယ်မှာ သူမ၏မူလခန္ဓာကိုယ်မဟုတ်တော့ပါ။

 

                 

 သူမ ကမ္ဘာပျက်ခေတ်တွင် နေထိုင်ခဲ့ရခြင်းဖြစ်သည်။ သူမ မသေခင်က ဖုတ်ကောင်များရန်မှ မြို့ကို ခုခံကာကွယ်ခဲ့သည်။ သူမ၏အဖွဲ့သားများကို ကာကွယ်ရင်း ဖုတ်ကောင်၏ လက်သည်းနဲ့ သူမ၏နှလုံးကို ထိုးသွင်းခံလိုက်ရခြင်းဖြစ်သည်။

 

               

သူမ သေခါနီး အသိဉာဏ်ဝေဝါးနေစဥ်အခါက အဖွဲ့သားများ၏ ထိတ်လန့်နေသော အမူအရာများက သူမအတွေးထဲ ထင်ကျန်နေဆဲဖြစ်သည်။

 

                

သူမ သေပြီလို့ ထင်ခဲ့သည်။

 

                

ယခု သူမ၏ အခြေအနေအရ ထိုကမ္ဘာတွင် သူမ သေခဲ့ပြီဖြစ်မည်ထင်သည်။

 

               

  မထင်မှတ်ထားဘဲ သူမ မျက်လုံးပြန်ဖွင့်သည့်အခါ သူမ ဝတ္ထုထဲက အရံဇာတ်ကောင် ဖြစ်လာခဲ့သည်။

 

                    

အရံဇာတ်ကောင်က သူမနှင့် မျိုးရိုးတူ နာမည်တူသည်။ လက်ရှိ ဟုန်ချီနယ် ၆ခုမြောက် လုပ်ငန်းအဖွဲ့က ကုမိသားစုမှာ အိမ်ထောင်ကျနေသည်ဖြစ်သည်။

 

                    

ကုမိသားစုမှာ မိသားစုဝင်များသည်။ မိသားစု၏ ထောက်တိုင် ကျန်းထျန်၏ ခင်ပွန်း ကုလျန်ရွှမ်မှာ အိမ်ထောင်မကျမီ စစ်ဆင်ရေးတစ်ခုတွင် ခြေထောက်ထိပြီး အလုပ်မလုပ်နိုင်ဖြစ်သွားသည်။

 

                     

ယခုလစဥ် ယွမ်၃၀ထောက်ပံ့ကြေးရသည်။ သို့သော် ကုမိသားစုဝင် ၉ယောက်ကို ထောက်ပံ့ဖို့ရှိသည်ဖြစ်သည်!!

 

                      

 လူမမာ၁ယောက်၊ မွေးကင်းစကလေး၂ယောက်၊ ၁၀နှစ်အောက်ကလေး၂ယောက်၊ ဆယ်ကျော်သက်၂ယောက် ရှိသည်။

 

                         

အလုပ်လုပ်နိုင်သည်မှာ မူလပိုင်ရှင် ကျန်းထျန်၊ သူမ၏ ယောက္ခမ ရွှီကျင်းဖန်နှင့် အထက်တန်းအောင်ပြီးသော အငယ်ဆုံး ကုလျန်ရုန်သာဖြစ်သည်။

 

                            

သို့သော် မူလပိုင်ရှင်မှာ နယ်မှာအိမ်ထောင်ကျသော မြို့မှ ချွေးမလေးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အလုပ်လုပ်နိုင်စွမ်းမရှိသော ကုလျန်ရွှမ်နည်းတူ ဖြစ်သည်။

 

                           

ကျေးလက်နယ်အလုပ်အဖွဲ့  အပြင်လူများဘက်မှကြည့်လျှင် သူမမှာ အစားသာစားပြီး အလုပ်မလုပ် ပျင်းရိ၍ ဂျီးများသူဖြစ်သည်။

 

 

မူလပိုင်ရှင်မှာ သူမ၏ အိမ်ထောင်ရေးကို အလိုမကျသူဖြစ်သည်။

 

                           

သူမနှင့် ကုလျန်ရွှမ် ထိမ်းမြားခြင်းကို ယခင်မျိုးဆက် လူကြီးများဖြစ်သည့် ကျန်းထျန်၏ အဘိုးနှင့် ကုလျန်ရွှမ်၏ အဘိုးတို့က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

