အပိုင်း ၂
Viewers 1k

အပိုင်း

 

           

တတိယမြောက်အဒေါ်မှာ ခုမြောက်ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ကုပေါင်ကော၏ ချွေးမဖြစ်သည်။ သူမသည် စိတ်နှလုံးကောင်းရှိ၍ ယုံကြည်အားကိုးရသူဖြစ်သည်။

 

               

 ဒီတတိယမြောက်အဒေါ်မှာ စီနီယာကျသူဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည်။

 

              

 စီနီယာ ဘယ်လောက်မြင့်လဲ?

 

                 

အားလုံးသိသည့်အတိုင်း အထူးသဖြင့် လူတိုင်းနီးပါး မျိုးရိုးတူနေသည့် ရွာတစ်ရွာတွင် စီနီယာကျမှုက တစ်စိတ်တစ်ပိုင်း အရေးပါသည်။

 

                    

သေချာစွာ အဆင့်စီထားသည့်အလျောက် တစ်ချိန်တည်းမှာပင် ဖရိုဖရဲနှင့် ကြီးကျယ်သည့်ပုံပေါ်သည်။

 

                       

 စီနီယာအဆင့်အရ ရွာထိပ်က သွားများအားလုံးမရှိတော့သော အသက်၈၀အဘိုးအိုမှာ ရွာနောက်ပိုင်းက မွေးကင်းစကလေးကို တတိယမြောက်ဦးလေးဟုခေါ်ရမည်ဖြစ်သည်။

 

                          

တတိယမြောက်အဒေါ်ဆိုသည်မှာလည်း ထိုသို့ပင် ဖြစ်သည်။ တစ်ရွာလုံး၏ ရွာသား တစ်ဝက်ကျော် ပြီးတော့ အသက်၅၀အောက်က ရွာသားအားလုံး သူမကို တတိယမြောက်အဒေါ်ဟု ခေါ်ရမည်ဖြစ်သည်။

 

               

ဤသည်ကတောင် ရိုးရှင်းသေးသည်။

 

              

ထိုသို့မဟုတ်လျှင် ကျန်းထျန် သူမကို အဘွားဟုခေါ်ရမည်ဖြစ်သည်။

 

               

ထို့ကြောင့် ဒီတတိယမြောက်အဒေါ်မှာ မည်မျှနာမည်ကြီးသည်နည်း?

 

                        

 အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်ကြီးကြီး သူမ၏ ရှေ့မျိုးဆက်သို့မဟုတ် နောက်မျိုးဆက်ဖြစ်စေကာမူ ဒီတတိယမြောက်အဒေါ်ကလို့ ပြောလိုက်သည်နှင့် မျက်နှာသာပေးကြသည်သာဖြစ်သည်။

 

                

ဥပမာ ယခုပင် "မပြောပလောက်ပါဘူး"တတိယမြောက်အဒေါ် ပြုံးလိုက်ပြီး ကျန်းထျန်လက်ကို ကိုင်ကာ "သမီး ငါတို့မိသားစုကို ရောက်လာပေမယ့် ခုထိ အစားအစာတွေနဲ့ စျေးဝယ်တာ နေသားမကျသေးဘူးလား? သမီးက ချွေးမအသစ်လေးဆိုပြီး အပြင်ထွက်ရမှာ မကြောက်နဲ့၊ တတိယမြောက်အဒေါ်နာမည်သာသုံးလိုက်။ ငါတို့အကုန်လုံးက မိသားစုတွေပဲ။ သမီးကို အရှက်ရအောင်မလုပ်ပါဘူး"

 

                       

"သမီးအသက်ကို ကုမိသားစုမှာ ဖော်ပြစရာမလိုဘူး။ အကြီးဆုံးချွေးမဆိုတာ အမေတစ်ယောက်လိုပဲ၊ အငယ်တွေက မရိုသေရင် သမီး ဆုံးမလို့ရတယ်"

 

                      

"ကျင်းဖန်၊ သူမက မျက်နှာတည်ပေမယ့် သဘောကောင်းပါတယ်။ စိတ်သာကြီးတာ။ အခုမိသားစုက အခက်အခဲတွေကြုံနေရတော့ သမီး အကူအညီလိုတယ်" ရွှီကျင်းဖန် မူလပိုင်ရှင်၏ ယောက္ခမ အခုတော့ သူမယောက္ခမလို့ ယူဆရမည်ဖြစ်သည်။

