အပိုင်း ၆
Viewers 3k

အပိုင်း 

 

 

 

တင်းရှ စိုးရိမ်တကြီး ဖြစ်သွားပြီး ဘာပြောရမလဲ မသိခဲ့ပေ။ ရှောင်ကျွင်း အစက သူမ ချီးမွမ်းတာကို စောင့်မျှော်နေပေမယ့် သူမ၏ အမူအရာ မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ " အချစ် ဘာဖြစ်နေတာလဲ "

 

 

"ရှင် ဒီလောက်ပိုက်ဆံတွေ အများကြီး ဘယ်ကရတာလဲ" တင်းရှ ငွေတွေအများကြီး တွေ့တဲ့အခါ စိတ်ပူသွားပြီး သူထွက်လာပြီး နောက်တစ်ကြိမ် ပြန်ဝင်ရတော့မည်ကို စိုးရိမ်နေခဲ့သည်။

 

 

ထိုမှသာ ရှောင်ကျွင်းက သူမ စိုးရိမ်နေသည့်အရာကို သဘောပေါက်သွားခဲ့သည်။ သူက သူမကို အမြန်ဆွဲခေါ်လိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်ကာ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။ "စိတ်မပူနဲ့ စိတ်မပူနဲ့ ကိုယ် ဖြည်းဖြည်းချင်း ပြောပြမယ်"

 

 

ရှောင်ကျွင်းက သူ့စကားတွေကို စုစည်းဖို့ ခဏလောက်စဉ်းစားပြီး ပြောခဲ့သည်။  "ကိုယ်တို့ ဒီကို ပထမဆုံးရောက်တဲ့ အချိန်က စရမယ်"

 

 

"ကိုယ် မင်းကို ရွာက ခေါ်ထုတ်ပြီး မင်းကို အိမ်နဲ့ဝေးရာဆီ ခေါ်လာခဲ့တယ်။ ကိုယ့်မှာ အရည်အချင်းမရှိလို့ မင်းကို အရမ်းဒုက္ခရောက်ခဲ့ရတယ်။ ကိုယ့်နောက် လိုက်ပြီး မင်းကို ဒုက္ခရောက်စေခဲ့တယ်"

 

 

"အဲဒီတုန်းက တစ်ယောက်ယောက်က ကိုယ့်ကိုတွေ့ပြီး သူ့သူဌေးအတွက် အပြစ်ခံပေးဖို့ ပြောခဲ့တယ်။ ကိုယ်သဘောတူရင် သူက အနည်းဆုံး တစ်သန်းလောက်ထိ ပိုက်ဆံအများကြီးပေးလိမ့်မယ်။"

 

 

တင်းရှ ခဏလောက် အံ့အားသင့်သွားခဲ့သည်။

 

 

ဒီမတိုင်ခင်က ရှောင်ကျွင်း ထောင်ထဲရောက်ရတဲ့ အကြောင်းရင်းတွေ အများကြီးကို စိတ်ကူးထားခဲ့ပြီး သူမကိုယ်တိုင်လည်း နည်းမျိုးစုံနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့် ငွေရှာဖို့အတွက် တခြားသူအတွက် အပြစ်ခံဖို့ သဘောတူခဲ့မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။

 

 

သူထောင်ကျနေစဥ် ရှောင်ကျွင်းလည်း နောင်တရခဲ့သည်။ သူ ရှရှကို တွေးမိပြီး သူမ တခြားသူတွေရဲ့ အနိုင်ကျင့်ခံရမှာကိုလည်း ကြောက်နေမိသည်။

 

 

လေးကို ဆွဲပြီးသည်နှင့် နောက်ပြန်လှည့်လို့ မရတော့ချေ။ ရှောင်ကျွင်းက အံကြိတ်ကာ ဆက်သွားရုံသာတက်နိုင်ခဲ့သည်။ သူ့သစ္စာဖောက်မှုက တင်းရှကို ထိခိုက်စေမှာ သူပိုကြောက်လာသည်။

 

 

တင်းရှကို နာကျင်အောင် ထားရတာထက် သူသာ သေချင်ခဲ့သည်။

 

 

