အပိုင်း ၂
Viewers 671

အပိုင်း

 

 

    

"ငါ တုတ်ချောင်းကို ချထားလိုက်ပြီ၊ ငါ့မိန်းမကို မြန်မြန် လွှတ်ပေးပါ" ကျီမိသားစု အကြီးဆုံးသားက သူ့ဇနီးအား အလွန်စိုးရိမ်သည်ဖြစ်သည်။ သူ့မှာ စောင့်ရှောက်ရန် ကလေးတစ်ယောက်ရှိသေးသည်။

 

    

 "ရှင့်မိဘတွေကိုလည်း တုတ်တွေချထားခိုင်းလိုက်" ချူယောင်း လှမ်းကြည့်လိုက်သည်။ သူတို့ လုံးဝမလှုပ်လည်း သူမဂရုမစိုက်ပါ၊ သူမမှာ အချိန်များစွာရှိသည်ဖြစ်သည်။ 

 

 

ကျီမိသားစုအကြီးဆုံးသားသည် သူ့မိခင်နှင့် ဖခင်ကို ကြည့်လိုက်သည်။ ဖခင်က ပထွေးဖြစ်ပြီး မိခင်မှာ မိခင်အရင်းဖြစ်သည်။ သူ မိခင်ကို လှမ်းဆွဲပြီး "အမေ, ဘာလိုချင်တာလဲ? အမေ အမေ့မြေးလေးကို မိခင်မရှိစေချင်တာလား?" ဟု ပြောလိုက်သည်။

 

           

 စိတ်ကျေနပ်သည် မဟုတ်သော်လည်း သားအကြီးဆုံးက ဖြစ်စေချင်သည်ဖြစ်၍ မေမေကျီက သူမလက်ကတုတ်ကို ချထားလိုက်ရပြီး ဘေးက ဖေဖေ ကျီကို ပြောလိုက်ရသည်။ "လူအိုကြီး၊ တုတ်ကိုမြန်မြန် ချလိုက်ဦး"

 

             

လူတိုင်း တုတ်တွေချပြီးမှ ချူယောင်း ကျီချွေးမလက်ကို လွှတ်ပေးလိုက်သည်။ ကျီချွေးမ ဘေးကို မြန်မြန်ဖယ်လိုက်ပြီး နာနေသည်ဖြစ်၍ ညည်းတွားနေသည်။  ကျီမိသားစုအကြီးဆုံးသား ချက်ချင်း အမြန်သွားကြည့်လိုက်ပြီး "ရှင်မ အဆင်ပြေရဲ့လား?" ဟု မေးလိုက်သည်။

 

             

 ကျီချွေးမမှာ နာလွန်း၍ မေ့လဲတော့မလိုပင်ဖြစ်သည် "ဘယ်လို အဆင်ပြေနိုင်မှာလဲ?"ဟု သူမအံကြိတ်ပြီး ပြန်ဖြေလိုက်သည်။

 

                

ကျီမိသားစုအကြီးဆုံးသားသည် ချူယောင်းအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။ ချူယောင်း သူတို့စိုက်ကြည့်တာကို မထိတ်လန့်ဘဲ အေးဆေးစွာ ခါးဆန့်လိုက်သည်။ "ဘာဖြစ်တာလဲ? ရှင်တို့ ရန်ဖြစ်ချင်လို့လား?" ဟု ချူယောင်းမေးလိုက်သည်။

 

                

ကျီမိသားစုအကြီးဆုံးသားက "မင်း ဘယ်လိုလုပ်ပြီး မင်းရဲ့ ယောင်းမကို ဒီလို ဆက်ဆံနိုင်ရတာလဲ? " ဟု အော်ပြောလိုက်သည်။

 

                   