 

                     

ဒီစကားနည်းနည်းလေးနဲ့ ရွာကလူတိုင်း ဒီတတိယမြောက်အဒေါ်ကို ဘာကြောင့် မျက်နှာသာပေးသည်ကို ကျန်းထျန် နားလည်သွားသည်။

 

                

သူမပြောတာ ဘယ်လိုမှ မထင်ရပေမယ့် သူမ ပါးစပ်ဖွင့်တော့ "ငါတို့မိသားစု"လို့ပြောပြီး ပြောတာရပ်တော့ "သင်က လုပ်နိုင်စွမ်းရှိတယ်"လို့ဆုံးသည်။ စကားပြောတိုင်း နားဝင်ချိုမည့်စကားလုံးတွေသာ သုံးသည်။ ဘယ်သူက သဘောမကျပဲ နေမည်နည်း?

 

                        

အခုချိန်တွင် ဘယ်သူက ဒုက္ခမခံစားရလို့လဲ? သို့ပေမယ့် မည်သူက သင်ညည်းညူတာ ထိုင်နားထောင်နိုင်လဲ? ဤတတိယမြောက်အဒေါ်ကတော့ စကားချိုရုံသာမက သင့်ကို နှစ်သိမ့်ပေးပြီး အားလည်းပေးသည်။

 

 

ကျန်းထျန် - ခေတ်ပြိုင် စိတ်ပညာရှင်တစ်ယောက်ပဲ!!

ဒီလိုနှစ်မြုပ်နေသော လူကောင်းတစ်ယောက်ဖြစ်သည်။

 

           

တတိယမြောက်အဒေါ်ရှိသည့်နေရာတိုင်း စကားဝိုင်းဖြစ်သွားပြီး လူစည်သည်။ လှည်း မြို့မှထွက်ပြီး လမ်းကျဥ်လေးထဲ ဝင်သောအခါ အဘွားတစ်ယောက်က ထိုင်လိုက်ပြီး ကျန်းထျန်ကိုင်ထားသော စစ်စိမ်းရောင်အိတ်ကိုကြည့်ကာ ရယ်၍ လေသံခက်ထန်ထန်ဖြင့်" ဒီချွေးမလေးက မိခင်အိမ်ပြန်မလို့လား? စစ်စိမ်းရောင်အဝတ်က ရှားပါးတဲ့ ပစ္စည်းပဲ!"ဟု အော်ပြောလိုက်သည်။

 

                       

ကြားလိုက်ရသော ဘေးနားကလူများလည်း စတင်၍ တီးတိုးပြောလာကြကာ ကျန်းထျန်လက်ထဲက စစ်စိမ်းရောင်အိတ်ကို ဝိုင်းကြည့်ကြသည်။

 

           

အကြည့်စူးစူးများက ဖုတ်ကောင်များကြားထဲတွင် ရှင်သန်ခဲ့ရသော ကျန်းထျန်ကိုပင်လျှင် မသက်မသာ ခံစားရစေသည်။

 

                       

"နင်တို့မိသားစုမှာ အသုံးဝင်တဲ့လူတွေမရှိဘူး။ ဒီလိုအဝတ်စကောင်းကို သုံးစရာမလိုဘူး။ ငါ့မိသားစုမှာ အနက်ရောင်တစ်စရှိတယ်။ နင် ငါနဲ့ လဲလို့ရတယ်"

 

                          

ထိုလူက ကျန်းထျန်ကို ချွေးမအသစ်လေးဆိုပြီး အနိုင်ကျင့်ချင်သည့် မျက်နှာနှင့်ကြည့်သည်။

 

                     

ပြောပြီး သူမ လဲဖို့စလာသည်။

 

                  

 "မြန်မြန် ငါ့ကို ဒီအဝတ်စက ဘယ်လိုအမျိုးအစားလည်းပြ၊ အသားကောင်းလား? မကောင်းဘူးဆိုရင် နင် ငါ့ကို ပေးရမယ်........."

 

              

ကျန်းထျန် ယုတ်ညံ့သော လက်များ သူမအိတ်ကို လာထိသဖြင့် မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်း တစ်ဖက်သို့လှည့်ကာ "အဒေါ်က လူကောင်းပဲ၊ သမီးမှာ မိသားစုဝင်အများကြီး ရှိတာမြင်တော့ ဒီစစ်စိမ်းရောင်အဝတ်စက ခင်ပွန်းအတွက် အဝတ်ချုပ်လို့ရတယ်၊ အောက်က မောင်နှမငယ်တွေအတွက် စိုးရိမ်ပြီး အဒေါ့်အိမ်က  အနက်ရောင်အဝတ်စပေးတာဆိုတော့ အဒေါ်က အရမ်းကြင်နာတာပဲ!"