သူမကို အရမ်းလွမ်းပြီး စိတ်ပူကာ သူရထားတဲ့ ပိုက်ဆံတွေကိုလည်း ပေးဖို့အတွက် စာတစ်စောင် ရေးခဲ့သည့်အချိန်အထိပင်။ တင်းရှ ရောက်လာမှပဲ တင်းရှ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရသည်။

 

 

အရင်က မရှိခဲ့ဖူးသော နောင်တက သူ့ကို စကားမပြောနိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူ တင်းရှကို ကိုယ်ဝန်ရဲ့ အခက်အခဲကို တစ်ယောက်တည်း မခံစားခိုင်းစေချင်ဘဲ ကလေးမွေးဖွားခြင်း၏ နာကျင်မှုကိုလည်း တစ်ယောက်ထဲ မဖြတ်သန်းစေချင်ခဲ့ပေ။

 

 

တစ်ခုခုမှားနေတာကို သတိပြုမိပြီး သူ့ကို စည်းရုံးဖို့ ကြိုးစားနေတဲ့ စုံထောက် လျိုကို သူတွေ့ခဲ့ရသည်။ မီးခိုးဗုံးများ လွှတ်ရန်နှစ်ယောက်လုံး သဘောတူခဲ့ကြပြီး ထို့ကြောင့် ရှောင်ကျွင်းလည်း ဂိုဏ်းကို တရှိန်ထိုးဖမ်းဆီးဖို့အတွက် ဓားစာခံအဖြစ် လုပ်ဆောင်ခဲ့သည်။

 

 

ရေဌျာင်ကျွင်းသည် ပိုက်ကွန်မှ ချော်ထွက်သွားသည့် ငါးမရှိကြောင်း သုံးကြိမ်တိုင်တိုင် အတည်ပြုပြီးနောက် အစထဲက တင်းရှ အတွက် ဝှက်ထားခဲ့သော ငွေများကို သတိကြီးကြီးပြန်ယူကာ ဤခြံးဝင်းလေးထဲသို့ ပြန်လာခဲ့သည်။

 

 

ရှောင်ကျွင်းက တင်းရှနဲ့ သူတို့ရဲ့ ကလေးကို ကောင်းကောင်း စောင့်ရှောက်မယ်လို့ ကျိန်ဆိုခဲ့သည်။

 

 

သူ့ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီးနောက် တင်းရှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုအချိန်မှသာ သူမ ရင်ခွင်ထဲ ရှိနေသေးကြောင်း သိလိုက်ရပြီး သူမ မျက်နှာက အနည်းငယ် နီမြန်းသွားကာ အဝေးကို ရွေ့လိုက်သည်။ "... ဒါဆို... ရှင် ပိုက်ဆံတွေနဲ့ ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

 

 

ဒါကို တရားမဝင် အမြတ်လို့ သတ်မှတ်လား တင်းရှ မသိပေ။

 

 

ရှောင်ကျွင်းက သူမကို အခိုင်အမာပြောခဲ့သည်။  "ဒါက မင်းသုံးဖို့ပဲ။ စုံထောက် လျို မမြင်ချင်ယောက်ဆောင်ပြီး ကိုယ့်ကို ဒီတစ်ကြိမ် ခွင့်ပြုလိုက်မယ်လို့ အရိပ်အမြွက် ပြောခဲ့တယ်"

 

 

 အဲ့ဒိတော့မှ တင်းရှ လုံးဝ စိတ်သက်သာရာ ရသွားခဲ့သည်။  "ဒါဆို... ပိုက်ဆံစုထားကြရအောင်။ ကလေးက အနာဂတ်မှာ ပိုက်ဆံလိုလိမ့်မယ်"

 

 

 "မင်း ပြောသလိုပဲ။ရှောင်ကျွင်းမှာ လုံးဝထင်မြင်ချက်မရှိခဲ့ပေ။

 

 

 တင်းရှ သူမ ဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း အတွေးထဲနစ်သွားခဲ့သည်။  ရှောင်ကျွင်းက စာအုပ်ထဲမှာ တစ်ခါမှ မပြောဖူးတဲ့ အရာတစ်ခုပင်။ အကြောင်းတစ်ခုခုကြောင့် ဒီဝတ္ထု ဇာတ်ကွက် ကမ္ဘာက ပြိုကျပျက်စီးသွားပြီလို့ သူမ ခံစားရသည်။

