၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၁
အကွေ့အကောက်များတဲ့ လမ်းကြားကို လှည့်ပတ်ကာ လမ်းအနည်းငယ်ကို ကွေ့ပတ်ပြီး
နောက်ဆုံး လမ်းကြားတစ်ခုကို ဝင်သွားရင် မုန့်မိသားစုနေထိုင်တဲ့ခြံဝင်းကိုရောက်သည်။
အုတ်ပါးပါး မီးခိုးရောင်ခြံဝန်းအိမ်တွေနဲ့ ကြွေပြားအကောင်းတွေ၊
လမ်းကျဉ်းကျဉ်းတွေ၊ ပြီးတော့ နေရာတိုင်းမှာ တရားမဝင်ဆောက်ထားတဲ့ ရုံအသေးလေးတွေက လူသွားလမ်းကို
ကျဉ်းစေပြီး လူကျပ်စေသည်။
မီးဖိုတွေ ရေနွေးအိုးတွေနဲ့ ချက်ပြုတ်ဖို့ မီးသွေးတွေက လမ်းနှစ်ဖက်စလုံးမှာ
ရှိနေကြသည်။ ဖြတ်သွားချိန် ခြေထောက်က ခြေဖဝါးတွေမှာ ပြာမည်းမည်းတွေ ပေတက်သည်။
" ပြန်လာပါပြီ
"
တံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်သွားချိန် ကျန်းမေ့က ရေခန်းထဲမှာ
လျှော်ဖို့ ပေနေတဲ့အဝတ်တွေကို ရှာနေခဲ့သည်။
သူမရဲ့အနောက်မှာက အနက်ရောင်ဆေးသုတ်ထားတဲ့ သစ်သားစားပွဲခုံရှိပြီး
အနောက်မှာ ခြင်ထောင်တန်းလန်းနဲ့ အိပ်ယာရှိသည်။ ဒီလို ကြီးမားတဲ့ ပစ္စည်းနှစ်ခုနဲ့တင်
အခန်းတစ်ခုလုံး ပြည့်နေသည်။
ဆယ်မီတာစကွဲ ကျော်တဲ့အခန်းထဲမှာ မိသားစုခြောက်ယောက်နဲ့ ကျပ်သိပ်နေသည်။
လူဦးရေ များပြားမှုကြောင့် တစ်ခန်းကို နှစ်ခန်းအဖြစ် ခွဲထားရသည်။
အနောက်က အခန်းမှာ ကလေး လေးယောက်အတွက်ဖြစ်ပြီး အပြင်ဘက် အခန်းကတော့
လူကြီးနှစ်ယောက်အတွက်ဖြစ်သည်။ အရမ်းကို အဆင်မပြေစွာနဲ့ပဲ မီးဖိုချောင်နဲ့ သန့်စင်ခန်းကိုတော့
မျှသုံးကြရသည်။
သို့သော် ဒါကတော့ ဒီနေ့ခေတ်မှာမြို့အတွင်းအများဆုံးနေထိုင်ကြတဲ့
နေ့စဉ်ဘဝ ပတ်ဝန်းကျင်ဖြစ်သည်။
မုန့်ယန် ပထမဆုံး ကူးပြောင်းလာတုန်းက ချို့ချို့တဲ့တဲ့နေရတဲ့ အခြေအနေကြောင့်
အိပ်မပျော်တဲ့ ရောဂါကိုတစ်ရက်နဲ့ တစ်ညလောက် ခံစားလိုက်ရပြီး နောက်ဆုံးမှာ ရေချိုးခန်းသွားတာက
သူ(မ) မကျော်သွားနိုင်တဲ့ အကျပ်အတည်း ဖြစ်နေတုန်းဆိုတာ သူ(မ)ကိုယ်သူ(မ) လက်ခံဖို့ တွန်းအားပေးလိုက်ရသည်။
" ပြန်လာပြီလား။ နင့်မှာ လျှော်စရာ အင်္ကျီရှိသေးလား။ အင်္ကျီတွေချွတ်လိုက်ငါ
ရေချိုးခန်းထဲ တစ်ခါထဲ သွားမလို့ "
စစ်စိမ်းရောင် စာပို့အိတ်ကို ချရင်း မုန့်ယန်က သူ(မ)ရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ကာ ရှပ်အဖြူကို သူမ အမေဆီကမ်းပေးလိုက်သည်။
