အပိုင်း ၇
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း

 

 

 

နောက်တစ်နေ့၌ တင်းရှ စောစောထခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဖြတ်သွားတဲ့အခါ တံခါးစောင့်ကို ဒီနေ့ ထမင်းဗူး လာမရောင်းဘူးလို့ ပြောခိုင်းခဲ့သည်။ ရှောင်ကျွင်းက လျှပ်စစ်စက်ဘီးစီးပြီး တင်းရှနှင့်အတူ မြို့ထဲသို့ မောင်းသွားခဲ့သည်။

 

 

သူတို့ အရင်ဆုံး ဘဏ်စာရင်းဖွင့်ပြီး ငွေသွင်းဖို့ သွားကြသည်။ အကောင့်ပိုင်ရှင်က တင်းရှဖြစ်ပြီး စကားဝှက်မှာလည်း တင်းရှ၏ မွေးနေ့ဖြစ်သည်။

 

 

ဘဏ်ဝန်ထမ်းက တင်းရှကို အားကျစွာပြောခဲ့သည်။  "မင်းနဲ့ မင်းခင်ပွန်းက ဆက်ဆံရေး ကောင်းတယ်။ မင်းနာမည်အောက်မှာ ယွမ် 500,000 ကျော် အပ်ထားတယ်"

 

 

တင်းရှ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ရှောင်ကျွင်းက သူမထျာကိုမြင်ပြီး လက်မောင်းကို အမြန်ဆုပ်ကိုင်လိုက်သည်။

 

 

"ရှင် အရမ်း သတိထားနေစရာ မလိုပါဘူး။ ကျွန်မ ကိုယ်ဝန် လေးလပဲ ရှိသေးတာ" တင်းရှက သူ့ရဲ့ စောင့်ကြပ်မှု ခံရခြင်းကြောင့် ရယ်မောမိသွားသည်။

 

 

"အဲ့လို မရဘူး" ရှောင်ကျွင်းက သဘောမတူခဲ့ပေ။ အကြီးဖြစ်စေ အငယ်သည်ဖြစ်စေ သူ့အမြင်အရတော့ သူတို့အားလုံးက သူ့ရတနာတွေဖြစ်ပြီး မတော်တဆမှု မဖြစ်စေရပေ။

 

 

တင်းရှ သူ့ကို အရင်က သူမ သွားဖူးသော သားဖွားမီးယပ်ဆေးရုံဆီ ခေါ်သွားခဲ့သည်။ စစ်ဆေးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် စစ်ဆေးချက်ဖိုင်ကို ထိုနေရာတွင် ရှိထားသည်။

 

 

စင်္ကြန်များတွင် မိဘစုံတွဲအသစ် အတွဲများ အပြည့်ရှိကာ စင်္ကြံရှိ ကုလားထိုင်များပေါ်တွင် ဘေးချင်းကပ်လျက် ပျော်ရွှင်စွာ ထိုင်နေကြပြီး အချင်းချင်း တီးတိုးပြောရင်း ခေါင်းချင်းဆိုင်နေကြသည်။

 

 

တင်းရှနှင့် ရှောင်ကျွင်း ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့က ရှိနေသူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဗိုက်ဖောင်းနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများက ချောတဲ့ မိဘတွေရဲ့ မွေးလာတဲ့ကလေးက အရမ်းလှရမယ်လို့ မနာလိုဝန်တိုစိတ်နဲ့ တွေးနေကြသည်...

 

 

ဝက်ခေါင်းတွေလို သူတို့အနားက အရူးလို ခင်ပွန်းသည်တွေအကြောင်း တွေးရင်း မျက်လုံးတွေ မှိတ်ထားကာ ကလေးက ဖခင်ရဲ့ ရူးမိုက်မှုနောက်ကို မလိုက်နိုင်ဖို့ တိတ်တဆိတ် မျှော်လင့်မိသည်...