 

 

ဒါပေမယ့် အခုထိ အရာအားလုံးက ကောင်းနေခဲ့သည်။

 

 

 နောက်ဆုံး ခက်ခဲတဲ့ ကလေးမွေးဖွားမှုရဲ့ ကံကြမ္မာကို သူမ မလွတ်မြောက်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ ကလေးက မိဘမဲ့ ဖြစ်သွားမှာ မဟုတ်တော့ဘူး ဟုတ်တယ်မလား။

 

 

 အချိန်အတော်ကြာ စဉ်းစားပြီးနောက် တင်းရှသည် မည်သည့်အချိန်ဖြစ်သည်ကို သိလိုက်ရပြီး အမြန်ထလိုက်သည်။  ရှောင်ကျွင်းက သူမကို တွေ့တော့ စိတ်ပူပြီး ပြောခဲ့သည်။  "ဘာဖြစ်လို့လဲ အချစ်။ ဖြေးဖြေး မမြန်မြန်နဲ့!"

 

 

 ထိုမှသာ သူမကို နေ့လည်စာဗူးများ ရောင်းရဖို့အတွက် အတားအဆီးတစ်ခု ရှိနေဆဲဖြစ်ကြောင်း တင်းရှ သတိရမိသည်။

 

 

"ကျွန်မ နေ့လည်စာဗူးတွေ ပြင်ရမယ်..." တင်းရှ သူနဲ့စကားပြောဖို့ ပျင်းနေခဲ့သည်။

 

 

 ရှောင်ကျွင်း ကန့်ကွက်ချင်သော်လည်း တင်းရှ မျက်ခုံးကြားက စိတ်မရှည်ခြင်းနှင့် ဒေါသတို့ကို မြင်လိုက်ရသဖြင့် သူ့စကားတွေကို မျိုချပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကိုယ်ကူညီပါ့မယ်။ မင်းကိုယ်မင်း မပင်ပန်းစေနဲ့"

 

 

 တင်းရှ ရှောင်ကျွင်းကို တအံ့တသြ ကြည့်လိုက်မိသည်။  ရှောင်ကျွင်းက သူမ နှာခေါင်းထိပ်လေးကို ညင်သာစွာ ပွတ်ပြီး ပြောလိုက်သည်။ "ကိုယ်က မင်းရဲ့ခင်ပွန်းပါ။ လုပ်အားခ ပေးစရာမလိုဘူး"

 

 

တင်းရှ သူမ နှာခေါင်းကို ထိဖို့ လက်မြှောက်လိုက်ပြီး သူနှင့်အတူ ရယ်မောလိုက်သည်။

 

 

ရှောင်ကျွင်းက သူ့လုပ်ဆောင်မှုများကို အလွန်ထိရောက်ပြီး သူ့အလုပ်တွင် မမျှော်လင့်ဘဲ ကျွမ်းကျင်နေခဲ့သည်။  တင်းရှ အချိန်အကြာကြီး ပြင်ဆင်လေ့ရှိသော ဟင်းပွဲများဖြစ်ပေမယ့် အချိန် သုံးပုံနှစ်ပုံခန့်၌ သူပြီးသွားသည်။

 

 

 အဆုံးတွင် တင်းရှသည် ဟင်းချက်ခဲ့သော်လည်း ချက်ခြင်းမှလွဲ၍ အခြားအလုပ်အားလုံးကို တင်းရှက အမိန့်ပေးနေပြီး သူ့ဘေးနား၌ ထိုင်ခုံအသေးလေးဖြင့် ထိုင်နေခဲ့သည်။

 

 

 ခါတိုင်းလိုပဲ စက္ကန့်အနည်းငယ် အလို၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အချိန်မှန်ရောက်သွားခဲ့သည်။ ချွေးများ ရွှဲနစ်နေသော ဆောက်လုပ်ရေး လုပ်သားများကလည်း ထိုနေရာတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

 

 

