အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၅
တင်းရှသည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ခြံထဲတွင် ထိုင်ကာ တေးသွားညည်းလျက် သူမ ပိုက်ဆံအိတ်ကို ဆုပ်ကိုင်ထားခဲ့သည်။
ဤနှုန်းအတိုင်းသာဆိုလျှင် သူမ ဆင်းရဲတွင်းမှ လွတ်မြောက်ပြီး အချိန်တိုအတွင်း ချမ်းသာလာလိမ့်မည်။
ဒါကို သူမ အဲ့ဒါကို တွေးနေချိန်မှာပဲ တံခါး ခေါက်လာခဲ့သည်။ "ဟေ့ ကောင်မလေး၊ မင်း အထဲမှာလား။ ငါ ဦးလေးဝေပါ"
တင်းရှ အဲ့ဒါကိုကြားတော့ နည်းနည်း အံ့သြသွားသည်။ ရက်အနည်းငယ်ပဲ ရှိသေးတယ်!
လှုပ်ကုလားထိုင်က အဆင်သင့်ဖြစ်နေပြီလား။
သူမ အမြန်ပြေးပြီး တံခါးကို ဖွင့်လိုက်သည်။ အသေအချာကိုပဲ ပါးစပ်ထဲက ပိုက်တစ်ခုနဲ့ ဦးလေးဝေက လှပတဲ့ လှုပ်ကုလားထိုင်တင်လာတဲ့ လှည်းကို ဆွဲထားတာ တွေ့လိုက်ရသည်။
“ဝင်ခဲ့ ဝင်ခဲ့လေ ” တင်းရှ သူ့ကို ဝင်ခွင့်ပြုဖို့ ဘေးက အမြန် ရွေ့ပေးလိုက်ပြီး ဦးလေးဝေအတွက် ရေတစ်ခွက် ထည့်ပေးဖို့ ပြေးသွားခဲ့သည်။
ကြီးမားသော အရိပ်ရှိသည့် ခြံဝင်းအတွင်းရှိ တရုတ်ဘယ်ရီပင်ကြီးအောက်တွင် လှုပ်ကုလားထိုင်ကို ဂရုတစိုက် နေရာချထားပြီးနောက်၊ တင်ရှက အကြွေးလက်ကျန်ကိုလည်း ပေးချေခဲ့သည်။
လက်ကျန်ငွေကို ပေးချေရုံသာမက ပရိဘောဂအသစ်ဖြစ်သည့် ကုတင်တစ်လုံးကိုလည်း ထပ်ပြီး မှာယူခဲ့သည်။
သူမအခန်းထဲက အိပ်ယာက အမြဲတမ်း လှုပ်နေပြီး ညလယ်မှာ လှည့်လိုက်ရုံနဲ့ သူမကို လန့်ပြီး နှိုးစေဖို့ လုံလောက်သည်။ သူမ ကုတင်ပြိုကျသွားမှာကို အမြဲစိုးရိမ်နေခဲ့ရသည်။
သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကုတင်အသစ် ရမှဖြစ်မည်။
ဦးလေးဝေက ငွေယူကာ အားရကျေနပ်စွာ ထွက်သွားပြီး တင်းရှက ကျေနပ်စွာ လှဲချလိုက်သည်။
သူမ မျက်လုံးတွေကို မှိတ်ထားပြီး ဖြည်းညှင်းစွာ လှုပ်ခါနေသော ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ တစ်ရေး အိပ်လိုက်သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ တင်းရှရဲ့ပိုက်ဆံအိတ်က ပိုပိုဖောင်းလာသည်။ သူမသည် နေ့တိုင်း အရသာရှိသော အစားအစာများကို ရက်ရက်ရောရော ပြုလုပ်ခဲ့ပြီး မကြာခင်မှာပဲ သူမပါးများက ပန်းရောင်သန်းလာခဲ့သည်။
