အပိုင်း ၄
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၄

 

 

 

 

 

ဒီမတိုင်ခင်က အခြေအနေတွေကို သူမ မသိခဲ့တုန်းက ကျန်းမေ့က သူ့သမီးကို ယောက်ျားတစ်ယောက်က လုသွားမှာကို လုံးလုံးလျားလျား ပျော်နေခဲ့သည်။

 

 

သူမ သမီးက ချိုမြိန်တဲ့အစာသွပ်မုန့်လို့ စဉ်းစားမိလိုက်ချိန် ဒီချိုမြိန်တဲ့ အစာသွပ်မုန့်လေးက မင်းသားဆီကနေ လုယူခံရမယ်လို့ ဘယ်သူထင်မိမှာလဲ? ဒါပေမယ့် အခု အရိုင်းအစိုင်း တောကောင်ကြီးတဲ့လေ!"

 

 

"ဒါ့အပြင် အရာရှိတွေရဲ့အခြေအနေ‌တွေကလည်း ကောင်းပြီးတော့ သူတို့က စစ်တပ်နဲ့လည်း ဆက်စပ်နေတယ်။ သမီး ထွက်သွားတာတောင်မှ စွေ့ကျစ်မင် ပြဿနာရှာဖို့ လုပ်ရဲမှာမဟုတ်ဘူး။ ဒါကတော့ ဒီအချိန်မှာ သမီးစဉ်းစားနိုင်တဲ့ အကောင်းဆုံးအ‌ဖြေဘဲ "

 

 

အရေးကြီးတဲ့ အချက် ရောက်လာတဲ့အခါ မုန့်ကျန့်ကော် တိတ်ဆိတ်နေတုန်း ကျန်းမေ့လည်း ပြောစရာစကားမဲ့သွားသည်။

 

 

" အစ်မ၊ အစ်မ မသွားပါနဲ့..." မုန့်လေ့က သောကရောက်ကာ စားတောင်မစားနိုင်တော့ဘဲ သူသာ ဂရုမစိုက်ရင် သူမက ယောက်ျားတစ်ယောက်‌ဆီကနေ ပြန်ပေးဆွဲခံရမှာ စိုးတာကြောင့် မုန့်ယန်ကို တင်းတင်းဖက်ထားလိုက်သည်။

 

 

မုန့်ယန် အကူအညီမဲ့စွာနဲ့ သူမ မောင်လေးရဲ့ခပ်တိုတိုညှပ်ထားတဲ့ဆံပင်ကို ပွတ်လိုက်ပြီး ပြောခဲ့သည်။

 

 

" အစ်မ ပြန်လာမှာပေါ့။ အခုက ဟိုခေတ်တုန်းက လူ‌တွေလိုမျိုး လမ်းလျှောက်စရာမှမလိုဘဲ အခုရထားတွေက မြန်မြန်ပြေးဆွဲနေတာဘဲ "

 

 

မုန့်လေ့က အော်ဟစ်လိုက်ပြီး သူမရဲ့ သေးသွယ်တဲ့ လက်‌မောင်း‌တွေကို ဖက်ထားလိုက်ပြီး အထီးကျန်စွာနဲ့ ​ပြောခဲ့သည်။" ဟင့်အင်း သား သည်းမခံနိုင်ဘူး "

 

 

မုန့်ဖေးလည်း ဇွန်းအသေးလေး ကိုင်ထားပြီး ငိုမဲ့မဲ့နှင့်ပင်။ "သမီးလည်း အစ်မကို မပေးသွားစေချင်ဘူး "

 

 

ဒုတိယမောင် မုန့်ယုကလည်း သွားဖို့ သဘောမတူပေမယ့် သူက ဖော်ပြရမှာ ရှက်နေသည့် အတွက် ချုပ်တီးထားသည်။ သူ့အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူ့မျက်လုံးတွေထဲကနေ မျက်ရည်တွေ တောက်တောက်ကျနေခဲ့သည်။

 

 

