အပိုင်း ၃
Viewers 946

အပိုင်း ၃

 

 

 

        

ကျန်းထျန် ပြောမပြီးခင်မှာပင် သူမလက်ထဲက အသားပေါ်သို့ ကျရောက်လာသော အကြည့်စူးစူး၂စုံကို ခံစားလိုက်ရသည်။ သူမ ကြည့်လိုက်သောအခါ ကုလျန်ရှင်းနှင့် ကုလျန်ထောင်ဖြစ်နေသည်။

 

                

ဒီမောင်နှမ၏ မျက်လုံးများက တောက်ပနေပြီး သူတို့ပါးစပ်များကို လက်နှင့်အုပ်ထားကြသည်။ သူတို့မျက်လုံးများဖြင့် ဝက်ဗိုက်သားကို ချက်နေသည့်ပုံပေါ်သည်။

 

            

သူတို့၂ယောက် အမူအရာကိုကြည့်၍ ကျန်းထျန် သဘောကျစွာရယ်လိုက်သည်။ ၂ယောက်​ကို လက်ဖြင့်ခေါ်ကာ "ရှောင်ဝူနဲ့ ရှောင်လျို, မရီးမှာ ချိုချဥ်ရှိတယ်။ စားကြမလား?!"

 

                        

ကုလျန်ရှင်းနှင့် ကုလျန်ထောင်မျက်လုံးများ တောက်ပသွားပြီး အစာကောက်သော ကြက်ကလေးများကဲ့သို ခေါင်းငြိမ့်ကာ သူတို့၏ စတုတ္ထမြောက်အစ်မဆီမှ ကျန်းထျန်ဆီပြေးလာ၍ ခေါင်းမော့ကာ ချိုချဥ်ကိုတောင်းတနေသောအကြည့်များဖြင့် ကြည့်နေလေသည်။

 

                  

ကုလျန်ရုန် ဝှီးချဲပေါ်က အကိုအကြီးဆုံး နှုတ်ခမ်းတင်းတင်းစေ့ထားပြီး မျက်လုံးများ အနည်းငယ်ကျယ်လာသည်ကို တွေ့လိုက်သည်။ သူလည်း မရီးကျန်းထျန် ကိုကြည့်လိုက်သည်။ မရီးမှာ ကြည့်​ကောင်းသောမျက်နှာရှိသည်။ သူမ မပြုံးလျှင်တောင် လှပသည်။ သူမပြုံးသောအခါ အကိုအကြီးဆုံး ဒီလိုပြုမူသည်မှာ မထူးဆန်းပါ။

 

             

ကုလျန်ရုန် သက်ပြင်းအသာချ၍ အကိုအကြီးဆုံးက မရီးကို သဘောကျပေမယ့် သူ့စိတ်က ထူးဆန်းပြီး တနေကုန် ကလေးတစ်ယောက်ကို ခြောက်နိုင်သောမျက်နှာနှင့်ဖြစ်သည်။ သူသာ မရီးဆိုလျှင် အကိုအကြီးဆုံးကို ကြိုက်မည်မဟုတ်ပါ။

 

        

ဒီလိုတွေးမိပြီး အကိုအကြီးဆုံး၏ ညီတစ်ယောက်အနေနှင့် အကို၏ တစ်ဘဝစာပျော်ရွှင်မှုအတွက် ပါရမီဖြည့်ပေးသင့်ကြောင်း ကုလျန်ရုန်တွေး​လိုက်သည်။    

 

            

ကုလျန်ရုန် ဝှီးချဲနောက်မှနေ၍ ဝှီးချဲကို ရှေ့သို့တွန်းလိုက်သည်။ တွန်းလိုက်မှ အသိဝင်လာသော ကုလျန်ရွှမ် နောက်သို့လှည့်၍ ကုလျန်ရုန်ကိုကြည့်ကာ အသံတိုးတိုးဖြင့် "တတိယ ညီ!"ဟု သတိပေးလိုက်သည်။

 

                  

ကုလျန်ရုန် အကိုအကြီးဆုံး၏ ဒေါသကို ဂရုမစိုက်ပဲ ဝှီးချဲကို တွန်းရင်း စတုတ္ထမြောက်ကုလျန်မင်ကို ပြောလိုက်သည်။

