၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၅
မီးဖိုချောင်ထဲမှာ နောက်ဆုံး ဟင်းပွဲချက်ပြီးတဲ့နောက် ထုံယန်ချိုးက
အိုးနဲ့ချက်ထားတဲ့ အသားဖွေးဖွေးဟင်းပွဲကြီးနဲ့ ထွက်လာကာ သူမ လက်ကို သုတ်လိုက်ပြီး သူမသားရဲ့ဓာတ်ပုံကို
အိပ်ခန်းထဲမှာ သွားရှာဖို့ မစောင့်နိုင်တော့ပေ။
အဲ့ဒါက သူ့အသက်နှစ်ဆယ် အစောပိုင်းတုန်းက ရိုက်ထားတာပင်။ ဓာတ်ပုံထဲက
အမျိုးသားက အဖြူရောင်ရေတပ် ယူနီဖောင်းကို ဝတ်ထားပြီး အညံ့စားစက်သေနတ်တစ်လက်ကို ကိုင်ထားတာက
မြင့်မြင့်ဖြောင့်ဖြောင့် ထင်းရှူးပင်နဲ့တူပြီး အဆုံးမရှိတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ
ရပ်နေကာ အဝေးကိုကြည့်နေခဲ့သည်။
ဓာတ်ပုံတွေကိုကြည့်ပြီးတော့ မုန့်ယန်ရဲ့စိတ်ထဲမှာ စကားတစ်လုံးပဲ
ထွက်လာခဲ့သည် -
ကြည့်ကောင်းလိုက်တာ!!
အရမ်းကြည့်ကောင်းတယ်!
အဖြူအမဲဓာတ်ပုံတွေတောင် ကြည့်ကောင်းတာကို မဖုံးနိုင်ဘူး။
....
မူလဝတ္ထုရဲ့ စာရေးသူက ကြည့်ကောင်းတဲ့အမျိုးသား အမျိုးမျိုးနဲ့ အလှလေးတွေကို
သရုပ်ဖော်တာ အရမ်းတော်သည်။
ဝတ္ထုထဲမှာ၊ အဓိကအမျိုးသားဇာတ်ကောင်၊ အမျိုးသမီးဇာတ်ကောင်နဲ့ ပိုများတဲ့
အရံအမျိုးသား၊အမျိုးသမီးဇာတ်ကောင် တွေအားလုံးကို ပြောင်ပြောင် မြောက်မြောက် ဖော်ပြထားသည်။
တကယ် အံ့ဩစရာကောင်းတဲ့ ဇာတ်ကြောင်းအပြင် ဒီလိုမျိုး အံ့ဩစရာတည်ရှိမှုတစ်ခုကိုတော့ သူမ
မမျှော်လင့်ထားခဲ့ပေ။
ဒါပေမယ့် ဓာတ်ပုံထဲက အရာရှိနဲ့ အဓိကဇာတ်ကောင်တွေက အရမ်းကွာသည်။
လုဟန်ကျွင်းက တည်တည်ငြိမ်ငြိမ်နဲ့ ဝမ်းတွင်းမည်းပုံစံဖြစ်ပြီး အရံဇာတ်ကောင်
စွေ့အရူးကတော့ ကြီးစိုးခြယ်လှယ်တတ်ကာ ဘွင်းဘွင်းရှင်းရှင်းသမားဖြစ်သည်။
ဒါပေမယ့် ဓာတ်ပုံထဲက မာစတာကတော့
သူ့ကိုပထမဆုံးတွေ့တဲ့အချိန် စိတ်ထဲမှာ ပြည့်နှက်သွားမှာက စစ်သားတွေဆီကလာတဲ့ သမာဓိရှိတာပဲဖြစ်သည်။
သန်သန်မာမာနဲ့ သမာဓိရှိတာပဲ! သမာဓိရှိလွန်းလို့ နတ်ဆိုးဝိဉာာဉ်တွေတောင်
အနားမကပ်ရဲလောက်ဘူး!
