အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၈
" ဆေးကုသမှုက မြို့ထဲမှာ ပိုကောင်းတယ်၊ အစားအသောက်၊ အိမ်ယာ၊ လမ်းပန်းဆက်သွယ်ရေးကအစ ပိုအဆင်ပြေတယ်" ရှောင်ကျွင်းက သူမ၏ အေးစက်သော လက်ကို ဆုပ်ကိုင်လိုက်သည်။
“ကိုယ်တို့မှာ ပိုက်ဆံရှိနေပြီ၊ အိမ်သေးသေးလေးငှားလို့ရတယ်။ မင်း သရေစာဆိုင်ဖွင့်ချင်ရင် ကိုယ် လုပ်ငန်းလိုင်စင်သွားယူလိုက်မယ်။ မင်း ဆေးရုံကဆင်းရင် ကိုယ်တို့ ဆိုင်မျက်နှစာ လိုက်ကြည့်လို့ရတယ်။ ဘယ်လိုလဲ?"
တင်းရှ သူမ လက်ချောင်းတွေကို ရွှေ့လိုက်သည်။ ရှောင်ကျွင်းရဲ့ အဆိုပြုချက်က သူမကို အလွန် စွဲလန်းစေခဲ့သည်။
ရွာရဲ့ဘဝက ကောင်းပေမယ့် သူမနဲ့ရင်းနှီးတဲ့မြို့ကိုပြောင်းတာက ပိုကောင်းတဲ့ လူနေမှုပတ်ဝန်းကျင်ကို ဆိုလိုတာပင်။ သူမ ကိုယ်ဝန်ဆာင် စစ်ဆေးဖို့ ဆေးရုံ လာရန်လည်း အလွန်နီးကပ်နေပေလိမ့်မည်။
ထို့အပြင် ကျေးလက်ကျေးရွာများထက် မြို့ကြီးများတွင် စားသုံးမှုအဆင့်နှင့် ဝယ်လိုအားက ပိုများသည်။ သူတို့ စတိုးဆိုင်သေးသေးလေး ဖွင့်ရင်တောင် ဘယ်သူပြောနိုင်မလဲ ပိုက်ဆံနည်းနည်းလောက် ချွေတာသွားနိုင်တယ်။
သူမ လက်ချောင်းများဖြင့် ရေတွက်ကာ လေးလေးနက်နက် တွေးကြည့်ခဲ့သည်။ ရှောင်ကျွင်းက သူမဘေးနားတွင် ငြိမ်သက်စွာ ရပ်ကြည့်နေကာ အလွန်ပျော်ရွှင်နေခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် တင်းရှ ခေါင်းညိတ် သဘောတူလိုက်သည်။ သူမက တစ်ခုခုကို တွေးပြီး ပြောခဲ့သည်။ "ကျွင်း၊ မနက်ဖြန် ထမင်းဗူးရောင်းဖို့ ကူညီပေးမလား"
"ကျွန်မ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ညီအစ်ကိုတွေကို တရားဝင်ပြောပြသင့်တယ်လို့ ထင်တယ်။ နောက်ဆုံးတော့ သူတို့က ကျွန်မလုပ်ငန်းကို အမြဲတမ်း ပံ့ပိုးပေးနေကြတာ။"
ရှောင်ကျွင်းက မကန့်ကွက်ခြင်းပေ။ တခြားသူတွေ ဇနီးဖြစ်သူကို ကြိုက်တာမျိုး သူ မကြိုက်ပေမယ့် ကျေးဇူးတင်ဖို့ သတိရနေတုန်းပင်။
ဆေးရုံက လူတွေကို ညအိပ်ခွင့်မပေးချေ။ ရှောင်ကျွင်းက တုံ့ဆိုင်းစွာဖြင့် သူ့လျှပ်စစ်စက်ဘီးကို စီးလျက် ရွာကို ပြန်သွားခဲ့သည်။
မှောင်လုနီးပါးဖြစ်နေပြီဖြစ်ပြီး နေရာတိုင်း၌ မီးခိုးများထွက်နေသည်။
ရှောင်ကျွင်း၏ မျက်လုံးများက စူးရှသည်။ အဝေးကနေ သူ့ အိမ်တံခါးဝမှာ
