၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၆
မုန့်လေ့လည်း ဘာမှ မပြောပေ။ ဒီအစ်မ ရောင်းတဲ့သကြားလုံးကိုလည်း မစားဘဲ
သူ့ခေါင်းကို လှည့်လိုက်ပြီး အဝေးကိုပြေးသွားကာ အံတင်းတင်းကြိတ်ထားလိုက်သည်။
ညနေဘက်မှာ မုန့်ယုက ကျန်းမေ့နဲ့ အဝတ်လျှော်ဖို့ ရေချိုးခန်းထဲ လိုက်သွားသည်။
သူ့အစ်မထွက်သွားပြီးရင်တော့ မိသားစုတာဝန်တွေ အများကြီးက သူ့ပုခုံးပေါ်ကျလာမှာဖြစ်တဲ့အတွက်
အခုကတည်းက အိမ်အလုပ်တွေကို သူသင်ယူရမည်။
ဖေးဖေးက မုန့်ယန် လက်မောင်းတွေထဲ တိုးဝင်လိုက်ကာ သူတို့ထဲ သူ မပါရတာကို
မလိုလားဖြစ်နေတဲ့ မုန့်လေ့ မျက်စိတွေက ချဉ်စူးသွားပြီး ကလေးမကို ဆွဲထုတ်လိုက်ပြီး အဲ့ဒီအစား
သူ့ကိုပဲထည့်ထားဖို့ သူဆုတောင်းလိုက်မိသည်။
" အစ်မက သူ့ကိုပဲဖက်နေပြီး သားကိုကျတော့မဖက်ဘူး " သူ့မျက်လုံးတွေထဲ
မကျေမချမ်းမှုတွေနဲ့ ပြည့်နှက်သွားသည်။
မုန့်ယန် ရယ်ရမလိုလို ငိုရမလိုလိုဖြစ်သွားကာ ပြောခဲ့သည်။"
လေ့လေ့ နင်က ဆယ့်သုံးနှစ်အရွယ် ကောင်လေးဖြစ်နေပြီလေ၊ အဲ့ဒီတော့ မသင့်တော်တော့ဘူး
"
" သား အဲ့ဒီလောက်ထိ မကြီးသေးဘူး! ကလေးဖြစ်နေတုန်းပဲ!
သူပိုပြောပြီး မုန့်ယန် လက်မောင်းထဲက ဖေးဖေးကို ကြက်ကလေးလိုမျိုး
ပိုပြီးအားကြိုးမာန်တက် ဆွဲမလိုက်ကာ သူ့ကိုယ်ကို လှဲဝင်ချလိုက်သည်။ " သား အစ်မကို
ဖက်မှာ ဖက်ပဲဖက်မှာ!"
သူ့ခေါင်က စတီးလိုပဲ မာကျောနေကာ ခပ်တိုတိုညှပ်ထားတဲ့ဆံပင်တွေက သူမရဲ့နူးညံ့တဲ့ဗိုက်မှာ
ထိနေတော့ မုန့်ယန်မှာ ယားလွန်းလို့ ငိုရမလို ရီရမလိုနဲ့ မရပ်နိုင်တော့ချေ။
" လေ့လေ့ နင်က ဂျူနီယာအထက်တန်း ပထမနှစ်က ကလေးကြီးတောင် ဖြစ်နေပြီ။
ပြီးတော့ နောက်လအနည်းငယ်မှာ ဂျူနီယာအထက်တန်း ဒုတိယနှစ်တောင်ဖြစ်တော့မယ်။ နင့်အစ်မက
မိန်းကလေးနော် သင့်တော်တယ်လို့ နင်ထင်နေတာလား"
ဗြာများနေတဲ့ ကောင်လေးရဲ့ခေါင်းကို မုန့်ယန် လက်နှစ်ဖက်လုံးနဲ့
အောက်ချလိုက်သည်။
ဂျူနီယာအထက်တန်းကျောင်း တက်ကတည်းက သူ့အစ်မဆီကနေ အဖက်မခံခဲ့ရတော့ပေ။
ရင်းနှီးတဲ့ အငွေ့အသက်၊ ကြာမြင့်စွာ ဝေးကွာနေခဲ့တဲ့ ပွေ့ဖက်မှု၊
နွေးထွေးမှုတွေက ငိုချင်လာစေသည်။
" ဘာကို မသင့်တော်တာလဲ? အစ်မက သားအစ်မမဟုတ်ဘူးလား? ကိုယ့်အစ်မကို
ဖက်တာ ဘာမှားနေလို့လဲ?" သူ ပိုပြောလေ ပိုပြီး နားလည်မှုလွဲလာလေဖြစ်တော့ တိတ်တိတ်လေးမျက်ရည်တွေသုတ်လိုက်သည်။
သူမ မောင်လေးတွေနဲ့ ညီမလေးတွေရဲ့ ရင်ထဲက သူမရဲ့နေရာကို မုန့်ယန်
လျှော့တွက်လိုက်မိပြီးနောက် ခံစားချက်တွေ ရောထွေးသွားသလို ခဏလောက်ခံစားလိုက်ရသည်။
သူမ ခါးသက်စွာ သက်ပြင်းချလိုက်ရင်း ပြောခဲ့သည်။ "အခုချက်ချင်းထွက်၊
ငါ ဒီနေ့ နင့်ကိုဂရုမစိုက်ဘူး၊ ပြီးတော့ မိန်းကလေးတွေကို လေးစားရမယ် သိလား?"
