အပိုင်း
၄
အိမ်အရှေ့တစ်နေရာအရောက်တွင် ကျန်းထျန် ဝှီးချဲလက်ကိုင်ကို
လွှတ်လိုက်ပြီး ကုလျန်ရွှမ်နှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်သည်။" ရှင်
ဘာပြောချင်လို့လဲ?"
ကျန်းထျန်
စိုးရိမ်လာမိသည်။
သူမနှင့်
ဝိညာဥ်လဲသွားကြောင်း သိသွားမည်ကို ထိတ်လန့်သည်။
သူမအတွေးများ
မြန်ဆန်လာပြီး ကျန်းထျန် သူမ တံခါးကို ဝင်လာသည်မှစ၍ အခုချိန်ထိ မူလပိုင်ရှင်နှင့်မတူသောအပြုအမူများ
လုပ်ခဲ့မိလားဟု ပြန်လည်စဥ်းစားလိုက်သည်။
အရမ်းဖော်ရွေသွားပုံပေါ်လား?
အမွှာအကြီးလေးတွေအတွက် မူလပိုင်ရှင်အနေနှင့် သကြားလုံး မပေးသင့်ဘူးလား?
ဒါမှမဟုတ်
ကုလျန်မင်အပေါ်ဆက်ဆံတာ အရမ်းနူးညံ့သွားလား? ကုလျန်မင်၏ အော်ဟစ်နေပုံ၊ သံသယဝင်နေပုံများနှင့်ကြုံလျှင်
မူလပိုင်ရှင်ဆိုလျှင် ပြန်အော်မှာ သေချာသည်။
မူလပိုင်ရှင်ဆိုလျှင်..... ကုမိသားစုအတွက် ဒီလောက်ပစ္စည်းတွေ
အများကြီး ဝယ်ပေးမှာ မဟုတ်ချေ။ ဘာလို့လဲဆိုတော့ မူလပိုင်ရှင်က ကုမိသားစု ဒုတိယမြောက်ကုလျန်ရှန်၏
ကလေးတွေကို မွေးတာ သဘောမတူခဲ့ပေ။ ထို့ကြောင့် ကလေးတွေအတွက် နို့မှုန့်နဲ့ ချည်စဝယ်ပေးမှာ
မဟုတ်ဘူး။
ကျန်းထျန်
သူမမှတ်ဉာဏ်ထဲမှ မူလပိုင်ရှင်က လူမမာ ကုလျန်ရွှမ်၏ ဖြည့်စွက်စာများအားလုံး ခိုးယူခဲ့သည့်မျိုး
လုပ်ခဲ့သည်ကို တွေ့လိုက်သည်။
ကျန်းထျန်
- "...." မူလပိုင်ရှင်က တကယ်ပဲ.......
"မင်း...."ကုလျန်ရွှမ်က
ကျန်းထျန်နောက်က နံရံက ပြိုကျလာတော့မည်သကဲ့သို့ ငေးကြည့်နေပြီး အတွေးထဲ လမ်းပျောက်နေသည်ကို
မြင်သည်။ သူအကြာကြီး မေးရန်ပြင်ထားသော မေးခွန်းကို ပြန်ရုတ်သိမ်းလိုက်ရသည်။
"အာ?" ကျန်းထျန် အသိဝင်လာပြီး ကုလျန်ရွှမ်
တစ်ခုခု ပြောမည်စိုး၍ သူမအလျင်အမြန် ရှင်းပြလိုက်သည်။ " ကျွန်မ လောဘကြီးသွားတာပါ။
ကျွန်မတို့မိသားစု အသားမစားရတာကြာပြီ။ ကျွန်မ ဒီနေ့ စိတ်တိုနေလို့..... အိမ်အပြင်ခဏထွက်သွားတာပါ။
ကျွန်မတောင်းပန်ပါတယ်!"သူမ ရင်ထဲမှလာသော စကားများဖြစ်သည်။
ကျန်းထျန်
ခြေစုံရပ်ကာ ခေါင်းငုံ့ထားပြီး နှုတ်ခမ်းများကို ကိုက်နေသည်။ ဆံပင်ဖွတ်မြီး၂ခုက ပုခုံးတဖက်စီမှာ
ကျနေပြီး လက်များက ဗိုက်ပေါ်မှာ ယှက်ထားသည်။ အမှားဝန်ခံသည့် အမူအရာအပြည့်ဖြစ်သည်.........