မောင်နှမတွေ အင်တင်တင်နဲ့ နှုတ်ဆက်နေတာကို ကျန်းမေ့ကြည့်ပြီး အဆင်မပြေသလို ခံစားရကာ ပြောခဲ့သည်။ " သမီး တကယ် လက်ထပ်မယ်ဆိုရင် အမေတို့ နှစ်အနည်းငယ်လောက်မှ ထပ်တွေ့ရလိမ့်မယ် "

 

 

နှစ်အနည်းငယ်လောက် မတွေ့ရတာက စွေ့ကျစ်မင်ဆီက‌နေ နေ့ရောညပါ နှိပ်စက်ခံရမှာထက် ပိုကောင်းသေးသည်။

 

 

မူလစာအုပ်ရဲ့ကြောက်စရာ အကောင်းဆုံးအရာက ဘယ်လိုပဲလုပ်လုပ် မုန့်ယန်က စွေ့ကျစ်မင် လက်ထဲကနေမလွတ်မြောက်နိုင်တာပင်။

 

 

မူလစာအုပ်ထဲမှာ၊ မုန့်ယန် တစ်ကြိမ်ထက် ပိုပြီး ထွက်ပြေးခဲ့သေးသည်။ မြို့တော်ကနေ အနောက် မြောက်ဘက်ကို သူမထွက်ပြေးခဲ့တာ အချိန်အကြာဆုံးဖြစ်သည်။

 

 

ဖရိုဖရဲနဲ့ အ‌ဒေါ်ကြီးတစ်ယောက်လို ဝတ်ဆင်ပြီး ရိုးရှင်းတဲ့အိမ်လေးမှာ နေခဲ့သည်။ သို့ပေမယ့် နောက်ဆုံးမှာ စာရေးသူပေးထားတဲ့ "ရွှေလက်ချောင်း"ကြောင့် အရံအမျိုးသားဆီကနေ ဖမ်းမိပြန်ခဲ့သည်။

 

 

နောက်ပိုင်း ညင်းပန်းမှုက ပိုပြီးဆိုးရွားလာခဲ့သည်။ မုန့်ယန် ဒီအပိုင်းတချို့ကို ဖတ်ခဲ့တုန်းက သူမအဲ့ဒီအပိုင်းတွေကို အမြန်ကျော်ဖတ်ခဲ့သည်။ အဲ့ဒါက သည်းခံပြီးဖတ်ဖို့အရမ်း ဝမ်းနည်းစရာကောင်းလွန်းသည်။

 

 

ဖေလန်ကျွန်း အနေနဲ့ ..အဲ့ဒီမှာ နိုင်ငံနယ်နိမိတ်စည်းရဲ့ နယ်ခြားစောင့်တပ်ရှိပြီး စစ်တပ်က နေ့ရောညပါ တပ်စွဲထားသည်။ အဲ့ဒီကျွန်းကို သာမာန်လူတွေ လွယ်လွယ်နဲ့မသွားနိုင်ပေ။ စွေ့ကျစ်မင် ပျံနိုင်တယ်ဆိုရင်တောင် သူအဲ့ဒီထဲကို မပျံနိုင်ပေ။

 

 

မူလစာအုပ်ထဲ အရံဇာတ်လိုက်မ လို မဖြစ်အောင် တားဆီးဖို့ သူမအဝေးကို သွားရမယ်။

 

 

အဲ့ဒါကြောင့် ရှုထောင့်အမျိုးမျိကနေ စဉ်းစားရင် ဖေလန်ကျွန်းက သေချာပေါက်ကို အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

 

 

သူမ မျက်လုံးတွေ မော့ကြည့်လိုက်တဲ့အခါ မျက်လုံးတွေထဲ ခိုင်မာမှုတွေ လင်းလက်သွားသည်။

 

 

" သွားလိုက် နင် ဒီမှာဘဲ နေနေလို့မရဘူး "

 

..........