 

 

 "ရှောင်မင်၊ မရီးဆီက ပစ္စည်းတွေ ကူသယ်လိုက်ဦး။ ဒီည ဝက်သားနှပ် စားကြမယ်"

 

 

သူ ပြောပြီး ခေါင်းငုံ့၍ ကုလျန်ရွှမ်ကို မေးလိုက်သည်။ "အကိုအကြီးဆုံး၊ ကျွန်တော်တို့မိသားစု အသားမစားရတာ ကြာပြီ။ အကိုအကြီးဆုံးရော  စားမယ်မလား?"

 

              

ကျန်းထျန် အမွှာများနှင့် မျက်လုံးချင်းဆုံရန် ထိုင်ချလိုက်ကာ အမွှာဆံပင်တွေကို ပွတ်သတ်ပြီး အိတ်ထဲမှ ချိုချဥ်တွေကို လက်တစ်ဆုပ်ယူကာ ဖြန့်ထားသော လက်တွေပေါ်  ထည့်လိုက်ပြီး အမွှာတွေကို မှာလိုက်သည်။

 

                  

"ညစာမစားခင် တစ်လုံးပဲစားရမယ်။ အိပ်ရာမဝင်ခင် သွားတိုက်ပြီးရင် ထပ်​မစားရတော့ဘူး။ တစ်နေ့ ၃လုံးထပ်ပိုမစားရဘူးနော်"

 

             

ကုလျန်ရှင်းနှင့် ကုလျန်ထောင် အတူတူ ခေါင်းညိတ်၍ "ဟုတ် မှတ်မိပါတယ်!"

 

           

  ကျန်းထျန် ရှောင်းထောင်လေး၏ ပါးဖောင်းဖောင်းလေးများကို ညှစ်ရင်း "ကောင်းပြီ၊ သွားဆော့လို့ရပြီ!" ဟု ပြောလိုက်သည်။

 

                  

 ကလေး၂ယောက် အိမ်ထဲ ခုန်ပေါက်ဝင်သွားသည်ကိုမြင်မှ ကျန်းထျန် ထလိုက်သည်။ သူမလက်ထဲမှ အထုပ်အယူခံလိုက်ရ၍ ကြောင်သွားကာ ကြည့်လိုက်တော့ စူပုပ်ပုပ်မျက်နှာနှင့် ကုလျန်မင် ပြောတာကြားလိုက်ရသည်။ "သမီး သွားချက်လိုက်မယ်၊ အစ်မ ဒီမှာနားလိုက်ပါ!"

 

     

လေသံကတော့ မာသည်ဖြစ်သည်။

 

             

ကုလျန်ရုန်က ကုလျန်ရွှမ်ကို ကျန်းထျန်ရှေ့သို့ တွန်းလိုက်ပြီး "မရီး၊ ကျွန်တော် လယ်ထဲမှာ အလုပ်လုပ်စရာကျန်သေးတယ်၊ နောက်ကျလာပြီဆိုတော့ ကျွန်တော် မြန်မြန်သွားလိုက်ဦးမယ်၊ နမို့ ဒီနေ့လည်အတွက် ကျွန်တော့်အလုပ်အမှတ် လျော့လိမ့်မယ်။ အကို​အကြီးဆုံးကို မရီးလက်အပ်ပါတယ်"ဟု ပြောလိုက်​သည်။

 

                 

ကုလျန်ရုန် ပြုံးကာ ဘေးသို့ ၂လှမ်းဆုတ်လိုက်ပြီး ပြောလိုက်သည်။ "မရီးလိုတာရှိရင် လျန်မင်ကို ခေါ်လို့ရတယ်၊ ပင်းပင်းနဲ့ အန်းအန်းကိုလည်း မရီးအစား ရှောင်ဝူနဲ့ ရှောင်လျို ထိန်းပေးပါလိမ့်မယ်။ ဒါကြောင့် မရီးစိတ်ပူစရာမလိုပါဘူး။ အကိုအကြီးဆုံးနဲ့သာ နေလို့ရပါတယ်"

 

                  

