အပိုင်း ၁၄
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၁၄

 

 

ကျိုးယွီသည် တင်းရှပြောသည်ကို လက်မခံနိုင်ပေ။ သူမ မျက်လုံးများသည် တင်းရှ၏ ဖောင်းကားနေသော ဗိုက်ပေါ်ကို အမှတ်တမဲ့ စိုက်ကြည့်နေသည်။ သူတို့ နှစ်ယောက် အတူတူ ရပ်နေကြတာကို မြင်ရသည်မှာ သူမအတွက် အလွန်စိတ်တိုစရာဖြစ်သည်။

 

 

ဒီကလေးအတွက်သာမဟုတ်ရင် သူမ မောင်လေးက ဒီမိန်းမနဲ့နေတော့မှာ မဟုတ်ဘူးလို့ညတွေးသည်။

 

 

ကျိုးယွီက တင်းရှ၏ ဗိုက်ကို စိုက်ကြည့်နေသောအကြည့်များက တင်းရှကို ကြက်သီးထစေခဲ့သည်။ သူမသည် သူမ၏ဗိုက်ကိုကာပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်မှာ ရှောင်ကျွင်း၏ လက်မောင်းနားကို ရောက်သည်အထိ ဖြစ်သည်။ ထို့အချိန်မှ သူမစိတ်သက်သာရာရသည်။

 

 

ရှောင်ကျွင်းလည်း ကျိုးယွီ၏ အကြည့်ကို မြင်လိုက်ရသည်။ တင်းရှ ရှေ့မှာ ရပ်နေရင်း သူ့မျက်နှာက ဖြူဖတ်နေပြီး "ငါ မင်းကို သတိပေးနေတယ်၊ ​​မင်းငါ့ရဲ့ သည်းခံနိုင်စွမ်းကို မစိန်ခေါ်တာ ပိုကောင်းမယ်" လို့ သတိပေးလိုက်သည်။

 

 

"မောင်လေး၊ ငါ့စကားနားထောင်ပါ၊ သူမက လူကောင်းမဖြစ်နိုင်လောက်ဘူး!" ကျိုးယွီ က ရုတ်တရက် ပြုံးလိုက်ပြီး "သူမကို ကြည့်ကြည့်လိုက်ရုံနဲ့ သူမက ရမ်းကားနေမယ့်သူဆိုတာ နင်သိပါတယ်။ သူမဟာ မင်းရှေ့မှာ အရမ်းသိမ်မွေ့နေတယ်ဆိုပေမယ့် မင်းအပြင်ထွက်ပြီးတာနဲ့ တခြားယောက်ျားတွေကို ဆွဲဆောင်လိမ့်မယ်..."

 

 

"သူ့ဗိုက်ထဲက ကလေးက လူယုတ်မာပဲ၊ မင်းအတွက် ငါသူ့ကို ဖယ်ရှားလိုက်မယ်၊ ပြီးရင် ငါတို့ အတူတူနေလို့ရပြီ..."

 

 

သူတို့အဖြစ်အပျက်ကို တိတ်တဆိတ် ခိုးကြည့်​​နေသောလူတစ်ယောက်က ကြက်သီးထလာပြီး "ဒီမိန်းမရူးနေတာမလား"ဟုတွေးလိုက်မိသည်။

 

 

တုရို့ရို့လည်း ထိတ်လန့်သွားသည်။ ကျိုးယွိရဲ့ဒီလိုစိတ်လွတ်သွားသလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

 

 

ရှောင်ကျွင်းက တုရို့ရို့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းမှာ သူ့မိသားစု ဖုန်းနံပါတ်ရှိလား" ဟုမေးသည်။

 

 

တုရို့ရို့က ခေါင်းခါလိုက်သည်။ သူမနှင့် ကျိုးယွီ တို့သည် အခန်းဖော်များသာဖြစ်ပြီး ယခင်က သူမအိမ်သို့ မရောက်ဖူးပေ။

 

 

ရုတ်တရက် သူမသည် နည်းလမ်းတစ်ခုကို တွေးမိပြီး "အာ သူ့မိသားစုက ဟိုတယ်တစ်ခု ဖွင့်ထားတယ်၊ ​​တန့်ပင်းမှာ ရှင်ရှာကြည့်ရင် ဖုန်းနံပါတ်ကို သေချာပေါက် ရနိုင်မှာပါ"

