အပိုင်း
၁
နေထွက်လာပြီဖြစ်သည်။
လူအများစု နေကာကွယ်ရန် ရှပ်အင်္ကျီလက်ရှည်များ ဝတ်ပြီး အလုပ်သွားကြသည်။ အလုပ်လုပ်ရင်း
စကားပြောကြသည်ဖြစ်သည်။ "မနက်အိပ်ရာထတော့ အေးပြီး အလုပ်စလုပ်တော့ အရမ်းပူတယ်"
အမျိုးသားတစ်ယောက်က လည်ပင်းမှာ ပတ်ထားသော သဘက်နှင့်
မျက်ခုံးမှ ချွေးများကို သုတ်ရင်း "မင်းတို့ကြားပြီးပြီလား?"
ဒီလို အစချီလာသည့်အခါတိုင်း တစ်ခြားလူများအလုပ်ကောင်းကောင်း
မလုပ်နိုင်ကြဘဲ ပေါက်ပြားနှင့် ရောက်လာပြီး "မင်းဘာကြားခဲ့လို့လဲ?"ဟု မေးကြသည်။
"ချူယောင်း
လယ်ထဲကို လာပြီး ချက်ချင်းမေ့လဲသွားတယ်" ဟု ထိုအမျိုးသားက ပြောသည်။
အဲ့ဒါကို
ကြားပြီးပြီးချင်း တစ်ခြားသူများ ဆွံ့အသွားကြသည်။ "ဘာကို ရေကြီးခွင်ကျယ်လုပ်တာလဲ?
ချူယောင်းခန္ဓာကိုယ်က အရမ်းကြီးတာ၊ ဘယ်လိုအလုပ် သူမ လုပ်နိုင်မလဲ၊ ပြီးတော့ ငါတို့ရွာက
ဟိုပညာတတ်လူငယ်တွေလည်း အလုပ်ကို ရက်နည်းနည်းလောက်လုပ်ပြီး မေ့လဲသွားကြတာမလား?"
အမျိုးသားလည်း
အကြောင်းတူနေသည့်အခါ ဆက်မပြောဖြစ်တော့ပေ။
တစ်ချိန်တည်းမှာပင်
အိမ်မှာ လဲနေပြီး ထူထားရသည့် ချူယောင်း ရုတ်တရက် လျင်လျင်မြန်မြန် ထထိုင်လာသည်။
ထိုသို့
လုပ်ပြီးသည့်နောက် သူမအပေါ်ပိုင်းသာ လေးလံနေသည်မဟုတ် ခန္ဓာကိုယ်ပါ အရမ်းလေးလံနေသည်ကို
ခံစားမိသည်။ သူမ မျက်လုံးဖွင့်ကြည့်သောအခါ ပုံရိပ်နှစ်ထပ် မြင်နေရ၍ သူမ မျက်လုံးပြန်ပိတ်ရပြီး
ခဏအနားယူရသည်။
သူမမျက်လုံးပြန်ဖွင့်သောအခါ ဘေးပတ်ဝန်းကျင်ကို သေချာစွာ
မြင်နိုင်သွားသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အဝါရောင်ရွှံ့နံရံများဖြင့် ပြည့်နေသည်။
သေချာကြည့်သည့်အခါ ခေါင်းထိပ်က မြေက ဖုန်များနှင့် ပြီးတော့ ပတ်ဝန်းကျင်သည်လည်း ဖုန်များနှင့်
ပြည့်နေသည်။
ချူယောင်း
ဒီအရာများကို ဂရုမစိုက်နိုင်ပါ။ သူမကိုယ်ပေါ်က အဝတ်အစုတ်အပြဲများကိုသာ ကြည့်မိသည်။
သူမ၏ကိုယ်ပေါ်မှာ ဘာလို့ အသားအများကြီး ရှိနေရသည်နည်း???
သူမ
ရုတ်တရက် လက်ခံဖို့ အလွန်ခဲယဥ်းသွားသည်။
သူမ
အရင်ဘဝက ကားမတော်တဆမှုမှာ ကွယ်လွန်ခဲ့သည်။ တချို့လူများက သူမ ခန္ဓာကိုယ်တစ်ခု အစားပြန်ရသည်ဟု
ပြောကြသည်။ ဒါပေမယ့် သူမ၏ ခန္ဓာကိုယ်ကိုလည်း ယခုခန္ဓာကိုယ်၏ မူလပိုင်ရှင်အား ပေးရမည်ဖြစ်သည်။
ချူယောင်း ပထမကတော့ လက်မခံနိုင်ခဲ့ပေ။ သူမခန္ဓာကိုယ်ကို
ဆက်အသုံးပြု၍ရနိုင်သေးလျှင် မည်သည်ကြောင့် တခြားလူနဲ့ ခန္ဓာလဲရမည်နည်း!