သူခိုးက လှည့်ပတ်နေတာကို မြင်လိုက်ရသည်။ သူ့စက်ဘီးကို တိတ်တဆိတ် ရပ်ထားလိုက်ပြီး ကြောင်တစ်ကောင်လို အသံမထွက်ဘဲ ခြေလှမ်းကြီးများဖြင့် ဖြတ်လျှောက်သွားခဲ့သည်။ သူက နောက်ကနေ အဲ့ဒိလူရဲ့ ကော်လာကနေ ဖမ်းဆွဲပြီး ပြောခဲ့သည်။ "မင်း ဘယ်သူလဲ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ဝမ်ခွန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က တင်းရှကို သင်ခန်းစာတစ်ခု သင်ပေးမည့် အစီအစဉ်ကို ဆွဲခဲ့သည်။ မှောင်လာတဲ့အခါ သူ လန့်သွားပေမယ့် အများအားဖြင့် အိမ် တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတာပဲ တွေ့ခဲ့ရသည်။
သူထူးဆန်းသလို ခံစားရပြီး တံခါးအဟလေးက ချောင်းကြည့်နေချိန်မှာပဲ သူ့နောက်ကလူက သူ့ကို ကြောက်လန့်စေခဲ့သည်။
သူ လှည့်ကြည့်လိုက်တော့ လူသတ်ချင်တဲ့ မျက်လုံးတွေနဲ့ ရက်စက်တဲ့ မျက်နှာကို တွေ့လိုက်ရသည်။ ဝမ်ခွန်းက တုန်လှုပ်သွားခဲ့သည်။ "ငါ...ငါ ဘာမှ မလုပ်ပါဘူး..."
ရှောင်ကျွင်းက တံခါးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "မင်းရဲ့ မကောင်းတဲ့ အစီအစဥ်ကို အမှန်အတိုင်းပြော။ အဲ့ဒါက မင်း အရိုက်ခံရတာ နည်းသွားနိုင်တယ်"
ဝမ်ခွန်းက နာကျင်ရမည်ကို ကြောက်သည်။ သူ့မျက်လုံးတွေက လိမ္မာပါးနပ်စွာ လှည့်ပတ်ကြည့်ခဲ့ပြီး ကပ်ဖားရပ်ဖားနှင့် မျက်နှာချိုသွေးလာခဲ့သည်။ “အစ်ကို၊ ငါ မင်းကို မမှတ်မိဘူး။ ငါတို့ရွာကို လာတာ ဒါ ပထမဆုံးအကြိမ်လား”
ရှောင်ကျွင်းက သူဘယ်လို လှည့်ကွက်တွေ ကစားနေမှန်းမသိပေ။ သူက ကော်လာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် ဝမ်ခွန်းက ထိတ်လန့်သွားခဲ့သည်။ "အစ်ကို။ စကားနဲ့ပဲ ပြောရအောင်!"
"မင်း ဖင်ကို စကားနဲ့ပြောပါလား!" ရှောင်ကျွင်းက သူ့ကို တောအုပ်ထဲကို ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်ပြီး သစ်ပင်ဘက်ကို တွန်းလိုက်သည်။
စကားတစ်ခွန်းမှ မပြောဘဲ လက်သီး မြှောက်ပြီး သဲအိတ်ကို ထိုးသလို ထိုးခဲ့သည်။ သူ့လက်တွေက ကြီးမားပြီး အစွမ်းထက်ကာ ဝမ်ခွန်း အော်ဟစ်ကာ အဆက်မပြတ် ရှောင်တိမ်းသည်အထိ ထိုးခဲ့သည်။
ဝမ်ခွန်း မျက်နှာသည် ပွန်းပဲ့နေပြီး ရောင်ရမ်းလာခါမှ ရှောင်ကျွမ်း အနည်းငယ် သက်သာရာရသွားသည်။ သို့သော် သူ့ပါးစပ်မှ ညစ်ညမ်းသော စကားလုံးများကို တွေးတောမိပြီးနောက် စိတ်မငြိမ်မသက် ဖြစ်သွားသည်။
