အပိုင်း ၃
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း

 

 

 

နောက်တစ်နေ့ နံနက်စောစောတွင် တင်းရှသည် ဝက်လက်၂ချောင်းကို ဂရုတစိုက် ရွေးချယ်ဝယ်ရန် ဈေးသို့သွားခဲ့သည်။

 

 

သူမမှာ ကိုယ်ဝန်ရှိလို့လား မသိပေမယ့် တင်းရှ ရုတ်တရက် စားချင်စိတ်တွေ တက်လာပြီး တစ်နေ့ကို စားချင်တာ ခုနစ်မျိုး ရှစ်မျိုးလောက်ထိ တွေးနိုင်လာသည်။

 

 

သူမ ဝက်လက် ပေါ်ရှိ အမွှေးများကို ဖယ်ရန် ရေနွေးကိုသုံးကာ ရေဖြင့် ဆေးကြောခဲ့သည်။

 

 

သူမသည် ကျောက်သကြားအချို့ကို အရောင်ရင့်လာသည်အထိ မွှေကြော်ရန် သေတ္တာများနှင့် ဗီဒိုများကို လှန်လှောရှာဖွေခဲ့ကာ ရေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပဲငံပြာရည်တို့ကို ထည့်ကာ မီးပြင်းပြင်းဖြင့် ကျိုပြီးနောက် ဖြည်းဖြည်းချင်း ပြုတ်ရန် မီးကို လျှော့လိုက်သည်။

 

 

ချက်ပြုတ်ပြီးခါနီးသောအခါတွင် တစ်ညလုံး ရေစိမ်ထားသော ပဲပိစပ်ကို ထည့်ကာ မီးနည်းနည်းဖြင့် ဆက်ပြုတ်ခဲ့သည်။

 

 

မနေ့က လုံးဝမသုံးစွဲရသေးသော ဟင်းသီးဟင်းရွက်အချို့ ကျန်နေသေးသောကြောင့် တင်းရှသည် ယနေ့တွင် တူညီသော အသီးအရွက် ဟင်းလျာများကို ပြင်ဆင်လိုက်သည်။

 

 

သူမသည် ထမင်းအပေါ်၌ အသားပြုတ် အရသာရှိသော ပဲပိစပ်ကို ထပ်ထည့်လိုက်သည်။

 

 

အားလုံး ချက်ပြီးမှ စားရန် ကျန်ရှိသော အသီးအရွက်များကို ပန်းကန်တစ်ခုပေါ်တွင် ထားခဲ့သည်။ ဝက်လက်ကို နူးညံ့ပြီး အရသာရှိသည့် ချဉ်ငံစပ်ဆော့စ်၊ အပေါ့အငန်နှင့် အချိုများ ပေါင်းစပ်ထားသည်။

 

 

ပါးစပ်ထဲ ရောက်သွားသည်နှင့် တပြိုင်နက် အရည်ပျော်သွားကာ ၎င်းသည် တုန်လှုပ်နေသော ဝက်သား သို့မဟုတ် အဆီများသော အသားလား ဆိုတာကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။

 

 

ကျေနပ်ဖွယ်ရာ အစားအစာကို ဖြည့်စွက်စားသောက်ပြီးနောက် တင်းရှသည် သူမ၏ လျှပ်စစ်စက်ဘီးကို စီးကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့သည်။

 

 

အဲဒီမှာ လူအနည်းစုက စောင့်နေပြီဖြစ်သည်။

 

 

တစ်ချို့က ကိုယ်ပိုင် တွန်းလှည်းလေးတွေ ယူလာပြီး စောင့်နေကြသည်။

 

 

တင်းရှ သူမစက်ဘီးကို တည်ငြိမ်စွာ ရပ်လိုက်သည်နှင့် တပြိုင်နက် သူတို့က ဝိုင်းအုံပြီး ပြောခဲ့ကြသည်။  "ငါ့ကို တစ်ဗူး"

