အပိုင်း ၄
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း

 

 

 

 

 

ရဲသားလေး နောက်က ဘေးဘက် အခန်းတစ်ခုကို လိုက်မသွားခင်အထိ တင်းရှ ခဏလောက်ထိ တုန်လှုပ်ချောက်ချားစွာ ထိုင်နေခဲ့သည်။

 

 

အကွေ့အကောက်များစွာရှိသော စင်္ကြံများကို ဖြတ်ကာ တံခါးများစွာကို ဖြတ်၍ နောက်ဆုံး၌ သံတံခါးတစ်ခုရှေ့တွင် ရပ်သွားကြသည်။

 

 

ဝင်သွားလိုက်ပါ။ အချိန်ပြည့်ရင် ငါ မင်းကို လာခေါ်မယ်  ကြင်နာတတ်တဲ့ ရဲသားလေးက  သူမအတွက်တံခါးကို အဟလေး ဖွင့်ပေးပြီး ပြောလိုက်သည်။

 

 

တင်းရှက သူ့ကို ကျေးဇူးတင်စကားပြောပြီး အသက်ပြင်းပြင်းရှူကာ တံခါးကို အပြည့်တွန်းဖွင့်ဖို့ သတ္တိကို စုစည်းလိုက်သည်။

 

 

အထဲမှာ အရမ်းကြီးတဲ့ စားပွဲသာ ရှိပြီး နေရာ ကျယ်သည်။ မှန်နံရံအနောက်တွင် ခေါင်းရိတ်ထားသော လူငယ်တစ်ဦး ထိုင်နေခဲ့သည်။

 

 

မျက်ခုံးပေါ်မှာ အမာရွတ်နေပြီး ပိန်လှီနေ၏။ သူ သူမကို စူးစူးစိုက်စိုက်ဖြင့် စိတ်အားထက်သန်စွာ ကြည့်နေမိသည်။

 

 

ရှောင်ကျွင်း သူမကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တာဖြစ်သည်။ အခု သူမ တံခါးကို မဝံ့မရဲ တွန်းဖွင့်လိုက်တာ မြင်လိုက်ရတော့ သူလည်း စိုးရွံ့ထိတ်လန့် ကြောက်ရွံ့နေမိသည်။ သူက ထရပ်ကာ ဖန်နံရံကို မှီလျက် ညင်သာစွာ ချော့လိုက်သည်။ "မကြောက်ပါနဲ့ ရှရှ၊ ကိုယ်ပါ"

 

 

"ဖြည်းဖြည်းလာ၊ အဲ့မှာ ရပ်မနေနဲ့၊ မင်း ပင်ပန်းနေရမယ်။ ထိုင်လေ"

 

 

တင်းရှ သူမဗိုက်ကို မသိစိတ်က ထပ်ထိမိလိုက်ပေမယ့် နောက်ဆုံး ရှေ့ကလူဆီ တိုးသွားလိုက်သည်။

 

 

သူမ ရောက်လာတာကို မြင်တော့ ရှောင်ကျွင်းက တောက်ပပြီး ကြည်နူးနေတဲ့အပြုံးကို ထုတ်ဖော်လိုက်သည်။ သူ့ ရှရှ မပျော်မရွှင်ဖြစ်မှာ ဒါမှမဟုတ် ငိုမှာ သူ့ကိုလျစ်လျူရှုမှာကို စိုးရိမ်နေခဲ့သည်။

 

 

သူမ သူနှင့် နီးကပ်သွားသည်နှင့်အမျှ တင်းရှ သူမ၏ ပြင်းထန်သော နှလုံးခုန်သံကို ကြားလိုက်ရသည်။ သူမ၏ စိတ်အားထက်သန်မှုက သူမကို အသက်ရှူမဝအောင် ဖြစ်စေသည်။

 

 

သူမ ခြေလှမ်းနှစ်လှမ်းကို လှမ်းလိုက်ချိန် ယိမ်းထိုးသွားကာ သူမ၏ အမြင်အာရုံက မည်းမှောင်သွားပြီး ဟန်ချက်ညီအောင် သူမနှင့် အနီးဆုံး ကုလားထိုင်ကို လှမ်းဆွဲလိုက်သည်။

 

 

သူမ မေ့မလဲခင် ၎င်းကိုကာကွယ်ရန် သူမဝမ်းဗိုက်ကို လက်ကို အုပ်လိုက်သည်။

 

