အပိုင်း ၁၃
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၁၃

 

 

 မနက်ခင်း မာ့က်စ်ဇက် ဒဿနိဗေဒ အတန်းပြီးတဲ့အချိန်မှာ ကျိုးယွီက သူမလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အဲ့ဒီအချိန် သူမ၏အတန်ဖော် တုရိို့ရို့ရောက်လာခဲ့သည်။

 

 

"ယွီရေ ဒီနေ့ ညစာစားဖို့ အိမ်ပြန်မှာလား" တုရိုဘရို့က စာအုပ်များကို ပိုက်ထားလျက် မေးလိုက်သည်။

 

 

"မသိသေးပါဖူး" ကျိုးယွီက စဉ်းစားပြီး ပြန်ဖြေခဲ့သည်။

 

 

"ဒါဆို တက္ကသိုလ်မြို့က စားသောက်ဆိုင်တွေဆီ သွားရအောင်" တိုရိုရို က စိတ်လှုပ်ရှားစွာ ဆက်ပြောခဲ့သည်။

 

 

"အဲဒီမှာ ဆိုင်အသစ် ဖွင့်ထားတယ် ကြားတယ်၊ သူဌေးက ကြည့်ကောင်းရုံတင်မကဘဲ အစားအသောက်ကလည်း အရသာရှိတယ်တဲ့"

 

 

 "ငါ့ရဲ့မောင်လေးလို အလယ်တန်း ကျောင်းသားတွေတောင်အဲ့ဆိုင်ကိုသိကြတယ်"

 

 

ကျိုးယွီလဲ ဘာမှလုပ်စရာမရှိတာနဲ့ "ကောင်းပြီ၊ ငါ့လဲအစားအသောက်ကောင်း အတွက်ဆို လိုက်ရမှာပေါ့ " ဟု သဘောတူလိုက်သည်။

 

 

ကောင်မလေးနှစ်ယောက်က လက်ဆွဲပြီး စာအုပ်တွေ ကိုင်ကာ ထွက်လာကြသည်။

 

 

 "ရှရှရဲ့ မုန့်?"  ကျိုးယွီသည် ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်ကို ဖတ်လိုက်သည်။

 

 

အရမ်းထူးခြားတယ်လို့ တွေးနေချိန် အစ်မတစ်ယောက်က နှုတ်ဆက်လိုက်သည်။

 

 

 "ဟဲလို ဘာစားချင်လဲငယ်ရွယ်ပြီး လှပတဲ့ သူဌေးကတော်က သူတို့ကို သိသာထင်ရှားတဲ့ ကိုယ်ဝန်ဗိုက်နဲ့ နွေးထွေးစွာ နှုတ်ဆက်ခဲ့သည်။

 

 

ကျိုးယွီသည် သူမကို အထပ်ထပ်အခါခါ ကြည့်ပြီးနောက် နူဝကို မြည်းတမ်းလိုက်သည်။

 

 

 နူဝ၊ မင်းရှိလား။

 

 

 အိပ်နေလား?

 

 

 ငါကအရမ်းရုပ်ဆိုးတယ် အိပ်လို့မရဘူး။

 

 

 ကျိုးယွီ သည် စိတ်ပျက်မှု မပြီးဆုံးသေးခင် တုရို့ရို့ က စိတ်အားထက်သန်စွာဖြင့် အစားအသောက်များမှာ နေပြီဖြစ်သည်။

 

 

မျှော်လင့်ချက်အပြည့်နဲ့ သူမက တင်းရှကို "မိန်းမလှလေး၊ ဒီမှာ ကြက်ဥအနှစ်နဲ့အာလူးအသေး ရှိလား" လို့ မေးလိုက်သည်။

 

 

တင်းရှက သူမကို ပြုံးပြီး "အစ်မတို့ ဒီနေရာကို အရင်က ရောက်ဖူးလား"

 

 

"ကြက်ဥအနှစ် အာလူးအသေးက ကလေးတွေ ဗိုက်ဆာတဲ့အခါ ဗိုက်ပြည့်စေမယ့် သရေစာတစ်ခုပါ။"