 

                             

လူကြီးများမှာ အစက အတန်းတူ ရဲဘော်ရဲဘက်များသာဖြစ်သည်။ နောက်တော့ သူတို့ မွေးရပ်မြေမှာ တစ်နေရာတည်းဖြစ်၍ သူတို့ အလုပ်မှ အနားယူသည့်တိုင် မကြာခဏ အဆက်အသွယ်လုပ်ဖြစ်ကြသည်။ အိမ်ထောင်ကျ ကလေး ရရင်း အမျိုးစပ်ဖို့ စီစဥ်ဖြစ်သွားကြသည်။

 

                        

 လူကြီးများမှာ သားများသည်သာရကြ၍ အမျိုးတော်ဖို့ အစီအစဥ်ကို နောက်မျိုးဆက်သို့ ရွှေ့လိုက်ရသည်။

 

                 

ကျန်းထျန် - .................မဟုတ်သေးဘူး၊ ဒီလိုနောက်ရွှေ့လို့ရတယ်လား?

 

                    

မူလပိုင်ရှင်မှာ မိန်းမကောင်းလေးဖြစ်သည်။ မိသားစု၏ အလိုဆန္ဒအတိုင်း လွန်ခဲ့သော၃လက ကုလျန်ရွှမ်ကို လက်ထပ်ခဲ့သည်။

 

                  

ကုလျန်ရွှမ်မှာ ကြည့်ကောင်းသော်လည်း တစ်စုံတစ်ရာမှ နားမလည်သော လူရိုးကြီးဖြစ်သည်။ တစ်နှစ်ပတ်လုံး စကားသိပ်ပြောလေ့မရှိဘဲ ကလေးတစ်ယောက်မြင်လျှင် ငိုအောင်လုပ်နိုင်သော မျက်နှာအနေအထားနှင့် ဖြစ်သည်။

 

                 

 ဒီလိုလူမျိုးကို လက်ထပ်ရမည်ဆိုလျှင် မည်သူမှ သည်းခံနိုင်မည်မဟုတ်ပေ။ မင်္ဂလာဦးညတွင်ပင် အော်ငိုကြမည်သာဖြစ်သည်။

 

                 

မူလပိုင်ရှင်ကတော့ အော်မငိုပါ၊ တစ်ခါတည်း ဖောက်ပြန်သွားသည်သာဖြစ်သည်!!

                 

                 

သင်သာ တိတ်တိတ်လေး မသေဘူးဆိုလျှင် တိတ်တိတ်လေးပေါက်ကွဲမိမည်သာ ဖြစ်သည်။ ဆီလိမ်းထားသောဆံပင်ရှိပြီး စကားပြောကောင်းသော ပညာတတ်အမျိုးသားနှင့် မူလပိုင်ရှင် ဆုံမိကြသည်မှာ ယခုထိဆိုလျှင် ၃လခန့် ရှိပြီဖြစ်သည်။

 

                

မူလပိုင်ရှင်၏ အသွင်အပြင်မှာ တကယ်ပင် ထင်ပေါ်သည်ဖြစ်သည်။

 

                

သူမ၏မှတ်ဉာဏ်အရ သူမ၏ရုပ်ရည်မှာ မိန်းမလှလေးများစွာရှိသော အနာဂတ် အနုပညာလောကမှာဆိုလျှင်တောင် လှသည်ဟု ပြောနိုင်သည်ဖြစ်သည်။

 

                

မိုးမခပင်သစ်ရွက်ကဲ့သို့ မျက်ခုံး၊ အေးစက်သည့်ပုံစံထင်ရသည့် ရှည်လျားသော မက်မွန်သီးကဲ့သို့ မျက်လုံး၊ အနည်းငယ်ဖြောင့်တန်းနေသော နှာတံ၊ သေးငယ်သော အနီရောင် နှုတ်ခမ်း၊ နေရောင်အောက်မှာဆိုလျှင် မျက်လုံးပင် ကျိန်းနိုင်လောက်သော အဖြူရောင်အသားအရေ။

 

  

မျက်နှာအင်္ဂါရပ်များမှာ တင့်တယ်လှပနေပြီး စိတ်နေစိတ်ထားမှာလည်း ထူးခြားသည်။

 

                 