 

 

တင်းရှက လုံးဝမတုန်လှုပ်ဘဲ ပုံးကိုဖွင့်ကာ ကုဒ် စကင်န်ဖတ်ဖို့ ပေးလိုက်သည်။  နောက်မှလူများက အလိုအလျောက် တန်းစီပြီး မိနစ်အနည်းငယ်မျှသာ ဖရိုဖရဲဖြစ်ခဲ့ရသည်။

 

 

နေ့လယ်စာ ဗူးငါးဆယ်က လျှင်မြန်စွာ ရောင်ကုန်သွားခဲ့သည်။

 

 

တင်းရှ ဘေးတွင် ငုတ်တုတ်ထိုင်ကာ အားတက်သရော စားသောက်သည့် လူထွားကြီးအုပ်စုကို ဖြတ်သွားဖြတ်လာများက ရယ်စရာကောင်းသည့်မြင်ကွင်းဟု ခံစားလာရသည်။

 

 

လူထွားကြီးက သူ့ပါးစပ်ထဲ စိမ့်ထွက်နေသော ဆီနှင့် စားနေခဲ့သည်။ "အရမ်းအရသာရှိတယ်၊ အရမ်း အရသာ ရှိတယ်၊ မနက်ဖြန် ထပ်လုပ်မှာလား"

 

 

တင်းရှက ခေါင်းခါခဲ့သည်။  "မနက်ဖြန် မတူတဲ့ တစ်ခုလုပ်မယ်"

 

 

အိမ်မှာ ဟင်းသီး ဟင်းရွက်နဲ့ ဆန်တွေ ကုန်သွားပြီမို့ တန်တစ်ထုပ် ပြန်သယ်သွားရမည်။ နက်ဖြန်မနက် ဟင်းသီးဟင်းရွက်တွေလည့း သွားဝယ်ရဦးမည်ပင်။

 

 

အသားညိုညိုနဲ့လူက ပဲပိစပ်ကို စားလိုက်သည်။  "ဒီပဲတွေက မွှေးတယ်။"

 

 

သူ သူ့ နှုတ်ခမ်းကို သပ်လိုက်သည်။  "သူတို့က အသားအရသာရှိတယ်၊ မင်းအသားနဲ့ပြုတ်ထားတာလား။"

 

 

တင်းရှ ခေါင်းညိတ်လိုက်သည်။  "ဝက်လက်နဲ့ ပြုတ်ထားတာ။ ဒါပေမယ့် ဝက်လက်က အရမ်းဈေးကြီးတယ်၊ ကုန်ကျစရိတ် မတတ်နိုင်ဘူး။"

 

 

အသားညိုညိုနဲ့လူက သူ့လက်ကို အမှတ်တမဲ့ ဝှေ့ယမ်းလိုက်သည်။  “ဒါက မွှေးတာတော့ သေချာတယ်။ ဒါပေမယ့် ဘယ်ဟာကမှ အသားတုံးကြီးတွေကို မမှီဘူး

 

 

တင်းရှ ပြုံးလိုက်သည်။  သူမ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆို မနက်ဖြန် ဝက်ထမင်းနဲ့ ဟင်းခတ်အမွှေးအကြိုင် ငါးမျိုးပါတဲ့ ဝက်သားဗိုက်သား လုပ်ခဲ့မယ် အဲ့ဒါက အရမ်းမွှေးတယ်"

 

 

ထိုစကားကိုကြားလျှင် အသားညိုညိုနဲ့လူက သူ့ပါးစပ်ကို သုတ်ပြီး နှစ်ခါ ရယ်ခဲ့သည်။  "ကောင်းပြီ၊ ကောင်းပြီ ဝက်ဗိုက်သားစားရမယ်!"