ကျယ်ပြန့်ပြီး တောင့်တင်းတဲ့ ကျောပြင်နဲ့ ဒီလို ခံ့ညားတဲ့ရေတပ်အရာရှိက
မုန့်ယန်အတွက် မုန်တိုင်းကို ကြံ့ကြံ့ခံနိုင်တဲ့ အီဂျစ်က စွန်ပလွံပင်တွေကို အမှတ်ရသွားစေခဲ့သည်။
သူ သူမကို ကာကွယ်နိုင်မယ်ဆိုတာ သူမသံသယမရှိတော့ဘူး။
မုန့်ယန် ဓာတ်ပုံကို ကြည့်ရင်း မိန်းမောနေတာကိုမြင်တော့ အကြီးအကဲရဲ့အပြုံးတွေက
ပိုပြီး အဓိပ္ပါယ်ရှိလာသည်။
" ဒါက ငါ့သား နှစ်ဆယ့်သုံးနှစ်တုန်းက ပုံဖြစ်ပြီးတော့ ချက်ချင်းပဲ
ရေတပ်ဗိုလ်ကြီးဖြစ်လာတယ်။ အခု သူကနှစ်ဆယ့်ခြောက်နှစ်ဖြစ်ပေမယ့် သိပ်ပြီးတော့မပြောင်းလဲသွားဘူး"
" အိုး! ရှင်က အရမ်းဖြောင့်မတ်တာဘဲ!" ကျန်းမေ့က မတုံ့ဆိုင်းပဲ
ချီးကျူးလိုက်ပြီး လူအိုစုံတွဲကိုကြည့်လိုက်ကာ ပြောခဲ့သည်။
" မျက်လုံးတွေက မဒမ်ရယ်
အကြီးအကဲရယ်နဲ့ တူပြီးတော့ နှာတံကလည်း အရမ်းကောင်းတာဘဲ။ မဒမ် နဲ့တစ်ပုံစံထဲ ပန်းပုထုထားသလိုဘဲ!
သူတို့က ကောင်းကောင်းမွန်မွန်မွေးလာတာ အံ့ဩစရာမရှိတော့ပါဘူး။ သူတို့ဆက်ဆံရေးက သူတို့မိဘတွေရဲ့
အကောင်းဆုံးတွေနဲ့ အခြေခံထားတာဘဲ "
စကားတစ်ခွန်းက စုံတွဲကို ရယ်သွားစေပြီး အမျိုးသမီးအိုက ခွက်အချို့ထဲ
အအေးလောင်းထည့်လိုက်သည်။
"မိန်းကလေးကလည်း ရုပ်ရည် ကောင်းတာဘဲ၊ ကျွင်း!" အမျိုးသမီးကြီးက
မုန့်ယန်ရဲ့ဘေးမှာထိုင်လိုက်ပြီး သူ့ရဲ့မြေးချွေးမကို ကြည့်သလိုမျိုး သူမကိုကြည့်ခဲ့သည်။
မုန့်ယန်က ရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး သူမ စားစား မစားစား ဘာမှမကွာဘူးလို့
တွေးလိုက်မိသည်။
ညနေခင်း ညစာစားတဲ့ဝိုင်းမှာ လေထုက သင့်မြတ်နေပြီး သဟဇာတဖြစ်နေကာ
blind dateက ချောချောမွေ့မွေ့နဲ့ ဆွေးနွေးပြီးသွားသည်။
မုန့်မိသားစုက စုံတွဲရဲ့အပြုအမူတွေက တုံ့ဆိုင်းနေပေမယ့် ကလေးမလေး
မုန့်ယန်ကတော့ အစကနေအဆုံးထိ ကောင်းမွန်တဲ့ အပြုအမူတွေကို ထိန်းသိမ်းထားသည်။
သူမက ကျန်းမိသားစု စုံတွဲအတွက် စိတ်ငြိမ်ဆေးလို ဖြစ်ပြီး သူမရဲ့
တုံ့ဆိုင်းနေတဲ့ နှလုံးသားက အရည်ပျော်ကျသွားသည်။
မုန့်ယန်ရဲ့မျက်နှာက လိင်တူတွေကို မနာလိုဖြစ်အောင် ဆွဲဆောင်နေပြီး
သူမ ငယ်ငယ်တုန်းက အကြီးတွေဆီကနေ အချစ်ခံရတာက အမှန်တရားဖြစ်သည်။၂၁ရာစုက ဉာဏ်ထက်တဲ့ မုန့်ယန်ကတော့
စကားအပြောကောင်းပြီး လူအိုစုံတွဲကို ရယ်အောင်လုပ်နိုင်သည်။
တစ်ခါတစ်ခါ သူမက ကျန်းမိသားစုရဲ့ ချွေးမ တကယ်ဖြစ်လာသလိုမျိုး မိန်းမောမိတဲ့
အခါလည်းရှိသည်။
ပျော်ပျော်ရွှင်ရွှင် စားပြီးတဲ့နောက်၊ မပြန်ခင်က ထုံယန်ချိုးက
ဘီစကွတ်နဲ့ သကြားလုံး အထုပ်ကြီးတစ်ထုပ်ကို အတင်း ထည့်ပေးလိုက်သည်။ ဒီတန်ဖိုးရှိတဲ့
အရာတွေက မုန့်ကျန့်ကော်ရဲ့ တစ်လစာ တန်ဖိုးလောက်ရှိသည်!
