အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၀
ပြောင်းရွှေ့သည့် ပထမဆုံးနေ့၌ ရှောင်ကျွင်းသည် စျေးမှ သိုးသူငယ်သားနှစ်ဂျင်ကို ဝယ်ပြီး ပြန်ယူလာခဲ့သည်။
တင်းရှ လွန်ခဲ့သည့် ရက်အနည်းငယ်က ရိုးရိုးအစားအစာကိုသာ စားခဲ့ရသည်။ သူမသည် အစပ် အစားအစာကို တောင့်တပြီး ညဘက်၌ အိပ်ရင်း စကားပြောတတ်သည်။
ဒါကြောင့် ရှောင်ကျွင်းက သူမစားဖို့ သိုးသူငယ်သား ချက်ဖို့ သဘောတူလိုက်သည်။
အသားနှစ်ဂျင်ထဲက တစ်ဂျင်ကို ငံပြာရည်ဖြင့်ပြုတ်ပြီး ကျန်တစ်ဂျင်ကို သိုးသားဟော့ပေါ့ပြုလုပ်ဖို့ အသုံးပြုမည်ဖြစ်ပြီး သူတို့ ဟင်းချိုလည်းသောက်နိုင်သည် - ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် သတ်ပစ်လိုက်တာပင်။
သူ သိုးသူငယ်သားကို သန့်ရှင်းသွားသည်အထိ ရေနွေးနွေးဖြင့် ဆေးကြောခဲ့သည်။ တင်းရှက ယခု အနံ့ကို မခံနိုင်တော့ဘဲ အမြဲတမ်း အန်နေတာကြောင့် ရှောင်ကျွင်းက ၎င်းကို အကြိမ်ပေါင်းများစွာ အထပ်ထပ်အခါခါ ဆေးကြောခဲ့သည်။
သူ နောက်ကျသုံးဖို့ အာလူးနဲ့ မုန်လာဥနီတွေကို အပိုင်းပိုင်း လှီးဖြတ်ခဲ့သည်။ ကြက်သွန်နီလည်း တစ်ဝက်လောက် လှီးခဲ့သည်။
သူက အသားကို ရေအေးနဲ့ ဆေးပြီး နွေကြက်သွန်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင်နှင့် အသား၏ ညှီနံ့ကို ဖယ်ရှားခဲ့ကာ လှီထားသော ကြက်သွန် ဖြူ ၊ နီဖြင့် ဆီသတ်ခဲ့သည်။ သိုးသူငယ်သားကို ဆီပူပူထဲ ထည့်လိုက်ပြီးနောက် ဆီတွေက နေရာအနှံ့ လွင့်စင်သွားခဲ့သည်။
သိုးသူငယ်၏ အနံ့နှင့် ဆီပူပူက နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ပဲငပိ၊ ဟော့ပေါ့ ဟင်းရည် အခြေခံပစ္စည်းနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို ထပ်ထည့်ကာ အနည်းငယ်မွှေပြီးနောက် ပဲငံပြာရည် ထည့်ခဲ့သည်။
ထိုအချိန်တွင် မီးဖိုချောင်လေး၌ လွန်ကဲသော ရနံ့များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ခြံထဲတွင် ပလပ်ကုလားထိုင်နှင့် ထိုင်နေသော တင်းရှက အနည်းငယ် ဂနာမငြိမ်ဖြစ်နေခဲ့သည်။
ရှောင်ကျွင်းက ရေနွေးတစ်ခွက် ထည့်ပြီးနောက် ဘီယာဘူးကို ဖွင့်ကာ လောင်းထည့်လိုက်သည်။ ၎င်းကို မီးပြင်းပြင်းဖြင့် ကျိုချက်ပြီးနောက် မြေအိုးထဲ ပြောင်းကာ မီးနည်းနည်းဖြင့် ဆက်ချက်ပြုတ်ခဲ့သည်။
သူထွက်လာတော့ တင်းရှက တစ်နေရာကို တောင့်တောင့်ကြီး ကြည့်နေတာ တွေ့လိုက်ရပြီး မရယ်မောဘဲ မနေနိုင်တော့ချေ။