"ဒါဆို ကျွန်မ ငြိမ်ငြိမ်လေးနေပြီး ကျွန်မယောင်းမက ကျွန်မကို လာရိုက်တာကို စောင့်နေရမှာလား?? "ဟု ချူယောင်း ရွဲ့လိုက်သည်။ ဒီလူတွေက သူမကို မရိုက်ရသေး သူတို့စကားဖြင့် ပြောနေရုံရှိသေးသည်ဖြစ်သည်။

 

             

ကျီအဖေနှင့် ကျီအမေသည်လည်း ချူယောင်းကို အတန်ငယ်ကြောက်လန့်သည် ဖြစ်သည်။ ယခုလက်ရှိချူယောင်းမှာ အလွန်ကြောက်စရာကောင်းသည်ဖြစ်သည်။ အရိုက်ခံလိုက်ရသည်မှာ သူမ၏ သားနှင့် သမီးမဟုတ်သည့်အတွက် အရေးမကြီးလှပေ။

 

        

ကျီလင်းကတော့ အလွန်ကြောက်လန့်နေသည်ပဲဖြစ်သည်။ သူမအရိုက်ခံလိုက်ရစဥ်က နာသည်ကို မှတ်မိနေဆဲဖြစ်သည်။ ချူယောင်း အလွန်ရဲတင်းမည်ဟု သူမ ထင်မထားခြင်းဖြစ်သည်။

 

 

"မင်း မင်းယောင်းမကို ဒီလိုရိုက်တယ်ဆိုတော့ မင်းငါ့ကို အလေးမထားတာလား?" ဟု ကျီမိသားစုအကြီးဆုံးသား ပြောရင်း ချူယောင်း သတိမထားမိခင် အလစ်ရိုက်ရန် တုတ်ကို ကောက်ကိုင်လိုက်သည်။

  

     

 သူ ဘာတွေးနေမှန်း ချူယောင်း မသိပေ။ သူမ ပြုံးရင်း သူ့တုတ်ကို ဖမ်းကိုင်လိုက်ပြီး သူ့ကိုရိုက်လိုက်သည်။

 

          

အရိုက်ခံလိုက်ရသော  ကျီမိသားစုအကြီးဆုံးသားမှာ ပတ်ပြေးနေရပြီး"ရပ်လိုက်စမ်း၊ အရူးမ"ဟု မျောက်တစ်ကောင်လို အော်ဟစ်နေသည်။

 

              

ကျီအမေလည်း အလွန်စိုးရိမ်လာပြီး "အရူးမ၊ ရပ်လိုက်စမ်း၊ သူက နင့်အကိုကြီးလေ၊ အကိုအကြီးဆုံးကို ရိုက်ရဲတဲ့ ခယ်မဆိုတာ မကြားဖူးဘူး"ဟု အော်ပြောလိုက်သည်။

 

               

"ဒါဆို အမေတို့ ဒီနေ့ ကောင်းကောင်းကြည့်ထားသင့်တယ်" ဟု ချူယောင်းပြောပြီး ရိုက်ဖို့ ပိုအားထည့်လိုက်သည်။

 

           

ကျီမိသားစု အကြီးဆုံးသားကိုယ်ပေါ်က အဝတ်အစားတွေ စုတ်ပြဲကုန်ပြီး ကျီအမေလည်း ဝင်လာရာ ကျီအမေပါ အကြိမ်များစွာအရိုက်ခံလိုက်သည်ဖြစ်၍ သူမပါနာကျင်စွာ အော်နေရသည်။

 

          

 ကျီအဖေကတော့ ဘေးမှာ ရပ်နေပြီး ကျီလင်း ထိခိုက်မိမည်စိုး၍ ကျီလင်းကိုသာ ဘေးခေါ်ထား၍ကာကွယ်လိုက်သည်။

 

             

"ကျွန်မကို ရှင်တို့ရိုက်နိုင်တုန်းက ရိုက်ခဲ့တယ်၊ နောက် ကျွန်မကို ရိုက်ရဲသေးရင် ရှင်တို့ မလှုပ်နိုင်တဲ့အထိ ကျွန်မ ပြန်ရိုက်မယ်" ဟု ချူယောင်း မုန်းတီးစွာ ပြောရင်း မူလပိုင်ရှင်အတွက် ဒေါသတွေကို ဆက်တိုက်ဖြေလျှော့နေသည်။