ဝမ်ခွန်း မျက်နှာတွင် နှပ်ချေးနှင့်မျက်ရည်များဖြင့် ပွေပွနေပြီး မြေကြီးပေါ်၌ လဲလျောင်းပြီး ငိုကြွေးခဲ့သည်။ ရှောင်ကျွင်းက သူ့ကို ကန်လိုက်သည်။ "ပါးစပ်ပိတ်ထား"
ဝမ်ခွန်းက ကြောက်ရွံ့တုန်လှုပ်သွားပြီး တိုးတိုးလေးရှိုက်ငိုခဲ့သည်။
ဝမ်ခွန်းက ခေါင်းငုံ့ကာ မေးခဲ့သည်။ "မင်း ငါ ဘယ်သူလဲဆိုတာ သိလား"
ဝမ်ခွန်းက ဒရမ်လို ပြင်းပြင်းထန်ထန် ခေါင်းယမ်းခဲ့သည်။
ရှောင်ကျွင်းက သူ့လည်ချောင်း ယားယံတာခံစားခဲ့ရပြီး ဆေးလိပ်သောက်ချင်ပေမယ့် တင်းရှကြောင့် ထိန်းထားလိုက်သည်။ "ငါက မင်း ချောင်းကြည့်နေတဲ့ အိမ်မှာနေတာ။ မင်း မကောင်းသူလို့ ပြောနေတဲ့သူက ငါ့မိန်းမပဲ"
ဝမ်ခွန်း အလွန်ထိတ်လန့်သွားပြီး ငိုဖို့မေ့သွားခဲ့သည်။
"မင်းရဲ့ ခွေးပါးစပ်က မဖွယ်မရာ တစ်ခုခုကို ထပ်ပြီးကြားရရင်..... ရိုက်နှက်တာနဲ့တင် မပြီးသွားဘူး။" သူက အံကြိတ်ကာ
အသံကို သိသိသာသာ လျှော့ချလိုက်ပြီး ဝမ်ခွန်းကို ကျောရိုးထဲထိ အေးခဲသွားစေခဲ့သည်။
ဝမ်ခွန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြခဲ့သည်။ "ငါထပ်မပြောတော့ဘူး! ဘယ်တော့မှပဲ!!!"
ရှောင်ကျွင်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူ့ကို ထိုနေရာတွင် ထားခဲ့သည်။ သူ့လျှပ်စစ်စက်ဘီးကို ခြံထဲ ပြန်တွန်းလိုက်သည်။
အိမ်မှာ ပါဝင်ပစ္စည်းတွေကို သေချာပြင်ဆင်ပြီး မနက်ဖြန်အတွက် လိုအပ်သည်များကို ထုတ်ယူခဲ့သည်။ ထို့နောက် ငှားရန်သင့်တော်သော ဆိုင်မျက်နှာစာများကို သူ့ဖုန်းနဲ့ ရှာကြည့်ခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် အပေါက်ဝ၌ လူထွားကြီးတစ်ဖွဲ့က လမ်းမပေါ် စူးစူးစိုက်စိုက်ကြည့်ကာ မျှော်တလင့်တကြီး ရပ်နေကြသည်။ ညစာစားချိန်ကျော်လွန်သွားပြီ ဖြစ်ပေမယ့် လှပသော ပုံရိပ်လေးက ယခုထိ မပေါ်လာသေးပေ။
ခပ်ပိန်ပိန် လူတစ်ယောက်က ပြောခဲ့သည်။ "ဒီနေ့လည်း ထပ်မလာတော့ဘူးလား? ငါတို့ ထမင်းဗူး နတ်သမီးလေး ဘယ်ရောက်သွားတာလဲ? ငါ သူမထမင်းဗူးကို စားပြီး တခြားဘယ်ဟာမှ မျိုမချနိုင်တော့ဘူး!"
တကျွမ်းလည်း ခေါင်းစိုက်ငိုက်ကျသွားသည်။ သူက စိတ်ဓာတ်ကျစွာပြောခဲ့သည်။ "ဘယ်သူသိမှာလဲ... ငါ မနေ့ကလည်း အများကြီးမစားရဘူး၊ ထမင်းဗူးနှစ်ဗူး မှာဖို့ စောင့်နေတာ..."