 ထိုအခါ ချောမောလှပသော မိန်းကလေး ဘေး၌ ယောက်ျားလေး တစ်ယောက်ရှိနေသည်ကို ရုတ်တရက်တွေ့လိုက်ကြသဖြင့် အံ့သြသွားသော်လည်း မနာလို့ဖစ်ပြီး စိုးရိမ်သွားကြသည်။

 

 

တင်းရှ ချက်ထားသည်က အရသာရှိပြီး နတ်သမီးလေးလို လှပကာ စကားပြော နူးညံ့သိမ်မွေ့ပြီး အပြုအမူကောင်းသောကြောင့် လူတိုင်းက သူမကို သူမ၏ နောက်ကွယ်တွင် နေ့လည်စာထမင်းဗူး အလှလေးဟု လျှို့ဝှက်ခေါ်ဆိုကြသည်။

 

 

 ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သူမကို နှစ်သက်သော လူငယ်လေးများ ပြတ်တောက်မှုမရှိခဲ့ပေမယ့် တစ်နေ့ သူမကို ဝန်ခံရဲသောသတ္တိ ထုတ်ယူနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ကြိုးစားခဲ့ကြသည်။

 

 

 သူတို့သာ သူမကိုလက်ထပ်နိုင်ရင်..အဲ့ဒါက ပြီးပြည့်စုံသွားပြီဖြစ်သည်။

 

 

 တကျွမ်းက ထိပ်ဆုံး၌ ရှိနေသေးသည်။ သူ တင်းရှကိုကြည့်လိုက်ပြီးနောက် ချောမောသော်လည်း နှိုးဆွရန်မလွယ်ကူသော ရှောင်ကျွင်းကို ကြည့်လိုက်သည်။ သူက သံတွေး မျိုချပြီး မေးလိုက်သည်။ "မိန်းကလေး၊ ဒါက... မင်းရဲ့ရည်းစားလား။"

 

 

ရှောင်ကျွင်းကို အပြင်လူများနှင့် မိတ်ဆက်ပေးခြင်းက တင်းရှ၏ ပထမဆုံး အကြိမ်ဖြစ်သည်။ ရှောင်ကျွင်း သူမကို လှည့်ကြည့်လိုက်သောအခါ နူးညံ့သိမ်မွေ့နေပြီး အခြားသူများအပေါ် လျစ်လျူရှုထားသည့် အမူအရာကို ကြည့်ပြီး သူမ ရှက်ရွံ့စွာ ပြောခဲ့သည်။ "သူက ကျွန်မခင်ပွန်းပါ"

 

 

 ချက်ချင်းဆိုသလို တကျွမ်းက နှလုံးသားများစွာ၏ ကွဲအက်သွားသံ ကြားလိုက်ရသလို ခံစားလိုက်ရသည်။

 

 

 သူ မကူညီနိုင်ဘဲ သူ့နောက်က လူငယ်လေးတွေ တန်းစီတာကို ပြန်ကြည့်မိပြီး မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

 

 

 ဒါပေမယ့် သူ့မျက်နှာမှာ ဘာအမူအရာမှ မပြဘဲ ပြုံးပြပြီး သူတို့နှစ်ယောက်ကို ချီးကျူးခဲ့သည်။

 

 

 ထိုစကားကိုကြားပြီးနောက် တစ်ချိန်လုံး အေးစက်နေသည့် ရှောင်ကျွင်း၏ မျက်နှာက ရုတ်တရက် အနည်းငယ် ပြေလျော့သွားသည်။

 

 

သူက အနားယူဖို့ ယူလာတဲ့ ကုလားထိုင်ပေါ် တင်းရှကို ထိုင်ခိုင်းလိုက်ပြီး ထမင်းဗူးတွေရောင်းတဲ့ ပင်မစစ်မြေပြင်ကို သိမ်းပိုက်ဖို့ လှည့်ခဲ့ပြီး သူ့ အင်္ကျီလက်နှစ်ဖက်ကို ခေါက်လိုက်သည်။

 

 

 လူငယ်များက တင်းရှကို တောင့်တစွာ ကြည့်နေကြပြီး ရှောင်ကျွင်းကို စူးစူးစိုက်စိုက် ကြည့်နေကြပေမယ့် ၎င်းတို့၏ အစားအသောက်များ ဝယ်ယူခြင်းနှင့် အရသာရှိသော အစားအစာကို ခံစားရန် ၎င်းတို့၏ အဖွဲ့သားများ တည်ထောင်ထားသည့် ယာယီ ထမင်းစားခန်းဆီ သွားတာဆီ သက်ရောက်မှု မရှိခဲ့ပေ။

