အပိုင်း ၁၂
Viewers 3k

အပိုင်း ၁၂

 

 

 တက္ကသိုလ် အနီးတွင် ဖွင့်လှစ်ထားသော နတ်သမီးစားသောက်ဆိုင်က သူဌေးနဲ့ သူဌေးကတော်က နတ်သားနတ်သမီးတွေလို လှပကြသည်။

 

 

သူတို့စားသောက်ဆိုင်က အစားအသောက်တွေကလဲအရမ်းကောင်းပြီး နတ်သုဒ္ဓါနဲ့တူသည်။

 

 

ထိုသတင်းသည် အလယ်တန်း ကျောင်းသားတွေကြား လျင်မြန်စွာ ပျံ့နှံ့သွားပြီး မနက်စာ ပေါင်မုန့်နဲ့ဆန်ပြုတ်စားဖို့ရောက်ကြသည်။ ပိုင်ရှင်မမရဲ့ ကြိုဆိုနှုတ်ဆက်အသံက နူးညံ့ပြီးနားထောင်လို့ကောင်းတာမို့ သူတို့က ဆိုင်ကိုလာရတာ နှစ်သက်ကြသည်။

 

 

 တခါတလေ သူဌေးက မျက်နှာထားတည်ပေမယ့် ကိုယ်ဝန်နဲ့ သူ့မိန်းမကိုမြင်တာနဲ့ တိမ်တိုက်လိုမျိုးမျက်နှာထားတည်တာက ပျောက်ကွယ်သွားသည်။

 

 

ဝမ်တုန်းက ဒီနေ့ ထုံးစံအတိုင်း မနက်စာစားဖို့လာခဲ့သည်။ ရုတ်တရက် ဆိုင်ရဲ့အပြင်အဆင်က ပြောင်းလဲသွားတာကို သူ သတိထားမိလိုက်သည်။

 

 

ကြမ်းပြင်ပေါ်တွင် လူကြီးတစ်ယောက်၏ ခါးလောက်မြင့်သော သံပုံးတစ်ခုရှိပြီး စားပွဲဘေးတွင် အိုးကြီးနှစ်လုံးရှိသည်။

 

 

သူ သိချင်စိတ်ပြင်းပြစွာနဲ့ တင်းရှကို မေးခဲ့သည်။  "အစ်မ ရှရှ ဒါက ဘာလဲ၊ မီနူးအသစ်လား"

 

 

တင်းရှက အဖုံးလေးကို ဖွင့်လိုက်ပြီး သူကိုပြရန် အပေါက်လေး ဖောက်လိုက်သည်။ အထဲမှာ အဖြူရောင်ရှိပြီးနူးညံတဲ့ တို့ဟွာ(အစားအစာ)ကိုတွေ့လိုက်ကတယ်။

 

 

ပဲအမျိုးမျိုး၏ မွှေးပျံ့သောရနံ့သည် ဆိုင်ကိုလာတဲ့ဧည့်သည်တွေကို ဆွဲဆောင်စေနိုင်ပြီး စားချင်စရာကောင်းသည်။

 

 

 ဒါတကယ်တော့ တင်းရှရဲ့အကြံဥာဏ်ကောင်းတစ်ခုပါပဲ။

 

 

အိုးနှစ်လုံးကို မြင်လိုက်ရတော့ ဝမ်တုန်းက ရုတ်တရက် ထူး''ဆန်း'' "အစ်မရှရှ၊ မလုပ်နဲ့..."

 

 

"တိန်းတင်း!"  တင်းရှက အိုးနှစ်လုံးမှ အဖုံးများကို ဖွင့်လိုက်သည်။

 

 

 ဟုတ်ပါတယ်၊ အိုးတစ်အိုးမှာ စေးကပ်တဲ့ သကြားနီ အချိုတွေ ပါပြီး နောက်တစ်လုံးမှာ အဝါရောင်ပန်းပွင့်ဂေါ်ဖီထုပ်၊ သစ်သားမှို၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ ဆားငံအရသာပါ ရှိသည်။

 

 

အချို နှင့် အငန် ရနံ့များက သည်းမခံနိုင်အောင်ဆွဲဆောင်နေပြီး ဝမ်တုန်က အိုးနှစ်လုံးကို ခေတ္တစိုက်ကြည့်ပြီးနောက် "အစ်မရှရှ...ဒါကဘယ်လို"

 

 

တင်းရှက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး  "ဘယ်အရသာ လိုချင်လဲ"

 

 

ဝမ်တုန်က  အချိန်အတော်ကြာအောင် စဥ်းစားပြီး "ငန်တဲ့အရသာတစ်ပွဲပေးပါ!"