မူလပိုင်ရှင်
ထွက်သွားရဲသည်ကို နားလည်နိုင်သော်လည်း ချီးကျူးစရာတော့ မကောင်းချေ။ သူများ၏ ငွေကိုခိုးယူခြင်းက
တမျိုး။ ခိုးရာထွက်ပြေးသည့်ပုံစံကလည်း ရှိသေးသည်။
ယခု သူမက မူလပိုင်ရှင် ခန္ဓာကိုယ်နှင့် ပြန်လည်ရှင်သန်နေရသဖြင့်
မူလပိုင်ရှင် ရှုပ်ထားသည်ကို ဖြေရှင်းပေးရန် တာဝန်ရှိသည်။
ကုလျန်ရွှမ်
ကျန်းထျန်၏ အရင်က အထင်အမြင်သေးသောမျက်လုံးများက ယခု နောင်တများနှင့် ပြည့်နေပြီး လက်ချောင်းများရှက်ရွံ့စွာ
ပွတ်သပ်နေသည်ကိုမြင်၍ မေးရန်ပြင်ထားသော ပထမမေးခွန်းကို ခဏမေ့ထားသော်လည်း တခြားမေးခွန်းများစွာ
မေးရန် ကျန်သေးသည်။
သို့သော်
ကျန်းထျန်က ထင်ထားသလိုမဟုတ်ပဲ ရောက်ရောက်ချင်း သူမအမှားများကို ဝန်ခံသည်။
ကုလျန်ရွှမ်
မျက်မှောင်ကြုတ်ကာ "မင်းကို ကောင်းကောင်း မဆက်ဆံတာ ကုမိသားစုပါ"
ကျန်းထျန်မှာ
မူလက မြို့ကဖြစ်သည်။ ဘိုးဘေးများ၏ ဆန္ဒများကြောင့်သာ မဟုတ်လျှင် သူမ သူ့လို ခြေမသန်သည့်လူကို
လက်ထပ်မည်မဟုတ်ပါ။
လူကြီးများက နှစ်ဦးစလုံး၏ သဘောထားမေးရာတွင် ကျန်းထျန်လည်း
ခေါင်းငြိမ့်ခဲ့သည်။
ထင်မထားသည်က လျန်ရှန်ခင်ပွန်း စစ်ဆင်ရေးတစ်ခုတွင်
ကျဆုံးသွားသည့်သတင်းကြာပြီး လျန်ရှန်လည်း မီးဖွားပြီး ဆုံးပါးသွားသည်။ ကလေးတွေအဖေဘက်တွင်
ဆွေမျိုးမရှိ၍ ကုမိသားစုက အမွှာများကို မွေးစားလိုက်ရပြီး အိမ်တွင် ကျွေးစရာပါးစပ်၂ပေါက်တိုးလာခြင်းဖြစ်သည်။
ကျန်းထျန်
ပညာတတ်လူငယ်တစ်ယောက်နှင့် တိတ်တဆိတ် မေတ္တာမျှနေသည်ဟု သူ လျန်မင်ဆီမှ ပြန်ကြားသည်။
ကျန်းထျန်သာ ကွာရှင်းရန် တောင်းဆိုလျှင် သူ သဘောတူမည်ဖြစ်သည်။ မိသားစုမှာ အဆင်မပြေ၍
သူသည်လည်း မကျန်းမာပါ။ ကျန်းထျန်က ထိုပညာတတ်လူငယ်ကို မေတ္တာရှိလျှင် သူဖြည့်ဆည်းပေးမည်သာဖြစ်သည်။
လျန်မင်
ခိုးနားထောင်လာပြီး ပြောပြသော သူတို့၂ဦး ခိုးပြေးမည့် သတင်း ကြားသိရပြီးနောက် ဒီနေ့
ငွေထည့်ထားသော သူ့အခန်းမှသံသေတ္တာမှာ ပြောင်ခါသွားခြင်းဖြစ်သည်။ သူမည်မျှ သဘောထားပြည့်ဝပါစေ၊
မိသားစု၏ သေရေးရှင်ရေးငွေကို ကျန်းထျန် ခိုးရာလိုက်ရန် ယူသွားသည်ကို ခွင့်မလွှတ်နိုင်ပါ။
သူ
မျှော်လင့်မထားသည်က ကျန်းထျန် ထိုပညာတတ်လူငယ်နှင့် ခိုးရာလိုက်မပြေးဘဲ အိမ်ပြန်လာခြင်းဖြစ်သည်။
"ကုမိသားစုအခြေအနေက
မင်းကို ဝန်ပိစေတာပါ။ မင်း.....မင်းတကယ်လို့ ကွာရှင်းချင်ရင် ငါကွာရှင်းပေးပါ့မယ်"
ကုလျန်ရွှမ် ဘောင်းဘီစကို ကိုင်ပြီး မျက်လွှာချကာ အတွေးများကို ဖုံးကွယ်ထားလိုက်သည်။
ကျန်းထျန်
- "?"ကွာရှင်းတာ?