ဒါပေမယ့် စုံတွဲက စိုးရိမ်ပြီး ကြောက်ကာ ငြင်းလိုက်သည်။
နောက်ဆုံးမှာတော့ သူတို့လက်ခံလိုက်ရသည်။ အဲဒါကို သူတို့ လက်ခံရမှာတင်မဟုတ် ကလေးနှစ်ယောက် လည်းဘဲ ချောချောမောမော လက်ထပ်နိုင်မယ်ဆိုရင်
သူတို့ဘက်က သတို့သမီးက သတို့သားဘက်ကို ပေးရတဲ့ အသွင်းပစ္စည်းတွေ အများကြီး ပေးရလိမ့်မည်။
၁၉၇၀ ခုနှစ်မှာ လွတ်လပ်တဲ့ချစ်ချင်းတွေကို သဘောတူလာပေမယ့် မိသားစုအများစုကတော့
သူတို့မိဘတွေရဲ့အမိန့်နဲ့ အောင်သွယ်တော်တွေရဲ့ စကားတွေကို လိုက်နာနေကြဆဲပင်။ ဒါကြောင့်
မုန့်ယန်ရဲ့ အဓိက ကဏ္ဌက ဒီဒုတိယဘဝတစ်ဝက်မှာ ဒီနည်းလမ်းအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရမှာပင်။
ဓာတ်ပုံတစ်ပုံတည်းနဲ့ ကိုယ့်ကိုကိုယ် ကတိပေးတာက စိတ်ကူးယဉ်ဆန်လွန်းသည်။
မုန့်ယန်ရဲ့မိဘတွေကတော့ ဝမ်းသာဝမ်းနည်းဖြစ်နေကြသည်။
သူတို့သမီးက ဘဝတစ်လျှောက်လုံး ကျွန်းပေါ်မှာဘဲ နေရမှာကို သူတို့
စိုးရိမ်နေတာဖြစ်ပြီး ဝမ်းသာတာကတော့ နောက်ဆုံးမှာ အရူးစွေ့လက်ကနေ သူတို့သမီး လွတ်သွားတာကြောင့်ပင်။
သူတို့အိမ်ပြန်ရောက်တဲ့အချိန်၊ ကလေးတွေက ကိုယ့်ဘာသာကိုယ် အစာစားပြီးကြပြီဖြစ်ပြီး
ပန်းကန်တွေနဲ့ တူတွေကိုလည်း သိမ်းဆည်းထားကာ နာနာခံခံနဲ့ သူတို့မိဘနဲ့ အစ်မပြန်လာမှာကို
စောင့်နေကြသည်။
မမျှော်လင့်ထားစွာနဲ့ သူတို့ အိမ်ပြန်ရောက်ပြီးပြီးချင်းမှာဘဲ မဝေးတော့တဲ့အနာဂတ်မှာ
သူတို့ရဲ့အစ်မကြီးက တောင်ဘက်ကျွန်းကို ထွက်သွားလိမ့်မယ်လို့ သူတို့အမေက ပြောလာသည်။
ကလေးတွေက ဒါကိုကြားပြီးတဲ့အခါ ဝူးဝူးဝါးဝါးနဲ့အော်ငိုတဲ့အသံတွေက
နံရံကိုဖြတ်ပြီး စူးစူးရှရှထွက်သွားတော့ အိမ်နီးချင်းတွေက လောင်မုန့်မိသားစုက ကလေးတွေ
ရိုက်ခံထိတာလားဆိုတာ စူးစမ်းရင်း တံခါးခေါက်လာသည်။
" ဟင့်အင်း၊ အစ်မကိုမပေးသွားစေချင်ဘူး၊ မပေးသွားစေချင်ဘူး-ဝူး-ဝူး--"ဖေးဖေးက
မျက်ရည်တွေပြည့်လျှံနေပြီး သူမရဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်လေးက အဆင်မပြေစွာနဲ့ လှုပ်ခါနေခဲ့သည်။
သူမ တကယ်ကို ကြောက်သည်။ အရင်က သူမရဲ့အစ်မက မနှေးနဲ့မမြန် လက်ထပ်လိမ့်မယ်
ပြီးတော့ လက်ထပ်ပြီးရင် သူမက အိမ်မှာဘယ်တော့မှ နေတော့မှာမဟုတ်ဘဲ အနာဂတ်မှာ ဖေးဖေးလည်း