နွေရာသီ နှောင်းပိုင်း ရာသီဥတု၌ နွေအပူရှိန် ရှိသေးသည်။ ရှောင်ကျွင်းက သူ့အင်္ကျီကို ချွတ်ပြီး သေးသွယ်ကျစ်လစ်တဲ့ ခါးကို ပေါ်လွင်စေခဲ့သည်။ သေးသွယ်ပေမယ့် သူ့မှာ ကြွက်သားတွေ ရှိနေသေးသည်။
အထူးသဖြင့် သူ့ဗိုက်ထဲက ဝမ်းဗိုက် ကြွက်သား ခြောက်ခုနဲ့ သူ့ဘောင်းဘီထဲ တိုးဝင်သွားတဲ့ သိသာထင်ရှားတဲ့ Adonis ( V line) ခါးလိုင်းက သူမ စိတ်ကူးထဲ အများကြီး ကျန်ခဲ့သည်။
တင်းရှက သူ့ကို ဗြောင်ကျကျ စိုက်ကြည့်ရင်း သူမ ရုန်းမထွက်နိုင်ခင်ထိ အချိန်အတော်ကြာအောင် မှင်တက်နေခဲ့သည်။
ရှောင်ကျွင်းနဲ့ ရင်းနှီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့ သူက မူရင်း တင်းရှပင်။ သူမ ဒီလောက်ထိ မြင်ကွင်းကို မမြင်ဖူးတာကြောင့် မျက်နှာက နီရဲသွားခဲ့သည်။
ရှောင်ကျွင်းလည်း သဘာဝအတိုင်း သတိထားမိသည်။ သူ့ပါးစပ်ထောင့်မှာ ဆိုးသွမ်းကို အပြုံးကို ချိတ်ဆွဲကာ ရင်ဘတ် ဗလာကျင်းနှင့် တင်းရှဆီ တမင်တကာ လျှောက်သွားခဲ့သည်။
တင်းရှ မျက်လုံးတွေက သူ့ဗိုက်သားပေါ်တွင် ကပ်လျက် ရှိနေပြီး အဝေးကို မကြည့်နိုင်ခဲ့ပေ။ ရှောင်ကျွင်းက သူမကို ချော့ဖို့ အသံကို တမင်လျှော့ပြီး ပြောလိုက်သည်။ "ဒီကိုလာ ရှရှ၊ မင်းလက်ကို ဆန့်လိုက်..."
"သူတို့ကို ခံစားချင်လား?"
"
အနေအထားက တကယ်ကောင်းတယ်... "
သူ့အသံကိုကြားတော့ တင်းရှက သူမ ပိုင်ဆိုင်ထားသလိုမျိုး သူ့ abs ကို ထိဖို့ သူ့ကို ဦးဆောင်ခဲ့သည်။
ပထမဆုံး နွေးထွေးသော ခံစားမှုကို ခံစားလိုက်ရသော်လည်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး သူမ သည်းမခံနိုင်တာကြောင့် လွှတ်ထားလိုက်သည်။
သူမ
ဘာလုပ်နေလဲဆိုတာကို သတိမထားမိခင်အထိ သူတို့နှစ်ယောက်လုံး မသိစိတ်အရ အကြိမ်ပေါင်းများစွာထိခဲ့ကြသည်။
တင်းရှက ဓာတ်လိုက်သလို သူမလက်ကို အမြန်ဆွဲထုတ်လိုက်ပြီး အနည်းငယ် မသက်မသာဖြစ်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ "ကျွန်မ ဖောလစ်အက်ဆစ် သွားယူလိုက်ဦးမယ်..."
အဲ့ဒီနောက် ကမန်းကတန်း ထွက်ပြေးသွားခဲ့သည်။
ရှောင်ကျွင်းက သူမ၏ အမြန်ပြေးထွက်သွားသည့် နောက်ကျောနှင် နားရွက်နီနီများကို ကြည့်ကာ သူ့နေရာမှာပဲ မတ်တပ်ရပ်ရင်း မကူညီနိုင်စွာ ရယ်မောမိလိုက်သည်။
နေ့လယ်စာ စားချိန် တင်းရှက ခေါင်းငုံ့ပြီး စားခဲ့သည်။ ရှောင်ကျွင်းက သူမအတွက် အာလူးနှစ်တုံးထည့်ပေးခဲ့ပြီး သူမ ခေါင်းမမော့လာသေးသည်ကို မြင်လိုက်ရပြီးနောက် အနည်းငယ် စိုးရိမ်လာမိသည်။
ကြည့်ရတာ သူကျီစယ်တာ လွန်သွားတယ်ထင်တယ်...