ပြောပြီးပြီးချင်း ကုလျန်ရုန် သူ့အစ်ကိုအကြီးဆုံးကို ထားကာ အမြန်ထွက်သွားတော့သည်။

 

               

ကုလျန်ရွှမ် စကားပြောချိန်ပင်မရ။ ထိုကလေး ကုလျန်ရုန်မှာ ပျောက်သွားပြီဖြစ်သည်။

 

               

ခြံထဲတွင် လူ၂ယောက်သာရှိတော့သည်။

 

              

ကျန်းထျန် ဝှီးချဲပေါ်က ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။

 

                

နွေလယ်ညနေခင်းတွင် ခြံလေးထဲတွင် ပန်းရနံ့များ သင်းပျံ့နေသည်။

 

                    

တိတ်ဆိတ်ငြိမ်သက်နေ၍ ကျန်းထျန် လက်များကို မသိမသာပွတ်သတ်နေမိသည်။ "ဒါဆို ရှင်...."

 

               

ကုလျန်ရွှမ် ကျန်းထျန်အားကြည့်ရင်း "မင်း မလုပ်....."

 

               

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောမိသွား၍ ပြန်နှုတ်ဆိတ်သွားကြသည်။

 

                

တစ်ဖန် တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားပြန်သည်။

 

 

ကျန်းထျန် ခက်ခဲစွာဖြင့် စကားစလိုက်သည်။ "ရှင် ခြံထဲမှာ နေပူစာလှုံချင်လား ဒါမှမဟုတ် အိမ်ထဲပြန်ပြီး နားမလား?" သူမ တကယ်ပဲ အနေရခက်နေသည်။

 

                 

ကုလျန်ရွှမ်က "ခြံထဲမှာ အဆင်ပြေပါတယ်" ဟု ပြောကာ ခေါင်းလှည့်သွားသည်။ သူ့အသံမှာ ခြောက်ကပ်နေသည်။ "မင်းကတော့ အိမ်ထဲမှာ သွားနားလို့ရပါတယ်။"ဟုထပ်ပြောလိုက်သည်။

 

                

ကျန်းထျန် ကုလျန်ရွှမ်နောက်သွားကာ သူ့ကို အပင်အောက်သို့ တွန်းလိုက်ပြီး "ကျွန်မ မပင်ပန်းပါဘူး။ ရှင်ဒီမှာပဲ နားနေပါ။ တခုခုလိုရင် ကျွန်မကို လှမ်းခေါ်လိုက်ပါ။ ကျွန်မ လျန်မင်ကို သွားရှာလိုက်ဦးမယ်"

 

                

ကုလျန်ရွှမ် ကျန်းထျန်နောက်ကျောကိုငေးကြည့်ပြီး မျက်တောင်များ အနည်းငယ်တုန်လှုပ်နေသည်။

 

                 

ကျန်းထျန်အစစ်က ဒီလိုလုပ်မှာမဟုတ်ဘူး။

                  

 

ကျန်းထျန်က သူ့ကို သဘောမကျဘူး။

                   

 

ကျန်းထျန်က သူ့ကို ပြုံးမပြဖူးဘူး။

 

                    

ကျန်းထျန် သူမအိတ်ထဲကပစ္စည်းတွေကို ပြန်စစ်ချိန်မရလိုက်ပါ။ ကုလျန်မင်သာ တစ်ခုခုမမှန်တာတွေ့လျှင် သူမ ရှင်းမပြနိုင်ပါ။

 

                        

ကျန်းထျန် မီးဖိုချောင်ထဲတွင် ကုလျန်မင်ကို ရှာရန် မြန်မြန်သွားလိုက်သည်။ ကံကောင်းစွာဖြင့် ကုလျန်မင်မှာ ရေနွေးအိုးတည်နေသည်ဖြစ်၍ အထုပ်ကိုစစ်ချိန်မရသေးပါ။

 

               

"ရှောင်မင်၊ အစ်မ သမီးကိုကူပေးမယ်!" ကျန်းထျန် မြေကြီးပေါ်တွင် ထိုင်နေသော ကုလျန်မင်ကိုကြည့်၍ ပြောလိုက်သည်။

 

                      

