အပိုင်း ၅
Viewers 949

အပိုင်း

 

 

                  

"မင်းပြောချင်ရာ ပြောလို့ရတယ်။ စျေးကိုတော့ တစ်ယောက်တည်းမသွားနဲ့။ အမေနဲ့ တတိယမြောက်ညီ အားတာစောင့်ပြီး သူတို့နဲ့သွား"

 

 

ကုလျန်ရွှမ် ခဏမျှ စဥ်းစားပြီး သတိပေးလိုက်သည်။     ယခုချိန်တွင် အရာအားလုံး ရှုပ်ယှက်ခက်နေသည်။ ကျေးလက်က မြို့ပြထပ် ပိုအဆင်ပြေသည်။

 

                      

ကုလျန်ရွှမ်၏ လေးနက်သော မျက်လုံးများကို ကြည့်ရင်း ကျန်းထျန် ခေါင်းငြိမ့်လိုက်သည်။ "အိုး...အဲ့လိုလုပ်ပါမယ်"

                       

 

သူမစွမ်းအားမှာ စနစ်မှ ရလာသည်ဖြစ်၍ သုံးနည်းကို သူမ သေချာစွာ စမ်းမကြည့်ရသေးပါ။  လူမြင်မှာ စိုးရိမ်ရသည်လည်း ရှိသေးသည်။

 

                    

၆ခုမြောက် ထုတ်လုပ်ရေးအဖွဲ့ အလုပ်လုပ်သော လယ်မှာ အနောက်အရပ်တွင် ဖြစ်သည်။

 

 

နေမဝင်သေး၍ လယ်ထဲမှ အဖွဲ့သားများ ကုန်းကွကာ အလုပ်ကြိုးစားနေကြသည်။   

                             

 

ရွှီကျင်းဖန် သူမချွေးများကို သုတ်ဖို့ လက်ကိုမြှောက်ရင်း အမျိုးသား အလုပ်သမားများ အလုပ်လုပ်ရာဘက်ခြမ်းကြည့်လိုက်ရာ အိမ်သွားရာလမ်းမှ အမြန်ပြေးလာသော တတိယမြောက်သား ကုလျန်ရုန်ကို တွေ့လိုက်သည်။

                

 

ရွှီကျင်းဖန် မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ အိမ်မှာ တခုခုဖြစ်လို့များလား?

 

 

လျန်မင်က တတိယမြောက်သားကို ဘယ်အချိန်က ခေါ်လိုက်တာလဲ? သူမကို ဘာလို့ မရှာတာလဲ?

 

                               

ရွှီကျင်းဖန် လယ်အလုပ်များကို သတိလက်လွတ် ဆက်လုပ်နေသည်။ အလုပ်ဆင်းဝစီသံ ကြားတော့ သူမ လမ်းမပေါ် ခုန်တက်လိုက်ပြီး အိမ်သို့အမြန်ပြေးသွားလိုက်သည်။

 

                               

 ကုလျန်ရုန် ရွှီကျင်းဖန်ကို ပြောပြရန် လွှတ်လိုက်သော ကုရှန်းလီမှာ ရွှီကျင်းဖန်ကို မတွေ့လိုက်ပေ။ ကုရှန်းလီ အံ့အားသင့်စွာ သူ့ခေါင်းကိုသာ ကုတ်နေမိသည်။ သူ ရွှီအဒေါ် အလုပ်လုပ်သောနေရာကို သေချာမှတ်မိပါသည်။ အဒေါ် ဘယ်ပျောက်သွားသည်လဲ?

 

                             

ရွှီကျန်းဖန် သိချင်နေ၍ မြန်မြန်ပြေးနေမိသည်။ သူမခြေထောက်များနှင့် ခြေဖဝါးများမှာ ထုံကျင်နေပြီဖြစ်သည်။ သူမမှာ ယခု အသက်၅၀ပြည့်တော့မည့် လူတစ်ယောက်နှင့်မတူပါ။

 

                            

ကုမိသားစုအိမ်မှာ ကုလျန်ရွှမ်အဖေ စစ်တပ်ကပြန်ရောက်စဥ်က ပြန်ဆောက်ထားခြင်းဖြစ်သည်။ အခြေချထားသည်မှာ ထုတ်လုပ်ရေးအဖွဲ့၏ မြောက်အစွန်ဆုံးအပိုင်းတွင်ဖြစ်ပြီး အိမ်မြောက်တွင် တောင်ဖြစ်သည်။ တည်နေရာမှာ လူနေနည်းပြီး ရွာအဝင်နှင့် နီးသည်။

 

                             

အိမ်အပြင်ရောက်သောအခါ ရွှီကျင်းဖန် ရုတ်တရက်ရပ်တန့်လိုက်ပြီး အနံ့ခံမိသောအခါ မျက်မှောင်ကြုတ်မိသွားသည်။

                   

 

အသားနံ့??