 

 

တင်းရှက ဆန်ဝယ်ပြီး အိမ်ပြန်ခဲ့သည်။ ဆန်လုံးညိုက အရည်အသွေး ကောင်းတာတွေ့တော့ ဂျင်းဆန်ရေနွေးကြမ်း သောက်ဖို့ လှော်ပြီး သိုလှောင်ရန် စဥ်းစားလိုက်သည်။

 

 

အဖွား ကျန်းသည် အိမ်မွေးကြက်ဥပန်းကန် ကိုင်ကာ ရောက်လာခဲ့သည်။  "ကောင်မလေး၊ မကြာခင်တုန်းက ဘာတွေနဲ့ အလုပ်များနေတာလဲ၊ ငါ ခဏခဏ လာကြည့်ပေမယ့် တံခါးကို သော့ခတ်ထားတာပဲ တွေ့တယ်။"

 

 

တင်းရှသည် သူမအတွက် ဂျင်းဆန်ရေနွေးကြမ်း တစ်ခွက် ကြိုပေးခဲ့သည်။  "သမီး အလုပ်မရှုပ်ပါဘူး၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို နေ့လည်စာ ထမင်းဗူး လုပ်ရောင်းနေတာ"

 

 

အဖွား ကျန်းက စိုးရိမ်တကြီးနဲ့ ထအော်ခဲ့သည်။ " ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံမလုပ်နဲ့။ မကြာသေးခင်က ဘယ်လိုခံစားရလဲ။ မင်း ကိုယ်အလေးချိန် ကျသွားလား"

 

 

တင်းရှ ခေါင်းခါလိုက်သည်။  "သမီး ဘာမှ မခံစားခဲ့ရပါဘူး၊ ပင်ပန်းတာလည်း မရှိဘူး။ တစ်ခါတလေတော့ အချဉ်ပါတဲ့ အစားအစာတွေကို တောင့်တတယ်"

 

 

"အချဉ်လိုချင်တယ်ဆို ယောက်ျားလေးတဲ့။ မင်း ဗိုက်ထဲမှာ သခင်လေး တစ်ယောက်ရှိတာပဲအဖွားကျန်းက ရယ်မောရင်း ပြောခဲ့သည်။

 

 

သခင်လေးက ကောင်းတယ်၊ သူ့အမေကို ကျွေးမွေးပြုစုဖို့ ကြီးပြင်းလာနိုင်တယ်။ ဒါကြောင့် ဒီကောင်မလေး နည်းနည်းတော့ ဒုက္ခရောက်နိုင်သည်။

 

 

တင်းရှက သူမဗိုက်ထဲတွင် သားတစ်ယောက်ရှိနေသည်ကို သိသည်။

 

 

သားတစ်ယောက်တင်မကဘဲ အမျိုးသားဇာတ်လိုက်လဲဖြစ်သေးသည်။

 

 

သူ့ကံက မကောင်းလို့သာပင်။

 

 

 မိဘမဲ့ ကလေးတစ်ဦး မွေးဖွားခဲ့ပြီး ကျောင်းတွင် အနိုင်ကျင့်ခံရကာ သူ့အချစ်တွေက ဗီလိန်တစ်ဦး၏ ခိုးယူခြင်းခံခဲ့ရသည်။

 

 

အတိုင်းအတာတစ်ခုအထိ ဝမ်းနည်းစရာကောင်းခဲ့သည်။

 

 

"ငါ မင်းကို ငါ့ကြက်တွေဆီက ကြက်ဥတွေ ယူလာပေးတာ။ အဲဒါတွေက ငွေမကုန်ဘဲ အာဟာရပြည့်တယ်။ အဲ့ဒါ စားပြီးရင် မင်းကျန်းမာရေးအတွက် ကောင်းလိမ့်မယ်။အဖွား ကျန်းက အိမ်မွေးကြက်ဥတွေကို စားပွဲပေါ်တင်လိုက်သည်။

 

 

"ကျေးဇူးတင်ပါတယ် အဖွား ကျန်းတင်းရှက ကျေးဇူးတင်ပြီး လက်ခံခဲ့သည်။ သူမ ထိုနေ့နံနက်က ဈေးမှာ အိမ်မွေးကြက်ဥတွေက ဈေးကြီးသည်ကို တွေ့ခဲ့ရသည်။

 

 

"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး..."