သူမ ခနော်ခနဲ့ မဖြစ်တော့ဘဲ လေပြင်းတိုက်ခတ်ရင်တောင် အဝေးကို မလွင့်နိုင်တော့ပေ။
ထိုမနက်ခင်း၌ ထုံးစံအတိုင်း တင်းရှက စောစောထခဲ့သည်။ သူမ ဗိုက်၌ အဖုအထစ်လေး အနည်းငယ် ပေါ်လာပြီဖြစ်ပြီး ကြည့်ရတာ အလွန်အမင်းစားပြီးနောက် ဗိုက်ပြည့်တင်းနေသည့်ပုံပင်။
သူမ ဗိုက်ကို မတော်တဆ ထိမိမှာစိုးတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ဂရုတစိုက်လုပ်ရတာ အဆင်မပြေသလို ခံစားရသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူမ ဆေးစစ်ရန် ဆေးရုံသို့ ထပ်သွားခဲ့သည်။ သူမ စာအုပ်ထဲက အမျိုးသား ဇာတ်လိုက်၏ အားနည်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံအကြောင်း ဖော်ပြချက်ကို တွေးပြီးနောက် စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူမ ဟင်းသီး ဟင်းရွက်ဈေးသို့ သွားခါနီး တံခါးဖွင့်လိုက်သည်နှင့် သူမ အကြည့်များက အေးခဲသွားခဲ့သည်။
တံခါးဝ၌ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ငုတ်တုတ်ထိုင်နေခဲ့သည်။ သူက ပိန်ပါးပြီး မျက်ခုံးတွင် အမာရွတ်ရှိကာ သူမကို မျက်နှာချိုသွေးသလို ကြည့်နေခဲ့သည်။
အဲ့ဒါက ရှောင်ကျွင်းပင်။
တင်းရှ ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ သူ့အကြည့်ကို မြင်လိုက်ရတော့ သူမ သက်ပြင်းချကာ ပြောလိုက်သည်။ "ဝင်ခဲ့လေ"
ခွင့်ပြုချက်ရရှိပြီးနောက် ရှောင်ကျွင်းက ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။ သူ တင်းရှဘေး လျှောက်သွားကာ ဂရုတစိုက်
ကြည့်လိုက်ပြီး သူမ မပိန်နေတော့မှ ကျေနပ်သွားခဲ့သည်။
ထို့နောက် သူက ခေါင်းငုံ့ကာ အနည်းငယ် ချပ်နေသေးသော ဗိုက်ကို ကြည့်ကာ ပြုံးလျက် နှုတ်ဆက်ခဲ့သည်။ “ဟယ်လို ကလေးလေး ဖေဖေ ပြန်လာပြီ”
တင်းရှ အစပိုင်းတွင် အနည်းငယ် စိုးရိမ်ခဲ့သော်လည်း သူ့ ကျီစယ်မှုက သူမကို ရယ်မောစေခဲ့သည်။ "လေးလပဲ ရှိသေးတယ်၊ သူ ရှင်းရှင်းလင်းလင်း မကြားရသေးဘူး"
ရှောင်ကျွင်းက သူမကို အထဲဝင်ဖို့ တွန်းအားပေးခဲ့သည်။ "ဒါဆို သူမ ဘယ်နှလမှ ကိုယ့်ကိုကြားရမှာလဲ။ အဲ့ကြရင် ကိုယ့် သူမကို ပုံပြင်တွေ ဖတ်ပြမယ်။"
တင်းရှ သူမ လက်ချောင်းတွေနဲ့ ရေတွက်လိုက်သည်။ "အစောဆုံး ငါးလ"