 

                 

ချူယောင်း  ကျီမိသားစုအကြီးဆုံးသားကို လိုက်ရိုက်ပြီး မောသွားမှ မတ်တပ်ရပ်၍ ခဏအနားယူလိုက်သည်။

 

             

ကျီမိသားစုအကြီးဆုံးသားလည်း အခုမှ အသက်ရှူနိုင်၍ ဘေးမှာ မလှုပ်ဘဲ လှဲနေလိုက်သည်။ သူ့ကိုယ်ပေါ်က နာကျင်မှုများက သူ့ကို ဒေါသထွက်စေသည်။ အချက်အနည်းငယ် တုတ်နှင့်အရိုက်ခံလိုက်ရသော ကျီအမေလည်း ချူယောင်းကို ထပ်မလှုံ့ဆော်ရဲတော့ပေ။ ကျီအမေ မြေကြီးမှာ ထိုင်လိုက်ပြီး သားအကြီးဆုံးကို ကြည့်၍ အော်ငိုလိုက်သည်။

 

 

 "သားလေး အဆင်ပြေရဲ့လား? မင်းသာတစ်ခုခုဖြစ်သွားရင် အမေဘယ်လိုလုပ်ရမလဲ? မင်းရဲ့မောင်နှမငယ်တွေက သူတို့ငယ်ငယ်လေးတည်းက မင်းကို မှီခိုနေရတာ။ မင်းရှေ့က တစ်ချို့အငယ်တွေကတော့ အားမကိုးရဘူး" ကျီအမေ အများကြီးတော့ မပြောရဲပေ။ သူမ၏သားမှာ မလှုပ်နိုင်အောင်ပင် အရိုက်ခံလိုက်ရသည် ဖြစ်သည်။

 

        

ချူယောင်း ခဏအနားယူပြီးနောက် ခေါင်းအရမ်းမမူးမှ ထိုင်ခုံတစ်ခုံရှာထိုင်လိုက်သည်။

 

 

သူမ တုတ်မကိုင်တော့သည်ကို ကျီအဖေ မြင်မှ "ချူယောင်း မင်းဒီလောက် ဒေါသကြီးစရာမလိုဘူးမလား? သားအကြီးဆုံးက မင်းဘာလို့ သူ့ဇနီးကိုရိုက်ရလဲ မေးချင်ရုံကို မင်းဘာလို့ သူ့ကို ဒီလောက်ထိ ရိုက်လိုက်ရတာလဲ?" ဟု မေးရဲသည်။

 

     

 "ကျွန်မကို မေးချင်ရုံနဲ့ သူက တုတ်ကိုင်လာတယ်၊ ဒါဆိုရင် နောက် သူ အဖေ့ကို စကားပြောရင် သူ့ကို တုတ်ကိုင်ထားခိုင်းလိုက်ပါ"ဟု ပြန်မေးခွန်းထုတ်ရင်း ချူယောင်း ကျီအဖေအား ကြည့်လိုက်သည်။

 

 

          

"မင်း...."ကျီအဖေ သူမကို လက်ညှိုးထိုးရင်း "ဒါဆို မင်းက ငါတို့လို လူကြီးတွေကိုလည်း ရိုက်ချင်သေးတယ်ဆိုတဲ့ သဘောလား" ဟု စိတ်တိုစွာမေးလိုက်သည်။

 

             