 

 

တကယ်တော့ ငယ်ငယ်ကတည်း က အချိုကိုသာ စားခဲ့ပြီး ငန်တဲ့ အမျိုးအစားကို အမြဲ မကြိုက်ခဲ့ချေ။ ဒါပေမယ့် ဒီတစ်ခါတော့ မတူပဲ  ဒီဆိုင်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုအပေါ် သူ ထူးဆန်းစွာ ယုံကြည်လာခဲ့သည်။

 

 

တို့ဟွာကို ခဏလောက်ကြည့်ပြီးနောက် ဝမ်တုန်းသည် ဇွန်းကို ပြတ်ပြတ်သားသား ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ အနည်းငယ် ထည့်လိုက်သည်။

 

 

သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ဝါးလိုက်သည်။

 

 

ဟမ်?

 

 

 စားလို့ကောင်းတယ်!!!

 

 

ဝမ်တုန်းက နောက်တစ်ဇွန်း ထပ်ယူလိုက်သည်။ဟင်းရည်ကငန်ပြီးနူးညံ့တယ် တို့ဟွာက မွှေးပြီးအရသာရှိတယ်

 

 

တို့ဟွာက ငန်ပေမယ့် အရသာမဆိုးကြောင်း ဝမ်တုန်းကမှတ်ချက်ပေးခဲ့သည်။

 

 

တကယ်တော့ တို့ဟွာဟာ အလွန်အရသာရှိခဲ့ပါတယ်။

အငန်အရသာတို့ဟွာကို ကျေနပ်စွာစားခဲ့ပြီး တင်းရှရဲ့ထူးဆန်းတဲ့ idea နဲ့မီနူးအသစ်ကို လမ်းသွားလမ်းလာတွေကလဲသိချင်ခဲ့ကြသည်။

 

 

တကယ်တော့ သင်ကိုယ်တိုင် မမြည်းစမ်းကြည့်ပဲအရသာကို ကောင်းတယ်ဆိုးတယ် မဆုံးဖြတ်သင့်ကြောင်း တင်းရှရဲ့မီနူးအသစ်က သက်သေပြခဲ့သည်။

 

 

ကောင်မလေးနှစ်ယောက်က မတူညီတဲ့ အရသာနှစ်မျိုးကို ရွေးလိုက်ပြီး တို့ဟွာကို ကျေနပ်စွာ စားသုံးပြီးနောက်တွင် စတင်ငြင်းခုံကြတော့သည်။

 

 

 "ချိုမြိန်တဲ့ တို့ဟွာက အကောင်းဆုံးပဲ၊ အရမ်းအရသာရှိတယ်!"

 

 

"ကျစ်! အငန်တို့ဟွာက အမွှေးဆုံးပဲ၊ နင် အရသာမခံတတ်ဖူးလား''

 

 

"နင်ကမှ အရသာမခံတတ်တဲ့သူပဲ ချိုတဲ့ တို့ဟွာရဲ့အရသာနဲ့အလှကို မခံစားတတ်ဖူးပဲ''

 

 

 တင်းရှသည် တို့ဟွာ ပန်းကန်နှစ်လုံးကို သယ်လာရင်းပြုံးလိုက်သည်။

 

 

 "ဘာလို့ အရင်ဆုံး အရသာကို မစမ်းကြည့်တာလဲသူမသည် ပန်းကန်များကို ချလိုက်သည်။  "တစ်ခြားသူကြိုက်တာကို မြည်းစမ်းကြည့်ပြီးမှ သူတို့ဘယ်လိုခံစားရတယ်ဆိုတာ မင်းနားလည်လိမ့်မယ်"

 

 

ကောင်မလေးတွေက ခဏလောက်ငြိမ်သက်သွားပြီး တိတ်ဆိတ်သွားကြသည်။

 

 

တစ်ယောက်နဲ့တစ်ယောက် ပန်းကန်ထဲကတို့ဟွာကို ခွက်သေးသေးလေးတွေနဲ့ယူလိုက်ကြပြီး သူတို့မျက်လုံးတွေက တောက်ပလာကြသည်။

 

 

 "အဲဒါက ငါထင်ထားသလောက် မဆိုးဘူး..."

