၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂
မုန့်ယန် စိတ်မရှည်တာကို ထိန်းပြီးမေးလိုက်သည်။ " ဘာလို့ သူ
ငါ့ကို လာမပြောတာလဲ "
လုဟန်ကျွင်းက သူမကို ညစာစားဖို့ ဖိတ်ထားတယ်ပေါ့လေ? သူကအခု သူမကို
လည်ပင်းညစ်သတ်ချင်နေတာ မဟုတ်ဘူးလား?
အမျိုးသားက ဖြည်းဖြည်းနဲ့ ပျင်းပျင်းရိရိပြောခဲ့သည်။ " ကိုယ့်ပါးစပ်ကို
ဖွင့်လိုက်မိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို မက်ဆေ့ပို့ပါ "
မုန့်ယန် သရော်လိုက်ပြီး ပြန်မေးလိုက်သည်။ " သူ ရှင်နဲ့တိုက်ခိုက်ရဲတယ်
ဆိုတော့ သူက ကျွန်မကို စကားပြောဖို့ ရှက်နေတာလား "
"ရှောင်ကျွေ့ ဘယ်တုန်းက စကားကောင်းကောင်းပြောတတ်သွားတာလဲ
" စွေ့မင်ကျစ်က သူမရဲ့ လျှာစောင်းထက်တာကို အံ့ဩသွားပြီး ပြုံးလိုက်ကာ သူမရဲ့ပါးကို
ညစ်ချင်သွားသည်။
မုန့်ယန်ဘေး လှည့်လိုက်ပြီး ခြေလှမ်းနည်းနည်းနဲ့ကျန်ခဲ့လိုက်ကာ
ပြောခဲ့သည်။
" ဒီညစာကို နင်မစားလည်း
ကိစ္စမရှိပါဘူး။ ငါ သူ့ကိုခွင့်လွှတ်လိုက်မယ် "
" အခု မင်း အရမ်းကို ဆိုးလာတာ ကိုယ်သတိထားမိတယ်"
စွေ့မင်ကျစ်က သူမကို ဒီလိုမျိုး မလွှတ်လိုက်နိုင်တာကြောင့် သူလှည်းကို
ရပ်လိုက်ကာ သူမကို အလွယ်ဘဲ နှစ်လှမ်းသုံးလှမ်းနဲ့ ဖမ်းလိုက်ပြီးနောက် ရုတ်တရက် သူမ
လက်မောင်းကို ဆွဲဖို့ လက်ဆန့်ထုတ်လာပြီး သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းလိုက်ကာ သူမဘယ်လောက်ဘဲ
ရုန်းရုန်း သူက တုတ်တုတ်မလှုပ်ပေ။
" လာမယ့် တနင်္ဂနွေ State-run ဟိုတယ်မှာ၊ မင်း မလာဘူးဆိုရင်
ကိုယ် မင်း အိမ်ကိုသွားပြီး လူကိုယ်တိုင် သယ်သွားမယ် "
မုန့်ယန် ခေါင်းမော့လိုက်ကာ သူမရဲ့ လှပတဲ့မျက်လုံးတွေနဲ့ဒေါသထွက်စွာ
စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
သူမ ဒေါသထွက်တာရှားသည်။ သူမရဲ့ နူးညံ့ပြီး ချိုမြိန်တဲ့ ပါးတွေက
နီရဲလာပြီး သူ့နှလုံးသားကို ကွဲကြေစေတဲ့ ပန်းခြံထဲက ပွင့်လန်းနေတဲ့ နှင်းဆီရိုင်းတွေကို
ရှင်းမပြနိုင်လောက်အောင် သတိရသွားစေသည်။
လမ်းကြားအပြင်က အသံက မုန့်ယန်ကို ကယ်တင်လိုက်သည်။
အသီးအရွက်ပုံးတွေကို ကိုင်ထားတဲ့ ညီအစ်မနှစ်ယောက်က လမ်းကြားထဲကို
စကားပြောရင်းဝင်လာသည်။ သူတို့ထဲကတစ်ယောက်က မေ့လင်းဖြစ်ပြီး အိမ်နီးနားချင်းရဲ့ ချွေးမဖြစ်သည်။
" မုန့်ယန်၊ ကျစ်မင် နင်တို့နှစ်ယောက် ဒီမှာဘာလုပ်နေတာလဲ?"