 

 

"အဝတ်ကြမ်းက တန်ဖိုးမရှိပါဘူး၊ ပြီးတော့ အဝတ်အနက်စ အဝတ်အစားလုပ်ရင် ကြည့်မကောင်းပေမယ့် မိသားစုက အမွှာကလေးတွေအတွက် အနှီးလုပ်ဖို့ အနေတော်ပါပဲ!"

 

 

ကျန်အဒေါ်များ - လူကောင်းလေး၊ မကြိုက်ရင် မလိုချင်ပါနဲ့

 

             

"သမီးကပဲ  အမွှာတွေအစား အဒေါ့်ကို ကျေးဇူးတင်ပါတယ်၊ ရက်၁၀၀ပြည့်အတွက် လက်ဆောင်လို့ သဘောထားလိုက်ပါ့မယ်။"

 

                 

ထိုအဒေါ်မျက်နှာ ပိုပိုရုပ်ပျက်လာသည်။ ကျန်းထျန် တစ်ချက်သာကြည့်ပြီး ဆက်ပြောလိုက်သည်။ " အဒေါ်သိတဲ့အတိုင်း သမီးမိသားစုက အခုခက်ခဲနေတာ၊ အလုပ်လုပ်နိုင်သူလည်း မရှိ၊ အိမ်မှာ ထိုင်စားနေတာ ပါးစပ်ဆယ်ပေါက်ထပ် အထက်ပဲ"

 

                  

"အမွှာတွေရဲ့ ရက်၁၀၀ပြည့်ကို မိသားစုက မလုပ်ပဲနေမလို့ပေမယ့် အဒေါ်က သဘောကောင်းပြီး သမီးတို့ကို အဝတ်စအတင်းပေးနေတော့ သမီး မယူပဲ မနေရဲပါဘူး"

 

            

"သမီးအခုပဲ အမေ့အိမ်က ပဲ ပေါင်ဝက်ယူလာတာ၊ သမီးယောက္ခမနဲ့သမီး ဟင်းတစ်ခွက် အဒေါ့်အိမ်လာပို့ပါ့မယ်"

 

                    

 ဒီကိစ္စ ဒီလိုဆက်သွားရင် ရွှီကျင်းဖန် သိပြီး ဒီအဘွားကြီးကို တံမြက်စည်းတစ်ချောင်းနှင့် ရွာအနှံ့ လိုက်ရိုက်မည်ဖြစ်သည်။

 

                

ရွှီကျင်းဖန်မှာ သာမန်လူမဟုတ်ပါ၊ သူမငယ်စဥ်က ဘိုးဘေးများနှင့် မကောင်းဆိုးဝါး လိုက်နှင်သည်ကို တစ်ရွာလုံးကလူများ သိသည်။

 

             

ငယ်ငယ်နှင့်ကွယ်လွန်သွားသည့် ရွှီကျင်းဖန်၏ခင်ပွန်း သူမယောက္ခထီး ကုချန်းချင်သည်လည်း စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက် သူစစ်ဆင်ရေးတစ်ခုတွင် ဒဏ်ရာရရင်း ကျဆုံးသွားခဲ့သည်။ သူ့ကိုလည်း အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။

    

          

 ကုချန်းချင် ကွယ်လွန်စဥ်အခါက ရွှီကျင်းဖန်မှာ ကိုယ်ဝန်နှင့်ဖြစ်ပြီး ကိုယ်ဝန်မှာလည်း အမွှာဖြစ်သည်။ သူမ ကုချန်းချင်ကို သင်္ဂြိုလ်ပြီး ကလေးများစွာကို တစ်ကိုယ်တည်း  ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။   

 

                        

ရွှီကျင်းဖန်မှာ အစကပင် ကိုယ်ခံပညာလေ့လာဆည်းပူးခဲ့ပြီး နောက် ကုချန်းချင်နှင့် စစ်တပ်ကလူများနှင့် တိုက်ခိုက်ရေးနည်းလမ်းများ လေ့ကျင့်ခဲ့သည်။

 

             