 

 

တခြားမိန်းကလေးကလဲ သူလိုပဲရှင်းရှင်းလင်းလင်း ခံစားရတယ်။  နှစ်ဇွန်းလောက် သောက်ပြီးနောက် သူမသည် ရှက်ကိုးရှက်ကန်းဖြင့် "တောင်းပန်ပါတယ် ရှောင်ရှောင် ငါအရသာမရှိဘူးလို့ မပြောသင့်ဘူး..."

 

 

"ငါလည်းတူတူပါပဲ..."

 

 

ကောင်မလေးနှစ်ယောက်က ငွေရှင်းပြီးနောက် ပျော်ရွှင်စွာလက်တွဲ၍ ကျောင်းတက်ဖို့ သွားခဲ့ကြသည်။

 

 

သူတို့အနားမှာ ဝမ်တုန်းက မျက်လုံးပြူးပြီး စိုက်ကြည့်ရုံကလွဲ၍ မတတ်နိုင်ခဲ့ပေ။

 

 

သူအတွေးတစ်ခု တွေးမိသွားသည်။ သူ့မိဘတွေသာ တစ်ယောက်နဲ့တစ်ယောက် ဒီလို နားလည်ပေးနိုင်ရင်...

 

 

 ရှောင်ကျွင်းသည် အိမ်နောက်ဖေးမှ လျှောက်လာကာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် အငန်ဟင်းရည် ဇလုံကြီးကို အိုးထဲ လောင်းထည့်ပြီး ပြောလိုက်သည်။ "ဗိုက်ဆာပြီလား?"

 

 

တင်းရှ ခေါင်းခါလိုက်သည်။  "မဆာသေးပါဘူး"

 

 

မကြာသေးမီက တင်းရှ၌ နံနက်ခင်း ဖျားနာမှု ရလာခဲ့သည်။ သူမ စားသမျှအကုန် အန်ပစ်ပြီး သူမ မစားတဲ့အစားအစာတွေတောင် အန်ပစ်လိုက်သေးသည်။

 

 

 ရက်အနည်းငယ်အတွင်းမှာပဲ သူမအရင်ကရှိခဲ့တဲ့ ကိုယ်အလေးချိန်အားလုံးက ဆုံးရှုံးသွားသည်။

 

 

ဒါကိုမြင်တော့ ရှောင်ကျွင်းက စိတ်ထဲမှာ နာကျင်သွားပြီး သူမကို အာဟာရဖြစ်စေဖို့အတွက် အရသာရှိတဲ့ အစားအစာတွေ ဖန်တီးဖို့ နည်းလမ်းအသစ်တွေကို အမြဲကြိုးစားနေခဲ့သည်။

 

 

 မနက်စာလာစားတဲ့ လူအုပ်ကြီးက တဖြည်းဖြည်းနည်းသွားချိန် တင်းရှသည် ကုတင်ပေါ်ထိုင်၍ သူမ၏ ဖုန်းဖြင့် ကစားနေသည်။

 

 

 ရုတ်တရက် သူမကိုဆွဲဆောင်ပြီးသေရည်ကျစေသည့် ဗီဒီယိုတစ်ခုကို မြင်လိုက်ရသည်။

 

 

"ဘာဖြစ်လို့လဲ?"  ရှောင်းကျွင်းက ပန်းပျိုးပင် စည်းကြီးကို ထမ်းကာ လမ်းလျှောက်လာရင်းမေးလိုက်သည်။

 

 

"ဒီလိုချက်ပေးလို့ ရလား?"  တင်းရှက သူမဖုန်းကို အမြန်ပြလိုက်သည်။

 

 

ရှောင်းကျွင်းက ပျိုးပင်တွေကို ချလိုက်ပြီး ပဝါဖြင့် လက်ကိုသုတ်၍ ငုံကြည့်လိုက်သည်။ "စားချင်လို့လား ခရမ်းချဥ်သီး ချဉ်ချဉ်စပ်စပ်?"

 

 

"ကျွန်မ စားချင်တယ်!"