စစ်ဆေးနေတဲ့မျက်လုံးတွေက အကြိမ်နည်းနည်းလောက်ဖြတ်သွားသည်။
စွေ့ကျစ်မင် ချုပ်ထားတာကနေ မုန့်ယန် လွတ်သွားပြီးနောက် သူမ ဒေါသကို
ထိန်းလိုက်ကာပြောလိုက်သည်။
"အစ်မ မေ့လင်း၊ ညီမ မီးသွေးဆွဲနေတာ "
ပြောပြီးပြီးချင်း စွေ့ကျစ်မင်က ရပ်ထားတဲ့လှည်းကို ဟန်ဆောင်တွန်းလိုက်ပြီး
ပြောခဲ့သည်။ " အစ်မ မေ့လင်း ကျွန်တော်က သူ့ကို ကူဆွဲပေးနေတာပါ "
ဇနီးသည် မေ့လင်းက ပါးစပ်အုပ်ပြီး ပြုံးလိုက်ကာ အထဲကို လျှောက်သွားလိုက်သည်။
" အိုး အိုးအိုးအိုး ရှောင်စွေ့မင်းက အရမ်းစိတ်အားထက်သန်တာပဲ "
စွေ့ကျစ်မင်က မုန့်ယန်ကို မီးသွေး ကူဆွဲပေးတာ လာကြည့်ကြတဲ့ အိမ်နီးချင်းအများအပြားက
သူ့ကို နွေးထွေးပြီး လူကောင်းလေးလို့ ချီးကျူးကြသည်။
စွေ့ကျစ်မင်က ချီးကျူးစကားတိုင်ကို လက်ခံလိုက်ပြီး ပြောခဲ့သည်။
" ကောင်းပါပြီ။ ကျွန်တော်တို့က စက်ရုံတူတူက လုပ်ဖော်ကိုင်ဖက်တွေလေ၊ ဒါပေါ့ ကျွန်တော်တို့က
အချင်းချင်းကူညီရမယ်လေ! "
ကြည့်ပါဦး ဒီသရုပ်ဆောင်စကေးက သရုပ်ဆောင်အဖွဲ့ထဲ မဝင်ဘဲနဲ့ ဒရမ်မာထဲမှာ
သရုပ်ဆောင်ဖို့ မလုံလောက်ဘူး။
လမ်းကြားထဲမှာ ဘယ်သူမှ မရှိတော့တဲ့အခါ စွေ့ကျစ်မင်ရဲ့ မျက်လုံးတွေက
မှိန်သွားပြီး သူမကို မေးခဲ့သည်။ " ကိုယ်တို့သွားမှာလား မသွားဘူးလား "
မုန့်ယန် လေသံက အခိုင်အမာနဲ့ ပြောခဲ့သည်။ " ငါသွားမှာမဟုတ်ဘူး
"
သူမ ပြောပြီးပြီးချင်း ၂၀ကစ်တီရှိတဲ့ မီးသွေးတွေက သူ့ဆီကနေ မြေပြင်ပေါ်
ပစ်ချခံလိုက်ရသည်။
နေ့လည်တုန်းက မိုးသည်းထားပြီး လမ်းမှာ ရွဲရွဲစိုနေသည်။ ဒီလမ်းကြားက
မြောက်ဘက်က မှောင်တဲ့နေရာဖြစ်ပြီးတော့ နေလည်းမထိပေ။ မြေပြင်ပေါ်မှာ ဗွက်အိုင်တွေက ဟိုတစ်ကွက်
ဒီတစ်ကွက်ရှိနေသည်။မီးသွေးတွေ သွန်ချချခံလိုက်ရတဲ့အခါ မြေပြင်ပေါ်မှာ အကုန်လုံးပြန့်ကြဲသွားပြီး
အမည်းရောင်ပြာတွေက ရေနဲ့အတူ မျောသွားကာ အမည်းရောင်ဖြစ်သွားစေသည်။
မုန့်ယန်ရဲ့သွေးကြောတွေ တဆစ်ဆစ်ဖြစ်သွားပြီး ပြောခဲ့သည်။
" နင် နေမကောင်းဘူးလား "
ရုတ်တရက် အသက်ကြီးကြီးအဒေါ်တစ်ယောက်ရောက်လာပြီး လမ်းကြားရှေ့ကနေ
အော်ဟစ်လာသည်။ " အိုး ဘယ်လိုလုပ် ဒီလိုဖြစ်နေကြတာလဲ"
စွေ့ကျစ်မင်က အပြုံးနဲ့ပြောလိုက်သည်။ " ကျွန်တော်တောင်းပန်ပါတယ်
အဒေါ် လမ်းက အရမ်းဆိုးပြီးမြေပြင်ကလည်း အရမ်းချောနေတော့ ကျွန်တော်ရုတ်တရက် ချော်လဲသွားလို့ပါ"