အဝတ်အပေတွေကို ပုံးထဲမှာ သိပ်ထည့်ပြီးတော့ ကျန်းမေ့က ပြောခဲ့သည်။
" ယန်ယန်၊ အိမ်ကမီးသွေးတွေကုန်နေပြီ။ ရှောင်ယွီနဲ့ လဲ့လဲ့ ပြန်လာလို့ရှိရင် သူတို့ကိုမီးသွေး
သွားဆွဲခိုင်းလိုက်"
အင်္ကျီလဲနေတဲ့ မုန့်ယန်ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်သွားကာ
ပြောခဲ့သည်။ " ဟင့်အင်း၊ သမီး ဘာသာသွားလို့ရတယ်။ သမီးတို့မှာ မီးသွေး လက်မှတ်
၂၀ ကစ်တီပဲ ကျန်တော့တာ သတိရတယ်။ ဒါကြောင့် သမီးတို့ အများကြီး ဆွဲလို့မရဘူး "
ပြောပြီးတဲ့နောက် သူ(မ)က အိမ်ထဲဝင်သွားပြီး အံဆွဲထဲက မီးသွေးလက်မှတ်နှစ်ခုကို ယူထုတ်လာသည်။
" ကောင်းပြီ။ လမ်းမှာ ဂရုစိုက်ဦး။ နေ့လည်တုန်းက မိုးက မခြောက်သေးတော့
လမ်းက ချော်နေတယ် "
"ဟုတ်၊ သမီး သိပါတယ် "
ညနေဆီ တဖြည်းဖြည်း ရောက်လာတာနဲ့အမျှ စက်ဘီးတွေက လမ်းပေါ်မှာ ဖြတ်သွားကြပြီး
လမ်းလျှောက်သွားလာကြတဲ့လူတွေလည်း တဖြည်းဖြည်း တိုးလာသည်။
လမ်းကိုဖြတ်ပြီး မီးသွေးဝန်းထဲက မီးသွေးဆွဲဖို့ မုန့်ယန်က အန်တီကောင်း
အိမ်ကနေ ကားပြားဟောင်းလေး ငှားလာလိုက်သည်။ တာဝန်ချိန်မရှိတဲ့အတွက် အချိန်ကအလျင်စလို
ဖြစ်နေရပြီးတော့ မီးသွေးဝင်း ဝင်ပေါက်မှာ မီးသွေးဝယ်တဲ့ အသင်းက လိမ်စားနေသည်။
မုန့်ယန် အလှည့်ရောက်တဲ့အခါ သူ(မ) တစ်နာရီလောက်စောင့်လိုက်ရသည်။
ပုံမှန်အိမ်ထောင်စု တစ်စုအတွက် အသုံးပြုဖို့ လတိုင်း မီးသွေး၃၀၀
ကစ်တီလိုပြီး တစ်ခါတစ်လေ မီးသွေးဝင်းထဲက မီးသွေးကုန်သွားတတ်ကာ ဝယ်လိုအားက ပေးတာထက်
ပိုလွန်တတ်သည်။
ဒီတော့ နေထိုင်သူတွေက သူတို့ဝယ်တဲ့အခါတိုင်း
ကုန်ကားကြီးနဲ့ဝယ်ကြသည်။ သူတို့ထဲက အချို့တွေကတော့ မုန့်ယန်လိုမျိုး ၂၀ကစ်တီလောက်ပဲ
ဝယ်ကြသည်။
မီးသွေး ၂၀ ကစ်တီက ၂၀၀ကစ်တီလောက် မလေးပေမယ့် သူ(မ)အတွက်တော့ မလွယ်ချေ။
မထွက်လာခင် မီးသွေးဝင်းထဲက အလုပ်သမားတွေက အဲ့ဒါကို ချောချောမွေ့မွေ့ သယ်ဖို့ ကူညီပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
လူတိုင်းရဲ့ မရင်းနှီးတဲ့အကြည့်အောက်မှာ မုန့်ယန်က ယာဉ်အိုလေးကို
တွန်းပြီးတော့ မီးသွေးဝင်းထဲကနေ ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။ ချောမွေ့တဲ့ လမ်းပေါ်မှာ
လျှောက်ရတာက လွယ်ပေမယ့် အုတ်အစိမ်းရောင် အပိုင်းက လမ်းပေါ်မှာ လျှောက်ရင်တော့ ပြစ်မှုမြောက်သည်။
"မုန့်ယန်! မုန့်ယန်!"