 

ရှောင်ကျွင်းက သူမ မေ့လဲသွားတာကို အကူညီမဲ့စွာ ကြည့်နေခဲ့ရသည်။ သူ့မျက်လုံးတွေက စိုးရိမ်တကြီး နီရဲလာခဲ့သည်။ သူက တောင်ခြင်္သေ့တစ်ကောင်လို ခုန်ထကာ နံရံကို ဆောင့်ကန်လျက် သူမ နာမည်ကို အားကိုးရာမဲ့ တင်းမာစွာ အော်လိုက်သည်။

 

 

"ရှရှ! ဘာဖြစ်တာလဲ ရှရှ!! တစ်ယောက်ယောက်လာပြီး သူမကို ကယ်ပါ!!"

 

 

သူ့ ပေါက်ကွဲသံက ထောင်စောင့်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က လျင်မြန်စွာ ဝင်လာပြီး သူ့လက်များကို အနောက်ဘက် လိမ်ကာ စားပွဲပေါ် မှောက်ထားကြသည်။

 

 

ရှောင်ကျွင်းက ရုန်းကန်နေဆဲပင်။ သူ တင်းရှ၏ အခြေအနေကို ကြည့်ရန် ခေါင်းငုံ့လိုက်သော်လည်း သူမ မျက်နှာကို မမြင်ရဘဲ အေးစက်သော ကြမ်းပြင်ပေါ်၌ ပိန်ပိန်ပါးပါး ပုံရိပ်လေး ပြိုလဲနေတာသာ မြင်လိုက်ရသည်။

 

 

ထိုအချိန်တွင် ရှောင်ကျွင်းက သူ့ စွမ်းအားမဲ့မှုကို ပြင်းပြင်းထန်ထန် မုန်းတီးခဲ့သည်။

 

 

ရဲသားလေး ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားပြီး တံခါးဖွင့်လာချိန် တင်းရှကို တွေ့သွားကာ သူမကို ပွေ့ချီလျက် ဆေးကုသခန်းဆီ ပြေးသွားခဲ့သည်။

 

 

ရှောင်ကျွင်းက အခုမှ ငြိမ်သက်သွားခဲ့ပြီး သူ့ ရုန်းကန်မှု တွေ ရပ်သွားသည်။ "ငါ့မိန်းမ နေမကောင်းဘူး။ ငါ သူမကိုတွေ့ဖို့ ဆေးရုံသွားလို့ရမလား"

 

 

ထောင်အစောင့်တွေက သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားပြီး ချုပ်နှောင်ထားမှုကို မဖြေလျော့ရဲပေ။ ဒီကောင်က အရမ်းရိုင်းပြီး သူ့ရဲ့ ကိုယ်ခံပညာစွမ်းရည်ကလည်း ကောင်းသည်။ သူ့ကို ခဏလောက် လွှတ်ထားလိုက်ရင် ဒုက္ခအကြီးအကျယ်ရောက်မှာ သေချာသည်။

 

 

ရှောင်ကျွင်းက မခုခံဘဲ သူတို့ကို သူ့အပေါ် ဖိအားတွေ ပေးခိုင်းလိုက်သည်။ "ငါ ငါ့မိန်းမကို တွေ့ချင်တယ်။ သူမ ဘယ်လိုနေလဲ သိချင်တယ်၊ ငါ သူမကို စိတ်ပူတယ်။"

 

 

အစောင့်နှစ်ယောက်က အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။ "ငါ့အထက်လူကြီးကို အရင် သတင်းပို့လိုက်မယ်။ မင်း အရင်ပြန်။ ငါတို့နောက်မှ သွားတွေ့မယ်"

 

 

ဒါပေမယ့် ရှောင်ကျွင်းက ခေါင်းခါခဲ့သည်။ "ငါ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်တယ်။ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်။ ငါ့မိန်းမကို သွားတွေ့ပါရစေ။"

 

 

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ဒီတော့ ဒီကောင်က နောက်ဆုံး စကားပြောချင်စိတ်ရှိပြီလား?