ကုလျန်မင် အံ့အားသင့်၍ ထူးဆန်းနေသော မျက်နှာနှင့် ရုတ်တရက် ခေါင်းကို လှည့်ကြည့်လာသည်။ ဒီပျင်းရိ၍ အလွန်တရာပျော့ညံ့လှသော ယောင်းမမှာ စိတ်ပြောင်းပြီး မိသားစုကို စတင်ကူညီလာသည်ကို မယုံနိုင်။

 

                  

ကျန်း​ထျ​န် ကုမိသားစု၌ အိမ်ထောင်ကျသည့် ၃လအတောအတွင်း ဟင်းတစ်ခါမှ မချက်။ အကိုအကြီးဆုံးအတွက် မိသားစုက ဝယ်ပေးသော ဖြည့်စွက်စာအားလုံးကိုပင် သူမ အကုန်စားလိုက်သည်ဖြစ်သည်။

 

                          

ဒါတင်မက ကျန်းထျန်သည် ညစ်ပတ်နေသာအဝတ်များနှင့် စောင်များအားလုံးကို သူမကို ပစ်ပေးပြီး လျှော်စေကာ အနိုင်ကျင့်သည်ဖြစ်သည်။

                       

 

သူမ ဒီယောင်းမကို အမုန်းဆုံးဖြစ်သည်။

 

                         

 

ကျန်းထျန် ဒီနေ့ ပစ္စည်းတွေဝယ်ရန် အပြင်ထွက်ခြင်းမဟုတ်ကြောင်း သူမသိသည်။ ကျန်းထျန်က ပညာတတ်လူငယ်တစ်ယောက်နှင့် ထွက်ပြေးချင်သည်ဖြစ်ပြီး မိသားစုမှ ငွေများပင် ခိုးယူသွားခဲ့သည်။

                      

 

သူမနှင့် အကိုအကြီးဆုံးက အကိုအကြီးဆုံးငွေသိမ်းလေ့ရှိသည့် သံသေတ္တာထဲတွင် ယွမ်၂၀နှင့် လက်မှတ်အချို့သာ ကျန်တော့သည်ကို တွေ့ပြီးပြီဖြစ်သည်။

 

                     

ဘယ်နေရာလွဲသွားသည် မသိပေမယ့် ဒီမိန်းမက အိမ်ပြန်လာပြီး ရှောင်းဝူနှင့် ရှောင်းလျိုကို ချိုချဥ်များပေး၍ ယောင်းမကောင်းတစ်ယောက်ကဲ့သို့ ပြုမူကာ ယခု သူမကို ဟင်းချက်ရန် ကူညီမည်ဟုပင် ပြောသေးသည်!!

 

             

ကုလျန်မင် နှုတ်ခမ်းစူလိုက်ပြီး :ဘာလို့ မယုံချင်စရာဖြစ်နေရတာလဲ!!!

 

                   

ကျန်းထျန်က ကုလျ​န်မင် ဘာတွေးနေသည်ကို မသိပါ။ သူမ အထုပ်များချထားသည့် စားပွဲသို့ သွားလိုက်ပြီး ချည်ထားသည်ကို ဖြည်လိုက်ကာ တစ်ခုပြီးတစ်ခုထုတ်လိုက်သည်။

 

                   

 ချိုချဥ်၊ ကလေးနို့မှုန့်၊ ဝက်ဗိုက်သား တစ်ပေါင်စီ ၃ထုပ်၊ ကြက်ဥအလုံး၂၀၊ ဂျုံချော ပေါင်၃၀၊ ဆန်ပေါင်၂၀၊ အမျိုးသမီးလစဥ်သုံးပုဝါ ၁၀၀၊ အဖြူရောင်ချည်တစ်စ.....