 

 

 ဒီနေ့က အလျင်စလိုဆိုတော့ တင်းရှ ဘာမှ ရှုပ်ထွေးတာ မလုပ်ခဲ့ပေ။

 

 

 ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်တို့ကို သပ်သပ်ရပ်ရပ် စီထားကာ အရသာရှိလှသည်။ ခရမ်းချဉ်သီးများသည် ချိုချဉ်ဖြစ်ပြီး ကြက်ဥများက အလွန်နူးညံ့ကာ အရသာရှိသော အတုံးကြီးများဖြစ်သည်။

 

 

  ဝက်သားကို ငရုတ်သီးစိမ်းနှင့် ပါးပါးလှီးကြော်ထားကာ ငရုတ်သီးစိမ်းတွေကို ဆီပူပူမှာ ကြော်ပြီးရင် ပိုစိမ်းလာပြီး ပါးပါးရှည်ရှည်းလှီးထားတဲ့ ဝက်သားက အသားအနံ့ကို ပေါင်းစပ်ထားသည်။

 

 

နောက်ဆုံးက သခွားသီးသုတ် ဖြစ်ပြီး ငရုတ်သီးမှုန့်များ ဖြူးထားကာ လန်းဆန်းတဲ့ အစပ်အရသာနဲ့ စားချင်စဖွယ်ကောင်းပြီး အရသာရှိစေခဲ့သည်။

 

 

 တစ်ခုတည်းသော အားနည်းချက်မှာ ထမင်းသာ ဖြစ်ပြီး အဆုံး၌ မကျေနပ်မှုတစ်ခု ကျန်ရစ်ခဲ့သည်။

 

 

 ရှောင်ကျွင်းက နေ့လယ်စာဗူးများအားလုံး ရောင်းချပြီးနောက် သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ တင်းရှကို အနားယူဖို့ အိမ်ပြန်ခေါ်သွားခဲ့သည်။

 

 

 တကယ်တော့ တင်းရှက အနည်းငယ် ဘာသိဘာသာ နေတက်သူ ဖြစ်ပြီး အခြားသူများ၏ စိုးရိမ်မှုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိခဲ့ပေ။ သူမ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း တကယ် အနည်းငယ် ပင်ပန်းနေတာကြောင့် ရှောင်ကျွင်း၏ အကြံပြုချက်ကို လိုက်နာဆဲပင်။

 

 

အိမ်ပြန်ရောက်တာနဲ့ ရှောင်ကျွင်းက သူမကို ခြံဝင်းထဲက လှုပ် ကုလားထိုင်မှာ ထိုင်ခိုင်းပြီး သကြားအညိုထဲ ရေနွေးပူပူ ထည့်ပေးကာ စောင်သေးသေးလေးတစ်ထည် ယူလာကာ သူမကို ခြုံပေးရင်း ပြောခဲ့သည်။  "အရင် အနားယူရင်ကော? ကိုယ် သန့်ရှင်းရေးလုပ်ပြီးရင် ကိုယ်  မင်းနဲ့ လမ်းလျှောက်ပေးမယ်။"

 

 

 မေးမြန်းသည့် လေသံဖြစ်သော်လည်း အလျှော့မပေးသော သဘောထားလည်းပါသည်။

 

 

 တင်းရှ နာခံမှုရှိရှိ အိပ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိခဲ့ဘဲ နွေလေနုအေးက မှုတ်ထုတ်နေကာ ကုလားထိုင်ကို လှုပ်နေခဲ့သည်။

 

 

သူမ မျက်လုံးမှိတ်ထားသည်ကို မြင်လိုက်ရသည်နှင့် ရှောင်ကျွင်းလည်း သူ့ခြေလှမ်းတွေကို အသံတိတ်စေလိုက်သည်။ သူ့လက်နှင့်ခြေများက အနည်းငယ်ညစ်ပတ်နေသော မီးဖိုချောင်ကို လျင်မြန်စွာ သန့်ရှင်းရေးလုပ်ပြီးနောက် ပရိဘောဂနှင့်အခြားလိုအပ်သည့်အရာများကို လှည့်ပတ်ကြည့်ရှုကာ တိတ်တဆိတ် မှတ်သားထားခဲ့သည်။