ကလေးကောင်းကောင်းပြုမူနေတုန်း မုန့်ယန် သူ့ကို အမျိုးသမီးတွေကို
ဘယ်လိုလေးစားရမလဲဆို စကားအများကြီးပြောကာ သင်ပေးလိုက်သည်။
မုန့်လေ့က ခေါင်းခါလိုက်ပြီး သူ့နားရွက်တွေကို တင်းတင်းပိတ်လိုက်ကာ
ပြောခဲ့သည်။ " သား အများကြီးပြောပြီးသွားပြီ။ သား နားမလည်နိုင်ဘူး။ ပြီးတော့ အစ်မကို
မထွက်သွားစေချင်ဘူး။ သား ဆယ်ရှစ်နှစ် ပြည့်ရင် သားလည်း စစ်သားဖြစ်ချင်တယ်။ အစ်မရဲ့ကျွန်းကို
စစ်သားအဖြစ်နဲ့လာမယ်!"
" နင်ကောလိပ်ကျောင်းသားဖြစ်ချင်တယ်လို့ မပြောခဲ့ဘူးလား။ ပြီးတော့
အခု နင် စစ်သားဖြစ်ချင်သွားပြန်ပြီ?"
" ဒါဆိုရင် သား စစ်သား ကောလိပ်ကျောင်းသားဖြစ်ချင်တယ်။ အစ်မ
စစ်သားတွေက ကောလိပ်ကျောင်းသားဖြစ်လို့ရလား?"
"ကောင်းပြီ..နင် စစ်တပ်က ကျောင်းတက်လို့ရတယ် "
" ဒါဆိုရင် သားစစ်တပ်က ကျောင်းတက်မယ်။ ဒါဆို သား အစ်မဆီ လာလို့ရပြီ
"
ဆယ့်ရှစ်နှစ်? အရမ်းစောသေးပြီး ငါးနှစ်လောက် ကျန်သေးသည်။
" အစ်မ လက်ထပ်ချင်တဲ့ယောက်ျားသာ အစ်မကို အနိုင်ကျင့်ရဲတယ်ဆိုရင်၊
သားကိုပြော! သားကြီးလာရင် သူ့ကို မခွင့်လွှတ်ပေးဘူး!"