ရွာမှ အဒေါ်များမဆိုထားနှင့် ဂုဏ်သရေရှိလူကြီးများပင် ရွှီကျင်းဖန်ကို အထင်မသေးရဲပါ။ ကျန်းထျန်၏ နောက်ဆုံးစကားများကြောင့် ထိုအဒေါ် လည်ပင်းအညစ်ခံလိုက်ရသော ဘဲကဲ့သို့ ဖြစ်ကာ မျက်နှာနီရဲလာပြီး ပါးစပ်ပိတ်လိုက်ဖွင့်လိုက်နှင့် စကားပင် မပြောနိုင်တော့ပေ။

 

                   

သူမက ဒီချွေးမအသစ်လေး၏ညအကြီးဖြစ်၍ ဒီငယ်ငယ်ရွယ်ရွယ်နှင့် အားနာတတ်မည့် ချွေးမသစ်လေးက သူမလိုလူကြီးကို မငြင်းရဲလောက်ဘူးလို့ ထင်ခဲ့သည်။

 

                         

ဒီချွေးမသစ်လေးမှာ ရွှီကျင်းဖန်ကဲ့သို့ ပြောရခက်ပြီး သူမပြန်မပြောနိုင်လောက်အောင် ပြောရဲမည်ဟု မထင်ခဲ့ပါ။

 

             

ဒါက တန်ရဲ့လား? ရွှီကျင်းဖန်သာ သူမ သူ့အိမ်က အဝတ်စကို ယူသွားသည်သာသိလျှင့် ရွှီကျင်းဖန်အကျင့်အရ ညတွင်းချင်းပင် သူမအိမ်ကို ပြောင်းပြန်လှန်ပစ်မည်ဖြစ်သည်။

 

                

ပြီးတော့ သူမ၏တတိယမြောက်သားမှာ စစ်တပ်ထဲဝင်ရန်စဥ်းစားနေသောကြောင့် သူမခင်ပွန်းက ကုလျန်ရွှမ်ကို အကူအညီတောင်းထားသည်။ ကုမိသားစုက စစ်တပ်ထဲတွင် အဆက်အသွယ်များ ရှိသည်။ ကုလျန်ရွှမ် ဒဏ်ရာရပြီး အနားမယူခင် သူက အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သည်ဟုကြားသည်။ ထို့ကြောင့် သူက ကူညီပေးနိုင်မည့်ပုံပေါ်သည်။

 

                  

ဤအကြောင်းတွေးမိပြီး အဒေါ်၏မျက်နှာ ဖြူဖျော့လာပြီး အဝတ်စကို မလိုချင်တော့။ ခေါင်းငုံ့၍သူမအမှားကိုသာ ဝန်ခံလိုက်သည်။ "အဒေါ့်အမှားပါ အဒေါ့်အမှားပါ ချွေးမလေးအကြောင်း မစဥ်းစားမိတာ။ အဒေါ်က ပွင့်လင်းသွားတာပါ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး"

 

                

  "သမီး အဒေါ့်အိမ်က အဝတ်စနဲ့ အမွှာတွေအတွက် အနှီးလုပ်ချင်တယ်မလား။ သမီးသိတဲ့အတိုင်း အဒေါ့်အိမ်က သမီး တတိယမြောက်အကိုက စစ်တပ်ထဲဝင်ဖို့တွေး......"

 

 

အဒေါ်ပြောမပြီးခင်မှာပင် တတိယမြောက်အဒေါ် ကြားဝင်ပြောလိုက်သည်။ "လီချွင်ဟွာ နင်အထင်မှားနေတာပဲ။ နင့်အိမ်က တတိယမြောက်ကလေး စစ်တပ်ထဲဝင်တာ ကျန်းထျန်နဲ့ ဘာဆိုင်လို့လဲ?"

 

                     

"အဖွဲ့ထဲပြန်တော့။ ငါ နင့်ယောက္ခမကို ပြောရလိမ့်မယ်!"