 

 

ကျန်းနဲ့ မုန့် မိသားစုက မိဘတွေက သဘက်ခါ ညနေ စစ်တပ်ဝင်းထဲမှာတွေ့ဖို့ ချိန်းဆိုမှုလုပ်လိုက်သည်။

 

 

အမှန်တော့ သူတို့နှစ်ယောက် အရင်က ကွဲလွဲခဲ့ကြပြီး အဲ့ဒါရေစက်ပင်။ မကြာသေးတုန်းက လောင်မုန့်က စတီးလိပ်တဲ့စက်ရုံမှာ အချိန်ပိုလုပ်နေသည်။

 

 

မုန့်ယန် သူ့အဖေဆီ စားစရာတွေလာပို့တဲ့အချိန် သူတို့စက်ရုံဒါရိုက်တာက သူမကို တွေ့သွားပြီး ဒီလို နတ်သမီးလေးလို အရမ်းလှတဲ့ မိန်းကလေးက ဘယ်မိသားစုက‌ မွေးတာလဲ ဆိုတာ သိချင်သွားသည်။

 

 

သူစုံစမ်းပြီးပြီးချင်း - အာ အဲ့ဒါက အရင်တစ်ခေါက်တုန်းက သူတို့မိသားစုရဲ့အာ့မြောင့်ကို ကယ်ခဲ့တဲ့ လောင်မုန့်မဟုတ်ဘူးလား? ထို့နောက် မုန့်ကျန့်ကော်ရဲ့အကြီးဆုံးသမီးအပေါ် စိတ်ဝင်စားမှုပေါ်လာခဲ့သည်။

 

 

ထပ်ပြီးစုံစမ်းပြီးတဲ့နောက်မှာ မုန့်ကျန့်ကော်က သူ့သမီးအတွက် ယုံကြည်စိတ်ချရတဲ့ ခင်ပွန်းတစ်ယောက်ရှာဖို့ လူတွေကို လိုက်မေးနေမှန်း သိလိုက်ရသည်။

 

 

အကြီးအကဲအိုကြီး သူ့ကိုအပ်ထားတဲ့ အလုပ်ကိုသတိရသွားပြီး သူက ရိုးရိုးရှင်းရှင်းပဲ မိသားစုနှစ်စုကြားတံတားခင်း‌ဖို့ ပြင်လိုက်သည်။

 

 

မုန့်မိသားစုက သာမာန်ခြံဝင်းထဲမှာနေပြီး အကြီးအကဲအိုကြီးရဲ့မိသားစုက စစ်တပ်ဝင်းထဲမှာနေသည်။ နှစ်ခုလုံးက ခြံဝင်းပေမယ့် အရမ်းကွဲပြားခြားနားကြသည်။

 

 

သာမာန်အားဖြင့်၊ အငြိမ်းစား ယူထားတဲ့ အကြီးအကဲတောင်မှ မုန့်ယန်လိုမျိုး သာမာန်မိသားစုက မိန်းကလေးကို သူ့ချွေးမအဖြစ် တကယ်မရှာနိုင်ဘူး။

 

အားကိုးရာမဲ့စေတာက သူတို့ရဲ့တစ်ဦးတည်းသောသား ကျန်းရှောက်ယွီရဲ့ စစ်တပ်ရှိတဲ့ကျွန်းက ကြမ်းတမ်းတဲ့ကျွန်းဖြစ်ပြီး နယ်စပ်ကာကွယ်ရေး စည်းမှာ တည်ရှိပြီး နေ့တိုင်း အန္တရာယ်တွေနဲ့ ဝိုင်းနေတာဖြစ်သည်။

 

 

ဒီမှာက ငြိမ်းချမ်းတဲ့နေရာဖြစ်တာ အမှန်ဖြစ်သော်ငြားလည်း ‌ဖေ့လန်ကျွန်းလိုမျိုး စိတ်‌ရောကိုယ်ပါ နှစ်ခါစစ်ဆေးတဲ့ နေရာတွေမှာတော့ သေနတ်ပစ်ခတ်ပြီး တင်းမာမှုတွေက အမြဲတမ်းဖြစ်နေသည်။