 

 

 "ညီမ ဟင်းပွဲမှာလို့ရတယ်လား!"  တုရို့ရို့က မြန်မြန်ပြောလိုက်သည်။

 

 

 သူမမောင်လေးက ကြက်ဥအနှစ် အရသာ ဘယ်လောက် အရသာရှိလဲ ဆိုတာကို ပြောပြတာကို ကြားရုံနဲ့ သူမ အဲဒါကို သုံးရက်နီးပါး တွေးနေခဲ့တာ။ အခု ကျောင်းပြန်တက်တော့ ဒီအစားအစာကို လာစားကြည့်ရပြီ။

 

 

 "ဟုတ်ကဲ့ပါ၊ ညီမလေးအတွက် လုပ်ပေးပါ့မယ်" တင်းရှကပေါ့ပါးနွေးထွေးစွာ ပြုံးလိုက်သည်။

 

 

အနီးနားရှိ အခြားစားပွဲတစ်ခုတွင် ဟောင်းနွမ်းပေမယ့်ဆင်းရဲပုံတော့မပေါ်တဲ့ ယောကျ်ားကြီးအချို့က ကြက်သွန်မြိတ်များဖြင့် ချက်ထားသည့်ဝက်သားပြုတ်အစပ်ကို စားသာက်နေကြသည်။

 

 

ယောက်ျားကြီးတွေက တဆတ်ဆတ်တုန်နေတဲ့

နှုတ်ခမ်းတွေနဲ့ ပြောခဲ့သည်။ "အလှလေး၊ ငါတို့နဲ့ ခဏလောက်ထိုင်ပါလား"

 

 

"လာပါ အတူတူ စကားပြောရအောင်!"

 

 

တုရို့ရို့ရဲ့အမှာကို တင်းရှကစောင့်နေရင်း တင်းရှ မျက်နှာက လုံးဝအေးစက်သွားကာ သူတို့ပြောသည့်စကားများကို လျစ်လျှူရှုလိုက်သည်။

 

 

တုရို့ရို့က လန့်သွားပြီး သူဋ္ဌေးကတော်အတွက်ရော သူမအတွက်ပါ စိတ်ပူသွားတာကြောင့် ဟင်းနှစ်ပွဲမှာပြီးအော်ဒါကို မြန်မြန်အဆုံးသတ်လိုက်သည်။

 

 

တင်းရှသည် မီနူးနှင့်အတူ ဘားကောင်တာဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုလူက ကျေနပ်သွားပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။

 

 

 "မထွက်သွားဖို့ ငါပြောထားတယ် မဟုတ်ဘူးလား။ လူ့စကား နားမလည်ဘူးလား"

 

 

 "မင်း ငါ့မိန်းမကို မင်းရဲ့ညစ်ညမ်းတဲ့လက်တွေနဲ့ ထိဖို့ကြိုးစားပြန်ပြီလားရှောင်ကျွင်း နောက်ဖေးမီးဖိုချောင်မှ စူးရှထက်သော ဓားတစ်ချောင်းကို ကိုင်ဆောင်လာသည်။

 

 

 သူ့အကြည့်တွေက အုံ့မှိုင်းနေပြီး လူသတ်အငွေ့အသက်တွေ ထွက်လာတယ်။  မျက်ခုံးပေါ်ရှိ အမာရွတ်ဖြင့် သူသည် မဆိုတလောက် လန့်သွားဟန်တူသည်။

 

 

ထိုလူသည် စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း အရှက်မရှိသော စကားအနည်းငယ်ကို ထပ်ပြောနေသေးသည်။

 

 

"ငါ ဒီနေ့ မင်းကို လွှတ်ပေး လိုက်မယ် ဒါပေမယ့် နောက်တစ်ခါ မင်းကို တစ်ယောက်တည်း ဖမ်းမိရင် ကိုယ်ဝန်ရှိရှိမရှိရှိ ငါဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာ မမေ့နဲ့..."

