အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၁
ပရော်ဖက်ဆာ တင်းက အလွန် ခေတ်နောက်ကျသော သူဖြစ်သည်။ တင်းရှ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်ပင် သူ့မျက်နှာက တင်းမာနေပြီး ပြောခဲ့သည်။ "ဆယ်ကျော်သက်တွေက စာကျက်နေသင့်တယ်..."
ပရော်ဖက်ဆာ တင်းက ညနေခင်း၏ အလင်းရောင်ကို မျက်နှာမူကာ သူ့နောက်ဘက်ကို လက်ပစ်ရင်း ထွက်သွားခဲ့သည်။ တင်းရှက သူထွက်ခွာသွားသော ပုံစံကို ကြည့်မိခဲ့သည်။ ဆူပူကြိမ်းမောင်းခဲ့ပေမယ့် စေတနာ ရှိလို့မှန်း သူမ သိသည်။
အန်ကယ်ဝေဆိုင်မှာ အော်ဒါမှာထားတဲ့ သစ်သားဆိုင်းဘုတ်က မကြာခင်မှာပဲ ရောက်လာခဲ့သည်။ ရှောင်ကျွင်းက အနီးနားရှိ စတိုးဆိုင်မှ လှေကား ငှားပြီး သူ့ကိုယ်တိုင် တက်ခဲ့ကာ တင်းရှက သူ့ကို ညွှန်ကြားဖို့ လမ်းပေါ်တွင် ရပ်နေခဲ့သည်။
အဲ့ဒါကို နည်းနည်းမြှင့်၊ အဲ့ဒါကို နည်းနည်းလျှော့လိုက်။
ရှောင်ကျွင်းက သူ့ ခြေထောက်အောက်က သူမ ပုံရိပ်လေးကို ငုံ့ကြည့်လိုက်ပေမယ့် ဘာမှပြန်မပြောဘဲ သူမ လမ်းညွှန်ချက်အတိုင်း ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
နောက်ဆုံး ဆိုင်းဘုတ်ကိုကောင်းကောင်း ချိတ်ဆွဲနိုင်လိုက်သည့်အခါ ရှောင်ကျွင်းက ရှင်းလင်းခဲ့သည်။ တင်းရှ အကြည့်များက လမ်းတစ်ဖက်က လိမ္မော်သီး ရောင်းသူ၏ သုံးဘီးဆိုင်ကယ်ပေါ် ရောက်သွားခဲ့သည်။
သူမကို လိမ္မော်သီးတွေကို ကြည့်ပြီး ရှောင်ကျွင်း ထပ်ကြည့်ခဲ့သည်။ သူမ ရုတ်တရက် ရယ်ပြီး ပြောခဲ့သည်။ "အဲ့ဒီမှာနေပြီး မလှုပ်နဲ့၊ ကျွန်မ လိမ္မော်သီး နည်းနည်းလောက် သွားဝယ်လိုက်ဦးမယ်"
ထိုစကား ပြောပြီးနောက် သူမ ရယ်မောလျက် ထွက်သွားခဲ့သည်။
ကျောင်းစာ မသင်ခဲ့ရသည့် ရှောင်ကျွင်းက ဟာသကို နားမလည်ခဲ့ပေ။ သူသည် တင်းရှ ရွှင်မြူးစွာ နောက်ပြန် ဆုတ်သွားတာကို ကြည့်နေခဲ့ရပြီး သူ့မျက်နှာတစ်ပြင်လုံး၌ နားမလည်ဘူးဆိုသည်ကို ရေးထားခဲ့သည်။
ဖြတ်သွားသော လူငယ်တစ်ယောက်က သူ့ပခုံးကို ပုတ်ပြီး ပြောခဲ့သည်။ "ဟေ့ သူငယ်ချင်း၊ မင်းမိန်းမက မင်းခြေထောက်ကို ဆွဲနေတာ!"
သူ ဟာသနောက်ကွယ်က ဇာတ်လမ်းအကြောင်း ရှောင်ကျွင်းကို ပြောခဲ့သည်။ "သူမက မင်းအဖေလို ဟန်ဆောင်နေတာ ဟားဟားဟား!"