ရှောင်ကျွင်း ခေါင်းညိတ်လိုက်သည်။ "ဒါဆို နောက်တစ်လမှ သူမကို နှုတ်ဆက်မယ်။"
တင်းရှ ရယ်နေပေမယ့် သူမ လုပ်စရာရှိတာကို ရုတ်တရက် သတိရသွားသည်။ " ကျွန်မ ဟင်းရွက်တွေဝယ်ဖို့ ဟင်းသီးဟင်းရွက်ဈေးကို သွားရမယ်။ ရှင် အရင် အနားယူရင်ကော "
"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်။"
ရှောင်ကျွင်းက သူမကို လိုက်ပို့ဖို့ ပြင်းပြင်းထန်ထန် တောင့်ခံခဲ့ပြီး တင်းရှနဲ့ အတူတူ သွားဖို့ တောင်းဆိုခဲ့သည်။
တင်းရှ သူ့ကို ခေါ်သွားရုံသာ တက်နိုင်ခဲ့သည်။
ဒါပေမယ့် ဟင်းသီးဟင်းရွက် စျေးကို ရောက်တဲ့အချိန် တင်းရှ အသီးအရွက်တွေ အများကြီးဝယ်တာကို မြင်တော့ ရှောင်ကျွင်း နားမလည်ဖြစ်သွားရသည်။ "ဘာလို့ ဒီလောက် ဝယ်ရတာလဲ။ မကုန်ရင် ပုတ်သွားလိမ့်မယ်။"
"ရောင်းဖို့!" တင်းရှ စိတ်အခြေအနေ ကောင်းနေခဲ့သည်။ လတ်ဆတ်သော ဝက်မိုးခိုသားနှင့် ဝက်လက်များကို ဝယ်ဖို့ထိ သူမ ဒီနေ့ ကံကောင်းခဲ့သည်။
"ရောင်းဖို့လား?" ရှောင်ကျွင်း စိတ်ရှုပ်သွားသည်။
ထိုအချိန်မှ တင်းရှ နေ့လည်စာဗူးများရောင်းသည့်အကြောင်း သူ့ကို မပြောမိကြောင်း သတိရသွားခဲ့သည်။
ဒါပေမယ့် သူမ ရှင်းပြခင် သူက စိတ်လှုပ်ရှားနေခဲ့သည်။
"ထပ် မရောင်းနဲ့တော့။ မင်းက အခု ကိုယ်ဝန်ရှိနေပြီ၊ မင်း ကျန်းမာရေးကလည်း မကောင်းဘူး၊ မင်း ပင်ပန်းလိမ့်မယ်၊ ဘာလို့ ထမင်းဗူးတွေ ရောင်းနေတာလဲ!"
"ကိုယ့်မှာ
ပိုက်ဆံရှိတယ်၊ ကိုယ် မင်းကို ထောက်ပံ့ပေးမယ်!"
တင်းရှ အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့သော်လည်း ဟင်းသီးဟင်းရွက်ဈေးထဲ မပြောချင်ခဲ့ပေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် သူမ လိုချင်သော အသားကို ဆွဲယူကာ ထွက်သွားခဲ့သည်။
ရှောင်ကျွင်းက ထိတ်လန့်သွားပြီး အသီးအရွက်တစ်စည်းကို အမြန်ဆွဲယူကာ လျှပ်စစ်စက်ဘီးပေါ်တက်ကာ သူမ နောက် လိုက်သွားခဲ့သည်။
ဒါပေမယ့် တင်းရှက စကားမပြောခဲ့ဘဲ စကားမပြောရုံသာမက သူ့ကိုတောင် ကြည့်မနေပေ။
သူမက ခေါင်းငုံ့ကာ ရှေ့ကို ဆက်လျှောက်သွားနေခဲ့ပြီး အလယ်မှာ တစ်စုံတစ်ယောက်ကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။