"သူလာပြီ။ သူလာပြီ!" လူအုပ်ကြီးက ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ကြည့်လိုက်တော့ တင်းရှ ချစ်သူရဲ့ ပုံရိပ်ဖြစ်ပြီး လျှပ်စစ်စက်ဘီး စီးပြီး လာနေသည်ပင်။
အနားရောက်လာချိန်မှ သူတို့ အလှလေး မဟုတ်ကြောင်း သိလိုက်ရသည်။
အလှလေးကို မမြင်ရလို့ နည်းနည်း စိတ်ပျက်မိပေမယ့် အရသာရှိတဲ့ စားစရာတွေကို တွေးမိပြီးနောက် တန်းစီခဲ့ကြပြီး လူတိုင်းကို ပျော်ရွှင်စေခဲ့သည်။
ရှောင်ကျွင်းက သေတ္တာပုံးကို ဖွင့်လိုက်သည်။ "ငွေပေးချေဖို့ ကုဒ်ကို စကင်န်ဖတ်ပါ၊ တစ်ဗူးကို ဆယ့်ငါးယွမ်"
သူ့နေ့လည်စာဗူးကို ရပြီးနောက် တကျွမ်းက ဖွင့်ဖို့ မစောင့်နိုင်တော့ပေ။ ဒီနေ့ ဟင်းလျာတွေက ခါတိုင်းလို အသားနှစ်မျိုးနဲ့ အသီးအရွက် တစ်ပွဲဖြစ်ပြီး အပြည့်ပင်။
အာလူးနှပ်နှင့် ဝက်သား ပဲတောင့်ရှည်ချက်ဖြစ်ကာ မထိန်းနိုင်ခဲ့ပေ။ အာလူးများက နူးညံ့ပြီး အရသာရှိကာ ပဲတောင့်ရှည်များသည်လည်း နူးညံ့ပြီး အရည်ရွှမ်းသည်။ ဝက်ဗိုက်သား အတုံးကြီးများက အဆီနှင့် အသားပေါကာ တစ်ချက်ကိုက်လိုက်ခြင်းက ကျေနပ်အားရစေပြီး ကောင်းကင်ဘုံထိ တက်သွားသလို ခံစားလိုက်ရသည်။
ကြက်သားနှင့် ကြက်သွန်ဖြူမွှေကြော်ကတော့ သူတစ်ခါမှ မတွေ့ဖူးပေ။ အနံ့က ကြက်သွန်ဖြူ အနံ့စူးရှနေသည်။
ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပြီး ပြုတ်ထားကာ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူတို့ ကြိတ်ထားတဲ့ အိုးထဲကို တိုက်ရိုက် ထည့်လိုက်သည်။ အရေခွံကို ရွှေရောင်ဖြစ်အောင် ကြော်ပြီးတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ ထည့်ခဲ့ပြီး ကြက်သွန်ဖြူကို ရွှေညိုရောင် မွှေးလာသည်အထိ ကြော်ခဲ့သည်။
ထို့နောက် ရေအနည်းငယ်ထည့်ကာ ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းတို့ ထည့်ကာ အရသာညှိခဲ့သည်။ မီးလျော့ပြီး ငံပြာရည်များ ထူလာသည်အထိ ချက်ပြုတ်ခဲ့သည်။
တစ်ကိုက်ကိုက်လိုက်ရုံဖြင့်ဘကြက်သားနှင့် ကြက်သွန်ဖြူရဲ့ အနံ့အရသာက ပြီးပြည့်စုံပြီး ကြက်သွန်ဖြူရဲ့ အနံ့ဆိုးနှင့် အသားအနံ့ကို ကင်းစင်စေသည်။ ပထမတစ်ကြိမ်စားပြီးနောက် နောက်တစ်ခေါက် ထပ်စားချင်အောင် လုပ်ထားသည်။
နောက်ဆုံး ဟင်းက အာလူးအစပ်ကြော်ဖြစ်သည်။ အနီရောင်တောက်တောက် ငရုတ်သီးခြောက်များက မျက်စိကို စွဲဆောင်စေပြီး အချဉ်ဓာတ်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
တကျွမ်း ကျေနပ်မှုမခံစားရခင် ထမင်းလုတ်ကြီးကြီး ထည့်လိုက်သည်။