ကောင်လေးက သဘောကောင်းပြီး သူ့ကို ကျီစယ်ခဲ့သည်။
ရှောင်ကျွင်း ခဏလောက် ကြောင်အသွားပြီးနောက် သူအကြည့်တွေက နူးညံ့သွားကာ ရယ်မောခဲ့သွားသည်။
တင်းရှ လိမ္မော်သီးများနှင့်အတူ ပြန်လာသောအခါ ရှောင်ကျွင်းက သူမကို မပြုံးတပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တင်းရှ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ရှောင်ကျွင်းက ဟာသကို မသိဘူးလို့ သူမ ထင်တဲ့အတွက် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး သူ့ကို အထဲဆီ တွန်းလိုက်သည်။ "သွားမယ်၊ သွားမယ် လိမ္မော်သီးစားကြရအောင်။ ကျွန်မ အခုပဲ စမ်းကြည့်လာတာ။ အရမ်းချိုတယ်!"
ရှောင်ကျွင်းက သူတို့ လှေကားက ဆင်းတဲ့အချိန် သူမကို တည်ငြိမ်အောင် ဂရုတစိုက် ထိန်းထားကာ သူ့ကို တွန်းတာခံခဲ့သည်။ သူတို့ အနောက်ဘက် ခြံဝင်းငယ်လေးဆီ ရောက်တဲ့အခါ သူက သူမ မေးစေ့ကို ညင်ညင်သာသာညှစ်ဖို့ လှည့်ခဲ့သည်။
"ရှရှ ကိုယ်အဖေဖြစ်ချင်တာလား"
တင်းရှ သူမ တံတွေးများနှင့် တစ်ဆို့လုနီးပါး ဖြစ်သွားခဲ့သည်။
"ရှင်...ရှင် အဲ့ဒါကိုသိတာလား။ ကျွန်မ...ကျွန်မနောက်လိက်တာ..." တင်းရှ မျက်လုံးတွေက ရှက်ရွံ့နေပြီး အပြစ်ရှိသလို လှည့်ပတ်ကြည့်ခဲ့သည်။
"ကိုယ် စိတ်မဆိုးပါဘူး" ရှောင်ကျွင်းက သူမကို ကိုင်ပြီး ဘာအလေးချိန်မရှိသလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ "မင်း ကိုယ့်အနားမှာရှိနေသရွေ့ မင်းက ကိုယ့် အတွက် ဘာမဆိုဖြစ်နိုင်တယ်"
တင်းရှ သူ့စကားကြောင့် ထိမိသွားခဲ့သည်။ ရှောင်ကျွင်း လက်မောင်းထဲတွင် ထိုင်ရင်း သူ့ပါးကို ပွတ်သပ်ကာ ပြောခဲ့သည်။ "ကျွန်မ မသွားပါဘူး"
အနည်းဆုံးတော့ ကျွန်မ ရှင့်ကို စွန့်လွှတ်မှာမဟုတ်ဘူး။
တင်းရှ သူမဘာသာ တွေးနေခဲ့သည်။
"ကိုယ်တို့ခြံထဲမှာ ဒန်းဆောက်ဖို့ အန်ကယ်ဝေဆီက သစ်တချို့ဝယ်ခဲ့တယ်၊ ဘယ်လိုလဲ" ရှောင်ကျွင်း သူမကို ကိုင်ကာ သစ်ပင်အောက် ခေါ်သွားခဲ့သည်။ "ဒီမှာ"
"အမှီနဲ့ ထိုင်ခုံ လုပ်မယ် အဆင်ပြေလား?"
တင်းရှ အကြည့်များက တောက်ပသွားပြီး ပြောခဲ့သည်။ "တကယ်လား?"