မူလပိုင်ရှင်
အဓိကလိုချင်သည်မှာ ကွာရှင်းချင်တာဖြစ်သည်။ ဒီလိုဆို ခိုးရာလိုက်ရန် မလိုတော့ချေ။
မူလပိုင်ရှင်
ကုလျန်ရွှမ်နှင့် လက်ထပ်ရန် သဘောတူရသည်မှာ သူမကို ပြုစုပျိုးထောင်ခဲ့သော အဘွား၏ နောက်ဆုံးစကားများကြောင့်
ဖြစ်သည်။
လူကြီး၂ယောက်မဆုံးခင် ကုမိသားစုမြေးအကြီးဆုံးက မည်မျှကောင်းကြောင်းချီးမွမ်းခဲ့ပြီး
သူမ လက်ထပ်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ထိုအချိန်က
လူကြီး၂ယောက်မှာ ကျန်းမာရေးမကောင်းပါ။ နောက် မူလပိုင်ရှင်၏ အဘွား အရင်ဆုံးပါးသွားခဲ့သည်။
မူလပိုင်ရှင်က သူမ၏ အဘိုးလည်း တောင့်မခံနိုင်တော့မည်စိုး၍ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
အဘိုးအို ပျော်လျှင် နှစ်ဝက်လောက်စိတ်ကြည်ပေမယ့်လည်း အရင်နှစ်က ထိုသို့မဟုတ်ခဲ့ပါ။
မူလပိုင်ရှင်
ကလေးဘဝကတည်းက သူမအဘွားက ပြုစုပျိုးထောင်ခဲ့သည်။ ထို့ကြောင့် အဘွားနှင့်ဆက်ဆံရေးက အိမ်ရှိမိဘများ၊
အကိုမောင်များထပ်စာလျှင် ပိုကောင်းသည်။ သူမအဘွားကို ကတိပေးထားသည့်အတိုင်း လွန်ခဲ့သော၃လက
ကုလျန်ရွှမ်ကို လက်ထပ်၊မှတ်ပုံတင်ခဲ့သည်။
"အဲ့လို မဟုတ်ရပါဘူး" ကျန်းထျန် ရှက်ရွံ့စွာ
သူမလက်ကိုရမ်းလိုက်ရသည်။ အမှန်မှာ သူမ ကွာရှင်းချင်ပေမယ့် အခုက အချိန်ကောင်းမဟုတ်ပါ။
တစ်ခုက ကုမိသားစုအခြေအနေဖြစ်သည်။ ယခု သူမကွာရှင်းခွင့်တောင်းလျှင် သူမ ဝေဖန်ခံရမည်။
ကမ္ဘာပျက်ခေတ်က
သူမအားလပ်ချိန်တိုင်း စာအုပ်အများကြီးဖတ်ဖြစ်ခဲ့၍ ယခုခေတ်အကြောင်း အတော်နားလည်သည်။
ဂုဏ်သတင်းက ယခုချိန်ခါတွင် အရေးအကြီးဆုံးဖြစ်သည်။ နာမည်ပျက်လျှင် ဘဝခက်ခဲမည်သာမက ပတ်ဝန်းကျင်က
လူများလည်း ထိခိုက်မည်။
စနစ်အသံက
မူလပိုင်ရှင်လစ်လပ်မှုအစား သူမကို ဆွဲခေါ်လိုက်ရသည်ပြောသော်လည်း သူမက မူလပိုင်ရှင်ကိုယ်အား
အကြောင်းပြချက်မရှိ ဝင်ယူလိုက်ခြင်းဖြစ်သည်။ သူမ သဘာဝတရားအပေါ် စိတ်မဝင်စားပေမယ့် အခုက