သူက သူ့ဘေးနားက တိတ်ဆိတ်နေတဲ့ ရှောင်ကျွင်းကို ရည်ရွယ်ချက်ရှိရှိ စကားစမြည်ပြောခဲ့သည်။ "သူဌေး၊ မင်း မကြာခင်က ဘာနဲ့အလုပ်များနေတာလဲ၊ မင်းသာ ဒီနေ့ မလာရင် ငါတို့ တော်တော်များများ ဗိုက်ဆာကုန်တော့မှာ"
ရှောင်ကျွင်း၏ အမူအရာက တင်းရှ ဒီလူအကြောင်းပြောထားသောကြောင့် နည်းနည်း ပျော့ပြောင်းသွားခဲ့သည်။ "ငါ ရှရှနဲ့ ကိုယ်ဝန်ဆောင်ဆေးစစ်ဖို့ သွားခဲ့တာ"
တကျွမ်း၏ လက်များက မသိစိတ်အရ ရပ်တန့်သွားကာ သူ့ဘေးနားတွင် စားနေသော အခြားလူများကို လှည့်ကြည့်လိုင်ချိန် နှလုံးသားတွေ ကြေကွဲသွားသံကို ကြားလိုက်ရပုံပင်။
သို့သော်လည်း တကျွမ်းက သူ့ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ချီးကျူးနေတုန်းပင်။ "အံ့သြစရာကောင်းတဲ့ သတင်းပဲ၊ မင်းနှစ်ယောက်အတွက် ဂုဏ်ယူပါတယ်"
ရှောင်ကျွင်းက သူ့ကို ကျေးဇူးတင်ပြီး ခဏလောက်စဉ်းစားနောက် ပြောခဲ့သည်။ "ငါတို့ နေ့လည်စာ ထမင်းဗူးရောင်းဖို့ ငါတို့ ဒီကိုလာမှာ မဟုတ်တော့ဘူး"
တကျွမ်း သူ့ထိုင်ခုံကနေ ခုန်ထလုနီးပါးပင်။ "ဘာလို့လဲ!!"
"ရှရှမှာ ကိုယ်ဝန်ရှိနေပြီ။ အပြင်ထွက်ရတာ အဆင်ပြေဖို့အတွက် မြို့ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်" ရှောင်ကျွမ်းက ရှင်းပြခဲ့သည်။
"မြို့ထဲမှာ စတိုးဆိုင် အသေးလေးဖွင့်ဖို့ စီစဉ်နေတယ်။ မင်းမှာ အခွင့်ရေးရှိရင် ငါတို့ဆိုင်မှာ လာစားလို့ရတယ်။"
တကျွမ်းက ဝမ်းနည်းစွာနဲ့ နောက်ထပ် ထမင်းနှစ်လုတ်ကို ပါးစပ်စားလိုက်သည်။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူက ဖုန်းထုတ်ပြီး ပြောခဲ့သည်။
" သူဌေးက
WeChat မှာ တစ်ယောက်နဲ့တစ်ယောက် ထည့်လိုက်ရအောင်။ ငါတို့ အနာဂတ်မှာလည်း ဒီလိုမျိုး အဆက်သွယ် မပြတ်တော့ဘူး ဟုတ်တယ်မလား"
ရှောင်ကျွင်းရ သဘောတူခဲ့သည်။
ရှောင်ကျွင်းက WeChat ပေါင်းထည့်ပြီးနောက်၊ သူနေ့လည်ဘက်၌ အိမ်များကိုကြည့်ရှုရန် အိမ်ခြံမြေအကျိုးဆောင်ဆီ သွားဖို့ ရှိနေဆဲဖြစ်သောကြောင့် ပြန်ဖို့ ပြင်ဆင်ခဲ့သည်။ သူ အချိန်သိပ်မရနေပေ။
အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူ တံခါးခေါက်သံကြားလိုက်ရသည်။ တံခါး ဖွင့်လိုက်တော့ ကြင်နာတတ်ပြီး သန်မာတဲ့ အဘွားကို တွေ့လိုက်ရသည်။
အဖွားကျန်းက တင်းရှအတွက် ဟင်းသီးဟင်းရွက် ဥယျာဥ်ထဲမှ ပိန်းဥ တူးခဲ့သည်။ ဒါပေမယ့် တံခါး ခေါက်လိုက်တဲ့အခါ လူငယ်တစ်ယောက် ထွက်လာခဲ့သည်။
အဖွားကျန်း ထိုလူငယ်ကို တွေ့တော့ အံ့အားသင့်သွားခဲ့သည်။ သူမ တုန်လှုပ်ချောက်ချားသွားတာပင်။
"မင်းက ရှရှလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ လူယုတ်မာလား"