ကြီးကျယ်လှသော ပညာတတ်လူငယ်တောင်မှ သူမ၏ ရုပ်ရည်နောက် ပါသွားသည်ဖြစ်သည်။

 

                  

ထိုအချိန်မှာ ပညာတတ်လူငယ်များ၏ မိဘများက လူငယ် မြို့ပြန်ရန် အလုပ်တစ်ခု ရှာပေးခဲ့၍ မူလပိုင်ရှင်ကိုပါ မြို့သို့ ခေါ်သွားရန် စီစဥ်ခဲ့ကြသည်။

 

                   

 ဒီလိုမျိုး သဘောတူရန်အထိ မူလပိုင်ရှင်က တုံးအခဲ့သည်လား??

 

                      

 ဤသည်ကိုတော့ ကျန်းထျန် ထင်မထားခဲ့ပါ။

 

                       

သို့သော် မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ထိုပညာတတ်လူငယ်နှင့် သူမ မသွားချင်ပါ။ သူမဘာသာ အစီအစဥ်ဖြင့် နယ်မှ ထွက်သွားရန် စဥ်းစားထားသည်ဖြစ်သည်။

 

               

သူမသာ ဒီနေရာမှ ထွက်သွားနိုင်ဖို့သာ အရေးကြီးသည်ဖြစ်သည်။

 

                        

ထိုပညာတတ်လူငယ်သာ အသိဉာဏ်မရှိသောသူဖြစ်သည်။ မတော်တဆတစ်ခုခုသာ ဖြစ်ပါက မူလပိုင်ရှင်မှာ သူမဘာသာ တစ်နေရာ ထွက်သွားနိုင်မည်။ ထိုအစား ပညာတတ်လူငယ်ကတော့  နာမည်ပျက်မည်ဖြစ်သည်။

             

                

ထို့ကြောင့်မူလပိုင်ရှင်က ကုမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ခိုးယူပြီး ပညာတတ်လူငယ် မြို့ပြန်မည့်နေ့တွင် လိုက်သွားကာ လမ်းတဝက်တွင် လူငယ်အား ထားခဲ့၍ သူမဘာသာ ဟောင်ကောင်သို့ သွားမည်ဖြစ်သည်။

 

                   

မထင်မှတ်ထားသည်မှာ သူမ လမ်းမှာ တစ်ယောက်နှင့်မျှ မဆုံဘဲ လူတစ်စု လိုက်ခြင်းသာခံရသည်။

 

         

ကံဆိုးစွာဖြင့် ထိုလူစုမှာ လူကုန်ကူးသူများဖြစ်သည်။ မူလပိုင်ရှင်က လှပပြီး ငွေအလွန်ပေးနိုင်မည့်ပုံပေါ်၍ သူတို့အကြံဆိုးရပြီး သူမကို မေ့လဲအောင်ရိုက်ကာ တောင်ကြားတစ်ခုသို့ ရောင်းလိုက်သည်။

 

                   

 မူလပိုင်ရှင်မှာ စိတ်ကြီးသူဖြစ်သည့်အလျောက် လမ်းတဝက်တွင် လှည်းမှ ခုန်ချခဲ့သည်။ ထိုအချိန်တွင် လှည်းမှာ တောင်တဝက်ရောက်နေပြီဖြစ်၍ မူလပိုင်ရှင် ပြုတ်ကျပြီး အသက်ရှင်တော့မည့် ပုံမပေါ်ပေ။

 

                    

 ဒီလို ရထားပေါ်က ပညာတတ်လူငယ်နောက် လိုက်ရမည့် အစီအစဥ်ကို သူမအပေါ်  ထိုစနစ်က တာဝန်ပေးခဲ့သည်။

 

                   

ကျန်းထျန် စိတ်ရှုပ်စွာဖြင့် နားထင်ကို ပွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယခုမှာ မူလပိုင်ရှင် ငွေထုပ်နှင့် ဘူတာရုံသို့ သွားသည့်နေ့ဖြစ်သည်။

 

                    

မူလပိုင်ရှင် ဘဝတဆစ်ချိုးကူးပြောင်းသည့် နေ့လည်းဖြစ်သည်။

 

 