 

 

သူဒီလိုမပြောရင် ကောင်းလိမ့်မယ်၊ ဒါပေမယ့် သူ့စကားကရှောင်ကျွင်းရဲ့ အားနည်းချက်နဲ့ ဒေါသဆီ တည့်တည့်တိုးဝင်သွားခဲ့သည်။

 

 

 ရှောင်ကျွင်း မျက်နှာသည် ပို၍ မည်းမှောင်သွားပြီး သူ့မျက်လုံးများက သွေးထွက်မတတ်ထိုလူကို စိုက်ကြည့်နေသည်။  သူ ခြေလှမ်း ကျဲကျဲ လှမ်းလျက် သွားလိုက်သည်။  "ထပ်ပြောစမ်း"

 

 

 ထိုလူက ပါးစပ်ကို ဖွင့်လိုက်သော်လည်း အဆုံးတွင် ဘာမှပြန်မပြောရဲပေ။

 

 

သူတို့ ဖြတ်သွားရင်းနဲ့ ဆွဲဆောင်မှုရှိတဲ့  သူဌေးကတော် ကို တွေ့လိုက်ရတော့ သူတို့ရဲ့ စိတ်ဆန္ဒတွေကစမ်းကြည့်သည့်သဘောမျိုးထင်သည်။

 

 

အသက်အန္တရာယ်အထိ ကြီးကြီးမားမား မထိခိုက်ခဲ့ပါဘူး..

 

 

ရှောင်ကျွင်းက သူ့ကော်လံကို ဆွဲကိုင်လိုက်သဖြင့် ထိုလူက အနည်းငယ် ထိတ်လန့်သွားသည်။

 

 

ရှောင်ကျွင်းက သူ့အား သတ္တိမရှိသောသူဟု သတ်မှတ်လိုက်သည်။ ဒါကြောင့် လွှတ်လိုက်ပြီး လက်ကို ခါကာ ပြောခဲ့သည်။ " ငါပြောတာကို မင်း ကောင်းကောင်းမှတ်ထား"

 

 

ထိုလူကို ထပ်မကြည့်ဘဲ တင်းရှကို လှည့်ကြည့်ကာ

" မင်းကြောက်တာလား "ဟု ညင်သာစွာ မေးသည်။

 

 

"မဟုတ်ပါဘူး" တင်းရှက သူ့ကို အော်ဒါစလစ်ထုတ်ပေးပြီး ပြောလိုက်သည်။ "ဒီမှာ ကြက်ဥအကာအသေးစား အာလူးကလွဲလို့ အကုန်လုပ်"

 

 

တုရို့ရို့သည် ချောမောလှပသော သူဌေးနှင့်သူဌေးကတော်တို့ စုံတွဲအား ကြည့်ပြီး အားကျသဘောကျနေခဲ့သည်။

 

 

ရုတ်တရက် ကျိုးယွီ၏ စိတ်လှုပ်ရှားစွာအော်သံကို သူမကြားလိုက်ရသည်။

 

 

''မင်းပဲ။ မောင်လေး''

 

 

တုရို့ရို့ အံ့ဩသွားခဲ့သည်။ "ယွီ၊ နင် သူဌေးကို သိလား"

 

 

တင်းရှလည်း အံ့သြသွားခဲ့သည်။ "ကျွင်း၊ သူမက ရှင့်သူငယ်ချင်းလား"

 

 

ရှောင်ကျွင်းက ကျိုးယွီကို အေးစက်စွာ ကြည့်လိုက်သည်။  သူမ၏ မျှော်လင့်ချက် အကြည့်အောက်တွင် သူက "သူမကို တစ်ခါမှမမြင်ဖူးဘူး။ သူမကို မသိဘူး" ဟု ထုတ်ဖော်ပြောလိုက်သည်။

 

 