သူက အားနည်းနေပြီး သူ့အစ်မ လက်ထပ်မယ်ဆိုတာကို မပြောင်းလဲနိုင်မှန်း
သိတော့ မုန့်လေ့က ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရပေမယ့် သူက ပြင်းထန်တဲ့စကားလုံးတွေကို
အရင်ထည့်လိုက်သည်။
မုန့်ယန်က ရီလိုက်ပြီး သူ့ခေါင်းကို ပွတ်ကာ ပြောခဲ့သည်။ "ကောင်းပြီ
အဲ့ဒီအကြောင်း ပြောတာ ရပ်လိုက်ကြစို့။ သား ကြီးလာမှ ပြောကြတာပေါ့ "
မုန့်လေ့ရဲ့မျက်လုံးကနေ ခေါင်းမာတဲ့ အလင်းတစ်ချက် ထုတ်လွှတ်သွားကာ
ပြောခဲ့သည်။ "ဟမ့်၊ သား သူ့ကို အနိုင်ယူနိုင်မလား မယူနိုင်ဘူးလားဆိုတာ စောင့်ကြည့်နေလိုက်ပါ
"
မောင်နှမတွေ စကားပြောနေကြချိန် ဖေးဖေးက နံရံထောင့်မှာ လှဲနေကာ စိတ်ထိခိုက်စွာနဲ့
မျက်ရည်တွေသုတ်လိုက်တာကို မုန့်ယန် သတိထားမိသွားတော့ အမြန်တစ်ဖက်က သူမကို ဖက်ပေးလိုက်သည်။
ဖေးဖေးက နှစ်ခါလောက် ညည်းညူလိုက်ပြီး ရင်းနှီးတဲ့ ချိုမြိန်တဲ့ရနံ့ကို
ရှူလိုက်တော့ သူမ ပိုကောင်းသွားသလိုခံစားလိုက်ရသည်။
" အနာဂတ်မှာ၊ ဒုတိယမောင်လေးက နေ့စဉ်ဘဝ ကို တာဝန်ယူရပြီးတော့
ညီမလေးတွေကို ကာကွယ်မယ့်တာဝန်က နင့်ကို အပ်လိုက်ပြီနော်။ နင် အဲဒါကို လက်ခံလား?" ဖေးဖေးရဲ့ နူးညံ့တဲ့ဆံပင်တွေကို ပွတ်သတ်နေရင်း မုန့်ယန်
မေးလိုက်သည်။
မုန့်လေ့က နှာမှုတ်လိုက်ပြီး သူ့ရင်ဘက်ကို လက်သီးနဲ့ထုလိုက်ကာ ပြောခဲ့သည်။ " အသေးအမွှားလေးပါ။ သားနဲ့ဒီမှာရှိနေရင် ဘယ်သူမှ
သူမကို အနိုင်မကျင့်နိုင်ဘူး "
" စကားချည်း မပြောနဲ့။ နင် အခုလေးတင်ဘဲ သူ့ကို အနိုင်ကျင့်လိုက်ပြီးတော့
"
မုန့်ယန် သူမ လက်မနဲ့ လက်ညှိုးနဲ့ထိပြီး သူ့နှာဖူးကိုတောက်လိုက်သည်။
မုန့်လေ့က သူ့ရင်ဘက်ကို ကော့လိုက်ပြီး ပြောခဲ့သည်။ " အခုလေးတင်ဟာကို
ထည့်မတွက်ဘူး။ ဘာဘဲဖြစ်ဖြစ် အခြားသူတွေ သူမကို အနိုင်မကျင့်စေရဘူး "
" အိုးး နင်ပဲ အနိုင်ကျင့်လို့ရမယ် အခြားသူတွေက မရဘူးပေါ့?
အဲ့ဒါက နင်ပြောချင်တာပေါ့?"
မုန့်လေ့က လိပ်ပြာမလုံစွာနဲ့ သူ့လျှာသူ ကိုက်ပြီး ပြောခဲ့သည်။
" ဟင့်အင်း သား သူမကို အနိုင်မကျင့်ပါဘူး။ ဘယ်သူမှလည်း အနိုင်မကျင့်ရဘူး
"
မုန့်ယန် ရီပြီး ပြောခဲ့သည်။ " နင်တော့၊ သရဲလေး "
မုန့်လေ့လေ့က သူ့ ညီအစ်မနှစ်ယောက်ဘေးမှာ နေကာ သူဒီမှာဘဲ တစ်ညလုံးအိပ်မယ်လို့
ပြောတော့ ဖေးဖေးအတွက် နေရာမရှိတော့ဘဲ ကျပ်သွားတဲ့အတွက် သူမ အစ်မရဲ့လက်မောင်းပေါ်မှာဘဲ
နစ်နစ်နာနာ အိပ်လိုက်ရသည်။
သူ့သားကို တစ်ခေါက်အော်ထားတဲ့ ကျန်းမေ့က လက်နည်းနည်းယားလာပေမယ့်