 

 

ခဏလောက်စဉ်းစားပြီးနောက် သူတို့ထဲက တစ်ယောက်က ရှောင်ကျွင်းရဲ့တောင်းဆိုမှုကို သူ့အထက်လူကြီးဆီ တိုက်ရိုက် သတင်းပို့ခဲ့သည်။

 

 

ခဏအကြာ၌ ရှောင်ကျွင်း၏ တောင်းဆိုမှုအတွက် အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။

 

 

တင်းရှ နိုးလာသောအခါ သူမ နွေးထွေးစွာ လဲလျောင်းနေသလို ခံစားရသည်။ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ရှောင်ကျွင်းက သူမကို ဆုပ်ကိုင်ထားပြီး သူ့မျက်နှာက စိုးရိမ်မှုအပြည့်ကို တွေ့လိုက်ရသည်။

 

 

သူမ ဘာမှ မပြောနိုင်ခင် ရှောင်ကျွင်းက အနီးအနားက ရေကို ချက်ချင်း ယူလာခဲ့သည်။ "ဘယ်လိုခံစားရလဲ၊ မသက်မသာ ခံစားရတုန်းလား၊ ရေနည်းနည်း သောက်မလား"

 

 

တင်းရှ တကယ်ကို ရေငတ်သလို ခံစားနေရသည်။ သူမကိုယ်တိုင် သောက်ချင်ပေမယ့် ရှောင်ကျွင်းက ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သူမ ရှောင်ကျွင်း လက်ထဲက ရေကိုသာ ငုံ့သောက်နိုင်ခဲ့သည်။

 

 

ဆေးကုသခန်းမှ ဆရာဝန်သည် စမ်းသပ်မှုအစီရင်ခံစာများကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။ " ကောင်မလေး မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မင်းသိလား"

 

 

သူ့ တင်းမာတဲ့ အမူအရာကို မြင်လိုက်ရတော့ တင်းရှ နှုတ်ခမ်း ကိုက်ကာ ခေါင်းညိတ်လိုက်သည်။

 

 

ရှောင်ကျွင်းလည်း မျက်မှောင်ကြုတ်ကာ တင်းရှ၏ အခြေအနေနှင့် ပတ်သက်၍ ဆရာဝန်၏ တင်ပြချက်ကို နားထောင်ဖို့ ပြင်ဆင်ခဲ့သည်။

 

 

ဒါပေမယ့် ဆရာဝန်ရဲ့ နောက်ထပ်စကားက သူ့ကို အံ့အားသင့်စေပြီး မျက်လုံးတွေ ပြူးကျယ်သွားစေခဲ့သည်။

 

 

"ကိုယ်ဝန်နဲ့ ဘာလို့ ပြေးတာလဲ၊ မင်းခန္ဓာကိုယ်က ဘယ်လောက်တောင် အားနည်းနေလဲ မသိဘူးလားဆရာဝန်က သူမကို အပြစ်တင်ဝေဖန်ခဲ့သည်။

 

 

တင်းရှ စကားမပြောဘဲ ခေါင်းညိမ့်လိုက်သည်။

 

 

ဒါပေမယ့် ရှောင်ကျွင်းရဲ့လက်က သူမကို တင်းတင်းကြပ်ကြပ် ဖက်လာခဲ့သည်။ သူက စိုးရိမ်တကြီးဖြင့် တင်းရှကို ကိုင်ပြီးမေးခဲ့သည်။  "ကိုယ်... ကိုယ်ဝန်လား?"

 

 

ဟုတ်တယ်၊ နှစ်လ ဒါမှမဟုတ် သုံးလလောက် ဖြစ်နိုင်တယ်  ဆရာဝန်က ထပ်ပြောခဲ့သည်။

 

 

ရှောင်ကျွင်းက တင်းရှကို ကြည့်ပြီး သူ့မေးခွန်းကို ထပ်ခါတလဲလဲ ပြောခဲ့သည်။ "ရှရှ၊ မင်း ကိုယ်ဝန်ရှိနေတာလား"

 

 

တင်းရှ ပြောလိုက်သည်။ "သုံးလလောက်ရှိပြီ။"

 

 

ရှောင်ကျွင်း တစ်ခုခု ဆုံးရှုံးသလို ခံစားလိုက်ရသည်။ သူထွက်သွားတာ နှစ်လမပြည့်သေးပေ။ ရှရှ ကိုယ်ဝန်ရှိနေပြီဆိုတာ သူသိထားရင် သူ လုံးဝလုပ်မှာ မဟုတ်ဘူး...