        

 

အဘွားရေ!! မိသားစုမှာ ဘယ်တုန်းက အသားရှိလို့လဲ??

                    

                            

ရွှီကျင်းဖန် သူမ မွန်းတည့် အိမ်ပြန်နားစဥ်က အိမ်တွင် အကြီးဆုံးချွေးမ မရှိကြောင်း ရုတ်တရက် သတိရလိုက်သည်။ ထျန်ထျန်မြို့ပြန်ပြီး သူမအမေအိမ်က အသားယူလာတာဖြစ်နိုင်မလား?

 

                             

သံသယများနှင့် ရွှီကျင်းဖန် အိမ်ထဲဝင်လာသည်။ ခြံထဲတွင် တိတ်ဆိတ်နေပြီး အိမ်အရှေ့အပင်အောက်တွင် ထိုင်နေသော လူတစ်ယောက်သာရှိသည်။ ရွှီကျင်းဖန် သူ့ကို ကြည့်ပြီး "သား ဒီမှာ ဘာလုပ်နေတာလဲ?"

                        

                        

ရွှီကျင်းဖန် သက်ပြင်းချလိုက်ပြီး သူမသားအကြီးဆုံးမှာ စကားတကယ်အပြောမတတ်။ သူ ထျန်ထျန်ကို သဘောကျတာသေချာသည်။ သားအကြီးဆုံးက ထျန်ထျန်ကဲ့သို့ ပညာတတ်ကိုသဘောကျ၍ သူအိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။

 

                                

ကုလျန်ရွှမ် ခြံအနောက်ဘက်မှ ကိုင်းထွက်နေသော တရုတ်ပေါက်ပန်းပင်ကို ကြည့်ရင်း ရက်အနည်းငယ်ကြာရင် အပင်ကနေ ချက်ဖို့ ခူးလို့ရပြီ။

 

 

 လတ်လတ်ဆတ်ဆတ်ခူးထားသော ပေါက်ပန်းပွင့်များကို ရေအေးအေးနှင့်ဆေးပြီး တစ်ခါတည်းစား၊ ခေါက်ဆွဲနှင့်ရော၊ ပန်ကိတ်ထဲ ထည့်ကြော်၊ သို့မဟုတ် ရှာလကာရည်နှင့်ရောစား ဘယ်လိုစားစား အရသာရှိသည်။

 

                             ‌‌

ရုတ်တရက် ကုလျန်ရွှမ် အကြည့်စူစူးတစ်ခုကိုခံစားလိုက်ရ၍ ခေါင်းလှည့်ကြည့်လိုက်သည်။ "အမေ!" ကုလျန်ရွှမ် အံ့သြသွားသည်။

 

                              

သူ့အမေမှာ သူဘာတွေးနေသည်ကို မသိပါ။

 

                                

"သားဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ?   ထျန်ထျန်က ဘယ်မှာလဲ?" ရွှီကျင်းဖန် ထျန်ထျန်ကို ခြံထဲတွင်မမြင်ပါ။  ဒီ လှသောသားအကြီးဆုံးက ဘာတွေလုပ်နေသည်မသိ။

 

                         

ကုလျန်ရွှမ် ဝှီးချဲကို တွန်းသွားလိုက်ပြီး "အမေ ထျန်ထျန်နဲ့ ရှောင်းမင်က မီးဖိုချောင်မှာ ဟင်းချက်နေတယ်"

 

                         

ရွှီကျင်းဖန် လန့်သွား၍ ခြေတစ်လှမ်း ဆုတ်မိသွားသည်။ "ဟင်းချက်တယ်?" သူမ မီးဖိုချောင်ဘက် အမြန်လှည့်လိုက်ပြီး မယုံနိုင်စွာဖြင့် အသံတိုး၍ပြောလိုက်သည်။

                         

  "ထျန်ထျန်၊ ဒါ..... ဒါက .....သူမ အဖျားရှိလို့လား?" ရွှီကျင်းဖန် ရုတ်တရက် စိုးရိမ်သွားသည်။

 

             

သူမ၏ အကြီးဆုံးချွေးမမှာ ပျင်းရိပြီး လောဘကြီးသည်ကလွဲ၍ ကျန်တာ အကုန်ကောင်းသည်။ ထျန်ထျန်က မြို့မှာ ကြီးပြင်းလာ၍ဖြစ်သည်။ ကုမိသားစုမှာ အိမ်ထောင်ကျပြီးနောက် အကြီးဆုံးသားမှာ ခြေထောက်ထိခိုက်မိသွား၍ ထျန်ထျန် ဝန်ပိသွားသည်။

 

              