ခံစားရမကောင်းပါ။ သူမ မူလပိုင်ရှင်မိသားစုအပေါ် အကျိုးမပြုနိုင်လျှင်တောင် စိတ်လိုက်မာန်ပါလုပ်ပြီး
ဒုက္ခမပေးနိုင်ပါ။
ဒုတိယတစ်ချက်က
သူမ ကွာရှင်းလိုက်လျှင် သူမတကယ် သွားစရာမရှိပါ။
ကျန်းမိသားစုကို
ပြန်သွားဖို့ ရွေးချယ်မလား?
မူလပိုင်ရှင်မှာ
အဘိုးအဘွားများနှင့် ကြီးပြင်းခဲ့ပြီး မိဘများနှင့် အရမ်းမရင်းနှီးပါ။ သူမအကယ်၍ ကွာရှင်းလိုက်လျှင်
မိဘများမျက်နှာပျက်မည်ဖြစ်၍ သူမကို အိမ်မှာ မကြိုဆိုမည်က ဖြစ်နိုင်ချေများသည်။
မိမိဘာသာနေဖို့ ရွေးချယ်မလား?
ပြသာနာက
အခုမှစသည်။ သူမက အခု ကျေးရွာ အိမ်ထောင်စု စာရင်းတွင်ပါသည်။ ကုလျန်ရွှမ်နှင် ကွာရှင်းလိုက်လျှင်လည်း
ကျေးရွာ အိမ်ထောင်စုစာရင်းပင်ဖြစ်သောကြောင့် သူမ ၆ခုမြောက် ထုတ်လုပ်ရေး အဖွဲ့၌သာ နေရမည်ဖြစ်သည်။
ထိုအခါ
သူမ ကုမိသားစုနှင့် မျက်နှာချင်းဆိုင်ရမည်သာမက ရွာသားများက သူမကို ဝေဖန်မည်။ ရွာသားအများစုက
မျိုးချစ်သည်။ သူမက အပြင်ကလူဖြစ်ပြီး သူမလုပ်သည်များကိုလည်း ဖုံးကွယ်၍မရပါ။
မြို့သို့သွား၍
အလုပ်ရှာရန်ကလည်း မြို့မှာ အလုပ်ပေါလျှင် ပညာတတ်လူငယ်များ နှစ်စဥ် ကျေးရွာ၌ လာနေကြမည်မဟုတ်ပါ။
အများကြီး
စဥ်းစားပြီးသည့်နောက် ကုအိမ်တွင် နေသည်က ပိုကောင်းသည်ဖြစ်သည်။ ဤနည်းလမ်းက မူလပိုင်ရှင်
အဘိုးအဘွားများ၏ ဆန္ဒကို ကူညီရာလည်းရောက်သည်။ ကျန်းထျန် ရှက်လှစွာတွေးမိသည်။ အမှန်မှာ
သူမ အဆင်ပြေရန်အတွက် ခုလိုရွေးချယ်ရခြင်းဖြစ်သည်။
ကုလျန်ရွှမ်
အသံမှာ ခြောက်ကပ်လှသည်။ "ဘာကြောင့်လဲ?" ကျန်းထျန်က သူ့ကို သဘောမကျသည်ကို
သူသိသည်။ သူကိုယ်တိုင်ကလည်း မနူးညံ့သည်ဖြစ်၍လည်းပါသည်။
ဒါဆို
အစတည်းက ကျန်းထျန် သူ့ကိုလက်ထပ်ရန် ဘာလို့ သဘောတူခဲ့သည်လည်း? ထိုသည်ထပ် အခု ကျန်းထျန်က
ပညာတတ်လူငယ်တစ်ယောက်ကို မေတ္တာရှိနေသည်တောင် ကွာရှင်းဖို့ ငြင်းဆန်သေးတာလား?