 

 

နောက်ပြီး ရှရှက အလွန်နာခံမှုရှိကာ သူ့ကိုလည်း အရမ်းချစ်သည်။

 

 

ရှောင်ကျွင်းသည်  "ကိုယ်ဝန်" ဟူသော စကားကို အထပ်ထပ် အခါခါပြောခဲ့ပြီး ပျော်ရွှင်မှုကို နောက်ကျမှ ခံစားလိုက်ရသည်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။ "ကလေး... ငါ အဖေဖြစ်တော့မယ်..."

 

 

"ရှရှ! ကိုယ် အရမ်းပျော်နေတယ်!" သူ့ ပျော်ရွှင်မှုက ဖြူစင်ပြီး အလွန်ကြီးမားသည်။ သူ့အမူအရာတောင် တောက်ပနေသလိုပင်။

 

 

ဒါပေမယ့် တင်းရှက သူ့ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မသိခဲ့ပေ။ သူ့အကြည့်ကို ရှောင်ပြီး ဆရာဝန်ကို ကြည့်လိုက်သည်။ "ဒေါက်တာ.. ကျွန်မ ဘာလို့ရုတ်တရက် မေ့လဲသွားတာလဲ..."

 

 

"မင်းရဲ့ကျန်းမာရေးက အရမ်းညံ့တယ်၊ သွေးအားနည်းတယ်၊ အာဟာရချို့တဲ့တယ်။ ကလေးယူတာက မင်း မနိုင်ဝန်ထမ်းသလိုပဲ" ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်နေသော ဆရာဝန်က ပြောခဲ့သည်။ 

 

 

"အိမ်ပြန်ပြီး နွားနို့များများသောက်၊ ကြက်ဥများများစား။ အဲ့ဒါက မင်းအတွက် ကောင်းလိမ့်မယ်"

 

 

တင်းရှ သေသေချာချာ နားထောင်ခဲ့သည်။

 

 

အသေအချာကိုပဲ ရှောင်ကျွင်းက သူမ အကြည့်လွှဲတာကို ခံစားလိုက်ရသည်။ အဲ့ဒါက ဘာလို့လဲဆိုတော့ သူမက သူမအနားမှာ မရှိတာကို စိတ်ဆိုးနေတုန်းပဲ၊ အထူးသဖြင့် အခု ကိုယ်ဝန်ရှိနေပြီ...  

 

 

ရှောင်ကျွင်း မယုံနိုင်လောက်အောင် နာကျင်သွားသည်။သူ တိတ်တဆိတ် ဆုံးဖြတ်ချက်ချရင်း သူ့အကြည့်တွေက မဲမှောင်သွားခဲ့သည်။

 

 

တင်းရှသည် ရှောင်ကျွင်းနှင့် စကားအနည်းငယ်ပြောပြီးနောက် ဖောလစ်အက်ဆစ် သောက်ဖို့ လိုအပ်ကြောင်းပြောပြီး ထွက်ပြေးသွားခဲ့သည်။

 

 

ရှောင်ကျွင်းသည် ဆေးကုသဆောင်၌ နေဝင်ချိန်အထိ တစ်ယောက်တည်း အကြာကြီး ထိုင်နေခဲ့သည်။ ထို့နောက် သူ ဆုံးဖြတ်ချက်တစ်ခု ချပြီးသကဲ့သို့ မတ်တပ် ထရပ်လိုက်သည်။

 

 

"ကျွန်တော် အရာရှိ လျိုကို တွေ့ချင်တယ်၊ ကျွန်တော် သူ့ကို ပြောစရာရှိတယ်။"

 

 

ဆရာဝန်က သူ့ကို အံ့အားသင့်စွာ ကြည့်ခဲ့သည်။

 

 

ဝင်လာကတည်းက ဒီကောင်က ဘာမှ မပြောဘဲ အရာရှိ လျိုကို ခေါင်းကိုက်စေခဲ့သည်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို တွေ့ပြီးနောက် စကားပြောချင်စိတ်ရှိလာသည်...