အသံက မှော်ဆန်တဲ့အသံလိုမျိုး သူမ နားထဲ ပြည့်သွားကာ မုန့်ယန် မရပ်ဘဲ
အရှိန်မြှင့်လိုက်ပေမယ့် flatbed က အခြေနှစ်ခုဘဲရှိပြီး သေစေလောက်တဲ့ အလေးချိန်က စက်ဘီးတစ်စီးထက်မြန်သည်။
နားထဲမှာ စူးစူးဝါးဝါး ဘရိတ်သံတွေမြည်သံ မတိုင်ခင် လမ်းဦးတည်ရာက
မြင့်မားတဲ့ နံရံဆီကနေ ပိတ်ဆို့ခြင်းခံလိုက်ရသည်။
" ကြည့်! စွေ့ကျစ်မင် ဖြတ်သွားပြီ "
" ဘာလို့ လုဟန်ကျွင်းက မလာတာလဲ။ သူ တကယ် အရှုံးပေးလိုက်ပြီလား
"
" သေချာပေါက်ကိုဘဲ စွေ့လို့ခေါ်တဲ့ တစ်ယောက်က တိုက်ပွဲမှာ
နောက်ဆုံးတစ်ကြိမ်က နိုင်သွားတယ်လေ "
" ဟေး၊ အဲ့ဒါက ဒီကလေးအတွက် ဈေးပေါလွန်းတယ် "
တစ်ချိန်ထဲမှာပဲ မုန့်ယန်က အဝတ်အစားစက်ရုံရဲ့ ဂိတ်ကိုဖြတ်ကာ ယာဉ်ကိုတွန်းနေပြီး
အလုပ်သမား အမျိုးသမီးတွေပြောနေတဲ့ ကောင်မလေးက နံရံပေါ်က စွေ့ကျစ်မင်ဆီကနေ အခုဘဲ ပိတ်ဆို့ခြင်း
ခံလိုက်ရသည်။
အပြာရောင်ရှပ်နဲ့ မီးခိုးရောင် ဘောင်းဘီရှည်ရယ်၊ အနက်ရောင် ပြောင်လက်နေတဲ့
ဖွတ်မြီးကြိုးနှစ်ချောင်းက ပုခုံးပြောင်ပေါ်မှာ ကျနေတာက အသားအရည်ကို ကျောက်စိမ်းလိုမျိုး
ဖြူစေပြီး အယ်လမွန်ရောင်အပြည့်နဲ့ မျက်လုံးတစ်စုံနဲ့အတူ မျက်တောင်တွေက လှိုင်းလိုမျိုး
လေတိုက်တဲ့အချိန် အရမ်းကို အနုစိတ်လွန်းလှသည်။
သူ(မ)ရဲ့ ပင်ကိုယ်စရိုက်ကို မပြောနဲ့ဦး သူ(မ)ရဲ့ သိမ်မွေ့နုနယ်တဲ့
ပေါ်ထွက်လာမှုတစ်ခုနဲ့တင် အမျိုးသားနှစ်ယောက်က သူ(မ) အတွက် တိုက်ခိုက် ကြတာ မဆန်းတော့ပေ။
နေဝင်ချိန် အလင်းရောင်က သူမ မျက်စိတွေကို မူးနောက်စေတဲ့အတွက် မုန့်ယန်က
သူ့နှဖူးက ထိုးနေတဲ့အလင်းရောင်ရောင် လက်မြှောက်ပြီး ကာလိုက်တဲ့နောက်မှာ ဘီးတွန်းသမား
၂၈ ယောက်က သူ့အရှေ့မှာ ရပ်နေပြီး သူတို့အပေါ်မှာတော့ အမျိုးသားတစ်ယောက်ထိုင်နေသည်။