ကျီအဖေက သူလူကြီးဆိုပြီး သူမကို ဖိနှိပ်ဖို့ ကြိုးစားမည်ကို ချူယောင်း သိလိုက်သည်။ ထို့ကြောင့် သူမပြုံးလိုက်ပြီး " သမီးမလုပ်ရဲပါဘူး၊ ဒါပေမယ့် အဖေ့အဖိုးတန်သမီးကိုတော့ လုပ်ရဲတယ်။ အဖေတို့ ကျွန်မကို ထပ်ရန်လာရှာရင် သမီးညီမတွေ မောင်တွေကို သမီး ပညာပြန်ပေးရင် အဆင်ပြေတယ်မလား?"ဟု ခနဲ့လိုက်သည်။

 

       

ချူယောင်း လက်ရှိ ဘယ်နေရာသွားရမည်ကို မစဥ်းစားရသေးပေ။ ယခုအချိန်တွင် ခရီးသွားမည်ဆိုလျှင် မိတ်ဆက်စာစောင်လိုသည်ဖြစ်သည်။ သူမ မည်သည့်နေရာကိုမှ မသွားနိုင်သေးပေ။ ထို့ကြောင့် ဒီမိသားစု၏ ချွေးမအဖြစ် ယာယီနေရဦးမည်ဖြစ်သည်။

 

        

ဒါက သူ့ကို ခြိမ်းခြောက်သည်ဖြစ်ကြောင်း ကျီအဖေ သိသည်။ သူအချစ်ဆုံးမှာလည်း ကျီအမေနှင့်ရသည့် ကလေးတွေသာဖြစ်သည်။

 

       

"သမီး ဘယ်အချိန်က ဒီလိုဒေါသကြီးတာလဲ? သမီးအကိုကြီးမှားပေမယ့်လည်း သမီးလည်း သူတို့ကို ရိုက်တယ်မလား၊ သမီး သူတို့ပြောတာနားထောင်ပြီး လျော်ကြေးပေးဖို့ပဲလိုတာပါ" ဟု ကျီအဖေပြောရင်း ပြသာနာကို ဖြေရှင်းဖို့ကြိုးစားသည်၊ သို့သော်ကျီအမေက မကျေအေးနိုင်ပေ။

 

          

"ကျွန်မသားကို ဒီလိုထိရိုက်ပြီး အားပြည့်ဖို့လျော်ကြေးပဲ ပေးမယ်???"ကျီအမေ မကျေနပ်ပေ။ "ကျွန်မ သဘောမတူဘူး" ဟု ပြောသည်။

 

           

ကျီအဖေ တစ်ချက်ကြည့်လိုက်ပြီး "ရှင်မ ဘာဖြစ်ရတာလဲ?"ဟု ကျီအမေကိုပြောလိုက်သည်။ ကျီအမေ သဘောမတူပေမယ့်လည်း ဆက်မညည်းညူရဲတော့ပေ။

 

           

သူတို့ကိုကြည့်ပြီး အလွန်ရယ်စရာကောင်းသည်ဟု ချူယောင်း တွေးလိုက်မိသည်။ "ကျွန်မ သဘောမတူဘူး၊ ဘယ်အာဟာရငွေကြေး လိုချင်နေတာလဲ? အဖေတို့ ကျွန်မကို ရိုက်ထားတာ ကြည့်လိုက်ဦး၊ အဖေတို့သာ ကျွန်မကို လျော်ကြေး ပြန်ပေးသင့်တယ်" ချူယောင်း ပြောရင်း သူမအင်္ကျီလက်တွေကိုမလိုက်ပြီး သူတို့ကို ပြလိုက်သည်။

 

                  

လူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ? တစ်ယောက်ပြီးတစ်ယောက် ခြံထဲက ထွက်ပြီး စပ်စုနေကြသည်ဖြစ်သည်။ တစ်ယောက်က အော်လိုက်သည်။ "ခင်ဗျားတို့ အားလုံး မြေကြီးမှာထိုင်ပြီး ဘာလုပ်နေကြတာလဲ?"

