အပိုင်း ၃
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၃

 

 

 

 

 

 

မုန့်ကျန့်ကော်ရဲ့ မျက်လုံးတွေက ဟိုဟိုသည်သည်လှည့်သွားပြီး သူ့ပါးစပ်ကိုအုပ်လို့ ချောင်းဟန့်ကာ ပြောခဲ့သည်။  " ဒါရိုက်တာကော၊ အရင်တစ်‌ခေါက်က စစ်တပ်အရာရှိနဲ့ ငါတို့ကို မိတ်ဆက်ပေးဖို့ မင်းပဲ မပြောခဲ့ဘူးလား..."

 

 

အဲ့ဒီအကြောင်းပြောပြီးတော့ သူရဲ့ယုံကြည်မှုတွေတဖြည်းဖြည်း လျော့သွားသည်။ သူမ ဒါကိုကြားပြီးပြီးချင်း ကျန်းမေ့က ချက်ချင်းအော်ပြောလာသည်။

 

 

" အိုး ရှင် ရှင် ရှင် ကျွန်းက ကျွန်မတို့အတွက် သွားဖို့ အရမ်းဝေးတယ်လို့ ရှင် မပြောခဲ့ဘူးလား၊ ရှင်ဘာလို့ ဝိုင်ကောင်းကို လက်မခံခဲ့တာလဲ "

 

 

ကျန်းမေ့ စဉ်းစားလိုက်သည် - ဒီလူအိုကြီးမုန့် သူ့သမီးကိုတော့ မရောင်းစားလောက်ပါဘူး ဟုတ်တယ်မဟုတ်လား ?!

 

 

ဒါပေမယ့် မုန့်ယန်ကြားလိုက်တာက ‌ကျွန်း? စစ်တပ်အရာရှိ?

 

 

လွန်ခဲ့တဲ့အပတ်၊ စတီးလိပ်စက်ရုံက ဒါရိုက်တာကောက မုန့်ကျန့်ကောရဲ့ အကြီးဆုံးသမီးကို သူမမှာတွဲဖက်ရှိလား မေးလာသည်။ သူ့မှာ စစ်တပ်ထဲက အရာရှိအ‌လောင်းအလျာတစ်ယောက်နဲ့  သူမကို မိတ်ဆက်ပေးချင်တယ်လို့ပြောလာသည်။

 

 

သူက စစ်တပ်ထဲက အရာရှိလောင်းလို့ မုန့်ကျန့်ကြားတော့ သူကချက်ချင်းဘဲ အလွယ်တကူလက်ခံလိုက်သည်။ အိမ်ပြန်ရောက်လာတဲ့နောက်မှာ၊ သူ့မိန်းမကို ပျော်ပျော်ကြီးပြောပြလိုက်သည်။

 

 

 " မေ့မေ့၊ ကိုယ်တို့သမီးအတွက် စစ်တပ်ထဲကရဲဘော်ရဲဘက်တစ်ယောက်ကိုယ် ငှားခဲ့တယ်။ သူက နှစ်ဆယ့်ခြောက်နှစ်ဘဲရှိသေးတယ်။ သူက ဘယ်လိုအရာရဲ့အကြီးအကဲမျိုးလဲ? အရာရှိတွေအနေနဲ့ သူကငယ်ရွယ်ပြီးတော့အလားအလာ‌ ကောင်းတယ်!"

 

 

သူမက နေ‌ရာကိုမေးတဲ့အခါ ကျန်းမေ့ စပြီးစိတ်တိုလာပြီး ပြောခဲ့သည်။  " ဖေ့လန်ကျွန်းက ဘယ်မှာရှိလဲဆိုတာ ရှင်သိလို့လား?အဲ့ဒါက ကျွန်းရဲ့ နယ်စပ်ကာကွယ်ရေးတပ်ရှင့်! ရှင့်ရဲ့ ပညာတွေကို ကျေးဇူးတင်လိုက်ဦး၊ အဲ့ဒီကျွန်းက ကျွန်မတို့ပြည်နယ်ကနေ တရုတ်နိုင်ငံတစ်ဝက်ကျော်လောက်ဝေးတယ်။ ရှင့်သမီးကို လက်ထပ်ပေးတာလား ရောင်းနေတာလား? ကျွန်မ ပြောမယ်၊ ဒီလိုကောင်းတဲ့အရာလုပ်ဖို့ ဒါက ရှင့်အလှည့်လား? တော်လိုက်! အဲ့ဒါကို လက်မခံနဲ့! "

 

 