 

 

ဒီနေ့ခေတ်မှာ အဝေးကြီးကို ခရီးထွက်ဖို့ အဆင်မပြေတဲ့ တောင်နဲ့မြောက်ကြားက ကြီးမားတဲ့ ကွာခြားချက်တွေနဲ့ တွဲစပ်ထားသည်။ မင်းသာ ဆိုးရွားတဲ့ ကျွန်းမှာလက်ထပ်ချင်တယ်ဆိုရင် မင်းရဲ့ကျန်ရှိတဲ့ဘဝတစ်‌လျှောက်လုံး အိမ်ကို အကြိမ်ရေအချို့လောက် သေချာပေါက် ပြန်နိုင်မှာမဟုတ်ဘူး။

 

 

ဒီအကြောင်းပြချက်တွေကြောင့် အကြီးအကဲအိုကြီးက သူ့သားနဲ့တွဲဖက်ဖို့ လူတွေကို ရှာနေရသည်။ သ‌ဘောကျတဲ့ သူတွေကလည်း အဲ့ဒါကအရမ်းဝေးပြီး အန္တရာယ်များတယ်လို့ ထင်ကြပြီး မနာခံတဲ့သားကတော့ လက်မခံခဲ့ဘူး။

 

 

သွားလိုက်လာလိုက်နဲ့ပဲ ကျန်းရှောက်ယွီအချိန်ဆွဲခဲ့တာ နှစ်ဆယ့်ခြောက်နှစ် လူအိုကြီးဖြစ်တဲ့အထိ ဖြစ်သည်။

 

 

....

 

ကလေးတွေနဲ့  ဆူညံနေမှာကို စိုးတဲ့အတွက် ညနေမှာ ချန်ထားတဲ့ စားစရာတွေကိုစားဖို့ ကလေးတွေက အိမ်မှာချန်ခဲ့ပြီး မုန့်မိသားစုက မိဘတွေနဲ မုန့်ယန်ပဲ သွားလိုက်သည်။

 

 

သူက လက်ဆောင်တစ်ခုနဲ့ တံခါးဆီသွားခဲ့ပြီး‌ သပ်သပ်ရပ်ရပ် ဝတ်စားရမလား ဒါမှမဟုတ် အလေးအနက် ယူရမလားဆိုတာကြည့်ဖို့ သေတ္တာအောက်က အဝတ်တွေကို ထုတ်လိုက်သည်။

 

 

သို့ပေမယ့်လည်း အဝတ်အစား အကုန်လုံးရဲ့ ခေါက်ရာတွေက မုန့်ယန်ကို အကူအညီ မဲ့သွားစေခဲ့သည်။ ခံစားချက်ကို လှည့်စားတာက ဘာဖြစ်လို့လဲ?

 

 

မုန့်မိသားစုတွေက စိုးရိမ်တကြီးနဲ့ ‌လျှောက်လာသည်။ တစ်ဖက်မှာ မိသားစုအကြီးအကဲက သူတို့ကို အထင်သေးမှာ စိုးရိမ်‌နေပြီး တစ်ဖက်မှာတော့ အကြီးအကဲက သူတို့ကိုအထင်သေးမှာစိုးနေသည်။

 

 

မတင်မကျစိတ်နဲ့၊ စစ်တပ်ဝင်းကို သူတို့အမြန်ရောက်သွားကြသည်။ အစိမ်းရောင် ယူနီဖောင်းနဲ့ အစောင့်စစ်သားတစ်ယောက်က ဂိတ်ပေါက်မှာရှိနေသည်။

 

 

အကြီးအကဲကျန်းက ဒီနေ့မှာ မုန့်မျိုးရိုးနဲ့ဂုဏ်သရေရှိ ဧည့်သည် လာလိမ့်မယ်တို့ သူတို့ကိုပြောထားသည်။ အစောင့်ခေါင်းဆောင်က သူတို့မိသားစုသုံးယောက်ကိုမြင်တော့ သူတို့ကို နည်းနည်းပါးပါး မေးမြန်းလိုက်ပြီးနောက်မှာ သူတို့ကို ကျန်းအိမ်ဆီ ခေါ်သွားလိုက်သည်။

