အပိုင်း ၉
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း

 

 

 

အဖွားကျန်းက ရှောင်းကျွင်းနှင့် အိမ်ခြံဝင်းထဲတွင် ထိုင်ကာ သူမ လက်တွေကို ကိုးရိုးကားရား ပွတ်သပ်ရင်း ပြောခဲ့သည်။  "အိုး... တောင်းပန်ပါတယ် ရှောင်ရှောင် ငါ မင်းကို နားလည်မှုလွဲသွားတယ်..."

 

 

ရှောင်ကျွင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အဖွားကျန်း၏ မျက်နှာက နီရဲသွားခဲ့သည်။ သူမသည် အသက်အရွယ်နှင့် ထိုကဲ့သို့ အနှောက်အယှက် ဖြစ်စေခဲ့ကြောင့် အနည်းငယ်ရှက်ရွံ့ခဲ့သည်။

 

 

ရှောင်ကျွင်းက တင်းရှဆီမှ အဖွားကျန်း၏ ဂရုစိုက်မှုအကြောင်း ကြားဖူးသည်။ သူ သူမကို သကြားရည်တစ်ခွက် ထည့်ပေးခဲ့သည်။  "ဘာမှမဖြစ်ပါဘူး။ ရှရှ ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါ အဖွား"

 

 

ရှောင်ကျွင်းက အမြဲတမ်း တိတ်ဆိတ်နေပြီး တင်းရှမှလွဲ၍ အခြားမည်သူ့ကိုမှ စကားတစ်ခွန်းထပ်ပိုပြီး မပြောချင်ပေ။

 

 

အဖွားကျန်းက သူမလက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။ "ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါ ကောင်မလေးကို သူ့ဘာသာသူ ဒုက္ခရောက်အောင် ဘယ်လို မတ်တပ်ရပ်ပြီး ကြည့်နေနိုင်မှာလဲ၊ ငါတို့က အိမ်နီးနားချင်းတွေမို့ နည်းနည်း ကူညီတာက ဘာမှ မဖြစ်ဘူး"

 

 

သူမ ပြောပြီးသည်နှင့် မတ်တပ်ရပ်ခဲ့သည်။ "ငါ မင်းကို ကျင်းလွီမိန် ပေးမယ်၊ ငါ အခုပြန်လာခဲ့မယ်။ ငါ ရှရှအတွက် ချက်လိုက်ဦးမယ်"

 

 

ရှောင်ကျွင်း သူမ အိမ် ပြန်သွားသည်ကို ကြည့်ပြီးနောက် ချက်ချင်း လျှပ်စစ်စက်ဘီး စီးပြီး ထွက်ခဲ့သည်။

 

 

 တစ်ညလုံးနဲ့ တစ်မနက်ခင်းလုံး တင်းရှကို မတွေ့ရသေးတာကြောင့် သူမကို အနည်းငယ် လွမ်းဆွတ်မိသည်။

 

 

ရှောင်ကျွင်း အမြန်ဝင်သွားလိုက်ချိန် တင်းရှက သူမက ဆေးသောက်ပြီး ဆေးထိုးဖို့လာတဲ့ သူနာပြု ဆရာမလေးကို စိုက်ကြည့်နေခဲ့သည်။

 

 

"အာ ကျွင်း?" တင်းရှ အနည်းငယ် အံ့သြသွားသည်။ သူမ ညအထိ သူ့ကိုမတွေ့ရတော့ဘူးလို့ ထင်ထားတာဖြစ်သည်။

 

 

ရှောင်ကျွင်းက မထိုင်ခင် ငုံ့ပြီး သူမကို ပွေ့ဖက်ခဲ့သည်။ "မင်း စားပြီးပြီလား"

 

 

တင်းရှ ခေါင်းခါလိုက်သည်။ "ဗိုက်မဆာသေးဘူး"

 

 

ရှောင်ကျွင်းက သူမရဲ့ ခေါင်းကို ပွတ်လိုက်သည်။ "ဒါဆို ကိုယ်တို့ အတူ စားကြမလား?"