 

 

ရှောင်ကျွင်းက တင်းရှကို ထိုင်ခုံနေရာလွတ်တစ်ခုတွင်  ထိုင်ရန် ကူညီပေးခဲ့ပြီး သူမလက်ကို ကိုင်ကာ ပြောခဲ့သည်။ "ခဏလောက်ထိုင်လိုက်၊ မကြာခင် ကိုယ်တို့အလှည့် ရောက်တော့မယ်"

 

 

တင်းရှက သူမကို စိုက်ကြည့်နေသော သူ့ဂရုတစိုက်ကြည့်နေသည့် ခံစားချက်အနည်းငယ် ခံစားလိုက်ရပီး အနည်းငယ် နောင်တရသလို ခံစားလိုက်သည်။အရင် နစ်ခေါက် သူမ တစ်ယောက်ထဲ လာခဲ့ပြီး ကိုယ်ဝန်ရှိတယ်ဆိုတဲ့သတင်းကို နားထောင်ခဲ့သည်။

 

 

သူမ အလွန်တည်ငြိမ်ပုံရသော်လည်း သူမ ကြောက်နေမိသည်။

 

 

မိန်းကလေးတစ်ယောက်ရဲ့ အဓိက ငယ်ရွယ်မှု အချိန်မှာ ရုတ်တရက် ကလေးတစ်ယောက်နှင့် တစ်ကိုယ်တော် မိခင်ဖြစ်လာခဲ့သည်။ သူမ ဘယ်လိုလို့ မကြောက်ဘဲ နေမလဲ....

 

 

ဒါပေမယ့် ဒီနေ့ ရှောင်ကျွင်းက သူမနဲ့အတူ ရှိနေပြီး အဲ့ဒါကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ သူမကို အနည်းငယ် အသက်ရှူနိုင်စေခဲ့ကာ သူ့ကို အားကိုးနေပုံရသည်။

 

 

တင်းရှ မသိစိတ်က ရှောင်ကျွင်းရဲ့လက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ တကယ်လို့...တကယ်လို့ ကလေးမီးဖွားဖို့ အခက်အခဲတွေကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင်...

 

 

သူမ ရှောင်ကျွင်းနဲ့ ကောင်းကောင်းနေနိုင်ပါ့မလား။

 

 

တင်းရှ အဲ့ဒီကိစ္စကို မတွေးရဲပေ။

 

 

ရှောင်ကျွင်းက သူမ တင်းကျပ်စွာ ဆုပ်ကိုင်ထားတာ ခံစားခဲ့ရသည်။  "ဘာမှားလို့လဲ?"

 

 

တင်းရှ အတွေးများထဲမှ ပြန်ရောက်လာပြီး ခေါင်းယမ်းကာ အတင်းပြုံးပြလိုက်သည်။

 

 

ရှောင်ကျွင်းက မတ်တပ်ထရပ်ပြီး သူမ သူ့ရင်ခွင်ကို မှီဖို့ သူ့လက်နှစ်ဖက်ကို ဖွင့်ကာ ပြောခဲ့သည်။  "ကြောက်လား? ဘိမ္မာတယ် မကြောက်နဲ့နော်။ ကိုယ် မင်းနဲ့အတူရှိနေတယ်။ မင်းကြောက်ရင် ကိုယ့်ကိုခေါ်လိုက်၊ ကိုယ် ဒီမှာရှိတယ် "

 

 

တင်းရှက သူမ ခေါင်းကို သူ့လက်မောင်းထဲ ဖွက်လိုက်ပြီး စကားမပြောခဲ့ပေ။

 

 

ရှောင်ကျွင်းက သူမပုခုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

 

 

"နံပါတ်၈၅၊ တင်းရှ ရှိလား?"

 

 

မကြာခင် သူတို့အလှည့် ရောက်လာခဲ့သည်။ ရှောင်ကျွင်းက သူမကို ညင်သာစွာဖြင့် အခန်းထဲ ခေါ်သွားခဲ့သည်။

 

 

အရင်တစ်ခေါက်ကလိုပဲ ဆရာဝန်တစ်ယောက်ထဲ ရှိနေခဲ့သည်။ သူမက ဆေးစစ်ဖို့ ဆေးရုံကို တစ်ယောက်ထဲလာတဲ့ လှပတဲ့ မိန်းကလေး တင်းရှကို မှတ်မိနေခဲ့သည်။

 

 

ဒါပေမယ့် ကံကောင်းစွာပဲ ဒီတစ်ကြိမ် သူမနဲ့ အတူ တစ်ယောက်ယောက် လိုက်လာခဲ့သည်။

 

 

အမျိုးသမီး ဆရာဝန်က တင်းရှအတွက် ထိုင်ခုံ ချိန်ညှိပေးနေသည့် ရှောင်ကျွင်းကို တစ်ချက်ကြည့်ပြီး အနည်းငယ် သက်သာရာ ရသွားခဲ့သည်။