ဘယ်လိုလုပ်ရမလဲ?
ခဏလောက် လေးလေးနက်နက် စဉ်းစားပြီးနောက် ရှောင်ကျွင်းက ခေါင်းစဥ်တစ်ခုစီ တမင်သက်သက် ဆွဲခေါ်ခဲ့သည်။
"ပြုပြင်မွမ်းမံမှုတွေ ပြီးခါနီးပြီ။ ကိုယ် မနက်ဖြန် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲမှုရုံးကို သွားလိုက်မယ်။ လုပ်ငန်းလိုင်စင်ကို စောင့်ရင်း မင်း ဘာကို ရောင်းရင် ကောင်းမလဲ စဉ်းစားရင်ကော"
သင့်လျော်သော ကိစ္စများကို ဆောင်ရွက်သည်ကိုကြားတော့ တင်းရှ နောက်ဆုံး၌ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ ခေါင်းမော့ပြီး ပြောလိုက်သည်။ "ကျွန်မ အဲဒါကို စဉ်းစားပြီးပြီ။ အဲဒါက သရေစာဆိုင်ဆိုတော့ သရေစာနဲ့ ဘာလို့ မစတာလဲ။"
"ကျွန်မတို့ နားမှာ ကောလိပ်မြို့ရှိပြီး အနီးနားမှာ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ အလယ်တန်း ကျောင်းသား တစ်ချို့က ကျွန်မတို့ ဆိုင်ဝင်ပေါက်ကို ဖြတ်လျှောက်သွားရမှာ။ ကျွန်မတွေးနေတာ ဘာလို့ ဘန့်မုန့်တွေ မရောင်းရမှာလဲ"
"လက်ဖက်ကြက်ဥ၊ အသားနဲ့ အသီးအရွက် အဆာတွေနဲ့ ဘန်းမုန့်လုပ်၊ ပြီးရင် ယာဂုတစ်အိုးချက်၊ အရံဟင်းအမယ်တချို့ကို စားပွဲပေါ်တင်ပြီး ကိုယ်တိုင်ယူစနစ်နဲ့လေ"
"အဲ့ဒါဆို သိပ်ပင်ပန်းမှာ မဟုတ်ဘူး ဒါပေမယ့် စီးပွားရေးက ဆက်ရှိနေဦးမှာ။ နေ့လယ်စာနဲ့ ညစာတွေ အထူးလိုအပ်နေတဲ့ သူတွေအတွက် မွှေကြော်လည်း ရှိလိမ့်မယ်။ ရှင် ဘယ်လိုထင်လဲ။"
တင်းရှ ပြောပြီးသွားသည်နှင့် သူမ ရှောင်ကျွင်းကို စိတ်လှုပ်ရှားစွာ ကြည့်ခဲ့သည်။
ရှောင်ကျွင်းက သိုးသူငယ်သားကို ကိုက်ပြီး ပြောခဲ့သည်။ "ကောင်းပါတယ်"
ထို့နောက် တင်းရှလည်း ပျော်ရွှင်စွာ ဆက်စားခဲ့သည်။
သိုးသူငယ်သားသည် နူးညံ့ပြီး၊ အရသာရှိကာ အနီရောင်တောက်နေသည်။ စားလိုက်တိုင်း လည်ချောင်းကနေ အစာအိမ်အထိ ပူနွေးပြီး မွှေးကြိုင်နေခဲ့သည်။
အာလူးနှင့် မုန်လာဥနီတို့ပင် ဟင်းရည်၏ အသား အရသာများဖြင့် ရောစပ်နေသည်။ တင်းရှ မြိန်ရေရှက်ရေ စားခဲ့သည်။
အဆုံးတွင် သူမ ထမင်းနှစ်ပန်းကန်လုံး မကုန်ခင် ရပ်လိုက်သည်။
ရှောင်ကျွင်း၌ စားချင်စိတ် ကြီးကြီးမားမားရှိပြီး ကျန်သည့်ထမင်းကို ဟင်းရည်ထဲ တိုက်ရိုက်လောင်းထည့်ကာ ကျယ်လောင်စွာ စားခဲ့သည်။