 

 

"ကောင်းပြီ။" တင်းရှ နာခံစွာ ခေါင်းညိတ်လိုက်သည်။

 

 

သူမ ဗိုက်မဆာပေမယ့် ရှောင်ကျွင်းကို တွေ့ပြီးနောက် ဝမ်းသာပီတိဖြစ်မိကာ သူမလည်း ဗိုက်ဆာသလို ခံစားလာရသည်။

 

 

ရှောင်ကျွင်းက အမြန်ပြန်ရောက်လာခဲ့သည်။ နှစ်ယောက်သား စားပွဲသေးလေးမှာ စားခဲ့ကြသည်။ တင်းရှမှာ စားချင်စိတ် အများကြီး မရှိတာကြောင့် ရှောင်ကျွင်းက ပုံမှန်အတိုင်း သူမ မကုန်တာတွေကိုပါ စားခဲ့သည်။

 

 

သူတကယ် ထွက်သွားရမယ့်ချိန်မှာ ရှောင်ကျွင်းက ဝန်လေးစွာ ပြောခဲ့သည်။  "ကိုယ် ဆိုင်ရှေ့တွေကို သွားစစ်ကြည့်ဦးမယ်။ တစ်ခုခုဖြစ်လာရင် ဖုန်းဆက်လိုက်"

 

 

တင်းရှက သူမ ဗိုက်ကို ပွတ်ကာ နာခံစွာ သဘောတူလိုက်သည်။

 

 

ထိုမှသာ ရှောင်ကျွင်းလည်း အနည်းငယ် တုံ့ဆိုင်းလျက် ထွက်သွားခဲ့သည်။

 

 

နေ့ခင်းဘက်၌ ဆိုင်မျက်နှာစာသုံးခုကို ကြည့်ခဲ့သော်လည်း ကောလိပ်အနီးရှိ ဆိုင်ကို သဘောကျနေဆဲဖြစ်သည်။

 

 

ခြေလျင် အသွားအလာလည်း များပြီး ဆေးရုံနှင့်လည်း နီးသည်။

 

 

ဆိုင်၏ အနောက်ဘက်တွင် ခြံဝင်းငယ်တစ်ခုရှိပြီး အပေါ်ထပ် ငှားရမ်းခက အနည်းငယ် ဈေးကြီးသော်လည်း ၎င်းတို့၏ အခြေအနေနှင့် သင့်လျော်ပြီး ထိုနေရာတွင် နေထိုင်နိုင်သည်။

 

 

ဒါပေမယ့် ဒီနေ့နေ့လည်စာဗူး ရောင်းရတဲ့ငွေနဲ့ ဘဏ်မှာစုထားတဲ့ငွေတွေကို စဉ်းစားပြီးနောက် ရှောင်ကျွင်းက ဒီနေရာကို သူ့ရဲ့ပထမဆုံး ရွေးချယ်မှုအဖြစ် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

 

 

ဒါပေမယ့် တင်းရှ ကြည့်ဖို့ သူစောင့်​​နေသေးသည်။ သူမလည်း သဘောကျရင် ပြေလည်သွားလိမ့်မယ်။

 

 

အေးဂျင့်နှင့် သဘောတူပြီးနောက် ရှောင်ကျွင်းက ဟင်းသီးဟင်းရွက်ဈေးဆီ အမြန်သွားခဲ့သည်။ နေ့လယ်ခင်း ဟင်းရွက်ဈေးက အလွန် မသက်သာသော်လည်း ငါးဆိုင်ကောင်းကောင်းကို သူတွေ့နေရဆဲပင်။

 

 

သူ ထန်းလက် အရှည်လောက်ရှိတဲ့ ငါးကြင်းနှစ်ကောင်ကို ဝယ်ခဲ့သည်။ ရှောင်ကျွင်းက တို့ဟူးကို ယူသွားကာ မီးဖိုချောင်ကို ငှားရန် တည်းခိုခန်းဆီ ထပ်သွားခဲ့သည်။

 

 

သူ့ကိုမြင်တော့ သူဌေးက သဘောတူဖို့ အဆင်သင့်ဖြစ်ပင်။

 

 

သူ့ အရင်တစ်ခေါက် ချက်ပြုတ်မှုက ရနံ့က အစားအစာများ မှာယူရန် စားသုံးသူများစွာကို ဆွဲဆောင်ခဲ့ပြီး ထိုနေ့က လည်ပတ်မှုက ခါတိုင်းထက် များစွာပိုများခဲ့သည်။

 

 

ရှောင်ကျွင်းက သူဌေး၏ ရည်ရွယ်ချက်ကို မသိခဲ့ပေ။ သူ့လျှပ်စစ် စက်ဘီးတောင်းထဲက မြေအိုး သေးလေးကို ထုတ်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။