 

 

"မင်းဒီမှာလား? မင်း မကြာခင်က ဘယ်လိုခံစားရလဲ?" ဆရာဝန်က ပြုံးပြီး နှုတ်တက်ခဲ့သည်။ 

 

 

" အရမ်းကောင်တယ်။ ဆရာမပေးထားတဲ့ ဆေးကို အချိန်မှန်သောက်တယ်" တင်းရှက ဤဆရာဝန်ကို အမြင်ကောင်း ရီခဲ့သည်။ " ကျွန်မ ကိုယ်ဝန်ဆောင် ပုံမှန် စစ်ဆေးဖို့ လာခဲ့တာ"

 

 

အမျိုးသမီး ဆရာဝန်က ခဏလောက် ပုံမှန်မေးခွန်းတွေ မေးခဲ့သည်။ "၁၇ ပတ်ဆိုတော့ မင်း အာထရာဆောင်းစကင်န်နဲ့ သွေးစစ်တာ လုပ်လို့ရနေပြီ။ ပြီးတော့ လိုအပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေလဲ လုပ်လို့ရပြီ "

 

 

သူမက စစ်ဆေးမှုတစ်ခုစီ၏ အကြောင်းအရာနှင့် အရေးပါပုံများကို အသေးစိတ်ရှင်းပြခဲ့သည်။

 

 

ရှောင်ကျွင်းက တင်းရှ ထက် ဂရုတစိုက် နားထောင်ခဲ့သည်။

 

 

ရလဒ်အနေနဲ့ အမျိုးသမီးဆရာဝန်ရဲ့ သူ့အပေါ် သဘောကျမှုက ပိုတိုးလာခဲ့သည်။ သူတို့နှစ်ယောက်သည် အလွန်ငယ်ရွယ်ပြီး အရွယ်မရောက်သေးပုံပေါက်သည်။ စိုးရိမ်စရာကောင်းတာက သူတို့က အမှားတွေလုပ်မိပြီး ဘဝသစ်ကို မတတ်နိုင်ကြတဲ့ ကလေးတွေဖြစ်နေတုန်းပင်။

 

 

သို့သော် ယခုမူ နှစ်ယောက်စလုံးသည် ဆင်ခြင်တုံတရားရှိနေပြီး သူတို့၏ဘဝအတွက် အလေးအနက် ထားပုံရသည်။

 

 

ရှောင်ကျွင်းက ငွေရှင်းဖို့ အရင်သွားခဲ့ပြီး တင်းရှကို ပြန်လာမခေါ်ခင် ဌာနများအကြောင်း သူနာပြုများကို ရှင်းလင်းစွာ မေးမြန်းခဲ့သည်။

 

 

သူ့လက်ကို ဆုပ်ကိုင်ထားရင်း တင်းရှ အနည်းငယ် ကြောက်လန့်သွားပြီး သူမ တစ်ယောက်တည်းလာတဲ့ အရင်တစ်ခေါက်ကို ပြန်တွေးမိကာ အနည်းငယ် မှားယွင်းသလို ခံစားခဲ့ရသည်။  " ဒီတစ်ခါ ရှင် ကျွန်မကို တစ်ယောက်ထဲ ထပ်လာခွင့်ပြုရင်..."

 

 

ရှောင်ကျွင်းက သူ့ရဲ့ လှပပြီး လိမ္မာရေးခြားရှိလှတဲ့ ဇနီးသည်လေး၏ မျက်လုံးတွေထဲ မျက်ရည်များ ဝဲနေတာ မြင်လိုက်ရပြီး သူက ချက်ချင်း သူမနှာခေါင်းကို နမ်းလိုက်သည်။ "ကိုယ့်အမှား ကိုယ်မှားတာ။ ကိုယ် မင်းကို မထားခဲ့သင့်ဘူး။ ကိုယ် ပြန်လာပြီမဟုတ်ဘူးလား။ ကိုယ်လကျိန်တယ်။ ကိုယ် မင်းကို ဒီတစ်သက်လုံး ဘယ်တော့မှ ထားမသွားတော့ဘူး ဟုတ်ပြီလား"

 

 

တင်းရှက သူ၏နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်စွာ ချော့ပေးသံကို နားထောင်ရင်း ငိုခဲ့သည်။ သူမ၏ စိတ်ခံစားမှုများ အတည်တကျ ဖြစ်လာသောအခါ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူမ မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်။  "သွားရအောင်...နောက်မှာ လူတွေရှိတယ်"

