အပိုင်း ၃
မေမေကျီက
မျက်ရည်အပြည့်နှင့် ပြောနေခြင်းဖြစ်သည်။ ကျီမိသားစု
အကြီးဆုံးသားအပေါ်ပိုင်းခန္ဓာကိုယ်မှာ ဒဏ်ရာများနှင့် ပြည့်နေပြီး သေအံ့ဆဲဆဲပုံစံ မြေကြီးပေါ်တွင်
လဲလျောင်းနေသည်။ သူ၏ဇနီးမှာလည်း ထိုနည်းတူ ဘေးတွင် လှဲနေသည်။ လူတိုင်း ချူယောင်းကို
အမြင်စောင်းလာကြပြီဖြစ်သည်။
ချုယောင်းလည်း
အမာရွတ်များနှင့် ပြည့်နေသော သူမ၏လက်ကောက်ဝတ်ကို ပြလိုက်ရင်း "အကိုအကြီးဆုံးနဲ့
ယောင်းမသာ တုတ်နဲ့ မရိုက်ဘူးဆိုရင် ကျွန်မ ဒီလိုဒဏ်ရာ ရမှာမဟုတ်ဘူး" ဟု ညည်းတွားပြလိုက်သည်။
"ငါ့သားအကြီးဆုံးက နင့်ကို တုတ်နဲ့ရိုက်တယ်?
"ကျီအမေ အရှက်မရှိသော သူမ၏စကားများကြောင့် ဒေါသထွက်သွားသည်။ ကျီအမေ ထလိုက်ပြီး
ချူယောင်းကို လက်ညှိုးထိုးကာ အော်ဟစ်မာန်နေလေသည်။
"လူတိုင်း ကျွန်မကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ကြပါ၊
ဒဏ်ရာအကုန်လုံးမြင်အောင် ပြဖို့ မသင့်တော်ဘူးဆိုတော့ ကျွန်မလက်ပေါ်က အမာရွတ်ဖြစ်တော့မယ့်
ဒဏ်ရာတွေကို ကြည့်ကြပါဦး" ချူယောင်း ကျီအမေကို လျစ်လျူရှုကာ သူမ၏လက်များကို လူတိုင်း
မြင်အောင် ပြလိုက်သည်။
အချို့နေရာများတွင်
သွေးထွက်နေတုန်း ဖြစ်၍ လူတိုင်း သနားသွားကြသည်။ "ချူယောင်းအလုပ်မသွားနိုင်တာလည်း
မထူးဆန်းတော့ဘူး သူမ က တကယ်သနားဖို့ကောင်းတယ်"
"
ကျီမိသားစုက လူတွေကို အရမ်းလှည့်ဖြားနေတာလား?" ချူယောင်းလက်တွေကို အတန်ငယ် တုန်ယင်စွာ
ကိုင်ရင်း ပြောနေကြသည်။
မချေပနိုင်တော့သည့်အဆုံး ကျီအဖေလည်း "သမီး
အကိုအကြီးဆုံးနဲ့ ယောင်းမ အခုကိစ္စမှာ တကယ်မှားတာ၊ အဖေ သူတို့ကို အခုတောင်းပန်ဖို့
ပြောမယ်" ဟု ပြောလိုက်ရတော့သည်။
ကျီအဖေ ကျီမိသားစုအကြီးဆုံးသားကို မသိမသာ တွန်းကန်လိုက်ပြီး
" မြန်မြန်တောင်းပန်လိုက်စမ်း"ဟု ဆုံးမလိုက်သည်။
ကျီမိသားစု အကြီးဆုံးသားမှာ နဂိုကတည်းက နာကျင်နေပြီး
မြေကြီးပေါ်တွင် လဲနေခြင်းဖြစ်၍ ပြန်လည်အော်ဟစ်မငြင်းနိုင်တော့ပေ။ "တောင်းပန်ပါတယ်"ဟုသာ
ခပ်ဖွဖွ ပြောနိုင်တော့သည်။
"ကောင်းပြီ၊ သမီးအကိုအကြီးဆုံးလည်း သမီးကို
တောင်းပန်ပြီးပြီပဲ ဒီကိစ္စကို အဆုံးသတ်လိုက်ပါတော့၊ ကြည့်နေကြတဲ့ လူတွေလည်း ဆက်ကြည့်မနေကြပါနဲ့တော့၊
အလုပ်ပြန်လုပ်သင့်နေပြီ" ဟု ကျီအဖေ ပြောပြီး ပြသာနာကို မြန်မြန်အဆုံးသတ်ချင်နေပြီဖြစ်သည်။
ချူယောင်း ယခုကိစ္စကို လွယ်လွယ်ကူကူ အဆုံးမသတ်နိုင်ပေ။
"ဒါပေမယ့် အကိုအကြီးဆုံးနဲ့ ယောင်းမက ကျွန်မကို ဒီလို ဆိုးဆိုးရွားရွား ရိုက်ထားတာ၊
သူတို့ ကျွန်မကို ကျီအိမ်ရဲ့ ချွေးမလို့ သဘောထားရဲ့လား?" ဟု ချူယောင်း ညည်းညူလိုက်သည်။
"အဲဒါဆို
သမီးကရော ဘာလို့ သမီး အကိုကြီးဆုံးနဲ့ ယောင်းမကို ရိုက်ရတာလဲ?" ချူယောင်းက မျက်နှာမပေးသည့်အတွက်
ထိပ်တိုက် ဖြေရှင်းရန် ကျီအဖေ ဆုံးဖြတ်လိုက်သည်။
"ကျွန်မ
အကိုအကြီးဆုံးနဲ့ ယောင်းမကို မရိုက်ခဲ့ပါဘူး၊ ရိုက်တာကို ဒီမှာရှိတဲ့လူတစ်ယောက်ယောက်
မြင်မိကြလို့လား? ကျွန်မ သူတို့ရိုက်တာကို ခုခံရင်း သူတို့ကို ဝင်တိုက်မိတာမျိုးပဲ
ရှိတယ်၊ ကျွန်မကို ချောက်ချဖို့ သူတို့ တမင်တကာ သူတို့ကိုယ်ကို ရိုက်ထားကြတာ ဖြစ်နိုင်တယ်"
ချူယောင်း သူတို့ကို လိုက်ရိုက်စဥ်က အနီးအနားမှာ လူမရှိဖို့ သတိထားခဲ့သည်။
ကျီအမေ
သူမ၏သား အပြောခံနေရသည်ဖြစ်၍ သည်းမခံနိုင်တော့ပေ။ "မိန်းမယုတ်မ၊ ညည်း ဝန်မခံဘူးလား?"