ကျန်းထျန် ဒီလို ဇာတ်ကွက်က ရင်းနှီးနေသည်ဟု ခံစားရသည်။ သူမအမြဲတမ်း မှတ်ဉာဏ်ကောင်းခဲ့သည်ဖြစ်၍ ယခုမှာ ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ခု၏ အရံပုံပြင်ဖြစ်သည်ကို သတိရလိုက်မိသည်။

 

                   

ဒီဇာတ်ကောင်မှာ သူမကဲ့သို့ မျိုးရိုးနှင့်နာမည်တူ၍ သူမ သတိထားမိခြင်းဖြစ်သည်။

 

                   

သူမ သတိရသည်မှာ အမှန်ဆိုလျှင် တခြားလူများ၏ နှုတ်တွင်သာ ဖော်ပြခံရသော ဝတ္ထုထဲက အရံဇာတ်ကောင်သာဖြစ်သည်။

                      

 

ထို့ကြောင့် ဘယ်လိုအရံဇာတ်ကောင်မျိုးက စာရေးဆရာ၏ သီးသန့် အပိုင်းတစ်ခုအနေနှင့် ဖော်ပြစရာ လိုသနည်း??

 

   

အဘယ်ကြောင့်ဆိုသော် ဒီအရံဇာတ်ကောင်၏ အခန်းကဏ္ဍမှာ မိသားစု၏ ငွေအားလုံးကို ခိုးယူသွားသော အဓိကအမျိုးသားဇာတ်လိုက်၏ မရီးဖြစ်ပြီး အကိုအကြီးဆုံးဖြစ်သူ၏ ခြေထောက်ဒဏ်ရာ ကုမရအောင် လုပ်သူ၊ အဓိကအမျိုးသမီးဇာတ်လိုက်၏ မောင်နှင့် အတူတူ လူကုန်ကူးခံလိုက်ရသူ၊ နောက်ထပ် အိမ်ထောင်ပြု၍ မရအောင်လုပ်သော တရားခံဖြစ်သောကြောင့်ဖြစ်သည်။

 

                      

အမျိုးသားဇာတ်လိုက်မှာ ကုလျန်ရုန် ကုမိသားစု၏ တတိယမြောက် တစ်နည်းအားဖြင့် အထက်တန်းအောင်ပြီးသော အလုပ်လုပ်နိုင်သည့်ဒုတိယမိသားစုဝင်ဖြစ်သည်။

 

               

ကျန်းထျန် ထိုဝတ္ထုကို ဖတ်ပြီးနောက် မူလပိုင်ရှင် အထင်မှားခံရသည်ဟုတွေးမိသည်။

 

                     

  မိသားစုမှာ ငွေရှိလျှင်တောင် အခုခေတ်အခုခါပုံစံမျိုးနှင့် ကုလျန်ရွှမ်၏ ခြေထောက်ဒဏ်ရာ ပြန်ကောင်းမည့်ပုံမပေါ်ပါ။ ဟုတ်ပါသည်။ ဒီအချက်တစ်ခုတည်းနှင့်လည်း မူလပိုင်ရှင် ငွေတွေယူသွားရမည့် အကြောင်းပြချက်မဟုတ်ပါ။

 

                

ကျန်းထျန်အတွက်ကတော့ သူမ တရားမျှတသည်ထင်သည်။ သူမခင်ပွန်းကိုတော့ ကူညီမည်ဖြစ်ပြီး ဆွေမျိုးများတော့ မကူညီနိုင်ပါ။

              

                

ထို့ကြောင့် ယခု ကျန်းထျန် ရွေးချယ်စရာလမ်း၂ခုရှိသည်။

 

        

 ပထမနည်းလမ်းမှာ မူလပိုင်ရှင်စီစဥ်ထားသည့်အတိုင်း ဘူတာသို့သွားပြီး လမ်းတဝက်တွင် လူကုန်ကူးသူများ၏အဖမ်းခံပြီး သူမသေမည်ဆိုလျှင်တောင် ငွေခိုးယူခြင်းအတွက် နာကျည်းစေရန် အလောင်းအကြောင်း ခဏခဏ ဖော်ပြခံရန်ဖြစ်သည်။

         

          