"ငါလေ ဖေဖေ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတုန်း မမှတ်မိဘူးလား။ ငါ နင်နဲ့ စကားပြောခဲ့ဖူးတယ်လေ!"  ကျိုးယွီ က ထိတ်လန့်တုန်လှုပ်စွာ ပြောခဲ့သည်။

 

 

သူနဲ့စတွေ့ကတည်းက ကျိုးယွီက သူ့ကို မမေ့နိုင်ခဲ့ပေ။  သူမသည် ထိုနေ့၏ အဖြစ်အပျက်များကို ညဘက်တွင်ပင် အိပ်မက်မက်ခဲ့သည်။  ဒါပေမယ့် သူ့အိပ်မက်ထဲမှာတော့ မောင်ငယ်လေးက သူ့အပေါ် အလွန်နူးညံ့သိမ်မွေ့ပြီး သူမအတွက် အရသာရှိတဲ့ အစားအစာတွေ လုပ်ပေးကာ ပြုံးပြသည်။

 

 

 တဖြည်းဖြည်းနှင့် ကျိုးယွီသည် သူမနှင့်မောင်လေးတို့ ချစ်နေကြောင်း ခံစားလာရသည်။

 

 

ဒီကမ္ဘာကြီးမှာ မောင်လေး ပြန်မလာပေမယ့် အခုဆုံတွေ့ခွင့်ရတာက ကံကြမ္မာပဲလေ။

 

 

ကျိုးယွီသည် သူမနှင့်မောင်လေးက ရင်းနှီးစွာဖြင့်သေချာပေါက် ပေါင်းစပ်နိုင်ကြောင်းတွေးလိုက်သည်။

 

 

မက်မွန်ပွင့်တွေ အပြည့်ပွင့်နေပြီဆိုတာကို တင်းရှ နားလည်သွားသည်။

 

 

ရှောင်ကျွင်းသည် သူမကို တစ်ချက်မျှပင် မကြည့်ဘဲ တင်းရှကို ချစ်စဖွယ် နူးညံ့သော အကြည့်ဖြင့် "ခဏထိုင်စောင့်မလား? မင်းအတွက် အပေါ်မှာ ခရင်မယ်သကြားနှင့် နူးညံ့တဲ့ နို့မှုန့်ကို ပြုတ်ထားတယ်"

 

 

တင်းရှက သူမဗိုက်ကို ကိုင်ပြီး ပြောလိုက်သည်။ "ကျွန်မအခု ဗိုက်မဆာဘူး၊ ဘာမှ မမက်မောဘူး"

 

 

ကျိုးယွီ သည် လှပသောမိန်းကလေးနှင့် ရှောင်ကျွင်း၏ နူးညံ့သိမ်မွေ့မှုကို တွေ့လိုက်ရသဖြင့် သူမ၏ စိတ်ကူးယဉ်မှုမှနိုးထလာခဲ့သည်။

 

 

သို့သော် သူမသည် လျှို့ဝှက်စွာဖြင့် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

 

 

မောင်လေးက သူ့ကို အနာဂတ်မှာလည်း ကောင်းကောင်းဆက်ဆံလိမ့်မယ်လို့ တွေးထားသည်။

 

 

တုရို့ရို့က သူမကို ထိုင်ဖို့ ကမန်းကတန်း ဆွဲခေါ်ကာ ပြောလိုက်သည်။ "ယွီ၊ ဘာလုပ်နေတာလဲ၊ ငါတို့ ဒီနေရာမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေပြီဆိုတာ သိလား"

 

 

 "ဒါက လင်မယားနှစ်ယောက် စကားပြောနေတာပဲ၊ နင်ဘာလို့ ချောင်းနေတာလဲ၊ နင် ရူးနေလား"

 

 

တုရို့ရို့သည် ကျိုးယွီ၏ အပြုအမူကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။  ကျိုးယွီသည် တစ်ခါတစ်လေ နားမလည်နိုင်သော်လည်း ဒီလိုပုံစံမဟုတ်ပေ။ သူမသည် အခြားသူ၏ ခင်ပွန်းကို အရှက်မဲ့စွာလိုက်ကြည့်နေသော  ကွဲပြားသော လူတစ်ယောက် မည်သို့ဖြစ်လာသနည်း။သူဌေးရဲ့ဆွဲဆောင်မှုတွေကို သူမ သတိပြုမိခဲ့တာလား။