အဲ့ဒီလူက
သူမ ခန္ဓာကိုယ်လဲရန် ဆန္ဒရှိလျှင် အကျိုးရှိမည်ဟု ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့်
ခန္ဓာကိုယ် လဲမည့်လူက ဆယ်ဘဝလုံး လူကောင်းဖြစ်ပြီး မှားယွင်းစွာမွေးဖွားမိ၍ ကံဆိုးသွားသောကြောင့်
ဖြစ်သည်။
ပြီးတော့
သူမသာ ခန္ဓာကိုယ်လဲရန် ဆန္ဒရှိလျှင် သူမအပိုင်
လေဟာနယ်တစ်ခု ပေးမည်ဟု ပြောသည်။ အဲ့ဒီအကြောင်းစဥ်းစားမိပြီးနောက်
ချူယောင်း မျက်လုံးမှိတ်ပြီး သူမကိုယ်ကို လေဟာနယ်ထဲ ရောက်စေလိုက်သည်။ လေဟာနယ်က မြက်ခင်းပြင်ဖြစ်ပြီး
အဝေးတွင်ကြီးမားသော သစ်တောဖြစ်သည်။
သူမလျှောက်သွားကြည့်ပြီးနောက်
စမ်းချောင်းတစ်ခုကို တွေ့မိသည်။ စမ်းချောင်းမှာပဲ သူမမျက်နှာကို ဆေးလိုက်ပြီးသည့်နောက်
သူမတစ်ကိုယ်လုံး လန်းဆန်းသွားကြောင်း သတိထားမိသည်။ သူမသာ အအေးမိမှာ မကြောက်လျှင် ဒီနေရာမှာပင်
ရေချိုးမိမည် ဖြစ်သည်။
သူမ
တစ်ခြားအရာတွေ မကြည့်နိုင်ခင်မှာပင် တိုက်ရိုက် နှောင့်ယှက်ခံလိုက်ရ၍ အမြန် ပြန်လာလိုက်ရသည်။
"ချူယောင်း၊ နင် နေမကောင်းချင်ယောင်ဆောင်နေမှန်း ငါ သိတယ်၊ မြန်မြန်ထပြီး
အလုပ်ပြန်လုပ်တော့" မိန်းမငယ်လေးတစ်ယောက် ပြောနေခြင်းဖြစ်ပြီး သူမက အလွန်မောက်မာပုံပေါ်သည်။
သူမက
မူလပိုင်ရှင်ခင်ပွန်း၏ ပထွေးပါသမီး ကျီလင်းဖြစ်ကြောင်း ချူယောင်းသိသည်။ သူမ မလှုပ်တာမြင်သည့်အခါ
ကျီလင်း သူမဆီကို တုတ်တစ်ချောင်းနှင့် ရောက်လာပြီး " နင် ဘာဆိုလိုချင်တာလဲ? ငါ
နင့်ကိုပြောနေတာတောင် နင် ငါ့ကို ပြန်ဖြေရမှန်း နင်မသိဘူးလား? " ဟု သူမကို တုတ်နှင့်
ထိုး၍ပြောသည်။
ချူယောင်း
သတိမထားမိခင် သူမ၏ တုတ်နှင့်ထိုးခြင်းခံရသည်။ ချူယောင်း မျက်လုံးမှိတ်လျှင်တောင် သူမ၏ထိုးခြင်းကို
သိနိုင်သည်။
"နင်
ငါ့ကို ထပ်ထိနိုင်မလား?"
ကျီလင်း
သူမအသံကြောင့် တုန်လှုပ်သွားသည်။ သို့ပေမယ့် ခဏမျှသာ "ငါမလုပ်ရဲဘူးလို့ နင်ထင်နေတာလား?"
ဒီတစ်ကြိမ်မှာတော့
ချူယောင်း တုတ်ကို တိုက်ရိုက် ကိုင်လိုက်ပြီး သူမကို ရိုက်လိုက်သည်။
ကျီလင်း
တိုက်ရိုက် အရိုက်ခံလိုက်ရသည်။ ကျီလင်း သူမ၏အဝတ်တွေကို မ ကြည့်လိုက်တော့ သူမကိုယ် နည်းနည်းနီနေပြီး
ဖူးရောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများ ဒေါသကြောင့် နီရဲလာပြီး
"ငါ့မိဘတွေ နင့်ကို လာရှင်းမှာ စောင့်နေ"ဟု ကြိမ်းဝါးသွားသည်။
ချူယောင်း
ဒီလို အရာတွေကို ဂရုမစိုက်နိုင်ပါ။ ဒီလို မိန်းကလေးငယ်လေးကတောင် သူမကို ရိုက်နိုင်သည်ကို
အံ့သြမိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က မတရားတာတွေ အများကြီး ခံစားခဲ့ရမည်ဖြစ်သည်။ သူမ
အဝတ်တွေ မ ကြည့်တော့ ဖူးရောင်ဒဏ်ရာများနှင့် အမာရွတ်များသာ တွေ့ရသည်။ ဒီလို အနိုင်ကျင့်ခံရသည့်တိုင်အောင်
မူလပိုင်ရှင် မည်သည်ကြောင့် ဝနေနိုင်သေးသည်ကို သူမ စဥ်းစား၍မရပေ!