သူဒါကိုကြားတဲ့အခါ မုန့်ကျန့်ကော် ချက်ချင်းနောက်တွန့်သွားသည်။ သူက အသုံးမဝင်တဲ့ အဖေဖြစ်နေပေမယ့်လည်း ကလေးတွေကို ကြင်နာပီးတော့ ဉာဏ်ကောင်းပြီး လိမ္မာတဲ့ အကြီးဆုံးသမီးက သူ့ရဲ့ရတနာလေးပင်။

 

 

 အဖေနဲ့ သမီးက မိုင်ပေါင်းတစ်ထောင်လောက် တကွဲတပြားစီ ဖြစ်နေတယ်လို့ စဉ်းစားလိုက်တာနဲ့ သူခဏလောက် ဆုံးဖြတ်ချက် ပြောင်းသွားရသည်။

 

 

ဒါပေမယ့်လည်း သူက ဒါရိုက်တာကောကို သဘောတူထားပြီးပြီးဖြစ်တော့ အခု သူဘယ်လို ငြင်းသင့်တော့မှာလဲ? နောက်ဆုံး၊ အဲ့ဒီအကြောင်းကိုစဉ်းစားပြီးတော့ သူ့မျက်နှာကို သူအဖက် ပြန်မဆယ်နိုင်တော့ဘူး။ ဒီတော့ ငါသေဖို့ဘဲ ဟန်ဆောင်လိုက်တော့မယ်။

 

 

စက်ရုံမန်နေဂျာ ကောက အကြာကြီးစောင့်နေပေမယ့် မုန့်ကျန့်ကော်ဆီကနေ ဘာမှမကြားခဲ့ရပေ။ သူက အရမ်းကောင်းတဲ့လူဖြစ်တော့ မုန့်ကျန့်ကော် ဘာကိုဆိုလိုလဲဆိုတာကို ကြည့်ဖို့ သူကတော့ အရှုံးမပေးချေ။

 

 

မုန့်ကျန့်ကော် သူ့ကိုယ်သူ နစ်နာတကယ်လို့ ခံစားလိုက်ရပြီး သူ့  ဆံပင်တွေကိုဖွလိုက်ကာ ပြောခဲ့သည်။ " ဒါဆို ကိုယ်ဘယ်လိုငြင်းသင့်လဲ? ဒီ မောင့်ထိုင်က ကိုယ့်လက်ထဲကို တိုက်ရိုက် အတင်းထည့်ပေးလိုက်တာကို။ ကိုယ်ဘယ်လိုလုပ် ပြန်ပေးရဲမှာလဲ..."

 

 

ကျန်းမေ့က ဒေါသ အချောင်း‌ချောင်းထွက်ကာ ပြောခဲ့သည်။ " ရှင်က ငြင်းရမှာ အရမ်း မျက်နှာပူနေတယ်ပေါ့၊ ဒီတော့ ရှင့်သမီးကို ရောင်းလိုက်မယ်ပေါ့? ရှင့်သမီးက မျက်နှာရတာထက် ပိုအရေးမကြီးဘူးလား?

 

 

မုန့်ကျန့်ကော် မပျော်မရွှင်နဲ့ ပြန်ချေပလိုက်သည်။ " ဟေး မင်းဘယ်လိုလုပ် ဒါကိုရောင်းနိုင်ရတာလဲ? မင်းအခုထိ သဘောမတူရသေးဘူး မဟုတ်လား? ကိုယ်က ပြန်ပြီး မိန်းမနဲ့ဆွေးနွေးဦးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် စက်ရုံမန်နေဂျာကလည်း ကိုယ့်ကို သဘောတူဖို့ အတင်းတွန်းအားမပေးပါဘူး"

 

 

"ဟမ့်၊ ရှင်က တခြားသူရဲ့ဝိုင်ကို ယူလာပြီးနေတာ ရှင်လက်ခံခဲ့တာပဲ မဟုတ်ဘူးလား? "

 

 

ကျန်းမေ့ ခါးခါးသီးသီးနဲ့ သူ့နားရွက်ကိုဆွဲလိုက်ကာ ပြောခဲ့သည်။ " အသုံးမကျလိုက်တာ! ဝိုင်အတွက်နဲ့အရှုံးပေးလိုက်တာ ကျွန်မတော့ အရမ်းရှက်တာဘဲ။ ကျွန်မ ဘာလို့ ရှင့်လိုအသုံးမကျတဲ့ လူနဲ့လက်ထပ်ခဲ့မိတာလဲ !"