 

 

 အားလုံးပြီးသွားသောအခါ တင်းရှ၌ နဖူးက ချွေးများဖြင့် ရွှဲရွှဲစိုနေသည်ကို တွေ့လိုက်ရသဖြင့် သူမ ကောင်းကောင်း အိပ်မပျော်တာ သိလိုက်ရပြီး သူမ ဘေးက ထိုင်ခုံလေးမှာ ယပ်တောင်ဖြင့် ထိုင်ချလိုက်သည်။

 

 

 ဂရုတစိုက် ညင်သာစွာဖြင့် သူမကို ယပ်ခပ်ပေးခဲ့သည်။

 

 

 သူမ၏ အေးဆေးငြိမ်သက်ပြီး လှပစွာ အိပ်စက်နေသော မျက်နှာကို သူ ဘယ်တော့မှ လုံလုံလောက်လောက် ကြည့်မဝနိုင်သလိုပင်။

 

 

တင်းရှအတွက် သူမ စာအုပ်ထဲ ကူးပြောင်းပြီးကတည်းက သူမအတွက် စိတ်အချရဆုံးနှင့် သက်တောင့်သက်သာရှိသော အိပ်စက်ခြင်းဖြစ်သည်ဟုသာ ခံစားခဲ့ရသည်။ သူမ ပူမနေဘဲ သူမခန္ဓာကိုယ်ကလည်း လေးလံမှုကို မခံစားခဲ့ရပေ။

 

 

သူမ ဝေဝါးစွာ နိုးလာသောအခါ ရှောင်ကျွင်းက သူမဘေးတွင်ထိုင်နေပြီး ယပ်တောင်ဖြင့် ခပ်ပေးနေသေးသည်ကို သူမ တွေ့လိုက်ရသည်။

 

 

"ရှောင်ကျွင်း?" သူမ အိပ်ငိုက်ခြင်းက မပျောက်သေးဘဲ တင်းရှ၏ စကားလုံးများက အနည်းငယ် အက်တက်တက်ဖြစ်နေခဲ့သည်။

 

 

အဲ့ဒါက ချစ်စရာကောင်းလွန်းတာကြောင့် ရှောင်ကျွင်းရဲ့ နှလုံးသားကို ချစ်ခြင်းတွေနဲ့ ပြည့်နှက်စေခဲ့သည်။

 

 

"ကိုယ်ဒီမှာ"သူက နူးညံ့စွာပြောခဲ့သည်။

 

 

"အခု ဘယ်နှနာရီရှိပြီလဲ၊ ရှင် ဘာလို့ ကျွန်မကို မနှိုးတာလဲ" တင်းရှက သူမ မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။

 

 

နေသည် အနောက်ဘက်သို့ စောင်းသွားကာ မိုးကုပ်စက်ဝိုင်းသည် နေဝင်ချိန်၏ အလင်းရောင်ကြောင့် အနီရောင် ဆိုးထားသလိုဖြစ်နေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ နောက်ကျနေပြီဆိုတာ ပြောနိုင်သည်။

 

 

" ခုနစ်နာရီလောက်ရှိပြီ ညစာစားချိန်ရောက်ပြီ" ရှောင်ကျွင်းက သူမကို ထထိုင်စေပြီး သူ့လက်ချောင်းတွေက သူမဆံပင်တွေကို ထိမိသွားခဲ့သည်။ "ဗိုက်ဆာနေလား?"