သူတို့တွေ
သူမကို ရိုက်နှက်ပြီး အစာများစွာ ကျွေးသည်မှာ မဖြစ်နိုင်ဘူးမလား?
ချူယောင်း
စဥ်းစားကြည့်၍မရပေ။ ဒါကြောင့် သူမ အများကြီး ထပ်မတွေးတော့ဘဲ ဆက်စဥ်းစားမနေတော့ပေ။ သူမဗိုက်ကို ပွတ်သပ်ပြီး ထလိုက်သည်။ ဆာလွန်း၍ ဗိုက်က အသံဆက်တိုက်ထွက်နေပြီဖြစ်သည်။
မူလပိုင်ရှင်
ဘယ်လောက်ကြာကြာအစာမစားရသေးကြောင်း မသိ၊ သူမ အိပ်ရာက ထလိုက်သည်၊ သူမ၏ လှုပ်ရှားမှုတွေက
နှေးကွေးပြီး တုန်ယင်နေသည်။
ချူယောင်း
အသားတွေစုနေသည့် သူမဗိုက်ကို ထိလိုက်သည်။ သူမ မစားရဲတော့ပေ။ သို့သော် သူမအစာအိမ်၏
ဆန္ဒပြမှုက ပိုပိုပြင်းထန်လာသည်။
သူမ
တစ်ခုခု အရင်စားမှဖြစ်မည်ဟု တွေးလိုက်သည်။ ထို့နောက် သူမ အခန်းမှ ခြံထဲ လမ်းလျှောက်လာလိုက်သည်။
သို့ပေမယ့် သူမအခန်း ရှာမတွေ့ခင်မှာပင် သူမ လူတစ်စု တုတ်များနှင့် ခြံထဲဝင်လာသည်ကို
တွေ့လိုက်သည်။ ရှေ့ဆုံးတွင် ကျီလင်းပင်ဖြစ်သည်။
သူမ
မစားခင် လေ့ကျင့်ခန်းလုပ်ရမည့်ပုံပေါ်ကြောင်း ချူယောင်း သဘောပေါက်လိုက်သည်။
ကျီလင်း
ခြံထဲဝင်လာသည်နှင့် သူမကို လက်ညှိုးထိုးပြီး "အဖေနဲ့ အမေ၊ အကိုကြီး ယောင်းမ၊ သူ
သမီးကိုရိုက်တာ"
ကျီလင်း
အပါအဝင် လူ၅ယောက်ဖြစ်သည်။ တစ်ယောက်စီ တုတ်တစ်ချောင်း
ကိုင်ဆောင်ထားကြသည်။
"နင့်လို
စျေးပေါတဲ့ မိန်းမက ငါ့မိသားစုရဲ့ ကျီလင်းကို အနိုင်ကျင့်ရဲတယ်၊ နင် အသက်ဆက်မရှင်ချင်တော့ဘူး
ထင်တယ်" မေမေကျီက အင်္ကျီလက်တွေကို တင်လိုက်ပြီး သူမကို ရိုက်ဖို့ ရောက်လာသည်။
ချူယောင်း တစ်ခုခု မလုပ်ခင်မှာဘဲ ကျီချွေးမက
မေမေကျီကို တားလိုက်သည်။
"အမေ၊ သမီး အမေကူတာမလိုဘူး။ သမီးပဲ လုပ်လိုက်မယ်" ကျီချွေးမက ဒီဝတုတ်မကို ကြည့်မရသည်မှာ ကြာလှပြီဖြစ်သည်။
သူမက နေ့တိုင်း လူတိုင်းထပ် ပိုစားနိုင်ပြီး အလုပ်ကျ မလုပ်နိုင်ပေ။
"ကောင်းပြီ
နင်လုပ်ချင်လုပ်" မေမေကျီအတွက် ဘယ်သူလုပ်လုပ် အရေးမပါပေ။
ချူယောင်းအနေနှင့်
ပျော်စရာပင်ဖြစ်သည်။ ကျီအမေသာဆိုလျှင် သူမ ကျီအမေကို ရိုက်သည်ကို တစ်ခြားသူများ မမြင်ရန်
ဂရုစိုက်ရမည်ဖြစ်သည်။ ဒီခေတ်ဒီအခါတွင် လူကြီးမိဘများအား ရိုသေလေးစားခြင်းက အလွန်အရေးကြီးသည်ပင်
ဖြစ်သည်။
သို့ပေမယ့်
ကျီချွေးမဆိုလျှင် ကွဲပြားသည်ပင် ဖြစ်သည်။ ချွေးမအချင်းချင်း ရန်ဖြစ်သည်မှာ မထူးဆန်းပေ။