ရှောင်ကျွင်း လန့်သွားခဲ့သည်။ "အချစ်၊ စိတ်မဆိုးပါနဲ့၊ ကိုယ် တာင်းပန်ပါတယ် အဲ့တာ သယ်ရတာ ခက်လား။ အဲ့ဒါကို စက်ဘီးပေါ်တင်လိုက်။ မင်း ပင်ပန်းနေပြီလား၊ မင်း စိတ်ဆိုးနေရင် စက်ဘီးစီးလို့ရတယ်၊ ကိုယ် လမ်းလျှောက်မယ်"
ဒါကိုကြားတော့ တင်းရှ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားခဲ့ရပြီး ကြောင်တောင်တောင်မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။
ဖြတ်သွားဖြတ်လာအားလုံးသည် ဤထူးခြားသော ရုပ်ရည်ချောမောသည့် လူငယ်စုံတွဲ တစ်တွဲကို ရံဖန်ရံခါ ဖော်ရွေစွာ ရယ်မောကြရင်း ကြည့်နေကြသည်။
တင်းရှက အရေပြားပါးကာ ရှက်ရွံ့နေခဲ့သည်။
"အိမ်ပြန်ရအောင်!" သူမ စိတ်ကောက်ဖို့ ပျင်းလွန်းသဖြင့် နောက်ခုံတွင်ထိုင်ကာ ရှောင်ကျွင်း၏ အဝတ်အစားကို ဆွဲကိုင်လျက် တိုးတိုးလေး ပြောလိုက်သည်။
"ကောင်းပြီ
အိမ်၊ အိမ်"
ရှောင်ကျွင်း ပျော်ရွှင်စွာဖြင့် လျှပ်စစ်စက်ဘီးလေးကို အိမ်ရှိရာဆီ နင်းခဲ့သည်။
သူတို့ အိမ်ပြန်ရောက်ချိန်အထိ တင်းရှ စကားမပြောသေး။ သူမ လှည့်ကြည့်ပြီး မီးဖိုခန်းထဲ တည့်တည့်ဝင်သွားခဲ့သည်။ ခဏအကြာ၌ ခေါက်ဆွဲပြုတ် ၂ ပန်းကန်နဲ့ ထွက်လာခဲ့သည်။
ဖြူဖွေးတောက်ပသည့် ခေါက်ဆွဲကို အညိုရောင် ဟင်းရည်ထဲတွင် စိမ်ထားကာ အပေါ်ယံ၌ လှိုင်းများ ထနေပြီး ငရုတ်ပွသီးများကို ပါးပါးလှီးကာ ဖြူးထားပြီး ကျေနပ်စရာကောင်းသည့် ပါးပါးလှီးထားသော အသားများနှင့်အတူ အနည်းငယ် စပ်သော အနံ့အရသာကို ပေးစွမ်းနေသည်။
အနံ့က လူကို ခံတွင်းတွေ့စေသည်။
စားပွဲပေါ်တင်ပြီးနောက် ဆာလောင်နေသော မျက်လုံးများနှင့် ကြည့်နေသော ရှောင်ကျွင်းကို ကြည့်ကာ စားပွဲကို ပုတ်ကာ ပြောခဲ့သည်။ "ဘာကြည့်နေတာလဲ လာစား"
ရှောင်ကျွင်းက ဗိုက်ဆာနေပြီဖြစ်သည်။ တင်းရှ စကားကိုကြားတော့ သူချက်ချင်း ထိုင်ချလိုက်ပြီး သူ့တူများကို ကိုင်ကာ ခေါက်ဆွဲ စစားခဲ့သည်။
သူ လောဘတကြီး စားသောက်နေတာကို မြင်တော့ တင်းရှ အနည်းငယ် စိတ်ဆင်းရဲသလို ခံစားလိုက်ရပြီး သူမ အသံကို နူးညံ့စေလိုက်သည်။ "ဖြည်းဖြည်းစား။ မနင်စေနဲ့ါ မလောက်ရင်
အိုးထဲမှာ ကျန်သေးတယ်"
ရှောင်ကျွင်းက ပြန်ဖြေဖို့ စိတ်မ၀င်စားခဲ့ပေ။ သူ့ခေါင်းကို ခေါက်ဆွဲကို ပန်းကန်ထဲမှာ မြှုပ်ထားပြီး အသံတွေက ဆူညံနေခဲ့သည်။