ထျန်ထျန်မှာ ကျောင်းတွင် အဆင့်ကောင်းရုံသာမက လှပပြီး လူကြီးမိဘများကို သိတတ်သည်။  သူမ ကုအိမ်မှာ အလုပ်ကောင်းကောင်း မလုပ်ပေမယ့် ယောက္ခမကိုတော့ ပြန်မပြောပါ။  သူမမှာ အလုပ်ကောင်းရှိလျှင် ယောက္ခမကိုမမေ့ပါ။  ပြီးတော့ သူမပုခုံးနှင့် ကျောကို နှိပ်ပေးသေးသည်။

 

                            

 ကုလျန်ရွှမ် သူ့အမေ ကျန်းထျန်မူမမှန်သည်ကို နေမကောင်းဖြစ်နေသည်ထင်နေ၍ အံ့အားသင့်သွားသည်။

 

                               

  " မဟုတ်ဘူး " ကုလျန်ရွှမ် ပြောပြီးမှ သူ့အမေ မြင်ပြီး မေ့လဲသွားလောက်သည့် စားပွဲပေါ်မှပစ္စည်းများအကြောင်းသတိရသွား၍ ကျန်းထျန်ကို ကာပြောပေးလိုက်သည်။ " အမေ၊ ဒီနေ့ ကျန်းထျန် မြို့ကို စျေးဝယ်သွားခဲ့တယ် "

 

                       

 "ထျန်ထျန် အသားဝယ်ခဲ့တာလား? အမေအနံ့ရတယ်!" ရွှီကျင်းဖန် လက်ရမ်းပြောရင်း မီးဖိုချောင်သွားကူရန်သာ ဆုံးဖြတ်လိုက်သည်။ "အမေတို့ အသားမစားရတာကြာပြီပဲ။ ချွေးမလေးဝယ်ချင်ရင် ဝယ်ပါစေ"

 

                              

ကုလျန်ရွှမ် နှုတ်ခမ်းတင်းတင်းစေ့ပြီး အသားတင််မဟုတ် ဂျုံ နို့မှုန့် သကြားလုံး အဝတ်စများပါသေးသည်ကို ပြောချင်ပေမယ့် သူ့အမေ နောက်ကျောကိုကြည့်၍ ပါးစပ်သာပိတ်၍ နေလိုက်သည်။  သူစကားမများချင်ပါ။

 

                                 

"သမီးတို့ ဟင်းချက်တာ အမေ့ကိုဘာလို့ မစောင့်တာလဲ?"ရွှီကျင်းဖန် မီးဖိုချောင် အမြန်ဝင်လာပြီး အခန်းတုန်မတတ် အော်ပြောလိုက်သည်။

 

                                    

ကုလျန်မင် အိုးထဲကအသားနှပ်အနံ့ကို ရှူမိရင်း ကြောက်လန့်သွားကာ ကျန်းထျန်ဘေးသို့ ရွှေ့လိုက်သည်။ သူမအမေက သမီးကိုသာ မာန်ရင်မာန်မည်။  ချွေးမကောင်းလေး ကျန်းထျန်ကိုတော့ တစ်ခါမှ မမာန်ပါ။

 

                

ကုလျန်မင် နောက်လှည့်ကြည့်လိုက်ပြီး ချိုသာစွာပြောလိုက်သည်။ "အမေ ပြန်ရောက်ပြီလား?"

 

                     

ကျန်းထျန်လည်း လှည့်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ "အမေ အလုပ်ကပြန်လာတာ ပင်ပန်းနေပြီလား? ရေဆာနေလား? သမီး ရေယူပေးရမလား?"

 

                           

သူမမှတ်မိသလောက် မူလပိုင်ရှင် ကုမိသားစုတွင် ဤယောက္ခမကိုသာ ဂရုစိုက်သည်ဖြစ်သည်။

 

                            

ကျန်းထျန် ပြောပြီးပြီးချင်း ထ၍ ပန်းကန်လုံး ယူလိုက်ကာ ရွှီကျင်းဖန်အတွက် ရေနွေးအိုးမှ ရေနွေးနွေးထည့်ပေးလိုက်သည်။ "အမေ သမီး ဒီနေ့ မြို့ထဲသွားပြီးအသားဝယ်ခဲ့တယ် အမေ ဒီညများများထည့်စားနော်"

 

                        

ရွှီကျင်းဖန် သဘောကျစွာ ပြုံးရင်း ရေယူသောက်လိုက်သည်။ "သမီးပဲ ပိုစားပါ "

 

                              

ရွှီကျင်းဖန် ပြုံးနေ၍ စိတ်ကြည်နေသည်ဟု ကျန်းထျန် ခန့်မှန်းလိုက်ပြီး ဆက်ပြောလိုက်သည်။ "အမေ သမီး အမွှာလေးတွေအတွက် နို့မှုန့်နဲ့ ဂျုံချောဝယ်ခဲ့တယ် ပြီးတော့ကော်တွန်စ စစ်စိမ်းရောင်အဝတ်စတွေလည်း ဝယ်ခဲ့တယ် အမေကြည့်ကြည့်မလား?"