ပြုံးနေတဲ့အမျိုးသားကို မထိခိုက်စေဘဲ လက်လှမ်းလိုက်ပြီး အမျိုးသားရဲ့အပြုံးနဲ့
တောင်းပန်နေတဲ့ ကြည့်ကောင်းတဲ့မျက်နှာက အသက်ကြီးကြီးအဒေါ်ကြီးရဲ့ ထွက်ခါနီး ဒေါသကို
အံ့ဩစရာကောင်းလောက်အောင် လွှင့်သွားစေသည်။
" အိုး အဲ့ဒါကို သန့်ရှင်းဖို့လိုနေပြီ။ မဟုတ်လို့ရှိရင် လူတွေချော်လဲ
လိမ့်မယ် "
စွေ့ကျစ်မင်က ပြုံးလိုက်ပြီး ပြောခဲ့သည်။ " မပူပါနဲ့ အဒေါ်၊ အဲ့ဒါကို သေချာပေါက် သန့်ရှင်းအောင်
သုတ်လိုက်ပါ့မယ် "
သူက မုန့်ယန်ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ " ရဲဘော်မုန့်ယန်
သန့်ရှင်းလိုက်ပါ "
မုန့်ယန် စိတ်ထဲ မရေတွက်နိုင်တဲ့ သူ့ကိုရိုက်နေတဲ့ပုံတွေ ထွက်လာပေမယ့်
အဆုံးမှာတော့ သူမ ဘာမှမလုပ်တော့ဘဲ အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်ထွက်ခဲ့လိုက်သည်။
" မင်း ဘယ်သွားမလို့လဲ " ဒါပေါ့ စွေ့ကျစ်မင် သူမကို ဘယ်ပေးသွားပါ့မလဲ။
မုန့်ယန် ဒေါသထိန်းလိုက်ပြီး ပြောခဲ့သည်။ " နင် ငါ့ကို ရှင်းဖို့မပြောခဲ့ဘူးလား။
တံမြက်စည်း သွားပြန်မယူဘဲနဲ့ ဘယ်လိုရှင်းမှာလဲ "
စွေ့ကျစ်မင် စကားပြောတဲ့အချိန် ပြုံးနေခဲ့သည်။" တံမျက်စည်းမရှိဘဲနဲ့
မင်း မလုပ်တတ်ဘူးလား။ မင်းမှာလက်တွေမရှိဘူးလား "
ဒီလိုဇာတ်ကြောင်းတွေက မူလစာထဲမှာ မရေမတွက်နိုင်အောင် ဖော်ပြထားခဲ့တာကြောင့်
မုန့်ယန်ရဲ့သွေးကြောတွေ တဆစ်ဆစ်ဖြစ်လာသည်။
"...နင် အရမ်းလွန်လွန်းတယ်..."
သူက ရူးသလိုရီလိုက်ပြီး ပြောခဲ့သည်။ " တကယ်လား။ ကိုယ်ကတော့
ကောင်းတယ်လို့ထင်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က နာခံမယ်ဆိုရင်တော့ ကိုယ် ကူညီပေးရင်
ကူညီပေးမှာ "
စွေ့ကျစ်မင်က အရမ်း ရက်စက်တတ်တဲ့ လူမျိုးဖြစ်ပြီး တစ်ခုခုကို သူ
လိုလိုလားလား မလုပ်ချင်သရွေ့ သူကသင့်ကို အသီးကောင်းကောင်း ပေးမှာမဟုတ်ဘူး။
အပြင်ဘက်မှာ သူက မင်းကိုကြိုက်တယ်လို့
ပြောနေရင်တောင်မှ အမှန်တရားကတော့ ကြိုက်တာမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်တာပင်။
ဆိုလိုတာကတော့ သင်ဟာသူ့ကို ကောင်းကောင်းဆိုးဆိုး နောင်တမရဘဲ ချစ်ရမယ်။
ငါ့စကားဘဲ နားထောင်ရမယ်ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ဖြစ်သည်။