သူ့ကို မြိန်ရေရှက်ရေ စားနေတာကို မြင်တော့ တင်းရှ ပိုစားချင်တဲ့စိတ်ကို ခံစားခဲ့ရပေမယ့် သူမဗိုက်က တကယ် မဆန့်တော့ပေ။ သူမ အလွန်အကျွံစားမိပြီး ကလေးကို ထိခိုက်မှာ ကြောက်တဲ့အတွက် ဂျင်းဆန် ရေနွေးကြမ်းခွက်ကို ကိုင်ကာ ရှောင်ကျွင်း စားသောက်တာကိုပဲ ကြည့်ခဲ့သည်။
နောက်ဆုံးတော့ အစားအသောက်တွေ အားလုံး ကုန်သွားခဲ့သည်။ ရှောင်ကျွင်းက ထိုင်ခုံပေါ်တွင် ကျေနပ်စွာ မှီထိုင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဘဝက အဆင်ပြေပြီး ပြည့်စုံသည်။ ထိုသို့ ပျော်ရွှင်နေရင်း တင်းရှကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ဤအရာက အိပ်မက်တစ်ခုသာ ဖြစ်မည်ကို ကြောက်သည်။
တင်းရှ နေ့ခင်း တစ်ရေးတစ်မော အိပ်နေချိန် ရှောင်ကျွင်းသည် ဆီစစ်ဇကာ ဝယ်ရန် အပြေးသွားခဲ့ပြီး တင်းရှ၏ ညွှန်ကြားချက်နဲ့အတူ ဟင်းရွက်ရောင်းသူကို ပို့ဆောင်ပေးဖို့ အစီအစဉ်တွေအကြောင်း ပြောခဲ့သည်။
နောက်ဆုံး၌ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး စီမံအုပ်ချုပ်ရေးမှူးရုံ ဖွင့်လှစ်သောအခါတွင် သူ လုပ်ငန်းလိုင်စင် လျှောက်ထားခဲ့သည်။
အိမ်ပြန်ရောက်တဲ့အခါ တင်းရှက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။ ရှောင်ကျွင်းက သူမရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို ကြည့်ပြီး သည်းမခံနိုင်တော့ဘဲ ခေါင်းငုံ့ကာ နှာခေါင်းနှင့် နဖူးကို နမ်းလိုက်သည်။
သူ သူမ လက်ချောင်းတွေကို ညှစ်ကာ သူမ ဆံပင်တွေကို သပ်ပေးခဲ့ပြီး နောက်ဆုံး၌ သူမ နှုတ်ခမ်းထောင့်တွင် အနမ်းတစ်ခု ချန်ထားခဲ့သည်။
တင်းရှက နှစ်နှစ်ရှိုက်ရှိုက် အိပ်ပျော်နေပြီး ယားသလိုသာ ခံစားခဲ့ရသည်။ သူမ လှမ်းကုတ်လိုက်သည်။ ရှောင်ကျွင်းက သူ့ဖိနပ်ကို ချွတ်ပြီး အိပ်ရာပေါ် တက်ကာ တင်းရှကို ဂရုတစိုက် ပွေ့ဖက်ပြီး သူမ ခေါင်းကို ထိကာ အိပ်ပျော်သွားခဲ့သည်။
နှစ်ယောက်သား မမှောင်ခင်မှ အိပ်ယာထခဲ့ကြသည်။ သူတို့ ညစာကို ရိုးရိုးရှင်းရှင်းသာ စားခဲ့ပြီး တံခါးကို သော့ခတ်ပြီးနောက် တင်းရှက လမ်းလျှောက်ဖို့ တက္ကသိုလ်တစ်ခုကို ကျပန်းရွေးချယ်ခဲ့သည်။
အားကစားကွင်းကြီးထဲမှာ လူသိပ်မများနေပေ။ အများစုက ကွင်းပတ်လည်တွင် လမ်းလျှောက်နေကြပြီး လူအနည်းစုကသာ ဘောလုံးကစားနေကြသည်။