 

                              

 ရွှီီကျင်းဖန် ရေများ ပြန်ထွက်တော့မလို ခံစားလိုက်ရသည်။ မျက်လုံးများပြူးပြီး သူမကြားလိုက်သည်ကို မယုံနိုင်ဖြစ်သွားသည်။

                             

 

"အဟမ်း.... ထျန်.... ထျန်ထျန် သမီး ဘာပြောလိုက်တာလဲ? သမီး ဘာဝယ်ခဲ့တယ်လို့ ပြောလိုက်တာလဲ?"

                              

 

သူမနားတစ်ခုခုဖြစ်နေသည်ဟု သူမသံသယဝင်မိသည်။

                              

 

သူမ အသက်၅၀ မပြည့်သေးပေမယ့် နားတစ်ခုခု ဖြစ်နေပြီလား?

                   

 

  ကုလျန်မင်  နောက်သို့ နည်းနည်း ထပ်ဆုတ်လိုက်ပြီး မီးဖိုနောက်မှာ ကွယ်ပုန်းလိုက်သည်။  သူမ  သူမအမေနှင့်ကျန်းထျန်ကို ချောင်းကြည့်လိုက်သည်။ သူတို့၂ယောက်သာ တံခါးကို ပိတ်မရပ်ထားလျှင် သူမ တိတ်တိတ်လေး ထွက်သွားမှာဖြစ်သည်။

 

                     

"အာ သမီး နို့မှုန့် ဂျုံအဝတ်စ ဝယ်ခဲ့တယ်" ကျန်းထျန် မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရိုးသားချင်ယောင်ဆောင်လိုက်သည်။

                     

 

သူမ မတတ်နိုင်ပါ။  သူမ လေဟာနယ်ထဲတွင် ပစ္စည်းအများကြီးရှိသည်။  သူမ အကျိုးမခံစားသင့်ဘူးလား?

 

                             

ကမ္ဘာပျက်ခေတ်တွင်ပင် သူမ ခြိုးခြံစွာမနေခဲ့ချေ။  အခုလို ငြိမ်းချမ်းသောအချိန်တွင် သူမ ပိုမခြိုးခြံနိုင်ပါ။

 

                             

ရွှီကျင်းဖန် ရင်ဘက်ကိုဖိရင်း သူမမျက်နှာမှာ ဖျောတော့၍ စိတ်ဒုက္ခရောက်သွားသည်။ သူမ ငွေကုန်သည်ကို နှမြောပေမယ့်လည်း ကျန်းထျန် ပစ္စည်းများ ဝယ်ခြင်းကို အပြစ်မတင်နိုင်ပါ။ 

 

 

ဒီအရာအားလုံးက အမွှာလေးတွေ သုံးဖို့ချည်းဖြစ်သည်။ ထျန်ထျန်က ကြင်နာသည်။  သူမလည်း တတ်နိုင်လျှင် ဒီအရာတွေကို ဝယ်မိမှာဖြစ်သည်။

 

                         

အမေ ကျန်းထျန် ရွှီကျင်းဖန်၏နာကျင်နေသောအမူအရာကိုကြည့်ပြီး တစ်ခုခုဖြစ်မည်စိုး၍ အမြန်သွားကာ ရွှီကျင်းဖန်လက်ကို ကိုင်ထားပေးလိုက်သည်။

 

                           

ရွှီကျင်းဖန် ကျန်းထျန်လက်ကို ဖွဖွပုတ်လိုက်ပြီး အားပေးလိုက်သည်။ "အမေအဆင်ပြေပါတယ် ငွေကုန်တာစိုးရိမ်သွားတာပါ။ ဒါပေမယ့် သမီးက လိုတဲ့ပစ္စည်းတွေဝယ်ခဲ့တာ။ အမွှာလေးတွေ အမြဲ ဆန်ပြုတ်ပဲ စားလို့မရဘူး။  သူတို့ နို့မှုန့် သောက်ရဦးမယ်"

 

                                  

  " သမီးဘယ်လောက်သုံးလိုက်လဲ? အမေ နောက်ကျ သမီးကိုပြန်ပေးမယ်"ရွှီကျင်းဖန်တွင် ကုချန်းချင်အတွက်ရသော ထောက်ပံ့ငွေ၊ ဒုတိယမြောက်သမီး ကုလျန်ရှန်ခင်ပွန်း တုကျီကျွင်း၏ ပင်စင်လခ ရှိသည်။  ပင်စင်လခက အမွှာလေးတွေအတွက် သုံးရန်ဖြစ်ပြီး သူမအမြဲသေချာစွာ ခွဲထားသည်။