 

 

"ကျေးဇူးပြုပြီး ကူရှာပေးပါဦး။ မင်းသိသွားရင် ငါ့ကိုပြောပြပါ" ရှောင်ကျွင်းက တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။

 

 

"မင်းဘာလုပ်မလို့လဲ?" ကျိုးယွီ က အံ့ဩစွာ မေးလိုက်သည်။

 

 

မကြာခင် သူမ သိလိုက်ရသည်။

 

 

နံပါတ်ရပြီးနောက် ရှောင်ကျွင်း သည် ကျိုးယွီ၏ ဖခင်ထံ ဖုန်းဆက်သည်။

 

 

"မင်္ဂလာပါ လေးရာသီ ဟိုတယ်ကပါ"

 

 

"ဟယ်လို၊ ဒါက ကျိုးယွီရဲ့အဖေလား"

 

 

"ဟုတ်တယ် ကျွန်​​တော်ပါ ဘယ်သူခေါ်တာလဲလို့ မေးလို့ရမလား" သူဌေးကျိုး ခဏလောက် ထိတ်လန့်သွားသည်။

 

 

"ကျွန်တော့် မိန်းမအတွက် ချက်ပြုတ်ဖို့ ဟိုတုန်းက ခင်ဗျားရဲ့ဟိုတယ်မီးဖိုချောင်ကို ငှားခဲ့တယ်၊ ကျွန်တော့်ကို မှတ်မိသေးလား"

 

 

"မှတ်မိတယ်၊ ငါမှတ်မိတယ်။ မင်းအတွက် ငါဘာလုပ်ပေးရမလဲ"

 

 

"ဒီမှာ ကိစ္စက ဒီလိုရှိတယ်။ ခင်ဗျားသမီးက ကျွန်တော့စားသောက်ဆိုင်က ထွက်သွားဖို့ ငြင်းဆန်နေတယ်။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်အိမ်ထောင်ရေးကို နှောင့်ယှက်ချင်ရုံတင် မကဘူး၊ ကိုယ်ဝန်ဆောင်ဇနီးကိုတောင် နာကျင်အောင်လုပ်ချင်နေတယ်။ ခင်ဗျားသူ့ကို မြန်မြန်လာခေါ်ရင် ပိုကောင်းမယ်။" ရှောင်ကျွင်းက အသက်မပါသောလေသံနဲ့ ပြန်ပြောခဲ့သည်။

 

 

သူဌေးကျိုးက ထိတ်လန့်သွားသည်မှာ ထိုင်ခုံပေါ်က ပြုတ်ကျလုမတတ်ပင်။

 

 

လိပ်စာကို အလျင်အမြန်တောင်းပြီး အမြန်လိုက်သွားသည်။

 

 

ကျိုးယွီ အသည်းကွဲသွားသလို ခံစားလိုက်ရသည်။ "ရှင်လည်း ကျွန်မကို ကြိုက်နေရက်သားနဲ့ ဘယ်လိုလုပ်ရက်ရတာလဲ။ "

 

 

ရှောင်ကျွင်းက တင်းရှကို ဖက်ထားရင်း လေးနက်စွာ ကြည့်ရင်း "ကိုယ့်ကိုယုံပါ၊ သူမကို မသိပါဘူး။ သူမက နေမကောင်းဘူး။"

 

 

တင်းရှက မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်လိုက်သည်။

 

 

ရှောင်ကျွင်း အနည်းငယ်စိုးရိမ်သွားပြီး "ကိုယ် သူမကိုတကယ်မသိပါဘူး၊ သူမ ဒီမှာပြဿနာ လာရှာနေတာ"

 

 

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်မသိပါတယ်" တင်းရှ သူ့ထိုးထွက်နေသော ဆံပင်များကို မထိုးထွက်တော့သည်အထိ တဖြည်းဖြည်း ပွတ်သပ်လိုက်သည်။ "ရှင်ရဲ့ ဖြူစင်မှုက အရင်အတိုင်းပဲလို့ ယုံကြည်တယ်"

 

 