လေထုက သက်သောင့်သက်သာရှိနေပြီး အေးချမ်းနေတာကြောင့် လူအများစုကို မသိစိတ်က အရှိန်နှေးစေခဲ့သည်။
အသံဖွင့်စက်က တက်ကြွမှုနှင့် လွတ်လပ်မှုအပြည့်ရှိသည့် တေးဂီတကို ဖွင့်ထားခဲ့သည်။
သူတို့၏ ရုပ်ရည်ကောင်းမွန်မှုကြောင့် ဖြတ်သန်းသွားသူတိုင်း အံ့သြတကြီးဖြင့် သူတို့ကို ပြန်လှည့်ကြည့်ခဲ့ကြသည်။
လူတစ်ယောက်ထဲကပဲ ဒီလိုလုပ်နေတာဆို တင်းရှ ပျော်ရွှင်နေနိုင်သေးသည်။
ဒါပေမယ့် လူတိုင်းလုပ်ခဲ့ရင်တော့ တင်းရှကို ရှက်ရွံ့မှုတွေသာ ခံစားရစေခဲ့ရသည်။
ရှောင်ကျွင်းက လမ်းပေါ် လျှောက်သွားကြနေသော ကျောင်းသားများကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အတွေးနစ်နေခဲ့သည်။
တင်းရှ သူ့လက်ကို အကြိမ်အနည်းငယ် လှုပ်ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပေ။
သူ ကောလိပ်တက်ချင်တာလား။
တင်းရှ မရေရာပေမယ့် စူးစမ်းချင်ခဲ့သည်။ သို့သော် သူမ၌ ယခင်က မှတ်ဉာဏ်တွေ မရှိတာကြောင့် ရှောင်ကျွင်း၏ အတွေးများကို မသိနိုင်ခဲ့ပေ။
ရှောင်ကျွင်းက တင်းရှ သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ ပြုံးပြီး သူမပါးကို လက်ဖြင့်ဆိတ်ရင်း မေးခဲ့သည်။ "ဘာမှားနေလို့လဲ? ပင်ပန်းနေပြီလား၊ ကိုယ်တို့ ပြန်တော့မလား"
တင်းရှ သူမခေါင်းကိုခါသည်။ "မပင်ပန်းပါဘူး"
"ဒါဆို မင်း ကိုယ့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ" ရေခါင်ကျွင်းက သူမကို ကျီစယ်ခဲ့သည်။ "မင်း ယောက်ျားကို ချစ်လွန်းလို့လား?"
သူ့စကားကြောင့် တင်းရှ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပေမယ့် သူမ သူ့နား ကပ်သွားကာ တိုးတိုးလေး မေးခဲ့သည်။ "ရှင်...ကောလိပ်တက်ချင်လား"
ရှောင်ကွိင်းက ခဏလောက် အံ့အားသင့်သွားပြီး သူ့အမူအရာက တည်ငြိမ်သွားသည်။ သူက တင်းရှကို အနီးနားက ခုံတန်းလျားတစ်ခုဆီ ခေါ်သွားပြီး ထိုင်ခိုင်းခဲ့သည်။ "ကိုယ် ကောလိပ်တက်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး"
"မင်းသိသားပဲ၊ ကိုယ်ရှစ်နှစ်မှာ ကိုယ့်အမေက တခြားယောက်ျားနဲ့ ပြေးသွားပြီး အဲ့ထဲက ကျောင်းပြန်မတက်တော့ဘူး၊ အခုထိ ရှုပ်ထွေးမှုတွေက ရှိနေသေးပေမယ့် ကိုယ် အဆင်ပြေနေပြီ"
"