 

 

ဒေါက်ဒေါက်--

 

 

တံခါးဖွင့်ပေးတဲ့လူက မီးခိုးရောင်ဆံပင်နဲ့ ကျန်းမိသားစုရဲ့အမေအိုဖြစ်ပြီး ကျန်းရှောက်ယွီရဲ့အဖွားလည်းဖြစ်သည်။ သူမ ပြုံးလိုက်တဲ့အချိန် မျက်လုံးအဆုံးမှာအရေးကြောင်းပေါ်လာပြီး သူမ မျက်လုံးတွေက စူးရှနေသည်။ သူမက ကျန်းမာတဲ့ အမျိုးသမီးအိုကြီးဖြစ်သည်။

 

 

လှပတဲ့ အမျိုးသမီးတစ်ယောက်က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေကာ အသံတွေကြားတော့ နှုတ်ဆက်ဖို့ခေါင်းထွက်လာခဲ့သည်။

 

 

သူမ မုန့်ယန်ကို မြင်တဲ့အခါသူမလက်တွေက ရုတ်တရက် ခဲသွားပြီး သူမအနောက်က အနီရောင် အစက်တွေ စင်မထွက်လာခင်အထိ သူမမြင်နေရတာကို မယုံနိုင်ဖြစ်နေသည်။

 

 

" ဒီကိုလာပါ။ ထိုင်လေ အထဲမှာထိုင် " ထုံယန်ချိုးက သူမခေါင်းနောက်မှာ သစ်သားဆံထိုး ထိုးထားပြီး ခေါင်းကိုလှည့်လိုက်ကာ အမျိုးသမီးအိုကြီးကို အော်ပြောလိုက်သည်။

 

 

 " အမေ၊ သမီး ရေနွေးအိုးထဲမှာ ရေနွေးတည်ထားတယ် ကျုံးဝေ့ကို ဧည့်သည်တွေအတွက် လက်ဖက်ရည်လုပ်ခိုင်းလိုက်ပါဦး "

 

 

အမျိုးသမီးအိုကြီးက လူအချို့ကို ဝင်လာပြီးထိုင်ဖို့ အမြန်နှုတ်ဆက်လိုက်ပြီး သူ့သားကိုခေါ်ဖို့ အနောက်ခန်းထဲဝင်သွားသည်။

 

 

အိမ်ဖွဲ့စည်းပုံက ခြားနားသည်။  အိမ်က အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခုရှိသည်။ ရေချိုးခန်းနဲ့ မီးဖိုချောင်ကို ခွဲထားပြီး ကူရှင်နဲ့ သစ်သားဆိုဖာတစ်ခုက ဧည့်ခန်းထဲမှာရှိသည်။

 

 

ဒါက ကျန်းမေ့အတွက် ဆိုဖာပေါ်မှာ ထိုင်တာ ပထမဦးဆုံးဖြစ်ပြီး အကြီးအကဲ‌ စီမံတာက အရမ်းအသုံးအဖြုန်းကြီးတယ်လို့ တိတ်တိတ်လေး ပြောလိုက်သေးသည်။

 

 

ဒီလိုအခန်းကျယ်ကြီးထဲမှာ ဒီလို ထိုင်ခုံတွေ နည်းနည်းပဲ ထားတာက နေရာဖြုန်းတီးတာဘဲ။

 

 

ကျန်းကျုံးဝေ့ရဲ့ အမူအရာက သူ့မိန်းမထက်တောင်ပိုပြိးချဲ့ကားနေသေးသည်။ မုန့်ယန်ကို သူမြင်တဲ့အခါ အံ့လည်းအံ့ဩပြီး ပျော်လည်းပျော်သွားကာ ရေနဲ့ လက်ဖက်ရည်ကို တက်တက်ကြွကြွနဲ့ လုပ်တော့သည်။

 

 