 

 

ရှောင်ကျွင်းက သူမကို အလိုလိုက်ပြီး အနာဂတ် အစီအစဥ်များနှင့် မှန်းဆချက်များအကြောင်း စကားစမြည်ပြောနေစဉ် သူမခြေလှမ်းများကို အာရုံစိုက်ခဲ့သည်။

 

 

ဆေးစစ်ပြီးနောက် သူတိူ့နှစ်ယောက်လုံး အမျိုးသမီးဆရာဝန်ရုံးခန်းဆီ ပြန်ခဲ့ကြသည်။ စမ်းသပ်မှုရလဒ်က မျှော်လင့်ထားသည်ထက် ပိုမြန်ခဲ့သည်။ အမျိုးသမီးဆရာဝန်က သူတို့ကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

 

 

ရှောင်ကျွင်းလည်း စိတ်ပူသွားခဲ့သည်။ "အဲ့ဒါ ဘယ်လိုလဲ ဒေါက်တာ"

 

 

"စစ်ဆေးမှု အစီရင်ခံစာတွေအရ မင်းမိန်းမမှာ သွေးအားနည်းတဲ့ လက္ခဏာတွေ ရှိတယ်။ ပြီးတော့ မင်းရဲ့ ဇနီးကို ကြည့်ဖို့ တရုတ်တိုင်းရင်းဆေး ဆရာဝန်ကောင်းကို ရှာဖို့ အကြံပေးချင်တယ်။" အမျိုးသမီးဆရာဝန်က အစီရင်ခံစာကို ချလိုက်ပါသည်။

 

 

"ငါ့မိသားစုမှာ တရုတ်တိုင်းရင်း ဆေးပညာကို လေ့လာတဲ့ သူတွေလည်း ရှိတယ်ဆိုတော့ ငါလည်း နည်းနည်းနားလည်ပါတယ်။ မင်းမိန်းမက ကဏ္ဍပေါင်းစုံမှာ သိပ်ကောင်းပုံမပေါ်ဘူး။ မင်းတတ်နိုင်ရင် သွားကြည့်ဖို့ အကြံပေးတယ်။"

 

 

သူမက ကိုယ်ဝန်ပျက်ကျနိုင်တဲ့ လက္ခဏာတွေ ပြသထားပြီးသား

 

 

ရှောင်ကျွင်း ရှော့ခ်ရသွားခဲ့သည်။  "ကျွန်တော်တို့ တက်နိုင်တယ်။ ကျွန်တော်တို့ အခု သွားတွေ့လိုက်မယ်။ ဒေါက်တာ ညွှန်ပေးချင်တဲ့ ဆရာဝန်ရှိလား"

 

 

တရုတ်တိုင်းရင်းဆေး ဆေးရုံကို သွားလိုက်ပါ အမျိုးသမီးဆရာဝန်က လက်ဝှေ့ယမ်းပြလိုက်သည်။

 

 

 "သူမက ရံဖန်ရံခါမှာ သွေးထွက်တဲ့ လက္ခဏာတွေ ရှိပြီး ဝမ်းဗိုက် နာကျင်တာတွေ ရှိတယ်လို့ ပြောခဲ့တယ်။ အရင်ဆုံး သန္ဓေသားကို ကာကွယ်ဖို့၊ progesterone သောက်ဖို့ ညွှန်းပေးထားတယ်။ သူမကို မခေါ်သွားခင် သူမအခြေအနေ ပိုကောင်းလာဖို့ စောင့်ဦး"

 

 

ရှောင်ကျွင်း ဘာမှမပြောတော့ဘဲ သူမကို ဆေးရုံတင်ဖို့ ချက်ချင်းသွားခဲ့သည်

 

 

တင်းရှလည်း မကန့်ကွက်ခဲ့ပေ။

 

 

ကလေးက သူမဗိုက်ထဲမှာ တစ်လကျော်ကြာနေပြီး နေ့တိုင်း နာကျင်ပြီး အော့အန်တာကို ခံစားရသည်။

 

 

ကလေး အဆင်​​ပြေလိမ့်မယ်လို့ သူမ တကယ်​​မျှော်လင့်မိသည်

 

 