" ဘာလို့မီးသွေးသယ်ဖို့ ဒီကို မင်းတစ်ယောက်ထဲ လာတာလဲ။ မင်းရဲ့မောင်တွေဘယ်မှာလဲ
" တစ်ဝက်လောင်နေတဲ့ စီးကရက်ဖင်ပိုင်းက သူ(မ)ရှေ့ ပစ်ကျလာပြီး pull-back ဝတ်ထားတဲ့
ခြေတစ်ဖက်က ကြုံရာဖိချေလိုက်သည်။
အမျိုးသားက သူ့ရှပ်ကော်လာကို ဖွင့်ထားကာ ညှပ်ရိုးတွေကိုပေါ်အောင်ပြထားပြီး
သူ့ရဲ့ ကျစ်လစ်တဲ့ခြေထောက်က သူ(မ)အရှေ့ကိုတည့်တည့် ဆန့်ထုတ်လာသည်။
သူ့ရဲ့သုံးဖက်မြင် ထင်ရှားနေတဲ့မေးစေ့က မြင့်တက်သွားပြီး ရှည်ပြီး
ကျဉ်းမြောင်းတဲ့ မျက်လုံးတွေက ရေပြင်ညီမျဉ်းနဲ့အတူ ပေါ်ထွက်လာသည်။ အမျိုးသမီးတွေကတော့
ဆွဲဆောင်မှုရှိနေတုန်းပင်။
ဒီလို လူရမ်းကားက အမျိုးသမီးငယ်လေးတွေကို ပျော်အောင်လုပ်နိုင်ပေမယ့်
သူ(မ)ရှေ့က အမျိုးသားက မြင်ရသလောက် တောက်ပပြီး စိတ်အားထက်သန်မနေဘူးဆိုတာ မုန့်ယန်သာလျှင်
အသိဆုံးဖြစ်သည်။
သူက မကောင်းဆိုးဝါးတစ်ကောင်ဘဲ --
လွန်ခဲ့တဲ့သုံးရက် စိုက်ပျိုးရေး သိပ္ပံအကယ်ဒမီရဲ့ စမ်းသပ်ခန်းထဲက
မီးလောင်မှုကြောင့် ၂၁ ရာစုက မုန့်ယန်က အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ နိုးလာတဲ့နောက်မှာ
၁၉၇၄ ပေကျင်းက သူမရဲ့ မိသားစုမျိုးရိုးနဲ့ နာမည်နဲ့တူတဲ့ အဝတ်အထည်စက်ရုံက အလုပ်သမား
အမျိုးသမီးဖြစ်လာသည်။
သူမ အချိန်မကူးပြောင်းခဲ့ဘဲ သူမ ဖတ်ခဲ့တဲ့စာအုပ်ထဲ ကူးပြောင်းသွားခဲ့သည်။
ထုံးစံအတိုင်း အမြှောက်စာဇာတ်ကောင် အရံအမျိုးသမီးဇာတ်ကောင် မုန့်ယန်က လှပပေမယ့် ဦးနှောက်မရှိပေ။
သူ(မ)ရဲ့တည်ရှိမှုက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ကြားက
ဆက်ဆံရေးကိုတိုးတက်စေမယ့် အနင်းခံ ကျောက်တုံးသာလျှင်ဖြစ်သည်။
ကံမကောင်းစွာနဲ့ မုန့်ယန်စာအုပ်ထဲ ကူးပြောင်းသွားတဲ့နေ့မှာဘဲ ဦးနှောက်မရှိတဲ့