 

                  

"ခင်ဗျားတို့ချွေးမက အလုပ်မသွားနိုင်တော့ အလုပ်အမှတ် မရဘူး။ အဲ့ဒါကို ခင်ဗျားတို့က ဘာတွေ လောနေတာလဲ? ခင်ဗျားတို့ချွေးမလက်က ဘယ်လို့ ဖူးရောင်နေတာလဲ? ခင်ဗျားတို့ ရိုက်တာများလား"ဟု ဝင်မေးသည်။

 

              

ကျီအဖေက မျက်နှာရချင်သည်ဖြစ်သည်။ သူဝန်မခံနိုင်ပေ။ ကလေးတွေကလည်းအိမ်ထောင်မပြုရသေးပေ။ "ခင်ဗျား ပြောတာကြည့်ပါဦး။ ကျွန်တော်တို့ ချွေးမအပေါ်  မကြမ်းတမ်းပါဘူး၊ ချွေးမလေးက သူ့အိမ်မှာ အရိုက်ခံရတာ ဖြစ်မှာ" ဟု ဝင်ဖြန်ဖြေသည်။

 

        

  " ဒီလိုပြောရုံနဲ့ မယုံနိုင်ဘူး" ဘေးလူများက ကိစ္စက ပေါ့သေးသေးမဟုတ်ရန် မျှော်လင့်နေကြသည်။

 

           

ကျီအဖေသည် ကိစ္စကြီးဟု မတွေးသည့်အတွက် စိတ်မရှည်ဖြစ်လာသည်။ မိသားစုကိစ္စများ ဖြေရှင်းမပြီးသေးသည့်ကြားထဲ ဒီအပြင်လူများက အားလပ်နေကြသည်ဖြစ်သည်။

 

               

 "ကျွန်မတို့ ဒီအရူးမကို မရိုက်ဖူးဘူး၊ သူ ကျွန်မသားနဲ့ ချွေးမကို ရိုက်ထားတာကြည့်ကြပါဦး။ ရှင်တို့ပဲ ကျွန်မတို့အတွက် ဆုံးဖြတ်ပေးကြပါ။ ဒီလိုချွေးမကို ကျွန်မတို့ လက်မခံရဲဘူး" ကျီအမေက ခေါင်းမာသည့်သူပင်ဖြစ်သည်။ သို့သော် ထုတ်မပြောသင့်သည်များကိုလည်း သိသည်ဖြစ်သည်။

 

 

ချွေးမတစ်ယောက်ကို ရိုက်သည်ဆိုသည့် အကြောင်း နာမည်ကြီးသွား၍မရပေ။ အိမ်တွင် အိမ်ထောင်မပြုရသေးသော သားအငယ်တစ်ယောက်ရှိသေးသည်။ ကိစ္စကြီးသွားလျှင် ဘယ်မိန်းကလေးက မိမိအိမ်မှ သားအား လက်ထပ်ရဲတော့မည်နည်း?

 

        

  "ချူယောင်းက ဒီလိုရဲတင်းလို့လား? ပုံမှန်အားဖြင့် သူမက အေးတဲ့သူပါ၊ သူမကို မြောင်ချွေးဟွာ အော်ဟစ်မာန်နေတာတောင် သူမ ခေါင်းမဖော်ရဲတာ ငါမြင်တယ်" ဟု သက်လတ်ပိုင်း မိန်းမတစ်ယောက်က ဝင်ကူပြောသည်။

 

          

ထိုအခါ ကျီအမေက "ဒါဆို ရှင်တို့ မသိသေးတာ၊ ကျွန်မသားရဲ့ ဒဏ်ရာတွေကို ကြည့်ပါဦး၊ ဒီမိန်းမက တမင် ရိုးသားချင်ယောင် ဟန်ဆောင်နေတာ၊ သူမက တကယ်တော့ အရမ်းရက်စက်တာ" ဟု  ကျီမိသားစုအကြီးဆုံးသား၏ သွေးပေနေသည့် အပေါ်အဝတ်အစားများကို ဆွဲခွာရင်း ပြောလိုက်သည်။