 

 

ငြင်းခုံနေတဲ့အတောတွင်းမှာ၊ ကလေးအချို့က အထဲမှာ ကောင်းကောင်း တိတ်တိတ်‌လေး စားပြီးစားနေကြသည်။

 

 

ငြင်းခုံလို့ပြီးတဲ့နောက်မှာ အခန်းက တစ်ခဏလောက် တိတ်ဆိတ်သွားသည်။

 

 

သူ့လက်ထဲက မောင့်ထိုင် ပုလင်းကို မုန့်ကျန့်ကော်အတော်ကြာ ကြည့်နေပြီး အချဉ်အရသာက သူ့ပါးစပ်ကနေ လောဘကြောင့် သရေကျလာပြီး နောက်ဆုံးမှာတော့ အဲ့ဒါကို မြင်ကွင်းကနေကွယ်ဖို့ အင်္ကျီအရှည်နဲ့ အုပ်လိုက်သည်။

 

 

" ယန်ယန်၊ အဖေတို့စက်ရုံက လုဟန်ကျွင်းလို့ခေါ်တဲ့ တစ်‌ယောက်က သမီးကို တကယ်စိတ်ဝင်စားနေတာလား"

 

 

ကြည့်ရတာတော့၊ သူလည်း ဒီမဟုတ်တဲ့ကောလဟာလကို ကြားခဲ့ရသည်ထင်သည်။

 

 

ပြုတ်ထားတဲ့ ပေါ့ရွှတ်ရွှတ် မုန်လာထုပ်ကို ဝါးနေရင်း မုန့်ယန် ခေါင်းခါလိုက်ကာ ပြောခဲ့သည်။ "ဟင့်အင်း၊ သူသမီးကို ကြိုက်နေတယ်လို့တော့ သမီးသေချာမသိဘူး။ သူတို့နှစ်ယောက်ကြား တိုက်ခိုက်တာက အစကနေအဆုံးထိ သဘောထားကွဲလွဲနေကြလို့ဘဲ "

 

လုဟန်ကျွင်းက အမျိုသားဇာတ်လိုက်လေ။ အမျိုးသားဇာတ်လိုက်က သူမလို အရံဇာတ်ကောင်လေးကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ။

 

 

အဲ့ဒါက ပျင်းစရာကောင်းနေတာ သာမက သူမကိုသတ်ချင်နေတာဘဲဖြစ်သည်။

 

 

ဒီနေ့ရဲ့ လစာက ပေးချေလိုက်ပြီး ဘန်းမုန့်ဖြူအကြီး‌တွေကို စားရတာကလည်း ရှားသည်။ ကျန်းမေ့ အဲ့ဒါကို လက်ထဲမှာ ကိုင်ထားတဲ့အခါ စားချင်စိတ် ရှိမနေခဲ့ပေ။

 

 

 " ဟန်ကျွင်းက အရပ်မြင့်ပြီး သန်မာတယ်လို့ အမေလည်းထင်တယ် ပြီးတော့ စွေ့ကျစ်မင်နဲ့လည်း တိုက်ခိုက်ရဲသေးတယ်။ သမီးသာ သူနဲ့တွဲမယ်‌ဆို သူသမီးကို ကာကွယ်နိုင်လိမ့်မယ် "

 

 

အမှန်တော့၊ စွေ့ကျစ်မင်က သူတစ်ပါးအပေါ်ယုံမှား သံသယ လွန်ကဲလိမ့်မယ်လို့ မုန့်ဖေဖေနဲ့မေမေက အစတုန်းက မယုံခဲ့ဘူး။ ကလေးက နည်းနည်း ပိန်ပြီး အဆုံးမှာတော့ လူကြီးတွေက သူအသက်ကြီးလာတာကို ကြည့်ခဲ့ရသည်။

 

 

စတီးလိပ်စက်ရုံက Ronaldinho နဲ့ ဖိနပ်စက်ရုံက ရှောင်ကျောက်တို့က သူ့ကြောင့် လက်တုံ့ပြန်တဲ့ ကိစ္စတွေဖြစ်ရတာပင်။

 

 

မနှစ်တုန်းက လီဟွေ့လို့ ခေါ်တဲ့ အတော်အသင့် ဖြောင့်မတ်တဲ့ လူငယ်လေးတစ်ယောက်ရှိခဲ့ပြီး မုန့်ယန်က သူနဲ့ရယ်စရာ ပြောနေတာကြောင့်လေးနဲ့ ရူးနေတဲ့ စွေ့ကျစ်မင်က သူ့ကို မျက်စိကွယ်လုနီးပါး ရိုက်ခဲ့ပြီး သူ့ မိဘတွေက သူ့ကိုကယ်ဖို့ လခနှစ်လစာလောက် ပေးချေလိုက်ရသည်။ ရဲစခန်းမှာ ပြဿနာရှာသည်။