မုန့်ယန်မီးသွေးတစ်ခဲ ကောက်လိုက်တဲ့အခါ စွေ့ကျစ်မင်က တစ်ပိုင်းကိုကန်ထုတ်လိုက်သည်။
မပြီးခင်အထိ သူမဘယ်လိုလုပ် အိမ်ပြန်ရောက်သွားလဲဆိုတာ မမှတ်မိတော့ပေ။
အရှုပ်တွေကြားထဲက သူ့သမီးကိုကြည့်ရင်း ကျန်းမေ့ တုန်လှုပ်ပြီးရင်း
တုန်လှုပ်သွားရသည်။ မေးခွန်းထုတ်ကြည့်ပြီးတဲ့နောက်မှာ ဒါက စွေ့ကျစ်မင်ရဲ့ ထပ်ပြီးယုတ်ညံ့မှုဖြစ်ကြောင်း
သူမ သိလိုက်ရပြီး သူမ ဒေါကအရမ်းထွက်လာကာ မီးဖိုချောင်ထဲက ဓားကိုယူလိုက်ပြီး သူ့ကို နုတ်နုတ်စင်းဖို့ ထွက်သွားတော့သည်။
စွေ့ ကျစ်မင်ကို သတ်မိရုံသာမက အဲ့ဒီအစား သူ့ကိုယ်သူသာ သတ်မိသွားမယ့်အတွက်
မုန့်ယန် ရွေးချယ်စရာမရှိဘဲ ကျန်းမေ့ရဲ့ ကိုယ်လုံးကို
အနောက်ဘက်ကနေ ဆွဲထားလိုက်ရသည်။
မုန့်မိသားစုတွင် ကလေးလေးယောက်ရှိသည်။ မုန့်ယန်က အကြီးဆုံး အစ်မဖြစ်ပြီး
မောင်နှစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။
ဒုတိယမောင် အငယ် မုန့်ယုက တစ်သီးတသန့် နေတတ်တဲ့စရိုက်နဲ့ သည်းညည်းခံတတ်သော
ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးဖြစ်သည်။
တတိယမောင် အငယ် မုန့်လေ့က ဆယ့်သုံးနှစ်အရွယ်ကောင်လေးဖြစ်သည်။ သူက
ဒေါသကြီးပြီး လောင်ကျွမ်းနေတဲ့ ဓာတ်ငွေ့ကန်ကြီးဖြစ်သည်။ သူ့အစ်မကြီးက ယောက်ျားတစ်ယောက်ဆီကနေ
အနိုင်ကျင့်ခံရတယ်လို့ ကြားတဲ့အခါ သူက သူ့အမေထက်တောင်ပိုပြီးတော့ စိတ်ထက်သန်နေသည်။
မုန့်ဖေးကတော့ မိသားစုထဲမှာ လေးယောက်မြောက်အကြီးဆုံးဖြစ်ပြီး အသက်ငါးနှစ်အရွယ်မှာ သူမက စဉ်းစားတွေးခေါ်တတ်နေပြီဖြစ်ပြီး
သူမရဲ့အသက်နဲ့မလိုက် သဘောထားကြီးသည်။
" ကိုကို စိတ်မတိုနဲ့။ ကိုကို အသီးတွေစား " ဖေးဖေးက ဒီနေ့
ကလေးထိန်းက တတိယအစ်ကိုကို ပေးတဲ့ ရွှေသဖန်းသီးလေးကို ပေးရင်း သူထပ်ပြီး စိတ်မတိုဖို့ မျှော်လင့်လိုက်တယ်။
မုန့်လေ့က ဆက်ပြီးစိတ်တိုနေပေမယ့် ရွှေသဖန်းသီးကို ခွာပြီးစားလိုက်သည်။
အဲ့ဒါက ချဉ်လွန်းလို့ သူ့သွားတွေပါ တကျိကျိဖြစ်သွားသည်။
မကြာခင် မုန့်ကျန့်ကော် အလုပ်ကနေ ခွင့်ယူပြီး အိမ်ပြန်လာတဲ့အခါ
စွေ့ကျစ်မင်က သူ့သမီးကို ထပ်ပြီး အပြစ်ရှာဖို့လုပ်တာကို ကြားပြီး သူ့ဆံပင်တွေက စိုးရိမ်မှုကြောင့်
မီးခိုးရောင် ပြောင်းသွားရသည်။
မုန့်ယန်အဖေ မုန့်ကျန့်ကော်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ဆင့်ပွား