သူတို့ ဆေးရုံတင်ထားရတဲ့အချိန်က နေ့လယ်လောက်ရှိပြီဖြစ်သည်။ အစားအသောက် ကန့်သတ်ချက်များအကြောင်း အမျိုးသမီးဆရာဝန်အား မေးမြန်းပြီးနောက် ရှောင်ကျွင်းက ဆေးရုံကန်တင်းက ဝယ်ခဲ့သည်။ တင်းရှက နှစ်ချက်သာ ကိုက်ခဲ့သည်။

 

 

အရသာမရှိဘူး။

 

 

သူမ စိတ်မဝင်စားတာကိုမြင်တော့ ရှောင်ကျွင်းက အနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည်။

 

 

တင်းရှက ခဏနဲ့ အိပ်ပျော်သွားပြီးနောက် ရှောင်ကျွင်းက လယ်သမားဈေးနဲ့ ဆေးဖက်ဝင်အပင်ဆိုင်ကို သွားခွင့်ရခဲ့ပြီး ဆေးရုံဘေးက တည်းခိုခန်းငယ်လေးက မီးဖိုကို တိုက်ရိုက်ငှားရမ်းခဲ့သည်။

 

 

နေ့လည်ခင်းတစ်ခုအတွက် ဖြည်းညှင်းစွာ ပြုတ်ထားသော အရည်အသွေးမြင့် ရှီးပဒီး များကို လတ်လတ်ဆတ်ဆတ် သတ်ထားသော ကြက်မအိုဖြင့် ပြုတ်ထားကာ မှိုလက်တစ်ဆုပ်စာ ထည့်ခဲ့သည်။

 

 

ပွက်ပွက်ဆူနေသော မြေအိုးအဖုံး ကြက်စွပ်ပြုတ်၏ အမွှေးအကြိုင်များ ကြွယ်ဝနေသည်ကို မဖုံးနိုင်သောကြောင့် ဧည့်သည်များစွာက သူဌေးကို အနံ့အကြောင်း လာမေးခဲ့ကြသည်။

 

 

သူဌေးက စွပ်ပြုတ်ပြုတ်ဖို့ မီးဖိုချောင်ကို ငှားထားတဲ့လူဖြစ်ကြောင်း ထပ်ခါထပ်ခါ စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ငည်။

 

 

ရှောင်ကျွင်း မြေအိုးကို သယ်သွားတဲ့အခါ ဧည့်ခန်းထဲတွင် လောဘကြီးစွာဖြင့် စောင့်မျှော်နေသော လူတစ်စုကို တွေ့လိုက်ရသည်။

 

 

ရှောင်ကျွင်းက သူတို့ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူက ဆေးရုံရှိ အခြားလူနာများကို လုံးဝလျစ်လျူရှုကာ တင်းရှ ရှေ့ဆီ မြေအိုးကို တိုက်ရိုက်ယူသွားခဲ့သည်။

 

 

တင်းရှ စွပ်ပြုတ် သောက်ပြီးနောက် ကျေနပ်သွားသော်လည်း အနည်းငယ် ရှက်သွားသည်။

 

 

ကြက်သားသည် နူးညံ့ပြီး အရသာရှိကာ၊ မှိုများသည် လတ်ဆတ်ပြီး ချိုမြိန်သည့်အပြင် ရှီးပဒီး၏ အာဟာရဓာတ်လည်း ပါဝင်သည်။ သောက်လိုက်တိုင်း မအီနေပေ။

 

 

ရှောင်ကျွင်းက တင်းရှအတွက် စွပ်ပြုတ်ချက်ရန် သင်ယူခဲ့သည်။

 

 

သူမသည် စွပ်ပြုတ်နှင့် ရေသောက်ခြင်းကို နှစ်သက်သော်လည်း ပိန်လွန်းလှသည်။ ဒါကြောင့် ရှောင်ကျွင်းက သူမကို နည်းနည်းလေး ဝအောင် လုပ်ဖို့အတွက် ဟင်းချက်နည်းကို သင်ယူခဲ့သည်။

 

 

သူတို့ နှစ်ယောက် ဖြည့်စွက်စာ စားပြီးနောက် ရှောင်ကျွင်း နေ့လည်ခင်းတိုင်း သူ့ စိတ်ကူးကို ထုတ်ဖော်ခဲ့သည်။

 

 

"ရှရှ၊ ကိုယ်တို့ မြို့ထဲ ပြောင်းသင့်လား"