ရွာထဲက အဖွားက ပြောခဲ့တယ်။ ကိုယ့်အမေက ကောလိပ်ကျောင်းသူဖြစ်ပြီး အဖေနဲ့က တင်တာင်း လက်ဆောင်ပေးပြီး အတင်းအကြပ် လက်ထပ်ခိုင်းခံခဲ့ရတာတဲ့။ အဲ့ဒါကြောင့် သူမ ကိုယ် ရှစ်နှစ်သားတုန်းက ထွက်သွားတာကို စိတ်မဆိုးဘူး"
"ကိုယ်က တက္ကသိုလ်ကျောင်းသားတွေက ဘယ်လိုပုံစံလဲဆိုတာ သိချင်ရုံပဲ"
တင်းရှ သူ့စကားတွေကို နားထောင်နေစဉ် ရှောင်ကျွင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။
ရှောင်ကျွင်းက အနီးနား ရွာမှ ကလေးဖြစ်ပြီး ထားခဲ့ခံရတဲ့ ကလေးဖြစ်သည်။ သူရှစ်နှစ်သားတုန်းက သူ့အမေက တခြားယောက်ျားနဲ့ အလုပ်သွားလုပ်မှာဖြစ်ပြီး ပြန်မလာတော့ဘူးလို့ ပြောခဲ့သည်။
ရှောင်ကျွင်းလေးက ထိုနေရာတွင် စားသောက်ပြီး အမှိုက်များကို ကောက်ယူကာ ကြီးပြင်းလာခဲ့သည်။ စားရေးသောက်ရေးမှာတောင် ပြဿနာ ဖြစ်တဲ့အခါ ကျောင်းတက်ဖို့ကတော့ မေးခွန်းထုတ်စရာ မလိုတော့ချေ။
သူက ကောလိပ် ကျောင်းသားတွေအကြောင်း မသိချင်ပေမယ့် သူ့အမေကရော ဒီလိုပဲလား သိချင်ခဲ့သည်။
တင်းရှ သူ့အတွက် အနည်းငယ် နာကျင်သလိုခံစားခဲ့ရသည်။ သူမ ရှောင်ကျွင်း လက်မောင်းကို ကိုင်ပြီး သူ့ပုခုံးပေါ် မှီလိုက်သည်။ ရှောင်ကျွင်းက သူမဆံပင်တွေကို ပွတ်သပ်ပြီး ပြောခဲ့သည်။
"စိတ်မပူပါနဲ့ တင်းရှ ကိုယ် မင်းကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။ ကိုယ်တို့ ကလေးက ကိုယ့်လို ကြီးပြင်းလာမှာ မဟုတ်ဘူး။"
"ကိုယ် သူ့ကို ပျော်ရွှင်စွာ ကြီးပြင်းလာခွင့်ပေးမယ်။"
သို့သော် စိတ်ထဲ၌ သူ မပျော်မရွှင်ဖြစ်ပြီး မကျေမနပ်ဖြစ်နေဆဲပင်။
ခဏလောက် ထိုင်ပြီးနောက် နှစ်ယောက်သား ခေါင်းပြန်မော့ခဲ့ကြသည်။ သူတို့ မတ်တပ်ရပ်ပြီး ခြေလှမ်းနှစ်လှမ်းပဲ လှမ်းရသေးချိန် ၎င်းတို့ဆီသို့ လျင်မြန်စွာ လျှောက်လာနေသော မီးခိုးရောင် ဆံပင်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက သူတို့ကို အပေါ်အောက် ကြည့်ကာ ငယ်ရွယ် နုပျိုသော မျက်နှာပေါ်တွင် ရပ်သွားခဲ့သည်။ အတန်ကြာ ခေတ္တရပ်ပြီးနောက် သူက အေးစက်စွာ နှာခေါင်းရှုံ့ကာ ယူကြုံးမရဖြစ်စွာ ပြောခဲ့သည်။
"မင်းတို့ ဘယ်ဌာနက ကျောင်းသားတွေလဲ"
"ကျောင်းတက်နေတုန်း ဘယ်လိုလုပ် ကိုယ်ဝန်ရလာတာလဲ? ကိုယ့်ကိုယ်ကိုယ် လေးစားမှု ကင်းမဲ့လိုက်တာ!"