" ထိုင် ထိုင်၊ လာ လက်ဖက်ရည်သောက်၊ ဖရဲစေ့နဲ့ မုန့်တွေပါစား၊ စား ကြိုက်တာစားကြ " အကြီးအကဲဟောင်းက အသက်ငါးဆယ့် ခုနစ်နှစ်ခန့်ရှိကာ ဆံပင်အဖြူအမည်းနဲ့ မျက်နှာက နီထွေးထွေး ဖြစ်နေဆဲဖြစ်ပြီး သူက တောက်ပတဲ့အကြည့်နဲ့ လူတွေကို အကဲဖြတ်နေသည်။

 

 

" မင်းက အရမ်းယဉ်ကျေးနေတာဘဲ " သူက တစ်ချိန်လုံး ဟိတ်ဟန်တွေမထုတ်နေဘဲ သူ့ကိုကြည့်ရတာ သာမန်အဖေ တစ်‌ယောက်နဲ့ မခြားနေပေ။

 

 

တကယ်တော့ မုန့်ယန်မှာသာ နှစ်ဆယ့်‌​ခြောက်နှစ်အရွယ် တစ်ကိုယ်တည်း သားတစ်ယောက်သာ ရှိမယ်ဆိုရင် သူ့အဖေရဲ့ခံစားချက်ကို သူမ နားလည်လိမ့်မည်။

 

 

အကြီးအကဲအိုကြီးရဲ့ စိတ်အားထက်သန်မှုက မုန့်မိသားစုက စုံတွဲကို ထိတ်လန့်သွားစေပြီး လက်ဆောင်တွေကို အမြန်ကမ်းပေးလိုက်ကာ ပြောခဲ့သည်။

 

 

 " ကျွန်တော်တို့က ဒီမှာအသစ်တွေပါ။ ခင်ဗျားတို့ ဘာကြိုက်မှန်းမသိတော့ ကျွန်တော်တို့ ကိုယ်တိုင်လုပ်ထားတဲ့ ဝက်ပေါင်ခြောက်သနပ်ဘဲ ယူလာခဲ့တယ်။ လက်ခံပေးပါ "

 

အားလုံးပေါင်းမှ အသားတစ်ပိုင်းဘဲရှိပြီးတော့ နှစ်သစ်ကူးအတွက် သိမ်းထားတာဖြစ်ပြီး နောက်ဆုံးမှာတော့ အဲ့ဒါကို အကြီးအကဲကျန်းဆီ လက်ဆောင်အဖြစ် ပေးလိုက်သည်။

 

 

ကျန်းကျုံးဝေရဲ့ မျက်နှာမှာ အပြုံးတွေပြည့်နေပြီး ဝက်ပေါင်ခြောက်ကို ယူလိုက်ကာ မီးဖိုချောင်ထဲက ထုံယန်ချိုးဆီ ကမ်းပေးလိုက်ပြီး ပြောခဲ့သည်။

 

 

 " ကျေးဇူးတင်ပါတယ်၊ ခင်ဗျား ဒီကိုလာတဲ့အခါ ဘယ်လိုလုပ် လက်ဆောင်တွေ ယူလာရတာလဲ "

 

 

မုန့်မိသားစု စုံတွဲ ဒီကိုလာတုန်းက အကြီးအကဲက ချဉ်းကပ်ရလွယ်တဲ့ သူလို့မထင်ထားခဲ့ဘူး။ ပြီးတော့ ကျန်းမိသားစုကလည်း လောင်ကော်က နတ်သမီးထက်ပို‌လှတဲ့ မိန်းကလေးနဲ့ မိတ်ဆက်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

 

 

နှစ်ဘက်စလုံးက တစ်ဖက်နဲ့တစ်ဖက် ထင်မြင်ချက်တွေနဲ့ လုံးဝကျေနပ်နေပြီး လေထုကလည်း ပျော်ရွှင်နေခဲ့ကာ နွေးထွေးတဲ့ အဆင့်ထိ ရောက်သွားခဲ့သည်။