သူ့အစ်မနဲ့ အတူအိပ်ရတော့မှာ မဟုတ်ဘူးလို့ ဝင်းထဲက လူကြီးတွေ ပြောတာကို သူမ အမြဲတမ်းကြားခဲ့ရသည်။
အဲ့ဒါတင် မကသေးဘူး၊ သူမ အိပ်ပျော်အောင် သီချင်းသိပ်ဖို့ ဘယ်သူမှရှိတော့မှာ
မဟုတ်ဘူး၊ ဘယ်သူမှ သူမကို ပုံပြင် မပြောပြတော့ဘူး၊ ဘယ်သူမှ သူမ ရေချိုးဖို့ ရေချိုးခန်းထဲ
ခေါ်သွားပေးမှာမဟုတ်ဘူး---
မုန့်လေ့က အရူးလိုမျိုးအော်ဟစ်နေပြီး သူ့ပါးတွေက ဒေါသကြောင့် နီရဲလာကာ
ပြောခဲ့သည်။ " အစ်မ၊ အစ်မကို သားမပေးသွားနိုင်ဘူး၊ မသွားရဘူး! "
မုန့်ယုက မငိုဘဲ သူ့အစ်မကိုပဲ ငေးကြည့်နေကာ သူ့မျက်လုံးတွေက နီနေပြီး
သူ့ဘေးက လက်တွေက လက်သီး ကျစ်ကျစ်ဆုပ်ထားခဲ့သည်။
မုန့်ယန်ရဲ့ ဂုဏ်သတင်းက အပြင်ဘက်မှာ မကောင်းနေပေမယ့်လည်း သူမ စရိုက်က
သူမ အဖေနဲ့တူသည်။ အပြင်ဘယ်မှာ သူမ ပုံရိပ်ကဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိဘဲ သူမက သူမ မိသားစုကိုပဲ
တန်ဖိုးအထားဆုံး ဖြစ်သည်။ အမေ့ရဲ့မိသားစုကို ကူညီသည်။
-- မိသားစုက သူမရဲ့အားနည်းချက်ဘဲ။
" ကောင်းပြီ၊ သေရေးရှင်ရေးလို လုပ်မနေကြနဲ့ "
ဖေးဖေးရဲ့ မျက်ရည်တွေကို လက်မနဲ့ သုတ်ပေးလိုက်ပြီး လှည့်ပတ်လိုက်ပြီး
ကျန်းမေ့ရဲ့လက်ထဲက အဝတ်အိတ်ကို ယူလိုက်ကာ ပြောခဲ့သည်။
" ကြည့်ပါဦး ဖေးဖေး၊
ဒါကဘာလေးလဲ? "
မုန့်ယန်ရဲ့လက်ထဲက ချစ်စရာကောင်းပြီး အသက်ဝင်တဲ့ ယုန်ဖြူလေးကို
ကြည့်ပြီး ဘယ်သူမှမှရယ်မလာချေ။
" သကြား အဲ့ဒါ သကြားလုံးလေ မသိဘူးဟုတ်? မစားချင်ကြဘူးလား"
ဖေးဖေးက သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ကာ ဘောဘတကြီး သရေကျလာပြီး
သူမရဲ့ အစ်မကို စိတ်အားထက်သန်စွာနဲ့ ကြည့်ပြီး မေးခဲ့သည်။ " အစ်မသကြားလုံးကို
ဘယ်-ဘယ်ကရတာလဲ "
" အကြီးအကဲအိုကြီး မိသားစုကပေးလာတာ"
အကြီးအကဲ၊ သူတို့ရဲ့အစ်မကို ခိုးသွားတဲ့ အကြီးအကဲပဲ!
မုန့်လေ့က ဒေါသအရမ်းထွက်သွားပြီး ဟာရီကိန်းလို ရှေ့တိုးသွားကာ လက်ထဲက
သကြားလုံးကို အဝေးကိုရိုက်ထုတ်လိုက်ပြီး ပြောခဲ့သည်။
" ဘယ်သူက သူ့ရဲ့သကြားလုံးကို စိတ်ဝင်စားနေလို့လဲ!"
" လေ့လေ့! " မုန့်ယန် သူလုပ်လိုက်တာကို မမျှော်လင့်ထားခဲ့ချေ။
သကြားလုံးထုတ်ကြီးက ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတာကြောင့် သူမ စိတ်တိုစွာနဲ့ အော်လိုက်သည်။
" ပြန်ကောက်လိုက်စမ်း!