 

 

ငါးတွေက သေနေပြီ။ မီးဖိုချောင်မှာ ငါးကို ရေဆေးပြီး အခြောက်ခံခဲ့သည်။ ဒယ်အိုးကို မီး အပူချိန် နိမ့်နိမ့်ဖြင့် အပူပေးခဲ့ကာ ငါးကို အပူပေးထားသည့် မြေအိုးထဲ မထည့်ခင် အရေခွံကို ရွှေဝါရောင် ပြောင်းသွားသည်အထိ ကြော်ခဲ့သည်။

 

 

ပွက်ပွက်ဆူနေသော ရေ လောင်းထည့်ကာ ကြက်သွန်မြိတ်နှင့် ဂျင်းအတုံးများထည့်ပြီး ဆားအနည်းငယ်က အရသာရှိရှိနှင့် လတ်ဆတ်နေစေဖို့ လုံလောက်သည်။ အခြားဟင်းခတ် အမွှေးအကြိုင်တွေ မလိုအပ်ချေ။

 

 

ကျိုးယွီက တံခါးဝမှ အနံ့ကို ရှူရှိုက်ရင်း လျှောက်ဝင်လာခဲ့သည်။ "ဖေဖေ၊ မီးဖိုချောင်ထဲ ဘာဟင်းချက်နေတာ လဲ၊ အနံ့အရမ်းကောင်းတယ်၊ သမီးလည်း စားချင်တယ်!"

 

 

သူဌေးကျိုးက ရုတ်တရက် တိုးများလာသော ဖောက်သည်များဆီမှ အစားအသောက် အမှာစာများကို ဝမ်းသာအားရ ယူနေခဲ့သည်။ ဒါကိုကြားတော့ သူက ခေါင်းတောင် မမော့ဘဲ ပြောခဲ့သည်။ 

 

 

"ညီလေး တစ်ယောက်က ချက်ပြုတ်ဖို့ မီးဖိုချောင်ကို ငှားထားတာ။ သူဘာလုပ်နေမှန်း ငါလည်း မသိဘူး။"

 

 

သူက အနံ့ပြင်းပြင်းကို အနံ့ခံပြီး ပြောခဲ့သည်။ " သူရောက်လာတုန်းက ငါးနဲ့ တို့ဟူးကို သယ်လာတဲ့တယ်။ အဲ့ဒါက ငါးစွပ်ပြုတ်ဖြစ်မယ် ထင်တယ်။

 

 

ကျိုးယွီလည်း မျက်ရည်ကျလုမတတ်ပင်။ သူမ မီးဖိုချောင်ထဲ ဝင်လိုက်တဲ့အချိန် ဟင်းချက်ဖို့ စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်နေသူတစ်ဦးကို တွေ့လိုက်ရသည်။

 

 

ရှောင်ကျွင်းက သူ့ကို စိုက်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ကို ခံစားရလို့ လှည့်ကြည့်လိုက်ချိန်  ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်ကာ သူမကို လျစ်လျူရှုလိုက်သည်။

 

 

ပထမတော့ ကျိုးယွီက ငါးကို သွားရည်ကျနေပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလူကြောင့် သွားရည်ကျလာခဲ့သည်။

 

 

သူမ မရေမတွက်နိုင်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် အခြေခံရရင် ဒီလူက ထိပ်တန်းအဆင့်ပင်။ သူ့ပုံသဏ္ဍာန်ကို မပြောနဲ့ သူ့မျက်နှာတစ်ခုတည်းကတောင် ချက်ခြင်း အော်ဟစ်နိုင်သည်။

 

 

ကျိုးယွီက တံခါးကိုမှီးရင်း ရှက်သွေးဖြာလျက် ပြောခဲ့သည်။  "အချောလေး? ရှင် ဘာတွေလုပ်နေတာလဲ၊ အနံ့အရမ်းကောင်းတယ်၊ ကျွန်မ နည်းနည်းလောက် ရနိုင်မလား ကျွန်မ ပိုက်ဆံပေးပါ့မယ်!"