 

        

လီချွင်ဟွာ တတိယမြောက်အဒေါ်ကို ငေးကြည့်လိုက်ပြီး ဒီအဘွားကြီးက ဒီမှာ ဘာလုပ်နေတာပါလိမ့်။ သူကိုပြန်ဖြေရင် ရူးလိမ့်မယ်။ သူမက ကောင်းကိုမကောင်းဘူး။               

 

                  

ကျန်းထျန် လီချွင်ဟွာ၏ စိတ်ပျက်သွားသောအမူအရာကို မဲ့ကြည့်ပြီး  ဒီမိန်းမက သူမကို သိုးကလေးကဲ့သို့ကြည့်၍ သူမဆီမှရသလောက် ညှစ်ထုတ်မည်ဖြစ်သည်။ အစီအစဥ်တစ်ခု ပျက်သွားလျှင် နောက်တစ်ခုကြံမည်ဖြစ်သည်။

 

                

မူလပိုင်ရှင်က လွယ်လွယ်လေးလှည့်စား၍ ရသည်လားဟု သူမစဥ်းစားမိသည်။

 

                     

ကျန်းထျန်ထက် တတိယမြောက်အဒေါ်ပြောသည်က ပိုထိရောက်သည်ဖြစ်သည်။ တတိယမြောက်အဒေါ် ရွာပတ်၍ ပြောမည်ကိုကြောက်၍ လီချွေဟွာ ဆက်မပြောရဲတော့ပဲ လှည်းနောက်သို့ဆုတ်ကာ အစမချီရဲတော့ပေ။

 

 

"ချွေးမလေး မကြောက်ပါနဲ့။ လီချွေဟွာ ပြောတာကို စိတ်ထဲထားစရာမလိုဘူး။ ဒီအဝတ်စက သမီးဟာ၊ ဘယ်သူမှ မယူရဲပါဘူး။ လီချွေဟွာ ယူရဲရင် သမီး လမ်းပေါ်ထွက်အော်လိုက်၊ ဒါဆို သူမ လုပ်ရဲမယ် မထင်ဘူး"

 

                         

တတိယမြောက်အဒေါ်က  လီချွေဟွာကို မျက်စောင်းထိုးလိုက်သည်။ ဒီလီချွေဟွာက တကယ်အရှက်မရှိတာပဲ။ ခေါင်းလည်းမကောင်း။ လူအများကြီးရှေ့မှာ စစ်တပ်ထဲ အဝတ်စပို့ရန်ပြောရဲသည်။ ကုမိသားစုဘဝက အရမ်းကောင်းနေလို့လား?

 

                          

 ကျန်းထျန် တတိယမြောက်အဒေါ်ကူညီသည်ကို နားလည်သည်။ သူမပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် တတိယမြောက်အဒေါ်၊ သမီးအားရင် အမေ့ကို စကားမှာလိမ့်ပါ့မယ်" ကျန်းထျန် အိတ်ထဲမှ ထုတ်ချင်ဟန်ဆောင်ပြီး လေဟာနယ်ထဲမှ ထုတ်ယူလိုက်သည်။

 

                

ကွာစေ့များကို လက်အပြည့်ယူလိုက်ပြီး တတိယမြောက်အဒေါ်လက်ထဲထည့်ကာ "တတိယမြောက်အဒေါ်၊ စားပါ" ဟုပြောလိုက်သည်။

 

    

တတိယမြောက်အဒေါ်က အပြုံးနှင့် ယူလိုက်သည်။ ကျန်းထျန်က ဒီလိုသဘောထားပြည့်ဝသည်။ ဘယ်လိုဖြစ်ဖြစ် လူကြီးတွေ ချစ်တာ ခံသင့်သည်။  တတိယမြောက်အဒေါ်  သူမစိတ်ထဲ ကျန်းထျန်နှင့် ရင်းနှီးလာသည်ဟု ခံစားမိ၍ သူမဝယ်လာသော အသီးချိုချဥ်ကို ထုတ်လိုက်ကာ "ရှောင်ဝူနဲ့ ရှောင်လျို စားဖို့ ယူသွားလိုက်ပါ" ဟု ကျန်းထျန်ကို ပေးလိုက်သည်။

 

                   

ပေးလိုက်ယူလိုက်နှင့် အဆင်ပြေနေသော သူတို့၂ယောက်ကိုကြည့်၍ တတိယမြောက်အဒေါ်   ကျန်းထျန်ကို ကာကွယ်နေသည်ကို သိပြီး တစ်ခြားလူများလည်း ပြသာနာမရှာရဲတော့ချေ။ မြည်းလှည်းလည်း မြစ်ဖြတ် တောင်ဖြတ်နှင့် နေ့လယ်ခင်းအချိန်တွင် လုပ်ငန်းအဖွဲ့ဆီသို့ ပြန်ရောက်လာခဲ့သည်။

 

                 

တတိယမြောက်အဒေါ်  ကျန်းထျန်ကို ကုအိမ်တံခါးရှေ့ထိ လိုက်ပို့ပြီး "ကောင်းပြီ၊ ထျန်ထျန် သမီး ဝင်လို့ရပြီ။ ပစ္စည်းတွေ လျှောက်ပေးစရာမလိုဘူး။ အဒေါ် မနက်ဖြန် မီးယောက္ခမကို လာပြောမယ်!"