"
" မုန့်လေ့၊ နင့်အတောင်တွေ စုံလာပြီးဆိုတော့ ကောင်းကင်ကိုတောင်
ဆန့်ကျင်တော့မယ်ပေါ့လေ? " မုန့်ကျန့်ကော် မျက်ခုံးတွေကို မြှင့်လိုက်ပြီး သူ့သားကို
စူးစူးဝါးဝါးကြည့်လိုက်သည်။
ဒီလို အစားအစာကို ဖြုန်းတီးတာက သူမရဲ့တတိယသားကို အချစ်ဆုံးဖြစ်တဲ့
ကျန်းမေ့တောင်မှ စိတ်တိုသွားစေခဲ့သည်။ " ပြန်ကောက်လိုက်!"
သူ့အစ်မဆီကနေ အပြစ်တင်ခံရပြီးတော့ သူ့မိဘတွေဆီကနေ အဆူခံလိုက်ရတော့
သူ့ရင်ထဲကနေ သူနစ်နာတယ်လို့ ခံစားရလိုက်သည်။ သူက ငိုရင်းနဲ့ပြန်ကောက်လိုက်ပြီး အော်လိုက်သည်။
" ဘမ်း! သူတို့က သားအစ်မကို
အဝေးခေါ်သွားတာ၊ ဘာလို့-ဘာလို့ သားကို လာဆူနေတာလဲ! သူတို့ရဲ့သကြားလုံးကို သားဂရုမစိုက်ဘူး!
ဒါက သားအစ်မသကြားလုံး! သားမစားဘူး!"
သားအစ်မကို သကြားလုံးနဲ့ ရောင်းလိုက်တယ်? ဒီအချက်ကြောင့် မုန့်ယန်
အော်ရီမိတော့မလို့ပင်။ ဆယ့်သုံးနှစ်အရွယ် ကောင်လေးရဲ့ စကားတွေက သေလောက်အောင်ရီရတယ်။
ဒါကိုကြားတော့ ဖေးဖေးက သူမကို စိုးရိမ်တကြီး မေးခဲ့သည်။ "
အစ်မ၊ တကယ်ပဲ အစ်မ သကြားလုံး ရောင်းလိုက်တာလား "
မုန့်ယန်ခေါင်းခါလိုက်ပြီး ဖေးဖေးရဲ့မျက်နှာကို ပွတ်လိုက်ကာ
" နင့်တတိယအစ်ကိုရဲ့ မဟုတ်တဲ့စကားတွေကိုနားမထောင်နေနဲ့၊ ဒါက သကြားလုံးထုတ်လေးဘဲလေ။
အဲ့ဒါကို ရောင်းရောင်း မရောင်းရောင်း၊ အစ်မက အစ်မပဲ၊ ဘယ်သူမှ ဝယ်လို့မရဘူး "
နှာခေါင်းရှုံ့လိုက်ရင်း ဖေးဖေးက မုန့်ယန်လက်မောင်းတွေထဲ လှဲချလိုက်ကာ
သူမ လက်သေးသေးတွေနဲ့ သူမကို တင်းတင်းဖက်ထားလိုက်သည်။ " ဟုတ်တယ်၊ သမီးရဲ့အစ်မက
သကြားလုံး မရောင်းဘူး။ သမီးလည်း ရောင်းလို့မရဘူး "
ဒီဘက်မှာတော့ မုန့်လေ့က ပိုငိုပြီး အထွန့်တက်လေ သူပိုပြီးအားပါလာလေဖြစ်နေသည်။
ကျန်းမေ့ ဆက်ပြီး နားမထောင်နိုင်တော့တဲ့အတွက် ဖုန်သုတ်တဲ့ ငှက်မွှေးတုတ်နဲ့ သူ့ကို
ရိုက်တော့သည်။
ဒါပေမယ့် သူ့ရင်ထဲက ခါးသီးတဲ့ ခံစားချက်ကိုတော့ ရိုက်တာနဲ့ မငြိမ်းသက်နိုင်ပေ။
အခန်းငယ်လေးက ခဏတိတ်ဆိတ်သွားပြန်သည်။ မုန့်ယန်က ယုန်ဖြူသကြားလုံးအကြီးကို
သူမဘာသာ စားလိုက်သည်။ အစားအစာနဲ့ အဝတ်အထည်ချို့တဲ့နေတဲ့ မိသားစုတစ်စုအတွက်ကတော့ ဒီလိုတော်ဖီတုံးက
အသားစားရတာထက် အရသာပိုရှိသည်။