 

 

"အိမ်မှာ တစ်ယောက်ယောက်ရှိလား" တစ်စုံတစ်ယောက်က အော်ခေါ်ပြီး တံခါးလာခေါက်ကာ အဖွား ကျန်းရဲ့ အသံကို အနှောင့်အယှက်ပေးခဲ့သည်။

 

 

တင်းရှ လန့်သွားပြီးနောက် တံခါးဖွင့်ဖို့ မတ်တပ်ရပ်လိုက်သည်။  "ဒီမှာ ရှိတယ်၊ မင်းဘယ်သူ့ကို ရှာနေတာလဲ"

 

 

တံခါးဖွင့်လိုက်​​တော့ ရွာက စာပို့သမားကို တွေ့လိုက်ရသည်  တစ်ရွာလုံးမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အများစု နေထိုင်ကြတဲ့အတွက် ပစ္စည်းတွေ၊ စာတွေ ပေးပို့ရာမှာ ကူညီပေးဖို့ စာပို့ရုံးတစ်ခု ထူထောင်ခဲ့သည်။

 

 

"မင်းက တင်းရှလား" စာပို့သမားက နှစ်ဆယ်ကျော်သာ ရှိသေးပုံရသည်။ စာကို ကိုင်ထားပြီး သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

 

 

"ကျွန်မပါတင်းရှက စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်လိုက်သည်။

 

 

 

"မင်းရဲ့စာ။စာပို့သမားက သူမကို ပေးလိုက်သည်။  သူ့အမူအရာက သူမနဲ့ စကားစမြည် ပြောချင်သေးသလိုပင်။

 

 

တင်းရှက စာကို ပေါ့ပေါ့ပါးပါး လက်ခံခဲ့သည်။ သူမ သူ့ကို ကျေးဇူးတင်စကား ပြောပြီး တံခါးကို ချက်ချင်းပိတ်လိုက်သည်။

 

 

စာပို့သမားက ခေါင်းကုတ်ပြီး ထွက်သွားခဲ့သည်။

 

 

တင်းရှသည် စာအိတ်ပေါ်ရှိ လက်ရေးကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။  အဖွားကျန်းက  သူမ အကြာကြီး တိတ်ဆိတ်သွားပြီး မလှုပ်တာတွေ့တော့ စိုးရိမ်တကြီး မေးခဲ့သည်။ "ကောင်မလေး ဘာမှားလို့လဲ?"

 

 

တင်းရှ စကားမပြောဘဲ ခေါင်းယမ်းလိုက်သည်။

 

 

အဖွား ကျန်းက မတ်တပ်ထရပ်ပြီး ထွက်သွားခဲ့သည်။  "အဖွား ပြန်တော့မယ်။ အိမ်မှာ ကြက်ဥပြုတ်ထားသေးတယ်။ မင်းတစ်ခုခု လိုအပ်ရင် ငါ့ကို ပြော"

 

 

တင်းရှက ပြုံးပြီး ခေါင်းညိတ်ပြကာ ထိုင်ခုံပေါ် ပြန်ထိုင်လျက် တံခါးဝကို လှမ်းကြည့်ပြီး စာကိုထုတ်ကာ ကြောင်အစွာ စိုက်ကြည့်နေပြန်သည်။

 

 

စာအိတ်ပေါ်ရှိ ပေးပို့သူနေရာသည် နန်ကျန်း အမှတ် အကျဉ်းထောင်ဖြစ်သည်။

 

 

သူမ စာဖတ်ဖို့ စာအိတ်မဖွင့်ခင် ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။

 

 