 

 

                  

ကျန်းထျန် တတိယမြောက်အဒေါ်ကို " နှုတ်ဆက်ပါတယ် တတိယမြောက်အဒေါ်"ဟု ပြောကာ လက်ပြ နှုတ်ဆက်လိုက်သည်။

 

                 

ကျန်းထျန် နောက်လှည့်လိုက်ပြီး တံခါးသို့ အလျင်အမြန်မဝင်ပါ။ အထုပ်ထဲမှ ဝက်ဗိုက်သား ၁၀၀ဂရမ်ကို ထုတ်လိုက်ကာ ပွားနိုင်သောစွမ်းအားဖြင့် အသား၂တုံးမှ ၄တုံး ၄တုံးမှ ၈တုံး နောက်ဆုံး ၃ပေါင်ခန့်ရမှ ရပ်လိုက်သည်။

 

                    

ထိုအချိန်တွင် တံခါးတစ်ဖက်၌ ကုမိသားစု၏ ခြံလေးဖြစ်သည်။ ဝှီးချဲပေါ်တွင် ထိုင်နေသော ကုလျန်ရွှမ်ကို အပြင်သို့ တွန်းလာသည်။ သူ့နောက်တွင် လယ်ထဲမှ ပြန်ခေါ်ထားသော ကုလျန်ရုန်၊ အထက်တန်းကျောင်းနားရက် အိမ်သို့ပြန်လာသော ကုလျန်မင်၊ အမွှာ ကုလျန်ရှင်း ကုလျန်ထောင်၊ ကုလျန်ရုန် လက်ကို ဖက်ထားသော ဒုတိယမြောက်ညီမ ကုလျန်ရှင်၊ အမွှာညီအစ်မ ကုပင်းနှင့် ကုအန်း။

 

         

ရွှီကျင်းဖန်မှလွဲ၍ တစ်မိသားစုလုံး၏ ညီအကိုမောင်နှမများ သားသမီးများ ရှိနေကြသည်။

 

                 

ကုလျန်ရုန် မျက်မှောင်ကြုတ်ကာ "ရှောင်မင်၊ မင်း ဘာလို့ ရှောင်ထောင်ကို ငါအိမ်ပြန်လာဖို့ ခေါ်ခိုင်းတာလဲ?"

 

 

 အသင်းတွင် အလုပ်များ လုပ်စရာရှိသေးသည်။ ဒါကိုလွတ်သွားလျှင် တစ်နေ့တာအလုပ်အမှတ်တစ်ဝက် လျော့လိမ့်မည်။ ကုလျန်ရုန် စိတ်ဓာတ်ကျနေသည်ဖြစ်သည်။

 

           

ကျလျန်မင် ထေ့ငေါ့၍ "စောင့်ကြည့်နေ။ ဒီနေ့ နေဝင်တောင် အဲ့မိန်းမ ပြန်လာမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

 

                    

ကုလျန်ရုန် သတိမထားမိဘဲ သူ့နဖူးကို နှိပ်ချင်သွားသည်။ သို့သော် သူ့လက်တစ်ဖက်စီမှာ ကလေးတွေကို ချီထားသည်။ ကလေးတွေမှာ ကြာတော့ ချီထားသည်ကိုမကြိုက်တော့ " ငါ ပင်းပင်းနဲ့ အန်းအန်းကို အိမ်ထဲအရင်ပြန်ပို့လိုက်ဦးမယ်"

 

                 

နွေရာသီတွင်ပင် ကလေး၂ယောက်မှာ ရက်၁၀၀ မပြည့်သေးပါ။

 

            

 ကုလျန်မင်  ခုမှ သတိဝင်ကာ "အိုး သမီး သူတို့ကိုမေ့သွားတာ!" သူမ မိမိကိုယ်ကို အပြစ်တင်မိသည့်မျက်နှာနှင့် စိတ်ရှုပ်သွားသည်။ " တတိယမြောက်အကို၊ ဒါဆို ကလေးတွေကို မြန်မြန် ချထားပြီး စောင့်ဖို့ ထွက်လာခဲ့ဦး"