ရက်အနည်းငယ်လောက် မောင်နှမတွေ ထပ်မတွေ့တော့မှာကို တွေးမိပြီး သူမနှလုံးသားက နူးညံ့သွားရသည်။
--မေ့လိုက်တော့။ ကလေးတွေကို တစ်ခဏတော့ လွှတ်ထားလိုက်မယ်။
နောက်ဆုံးတော့ ကလေးတွေက မောင်းထုတ်မခံရတော့ဘဲ သုံးယောက်သား အိပ်ယာထဲမှာ
သည်းခံပြီးကျပ်ကျပ်ညှပ်ညှပ်နဲ့ တစ်ည အိပ်လိုက်ကြသည်။
မုန့်ယုက မျက်နှာချင်းဆိုင်က အိပ်ယာသေးသေးလေးကို အားကျစွာ ကြည့်လိုက်ပြီး
သူ့ရင်ထဲ တွေးလိုက်သည် - အစ်မ အစ်မက အခက်အခဲမရှိဘဲ အိမ်ကနေထွက်သွားနိုင်တော့၊ အိမ်မှာ
ငါပဲ ရှိတော့တယ်။ ဒီတော့ ငါရဲ့ အငယ်မောင်နှမတွေကို ဘယ်တော့မှ အပြင်လူတွေအနိုင်ကျင့်ခွင့်မပြုဘူး။
မဖြစ်နိုင်ဘူး။
--
မုန့်ယန်က အဲ့ဒီညမှာ အိမ်မက်ဆိုးတွေ ထပ်ခါထပ်ခါ မက်ခဲ့ပြီး ကောင်းကောင်း
မအိပ်ခဲ့ရပေ။
တစ်ခဏမှာ စွေ့ကျစ်မင်က သွေးရွဲနေတဲ့ ခေါင်းတစ်လုံးကို ကိုင်ပြီး
သူမအရှေ့မှာ ရပ်နေတယ်လို့ အိမ်မက်မက်ခဲ့ ကာ တစ်ခဏမှာ သူမက ကမ်းခြေမှာ ရပ်နေပြီး အနီရောင်
ပင်လယ်ရေတွေထဲ သူမခြေထောက် နစ်လာတာကို အိမ်မက်မက်ခဲ့သည်။
လှိုင်းတွေ ဆင်းသွားတာက အသက်ရှူကျပ်စေကာ သူမကို ပြင်းထန်တဲ့ ရေစီးကြောင်းဆီ
ဆွဲချသွားပြီး မြင်းတစ်ကောင် ပန်းတွေကြည့်နေသလိုမျိုး မှတ်ဉာဏ်တွေက ပြန်ပြလာသည်။
သူမ ရင်းနှီးနေတဲ့ မူလစာပိုဒ်မဟုတ်ဘဲ ဇာတ်ကြောင်းပြောင်းသွားတဲ့
နောက်လာမယ့် ဇာတ်ကြောင်း အကြောင်း အိမ်မက်မက်ခဲ့သည်။
စွေ့ကျစ်မင်ဆီကနေ ထွက်ပြေးလာပြီးတဲ့နောက် မုန့်ယန်က သူမရဲ့အရာရှိယောက်ျားနဲ့
ကျွန်းပေါ်မှာ ပျော်စရာကောင်းတဲ့ဘဝမှာ နေခဲ့ရသည်။ ဒါပေမယ့် မိုင်ပေါင်းထောင်ချီဝေးနေခဲ့တဲ့
မုန့်မိသားစုရဲ့ ကံကြမ္မာက ပိုပိုပြီး ဝမ်းနည်းစရာကောင်းလာသည်။
ထွက်ပြေးသွားတဲ့ မုန့်ယန်ကို လက်စားချေတဲ့အနေနဲ့ စွေ့ကျစ်မင်က ဖေးဖေးကို
ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းခဲ့သည်။ နောက်ဆုံးမှာ ကလေးက မသေခဲ့ပေမယ့် ရူးသွပ်သွားခဲ့သည်။
တိုက်ခတ်မှုကို သည်းမခံနိုင်တော့ဘဲ မုန့်လေ့က မကောင်းဆိုးဝါးကောင်ကို
တစ်ယောက်ထဲ လက်တုံ့ပြန်ခဲ့ပေမယ့် အဲ့ဒီအစား သေဆုံးသွားခဲ့ရသည်။
မုန့်ယုက သူ့အစ်မ နေရာယူလိုက်ပြီး အထည်စက်ရုံမှာအလုပ်လုပ်ခဲ့သည်။
သတင်းကို ကြားပြီးနောက် သူက မိန်းမောနေခဲ့တဲ့အတွက် သူ့ရဲ့လက်က ကြီးမားတဲ့စက်ကြောင့်
ကျိုးသွားပြီး မသန်မစွမ်း ဖြစ်သွားရသည်။
ကျန်းမေ့လည်း တိုက်ခတ်မှုဒဏ်ကို မခံနိုင်ဘဲ ဒေါသကြောင့် သေဆုံးသွားရသည်။
မုန့်ကျန့်ကော် တစ်ယောက်ထဲသာ မုန့်မိသားစုမှာ အသက်ရှင်နေခဲ့ပေမယ့်