"ဒါဆို ကိုယ် မနက်ဖြန် စလုပ်လိုက်မယ်" ရှောင်ကျွင်းက သူမ ထိုအကြံအစည်ကို နှစ်သက်သည်ဟု ဆိုလိုကြောင်း သိလိုက်သည်။
ရှောင်ကျွင်းက သူမကို အနီးနားက နံရံဆီ ခေါ်သွားခဲ့သည်။ "ဒီမှာ ပန်းတွေ စိုက်ကြရအောင်၊ ဒီနေရာက ဖြည့်သွားလိမ့်မယ်။ အဲ့ဒါက ပန်းပွင့်ရင် အံ့သြစရာ ကောင်းလိမ့်မယ်"
"ဒီမှာ စပျစ်ပင် စိုက်ရအောင်။ တန်းထောင်ထားလိုက်၊ စပျစ်နွယ်ပင်တွေ ပေါက်လာတဲ့အခါ ပွဲကြည့်စဥ်လေးလို ဖြစ်သွားလိမ့်မယ်။"
"ခရမ်းချဉ်သီး၊ မုန့်ညှင်း၊ ပဲအချို့တို့လို အသီးအရွက်တွေ စိုက်ပျိုးဖို့ ဒီမြေတစ်ဝက် သုံးရမယ်။ သူတို့ ရာသီချိန်ရောက်ရင် မင်းအတွက် ခေါက်ဆွဲချဥ်ပြုတ်ပေးဖို့ အနုဆုံး အညွန့်ကို သုံးမယ်လေ၊ ဘယ်လိုလဲ"
ရှောင်ကျွင်းက သူမကို ခြံဝင်း ထောင့်တိုင်းအကြောင်း စိတ်ရှည်လက်ရှည်နှင့် တွေးခေါ်ကာ အဆင်အပြင်နှင့် တစ်လက်မစီတိုင်းအတွက် အစီအစဉ်များကို ပြောပြခဲ့သည်။ တင်းရှက ရှောင်ကျွင်း၏ ဖော်ပြချက်များအတိုင်း သူမတို့၏အနာဂတ်ဘဝကို စိတ်ကူးပုံဖော်ကြည့်ရုံကလွဲ၍ မကူညီနိုင်တော့ပေ။
ကလေးက ကြီးပြင်းလာတဲ့အခါ ဒန်းပေါ်မှာ လေညှင်းခံရင်း အိပ်ပျော်သွားနိုင်သည်။
ကလေး ပထမဆုံး လမ်းလျှောက်တတ်တဲ့အချိန်ရောက်ရင် ရွှံ့ထဲမှာ လူးလှိမ့်တာမျိုး ဖြစ်နိုင်လောက်လား။
သူတို့အထဲက ဘယ်သူက ခက်ထန်တဲ့မိဘဖြစ်မလဲ၊ ဘယ်သူက အလိုလိုက်သူ ဖြစ်မလဲလို့ သူမ တွေးမိသည်။
တင်းရှ ဤကြည်နူးဖွယ် အသေးစိတ် အချက်အလက်များကို မြင်ယောင်မိတာ မကူညီနိုင်ခဲ့ပေ။
အကြံဥာဏ်တွေကို သူမ ကြိုက်မှန်းတာကြောင့် ရှောင်ကျွင်းက ပြုံးပြီး လိမ္မော်သီးအခွံနွှာဖို့ သူမဘေးမှာထိုင်ချလိုက်သည်။
တင်းရှက သူမ လက်ထိပ်တွေ အဝါရောင်စွန်းတာကြောင့် အခွံခွာရတာကို မကြိုက်ပေ။
ဆိုင်လေးက သာမန်နံနက်ခင်းတစ်ခု၌ တိတ်ဆိတ်စွာဖြင့် အလုပ်ကိစ္စအတွက် ဖွင့်ခဲ့သည်။
သူဌေးက တင်းတင်းကြပ်ကြပ် ပိတ်ထားသော ရှေ့တံခါးကို ဖွင့်လိုက်သည်။ သူ စားပွဲအချို့ကို ထုတ်ပြီး အပေါက်ဝတွင် ချထားပြီးနောက် ရေနွေးကြမ်းတောင်းကြီး နှစ်လုံးကို ချလိုက်သည်
မီးတောက်နေသော မီးဖိုလေးကို မြေပေါ်တွင် ချထားလိုက်ပြီး ၎င်းပေါ်တွင် ဟင်းချက်အိုး တစ်လုံးတင်ထားကာ အဖုံးအောက်မှ အနံ့အသက်များ စိမ့်ထွက်လာပြီး ဆာလောင်မွတ်သိပ်မှု မရှိသေးသည့် အချိန်အစောပိုင်းတွင်ပင် ခံတွင်းတွေ့စေခဲ့သည်။