ဒုတိယနည်းလမ်းမှာ မြို့ကို ပတ်ကြည့်ပြီး ငွေသုံးကာ ကုချန်းရွှမ် မြည်းလှည်းအဖွဲ့နှင့် ပြန်မည်။ ထို့နောက် ဓမ္မတာလာနေပြီး စိတ်မကြည်မလင်ဖြစ်ကာ အသားစားချင်သောကြောင့်  မိသားစုငွေကို ယူပြီး ခွင့်ပြုချက်မရှိဘဲ ခရိုင်သို့ သွားသည်ဖြစ်ကြောင်း ကုမိသားစုကို လိမ်ညာပြောခြင်းဖြစ်သည်။

 

                 

အသားလေးဝယ်ဖို့အတွက်နှင့် ယွမ်၃၀၀ကျော် ယူသွားသည်ကို ရှင်းပြရန်အတွက်က........ ကျန်းထျန် ငွေမကိုင်ဖူးသည့် မြို့ပြမိန်းကလေးလို့ ပြောရမည်ဖြစ်သည်။

 

                

မည်သို့ပင်ဆိုစေ မူလပိုင်ရှင်၏မိဘများမှာ စက်ရုံအလုပ်သမားများဖြစ်ပြီး သူမ၏မှတ်ဉာဏ်အရဆိုလျှင် သူမကိုယ်တိုင် စျေးဝယ်ပြီး အိမ်မှာဟင်းချက်သည်မှာ ရှားသည်။

 

              

တစ်ခြားနည်းလမ်းဖြင့်လည်း သူမကိုယ်ကို ရောင်းစားမခံနိုင်ပါ။

 

                  

သူမ တုံးအသည်လည်း မဟုတ်ပေ။

 

                          

အစီအစဥ်နှင့် အကြောင်းပြချက်များ စဥ်းစားပြီးနောက် ကျန်းထျန် ငွေအချို့ထုတ်ကာ သမဝါယမစျေးသို့ သွားလိုက်သည်။

 

                                

သို့သော် ကျန်းထျန် စျေးဟုခေါ်ရန် အလွန်ရိုးရှင်းလှသောတန်းများကိုကြည့်ပြီး လက်တစ်ဖက်တည်းနှင့်လုပ်နေကြသော အရောင်းအဝယ်များကို မြင်မှ သူမမေ့သွားသည်ကို ရုတ်တရက် သတိရလိုက်သည်။

 

                         

သူမ ငွေများကို ပြန်သိမ်းကာ အိတ်ကပ်ထဲက မုန့်လက်မှတ် အသားလက်မှတ်များကို ထုတ်လိုက်သည်။

 

                    

သူမတွင်ရှိသောငွေများကြားထဲတွင် ဒီလက်မှတ် အမျိုးအစား၂ခုသာရှိသည်။ တခြားဆပ်ပြာလက်မှတ် အဝတ်လက်မှတ် စက်မှုလက်မှတ် အစရှိသည်များကတော့ ကုမိသားစုမှာ ရှိသည်ထား၊ မူလပိုင်ရှင် လမ်းတွင် သုံးရန် မဖြစ်နိုင်ပေ။ သို့သော်လည်း မုန့်နှင့် အသားတံဆိပ်လက်မှတ်များမှာ လိုအပ်သည်ဖြစ်သည်။        

 

                    

အသားလက်မှတ်၂ခုနှင့် မုန့်လက်မှတ် တဝက် ထုတ်ပြီးနောက် ကျန်းထျန် စျေးရုံသို့ ပြန်လှည့်ကာ အသားနှင့် ဆန် ရောင်သည့် စျေးတန်းများသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ နောက် အသား၁၀၀ဂရမ်နှင့် ဂျုံပေါင်ဝက် မှာလိုက်သည်။

 

                       

စျေးရောင်းသူမှာ ကျန်းထျန် အသား၁၀၀ဂရမ် လိုချင်သည် ပြောသောအခါ မအံ့သြပါ၊  တစ်ခါတည်းနှင့် ၁ပေါင် သို့မဟုတ်၂ပေါင်မှာလျှင်သာ စိတ်ဝင်စားမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းထျန်ကဲ့သို့ ၁၀၀ဂရမ် မှာကြသည်မှာ  မထူးဆန်းပါ။

 

                          

ယခုမှာ အချိန်မှန်ဖြစ်သည်။ များသောအားဖြင့် စျေးရုံမှာ ရောင်းရန်ဝက်သားမရှိပါ။ သားသတ်ရုံက တစ်ခါတည်းသတ်ပြီး အသားတန်းသို့ တစ်နေ့တည်းမှာပင် ပို့ပေးခြင်းဖြစ်သည်။