 

 

တင်းရှသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် အိမ်ပြန်သွားခဲ့သည်။ သူမ မီးဖိုဘေးတွင် ထိုင်ကာ ဥများကို ချက်ပြုတ်နေလေသည်။

 

 

ရှောင်ကျွင်းအတွက် သူမ လုံးဝပြင်ဆင်ထားခြင်းမရှိပေ။

 

 

ဒါပေမယ့် ရှောင်ကျွင်းကို မုန်းတီးမှု မရှိဘူး ဆိုတာ သူမငြင်းနိုင်ပေ။ အဲဒါက သူမ သူ့ကို သိတာကြာနေသည့်ပုံပင်။

 

 

တင်းရှ အလွန်ထူးဆန်းသည်ဟု ခံစားမိသော်လည်း အကြောင်းရင်းကိုတော့ ရှာမတွေ့ချေ။

 

 

သူမ မူလကိုယ်နဲ့ ရှောင်ကျွင်းရဲ့ ရင်းနှီးကျွမ်းဝင်မှုကြောင့်ဟု သတ်မှတ်ခဲ့သည်။

 

 

သူမ ဝက်သားကို အတုံးကြီးကြီး ဖြစ်အောင် တုံးကာ ရေနွေးဖျောကာ သကြားရည် ပြုလုပ်ရန် ဆီပူထဲ ကျောက်သကြား ထည့်လိုက်သည်။ အသားများ ရွှေညိုရောင်ပြောင်းလာပြီးနောက် ပဲငံပြာရည်၊ ကရဝေးရွက်နှင့် အခြားဟင်းခတ်အနှစ်များထည့်ကာ ဆူပွက်အောင်တည်ပြီးနောက် မီးလျော့ကာ ဆူအောင်တည်ခဲ့သည်။

 

 

သိပ်မကြာခင်မှာပဲ သင်းပျံ့တဲ့ရနံ့က လေထဲ ပျံ့သွားခဲ့သည်။

 

 

စွပ်ပြုတ်ပြုတ်ပြီးခါနီးတွင် သူမ အရင်နေ့က ပြုတ်ထားသော ကြက်ဥများကို ထည့်ကာ စွပ်ပြုတ် အနံ့မွှေးလာပြိး အရသာ အပြည့်အဝ စုပ်ယူစေခဲ့သည်။

 

 

တင်းရှသည် သူမပြင်ဆင်ထားသော ဂေါ်ဖီထုပ်နှင့်အတူ အသားနှင့်ကြက်ဥ အနည်းငယ်ကို ယူကာ အဖွားကျန်းအိမ်ကို သွားခဲ့သည်။

 

 

သူမ တံခါး ခေါက်လိုက်သည်နှင့် အဖွားကျန်း မြေးလေးရဲ့ ခေါင်းက ထွက်လာခဲ့သည်။ သူ့ နှာခေါင်းလေးက လှုပ်သွားပြီး အစားအသောက်ကို အနံ့ခံနေခဲ့သည်။ တင်းရှကိုမြင်တော့ အဖွားကျန်းကိုခေါ်ဖို့ ရှက်ရှက်နဲ့ ပြန်ပြေးသွားခဲ့သည်။

 

 

အဖွားကျန်းက မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။ "ဘာဖြစ်လို့လဲ ကောင်မလေး"

 

 

"ကျွန်မ စားစရာ နည်းနည်း လုပ်ထားတယ်၊ အဖွား စမ်းစားကြည့်လေ" တင်းရှက ပန်းကန်လုံးကို ပေးလိုက်သည်။ သူမ ခေါင်းငုံ့လိုက်သောအခါ အဖွားကျန်းရဲ့ မြေးလေးက စပ်စုချင်ပေမယ့် ရှက်တာကြောင့် သူမခြေထောက်နောက်မှ ချောင်းကြည့်နေတာကို တွေ့လိုက်ရသည်။

 

 

သူမအကြည့်ကို မြင်တော့ ကောင်လေးက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့လိုက်သည်။ ဒါပေမယ့် မကြာခင်မှာပဲ ရနံ့က သူ့ကို ဆွဲဆောင်သွားပြန်သည်။

 

 

တင်းရှ ပြုံးပြီး ခေါင်းခါလိုက်သည်။

 

 

အဖွားကျန်းက သူမနဲ့ တခမ်းတနားလုပ်မနေပေ။ "ဒါဆို အဖွားလက်ခံလိုက်မယ်၊ မင်း တစ်ခုခုလိုရင် အဖွားကို ပြောလိုက်ပါ။ အဖွားဆီမှာ အကုန်ရှိတယ်"

 

 