ရှောင်ကျွင်းက "ငါ့ရဲ့ ဖြူစင်မှုကို မင်းကို ပေးထားပြီးပြီ..."ဟုတိုးတိုးပြောသည်။

 

 

"ဟမ်? ရှင်ဘာပြောလိုက်တာလဲ။" တင်းရှသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။

 

 

"ဘာမှမဟုတ်ဘူး မင်းကို ထိုင်မလားလို့မေးတာပါ" ရှောင်ကျွင်းက သူ့လက်မောင်းကိုင်ထားတဲ့ သူမလက်ကို ယူပြီး သူမလက်ကို နမ်းလိုက်သည်။

 

 

သူဌေးကျိုးက အမြန်ရောက်လာခဲ့သည်။ ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ဖက်မှ ချစ်လှစွာသော ဇနီးမောင်နှံကို မျက်လုံးနီနီဖြင့် စိုက်ကြည့်နေသော သမီးဖြစ်သူကို တွေ့လိုက်ရသည်။

 

 

သူ့သမီးသည် မတရားခံနေရသူပုံစံ ဖမ်းနေပုံနှင့်တူသည်။

 

 

သူဌေးကျိုး ဒေါသအရမ်းထွက်ပြီး မူးလဲလုနီးပါးဖြစ်သွားသည်။ သူက လမ်းလျှောက်လာပြီး ကျိုးယွီကို ဆွဲထုတ်ခဲ့သည်။ "အိမ်ပြန်ရအောင်"

 

 

"ဖေဖေ သမီးအိမ်မပြန်ဘူး" ကျိုးယွီ က ငြင်းသည်။

 

 

"လာအိမ်ပြန်မယ်" အရှက်တရားနဲ့ သူ့သမီးရဲ့ စကားနားမထောင်မှုက သူဌေးကျိုးကို ဒေါသထွက်စေခဲ့သည်။

 

 

 "မင်း ငါ့ကို မင်းအဖေအဖြစ် လိုချင်သေးရင် အခုချက်ချင်း အိမ်ပြန်လိုက်ခဲ့စမ်း"

 

 

ကျိုးယွီသည် သူမအဖေရဲ့အော်သံကြောင့် အံ့ဩသွားသည်။

 

 

အချိန်အတော်ကြာပြီးနောက် သူမခေါင်းကို ငုံ့၍ နှာရှုပ်ခဲ့သည်။

 

 

သူဌေးကျိုးက တုန်လှုပ်သွားပြီး တင်းရှကို တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် ငါ သူမကို အလိုလိုက်ခဲ့တာ မင်းကို ဒုက္ခပေးသလိုဖြစ်လို့ပါ"

 

 

"ကျိုးယွီ က ငယ်ငယ်က သူမအမေမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် နည်းနည်း အစွဲအလမ်းကြီးတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ"

 

 

"သူမတွေ့ကြုံခဲ့ရတာတွေက ငါတို့နဲ့ဘာမှ မသက်ဆိုင်လို့ ငါတို့ စိတ်မဝင်စားဘူး" လို့ ရှောင်ကျွင်းက အပြုံးတစ်ဝက်နဲ့ ပြောခဲ့သည်။

 

 

" သူဌေးကျိုး နောင်မှာ ကိုယ့်သမီးကို သေချာစောင့်ကြည့်ပါ၊ သူမကို ဒီမှာ ထပ်ပေါ်မလာပါစေနဲ့"

 

 

"သူမက လူကောင်းလား လူနာလား ဆိုတာကျွန်တော် ဂရုမစိုက်ဘူး"

 

 

သူဌေးကျိုးက ထပ်ခါတလဲလဲ ကတိပေးခဲ့ပြီး အကြိမ်အနည်းငယ် တောင်းပန်ပြီးနောက် ထွက်သွားခဲ့သည်။

 

 

"ဘာလို့ ငေးနေသေးတာလဲ၊ ရှင်က နှင်းဆီလား" တင်းရှသည် သူ့ဘေးကို လက်နဲ့ထိုးလိုက်ခြင်းက သူ့ဆီက တင်းမာသောအကြည့် ဖြင့်အကြည့်ခံလိုက်ရသည်။

 

 