 

 

စွေ့ကျစ်မင်ရဲ့ ကြမ်းတမ်းတဲ့စိတ်က အကြောင်းပြချက်မရှိပေ။ အထက်တန်းအလွှာမှာ အစ်ကိုအကြီးဆုံးနှစ်ယောက်နဲ့ အစ်မနှစ်ယောက် မိသားစုထဲမှာ လူခုနစ်ယောက်ရှိပြီး သူတို့ထဲက ငါးယောက်က အလုပ်အကိုင် အာမခံချက်ရှိပြီး အငယ်ဆုံးက ပျက်စီးပြီး ဥပဒေမဲ့သည်။

 

 

ဂျူနီယာ အထက်တန်းကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် စွေ့ကျစ်မင်က အဝတ်အထည်စက်ရုံမှာ အရည်အသွေးစစ်ဆေးပေးရတဲ့သူအဖြစ် အလုပ်ပေးခြင်းခံရသည်။

 

 

မိသားစုထဲက အခြားငွေရှာသူတွေနဲ့ လမ်းပေါ်တော်လှန်ရေးကော်မတီ  ဒါရိုက်တာရဲ့ မိန်းမနဲ့ ချွေးမတော်တာကိုပါ ထပ်ပေါင်းရင် စွေ့မိသားစုက ပေါင်လင်လမ်းပေါ်မှာ တကယ့်ကို ထကြွနေကြသည်...

 

 

စွေ့ကျစ်မင်ရဲ့ မိသားစုက အခြေအနေကောင်းပေမယ့် ဘယ်လောက်ဘဲ အခြေအနေကောင်းပါစေ ကျန်းမေ့ကတော့ သူမ သမီးကို မီးတွင်းထဲ တွန်းချမှာမဟုတ်ပေ။

 

 

 တကယ်လို့ သူသာမုန့်ယန်ကို မရခဲ့ရင် အဲ့ဒီအစား သူမကို ဖျက်စီးပစ်မယ်လို့ စွေ့ကျစ်မင်ပြောခဲ့တာကို သူတို့ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။

 

 

မုန့်ယန်က သဘောမကျတဲ့အနေနဲ့ ခေါင်းခါကာ ပြောခဲ့သည်။ " တစ်ယောက်ယောက်က သမီးကို စိတ်ဝင်စားရင်တောင်မှ စွေ့ကျစ်မင်က နေ့တိုင်းအိမ်ကိုလာပြီး တိုက်ခိုက်ပြဿနာရှာလိမ့်မယ် "

 

 

ကျန်းမေ့က စဉ်းစဉ်းစားစားနဲ့ ပြောခဲ့သည်။  " ဟုတ်တယ် အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေတာက ပိုကောင်းတယ်။ ငါတို့တွေက ရိုးသားပြီးတော့ အကျိုးအကြောင်းသင့်တဲ့ သာမာန်လူတွေဘဲ။ စွေ့မိသားစုက ပြဿနာကောင်ကိုတော့ငါတို့မတတ်နိုင်ဘူး"

 

 

" အဆင်ပြေပါတယ် အမေ၊ သားကြီးလာတဲ့အခါကျရင် သားအစ်မကို ကာကွယ်ပေးနိုင်တယ် " မုန့်လေ့က အေးစက်နေတဲ့ သခွားသီးချောင်းတွေကိုဝါးရင်း သူမကို နှစ်သိမ့်လိုက်သည်။

 

 

ကျန်းမေ့က ပျော်သွားပေမယ့် စကားမပြောနိုင်ခဲ့ပေ။ "သားကဘယ်တော့ကြီးလာမှာလဲ? ဘယ်အရွယ်မှ ဆင်ခြင်သုံးသပ်တဲ့အရွယ်လဲ? သားအစ်မက အခုအကာအကွယ်လိုနေတာ၊ သား သူ့ကိုကာကွယ်နိုင်လို့လား"

 

 

သူအခု စွေ့ကျစ်မင်ကို မရိုက်နိုင်သေးတဲ့အတွက် မုန့်လေ့က စကားပြောတာရပ်လိုက်သည်။

 

 