အရံအမျိုးသမီးဇာတ်ကောင်က မူလအမျိုးသမီး ဇာတ်လိုက် စုန့်ယီရန်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးဖို့
အကြံအဖန်တစ်ခုကို ဖန်တီးလိုက်သည်။
သူ(မ)က စုန့်ယီရန်ကို စက်ရုံက ပွက်ပွက်ဆူလောင်နေတဲ့ လူအိုကြီးတစ်ယောက်နဲ့
ညစ်ညမ်းအောင် ကြံစည်လိုက်ပေမယ့် နောက်ဆုံးမှာတော့ အချိန်မှီဘဲ ဇာတ်လိုက် လုဟန်ကျွင်းဆီကနေ
ဖျက်စီးခံလိုက်ရသည်။
သို့ပေမယ့် ဒီလှုပ်ရှားမှုက သေချာပေါက်ကို ကျားခေါင်းက အမွှေးကို
သွားနှုတ်လိုက်တာနဲ့တူသည်။ လုဟန်ကျွင်းက အမျိုးသမီးတွဲဖက်ကို ဒေါသထွက်ထွက်နဲ့ လေးကြိမ်ပါးရိုက်ခဲ့သည်။
အရမ်းကြမ်းတဲ့အတွက် သူမသတိလစ်သွားပြီး သူမသတိလစ်နေတဲ့အချိန် မုန့်ယန် ကူးပြောင်းလာခဲ့သည်။
မုန့်ယန်ကို ပိုးပန်းနေတဲ့ စွေ့ကျစ်မင်လည်း အဲ့ဒီတုန်းကရှိနေခဲ့သည်။
သူသဘောကျတဲ့လူ အနိုင်ကျင့်ခံနေရတာကို သည်းမခံနိုင်ပါချေ။ အဲ့ဒီအချိန် သူ အရမ်းဒေါသထွက်သွားပြီး
နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက် နှစ်ယောက်လုံးဆေးရုံသွားကြရတော့သည်။
ဒီဖြစ်ရပ်ကို အဝတ်အစားစက်ရုံက လူတိုင်းသိကြပေမယ့် အခြားပုံစံတစ်မျိုးက
ပြန့်နှံ့ထွက်လာသည်။
ကောလဟာလကတော့ မုန့်ယန်ကို ရဖို့ ယောက်ျားနှစ်ယောက်က သဝန်တိုပြီး
ရန်ဖြစ်ကြပေမယ့် နှစ်ယောက်လုံး ရှုံးသွားကြသည်ပင်။
တိုက်ပွဲမှာ စွေ့ကျစ်မင်က လုဟန်ကျွင်းကို အနိုင်ရသွားတဲ့အတွက် မုန့်ယန်က
စွေ့ကျစ်မင်နဲ့ "သက်ဆိုင်တယ်" လို့ လူတိုင်း လက်ခံလိုက်ကြသည်။
ဇာတ်ကြောင်းအရ ဘာမှမဖြစ်ဘူးဆိုရင် အမျိုးသားဇာတ်လိုက် လုယန်ကျွင်းနဲ့
အရံဇာတ်ကောင် စွေ့မင်ကျစ်တို့ရဲ့ ပူးပေါင်းထားတဲ့အစီအစဉ်အောက်မှာ မုန့်ယန်က စွေ့မင်ကျစ်နဲ့ လက်ထပ်ရလိမ့်မည်ဖြစ်ပြီး
သေတာထက်ဆိုးပြီး ဝမ်းနည်းစရာကောင်းတဲ့ဘဝမှာ နေရလိမ့်မည်။