 

 

တင်းရှ သူမဗိုက်ကို ခံစားလိုက်ရသည်။ သူမ တကယ်ကြီး ဗိုက်ဆာတာကို ခံစားနေရပြီ။

 

 

ရှောင်ကျွင်းက သူမနဖူးနှင့် သူမပါးများကို ထိလိုက်ကာ မတ်တပ်မရပ်ခင် သူမအဖျားမတက်ကြောင်း သေချာစေခဲ့သည်။ "ကိုယ့်ကို ခဏစောင့်"

 

 

တင်းရှ သူ့ပုံရိပ်နောက်ကို လိုက်ကြည့်ခဲ့ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။

 

 

မကြာခင်မှာပဲ ရှောင်ကျွင်းက ပန်းကန်သေးတစ်လုံးနဲ့ ပြန်လာခဲ့သည်။

 

 

"စားလေ" ဟုပြောကာ ငုတ်တုတ်ထိုင်ကာ တင်းရှ ပန်းကန်လုံး ယူလာခဲ့သည်။

 

 

"ဒါဘာလဲ?" တင်းရှ စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သော်လည်း ရှောင်ကျွင်းက သူမလက်ကို ရှောင်လိုက်သည်။

 

 

"ဒါက ပူတယ်" ရှောင်ကျွင်းက သူမကို ပြောခဲ့သည်။ "ကိုယ် ကိုင်ထားလိုက်မယ်။ မင်း ဖြည်းဖြည်းစား"

 

 

တင်းရှ အဖုံးကို ဖယ်လိုက်ပြီးနောက် ပဲငံပြာရည်နှင့် ရောထားသော ကြက်ဥ၏ အပေါ့အငန်ရနံ့နှင့် ထိသွားသည်။ နှမ်းဆီကိုလည်း အပေါ်မှ ဖြန်းထားပြီး ခရမ်းချဉ်သီးအတုံးများဖြင့် နီရဲနေသည်ကိုလည်း တွေ့ရှိနိုင်သည်။

 

 

အဲဒါကို ကြည့်ရုံနဲ့ သူမ ပါးစပ်က သွားရည်တွေ စီးကျလာသည်။

 

 

တင်းရှ ချက်ခြင်း အစာစားချင်စိတ်တွ မြင့်တက်လာခဲ့သည်။ သူမ ဇွန်းကို စိတ်အားထက်သန်စွာ ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

 

 

ပူပူလေးနဲ့ အရသာရှိတယ်။

 

 

သူမ ပါးစပ်ကို လေထွက်အောင် ဖွင့်ထားလိုက်ပေမယ့်  ကြက်ဥအကာကို ပြန်မထွေးထုတ်ချင်ခဲ့ပေ။

 

 

သူမလျှာကို အပူလောင်သွားမှာကြောက်လို့ ရှောင်ကျွင်းက သူ့လက်ကို သူမရဲ့ပါးစပ်အောက် ခံလိုက်သည်။ "ထွေးထုတ်၊ ထွေးထုတ်လိုက်..."

 

 

တင်းရှ ခေါင်းကို တဆတ်ဆတ်ခါကာ အနည်းငယ်ဝါးပြီးနောက် မျိုချလိုက်သည်။

 

 

လောဘကြီးတဲ့ ကြောင်လေး တစ်ကောင်လို သနားစရာကောင်းလောက်အောင် သူ့ကို စိုက်ကြည့်နေတာကြောင့် ရှောင်ကျွင်း မကူညီနိုင်စွာ ရယ်လိုက်မိသည်။ 

 

 

"အဲ့ဒါ အရမ်းပူသွားလား?"

 

 

တင်းရှ သူမပါးစပ်ကို အုပ်ပြီး ခေါင်းညိတ်လိုက်သည်။

 

 

"အရမ်းအရသာရှိတယ် ရှောင်ကျွင်း"

 

 

သို့သော် သူမသည် နောက်ထပ် တစ်ဇွန်းကို ခပ်ကာ ပါးစပ်ထဲထည့်ပြီး အရသာရှိရှိ အရသာခံနေသေးသည်။

 

 

ပန်းကန်ထဲမှာ သိပ်မရှိဘဲ မကြာခင် အကုန်ကုန်သွားသည်။ ရှောင်ကျွင်း ပန်းကန်ဆေးပြီး ပြန်လာတော့ တင်းရှ၏ အနားတွင် ထိုင်ခဲ့ကာ ချီတုံချတုံ ဖြစ်နေခဲ့သည်။

 

 

"အချစ်၊ ကိုယ်တို့ မနက်ဖြန် ကိုယ်ဝန်ဆောင် စစ်ဆေးဖို့ ဆေးရုံသွားပြရအောင် ဟုတ်ပြီလား"