ခြင်းတောင်း အဖုံးကို လှပ်လိုက်ပြီးနောက် အထဲ၌ အဖြူရောင် ဘန်းမုန့်ကြီးများရှိနေခဲ့သည်။ အချို့က လူကြီး လက်ဖဝါး အရွယ်များ ဖြစ်သည်။ အနံ့ကတောင် အတွင်းထဲ ဖြည့်သွင်းထားတဲ့ အရသာကို ဖော်ညွှန်းနေသလိုပင်။
တစ်ဖက်၌ ပွက်ပွက်ဆူနေသော အိုးကြီးတစ်လုံးရှိပြီး အထဲ၌ မူလအခြေအနေကို ထိန်းသိမ်းထားသည့် ကြက်ဥနှင့် ဝက်သား ယာဂုကို နူးညံ့ပျော့ပျောင်းသွားသည်အထိ တည်ထားသည်။
ဘော့စ်လှလှလေးသည် ခြင်းနောက်တွင်ထိုင်ကာ လမ်းသွားလမ်းလာများကို မနက်စာစားချင်လားဟု ပြုံးလျက် မေးနေသည်။
ဝမ်တုန်းက အလယ်တန်းကျောင်းသားဖြစ်ပြီး အိမ်တွင် ပုံမှန်စားလေ့ရှိသည်။ ဒါပေမယ့် မကြာခင်က အကြောင်းတစ်ခုခုကြောင့် သူ့မိဘတွေက နေ့တိုင်း ရန်ဖြစ်ခဲ့ပြီး အိမ်မှာ မနက်စာတောင် မစားနိုင်ခဲ့ပေ။
သူ့အမေက သူ့ဘာသာ စားဖို့ ပိုက်ဆံပေးခဲ့သည်။ ဝမ်တုန်းက အမျိုးမျိုးသော မနက်စာ စားရာနေရာများကို မဝံ့မရဲကြည့်ကာ ဘာလုပ်ရမှန်းမသိခဲ့ချေ။
ဒါမှမဟုတ် ကျောင်းစတိုးကို လမ်းလျှောက်သွားပြီး မုန့်တစ်ထုပ်လောက်ဝယ်သင့်တယ်။
ဒါကိုတွေးပြီးနောက် စူးစူးရှရှ မွှေးရနံ့တစ်ခုက သူ့အာရုံတွေအားလုံးကို ဖမ်းဆုပ်သွားတဲ့အထိ လျှောက်သွားခဲ့သည်။
ဗိုက်မဆာသေးဘူးလို့ ကြွေးကြော်ထားတဲ့ သူ့ဗိုက်က ချက်ချင်းပဲ အသက်ပြန်ရှင်လာသလိုမျိုး ဆာလောင်မှု ပြင်းထန်စွာ အော်လာခဲ့သည်။
မော့ကြည့်လိုက်ပြီးနောက် ဝမ်တုန်း ထိုဆိုင်ကို တွေ့လိုက်ရသည်။ အသစ်ဖွင့်ထားတာလား။ သူအရင်က မမြင်ဖူးဘူး...
မေးခွန်းတွေနဲ့ ပြည့်နှက်နေသေးပေမယ့် သူ သွားခဲ့သေးသည်။
သပ်သပ်ရပ်ရပ် ဝတ်စားထားသော ကျောင်းသားလေး ချဉ်းကပ်လာသည်ကို မြင်လိုက်ရတော့ တင်းရှက ချက်ချင်း ထရပ်ပြီး မေးလိုက်သည်။ "ဘာလိုချင်လဲ သူငယ်ချင်းလေး"
"ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ဆိုင် ဖွင့်တဲ့နေ့ပဲ၊ အခုလောလောဆယ်မှာ ပေါင်မုန့်၊ လက်ဖက်ကြက်ဥနဲ့ ဝက်သားယာဂုပဲရှိတယ်။"
ထိုမှသာ ဝမ်တုန်းက နူးညံ့သိမ်မွေ့ပြီး နတ်သမီးနှင့်တူသော လှပသည့် သူဌေးအမျိုးသမီးကို သတိထားမိခဲ့သည်။ ကြောင်အခြင်းမှ ပြန်လည်သက်သာလာပြီးနောက် မေးလိုက်သည်။ “အစ်မ ဘန်းမုန့်တွေထဲ ဘာဖြည့်ထားတာလဲ”
"၂ မျိုးရှိတယ်။ ဝက်သားနဲ့ ဂေါ်ဖီထုပ်နဲ့ ကြက်သွန်မြိတ်နဲ့ ကြက်ဥ။ ယာဂုနဲ့ လက်ဖက်ကြက်ဥတို့လည်း ရှိတယ်၊ တစ်ခုကို နှစ်ယွမ်"