 

                   

ကုလျန်ရုန် ခဏရပ်လိုက်ပြီး" ဒါဆို ရှောင်မင် ခယ်မက အိမ်ပြန်မလာဘူးပြောပြီး ညီမလေး ဘယ်သူ့ကိုစောင့်နေတာလဲ? အမေ့ကိုလား?"ဟု မေးလိုက်သည်။

 

                          

အမေက သူ့ကို ရှောင်မင် ပြန်ခေါ်သည်ကို မသိပါ။ ရှောင်မင် ဒီည ညစာမစားမည်ကို သူသိသည်။ အလုပ်အမှတ်က မည်မျှအရေးကြီးကြီး မိသားစုလောက်အရေးမကြီးပါ။

 

                    

 ပြန်ထွက်လာပြီးသည့်နောက် ကုလျန်ရုန် ဝှီးချဲပေါ်က ကုလျန်ရွှမ်ကိုကြည့်ပြီး "အကိုအကြီးဆုံး၊ ရှောင်မင် ပေါက်ကရလုပ်တာကို အကိုဘာလို့မတားတာလဲ?" ဟု မေးလိုက်သည်။

 

            

သူ ပြောမပြီးခင် တံခါးအပြင်ဘက်မှ ခြေသံများကိုကြားလိုက်၍ ကုလျန်ရုန် နားစွင့်လိုက်သည်။ " ဒါ တတိယမြောက်အဒေါ်အသံမလား?"

 

 

"ထျန်ထျန်...... ပစ္စည်းတွေ လျှောက်ပေးစရာမလိုဘူး.....အဒေါ် မနက်ဖြန် သမီးယောက္ခမကို လာပြောမယ်......"

 

            

ကုလျန်မင် အထူးသဖြင့် ကျန်းထျန်အသံကိုကြားပြီးသည့်နောက် မယုံနိုင်စွာ အံ့အားသင့်သွားသည်။

 

 

ဒူးပေါ်တွင် တင်ထားသောကုလျန်ရွှမ်လက်လည်း အမှတ်မထင် လှုပ်မိသွားပြီး  နှုတ်ခမ်းများ တင်းတင်းစေ့ကာ တံခါးကို စူးစိုက်ကြည့်လိုက်သည်။

 

                       

ကုလျန်ရှင်းနှင့် ကုလျန်ထောင်မှာ ဘာလုပ်ရမည်မသိပေ။ အကိုအကြီးဆုံး ကုလျန်ရွှမ်၊ တတိယမြောက်အကို ကုလျန်ရုန်၊ စတုတ္ထမြောက်အစ်မ ကုလျန်မင်တို့ကိုသာ ကြည့်၍ တစ်ယောက်ယောက် မှာမည်ကိုသာ စောင့်နေလိုက်သည်။

 

               

ကုလျန်ရုန်မှာ သူတို့ကဲ့သို့ မတည်ငြိမ်ပါ။ သူပြုံးကာ"ခယ်မပြန်လာပြီ!"ဟုပြောလိုက်သည်။ သူ ကုလျန်ရုန်ခေါင်းထိပ်ကိုကြည့်၍"အကိုကြီးက ခယ်မအိမ်ပြန်လာတာစောင့်ဖို့ တမင်တကာ လူခေါ်လိုက်တာပဲ!"

 

       

ကျန်းထျန် တံခါးကို တွန်းဝင်လာသည်နှင့် ကုလျန်ရုန်စသည်ကို ကြားလိုက်ရသည်ဖြစ်သည်။ သူမ အထုပ်ကြီးကိုပါ ပစ်ချမိမလိုဖြစ်သွားကာ လှည့်ကြည့်လာသော ကုလျန်ရွှမ်နှင့် အကြည့်ချင်းဆုံသွားသည်။

 

 

သူမ ကုလျန်ရွှမ်၏ ခန့်ညားသော မျက်နှာကြောင့် ၃စက္ကန့်လောက် ရပ်တန့်သွားသည်။ သူမ အထုပ်အပေါ် ဆုံးက အသား၁ပေါင်ကို ထုတ်ယူလိုက်ပြီး ပြုံးကာ "ကျွန်မ ဝက်ဗိုက်သားဝယ်လာတယ်။ ညစာအတွက် နှပ်ပေးရမလား?"ဟု မေးလိုက်သည်။