 

                         

ခရိုင်မြောက်ဘက်တွင်ဆန်ဆိုင်တစ်ခု၊ တောင်ဘက်တွင်လည်း ဆန်ဆိုင်တစ်ခုသာရှိသည်။

 

 

ကျန်းထျန် အသားနှင့်ဂျုံများဖြင့် ထွက်လာပြီး လူမရှိသည့် လမ်းကြားလေးသို့ သွားလိုက်သည်။ သူမ လေဟာနယ်မှ စစ်စိမ်းရောင်အဝတ်စတစ်ခုထုတ်လိုက်ကာ အသားနှင့်ဂျုံများကို ထုပ်ထားလိုက်ပြီး မြည်းလှည်းရှိသည့်နေရာသို့ သွားလိုက်သည်။

 

                

စနစ်လို့ဆိုသည့် အသံက သူမ၏စွမ်းရည် ရှိသေးသည်ပြောသည့်အတိုင်း သူမ၏လေဟာနယ် တကယ်ရှိသည်ဖြစ်သည်။ သူမ ခုနအဝတ်စထုတ်စဥ် ကြည့်လိုက်စဥ်က လေဟာနယ်ထဲ၌ ပစ္စည်းများရှိနေတုန်းဖြစ်သည်။

 

                  

ကုချန်းရွှမ် အပင်အောက်က ကျောက်တုံးပေါ်မှာ ထိုင်နေပြီး သူ၏ကောက်ရိုးခမောက်ကြီးနှင့် ယပ်ခတ်ကာ လမ်းပေါ်သို့ လှမ်းလှမ်းကြည့်နေသည်။

 

             

ကျန်းထျန် ရောက်လာသည့်အခါ လှည်းဘေးတွင် မတ်တပ်ရပ် စကားပြောနေသော မိန်းမများစွာ ရှိနေပြီဖြစ်သည်။

 

                  

ကျန်းထျန် ရောက်ရောက်ချင်း ကုချန်းရွှမ်ထလာကာမှ သူ့လက်ထဲတွင်လည်း အထုပ်တစ်ထုပ် ကိုင်ထားမှန်း ကျန်းထျန် သိလိုက်သည်။

 

                         

ကျန်းထျန် သူမ၏ချွေးများကိုသုတ်လိုက်ကာ ဒီလူတွေ တော်တော်မြန်တာပဲဟုစဥ်းစားမိလိုက်သည်။ သူမ အသားနှင့်ဂျုံသာဝယ်ခဲ့၍ ဒီနေရာ ပြန်ရောက်မှာ သူမ ပထမဆုံးဟုတွေးခဲ့သည်ဖြစ်သည်။

 

                

"လူတွေအားလုံး ပြန်ရောက်ပြီ၊ ပြန်ကြစို့" ကုချန်းရွှမ် ဇက်ကြိုးတွေကို ပြန်ဖြည်လိုက်ပြီး လက်က အထုပ်ထဲမှပစ္စည်းများကိုလည်း နေရာချလိုက်သည်။ လူတိုင်းထိုင်ဖို့နေရာယူပြီးသည်နှင့် သူ မြည်းတင်ပါးကို ကြာပွတ်ဖြင့်ရိုက်လိုက်သည်။

 

               

မြည်းလှည်း ဖြည်းဖြည်းချင်း ရွေ့လာကာ ကျန်းထျန် အာရုံမစိုက်မိခင် အားကြောင့် မြေကြီးသို့ ပြုတ်ကျမလို ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူမဘေးက တစ်စုံတစ်ယောက်က သူမလက်ကို ဖမ်းဆွဲထားလိုက်သည်။

 

            

ကျန်းထျန် သူမကိုယ်ကို နေသားတကျဖြစ်အောင်နေလိုက်ပြီး နောက်သို့လှည်ကြည့်လိုက်စဥ် သူမအားကူညီသည့်သူမှာ စိတ်ထားကောင်းသော မိန်းမဖြစ်ကြောင်း တွေ့လိုက်သည်။ သူမမှတ်ဉာဏ်ထဲမှာ ဤမိန်းမနာမည်သိလိုက်ပြီး ပြုံးပြကာ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် တတိယမြောက်အဒေါ်!"