"ဒီလိုလူမျိုးကို ငါရှင်းရှင်းလင်းလင်းပြောရမယ် မဟုတ်ရင် သူက စိတ်လွတ်နေတဲ့ သူ့သမီးကို လုံးလုံးလျားလျား ထိန်းချုပ်ထားမှာ မဟုတ်ဘူး။"ရှောင်ကျွင်း သည် မီနူးတစ်ခုကိုယူကာ နောက်ဘက်သို့ လျှောက်သွားသည်။

 

 

တင်းရှက တုရို့ရို့ ကို ပြုံးပြပြီး "ခဏစောင့်ပါ၊ အစားအသောက် ချက်ချင်းရလာမှာပါ" ဟုပြောခဲ့သည်။

 

 

တုရို့ရို့ က ခေါင်းခါလိုက်ပြီး "ရပါတယ်၊ ကျွန်မ လောပါဘူး"

 

 

ရှောင်ကျွင်းသည် ဟင်းများ မွှေကြော်ပြီးသောအခါ၊ တင်းရှသည် ကြက်ဥအနှစ် အာလူးများကို ပြုလုပ်ရန် သွားခဲ့သည်။

 

 

သူမသည် ဒေသအတွင်း စိုက်ပျိုးထားသည့် အာလူးအဝိုင်းငယ်များကို ရွေးချယ်ခဲ့သည်။ ရေဆေးပြီး အခွံနွှာပြီး ခဏစိမ်ထားကာ ဆားနယ်ပြီး ပျော့သွားသည်အထိ ပြုတ်ပြီး ဆီနဲ့နှစ်ခါကြော်သည်။

 

 

ထို့နောက် ဒယ်အိုးထဲတွင် ပြုတ်ထားသောကြက်ဥအနှစ် နှင့်  ဆားနယ်ထားသော ကြက်ဥအနှစ်နှစ်လုံးကို  ဆီကျန်နှင့်ကြော်သည်။ ၎င်းတို့ကို နိမ့်သောအပူချိန်တွင် ချေသည်မှာ အမြုပ်ကလေးများ ပွက်ပွက်ဆူထွက်လာသည်အထိဖြစ်သည်။

 

 

ထို့နောက် အာလူးကြော်များကို ထည့်သည်။ အာလူးများကို ကြက်ဥအနှစ်ဖြင့် အညီအမျှ အုပ်ပြီးပါက ၎င်းတို့ကို စားပွဲဆီသို့ပို့ဆောင်နိုင်သည်။

 

 

တင်းရှက သူတို့ကို ပူနေတုန်း တုရို့ရို့ဆီကို ပေးပို့သည်။

 

 

တုရို့ရိုသည် ဆားနယ်ထားသော ကြက်ဥအနှစ်ရနံ့ကို အချိန်အတော်ကြာအောင် အနံ့ခံခဲ့သည်။ သူမ အကြိမ်များစွာနောက်ပြန်လှည့်နေခဲ့သည်။ နောက်ဆုံးတွင် တင်းရှ သည် ရွှေရောင်အာလူးတစ်ပန်းကန် ယူလာသည်ကို သူမတွေ့လိုက်ရသည်။

 

 

ပန်းကန်ပြားကို စားပွဲပေါ်ရောက်သည်နှင့် တပြိုင်နက် တုရို့ရို့သည် မစောင့်နိုင်ဘဲတစ်လုံးကို ကောက်ယူပြီး စားလိုက်သည်။

 

 

အငန်ရနံ့က စွဲဆောင်နေပြီး ကြက်ဥဆားနယ်ထားတဲ့ ထူးခြားတဲ့အရသာက မစားရမနေအောင်ဖြစ်စေသည်။ အာလူးကြွပ်ကြော်ရဲ့ အပြင်ဘက်အလွှာက အနံ့မွှေးပြီး အတွင်းပိုင်းကတော့ နူးညံ့ပြီး ဝါးရလွယ်သည်။

 

 

စားလိုက်သောအခါ သူတို့က အခုထိ ပူပူနွေးနွေး ရှိနေတုန်းပဲ။

 

 

အပူရှိန်ကြောင့် တုရို့ရို့က နှစ်ကြိမ်တိုင်တိုင် စူးခနဲ့အော်ခဲ့သော်လည်း သူမ စားတာမရပ်နိုင်တော့ဘဲ ဆက်စားနေခဲ့သည်။