 

                        

အထုပ်ထဲမှ ပစ္စည်းများကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။

 

                       

ကုလျန်မင် မီးမွှေးနေရင်း ပစ္စည်းများစွာကို တွေ့လိုက်၍"ဘာလို့ ဒီလောက်အများကြီး ဝယ်လာရတာလဲ?"ဟု ကျန်း​ထျ​န်ကို အော်မေးလိုက်သည်။

 

                       

အိမ်တွင် ပိုက်ဆံမရှိပါ။ အကိုအကြီးဆုံးမှာ လတိုင်း ဆေးယူရန် မြို့ကဆေးရုံသို့ သွားရန်လိုသည်။ ကျန်း​ထျ​န်က တစ်ကြိမ်တည်းနှင့် ပစ္စည်းအများကြီး ဝယ်လာလျှင် နောက်လ မိသားစုက မြေကြီးသွားစားရမှာလား?ကုလျန်မင် စားပွဲပေါ်မှ ပစ္စည်းများကိုကြည့်ရင်း မျက်လုံးများ မီးတောက်လာသည်။

 

                     

ကျန်း​ထျ​န် ကုလျန်မင်အော်သံကြောင့် နှလုံးရပ်သွားသလိုပင် ခံစားလိုက်ရသည်။ ကမ္ဘာပျက်ခေတ်က ဖုတ်ကောင်အသံထပ်ပင် ကုလျန်မင်အသံက ပိုစူးသည်ဟုပြောလျှင် ပိုမည်မထင်။

 

                    

ကျန်းထျန် ခေါင်းမူးသွား၍ စားပွဲကို မှီလိုက်ရသည်။"ဘာဖြစ်လို့လဲ? မိသားစုက လိုတဲ့အရာအားလုံး ငါဝယ်ခဲ့တာ!" သူမ​တကယ်ပဲ ဒီပစ္စည်းများကို လိုသည်။

 

                   

ကုလျန်မင် ကျန်းထျန်၏ ယုံကြည်မှုရှိရှိ ပြောလိုက်သောစကားများကြားပြီး ရင်ဘက် တက်လိုက်ကျလိုက်ဖြစ်လာကာ"နင်!" ကုလျန်မင် ကျန်းထျန်ကို မျက်စောင်းထိုးကာ မီးမွှေးနေသည်ကိုရပ်လိုက်သည်။

 

               

ကုလျန်မင် ဘာမှမပြောပဲ ဒေါသနှင့် အပြင်ထွက်တော့မည်ကိုမြင်၍ ကျန်းထျန် ရှေ့တိုးလိုက်ပြီး ကုလျန်မင်လက်ကို ဆွဲလိုက်သည်။"ဒါတွေက တကယ်အသုံးတည့်တာ။ အစ်မကို မယုံရင် ကိုယ်တိုင်ကြည့်ကြည့်" သူမ ကုလျန်မင်ကို စားပွဲရှေ့သို့ ဆွဲခေါ်သွားလိုက်သည်။

 

 

ကုလျန်မင် မယုံနိုင်လှသဖြင့် ပါးစပ်ပင်မပိတ်နိုင်။ သူမ တကယ်ပင် အမြဲတမ်းပိန်ပါးပြီး အားနည်းသော ကျန်း​ထျ​န်၏ဆွဲခေါ်ခြင်းခံရသည်ဖြစ်သည်။  

 

                     

ကုလျန်မင် မျက်လုံးများ ကြောက်လန့်လာပြီး သူမနောက်ကမြေကြီးကို ကြည့်သောအခါ သူမအဆွဲခံလာရသော လမ်းကြောင်းကိုတွေ့လိုက်သည်။ သက်သေက အလွန်ထင်ရှားနေသည်ကို သူမ မယုံနိုင်ပေ။

 

                

ကုလျန်မင်မျက်လုံးများပိုမိုမီးတောက်လာသည်။ ကျန်းထျန်က လူလိမ်ပဲ။ သူမဒီလောက်သန်မာတာ၊ ဘာလို့ အမေ့ကို အားနည်းတယ်လို့ပြောပြီး အလုပ်မသွားတာလဲ?

 

                    

"ဒီမှာကြည့်၊ ဒီနို့မှုန့်က လိုအပ်တယ်မလား? လျန်ရှန်မရှိတော့ဘူးဆိုပြီး ပင်းပင်းနဲ့အန်းအန်းကို ဆန်ပြုတ်ပဲ အချိန်တိုင်း တိုက်နေလို့မရဘူးလေ" ကျန်း​ထျ​န် နို့မှုန့်ကို ညွှန်ပြလိုက်သည်။

 

                       