သူ့ပတ်ပတ်လည်က လူတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်တာကို မျက်မြင်တွေ့ခဲ့ရတဲ့အတွက်
နောက်ဆုံး ရူးကြောင်ကြောင်ဖြစ်သွားခဲ့သည်။
အဓိကလက်သည်ဖြစ်တဲ့ စွေ့ကျစ်မင်ကတော့ သူ မုန့်လေ့ကို သတ်ခဲ့တဲ့ညမှာဘဲ
ထွက်ပြေးသွားခဲ့သည်။
သူဘယ်ကို ထွက်ပြေးသွားလဲဆိုတာ ဘယ်သူမှ မသိဘဲ သူ့မှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာလဲ
ဘယ်သူမှ မသိပေ။ သေချာသလောက်ကိုပဲ ဒဏ်ခတ်ခံရခြင်းလည်း မရှိခဲ့ပေ။
ဒါက အိမ်မက်၏ အဆုံးသတ်ဖြစ်သည်။ မုန့်ယန်က သွေးပက်လယ်ထဲမှာ ဒူးထောက်နေခဲ့ပြီး
ကျယ်ကျယ်လောင်လောင်နဲ့ ငိုကြွေးနေခဲ့သည်။ ငိုနေတဲ့အသံက သူမဘေးက မုန့်ဖေးကို နိုးသွားစေပြီး
သူမက ခက်ခက်ခဲခဲနဲ့ လူးလွန့်လိုက်သည်။
" အစ်မ၊ အစ်မ...."
ခေါ်သံကြောင့် သူမ အိမ်မက်နေ နိုးလာပြီး ရင်းနှီးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို
သူမ ကြားလိုက်ရသည်။
--" ဟင့်အင်း! နင်ဒီလိုမျိုး ချန်ထားခဲ့လို့ မရဘူး!
"
လေးနာရီထိုး အိမ်မက်ကနေ နိုးလာပြီးနောက်မှာ မုန့်ယန်ပြန်အိပ်ပျော်သွားသည်။
အရင်တုန်းက သူမ ရိုးရိုးရှင်းရှင်းလေးပဲ တွေးခဲ့သည်။လက်ထပ်လိုက်ရင်
အကြီးအကဲအိုကြီးက မုန့်မိသားစုကို ကောင်းကောင်း ကာကွယ်ပေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့်
အကြီးအကဲက ဘယ်လောက်ဘဲ အာဏာကြီးပါစေ သူက အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ရက်စက်ယုတ်မာတဲ့
လူဆိုးကို ကာကွယ်ပေးဖို့ နေနေသာသာ မုန့်မိသားစုကိုတောင် အမြဲတမ်း ကြည့်ပေးနိုင်မှာ
မဟုတ်ချေ။
စာအုပ်တွေထဲမှာ လှည့်ပတ်သွားတာက ရုပ်လွန်ပညာဖြစ်ပြီးတော့ အိမ်မက်တွေကို
အမှန်တကယ်ဖြစ်အောင်လုပ်တာကလည်း ရုပ်လွန်ပညာပဲဖြစ်သည်။ သင်သာ စာအုပ်တွေထဲ ဖြတ်ပြီးသွားလာနိုင်ရင်
အိမ်မက်တွေကလည်း အတုအယောင်တွေပဲ ဖြစ်နေမှာလား?
အိမ်မက်ထဲက အဆုံးသတ်ကို စဉ်းစားရင်း ထွက်သွားဖို့မုန့်ယန် သည်းမခံနိုင်တော့ပေ။
အနည်းဆုံး မထွက်သွားခင်မှာတော့ မကောင်းဆိုးဝါးကောင်ကို ရှင်းထုတ်ထားရမည်။
....
ကျွန်းကို သွားမယ့်ခရီးက ချက်ချင်း စတင်နိုင်ခဲ့သည်။ အမျိုးတွေဆီ
လာလည်ပြီး ဖေ့လန်ကျွန်းက စစ်တပ်ကို ငါးရက်အတွင်းပြန်သွားမယ့် စစ်တပ်ဝင်းထဲက လူတစ်ယောက်ရောက်လာတာက
ကွက်တိ ဖြစ်သွားခဲ့သည်။
မုန့်ယန်က စွေ့ကျစ်မင်ကို
ငါးရက်အတွင်း ထိတ်တိုက်ရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် ပြဿနာက အရမ်းခက်ခဲတဲ့အတွက်
သူမ ခေါင်းကုတ်လိုက်ပေမယ့် အဖြေ မရှာနိုင်ခဲ့ချေ။