 

 

သူမမောင် နေ့တိုင်းပြောနေတဲ့ ကြက်ဥအနှစ် အာလူးကို နောက်ဆုံးတော့ သူမစားရတာပြီပေါ့။

 

 

ယခုမှစ၍ အိမ်တွင် သူမမောင်ကို ဒီအကြောင်း သူမကြွားဝါနိုင်ပြီ။

 

 

တုရို့ရို့ က ဝမ်းသာအားရ တွေးလိုက်သည်။

 

 

တင်းရှ လည်း ပျော်သွားသည်။ သူမဗိုက်ကိုကိုင်ပြီး ရှောင်ကျွင်းကို အမြန်ရှာလိုက်သည်။ "ရှောင်ကျွင်း ရှောင်ကျွင်း!"

 

 

"ကိုယ် ဒီမှာ ဘာဖြစ်လို့လဲ" သူမရဲ့အော်သံကိုကြားချိန်မှာ ရှောင်ကျွင်းသည် အိမ်နောက်ဖေးမှာ အပင်တွေကို ရေလောင်းနေသည်။ သူ ကမန်းကတန်း ပြေးလာသည်။

 

 

"မြန်မြန်! မြန်မြန်!" တင်းရှ က စိတ်လှုပ်ရှားစွာ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဗိုက်ပေါ် တင်လိုက်သည်။

 

 

ရှောင်ကျွင်းက စိတ်ရှုပ်ထွေးသွားပြီး ဗိုက်ကို ဂရုတစိုက်နဲ့ ကိုင်လိုက်ပြီး "ဘာဖြစ်တာလဲ၊ မင်းဗိုက်နာနေတာလား"

 

 

"သူ! သူ! သူရွေ့နေတယ်!" နောက်ဆုံးတွင် တင်းရှသည် စိတ်လှုပ်ရှားမှုအချို့ကို မျိုသိပ်ပြီးပြောလိုက်သည်။

 

 

ထိုထူးဆန်းသော ခံစားချက်သည် သက်တောင့်သက်သာမဖြစ်သော်လည်း သူမဗိုက်ထဲတွင် ကလေးလေးတစ်ယောက် ရွေ့လျားနေသည်ဟု တွေးလိုက်သည်က သူမကို အဓိပ္ပါယ်ဖော်မရနိုင်သော ခံစားချက်ကိုပေးသည်။

 

 

ရှောင်ကျွင်းသည် ခဏတာ အံ့အားသင့်သွားပြီး ဒူးထောက်ကာ သူမ ဗိုက်ကို ထိလိုက်သည်။ ကလေးက ထူးထူးခြားခြား တက်ကြွနေပြီး မကြာခင်မှာပဲ ရှောင်ကျွင်း က သူ့လက်ကို တွန်းလိုက်သလို ခံစားလိုက်ရတယ်။

 

 

ထိုအချိန်တွင် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ရှောင်ကျွင်းသည်ပင် သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားကာ "သူ၊ သူ... သူ လှုပ်နေပြီ!!"

 

 

တင်းရှက သူ့ကို ပြုံးပြီးကြည့်သည်။

 

 

ရှောင်ကျွင်းသည် သူမဗိုက်ပေါ်ကို မျက်နှာတင်ကာ အချိန်ခဏငြိမ်သက်စွာ လှုပ်ရှားမှုကို ခံစားခဲ့သည်။ ကလေးက ပင်ပန်းသွားပြီးဖြစ်နိုင်၍ နောက်ပိုင်းတွင် လှုပ်ရှားမှုမရှိတော့ပေ။

 

 

ရှောင်ကျွင်းအနည်းငယ် စိတ်ပျက်လက်ပျက် ထရပ်လိုက်သည်။

 

 

တင်းရှက သူ့ကို ပွတ်သပ်၍ နှစ်သိမ့်ပေးခဲ့သည်။

 

 

"ရက်အနည်းငယ်အတွင်း နောက်ထပ် ကိုယ်ဝန်စစ်ဆေးမှုမှာ 4D ရောင်စုံ အာထရာဆောင်းကို ကျွန်မတို့ လုပ်နိုင်တယ်။ အဲဒီအခါမှာ ကလေးရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ။"