ကျန်းထျန်
ချောင်းဟန့်လိုက်ပြီး ခါးမတ်လိုက်သည်။ သူမက လူတွေကို လိမ်ပြောပြီး လှည့်စားသည့်အချိန်တွင်
သူမကိုယ်ကို ယုံကြည်မှုရှိသည့် ပုံပေါ်အောင် လုပ်ရသည်ကို နှစ်သက်သည်။
"
အကြောင်းပြချက် ဘာလို့ရှိရမှာလဲ?" ကျန်းထျန် အနည်းငယ် မျက်မှောင်ကြုတ်၍ ကုလျန်ရွှမ်ကို
မယုံနိုင်သည့်ပုံစံ "ရှင် ဘာလို့ ဒီလိုလုပ်တာလဲ" အမူအရာနှင့် ကြည့်လိုက်သည်။
"ကျွန်မ ရှင့်ကို ဘာလို့ ကွာရှင်းသင့်တာလဲ?
ကုလျန်ရွှမ် ရှင့်မျက်လုံးထဲ ကျွန်မ 'ကျန်းထျန်'ကို ဆင်းရဲတာမုန်းပြီး ချမ်းသာတာသဘောကျတဲ့လူ
အေးအတူပူအမျှ မနေနိုင်တဲ့ လူလို့ မြင်နေတာလား?"
ကုလျန်ရွှမ်
နှုတ်ခမ်းထောင့် အတန်ငယ် တုန်လှုပ်သွားပြီး သူ့စိတ်ထဲက မေးလိုက်သည် - မင်းက အဲ့လိုလူမျိုး
မဟုတ်လို့လား?
ကျန်းထျန်
ကုလျန်ရွှမ်၏ အမူအရာများမှ ပြောချင်သည်ကို နားလည်လိုက်၍ ခဏ ရပ်တန့်သွားပြီးနောက် အသံမြှင့်လာကာ
သူမ၏ အဓိပ္ပါယ်မရှိလျှောက်ပြောသည်များကို အတည်ပုံစံ ဟန်ဆောင်လိုက်သည်။
" ရဲဘော်ရဲဘက် ကုလျန်ရွှမ်၊ ကျွန်မတို့ ပါတနာဖြစ်လာတာ
ခုဆို၃လရှိပြီ။ အခုချိန်က ကျွန်မ 'ကျန်းထျန်'
ရှင်'ကုလျန်ရွှမ်'ကို အကဲဖြတ်ရမယ့် အချိန်ဖြစ်သည်။"
ကုလျန်ရွှမ်
နားမလည်နိုင်ဖြစ်သွားသည်။ "အကဲဖြတ်တာ?"