"ရှရှ၊ မင်းဘယ်လို နေသေးလဲ၊ ကိုယ် မင်းကို အရမ်းသတိရတယ်၊ ကိုယ်တို့ ခြံဝင်းလေးကို လွမ်းတယ်။

 

 

ကိုယ် တောင်းပန်ပါတယ် မင်းကို တစ်ယောက်ထဲ ထားမိတယ်။  ဒါပေမယ့် မင်း ကိုယ့်ကိုစောင့်နေမလား။ ကိုယ် မင်းကို ကောင်းတဲ့ ဘဝပေးမှာ သေချာတယ်။

 

 

ကိုယ် မင်းအတွက် စင်မဆောက်ရသေးဘူး။ မင်းလိုချင်တဲ့ စပျစ်သီးတောင် မစိုက်ရသေးဘူး။ ခြံနောက်မှာလည်း အသီးအရွက်တွေ မစိုက်ရသေးဘူး မင်းလိုချင်တဲ့ မင်္ဂလာပွဲလည်း မလုပ်ရသေးဘူး။

 

 

မင်း ကိုယ့်ကို လာတွေ့နိုင်မလား  ကိုယ် မင်းကိုအရမ်းလွမ်းတယ်။"

 

 

 လက်မှတ် နေရာ၌ ရှောင်ကျွင်း ဟူ ထိုးထားခဲ့သည်။

 

 

တင်းရှသည် စာတစ်စောင်လုံးကို နှစ်ကြိမ်ထပ်ဖတ်ခဲ့သည်။

 

 

နောက်ဆုံး၌ သူမ ရှောင်ကျွင်း ဟူသော အမည်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

 

 

မထင်မှတ်တာသာ ဘာမှမဖြစ်ခဲ့ရင် ဒါက ကံဆိုးတဲ့ကလေးရဲ့အဖေဖြစ်နိုင်သည်။

 

 

သူမ ခြံဝင်းငယ်လေးထဲ ကြောင်အစွာ ထိုင်နေခဲ့ကာ သူမ စိတ်ထဲ မှတ်ဉာဏ်တွေ မရှိတာကြောင့် လုံး၀ ဗလာဖြစ်နေဆဲပင်။

 

 

သူမ သူ့ကို သွားတွေ့သင့်လား။

 

 

တင်းရှ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

 

 

တင်းရှသည် နန်ကျန်း နံပါတ် အကျဉ်းထောင် အဝင်ဝတွင် ရပ်နေရင်း အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် သေးငယ်သော ဘဝတစ်ခုကို အမှန်တကယ် ခံစားနိုင်သကဲ့သို့ သူမ ဝမ်းဗိုက်ကို မသိစိတ်က ထိလိုက်သည်။

 

 

"မိန်းကလေး ငါ မင်းကို တစ်ခုခု ကူညီပေးနိုင်တာရှိလားကင်းတဲရှိ လူလတ်ပိုင်းဦးလေးက သူမ အပြင်တွင် အချိန်အတော်ကြာ ချီတုံချတုံ တုံ့ဆိုင်းစွာ ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် စကားပြောဖို့ ကြောက်လန့်နေတယ်ထင်သဖြင့် မေးရန် အစပြုခဲ့သည်။

 

 

"ဆရာ... ကျွန်မ လူတွေ့ချင်တယ်..." တင်းရှ ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

 

 

လူတွေ့ အာ လူလတ်ပိုင်းဦးလေးက ၎င်းကို ကျင့်သားရနေပြီး ဘေးဘက်က လမ်းကြောင်း သေးသေးတစ်ခုကို ညွှန်ပြခဲ့သည်။

 

 

 "မင်း အဲဒီလမ်းကို သွားရမှာ၊ အနောက်ဘက်မှာ တံခါးရှိတယ်။ ဝင်သွားပြီး စာရွက်စာတမ်းတွေ ဖြည့်၊ အတည်ပြုပြီးတာနဲ့ မင်း သွားတွေ့လို့ရတယ်။"

 

 