 

 

ရှောင်ကျွင်းက အေးစက်စက်ပြောခဲ့သည်။ "မမျှဝေဘူး"

 

 

"ဘာဖြစ်လို့လဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင် တစ်ယောက်ထဲ မကုန်ဘူး..." ကျိုးယွီက ဆက်မေးခဲ့သည်။

 

 

ရှောင်ကျွင်းက သူမကို လျစ်လျူရှုပြီး အတုံးသေးသေးလေးတွေလှီးထားတဲ့ တိုဟူးကို မြေအိုးထဲထည့်လိုက်သည်။ ခဏအကြာ အဖုံးကို ဖွင့်လိုက်သောအခါ ကျိုးယွီ ပျော်ရွှင်စွာ ရှူသွင်းလိုက်မိသည်။

 

 

ကောင်းကင်ဘုံ၊ ဒီကောင်းကင်ဘုံကလို ရနံ့က ဘာလဲ။

 

 

သူမရှေ့ကလူကို ကြည့်လိုက်ပြီး ကျိုးယွီ ထိတ်လန့်သလို ခံစားလိုက်ရသည်။

 

 

သူမရဲ့ စတားများကို လိုက်ဖမ်းသည့် အတွေ့အကြုံကို အခြေခံရလျှင် ဒီလူက ပရီမီယံ စတော့ရှယ်ယာတစ်ခု ဖြစ်သည်မှာ သေချာသည်။ ချောမောပြီး ထမင်းချက်ကောင်းတယ်။ သူမသာ အခုချိန် မလှုပ်ရှားဘူးဆိုရင် ဘယ်ချိန်လုပ်ရမလဲ။

 

 

ဒါကိုတွေးပြီး ကျိုးယွီက ထပ်ပြောခဲ့သည်။  "မောင်လေး၊ နင် လုပ်နေတဲ့ အစားအစာကြောင့် ငါ တံတွးတောင် ထွက်နေပြီ၊ ​​အစ်မကို နည်းနည်းလောက် ပေးနိုင်မလား~?"

 

 

ဘော့စ်ကျိုးက ချောင်းကြည့်ဖို့ မခုခံနိုင်တော့အချိန် သူ့သမီးရဲ့ အသံကို ကြားတော့ ထိတ်လန့်သွားသည်။ သူ မီးဖိုချောင်ထဲ အမြန်ပြေးသွားပြီး ကျိုးယွီကို ဆွဲထုတ်ခဲ့သည်။

 

 

"ဖေဖေ ဘာလုပ်နေတာလဲ" ကျိုးယွီက မပျော်မရွှင် ရုန်းကန်ခဲ့သည်။

 

 

သူဌေးကျိုးက သူမကို ကောင်တာဆီ ဆွဲထုတ်ပြီး ပြောခဲ့သည်။ "ဒီမှာနေပြီး အဖေ့ကို ကောင်တာ ကြည့်ဖို့ ကူညီ။ အဲဒီညီငယ်က သူ့ကိုယ်ဝန်ဆောင်ဇနီးအတွက် စွပ်ပြုတ်စွပ်ပြုတ်နေတာ။ မင်းက ဘာလုပ်မလို့လဲ"

 

 

ကျိုးယွီ အံ့အားသင့်သွားခဲ့သည်။ "သူ လက်ထပ်ပြီးပြီလား?"

 

 

သူဌေးကျိုးက ခေါင်းမညိမ့်သလို ငြင်းလည်း မငြင်းခဲ့ပေ။ "ကောင်တာကို စောင့်ကြည့်"

 

 

ကျိုးယွီက နှုတ်ခမ်းစူနေပေမယ့် စိတ်ထဲမှာ သိပ်မပျော်ခဲ့ပေ။

 

 

ဘယ်အမျိုးသမီးက အရင်ဦးသွားလဲ သူမ မသိဘူး...

 

 

အဲဒီနေရာကို ပထမဆုံးရသွားတဲ့ အမျိုးသမီး တင်းရှက ရှောင်ကျွင်းကို စောင့်ရတာ ငြီးငွေ့နေပြီဖြစ်သည်။ သူမ ဖုန်းကို ကိုင်ထားရင်း သူ့ကို ခေါ်မလား မခေါ်ရဘူးလား တုံ့ဆိုင်းနေခဲ့သည်။

 

 

ထိုအချိန်တွင် ရှောင်ကျွင်း ရောက်လာခဲ့ပြီး တင်းရှရှေ့တွင် မြေအိုးကို ချခဲ့သည်။  "ရှရှ ကိုယ် ပြန်လာပြီ၊ မြန်မြန် စွပ်ပြုတ်သောက်လိုက်"