ဟု ကျီအမေ ပြော၍ပြီးပြီးချင်း သူမ ချူယောင်းကို ရိုက်ချင်သည်ဖြစ်သည်။
ချူယောင်းမှာ
ငြိမ်ငြိမ်နေပြီး အရိုက်ခံဖို့ စောင့်နေမည့်လူစားမျိုး မဟုတ်ပေ။ ကျီအမေ သူမ နားမကပ်ခင်
ချူယောင်းပုန်းနေပြီးဖြစ်သည်။ ကျီအမေ ရိုက်ရန် အလျင်အမြန် ပြေးလာသည်။ ရပ်ဖို့ အချိန်မရှိတော့သဖြင့်
ချူယောင်းဘေးက စားပွဲနှင့် တိုက်မိသွားပြီး မျက်နှာတွင်သွေးများနှင့် ဖုံးသွားသည်။
ကျီအမေ
သူမပါးစပ်မှ ကျွတ်ထွက်သွားသော သွားများကို ထွေးထုတ်လိုက်သည်။ ထိုအရာကို မြင်သည့်သူတိုင်း
သူတို့ပါ နာသကဲ့သို့ ခံစားလိုက်ရသည်ဖြစ်သည်။
"ယောင်္ကျား၊ ရှင်လာလုပ်လိုက် " ကျီအမေ
သူမ၏သွားများကို ထွေးထုတ်လိုက်ပြီးသည့်နောက် စကားများ ကျွံလာပြီ ဖြစ်သည်။
ရပ်ကြည့်နေသော
အိမ်နီးချင်းများမှာ အခြေအနေကို နားမလည်နိုင်ဖြစ်သွားကြသည်။"ခင်ဗျားတို့ မိသားစုက
ချွေးမကို ရိုက်တယ်ဆိုတာ တကယ်ပါလား၊ ချူယောင်းသာမပုန်းလိုက်ဘူးဆိုရင် သူမ တော်တော်အရိုက်ခံရမှာ
အသေအချာပဲ"
ကျီအဖေ
မျက်နှာပြောင်းခြင်း မရှိဘဲ ကျီအမေကို ထူလိုက်ပြီး " လူတိုင်းကို ဟာသပြောသလို
ဖြစ်သွားတယ်၊ အခုကျွန်တော့်ဇနီးလုပ်လိုက်တာက ယောက္ခမက ချွေးမကို ဆုံးမနေတာမျိုးပါ၊
ခင်ဗျားတို့အိမ်မှာရော ဒီလိုပဲ ဆုံးမကြတာမလား?" ဟု ကျီအဖေဖြေရှင်းလိုက်သည်။
ဒါကို
ကြားပြီးသည့်နောက် လူတိုင်း ပြောစရာမရှိတော့ပေ၊ ယခုခေတ်တွင် ဘယ်ယောက္ခမက ချွေးမကို
မဆုံးမတာ မရှိလို့လဲ? လူ့သဘာဝဖြစ်၍ မငြင်းနိုင်ကြပေ။
"ယောက္ခမက
ချွေးမကို ဆုံးမတာဖြစ်သင့်ပါတယ်၊ ဒါပေမယ့် ကျီအမေက ကျွန်မကို ဘာလို့ အကြောင်းပြချက်မရှိဘဲ
သေအောင် ရိုက်ချင်ရတာလဲ?"
ချူယောင်း သူတို့ကို လွယ်လွယ်လွှတ်ပေးရန် ဆန္ဒမရှိပေ၊
သူတို့ ဒီတစ်ကြိမ်နှင့် သင်ခန်းစာမရဘူးဆိုပေမယ့်လည်း အနည်းဆုံးတော့ ကျီမိသားစုဆီမှ
လျော်ကြေးရရမည်ဖြစ်သည်။