"အိုး... ကျေးဇူးတင်ပါတယ် ဆရာ " တင်းရှက လျှောက်လွှာတင်ရဖို့ မမျှော်လင့်ထားပေ။ သူမက သူ့ကို ကျေးဇူးတင်စကားပြောကာ ထိုလမ်းကို အမြန်သွားခဲ့သည်။

 

 

အသေအချာကိုပဲ တံခါးပေါက် အသေးကို သူမမြင်လိုက်ရသည်။

 

 

သူမ တံခါး ခေါက်လိုက်ပြီးနောက် "ဝင်လာပါ" ဆိုပြီး ပြောသည့် တစ်ယောက်ယောက် အော်သံကြားလိုက်ရသည်။

 

 

သူမ အထဲကို ဝင်သွားလိုက်သည်။  "ဟယ်လို၊ ကျွန်မ လူတွေ့ဖို့ လျှောက်ထားချင်ပါတယ်"

 

 

ရဲသားလေးက သူမကို တခဏတာ အံ့အားသင့်စွာ ကြည့်ခဲ့သည်။  "အိုး...ဒါဆို ဒီဖောင်ကို အရင်ဖြည့်ပါ"

 

 

သူက စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ပေးခဲ့သည်။

 

 

တင်းရှက စာရွက်တွေ ယူကာ ထောင့်တစ်နေရာက ထိုင်ခုံမှာ ထိုင်လိုက်ပြီး တိတ်တိတ်လေး ဖြည့်လိုက်သည်။

 

 

ရဲသားလေးက သူမ၏ နူးညံ့ပြီး လှပသည့် မျက်နှာလေးကို ကြည့်ကာ မကူညီနိုင်ဘဲ သနားသလို ခံစားခဲ့ရသည်။ 

 

 

သူ သူမ ဘယ်သူ့ကို လာကြည့်တာလဲ တွေးမိခဲ့သည်...

 

 

ဒါကို သူတွေးနေချိန်မှာပဲ တင်းရှက ဖောင်ဖြည့်ပြီးသွားခဲ့ပြီး ပြန်လာခဲ့သည်။  "ကျွန်မ ပြီးပါပြီ၊ ဒါက အဆင်ပြေရဲ့လား"

 

 

သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသည်။

 

 

ရဲသားလေးက သူမအတွက် ရေတစ်ခွက်ထည့်ပြီး ညင်သာစွာ ပြောခဲ့သည်။  “မကြောက်ပါနဲ့ အရင်ဆုံး ရေနည်းနည်းလောက် သောက်လိုက်

 

 

ထို့နောက် သူက စာရွက်ကို ကောက်ယူပြီး ကွန်ပျူတာဆီ ပြန်သွားခဲ့သည်။

 

 

သူ့အမူအရာက ထူးဆန်းပြီး ရှုပ်ထွေးနေခဲ့သည်။  "မင်း ရှောင်ကျွင်းကို တွေ့ဖို့ ရောက်နေတာလား?"

 

 

"အမ်တင်းရှက သူဘာလို့ ဒီလိုမေးမှန်း မသိပေမယ့် ခေါင်းညိမ့်ကာ ဖြေခဲ့သည်။

 

 

"မင်းက သူ့မိန်းမလား?"  အရာရှိလေးက ထပ်မေးခဲ့သည်။

 

 

တင်းရှ ခေါင်းငုံ့ကာ ဟုတ်တယ် လို့တိုးတိုးလေးပြောခဲ့သည်။  "ကျွန်မတို့ အသက်ပြည့်ရင် လက်ထပ်မှတ်ပုံတင်ဖို့ သဘောတူထားတယ်။"

 

 

ရဲသားလေး၏ မျက်လုံးထဲက သနားသလို အကြည့်များက သူမ၏ နှလုံးသားကို တင်းကျပ်စေခဲ့သည်။

 

 

ဘာတွေ ဖြစ်နေတာလဲ?