 

 

တင်းရှ စွပ်ပြုတ်သောက်နေချိန် ရှောင်ကျွင်းက မွန်းလွဲပိုင်းက သူရိုက်ခဲ့သော ဆိုင် မျက်နှာစာ ဓာတ်ပုံတွေကို ပြခဲ့သည်။

 

 

တင်းရှက ပထမဆုံး ကြည့်လိုက်သည်နှင့် ကောလိပ်မြို့အနီးရှိ ခြံဝင်းလေးကို သဘောကျသည်။

 

 

ရှောင်ကျွင်းက သူတို့ငှားချင်တဲ့ကြောင်း အေးဂျင့်ကို ဝမ်းသာအားရ မက်ဆေ့ချ်ပို့လိုက်သည်။

 

 

တင်းရှ နို့ဖြူရောင် ငါးစွပ်ပြုတ်ကို သောက်တာ မရပ်ခင် ပန်းကန်လုံးကြီးနှစ်လုံးကို သောက်ခဲ့ပြီး ကျန်သည့်အရာများက ရှောင်ကျွင်းဗိုက်ထဲ ဝင်သွားခဲ့သည်။

 

 

ရှောင်ကျွင်းက လုံးဝ ဂရုမစိုက်ပေမယ့် တင်းရှက သူမပန်းကန်ထဲကဟာကို စားနေတာကို မြင်တိုင်း တိတ်တိတ်လေး ရှက်ရွံ့နေတက်သည်။

 

 

အရမ်း ရင်းနှီးသလို ခံစားရတယ်...

 

 

တင်းရှ ဆေးရုံ ဆင်းလာချိန် ရှောင်ကျွင်းက ဆိုင်မျက်နှာစာ အလှဆင်ခြင်း ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

 

 

သူ တင်းရှ အတွက် သူစိတ်ကြိုက်လုပ်ထားသော ထိုင်ခုံနှင့် အိပ်ရာပေါ် ရွှေ့လိုက်ပြီး ဆိုင်ကို အနည်းငယ် ပြန်လည်ပြုပြင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခင်အိမ်ငှားက ကောင်းကောင်းနေပြီး အပြင်အဆင်ကို အရမ်းကြီး ပြောင်းလဲရန် မလိုအပ်ပေ။

 

 

ရှောင်ကျွင်းက အပေါ်ထပ် ဧည့်ခန်းနှင့် ခြံဝင်းကိုလည်း ကောင်းမွန်စွာ စီစဉ်ခဲ့သည်။

 

 

တင်းရှ သွားကြည့်ပြီးနောက် အလွန်ကျေနပ်ခဲ့သည်။

 

 

တစ်ယောက်ယောက်က မင်းရဲ့အကြိုက်တွေကို အကျယ်ကြီး ပြောနေစရာမလိုဘဲ နားလည်နေတာ အရမ်းအဆင်ပြေတယ်။

 

 

သို့သော် လူငယ်စုံတွဲက စတိုးဆိုင်အမည်နှင့် ရောင်းချမည့်အရာအပေါ် သဘောထားကွဲလွဲသွားခဲ့သည်။

 

 

ရှောင်ကျွင်းက သူမကို စူပါမားကတ် အသေးလေး ဖွင့်စေချင်သည်။ သူမ ကောင်တာမှာ ထိင်ပြီး နေ့တိုင်း ပိုက်ဆံ ကောက်ရုံပဲ။

 

 

ဒါပေမယ့် တင်းရှကတော့ စားသောက်ဆိုင် အသေးလေးပဲ လုပ်ချင်နေသည်။ သူမက သူမရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကို အလွန်ယုံကြည်မှုရှိပြီး ဟင်းချက်တာနဲ့ ဟင်းလျာတွေကို တီထွင်ရတာကိုလည်း နှစ်သက်သည်။

 

 

နောက်ဆုံး ရှောင်ကျွင်းက တင်းရှရဲ့ တောင်းဆိုမှုကို မခံနိုင်ဘဲ စားသောက်ဆိုင်လေး တစ်ခုဖွင့်မယ့် သူမရဲ့ တောင်းဆိုမှုကို သဘောတူခဲ့သည်။

 

 

ဆိုင်နာမည်က တင်းရှရဲ့ စားသောက်ဆိုင်လေး ​ဖြစ်သည်။