နောက်လာမယ့် ဇာတ်ကြောင်းကို စဉ်းစားရင်း မုန့်ယန်က စွေ့ကျစ်မင်ကို
ရှောင်နေလိုက်ပြီး နှစ်ယောက်သား သုံးရက်လောက် မတွေ့ခဲ့ကြပေ။
" ငါ မလာဘူး " တွန်းလှည်းကို တင်းတင်းကိုင်ရင်း မုန့်ယန်က
ပတ်ပတ်လည်ကို နိုးနိုးကြားကြားကြည့်လိုက်ပြီး ထောင့်ချိုးတစ်ခုထဲ ကွေ့ဝင်လိုက်သည်။
တွန်းလှည်းကို နောက်ဖေးလမ်းနဲ့ လမ်းကြားတွေထဲ တွန်းနေတုန်း စွေ့ကျစ်မင်က
သူ(မ)ကို နှစ်လှမ်းသုံးလှမ်းလေးနဲ့ ဖမ်းမိသွားပြီး တွန်းလှည်းကို စ တားလာသည်။
မုန့်ယန်က အလျင်လိုစွာနဲ့ ပြောခဲ့သည်။ " ငါ့ကိုပြန်ပေး။ ငါ့ဘာသာတွန်းနိုင်တယ်
"
စွေ့မင်ကျစ် သူ့စက်ဘီးကိုတောင် မယူတော့ဘဲ မုန့်ယန်လက်ထဲက လှည်းကို
ဆွဲယူလိုက်ပြီး ခြံဝင်းဆီ တွန်းသွားလိုက်သည်။
"မင်း တွန်းလို့နိုင်တာ ကိုယ်သိတယ်။ ဒါပေမယ့် ကိုယ်က မင်းအတွက်
တွန်းပေးချင်လို့လေ "
ဒီခွေးလိုလူက သူ့လုပ်ရပ်နဲ့စကားတွေအတွက် ဘယ်တော့မှ အကျိုးအကြောင်း
မသင့်နေဘဲ အခုက ပိုတောင်ဆိုးသေးသည်။
မုန့်ယန် သူ့ကိုမဖမ်းနိုင်တော့ သူ့နောက်ကနေဘဲ တစ်လှမ်းချင်း လိုက်သွားလိုက်ပြီး
တစ်လမ်းလုံး တိတ်တိတ်ဘဲနေကာ သူဘာပြောပြော သူ့ကိုပေး မေးနေလိုက်ရင်း ဘာစကားမှမပြောပေ။
ခြောက်ကပ်ကပ် စကားပြောပြီး ဘာမှပြန်မဖြေတော့ စွေ့ကျစ်မင် မျက်မှောင်ကြုပ်ပြီး
သူ့မျက်နှာကိုကြည့်လိုက်ကာ ပြောခဲ့သည်။
" ဒီ တနင်္ဂနွေနေ့မှာ အစိုးရပိုင် စားသောက်ဆိုင်မှာ ကိုယ်သွားစားမယ်။ ညနေခြောက်နာရီ မနောက်ကျစေနဲ့ "
ဒီစကားကိုကြားပြီးတော့ မုန့်ယန်က နောက်ဆုံ စကားပြောခဲ့သည်။
" ငါသွားမှာမဟုတ်ဘူး "
စွေ့ကျစ်မင်က ပျက်ရယ်ပြုတဲ့ မျက်လုံးတွေနဲ့ အဲ့ဒါကို ကျော်သွားလိုက်ပြီး
ပြောခဲ့သည်။ "လုဟန်ကျွင်းက မင်းကို ဖိတ်ထားလို့လား
မင်း မသွားချင်ဘူးလား "
ဘယ်သူက နင့်ကို နာခံနေလို့လဲ။