အပြင်လူများက ချွေးမများကြား ကတောက်ကဆဖြစ်သည်ဟုသာ ပြောကြမည်သာဖြစ်သည်။
ချူယောင်း
အရင်ဘဝက တိုက်ကွမ်ဒို သင်ဖူးသည်ဖြစ်သည်။ သူမမိဘများက မိန်းကလေးတစ်ယောက်အနေနှင့် အပြင်ထွက်လျှင်
အန္တရာယ်နှင့် ကြုံမည်ကိုစိုးရိမ်၍ ငယ်စဥ်မှ သူမ တက္ကသိုလ်ပြီးသည်အထိ တိုက်ကွမ်ဒို
သင်ခဲ့ရသည်။
ဘွဲ့ရပြီးနောက် သူမ အလုပ်ကြိုးစားရမည်ဖြစ်၍ တိုက်ကွမ်ဒို
ဆက်လေ့ကျင့်ရန် အချိန်မပေးနိုင်တော့ပေ။ သို့သော် ဒီလူတွေကို ရင်ဆိုင်နိုင်ရန် သူမသင်ထားသည်မှာ
လုံလောက်သည်ဖြစ်သည်။
ကျီချွေးမက
သူမ ထထချင်း ချူယောင်းအား ရိုက်ချင်သည်ဖြစ်သည်။ တစ်ခုခုဆိုသည်နှင့် သူမ ချူယောင်းအား
ပါးရိုက်သည်သာဖြစ်သည်။
ချူယောင်း
သူမလက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်ပြီး အတင်း ညှစ်လိုက်သည်။ ကျီချွေးမ လက်အလွန်နာသွား၍ "ငါ့ကို မြန်မြန်လွှတ် အရူးမ မြန်မြန်လွှတ်စမ်း
ငါပြောတာ မကြားဘူးလား အရူးမ? "ဟု အော်ဟစ်သည်။
ပါလာသောသူများ အထူးသဖြင့်ကျီအကိုက သူမကို လွှတ်ပေးဖို့
ပြောကြသည် " နင့်ယောင်းမကို မြန်မြန် လွှတ်ပေးလိုက်"
"ကျွန်မကို
ခြိမ်းခြောက်တာက အသုံးမဝင်ဘူး၊ ရှင်တို့ ကျွန်မကို လက်လွှတ်ပေးစေချင်ရင် ရှင်တို့ရဲ့တုတ်တွေအားလုံးကို
ကျွန်မကို ပစ်ချပေးလိုက်" ချူယောင်း ကျီချွေးမလက်ကို ကိုင်လိုက်ပြီး နောက်ဆုတ်လိုက်သည်။
ထို့နောက် ထိုင်ခုံတွင် ထိုင်ချလိုက်သည်။
မူလပိုင်ရှင်
ဘယ်နှရက်လောက် မစားရသည်ကို သူမတကယ်မသိပါ။ ဆာလောင်မှုကြောင့် သူမ နည်းနည်း မူးဝေလာသည်။
မူလပိုင်ရှင် လယ်ထဲတွင် မေ့လဲရသည်မှာ ဆာလောင်မှုကြောင့် ဖြစ်ကြောင်း ချူယောင်း သိလိုက်သည်။
ကျီချွေးမ ချူယောင်းနောက်ပါလာသည်။ အစကတော့ သူမဆဲနေသည်ဖြစ်ပြီး
နောက် စတင်၍တောင်းပန်လာရသည်။ "ငါ့ကိုလွှတ်ပါ၊ ငါ နင့်ကို ထပ်မရိုက်ရဲတော့ပါဘူး"
"
တုတ်တွေကို ဒီမှာ ချထားဖို့ပြောတာမကြားဘူးလား?" ချူယောင်း ကျီချွေးမကို ပြောလိုက်သည်။
ကျီချွေးမ
နာကျင်မှုကို ခံစားနေရသော်လည်း ပြောသည်ကို
သေချာသိနေသည်ပဲ ဖြစ်သည်။ "ယောင်္ကျား၊ အဖေ အမေ တုတ်တွေကို မြန်မြန်ချလိုက်ပါ မဟုတ်ရင်
အမေတို့ရဲ့ မြေးလေး သူ့မိခင်ကို ဆုံးရှုံးရတော့မယ်"
ချူယောင်းပင်
ကျီချွေးမပြောသည်ကိုကြားပြီး စိတ်လှုပ်ရှားသွားသည်။ သို့သော် ကျီမိသားစု အကြီးဆုံးသားက
သူ့တုတ်ကို ချလိုက်သည်။