တစ်ပန်းကန်စားပြီးတဲ့အခါ ဗိုက်ထဲက မအီမသာဖြစ်မှုကို သက်သာစေဖို့ နောက်တစ်ပန်း အပြည့်ထည့်ဖို့ မီးဖိုချောင်ဆီ သွားကာ ကြက်သွန်ဖြူကို အခွံခွာလိုက်သည်။ အဲ့တော့မှ သူ ဖြေးဖြေးချင်း စစားတော့သည်။
"ဘယ်တုန်းက
ပြန်ရောက်တာလဲ" တင်းရှက သူတို့စားနေတုန်း မေးခဲ့သည်။
"မနေ့ညက"
ရှောင်ကျွင်းက ပြန်ဖြေခဲ့သည်။
"ရှင် ဘာလို့ ဝင်မလာတာလဲ"
"မင်းကို မလန့်စေချင်ဘူး..." ရှောင်ကျွင်းက အရူးလို ပြုံးလိုက်ပြီး သူ့ရဲ့ ကြမ်းတမ်းတဲ့ အမူအရာ ပျောက်ကွယ်သွားသည်။
"ဘယ်လို...ရုတ်တရက် ထွက်လာတာလဲ" တင်းရှ တုံ့ဆိုင်းသွားသော်လည်း မေးလိုက်သေးသည်။
ရှောင်ကျွင်း ထောင်ထဲကို ဘယ်လိုရောက်သွားလဲ၊ ဘယ်လို ထွက်လာလဲ ဆိုတာ သူမ မသိပေမယ့် ဒီရက်ပိုင်းက သူမရဲ့ အခြေအနေတွေကို တွေးကြည့်ပြီးနောက် သူမ ဝန်ခံလိုက်ရသည်။
ရှောင်ကျွင်း ဒီမှာရှိတာက သူမကို ပိုပြီး စိတ်ချလက်ချ ဖြစ်စေသည်။
ရှောင်ကျွင်းက သူ့ပန်းကန်ထဲက ခေါက်ဆွဲကို ဆူညံစွာ မော့ချလိုက်သည်။ ထို့နောက် မကျေမနပ်ကြည့်ပြီး တင်းရှ မကုန်သည့် စားစရာများကိုယူကာ ဆက်စားခဲ့သည်။ "ဝန်ခံကတိနဲ့ လွတ်လာတာ။ ထပ်မသွားရတော့ဘူး၊ အဲ့ဒါက ဇာတ်လမ်းရှည်ကြီးပဲ၊ ကိုယ် မင်းကို ဖြည်းဖြည်းချင်းပြောမယ်။"
တင်းရှ သူပြန်မသွားတော့ဘူး ဆိုတာကြားတော့ စိတ်သက်သာရာရသွားပေမယ့် စိတ်ပူမိသည်။ သူမ အရင်က ငွေဘယ်လောက် ရခဲ့လဲဆိုတာ တွက်ချက်ခဲ့သည်။
ခုနစ်ဆယ်ရာနှုန်း ပြည့်သွားတာကို ခံစားလိုက်ရတော့ ရှောင်ကျွင်းက မတ်တတ်ထရပ်ပြီး သူ့ပါးစပ်ကို သုတ်ကာ လေချဉ်တက်ခဲ့သည်။ "မိန်းမ၊ ကိုယ် မင်းကို တစ်ခု ပြမယ်"
"ဟမ်?"
တင်းရှ မတုံ့ပြန်နိုင်ခင် ရှောင်ကျွင်းက မနက်က သူသယ်လာတဲ့ ခရီးဆောင်အိတ်ကို ကိုင်ထားတာ တွေ့လိုက်ရသည်။
အဲ့ဒါကို ကြည့်ရတာ ပြည့်နေပေမယ့် အထဲမှာ ဘာရှိလဲ သူမ မသိပေ။
ရှောင်ကျွင်းက အိတ်ကို သူမရှေ့မှာတင်ပြီး သူမကို ဖွင့်ခိုင်းခဲ့သည်။ တင်းရှ ဇစ်ဆွဲပြီးနောင် အံ့အားသင့်နေသေးသည်။
အထဲကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ ထိတ်လန့်တုန်လှုပ်လုမတတ် ဖြစ်သွားသည်။
အဲ့ဒါက ယွမ်တစ်ရာတန်တွေနဲ့ ပြည့်နေတာဖြစ်သည်။
အသစ်စက်စက် ယွမ်တစ်ရာတန် ငွေစက္ကူ အထပ်လိုက်တွေ!
အိတ်တစ်ခုလုံး အပြည့်ပဲ!