 

 

တုရို့ရို့က သူမရဲ့အပြုအမူတွေကို ဒေါသထွက်ခဲ့သည်။ သူမကို ပုံမှန်အတိုင်း ပြန်လိုချင်ခဲ့သည်။

 

 

ဒါပေမယ့် ကျိုးယွီက တုရို့ရို့ကို သူမရဲ့ ကံကြမ္မာကို စိတ်အားထက်သန်စွာ ပြောပြခဲ့ပြီး အနာဂတ်မှာ ပျော်ရွှင်မှုရလိမ့်မယ်လို့ သူမပြောခဲ့ကာ ရှက်တောင် ရှက်သွားခဲ့တယ်။

 

 

တုရို့ရို့က မယုံနိုင်စွာ ကြည့်နေမိသည်။ အများစုကတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်ကြိမ်တွေ့ဖူးပြီး မှ စကားအနည်းငယ်ပြောကြတယ်။ ဒါပေမယ့် သူမကတော့ သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ အစီအစဉ်တွေပါချနေပြီ။

 

 

ရိုးရိုးရှင်ရှင်းကို ရယ်စရာကောင်းလိုက်တာ။

 

 

 တုရို့ရို့က သူမ ဒီအကြောင်းကို နောက်ထပ် မတွေးနိုင်လောက်ခိုင်နိုင်ဘူးလို့ ဆုံးဖြတ်ပြီးနောက် မတ်တပ်ထရပ်ကာ တင်းရှကို တောင်းပန်ပြီး ပြောခဲ့သည်။ "တောင်းပန်ပါတယ် သူဌေးကတော်၊ အော်ဒါပြန်မှာ လို့ရမလား"

 

 

တင်းရှသည် သူမအပြုအမူကို နားလည်ကာ ဖြေလိုက်သည်။ "ဟုတ်ကဲ့ရပါတယ်!" 

 

 

တုရို့ရို့သည် ငါးအရသာ ဝက်သားများနှင့် ကြက်ဥအနှစ်အာလူး အသေးစားများကို ထပ်မှာယူပြီးနောက် မီနူးကို ပိတ်လိုက်သည်။

 

 

 ကျိုးယွီ နားမလည်နိုင်ခဲ့ပေ။ "ရိုရို၊ မင်းဘာလုပ်တာလဲ"

 

 

 တုရို့ရို့က နှာမှုတ်လိုက်သည်။ "နင့်ရဲ့ အပြုအမူကို ငါ နားမလည်ဘူး၊ နင့်ရဲ့ စိတ်ကိုလည်း ငါ နားမလည်ချင်ဘူး။ ဒါကို အခြေခံအားဖြင့်တော့ ငါ လက်မခံနိုင်ဘူး။ လူနွေက လမ်းတွေ မတူတဲ့အခါ လမ်းခွဲကြတယ်။"

 

 

 ကျိုးယွီ အံ့အားသင့်သွားခဲ့သည်။ "နင် ငါတို့ရဲ့ ခင်မင်မှုကို ဖြတ်ပစ်ချင်လား?"

 

 

 တုရို့ရို့က ခေါင်းခါလိုက်သည်။ "ဖြတ်ပစ်တာက ကလေးဆန်တဲ့ အသုံးအနှုန်းပဲ။ အရွယ်ရောက်ပြီး ငါတို့က ယဉ်ကျေးစွာ ခွဲခွာသင့်တယ်"

 

 

ကျိုးယွီလည်း ဒေါသထွက်သွားသည်။ သူမ သူငယ်ချင်းက သူမရဲ့ မြင်မြင်ချင်း အချစ်ကို ဘာကြောင့် မထောက်ခံရလဲ။

 

 