သူမက တင်းရှကို အထဲဆွဲသွင်းပြီး အိမ်ကြက်ဥတွေနဲ့ သကြားရည် ထည့်ပေးချင်ခဲ့သည်။ ဒါပေမယ့် တင်းရှ လက်ကို အမြန်ဝေ့ယမ်းလိုက်သည်။  "ဟင့်အင်း ဟင့်အင်း ကျွန်မ ဆောက်လုပ်ရေး အလုပ်ခွင်မှာ အစားအသောက် ရောင်းနေသေးတယ်"

 

 

အဖွားကျန်းက သူမ နဖူးကို ရိုက်လိုက်သည်။ "ဟုတ်သား၊ ငါ့မှတ်ဥာဏ်ကို ကြည့်။ ကောင်းပြီ၊ မင်း ဆက်လုပ်ပါ။ မင်းတစ်ခုခု လိုအပ်ရင် အဖွားကို ပြောဖို့မမေ့နဲ့!"

 

 

တင်းရှ ပြုံးပြီး သဘောတူကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြန်သွားခဲ့သည်။

 

 

ဒီနေ့ ညီအစ်ကိုတွေက အလုပ်ခွင်မှာ သူတို့ရဲ့ ထုံးစံအတိုင်း စောင့်ဆိုင်းနေကြပြီပင်။ သူတို့သည် စားပွဲများ၊ ထိုင်ခုံများနှင့် ခွေးခြေခုံများကို ကိုယ်တိုင် ခင်းကျင်းထားပြီး သူမကို စောင့်မျှော်နေကြသည်။ အားလုံးက အဆင်သင့်ဖြစ်နေကြပြီး သူမ ရောက်လာတာကိုသာ စောင့်မျှော်နေကြတာဖြစ်သည်။

 

 

တကျွမ်းသည် သူမကို ဖြုတ် တပ်ရန် အားရပါးရ ကူညီပေးခဲ့ပြီး တွန့်ဆုတ်မှု မရှိဘဲ အစားအသောက် ဝယ်ရန် ပထမဆုံး တန်းစီလိုက်သည်။

 

 

သူ့စားစရာကို ယူပြီးသည်နှင့် ချက်ချင်း ဘေးနားတွင် စိတ်မရှည်စွာ ထိုင်လိုက်သည်။ မနေ့က တင်းရှ ဝက်ဗိုက်သားအကြောင်း ပြောပြီးကတည်းက နေ့လည်တစ်ခင်းလုံး စဉ်းစားနေခဲ့တာပင်။

 

 

သူအိပ်နေတဲ့အချိန်မှာတောင် သွားရည်ကျသည်။

 

 

ထို့နောက် အသက်ပြင်းပြင်းရှူရင်း အဖုံး ဖွင့်လိုက်သည်။ အထဲရှိအရာများက အနီရောင် တောက်ပပြီး ရွှန်းစိုနေခဲ့သည်။ သူ ၎င်းကို တူဖြင့် ထိုးလိုက်သည်နှင့် အသားက ပျော့ပျောင်း နူးညံ့နေခဲ့သည်။ လေထုထဲ စွဲမက်ဖွယ်ကောင်းသော ရနံ့များ စိမ့်ဝင်သွားပြီဖြစ်သည်။

 

 

နောက်တစ်ခုကတော့ ကြက်ဥပြုတ်ကို ထက်ခြမ်းခြမ်းခြမ်းထားပြီး အရံဟင်းတွေကလည်း လတ်ဆတ်ကာ အရသာရှိသည်။ ဝက်သားက အဆီများသော်လည်း မအီပေ။ တစ်ချက်ကိုက်ပြီးနောက် တကျွမ်း မျက်ရည်ကျလုမတတ်ပင်။

 

 

သူ အရမ်းအရသာရှိတဲ့ တစ်ခုခု စားထားတာ ဘယ်လောက်တောင်ကြာပြီလဲ။

 

 

သူ နောက်ထပ် ထမင်းလုတ်ပေါင်းများစွာကို မျိုချလိုက်ပြီး အစားအသောက်ရောင်းနေဆဲဖြစ်သော တင်းရှကို မကူညီနိုင်ဘဲ ကြည့်မိခဲ့သည်။

 

 

ဘာပဲဖြစ်ဖြစ် သူမ ဒီမှာ ထမင်းဗူး ရောင်းနေအောင် သူတို့ ​လုပ်ရမယ်။