" မင်းပြောကြည့် စွေ့မိသားစုက အဲ့ဒီကလေး သူလုပ်ချင်တာ ဘာဘဲဖြစ်ဖြစ် လုပ်ရဲပါ့မလား? သူထောင်ထဲသွားရမှာ မကြောက်ဘူးလား ?" မုန့်ကျန့်ကော်ရဲ့ မျက်ခုံးတွေက ယင်ကောင် ထောင်ချောက်မိပြီးသေနိုင်လောက်အောင် တင်းတင်းကျပ်ကျပ်တွန့်ချိုးသွားသည်။

 

 

"ဟုတ်တယ်၊ သူလာပြီးပြဿနာလာရှာရင် ငါတို့ရဲကို ခေါ်လို့မရဘူးလား? သူ့ကိုပေးသောင်းကျန်းလိုက် " မုန့်ယုက ဒေါသတကြီးနဲ့ပြောလိုက်သည်။

 

 

" ကမ္ဘာပေါ်က အရာအများစုကို ရဲခေါ်လိုက်ရုံနဲ့ မဖြေရှင်းနိုင်ဘူး။ မနှစ်တုန်းက မေ၁ရက်နေ့မှာ ဘာဖြစ်ခဲ့လဲဆိုတာ မေ့သွားပြီလား? နေ့လည်ဘက်မှာ စားပွဲထိုးက သူ့ကို အသားနှစ်ပိုင်းဘဲ ပေးခဲ့တာ‌လေးနဲ့ စွေ့ကျစ်မင်က ဘရိတ်တွေဖြတ်ခဲ့လို့ အခုထိ သူ့ခြေထောက်တွေ မမြှောက်နိုင်တော့ဘူးလေ။ ကောင်းပြီ သူသာ ကလိမ်ကကျစ်လုပ်ခဲ့ရင် နင် သူ့ကို ဖမ်းနိုင်မှာမဟုတ်ဘူး။ သူသာဉာဏ်ကောင်းရင် သူ မလုပ်ရဲလောက်ဘူး။ ဒါပေမယ့် သူသာ ညစ်ပတ်ရင်တော့ သေချာပေါက်လုပ်ရဲလိမ့်မယ် "

 

 

အခန်းက အတော်ကြာတိတ်သွားပြီး သခွားသီးဝါးနေတဲ့အသံဘဲ သီးသန့် ထွက်နေသည်။

 

 

တိတ်နေတုန်း၊ မုန့်ယန်က ရုတ်တရက် တူကိုချလိုက်ပြီး အလေးအနက် ပြောခဲ့သည်။ " အဖေ၊ ဒါရိုက်တာကော မိတ်ဆက်ပေးတဲ့ အရာရှိနဲ့ သမီးကြိုးစားကြည့်ချင်တယ် "

 

 

မုန့်ကျန့်ကော်လည်း တူကို ချလိုက်ပြီး ပြောခဲ့သည်။  " ယန်ယန် အဖေ့ကိုလာမနောက်နေနဲ့ "

 

 

" အိုး!" ကျန်းမေ့ မျက်နှာရ စိုးရိမ်တကြီးနဲ့ နီသွားကာ ပြောခဲ့သည်။

 

 

 "အမေတို့က နင့်အဖေပြောတဲ့ အရာရှိရဲ့ပုံကိုဘဲမြင်ဖူးတာလေ။ ပြီးတော့ သူသာ မထိန်းချုပ်နိုင်ရင် မကောင်းတဲ့လူဘဲ။ အဲ့ဒါက အရမ်းလည်းဝေးလွန်းတယ်။ သမီးလက်ထပ်တဲ့အချိန် သမီးသာ မှားသွားရင် သမီးအမေရဲ့မိသားစုက ကူညီ‌ပေးနိုင်တယ်။ သမီးကို မချန်ထားနိုင်ဘူး!"

 

ဝေးလံတဲ့တောင်ဘက်ဆီ သူတို့အစ်မ လက်မထပ်သွားဖို့မျှော်လင့်ရင်း မောင်တွေနဲ့ ညီမတွေက အားလုံး မုန့်ယန်ကိုကြည့်လာကြသည်။

 

 

မုန့်ယန်က ပြုံးပြီး ပြောခဲ့သည်။ " သူအရာရှိ နေရာမှာ ထိုင်နိုင်တယ်ဆိုကတည်းက နိုင်ငံက သမီးတို့ကို ကြိုတင်ပြီး အကာအကွယ်ပေးထားတယ်လို့ ဆိုလိုတာဘဲလေ။အနည်းဆုံးတော့ စွေ့ကျစ်မင်လိုမျိုး သူက သမီးတို့တစ်မိသားစုလုံးကို မသတ်နိုင်ဘူး ဟုတ်တယ်မလား?"

 

 

"အဲ့ဒါမှန်တယ်....."