ခုံပေါ်တွင်ထိုင်ရင်း နူးညံသောအသံဖြင့် ပြောလိုက်သည်။"အော်ဒါ မှာမလို့ပါရှင့်"

 

 

တင်းရှ ပြုံးလိုက်သည်။ "အစ်မ ဘာလိုချင်လဲ"

 

 

ကျိုးယွီသည် သူမ၏ လက်ကို ပိုက်လျက် ပြောခဲ့သည်။ "ခရူးဇင်း ငါးကြင်း တို့ဟူးဟင်း၊ နို့ကြက်ဥ"

 

 

 ဒါက တင်းရှက သူမ တမင်တကာ အခက်တွေ့အောင်လုပ်တာပဲလို့ ပြောနိုင်သည်။

 

 

ရွှံ့ရုပ်တစ်ရုပ်တောင် ဒေါသရှိသည်။ "ဆောရီး၊ ငါတို့ဆိုင်လေးမှာ အဲဒီဟင်းနှစ်မျိုး မရှိဘူး" ဟု ပြတ်ပြတ်သားသားပြောပြီးနောက် သူမ၏ အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။

 

 

"ဒါ မဖြစ်နိုင်ဘူး!"

 

 

 "ကျွန်မ ဒီဟင်းပွဲတွေပဲ လိုချင်တာ"

 

 

 "ကျွန်မတို့ ဆိုင်လေးက ဒီလောက်စျေးကြီးပေးစားရတဲ့ ဧည့်သည်ကို မဧည့်ခံနိုင်ပါဘူးတင်းရှ အကြာကြီးမတ်တပ်ရပ်ထားရ၍ ခါးနာခြင်းကို ခံစားခဲ့ရသည်။

 

 

ရှောင်ကျွင်းသည် သူမအား ထောက်ခံရန် မှုန်ကုပ်ကုပ်အမူအရာဖြင့် ရောက်ရှိလာသော်လည်း ကျိုးယွီ ဆီသို့ သူ့မျက်လုံးများက အလွန်စိတ်မ၀င်စားပေ။

 

 

သူ့အမြင်မှာတော့ ဒီအမျိုးသမီးဟာ ဆူညံလွန်းတယ်။

 

 

 ဒါပေမယ့် ကျိုးယွီ အတွက်တော့ အရာအားလုံးက တုန်လှုပ်သွားပုံရသည်။

 

 

"နင်တို့မှာ လက်ထပ်လက်မှတ်မရှိရင် တရားဝင်လက်ထပ်ထားတာမဟုတ်ဘူး၊ ဒါကြောင့် ငါတရားမျှတစွာ ယှဉ်ပြိုင်ပိုင်ခွင့်ရှိတယ်!"

 

 

တုရို့ရို့က ဒါစကားကိုကြားတော့ ဒေါသထွက်ပြီး သနားသလို ခံစားလိုက်ရသည်။

 

 

တရားမျှတစွာ ယှဉ်ပြိုင်မှာလား။

 

 

 ဘာအတွက် ပြိုင်တာလဲ။

 

 

တုံးအလိုက်တာ?

 

 

 ဒါပေမယ့် တင်းရှက ရယ်ခဲ့သည်။  "ကျွင်းနဲ့ ကျွန်မက မှတ်ပုံတင်ဖို့ အသက်မပြည့်သေးပေမယ့် ကျွန်မတို့က တရားဝင် အသိအမှတ်ပြုထားတဲ့ ဘုံဥပဒေအတိုင်း လက်ထပ်ထိမ်းမြားထားတုန်းပဲ"

 

 

 "ရှင်ဘယ်လိုပဲ ကိုယ့်အပြုအမူကို ဂုဏ်တင်နေပါစေ တခြားသူရဲ့အိမ်ထောင်ရေးကို နှောင့်ယှက်ဖို့ ကြိုးစားနေတဲ့ အပြင်လူသက်သက်ပဲ။ နောက်ပြီး ကျွန်မယောက်ျားက ရှင့်ကို စိတ်ဝင်စားမှုမရှိဘူး"