သူမက ဝမ်တုန်းကို ဘန်းမုန့်တွေ ပြဖို့ အဖုံးဖွင့်လိုက်သည်။ ဝမ်တုန်းက မမှာခင် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။
"အစ်မ၊ ကျွန်တော့်ကို ဝက်သားနှစ်ခု၊ အသီးအရွက်နဲ့ တစ်လုံး၊ လက်ဖက်ကြက်ဥနဲ့ ယာဂုတစ်ပန်းကန် လိုချင်ပါတယ်"
" ကောင်းပြီ
ဝင်ထိုင်လိုက်။ ငါ လာပို့ပေးမယ် "တင်းရှက သူ့ပိုက်ဆံကို ယူလိုက်ပြီး ယာဂုထည့်ဖို့ ချက်ချင်း ရှောင်ကျွင်းကို ခေါ်လိုက်သည်။
ရှောင်ကျွင်း ယာဂုပန်းကန်လုံးနှင့် ပြန်လာစဉ် သူမက အထူးကြီးမားသော ကြက်ဥတစ်လုံးကို ကောက်ယူပြီး ပလတ်စတစ်အိတ်ထဲတွင် ဘန်းမုန့် သုံးလုံးထည့်လိုက်သည်။
တင်းရှက ဝမ်တုန်းကို ပေးပြီး ပြောလိုင်သည်။ "မင်း အမြန် မလိုရင် ဒီစားပွဲမှာ ထိုင်စားလို့ရတယ်"
ဝမ်တုန်းက တကယ်ကို အလျင်လိုနေတာ မဟုတ်ပေ။ ထိုင်ခုံသေးလေးပေါ် ထိုင်ပြီး ပထမဆုံး ဘန်းမုန့်ကို ကိုက်လိုက်သည်။ သူ့မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားခဲ့သည်။
ဘန်းမုန့်ထဲမှာ စွပ်ပြုတ်ပါပါတယ်။
ပူနေပေမယ့် သူ မကူညီနိုင်စွာဘဲ ဟင်းရည်ကို မစုပ်ဘဲ မနေနိုင်ခဲ့ပေ။ အရသာတွေပေါကြွယ်ဝပြီး ဆီအရသာ... ဝမ်တုန်း စိတ်မရှည်စွာဖြင့် ဘန်းမုန့်ကို နောက်ထပ် ထပ်ကိုက်လိုက်သည်။
အရမ်းအရသာရှိတယ်!
သူသည် ဝက်သား ဘန်းမုန့်နှစ်လုံးကို လျင်မြန်စွာ စားလိုက်ပြီးနောက် မျှော်လင့်ချက် အပြည့်ဖြင့် အသီးအရွက် ဘန်းမုန့်ကို ကိုက်လိုက်သည်။
အဲ့ဒါက ဝက်သားနဲ့ တူတူတူပဲ။
ငန်ငန်လေးနဲ့ မွှေးကြိုင်ပြီး ကြက်ဥများနှင့် ရောနှောနေကာ စားရတာ ကျေနပ်စရာပင်။
ဝမ်တုန်း၏ စားသောက်မှုအရှိန်က မသိစိတ်အရ အရှိန်မြင့်လာခဲ့သည်။ လက်ဖက် ကြက်ဥပဲဖြစ်ဖြစ် ယာဂုပဲဖြစ်ဖြစ်၊ အားလုံးက အရမ်းကောင်းတယ်။
အဆုံး၌ သူ့ ဖောင်းနေသော ဗိုက်ကို အတန်ငယ် ကြမ်းတမ်းစွာ ပွတ်သပ်လိုက်သည် - ဒါက မနက်ခင်းမှာ အရမ်းစားတဲ့ ပထမဆုံးအကြိမ်ပဲ...
တင်းရှက သူ့ကို ပူစီနံနဲ့ လက်သုတ်ပဝါတစ်ထည် ယူပေးခဲ့သည်။ "ဘယ်လိုလဲ သူငယ်ချင်းလေး၊ အရသာရှိလား"
"အရသာရှိတယ်!" ဝမ်တုန်းက စိတ်လှုပ်ရှားစွာပြောခဲ့သည်။ "အစ်မ၊ နေ့လည်စာကော ရာင်းလား? အဲ့ဒါဆိုရင် ငါနေ့လည်စာစားဖို့ ပြန်လာခဲ့မယ်!"
တင်းရှက ပထမနေ့၌ နေ့လည်စာ ရောင်းဖို့ ပြင်ဆင်ထားခြင်း မရှိတာကြောင့် အံ့သြသွားမိသည်။
ဒါပေမယ့် သူမက ပြုံးပြီး ပြောခဲ့သေးသည်။ "အစ်မတို့ဆီ ရတယ်။ နောက်ကျ လာခဲ့လိုက်!"