မိသားစု၏ ဒုတိယမြောက်သမီး ကုလျ​န်ရှန်မှာ အမွှာတွေကို မွေးပြီးပြီးချင်း ဆုံးပါးသွားချင်းဖြစ်သည်။ ထို့ကြောင့် အမွှာတွေမှာ မိခင်နို့မသောက်ရဘဲ ဆန်ပြုတ်သာသောက်ရသည်။

 

                

ကုလျန်မင် ပါးစပ်ပိတ်သွားပြီး ဘာမှ မပြောနိုင်တော့။

 

              

နို့မှုန့်ကို လွယ်လွယ်ကူကူ မဝယ်နိုင်ပါ။ စျေးရုံတွင် နို့မှုန့်ရောင်းသည်မှာရှားသည်။ ဝယ်၍ရလျှင် အကိုအကြီးဆုံး ဆေးမဝယ်ဘဲ ပင်းပင်းနဲ့ အန်းအန်းကို နို့မှုန့်ဝယ်တိုက်သည်ဖြစ်သည်။

 

                    

"ဒီချည်စက ကော်တွန်အစစ်" ကျန်း​ထျ​န် ကုလျန်မင်လက်ကိုလွှတ်လိုက်ပြီး ချည်စကို သူမလက်ထဲထည့်လိုက်သည်။ "ကိုင်ကြည့်၊ ဒီချည်စက တကယ်နူးညံ့တာ။အမွှာတွေအတွက် ကုတ်အင်္ကျီလုပ်ဖို့ အနေတော်ပဲ"

 

                        

 ကုလျန်မင် သူမလက်ချောင်းများဖြင့် ချည်စကို ကိုင်ကြည့်တော့ ကျန်းထျန်ပြောသည်မှာ အမှန်ဖြစ်၍ ပြန်မငြင်းတော့ချေ။

 

                      

ကျန်း​ထျ​န် စားပွဲပေါ်မှ ပစ္စည်းများကို တစ်ခုပြီးတစ်ခုရှင်းပြလိုက်သည်။"အမျိုးသမီးလစဥ်သုံးပစ္စည်းက အစ်မသုံးဖို့၊ အစ်မပိုက်ဆံနဲ့ဝယ်ခဲ့တာ" သူမက မြို့ကဖြစ်ပြီး မိသားစုမှာ ပိုက်ဆံရှိသည်။

 

 

ကျန်းထျန် ချိုချဥ်ကို လက်ညှိုးထိုးပြလိုက်ပြီး"ဒီမှာကသကြားလုံး။ ရှောင်းဝူနဲ့ ရှောင်းလျိုက အမွှာလေးတွေကို နေ့တိုင်းထိန်းပေးနေတာ။ ချွေးမအကြီးဆုံးအနေနဲ့ အစ်မသူတို့ကို ဆုပြန်မချသင့်ဘူးလား?"

 

 

ကုလျန်မင် ကျန်းထျန်ကို တချက်ကြည့်လိုက်ပြီး ဒီကျန်းထျန်က သူမကိုယ်ပိုင်ပိုက်ဆံနှင့် သူမဝယ်ချင်တာဝယ်တာ၊ မိမိအနေနှင့် ပြောခွင့်မရှိ။

 

                     

 "ပြီးတော့ ဝက်ဗိုက်သား၊ ဝက်ခြေထောက်၊ ကြက်ဥ၊ မိသားစုအတွက် အထူးသဖြင့် ညီမလေးရဲ့ အကိုအကြီးဆုံးအတွက်" ကျန်းထျန် ဆက်၍"ဆေးက အစားအသောက်လောက် မကောင်းဘူးလို့ ပြောကြတယ်မလား။ အစားကောင်းကောင်းမစားတော့ နင့်အကိုအကြီးဆုံး ဆေးဘယ်လောက်သောက်သောက် ပိုမကောင်းလာတာ"

 

 

"ဝက်ဗိုက်သားနှပ်က မိသားစုအားရှိဖို့အတွက်၊ ဝက်ခြေထောက်က ညီမလေး အစ်ကိုအကြီးဆုံးအတွက်၊ ကြက်ဥတွေက ရှောင်းဝူနဲ့ ရှောင်းလျိူအတွက် တစ်နေ့တလုံးစားတော့ အထွားမြန်တာပေါ့"

 

                

ကုလျန်မင် အံကြိတ်ကာ ဒီကျန်းထျန် ပြောလိုက်သည်မှာ မိသားစုအတွက်ချည်းဖြစ်သည်။ သူမ ဘာများပြောနိုင်မလဲ!!!