စက်မှုလက်မှု ကျောင်းသား ဖြစ်ခဲ့သည်။
အဲ့ဒီခေတ်တုန်းက ဆင့်ပွား စက်မှုလက်မှု ကျောင်းသားတွေဟာ အထင်ကြီးစရာကောင်းသည်။
သူ့ရဲ့ အကယ်ဒမီ အဆင့်မှီ အရည်အချင်းတွေက သူစစ်စတန်ထဲဝင်ရောက်ပြီး တာဝန်ယူနိုင်သရွေ့
တိုးတက်ဖို့အတွက် သူ့မှာ အခွင့်အရေးတွေအများကြီးရှိသည်။
နှစ်နှစ်ဆယ်လောက် အတူတူအလုပ်လုပ်ပြီးတဲ့နောက်
သူဟာ သူကိုယ်တိုင်အတွက် နာမည်တစ်ခုမယူခဲ့ချေ။မိသားစုက ကလေးတွေ မြေကြီးပေါ် တစ်ယောက်ပြီးတစ်ယောက်
ကျတာကို ကြည့်ရင်း မြက်ပင်ထိပ်ဖျားအဆင့်လောက်နဲ့ မစို့မပို့လုပ်အားခက ကလေးလေးယောက်အတွက်
သုံးနေရတာ ဖြည်းဖြည်းချင်းမတတ်နိုင်တော့ချေ။
သူက သူ့ဆန္ဒအလျောက် အလုပ်ကနေထွက်ပြီး စတီးလိပ်တဲ့စက်ရုံမှာ ကျွမ်းကျင်အလုပ်သမားအဖြစ်
ဝင်ဖို့မေးခဲ့သည်။
ဒါက ကြုံတောင့်ကြုံခဲ ဖြစ်တဲ့အရာမဟုတ်ချေ။ ၁၉၇၀ ခုနှစ်မှာ၊ စက်မှုလုပ်တဲ့လူတွေက
ရုံးတွေမှာထိုင်လုပ်ရတဲ့လူတွေက် ပိုပြီးကျော်ကြားလာသည်။ ဒါ့အပြင်၊ မုန့်ကျန့်ကော်က
ဆင့်ပွားစက်မှုလက်မှုကျောင်းမှာ မက္ကင်းနစ်ပညာရပ်ကို သင်ခဲ့တာဖြစ်သည်။
သာမာန်အားဖြင့်၊ ဒီအချိန်က စက်ရုံမှာ နေရာယူဖို့သူ့အတွက် အချိန်ဖြစ်ပေမယ့်
နှမြောစရာကောင်းတာက သူကျောင်းမှာ သင်ခဲ့တဲ့ ကျွမ်းကျင်မှုတွေကို မေ့ကုန်တာဖြစ်သည်။
အခုတော့ မုန့်ကျန့်ကော်က အလုပ်သင်နဲ့ မကွာတော့ဘဲ လစာကလည်း မြက်ပင်ထိပ်ဖျား
အလုပ်သမားတွေထက် နည်းနည်းပိုရုံလောက်ဘဲ ဖြစ်သည်။
ထပ်ပါင်းပြောရရင် မုန့်ကျန့်ကော်က ရိုးသားတဲ့လူတစ်ယောက်ဟု တစ်ခြံဝင်းလုံးက
အသိအမှတ်ပြုထားတာဖြစ်သည်။ သူလုပ်ခဲ့တဲ့ အရူးမိုက်ဆုံးအရာကတော့ စက်ရုံမန်နေဂျာအိမ်က
ကြောင်ဝကြီးကို ကယ်ဖို့ ရေထဲခုန်ချခဲ့တာပင်။ သူမှာ စွေ့ကျစ်မင်လိုမျိုး ရိုင်းစိုင်းတဲ့လူတွေကို
ကိုင်တွယ်ဖို့ အမှန်တကယ် နည်းလမ်းမရှိပေ။
သတ္တိနည်းတဲ့ အဖေ အိမ်ပြန်လာပြီးနောက်မှာ သူက အပြာရောင် အဝတ်အိတ်ထဲကနေ
သတင်းစာနဲ့ သုံးထပ်လောက် ထုတ်ထားတဲ့ ရတနာတစ်ခုကို ဂရုတစိုက်ထုတ်လိုက်သည်။
--အဲ့ဒါကတော့ မောင့်ထိုင် ပုလင်းပဲ ဖြစ်သည်။
"အိုး ဒီအဖိုးတန်တဲ့ရွှေက ဘယ်ကလာတာလဲ " ကျန်းမေ့ရဲ့မျက်လုံးတွေကဖြောင့်တန်းနေပြီး
မရေမတွက်နိုင်တဲ့အတွေးတွေက သူမစိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။