ကျန်းထျန်
ခေါင်းညိတ်လာပြီး "ဟုတ်တယ် အကဲဖြတ်တာ! အခု စောင့်ကြည့်ပြီးတော့ ကျွန်မ ရလာဒ်တွေကို
ကျေနပ်တယ်။ ဒါကြောင့် ရေတိုအနေနဲ့ ကျွန်မ ရဲဘော်ရဲဘက် ကုလျန်ရွှမ်နဲ့ ပါတနာဆက်ဆံရေးကို
ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိပါတယ်"
မူလပိုင်ရှင်
ရှုပ်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ရင်း သူမအတွက် လမ်းလည်းချန်ထားမည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ
ဖွင့်လျှင် ဒီထုတ်လုပ်ရေး အဖွဲ့အသေးလေးက သူမကို ဖိနှိပ်မထားနိုင်ပါ။
အချိန်ရောက်လျှင်'
ကောင်းကင်ကငှက်တွေပျံဖို့မြင့်မားပြီး ပင်လယ်ကငါးများကူးရန် လုံလောက်အောင် ကျယ်ပြန့်သည်ဖြစ်သည်
' သူမလည်း မိမိလိုရာ သွားနိုင်မည်ဖြစ်သည်။
ကျန်းထျန်
ပြောပြီးနောက် ခေါင်းငုံ့၍ အမှားဝန်ခံသည့် အနေအထားပြန်နေလိုက်သည်။
ကုလျန်ရွှမ်
- .....သူ ကျန်းထျန်၏ ပေါက်ကရစကားများကို မယုံပါ။
သူ
ခြေထောက်မသန်ပေမယ့် မကန်းပါ။ ထို့ကြောင့် အတုအစစ်တော့ ခွဲခြားနိုင်သည်။
သူ့ရှေ့က
ကျန်းထျန်မှာ အစစ်ဟုမထင်ပါ။ မျက်လုံးများ၊ စကားပြောသည့် လေသံ၊ လုပ်လေ့ရှိသော အလေ့အကျင့်လေးများ
တစ်ခုမှမတူပါ။
မူလကျန်းထျန်က
သူတို့မိသားစုကို ရွံမုန်းစွာကြည့်သည်။ ဤကျန်းထျန်မှာ အတတ်နိုင်ဆုံးဟန်ဆောင်ပေမယ့်
သူမမျက်လုံးများက မလှည့်စားနိုင်ပါ။ အသံအနိမ့်အမြင့်နှင့် စကားအဖြတ်အတောက်က ၂ယောက်
မတူပါ။ သူ စစ်တပ်တွင် ဤနယ်ပယ်နှင့်ပတ်သက်ပြီးလေ့ကျင့်ခဲ့၍ ကွဲပြားစွာ မြင်သည်။
"ကောင်းပြီ" ကုလျန်ရွှမ် ပြန်ပြောလိုက်သည်။
ကျန်းထျန်မှာ သဘောဆိုးမရှိသ၍ သူမအကြောင်း ကူဖုန်းကွယ်ပေးနိုင်သည်။ သူထပ်ခါ ထပ်ခါ စောင့်ကြည့်ပြီး
သူ ခန့်မှန်းသည်က မှန် မမှန်အတည်ပြုရဦးမည်။
ကျန်းထျန်တစ်ယောက်မှ
နောက်ကျန်းထျန်တစ်ယောက် ပြောင်းသွားသည်မှာ ယုတ္တိတော့မရှိ။ သို့သော်လူတစ်ယောက်၏ အကျင့်စရိုက်က
တစ်နေ့တည်းနဲ့ အများကြီးပြောင်းလဲသွားသည်ကလည်း မဖြစ်နိုင်။
ကုလျန်ရွှမ်က
၂ယောက်ကို နှိုင်းယှဥ်ကြည့်ပြီး သူခန့်မှန်းတာ ဖြစ်နိုင်သည်ဟု ထင်သည်။
ကျန်းထျန်
အမြန် မျက်လွှာတင်ပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ ကုလျန်ရွှမ်မျက်နှာကအမူအရာမဲ့နေပြီး မျက်လွှာတစ်ဝက်ချထား၍
သူဘာတွေးနေသည်ကို မခန့်မှန်းနိုင်။
'ကောင်းပြီ'လို့ပြောတာက
ဘာဆိုလိုချင်တာလဲ?
ကုလျန်ရွှမ်
ယုံတာလား? မယုံတာလား?
သူမ
နေလို့ရတာလား မရတာလား?
ကျန်းထျန်
အတွေးထဲမျောနေ၍ ကုလျန်ရွှမ် ခေါင်းမော့လာပြီး သူမကို ကြည့်နေသည်ကိုမသိပါ။ သူမ ကုလျန်ရွှမ်၏
အသံအေးစက်စက်ကို ကြားမှ သတိပြန်ဝင်လာပြီး ကြည့်လိုက်တော့ ကုလျန်ရွှမ်၏ မေးခွန်းထုတ်နေသော
မျက်လုံးများကို တွေ့လိုက်သည်။