 

                        

 ကုလျန်မင် ကျန်းထျန်ကိုစိုက်ကြည့်ပြီး မကျေနပ်သေးသဖြင့် မေးလိုက်သည်။ "ဒါဆို အစ်မ ဘာလို့ ငွေအကုန် ယူသွားတာလဲ?"

 

                    

ကျန်းထျန် နောက်ဆုံးတော့ ဒီအကြောင်းရောက်လာပြီဖြစ်၍ သူမ တောက်လျှောက်စဥ်းစားလာခဲ့သောအကြောင်းပြချက်ကို သုံးလိုက်သည်။ "အစ်မ စျေးမဝယ်ဖူးတော့ ငွေဘယ်လောက်လိုလဲ မသိဘူး။ ဒါကြောင့် ငွေအကုန်ယူသွားတာ။ ဒီနို့မှုန့်နဲ့ ချည်စက သူများတွေဆီကရတာ"

 

              

ကုလျန်မင် စားပွဲပေါ်မှ ပစ္စည်းများကိုကြည့်ပြီး အချိန်အကြာကြီး နှုတ်ဆိတ်သွားသည်။ ကျန်းထျန်ပြောတာ မှန်သည်။ နို့မှုန့်နဲ့ ကော်တွန်ချည်စမှာ ရရန်ခက်သည်။ ဒီဂျုံတွေကလည်း အမွှာတွေအတွက်ဖြစ်မည်။

 

                    

ကုလျန်မင် သူမ ကျန်းထျန်ကို အထင်မှားသွားသည်ကို သိလိုက်သည်။ သို့သော် ရှက်၍ မတောင်းပန်နိုင်ချေ။ ပြီးတော့ ကုလျန်မင် သူမမျက်လုံးနှင့် တိုက်ရိုက်တွေ့ခဲ့သည်ကို မမေ့သေးပါ။ ကျန်းထျန် ထိုပညာတတ်လူငယ်နှင့် တိတ်တဆိတ်တွေ့ပြီး ဒီနေ့ ခိုးပြေးရန် တိုင်ပင်ထားသည်။

 

               

"နင်က...." ကုလျန်မင် ပြော၍မဆုံးသေးခင် သူမ​အကိုအကြီးဆုံးအသံကို မီးဖိုချောင်တံခါးမှ ကြားလိုက်ရသည်။

 

 

"ရှောင်းမင်၊ အမေနဲ့ ဒုတိယမြောက်ညီ မကြာမီ အလုပ်ဆင်းတော့မယ်။ ညီမလေးယောင်းမက ဒီနေ့ မြို့ထဲသွားထားတော့ ပင်ပန်းနေလောက်ပြီ။ ညီမလေးကိုပဲ အိမ်ကိစ္စ စိတ်ချထားမယ်"

 

                     

ကုလျန်မင် သူမအကိုအကြီးဆုံး၏ အလိုမကျသော မျက်လုံးများကြောင့် နှုတ်ခမ်းကိုကိုက်ပြီး သဘောမတူစွာ ခြေဆောင့်လိုက်သည်။ ထို့နောက် လှည့်ကာ မီးဖိုချောင်မှ နောက်ဖေးဘက်သို့ ထွက်သွားလိုက်သည်။

 

                       

ကုလျန်မင် ထွက်သွားသည်မြင်မှ ကျန်း​ထျ​န် ခေါင်းစောင်းကာ သက်ပြင်းချမိသည်။ စစ်ဆေးခံရတာ ပြီးသွားပြီဖြစ်သည်။

 

 

ကုလျန်ရွှမ် လျှာထုတ်နေသော ကျန်းထျန်ကို နားမလည်နိုင်စွာ ကြည့်ပြီးနောက် မျက်လွှာပြန်ချကာ သူ၏ ခြေထောက်များကို ငေးကြည့်ရင်း "ကျန်း.......ကျန်းထျန်၊ စကားခဏပြောရအောင်"ဟု ပြောလိုက်သည်။